Thursday, December 20, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၄ )

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၄ )

ဂျင်ကလိ ရေးသည်။

အိပ်ယာပေါ်မှာမိန်းမိန်းမူးမူး နဲ့ လဲနေတဲ့ ကျော်ကျော့် ခြေတဖက်ကို ဦးအောင်ဘညိုက ပုခုံးပေါ်တင်လိုက်ပြီးကျန်ခဲ့တဲ့ တဖက်ကိုခွ ပြီးရှေ့ကိုတိုးဝင်လိုက်တယ်။ ပုခုံးပေါ် ကခြေထောက်ကို ကျော်ကျော် ပြန်ဆွဲယူပေမယ့်ဦးအောင်ဘညိုက လွှတ်မပေးဘူး။ ဒီလူကြီးဘုန်းနိမ့်မှာ မကြောက်ဘူးလား လို့ တွေးနေတုန်းမှာပဲ ဦးအောင်ဘညို က လုပ်ငန်းစတော့တယ်။ကျော်ကျော့် ပေါင်ကိုဖက်ပြီး ဆက်ကာဆက်ကာ သွင်းလိုက် တဲ့ ဆောင့်ချက် တွေကြောင့် ကျော်ကျော့်ကိုယ်လုံးလေး တသိမ့်သိမ့်ခါသွားတယ်။ အဓိက နေရာက အသားချင်းရိုတ်ခတ်သံ တဖတ်ဖတ် ကို နားထဲမှာ ကြားလိုက်မကြားလိုက်နဲ့။ ကျော်ကျော့် ခေါင်းတွေရီဝေပြီး ချာချာလည်နေတယ်။

ဒီလူကြီး မိန်းမရှိတာတော့ သေချာတယ်။ ပြည့်စုံချမ်းသာတဲ့ ဒီလိုအရွယ်လူတယောက် က လူလွတ်ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျော်ကျော် ဟာသူကြုံခဲ့တဲ့ မိန်းမတွေထဲက ဘယ်နှစ်ယောက်မြောက်လဲ မသိဘူး။ ကျော်ကျော့်အတွက်တော့ သူဟာ ပထမဆုံးပါ။ ဘဝတလျောက်လုံး ရည်းစားတောင် မထားဖြစ်ခဲ့ ပေမယ့် ပထမဆုံးကြုံရတဲ့ ယောက်ျားသားက ကျော်ကျော့်ကို ပန်းဦးတခါထဲတန်းချွေခဲ့တယ်။ အဲဒီ အချိန်မှာ ကျော်ကျော် သူဟာ ဘယ်သူမှန်းတောင် မသိသေးဘူး။ နောက်ပြီး သူကလည်းလွတ်လပ်သူမဟုတ် တဲ့ အိမ်ထောင်သည် တယောက်ဖြစ်လို့ နေခဲ့တယ်။ ထူးဆန်းတဲ့ ကံကြမ္မာလို့ ပဲဆိုရပါမယ်။ အန်တီအေးက ကျော်ကျော့် ကိုမြင်ကထဲက မယားငယ် သမီးမှန်းသိတယ် တဲ့။ တကယ်မသိပါပဲ ရမ်းပြောလိုက်တဲ့ ဒီစကားက နိမိတ်တခုပဲလား။

ဦးအောင်ဘညိုက ပထမဆုံးနေ့ မှာထဲက ပိုက်ဆံတွေ အများကြီးပေးသွားတယ်။ ခုလည်းဖြုန်းစားကြီး ရောက်လာပြီးတော့သူနဲ့တူတူ ကျော်ကျော် ဒီကုတင်ပေါ် ရောက်ရပြန်တယ်။ တသက်လုံးဖုံးဖုံးဖိဖိ ထား ခဲ့တဲ့ ကျော်ကျော် ရဲ့ တကိုယ်လုံးလဲမိမွေးဖမွေးတိုင်း ဘဝနဲ့ ယောက်ျားတယောက် အလိုဖြည့်ဖို့နေနေရပြီ။ သူ့ဆီက ပြန်ရတာတွေ က ကျော်ကျော် ပေးလိုက်ရတာနဲ့ တန်ရဲ့လား။ ကျော်ကျော် မတွေးတတ်သလို တွေးလဲ မတွေးရဲဘူး။ ကျော်ကျော် ဦးအောင်ဘညို ကိုမော့ကြည့်လိုက်မိတယ်။ သူဘာတွေများ တွေးနေမလဲ။ သူ့စိတ်ထဲမှာတော့သူ့ဆန္ဒ ပဲရှိမှာပေါ့။

“ နာလို့လား”

ကျော်ကျော် ဘယ်အခြေဆိုက်ဆိုက် သူလုပ်ချင်ရာအရ လုပ်တဲ့သူက ထူးထုူးခြားခြား မေးလာလို့ ခေါင်းပဲခါပြလိုက်မိတယ်။ မနာတော့ပါဘူး။ ထုံနေပြီ။ ကိုယ့် ကို နာကျင်အောင်လုပ်တဲ့ သူကို စိတ်နာလို့ မရတာဒီတနေရာပဲ ရှိမယ်ထင်ပါရဲ့။ ဒီအတွက်လဲ ကျော်ကျော် အံ့သြနေမိတယ်။ ဖြစ်ခဲ့တာတွေ အတွက်ကိုယ့်ကိုယ် ကိုပဲ အပြစ်တင်ချင်မိတယ်။ ဒီလူကြီး အလွန်လို့ တခါမှ မတွေးမိဘူး။ သူက ကျော်ကျော့် ကို နေစရာပေးတယ်။ ပိုက်ဆံတွေ ပေးတယ်။ ဒီ့အပြင်နောက်ထပ် ထူးခြားတာ တခုရှိ သေးတယ်။ ကျော်ကျော်ဟာ မိန်းမ အဖြစ် နဲ့ မွေးဖွားလာပြီး မိန်းမ အဖြစ်နဲ့ ကြီးပြင်း နေထိုင်ခဲ့တယ်။ ယောကျ်ားစိတ်လဲ မပေါက်ခဲ့ဖူးဘူး။ ဒါပေမယ့် ခုလိုအချိန် လောက် ကိုယ့်ကိုယ်ကို မိန်းမတယောက် ရယ်လို့ ပီပီသသ ခံစားရတာမျိုး မရှိသေးဘူး။ အဲဒီခံစားမှုဟာ ဦးအောင်ဘညို ပေးတဲ့ နာကျင်မှု တွေကတဆင့်ဖြစ်လာတယ် ဆိုတာကိုလဲ ရှက်ရှက်နဲ့ သိနေရတယ်။

ခုလည်း စိတ်က ရီဝေလွင့်မျောနေပေမယ့် ကိုယ်အတွင်းပိုင်း အထိတိုးဝင်နေတဲ့ အထိအတွေ့ကို တကိုယ်လုံးသိနေတယ်။ ဒီအထိအတွေ့က ကျော်ကျော့် ကို မအော်မညည်းဘဲ မနေနိုင်စေတဲ့ အပြင် အော် နေမိတဲ့ ကိုယ့်အသံကလည်း ဟိုးအဝေးကြီးက လာသလို နားထဲမှာသဲ့သဲ့ လေးပဲကြားရတယ်။ ပုခုံးပေါ်တင်ထားတဲ့ ခြေထောက်ကို ဘေးပြန်ချလိုက်ပြီး ဦးအောင်ဘညို က ပုံမှန်အတိုင်း နေရာပြန်ယူ တယ်။ ကျော်ကျော့် စိတ်ထဲမှာတခုခု ကိုသိသလိုပဲ။ အဲဒီအသိကြောင့်ပဲ ကျော်ကျော်လက် တွေက ဦးအောင်ဘညို ကျောပြင်ကြီးကို သိုင်းဖက်လိုက်မိတယ်။ ရုတ်တရက်ရှက်စိတ် ဝင်လာပေမယ့် မတတ်နိုင်ဘူး။ အရှိန်ပြင်းပြင်း နဲ့လည်နေတဲ့ ရဟတ်တခုပေါ်ကို ကျော်ကျော်ရောက်နေမိပြီ။ နောက်တော့ တိမ်ထဲကို လွင့်တက်သွားတယ်။ ဒါကြောင့်ပိုပြီးတင်းတင်းကျပ်ကျပ် ဖက်လိုက်မိသလို ပါးစပ်ကလည်း ဆက်ကာဆက်ကာ ညည်းနေမိတယ်။

ဦးအောင်ဘညိုကတော့ မရပ်သေးဘူး။ နှေးလိုက်မြန်လိုက် နဲ့ဆောင့်ကောင်းတုန်းရှိသေးတယ်။ နောက်တော့ တဖြည်းဖြည်း နှေးလာပြီးရပ်သွားတယ်။ ဒီတော့ မှကျော်ကျော်လဲ မျက်လုံးလေးတွေ မှိတ်ပြီး အသာလေးမှိန်းနေခွင့်ရတော့တယ်။ ခေါင်းလဲ မထူချင်လူလဲ မလှုပ်ချင်တော့ဘူး။ ဖြစ်နိုင်ရင် တခါထဲအိပ်ပျော်ချင်လဲ ပျော်သွားပါစေတော့လို့ တွေးပြီး အဝတ်အစားတောင် ပြန်မဝတ်တော့ဘဲ ဒီတိုင်းပဲ နေလိုက်တယ်။

................

ဦးအောင်ဘညို ဆင်းသွားတော့ ပေါ့ကနဲဖြစ်သွားပြီး ဆက်မှိန်းနေပေမယ့် အိပ်တော့လည်း မပျော်ပြန်ဘူး။ဘေးကို ကြည့်လိုက်တော့ ဦးအောင်ဘညိုလည်း မှိန်းနေတာတွေ့တယ်။ သူလဲ မောမှာပေါ့လေ။ ယောက်ျားတွေ ဒီအတွက်ဘာကြောင့်အပင်ပန်းခံကြတာလဲ။ ဖြစ်နိုင်ရင်ကျော်ကျော်သိချင်ပါသေးတယ်။ ခုတော့ အိပ်လိုက်ချင်တာပဲသိတယ်။ ဦးအောင်ဘညိုကတော့ ငြိမ်လို့ အိပ်ပျော်သွားပြီထင်တယ်။ကျော်ကျော် အိပ်မရသေးတဲ့ တူတူ ဦးအောင်ဘညိုကို သေသေချာချာကြည့်နေမိတယ်။ လူချောလူလှ တော့ မဟုတ်ဘူး။ ဒါပေမယ့်ရုပ်ရည်သန့်ပြန့်ပြီးကြည့်လို့ ကောင်းတယ်။ အရပ်မြင့် ပြီး ကိုယ်လုံးကိုယ်ထည်က ယောက်ျားပီသတယ်။ သူဌေးပေမယ့် အဆီတွေတက်နေတဲ့ဗိုက်ရွှဲကြီးလည်း မရှိဘူး။ အားကစားသမား တောင်ဖြစ်နိုင်တယ်။ နောက်ပြီးတော့ … ကျော်ကျော့် မျက်နှာလေးနီသွားတယ်။

သူက ကျော်ကျော့် ဘဝမှာပထမဆုံး အလုံးစုံမြင်ဖူးတဲ့ အရွယ်ရောက်ပြီးယောက်ျားတယောက်ပါ။ ကိုယ့်အတွေးနဲ့ ကိုယ်ရှက်လာလို့ ကုတင်ပေါ်ကဆင်းပြီး အင်္ကျ ီ နဲ့ ထမိန်ပြန်ဝတ်ထားလိုက်တယ်။ ဟိုလူကြီးကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။ မနေသာတော့လို့ စောင်နဲ့ အုပ်ပေးခဲ့ပြီး ကျော်ကျော် အခန်းပြင်ထွက်လာခဲ့တယ်။ မီးလည်း ပိတ်ပေးထားခဲ့တယ်။ ညနေ ကဖွင့်ထားတဲ့ တီဗီ ကပိတ်ပြီးသားဖြစ်နေပြီ။ ဦးအောင်ဘညို ဖုန်းထွက်ပြောရင်း ပိတ်ခဲ့တာဖြစ်မယ်။ ဝရန်တာဖက်ကို ထွက်တဲ့တံခါးကတော့ ဟနေ တယ်။ ဒါကိုတော့ သူပြန်ပိတ်ခဲ့ပုံမရဘူး။ စိတ်လည်း ညစ်ညူးသလိုဖြစ်နေတာ ကြောင့် ဝရန်တာဖက်ထွက်ခဲ့တယ်။ ရန်ကုန်မြို့ ကြီးက တပိုင်းတစတောင် အိပ်မောကျနေပြီ။မိုးနံ့ပါတဲ့လေ ကတသုန်သုန်တိုက်နေပြီး ကောင်းကင်ကလဲ ကြယ်ရောင်ပျောက်လို့ မှိုင်းအုံ့ နေတယ်။ ချမ်းစိမ့်စိမ့် ဖြစ်လာပေမယ့်ကျော်ကျော် ဝရန်တာမှာ အကြာကြီးရပ်နေမိတယ်။

တိုက်ခန်းတော်တော် များများမှာမီးရောင် ပျောက်နေပြီ။ လင်းတဲ့ အခန်း ကတော့လင်းနေဆဲပဲ။ လောကရဲ့ မတူညီခြင်းတွေထဲက တခုပေါ့လေ။ အိပ်ပျော် နေတဲ့ သူတွေရှိသလို ကျော်ကျော့်လိုပဲ အကြောင်းကြောင်းနဲ့အိပ်မရသူတွေလဲ ရှိလိမ့်မယ်။ ဒီအိမ် မှာဘာကြောင့် ဆက်နေနေ မိပါလိမ့်လို့ ကျော်ကျော်တွေးနေမိတယ်။ အကြွေးတွေ ဆပ်လိုက်ပြီးတော့ကျော်ကျော့်လက်ထဲမှာ ငွေတသိန်းကျော် ကျန်တယ်။ ဒါက နေရေး အတွက်သာ အကုန်အကျမရှိခဲ့ ရင် အဆင်ပြေသလို နေတတ်စားတတ် တဲ့ကျော်ကျော့် အတွက် ခြောက်လလောက် နေနိုင်တဲ့ ပမာဏ ပဲ။အိမ်ငှားမယ်၊ အဆောင်ငှားနေမယ် ဆိုရင် ဒီပိုက်ဆံက လုံးကနဲကုန်သွားမှာပဲ။ ဒီကြားထဲ အလုပ်မရရင် စားဖို့က မလွယ်တော့ဘူး။ အန်တီအေးတို့ အဆောင်မှာဆိုရင် ရွှေရည်က ကြည့်နေမှာ မဟုတ်ပေမယ့် ပတ်ဝန်းကျင် အသစ်မှာတော့ ဒီလိုမျိုး ဘယ်ရှိနိုင်မှာလဲ။

အလုပ်ကလဲ လုံး၀ အဆင်မပြေဘူး။ တတ်နိုင်သလောက်ကြိုးစားရှာပေမယ့် မလွယ်ဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ ဒီအိမ်မှာ ဆက်ပြီးသောင်တင်နေခဲ့ရတယ်။ ဟိုလူကြီး ဖြစ်ဖြစ်၊ ဒီအိမ် နဲ့ ပတ်သက်တဲ့ သူတယောက်ပဲဖြစ်ဖြစ် ရောက်လာပြီး ထွက်သွား ဖို့ ဘယ်နေ့ပြောလာမလဲလို့ တထင့်ထင့်နေခဲ့ရတယ်။ အချိန် တလကျော်တဲ့ အထိဘယ်သူမှ ရောက်မလာလို့ စိတ်အေးစပြုလာချိန် ကျမှဦးအောင်ဘညိုက ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာတယ်။ ရှေ့ဘာတွေဆက်ဖြစ်လာမယ် ဆိုတာ သိနိုင်တဲ့ အစွမ်း ကို ခနလောက်လေး ပဲဖြစ်ဖြစ် ကျော်ကျော်လိုချင် မိပါတယ်။ ခုတော့ဘာမှန်းမသိတဲ့ ဘ၀ က ကျော်ကျော့် ကိုပင်ပန်းစေ လွန်း တယ်။ခြေထောက်တွေ ညောင်းတဲ့ အထိတမေ့တမောရပ် နေမိပြီးတော့မှ မိုးပေါက်လေးတွေ ကျလာလို့ အထဲပြန်ဝင်ခဲ့ရတယ်။ ဖြစ်နိုင်ရင် မိုးစက်တွေထဲမှာ ဆက်ပြီးရပ် နေချင်ပါသေးတယ်။

ကောင်းကင်က ကျလာတဲ့မိုးစက် တွေဆိုတာ သန့်စင်အေးမြတယ် မဟုတ်လား။ မသန့်စင်တဲ့ မအေးမြတဲ့ ကျော်ကျော့် ကို တဒင်္ဂလောက်ဖြစ်ဖြစ် တော့ အေးမြမှု နဲ့သန့်စင်မှု ကို ခံစားနိုင်အောင် မိုးစက်မိုးပေါက်တွေက လုပ်ပေး နိုင်ပါလိမ့်မယ်။ ဒါပေမယ့် လည်း မတော်တဆ နေထိုင်မကောင်း ဖြစ်ရင် ဆေးဖိုးဝါးခ က ကုန်ဦးမယ်မဟုတ်လား။

ကုတင်နား ကို အမှတ်တမဲ့ လာခဲ့ပြီးမှ ကျော်ကျော့် ခြေလှမ်းတွေတုန့်သွားတယ်။ ဦးအောင်ဘညိုကတော့ကျော်ကျော်စောင်ခြုံပေးထားတဲ့ အတိုင်းပုံစံမပျက် အိပ်ပျော်နေတယ်။ သူနဲ့ တူတူယှဉ်တွဲပြီး အိပ်ဖို့ ကျော်ကျော် မဝံ့ဘူး။ ဧည့်ခန်းထဲကဆိုဖာကြီးပေါ် သွားအိပ်ရင် ကောင်းမလား။ ကုတင်ပေါ် အိပ်ရသလိုတော့ ဇိမ်ရှိမှာ မဟုတ်ဘူး။ ကျော်ကျော့် ခြေထောက်တွေလဲညောင်းလှပြီ။ ဦးအောင်ဘညို နဲ့ လင်မယားလို နေပြီး တိုင်း ခြေထောက်တွေ က မခိုင်ချင်ဘူး။ ဒီအကြောင်း တွေးမိပြန်တော့ကျော်ကျော့်ရင်ခုန်လာရပြန်တယ်။

“ မထူးပါဘူးလေ”

တိုးတိုးလေး ပြောလိုက်ပြီး လွတ်နေတဲ့အခြမ်းမှာ လှဲချလိုက်တယ်။ မနေနိုင်မထိုင်နိုင် ဦးအောင်ဘညို အိပ် နေတာ သွားငေးမိ ပြီးမှ ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ သူ့ကို ကျောပေးပြီး ကွေးကွေးလေး အိပ်ချလိုက်တယ်။ ရှိတဲ့ စောင်တထည်ကဦးအောင်ဘညို ခြုံထားတယ်လေ။ဘီရိုထဲမှာ စောင်တွေရှိပေမယ့် ထမယူချင်တော့ ဘူး။ စိတ်ကို ဒုံးဒုံး ချလို့ မျက်စေ့ကို ဇွတ်မှိတ်ထားလိုက် ပြီးတဲ့ နောက် ပင်ပန်းနွမ်းနယ်မှု တွေက အနိုင်ယူသွားလို့ ကျော်ကျော် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတယ်။

ကျော်ကျော် ပြန်နိုးလာလို့ ဘေးက နာရီကို ကြည့်လိုက်တော့ မနက်ခြောက်နာရီ ခွဲနေပြီ။ ဦးအောင်ဘညိုကတော့ အိပ်ပျော်နေတုန်းပဲ။ လူကတော့ တစောင်းဖြစ်နေပြီ။ ကျော်ကျော့် ကို ကျောပေးလျက်အိပ်ပျော်နေတယ်။ စောင်က နောက်ဖက်က လွတ်လို့။ အဝတ်မဲ့တဲ့ ကျောပြင်နဲ့ တင်ပါးတွေကို မနက်ခင်းအလင်းရောင်မှာ အတိုင်းသားမြင်နေရတယ်။ သူ့ကျောပြင်ကြီးကိုအမှတ်တမဲ့ ငေးနေမိပြီးမှ ကျော်ကျော် ရှက်သွားရတယ်။ ကျော်ကျော် အခန်းထဲက မထွက်ခင် ပြန်လှည့်ကြည့်လိုက်တော့ နှစ်နှစ်ချိုက်ချိုက်အိပ်မောကျ နေဆဲဆိုတာတွေ့လိုက်ရတယ်။

“ အင်း ပေါ့လေ၊ ရှင်ကြီးက ပင်ပန်းပေတာကိုး”

ကျော်ကျော် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ရေနွေး အိုး တည်နေတုန်း ဦးအောင်ဘညို အခန်းထဲက ထွက်လာတယ်။ အဝတ်အစား အပြည့်အစုံနဲ့။ ကျော်ကျော့် နားမှာလာရပ်တော့ မကြည့်ရဲတာနဲ့ ကျော်ကျော်မျက်လွှာလေးချပြီး ငြိမ်နေမိတယ်။ သူ့ပုံစံ ကလည်းတွန့်ဆုတ်တွန့်ဆုတ်နဲ့။

“ ဘာ … ဘာ … ချက်နေတာလဲ”

“ ရေနွေး အိုးတည်တာပါ”

“ မနက်စာ စားပြီးပြီလား”

“ ဟင့်အင်း”

ပြီးတော့ ငြိမ်သွားတယ်။ ရေနွေးအိုး ဆူလို့ ကျော်ကျော် က ဓါတ်ဗူးထဲ လောင်းထည့်တော့ မှ

“ အပူလောင်ဦးမယ် နော်”

ကျော်ကျော့် မျက်နှာ နွေးကနဲဖြစ်သွားတယ်။ သူ့ကို မကြည့်ဘဲ ရေနွေးပဲဆက်ထည့် နေပေမယ့် ကျော်ကျော့်ကို သူကြည့်နေတာ စိတ်က အလိုလို သိနေတယ်။ ကျော်ကျော့် မျက်နှာကို မဟုတ်ဘူး ရင်ဘတ်ကို ကြည့် နေတာ။

“ ခန စောင့် လေ၊ ကိုယ်တခုခု သွားဝယ်လိုက်မယ်”

“ နေပါစေ ရပါတယ်၊ ဒီနားမှာ မုန့်ဟင်းခါး ကောင်းတယ် စားမလား”

ဘာကြောင့် ဒီလို ပြောလိုက်မိတာ ကျော်ကျော် ကိုယ့်ဖာသာ မသိဘူး။

“ ဆိုင်ပြော လေ၊ ကိုယ်သွားလိုက်မယ်”

“ ရပါတယ်၊ သွားဝယ်လိုက်ပါ့မယ်”

ဓါတ်ဘူး ချပြီး ကျော်ကျော်ပိုက်ဆံ အိတ်ကလေး ပြေးယူပြီး ကမန်းကတန်းထွက်လာခဲ့တယ်။ လမ်းမပေါ် ရောက် မှ အင်္ကျ ီတထပ်ထဲဝတ်ထားတာ သတိရလိုက်မိတယ်။ အတွင်းခံက ဟိုလူကြီး မဝတ်ခိုင်းလို့ မဝတ်ထားဘူးလေ။ အင်္ကျ ီ က ပါးတဲ့အသားမဟုတ်တာကြောင့် အပေါ်ပြန်တက် မနေတော့ဘဲ ဒီတိုင်းသွားလိုက်တယ်။ စိတ်ထဲမှာ မလုံမလဲ ဖြစ်နေပေမယ့် ဘယ်သူက မှတော့ ဒါကို သတိထားမိတဲ့ ပုံမပေါ်ပါဘူး။ ပထမကျော်ကျော့် စိတ်ကူးက ဟိုလူကြီးဖို့ ပါဆယ်ဝယ်ပြီးတော့ ကျော်ကျော်က ဆိုင်မှာပဲ စားဖို့။ ဒါပေမယ့် အခုတော့ ကိုယ့်ဟာကိုယ် မလုံတာနဲ့ ပါဆယ်ပဲ ဝယ်လိုက်ရတယ်။ကျော်ကျော် ပြန်ဝင်လာတော့ ဧည့်ခန်းထဲမှာ သူက ထိုင်နေတယ်။ လက်ထဲမှာ တယ်လီဖုန်းခွက်ကို မလိုက်ချ လိုက် နဲ့။ သူလဲ မျက်နှာသစ် ကိုယ်လက်သန့်စင်ထားတယ် ထင်တယ်။ ကြည်ကြည်လင်လင် လန်းလန်း ဆန်း ဆန်း ဖြစ်လို့။

“ ဖုန်း ပျက်နေတာလား”

“ မသိဘူး၊ ဘာသံမှလည်း မကြားရဘူး။ လိုင်းပြတ်နေတာထင်တယ်”

“ ဟုတ်မယ်၊ လူမနေတာလဲ ကြာပြီဆိုတော့၊ ကိုယ်မေးကြည့်လိုက်ဦးမယ်၊ ပြန်ရရင် ကောင်းတာပေါ့၊ မင်းလဲ သုံးလို့ ရမယ်”

မထူးတော့တဲ့ တူတူ ကျော်ကျော် ဦးအောင်ဘညို နဲ့ တူတူထိုင်စားလိုက်ရတယ်။

“ ကော်ဖီ သောက်မလား”

ကျော်ကျော် ကမေးတာ မဟုတ်ဘူး ဦးအောင်ဘိညိုက မေးလိုက်တာ။ သူ့လက်ထဲမှာ ဘယ်လိုတွေ့ထားတယ်မှန်းမသိတဲ့ ကော်ဖီမစ် ထုတ်တွေ နဲ့။

“ မသောက်တော့ပါဘူး”

စိတ်ထဲကတော့ တော်တော် ဆိုးတဲ့ လူကြီး အကုန်လျှောက်ဖွတာပဲ လို့ တွေးလိုက်မိတယ်။ ဦးအောင်ဘညိုက သူ့ဟာသူကော်ဖီထဖျော်တယ်။ ထပြီး လုပ်ပေးရင် ကောင်းမလား စဉ်းစားမိသေးပေမယ့် သိပ် လိုက် လျော ရာကျမယ် ထင်မိတာ ကြောင့်ဒီတိုင်း ထိုင်ကြည့် နေလိုက်တယ်။ ကျော်ကျော် မသောက်ဘူး ပြောပေ မယ့် ကျော်ကျော့် ဖို့ ပါထည့်ဖျော်ပြီးလာချပေးတယ်။ပြီးတော့ သူစားထားတဲ့ မုန့်ဟင်းခါးပန်း ကန်ကို သူ့ဟာသူ ဘေစင်ကို ယူသွားပြီးဆေးတယ်။ ပြီးတော့ မှ ကော်ဖီခွက်ကလေးကိုင် လို့ ကျော်ကျော့် ရှေ့ မှာလာထိုင်ပြီး

“ အနာ ဘယ်လိုနေသေးလဲ”

“ ကောင်းပါတယ်၊”

“ နာနေသေးလား၊ ပူသေးလား”

“ နဲနဲပါ”

ဦးအောင်ဘညို လက်က ကျော်ကျော့်ဖက်ဝဲလာတာ ကြောင့် ယောင်ပြီး လက်နဲ့ကာလိုက်မိတော့ သူလက်ပြန်ဆုတ်သွားတယ်။

“ အေးပါ အဆင်ပြေရင်ပြီးတာပဲ၊ အဆင် မပြေရင်တော့ ဆေးခန်းသွား ဟုတ်လား”

“ ဟုတ်ကဲ့၊ လုံး၀ မနာသလောက်ပါပဲ၊ ကောင်းသွား မှာပါ”

ကျော်ကျော် စိတ်ထင်ပြောရရင် ဦးအောင်ဘညို အမူအရာက မနေ့ကနဲ့ လုံး၀ မတူဘူး။ သူကျော်ကျော့် ရင်သားကို အတင်းလာကြည့်ရင် ကျော်ကျော် ခွင့်ပြု မိမှာပါ။ ဒါပေမယ့် မနေ့ကလို တဇွတ်ထိုး ဟန်ပန်တွေ ပျောက်ပြီး ကျော်ကျော့် ကို နားလည်ငဲ့ညှာတဲ့ ပုံစံလည်း သိသိသာသာ ပေါ်နေတယ်။  ဘာကြောင့်လဲ ဆိုတာ မသိပေမယ့် ဒီပုံစံ ကိုကျော်ကျော် ပို သဘောကျမိတယ်။

“ ကဲ ဒါဆိုလဲ ကိုယ်ပြန်လိုက်ဦးမယ်၊ အလုပ်သွားဖို့ အဝတ်အစားပြန်လဲရဦးမယ်”

ပြန်မယ် ဆိုတော့လည်း ကောက်ခါငင်ခါကြီး။ မသွားခင် ကော်ဖီခွက်ကို ကောက်ပြီး ဘေစင်ဖက် သွားမယ် လုပ်နေတာကြောင့်

“ ထားခဲ့ပါ၊ ဆေးလိုက်ပါမယ်”

“ အားနာစရာကြီး”

ဒါကျတော့ သူက အားနာသတဲ့။ ဟိုနေရာကျတော့ သူ့မှာ ကျော်ကျော့် ကို အားနာတာတွေ ငဲ့ညှာတာ တွေ လုံး၀ မရှိ။ ယောက်ျား တွေက ဒီလိုပဲထင်ပါတယ်။

“ ဒါဆိုလဲ သွားမယ်နော်၊”

အခန်းဝရောက် မှ ပြန်လှည့်လာတယ်။

“ ဒီ မှာကိုယ့် ကဒ်၊ အကြောင်းတစုံတရာ ရှိရင်၊ အကူအညီ လိုရင်ဖုန်းဆက် ဟုတ်လား”

ကျော်ကျော် မြင်ဖူးပြီးသား ကဒ်ပါ။ ဒါပေမယ့် ယူထားလိုက် ပါတယ်။

“ မနေ့က ကိုယ်လာတော့ အပြင်သံပန်းတံခါးက သော့ခတ်မထားဘူး၊ နောက်ဆို အမြဲ ခတ်ထားနော်။ ကိုယ် က မိန်းကလေးတယောက်ထဲ နေတာဆိုတော့ လုံခြုံအောင် သတိထား ဟုတ်လား”

တကယ်ကို သင်္ကြန်မှာတွေ့တဲ့ ဦးအောင်ဘညို၊ မနေ့က ရောက်လာတဲ့ ဦး အောင်ဘညို တွေနဲ့ လုံး၀ မတူတဲ့ ဦးအောင်ဘညိုပါ။

“ ကိုယ်လဲ လာဦးမှာပါ”

နောက်ဆုံး ပြောသွားတဲ့ စကားကြောင့် ကျော်ကျော့်ရင် ဒိုင်းကနဲ ခုန်သွားပြီး ဒူးတွေတောင်ညွတ်ကျချင် သလို ဖြစ်သွားရတယ်။ ဒါကြောင့် ဦးအောင်ဘညို မြင်ကွင်းထဲက ပျောက်သွားတဲ့ အထိ ခေါင်းငုံ ငြိမ်သက်နေ မိတယ်။ စိတ်ငြိမ်သွားတော့ မှတံခါးတွေ သွားပြီး သော့ခတ်ရတယ်။ ပြီးတော့ မီးဖိုထဲမှာ ဆေးကြောသန့်ရှင်းပြီး ရိုတ်စ် ကွက်ကာနဲ့ ထမင်းချက်ထားတုန်းအခန်းထဲ ခနပြန်နား ရင်း စိတ်ထဲက နေတခုခု ကို သိသလို လို ရှိတာကြောင့် မှန်တင်ခုံ ကအံဆွဲကို ဆွဲဖွင့်လိုက်မိတယ်။ ကျော်ကျော့် ပိုက်ဆံ အိတ်နဲ့ ပိုက်ဆံတွေက အဲဒီ ထဲမှာ ထားတယ်လေ။

မနက်က မုန့်ဟင်းခါး ဝယ်ဖို့ ပိုက်ဆံအိတ်ယူတုန်းက မရှိတာ တခု ထပ်ရောက်နေတယ်။ တထောင်တန် အသစ်ချပ်ချွတ်အုပ်တအုပ်။ ကောက်ယူကြည့်လိုက်တဲ့ ကျော်ကျော့် လက်ကလေး တွေ တုန်ရီနေတယ်။ ကျော်ကျော့် အတွက် ပိုက်ဆံ ဆိုတာ မလိုဘူး မဟုတ်ဘူး။ တကယ်ကို လိုအပ်ပါတယ်။ အလုပ်အကိုင် နေစရာနဲ့ မှီခိုစရာ ကူညီမယ့် သူမရှိတဲ့ ဘဝမှာ ရပ်တည်ရှင်သန် ရေးအတွက်  မလိုဘူး ဆိုတာ မုသားပါ။ ဒါပေမယ့် ကျော်ကျော် မပျော်ဘူး။ ထိတ်ကနဲ ဝမ်းသာစိတ်ဖြစ်မိတဲ့ ကိုယ့် ကိုယ်ကို တောင်ရုတ်တရက်ရွံ မုန်းတဲ့ စိတ်ဝင်လာတယ်။ ပိုက်ဆံ အုပ်ကလေးကို ကိုင်ကြည့်ရင်း မှန်ထဲက ကိုယ့် အရိပ် ကိုယ်ပြန်ပြောလိုက်မိတယ်။

“ မုန့်ဟင်းခါး ဖိုးနဲ့ ကော်ဖီမစ် တထုပ်ဖိုး နုတ်ရင် ကိုးသောင်းကိုးထောင် နဲ့ ခြောက်ရာ ကျန်တယ်။ ကျော်ကျော် …နင့်ဈေး မဆိုးဘူး။ နင်တော်တော် ကြေးရတဲ့ ဖာပဲ”

....................................

{မိန်းမတို့ မည်သည် ဖြစ်ကဲ့သို့ ကွေ့ကောက်၏ ဆိုသော စကားရပ်ရှိသည်။ မိန်းမသား တဦး ဖြစ်သော စာရေးဆရာမ ဂျူး ကပင်လျှင် မြစ်တို့၏မာယာ ဆိုသော ဝတ္တုတပုဒ်ရေးခဲ့ ဖူး၏။ မိန်းမ ဟူသည်ကို မြစ် ဆိုသော အရာနှင့် ခိုင်းနှိုင်း ပြီးဆိုပါလျှင် ကောက်ကွေ့ခြင်းဟူသော သဘောတရား တခု နှင့် မလုံလောက်ပါ။ မြစ်တို့ မည်သည် ရေမျက် နှာပြင် လည်း အတက်အကျရှိတတ်သည်။ နွေအခါတွင်ရေနည်းတတ်သလိုမိုးအခါ တွင်ကား ရေပြည့်လျျှံနေတတ်၏။ လဆန်း၊ လဆုပ် ကဲ့သို့သော အခြေအနေ ကိုလိုက်ပြီး ဒီရေ အတက်အကျလည်း ရှိပေသည်။ မြစ် အတွင်းတွင် ရှိနေရမည့် ရေပမာဏ ကို အတတ်ပြောလို့ မရနိုင်ပေ။ထိုသို့သော သဘောတရားသည်ကား မာယာဟု မဆိုနိုင် သဘာ၀ တရားသက်သက်သာ ဖြစ်ပေတော့သည်။}

.........................................................................................

အခန်း ( ၅ )

“ ခင်မောင်တင့် မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ”

ယောင်တောင်တောင် နှင့် အိတ်ထဲ နှိုက်ကြည့်နေသော ခင်မောင်တင့်ကြောင့် ဦးအောင်ဘညို ပြုံးလိုက် မိသည်။

“ မင်း ပိုက်ဆံ မေးတာ မဟုတ်ဘူးကွ၊ ရုံးပိုက်ဆံ မေးတာ”

“ မသိဘူးလေ၊ လေးလေးက ကျွန်တော့်ကို မေးသလားလို့”

“ မင်းလခ တွေ အကုန် မိန်းမလက်ထဲ ရောက်တာ ငါမသိဘဲ နေမလားကွ”

ခင်မောင်တင့်က ရှက်ရယ်ရယ်ရင်း

“ သုံးသိန်း ကျော်လောက်တော့ ရှိမယ်ထင်တယ် လေးလေး၊ ပေးစရာ ရှိလို့လား”

“ ငါ့ အံဆွဲထဲက ပိုက်ဆံ ကုန်ပြီကွ၊ ငါလဲ ထပ်မဖြည့်ဖြစ်ဘူး၊ မင်းအားလား”

“ အားပါတယ် လေးလေး”

“ ဒါဆို ငါချက် ရေးပေးလိုက်မယ်၊ ဘဏ်မှာ သွားထုတ်စမ်းကွာ၊ ဒီက ကားတွေ မအားရင် ငါ့ကားယူသွား”

ဦးအောင်ဘညို က လိုအပ်လျှင် သုံးရန် အလုပ်စားပွဲထဲမှာ ပိုက်ဆံ ထည့်ထားတတ်သည်။ ပြန်မဖြည့် မိသည့်အတွက် သုံးရင်း ကုန်သွားသော ကြောင့် ခင်မောင်တင့် ကို ခိုင်းနေခြင်း ဖြစ်သည်။ ဒီနေ့ အိမ်က ကမန်းက တန်း ထွက်လာခဲ့သည့် အတွက် ပိုက်ဆံလည်း များများပါမလာ။ဒီညနေ ကျော်ကျော့် ဆီ သွားဖို့ စိတ်ကူးထားသည်။ ဒုတိယ အကြိမ်မြောက် အမှတ်မထင်ရောက် သွားပြီး ညအိပ်ဖြစ်ခဲ့ ပြီးနောက်တွင် ကျော်ကျော့် ဆီ နှစ်ခေါက် ထပ်သွားဖြစ်သည်။ ခနရယ်လို့ သွားပြီး မှ မပြန် ဖြစ်သည့် ကိုယ့်ကိုယ် ကိုယ်ထိန်းသည့်အနေ ဖြင့် တပတ်လောက် မရောက်ဖြစ်တော့ ပြန်။ ရောက်ခဲ့သည့်အခေါက် တွေတုန်းက ပိုက်ဆံ ပေးချင်သော်လည်း တမျိုးထင်မှာ စိုးပြီး မပေးဖြစ်ခဲ့။ ကြံဖန်ပြီး အားနာ မိခြင်းလို့သာ ဆိုရတော့မည်။ အရင် တပတ်ကတော့ နေပြည်တော်ကို အရေးပေါ်တက်သွားရာ တပတ်ကျော်လောက် ဟိုမှာ နေခဲ့ ရပြီး မနေ့က မှပြန်ရောက်သည်။

ထို့ ကြောင့် ကျော်ကျော့် ကို တွေ့ချင် နေသလို သူ့ အတွက် ငွေလေးဘာလေးလည်း ပေးချင်သည်။ လက်ထဲမှာလည်း ပိုက်ဆံကမရှိ။ ဒီနေ့တော့ ညမအိပ်ဘဲ ပြန်ဖို့ ကြို စိတ်ကူးထားသည်။ တကယ်တော့ ဟိုအရင်အခေါက်တွေကလည်း ဒီလိုပင်။ ညအိပ်ဖို့ စိတ်ကူးပြီး ရောက်သွားပေမယ့် ဟိုရောက်တော့ စိတ် ကမခိုင်။ ဒီနေ့ တော့ ပြန်ဖြစ်အောင်ပြန်မည်ဟု ကြိုတင် စိတ်တင်းထားသည်။ သူ၏အလိုကို ကျော်ကျော် ဘယ်တော့မှ မငြင်းဆန်ခဲ့ခြင်းက ဦးအောင်ဘညိုကို ပိုပြီးခက်ခဲ ပင်ပန်း စေ သည်မှာ အမှန်။သို့သော် ကျော်ကျော့် ဆီရောက်ပြန်လျှင်လည်း ဦးအောင်ဘညို ကိုယ့်စိတ်ကို ကိုယ်မ ထိန်းနိုင်ပါ။ ဒီညနေတော့ ပိုက်ဆံ ပေး ဖို့က သာအဓိကလို့ စိတ်ပိုင်းဖြတ်ထားသည်။

နေပြည်တော် မသွားခင်က ကျော်ကျော့် ဒါဏ်ရာ အခြေအနေ ကိုသိချင်လို့ ရောက်ခဲ့သည်။ တော်တော်လေးကောင်း နေသည်ကိုလည်း တွေ့ရ၏။ ဒါဏ်ရာ ကြည့်ရင်း ညအိပ်လိုက်ရသည်။ နောက် လေးငါးရက်နေတော့ နောက်တခေါက်ရောက်ပြန်သည်။ ကျော်ကျော့် ဒါဏ်ရာက အမာရွတ်လို အရာလေး နည်းနည်း ထင်နေသည်မှ အပ လုံး၀ ပျောက်ကင်းသွားတာကို တွေ့ရသည်။ “နောက်ကျရင် တဖြေးဖြေး မှိန်ပြီး ပျောက်သွားမှာပါ” ဟု ဦးအောင်ဘညိုက ပြောတော့ “ဘယ်သူ မြင်တာမှတ်လို့” ဟု ကျော်ကျော်ကပြန်ပြော၏။ ထိုနေ့ကလည်း အိမ်ပြန် မအိပ်ဖြစ်ပြန်ပါ။

ညနေရုံးက စောစော ထွက်မည်မှန်းသောလည်း မမျော်လင့်သော အလုပ်ကိစ္စ တွေပေါ်လာပြီး နောက်ကျ သွားသည်။ ခြောက်နာရီဝန်းကျင်လောက်မှထွက်ဖြစ်သည်။ လမ်း မှာ ဆိုင်ဝင်ပြီးညနေစာဝယ်သည်။ ဝယ် ရင်း လည်း အရက်သောက် ဖြစ်သည်။ မှာထားတာတွေ စောင့်ရင်း ထုံးစံ အတိုင်းအရက် သောက် ဖြစ် သည်။မှာတာတွေကလည်း များ၍ ခပ်ကြာကြာစောင့်ရင်း တော်တော် လေးလည်းရေချိန်ကိုက်

သွား၏။ ကျော်ကျော်က တော့ သူမဆီလာတိုင်းမူးမူး ရူးရူး နှင့် ရောက်လာတတ်သော ဦးအောင်ဘညိုကို အရက် သမားကြီးဟု ကျိန်းသေမုချသတ် မှတ်ထားမည်ပင်။ အရင်က သောက်သည် ဆို သော်လည်း ဒီလို မျိုး သောက်သည် မဟုတ် မိတ်ဆွေ အပေါင်း အသင်း များနှင့် ကြုံမှ ဆုံမှ၊ ဒါမှမဟုတ် လုပ်ငန်းနှင့် ပတ်သက် သော ဧည့်ခံပွဲများ၊ညစာစားပွဲများ ရှိမှ သောက်ဖြစ်တာမျိုးပါ။ လူကြီးလူကောင်းသောက်၊ လူမှု ရေးသောက် သောက်ခြင်း မျိုးပဲ ရှိခဲ့သည်။ခုတော့ အမူး သောက် နေမိသည်။

ကားမောင်းလာရင်း တရိပ်ရိပ် ထိုးတက်လာသော အရှိန်ကြောင့် သတိကြီးစွာထား၍ ခပ်ဖြေးဖြေး မောင်းခဲ့ ရသည်။ လက်ကိုင် အိတ်ကို ချိုင်းမှာညှပ်၊ လက်နှစ်ဖက်က လည်းစားစရာ အထုပ်တွေ ဆွဲထားရသည့် အတွက်သော့ မဖွင့် နိုင်။ ထို့ ကြောင့် အခန်းတံခါးကို ပုခုံးစောင်း နှင့် တိုက်ပြီး ကျော်ကျော့် ကိုခေါ်ရသည်။ အတွင်းဖက်က တံခါးပွင့် သွားပြီးနောက် ကျော်ကျော် ပေါ်လာသည်။

“ အော် ... ခနနော်”

အထဲပြန်ဝင်သွားကာ သော့ယူလာပြီး အပြင်သံတံခါးကို ဖွင့် ပေးသည်။

“ ထမင်းစား ပြီးပြီလား”

“ ဟင့် အင်း”

“ အတော်ပဲ ဒီမှာ ဝယ်လာတယ်၊ အခေါက်ကင်ရယ်၊ အစိမ်းကြော်ရယ်၊ နေပါဦးဒါက ဘာလဲ ...”

ဝယ်လာပြီးမှ ကိုယ့်ဟာကိုယ်မေ့ နေမိသည်။ အာသွက်လျာသွက် နှင့် လူကလည်း အနည်းငယ်ယိမ်း ထိုး နေသော ဦးအောင်ဘညို ကို ကျော်ကျော်က စိတ်မသက်မသာ မျက်လုံးဖြင့် မော့ကြည့်၏။ ပွင့်ရိုတ်ဂါဝန် ရှည်ကြီးကို ဝတ်ထားသော ကျော်ကျော်သည် ဦးအောင်ဘညိုမျက်လုံးထဲတွင် အလွန် စွဲမက်ဖွယ်ကောင်း နေသည်။ ခြေဆုံးခေါင်း ဆုံးအပြန်ပြန်ကြည့် နေသော ဦးအောင်ဘညို မျက်လုံးကို ခေါင်းငုံ့ ရှောင်တိမ်း ရင်း ဦးအောင်ဘညို လက်ထဲက အထုပ်တွေ လှမ်းယူသည်။ ပျော့ပြောင်းပြီး ပါးလွှာသော ဂါဝန် က ကျော်ကျော်၏ အပေါ်ပိုင်း အမို့ အဝန်းတွေကို ပိုပြီးမြင်သာထင်သာ စေသည်။

“ နောက် မှာသွားထားလိုက်မယ်နော်”

“ အင်းအင်း”

ကျော်ကျော် အထုပ်တွေ ယူပြီး အိပ်နောက်ဖက်ကို ဝင်သွားသော အခါ အတွင်းဖက်က မီးရောင်က အညို ရောင် နုနု ဂါဝန် ပါးပါး ကိုဖြတ်သန်း ပြီးဦးအောင်ဘညို မျက်လုံး သူငယ်အိမ်ကို ရောက်လာသည်။ ဖြောင့်စင်း လှပသော ခြေတံ တွေက ဦးအောင်ဘညို ရင်ခုန်သံကို ပိုမြန် စေ၏။ဆိုဖာရှည်ကြီး မှာဝင်ထိုင်လိုက်ရသ်း ကျော်ကျော် ပြန်ထွက်အလာကို စိတ်မရှည်စွာ မျှော်နေမိသည်။ ကျော်ကျော် ကလည်းဦးအောင်ဘညို မျှော် နေသည်ကို သိသည့် အလား ချက်ချင်းလိုလို ပြန်ရောက်လာ၏။

“ စားတော့ မလား၊ ပြင်လိုက်မယ် လေ”

“ နေပါဦး ဒီကိုခနလာဦး”

မျက်နှာ မသာမယာဖြင့် ကျော်ကျော် အနားရောက်လာသည်။

“ လာ ဒီမှာထိုင်”

ဦးအောင်ဘညို က ဆွဲယူလိုက်သောကြောင့် ကျော်ကျော် ဦးအောင်ဘညို ဘေးသို့ ရောက်လာရာ စိတ်မ ထိန်း နိုင်တော့ဘဲ ကျော်ကျော့် ကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သို့သော်ကျော်ကျော့် ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲမှာ အလိုက်သင့်မရှိ တောင့်တောင့် လေးဖြစ်နေသည်။

“ ဘာဖြစ်တာလဲ”

“ ထမင်းစားတော့ မလား”

ဦးအောင်ဘညို အမေးကို မဖြေဘဲ ပြန်မေးသည်။

“ မစားချင်သေးပါဘူးကွာ၊ ပြီးမှပေါ့”

ပိုပြီးတင်းကြပ်သွားအောင်ဖက်ရင်းပြောလိုက်သည်။ ကျော်ကျော်က ကိုယ်လေး လွန့်၍ ရုန်းရင်း

“ မဖြစ်ဘူး”

“ ဘာလို့ မဖြစ်ရမှာလဲ၊ ဖြစ်တာပေါ့၊ ဖြစ်လွန်းလို့ ခက်နေတာ”

ဖြစ်လွန်းနေမှန်းသိအောင် ဦးအောင်ဘညိုက ကျော်ကျော့် ခါးကို ထောက်ပြီးသူ၏ မာကျောနေမှုကို ပြလိုက်သည်။

“ မရဘူး'

“ ဒီနေ့ ဘာဖြစ်နေတာလဲကျော်ကျော်”

“ ဟို .. ရာသီလာနေလို့”

မျက်နှာလေးလွှဲပြီး မပွင့်တပွင့် ဖြေသည်။ အလွန်စိတ်အားထက်သန် နေသော ဦးအောင်ဘညို အနေဖြင့် ကား ဒါကိုလက်မခံနိုင်။

“ မဟုတ်တာကွာ၊ ပေါက်ကရတွေ မပြောနဲ့”

“ တကယ်ပါ၊ မယုံဘူးလား”

“ မယုံဘူးကွာ၊ လုံး၀ မယုံဘူး”

ရုတ်တရက် သူမ၏ ဂါဝန်ကို ဦးအောင်ဘညိုက ဆွဲလှန်လိုက်သောအခါ ကျော်ကျော် မျက်လုံးပြူး သွားသည်။ သို့သော်လည်း မမှု သည့်ဟန်ဖြင့် မျက်နှာကို တဖက်သို့ လွှဲထားလိုက်သည်။ ဝါဝင်း ပြီး ဖြောင့်စင်း သည့် ခြေ သလုံး နှင့် ပေါင်တံ များ။ နောက် တော့ အောက်ခံ ဘောင်းဘီ။ သေသေချာချာ ကြည့်လိုက်တော့ ဘောင်းဘီ လို့ မခေါ်နိုင် ခါးစည်းအဖြစ် သရေကြိုး ပါသော်လည်း ကြိုးလေး နှစ်ချောင်းသာ အောက်ကို ဆင်းသွားသည်။ နက်မှောင်ထူထပ်သည့် အမွှေးအမြှင် တွေက အတိုင်းသားရှိနေ၏။ အောက်ဖက်တွင် ပိုက်ကွန်ကဲ့သို့အပေါက်တွေ ပါသည့် အိတ်လိုလို ပါပြီး ထိုထဲမှာ အဖြူရောင်အထုပ်လေးတခု။ စိတ်မရှည်တော့ သောဦးအောင်ဘညိုကဆတ်ကနဲ ဆွဲလှန်လိုက်ရာ အဖြူရောင် pad ၏ အလည်တွင်ညိုညစ်ညစ် သွေးစ တွေ ကိုမြင်လိုက်ရသည်။

“ ဟာ”

ယုတ်ညံ့သည့် အရာ ဆိုသည့် အသိက ဖျပ်ကနဲ ဝင်လာသော အခါဦးအာင်ဘညို လက်ကို ရုတ်ပြီး ထရပ် လိုက် မိသည်။ သူ့ကို မော့ကြည့်လာသည့် ကျော်ကျော့် မျက်လုံးတွေထဲမှာ ခုတော့ ဘယ့်နှယ့်ရှိစ ဟု မေးနေသလို သရော်ရိပ်တွေ မြင်နေရသည်။

“ မရွံ ဘူး ဆိုရင်တော့ သဘောပဲလေ”

ပမာမခန့်လေသံ ဖြင့် ပြောလိုက်သောကျော်ကျော့် စကားကြောင့် ဦးအောင်ဘညို မျက်လုံးတွေထဲ မီးဝင်းဝင်းတောက်သွားရပြီး။

“ မင်းကွာ”

ဦးအောင်ဘညို ဒေါသဖြစ်သွားသည်က ထင်ရှားသော်လည်း ကျော်ကျော်က ဘာမှ ခံစားချက်မရှိသည့် မျက်နှာထားနှင့် အေးအေး လူလူပင်ထိုင်ကြည့် နေသည်။ ဦးအောင်ဘညို လှန်ထားသည့် ဂါဝန်ကိုပင် ပြန်ဆွဲမချဘဲအရုပ်တရုပ်လို ဆက်ထိုင်နေ၏။

.................................

“ တောက်”

ကျယ်လောင်စွာ တောက်ခေါက်လိုက်ပြီးနောက် စားပွဲပေါ်က အိတ်ကို ဆွဲယူကာ ဦးအောင်ဘညို အိမ်ထဲကထွက်ခဲ့သည်။ ကျော်ကျော့် ကို သူအရမ်းစိတ်ဆိုးမိသည်။ ခုလိုမထီတရီ လုပ်နေပုံမျိုး နှင့် အိမ်ထဲမှာဆက်နေ လျှင် သူမကို တခုခုလုပ်မိကောင်း လုပ်မိနိုင်သည်။ ကားပေါ်ကို ဘယ်လိုရောက်သွားသည်ကို ပင်ကောင်းကောင်း မသိ။ အလာတုန်းကလို မဟုတ်ဘဲ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မောင်းထွက်လာမိသည်။ ဦးအောင်ဘညို ခေါင်းထဲမှာ သိတာ နှစ်ခုသာရှိသည်။ တခုမှာခေါင်းထဲမှာ တဆစ်ဆစ် သွေးတွေ တိုးသည်အထိ ကျော်ကျော့် ကို စိတ်ဆိုးမိခြင်းနှင့် နောက်တခုက တဆိုင်ဆိုင် ဝင်ပြီး အရက်ထပ်သောက်ရန် ဖြစ်သည်။တွေ့ရာဆိုင်မှာ ထိုးရပ်လိုက်ပြီး သောက်သည်။ ဘယ်လောက်ရယ်လို့ မမှတ်မိ။ တော်တော် များသည် လို့ သာသိလိုက်သည်။

အိမ်၀ မှာတွေ့ကထဲက ကျော်ကျော့် မျက်နှာက တမျိုးဖြစ်နေသည်ကို ပြန်စဉ်းစား မိ သည်။ မည်သို့ပင်ဖြစ်စေ၊ သူမ မှာ ဘယ်လို မရှောင်သာသည့် အကြောင်းတွေ ရှိနေစေဦးတော့ သူ့ကို ဒီလို မျိုး မဆက်ဆံသင့် ဟုထင်သည်။ မရွံ လျင်လုပ်သွားဆိုသည့် သဘောမျိုး ရှိသော စကားကို ကျော်ကျော် မ ပြောသင့်။သူသည် မိန်းမ ကိစ္စ မှာ အာသာငမ်းငမ်း နှင့် အမြဲတစေ ရှိနေတတ်သူမဟုတ် ဟု မိမိကိုယ်မိမိ ဦး အောင်ဘညို ထင်သည်။ မျက်လုံးထဲမှယာ အရိပ်တွေ နှစ်ထပ် ဖြစ်လာသည့် တိုင်အောင် စိတ်က မပြေချင် သေး။ သို့ သော်ဦး အောင်ဘညိုသတိရှိပါသည်။ ကားမောင်းပြီး အိမ်ပြန်ဖို့ကလဲ ရှိသေးရာ စိတ်ကို ထိန်း ပြီးလက်စဖြတ်လိုက်သည်။ ဦးအောင်ဘညို သတိကောင်းသလို ကံလည်းကောင်းပါသည်။ အိမ်သို့ ချောချော မောမောပြန်ရောက်သွားသည်။ ခြံစောင့် မောင်ထွေးက ခြံတံခါးလာဖွင့် ပေးရင်း ...

“ အမ ရောက်နေတယ် ဆရာ”

ဝါမကျွတ်သေးဘဲ ပြန်လာသည့် အတွက်နည်းနည်း တော့ အံ့ သြသွားသည်။ နေထိုင်မကောင်းလို့လေလား။ ရီဝေနေသော ခေါင်းက ကြာကြာ မစဉ်းစားနိုင်ပါ။ အိမ်ရှေ့ မှာကားထိုးရပ်ပြီး နောက်ထွက် လာသော ဦးစိုး လက် ထဲသို့ ကားသော့ ထိုးထည့် ပေးလိုက်ပြီး အိမ်ထဲတန်းဝင်ခဲ့သည်။

“ ဦးစိုးပဲ အထဲသွင်းလိုက်တော့ဗျာ”

နောက်ကနေ ဦးစိုးက တစုံတရာ လှမ်းအော်သည်။ မောင်ထွေးပြော သည့် သူဇာပြန်ရောက် နေသည့် အကြောင်းပင် ဖြစ်မည်။ သေသေချာချာ မကြားရသော်လည်း

“ သိတယ် ဦးစိုး”

အပေါ်က အိပ်ခန်းထဲ သို့တန်းဝင်လာခဲ့သည်။ အိမ်သို့ ဘေးမသီရန်မခ ရောက်လာပြီးနောက် စိတ်လည်းလျှော့လိုက်ရာ အမူးရှိန် က တရိပ်ရိပ် တက်လာသည်။ သူဇာနေမကောင်းလို့လားသွားကြည့် ချင်သော်လည်းဒီတိုင်းကြီး တော့ မဖြစ်သေး။ အရမ်းမူးနေသလို အရက်နံ့ကလည်း တ ထောင်းထောင်း ထနေမည်မှာ မလွဲ။ ထို့ကြောင့် ရေချိုးခန်းဝင်ပြီး ရေချိုးလိုက်သည်။ ရေချိုးရင်း သွားပါတိုက်လိုက်၏။ လူလည်း အနည်းငယ်ပြန်ပြီး ကြည်ကြည်လင်လင် ဖြစ်လာသလို အနံ့အသက်လည်း ကောင်းသွားပြီထင်တော့မှ သူဇာ့ အခန်းဖက်ကို ကူးသွားသည်။

ဒီတခေါက်လဲ ခရီးပန်းလာပုံရသည့် သူဇာ ကုတင်ပေါ်မှာ ခွေခွေ လေး အိပ်ပျော်နေသည်။ အနှောက်အယှက် မပေးလိုသောကြောင့် ပြန်လှည့်တော့မည့် ဦးအောင်ဘညို၏ ခြေလှမ်းတွေ ထူးခြားချက် တခု ကို မြင်လိုက်ရပြီးနောက်တုန့်သွားသည်။ မသူဇာ ကိုယ်ပေါ်က ပိုးသားညအိပ်ဂါဝန်က ဦးအောင်ဘညို စိတ်ကို ဆွဲဆောင်လိုက်၏။ မသူဇာ ဒီလို ဂါဝန်နှင့် မအိပ်တာကြာလေပြီ။ ဒီနေ့ မှ ထူးထူး ခြားခြား ပြန်ဝတ်ခြင်း ဖြစ်သည်။ သူမ၏ တခြားအဝတ် အစားတွေ မလျှော်ဖွပ်ရသေးလို့လည်း ဖြစ်နိုင်သည်။

ဦးအောင်ဘညို မျက်လုံးထဲမှာ ဂါဝန်အညိုရောင်ပျော့ ကလေးနှင့် ကျော်ကျော့်ပုံရိပ် ကိုမြင်ယောင်လာ၏။ မသူဇာ ဂါဝန်ကတော့ ကြည်ပြာရောင်ဖြစ်ကြောင်း မှတ်မိနေသည်။ အပြာရောင်ဖျော့ဖျော့ ညအိပ်မီး မှိန်မှိန်လေး ကြောင့် ပိုးသားက တောက်ပနေသည်။ အထူးသဖြင့် တစောင်းလေး ကွေးပြီး အိပ်နေသော မသူဇာ၏ ပြည့်ဝန်းမို့မောက်သော တင်ပါးတဝိုက်တွင်ဖြစ်သည်။ ကလေး နှစ်ယောက် အမေဟု မည်သူယုံကြည် နိုင်ပါမည်နည်း။ နှစ်ပေါင်း များစွာ ပေါင်းလာသည့် လင်ယောကျားဖြစ် သူပင်လျှင် ငိုင်တွေပြီး သူမတင်ပါးကြီးများကို ကြည့်နေမိသည်။ ကျော်ကျော်ကတော့ ဒီလောက်မဖွံ့ ထွားပါ။ မကြီးလွန်းမသေးလွန်း အနေတော်လေးလို့ ဆိုနိုင်သည်။

စိတ်က ကျော်ကျော့် ဆီရောက်သွားခြင်း နှင့်အတူ ဟိုမှာ မပြီးမြောက်ခဲ့သည့် စိတ်ဆန္ဒ တွေက ဝုန်းကနဲ ရုန်းကြွတက်လာသည်။ ဤ အရာသည် ဦးအောင်ဘညို တရားဝင်ပိုင်ဆိုင်သောအရာလည်း အရာလည်း ဖြစ်နေသည်ကို စဉ်းစားလိုက် မိသည့်နောက်တွင် ကိုယ်ပေါ်က အဝတ်တွေကို အားလုံးချွတ်လိုက်ပြီး ခြေရင်းက တန်းပေါ် တင်လိုက်မိ၏။ ပြီးတော့ ကုတင်ခြေရင်း ဖက်ကနေ အသာလေး အသံမမြည် အောင်တက်လိုက်သည်။ လင်ခန်း မယားခန်းတွေကို မသူဇာက ခွင့်မပြုတော့သည်ဖြစ်ရာ ခုလို အလစ်ဝင်ပြီး တိုက်မှဖြစ်တော့မည်။ ခွင့်တောင်းနေ လို့ မဖြစ်။ မသူဇာ၏ တင်ပါးနောက်မှာ ဝင်ထိုင်လိုက်ပြီး ဂါဝန်ကို အသာလေး အပေါ်ကို မတင်သည်။ အကျပ် မဟုတ်ဘဲဖါးဖါးကြီး ဖြစ်သည့် အတွက် အဆင်ပြေပါသည်။ ချက်ချင်းဆိုသလိုပင် ဖြူဖွေးဖောင်းကြွသော အသားဆိုင်တွေ ဝင်းကနဲ ပေါ်လာ၏။ အောက်မှာ အတွင်းခံလုံး၀၀တ်မထားပါ။ ဦးအောင်ဘညို အတွက်ကြိုတင် ပြင်ဆင်ထားသည့် အလားပင်။

...................................

အောက်ပိုင်း တခုလုံး ရှင်းရှင်းလင်းလင်း ပေါ်လာသည်နှင့် ဦးအောင်ဘညို နေရာယူလိုက်ပြီး မှ တချက်ထည်း ခပ်ပြင်းပြင်း သွင်းလိုက်ရလျှင် ကောင်းမလား ခပ်ဖြေးဖြေး သွင်းရင်ကောင်း မလား တွေးလိုက်မိ သေး၏ နောက်မှ မသူဇာက ကြမ်းကြမ်းရမ်းရမ်း မကြိုက်တာကို သတိရပြီး အသာလေး နည်းနည်း ချင်းဖိသွင်းလိုက်သည်။ မသူဇာ ကိုယ်လေး တွန့်ကနဲဖြစ်သွား ပြီးမှ ပြန်ငြိမ်သွား၏။ ထို့ကြောင့် အတတ်နိုင် ဆုံး ထိန်းပြီးငြင်ငြင်သာသာ လေးအထုတ်အသွင်းလုပ်ပေးနေလိုက်သည်။

မရောက်တာ ကြာပြီ ဖြစ်သော်လည်း ယခင်သွားနေကျ နေရာဟောင်းက ဦးအောင်ဘညိုကို နွေးထွေးတင်းကြပ်စွာကြိုဆိုပါသည်။ နှစ်နှင့်ချီပြီး အလည်လာသူပြတ်လပ်ခဲ့ရသည့်အတွက် တင်းကျပ်ကာ စီးစီးပိုင်ပိုင် လည်း ရှိပြီး နေရာသစ် တခုလို ဦးအောင်ဘညို ခံစားရသည်။ မသူဇာလည်း ဒီလိုပဲခံစားရမည်ထင်သည်။ ခနချင်းမှာပင် အတွင်း ဖက်က စိုရွှဲလို့လာ၏။ မသူဇာ သိလျှက် နှင့်ငြိမ်နေသည်ဟု ထင်ပြီး သူမကို သေ သေချာချာ ကြည့်လိုက်ရာ ခေါင်းအုံးပေါ်မှာ မျက်နှာမှောက်၍ ဖိကပ်ထားပြီး လက်ကလေးတဖက်က ခေါင်း အုံး အစွန်းကို ဆုပ်ဆွဲထားသည်ကို မြင်လိုက်ရသည်။

ဦးအောင်ဘညို ကျေနပ်သွားပြီး နောက် အရှိန်တင်ပြီး ဆောင့်တော့သည်။ သိပ်ကြမ်းကြမ်းတော့ မဟုတ်။ ခုန ကထက် ပိုပြီး သွက်သွက်လက်လက် လုပ်ခြင်းသာဖြစ်၏။ ဦးအောင်ဘညို  မသူဇာ နှင့်ဆက်ဆံ တိုင်း ပုံမှန်ရိုးရိုးသာ လုပ်ဖူးသည်။ ခုလိုမျိုး မလုပ်ဖူးပါ။ ကျော်ကျော် နှင့် ကျမှ ကြားဖူး မြင်ဖူးတာတွေ တချို့ စမ်းလုပ်ကြည့်ဖူးသည်။ ဒါတောင်မှ ခုလိုပုံစံ မလုပ်ဖူးသေး။ ကျော်ကျော့် အကြောင်း တွေးမိပြီး မကျေမနပ် စိတ်ပြန်ပေါ်လာသော အခါ ဦးအောင်ဘညို ဆောင့်ချက်တွေ အားပါလာ၏။

စိတ်ထဲမှာလည်း မသူဇာ နှင့်ပတ်သက်ပြီးနောင်တတွေ ရနေမိပြန်သည်။ တရားဝင် အားဖြင့် မသူဇာ ကခွင့်မပြု တော့သည်မှာ မှန်သော်လည်း ခုလိုမျိုး အလစ် ချောင်းပြီး ရယူဖို့ မကြိုးစားခဲ့ မိခြင်းအတွက် ရသည့် နောင်တတွေ ဖြစ်သည်။ ခုလောက် အခြေအနေ မျိုးဆိုလျှင် မသူဇာ အိပ်ပျော်နေရာမှ နိုးကို နိုးရတော့ မည်။ဆက်ပြီး အိပ်ချင်ဟန်ဆောင်နေခြင်း သာဖြစ်ရပေတော့မည်။ နှစ်ပေါင်း များစွာ ပေါင်းသင်း နေထိုင်ခဲ့သည့် ဇနီးသည်၏ စိတ်နေစိတ်ထားကို အရိပ်အကဲ မဖမ်းမိခြင်း အတွက် ကိုယ့်ကိုယ်ကို လဲ ကျိတ်ပြီး အပြစ်တွေတင်နေမိသည်။

ဦးအောင်ဘညို၏ ဘဝတွင် မိန်းမ နှစ်ယောက်နှင့်သာ ဒီလောက်အဆင့် အထိပတ်သက်ခဲ့ဖူးပါသည်။ မသူဇာနှင့် ကျော်ကျော်။ ထိုနှစ်ယောက်လုံးကို ပင် ကောင်းကောင်း နားမလည်ချေ။ မိန်းမတို့၏ စိတ်နေစိတ် ထားသည် အချိန်နှင့် အမျှ ပြောင်းလဲကာ အရိပ်အကဲ ဖမ်းရခက်လှသည်။ ကျော်ကျော် သည် တော်တော် အလိုက်မသိတတ်သည့် ကောင်မလေး ဖြစ်သည်။ သူမ ဖက်က ပြေပြေလည်လည် ပြောပြသင့်ပါလျှက်နှင့် ဦးအောင်ဘညို လှန်ကြည့်တာကို တောင် မျက်နှာလွှဲပြီး ခပ်တင်းတင်းလုပ်နေခဲ့သည်။ အိမ်ထောင်သည် ဖြစ်ပါလျှက်နှင့် မိန်းမတို့၏ ရာသီသွေးဆိုတာ ခုမှမြင်ဖူးခြင်းဖြစ်၏။ ဂွမ်းထုပ် ပေါ်က သွေးတွေ အပြင် ဘေးမှာ ကပ်နေသည့် ကွေ့ကွေ့ ကောက်ကောက် အမွှေး တပင်ကို ပါပြန်မြင်ယောင် လိုက်သော အခါ ဦးအောင်ဘညို အံကို တင်းတင်းကြိတ်လိုက် ပြီး မသူဇာကို ခပ်ကြမ်းကြမ်း လေး ဆက်ကာ ဆက်ကာ ဆောင့်လိုက်မိသည်။

“ အင် ….. အင်း …..အာ ….”

မသူဇာကိုယ်လုံးလေး တွန့်ကာတွန့်ကာ တုန်ခါသွားပြီး မပီမသ မသဲမကွဲ ညည်းသံ တွေထွက်လာသည်။ဘာကြောင့် မှန်းမသိ မသူဇာ အိပ်ပျော် နေခြင်း မရှိကြောင်း ပိုပြီးသေ ချာသွားသော အခါ ဦးအောင်ဘညို ပျော်သွား သည်။

“ သူဇာ နိုးနေပြီလား”

“ အင်း”

မပွင့်တပွင့် ဖြေသံထွက်လာသည်။ မသူဇာလည်း နိုးနေတာ သေချာသွားသော အခါ မျက်နှာချင်းဆိုင်ချင်လာ၏။ ထို့ကြောင့် တစောင်းအနေ အထားမှ ပက်လက်လှန်ပေးလိုက်ပြီး ဦးအောင်ဘညို အပေါ်တက်လိုက် သည်။ မသူဇာကလည်း ဦးအောင်ဘညို၏ ကျောပြင်ကြီးကို ဆီးကြို သိုင်း ဖက်လိုက်ပြီး ရင်ခွင်မှာ မျက်နှာလေးအပ်ပြီး အသင့်ရှိနေ၏။ စိတ်ရွှင်နေသော ဦးအောင်ဘညို လည်း မသူဇာဖြစ်သည်ကို မေ့သွားပြီး ကျော်ကျော့် ကိုလုပ်သလိုမျိုး ခပ်ကြမ်းကြမ်းလေး လုပ်မိတော့သည်။ ဒါကို မသူဇာက မကန့်ကွက်သည့် အပြင်ဦးအောင်ဘညို ကို တိုး၍တိုး၍ ဖက်လာ၏။ သူမ၏ ညည်းသံတွေကလည်း တစထက်တစ ပိုပြီး လှိုက်လှိုက်မောမော ရှိလာသည်။

အိမ်ထောင် သက်တန်းတလျှောက် ဒီလို စိတ်ပါလက်ပါတုန့်ပြန်မှု မသူဇာထံမှ မရဖူး သော ဦးအောင်ဘညိုမှာလည်း ပိုပြီး အားမာန်ဝင်လာပြီးနောက် ရိုတ်ခတ်သံတွေ တဖေါင်းဖေါင်း ကျယ်လောင်စွာ မြည်လာသည် အထိ အားသွန်ကာ ဆောင့်တော့သည်။

“ အား … ကိုကို ….. ကိုကိုရယ် ….အင်း ….ဟီး”

ဦးအောင်ဘညို ကျောက်ရုပ်ကြီးလို တုန့်ကနဲရပ်သွားပြီး မသူဇာကို သေသေချာချာ ကြည့်လိုက်မိသည်။ ဘယ်သူဆို တာသိလိုက်သည့် နောက် တွင်ခေါင်းက ဆံပင်တွေ ထောင်တက်လာသလို ခံစားလိုက်ရပြီး ကျောထဲလည်း စိမ့်သွားသည်။ သူနှင့် ချစ်ပွဲဝင်နေသူမှာ မသူဇာ မဟုတ်။ မသူဇာ၏ ညီမ၊ ဦးအောင်ဘညို၏ ခယ်မ သိင်္ဂ ီ ဖြစ်နေလေသည်။

“ ဟာ”

အလန့်တကြားဖြင့်ထဖို့ ကြိုးစားသော်လည်း သိင်္ဂီက ဦးအောင်ဘညို ကို မလွှတ်အတင်းဖက်ထားသည်။

“ သိင်္ဂီ့ ကို မထားခဲ့ပါနဲ့ ကိုကို ရယ်၊ မသွားပါနဲ့”

“ ကိုယ် တောင်းပန်ပါတယ် သိင်္ဂီ ရယ်၊ ကိုယ်က မင်းအမ ထင်ပြီး တော့…. ကိုယ်… ကိုယ်”

သိင်္ဂီ၏ ဖက်တွယ်မှုက ပိုပြီးတင်းကြပ်လာသည်။

“ သိင်္ဂီ ကို မတောင်းပန်ပါနဲ့၊ သိင်္ဂီ ီ ကပဲ တောင်းပန်ပါရစေ၊ မသွားပါနဲ့ ကိုကိုရယ်”

ဦးအောင်ဘညို ဘာလုပ်ရမည်၊ ဘာပြောရမည် မဝေခွဲတတ်တော့ပါ။

“ သိင်္ဂီ လေ၊ ကိုကို့ ကို ငယ်ငယ်လေးထဲက ချစ်ခဲ့ ရတာပါ။ ကိုကို က မမ နဲ့ လက်ထပ်သွားတော့ သိင်္ဂီ ၊အားလုံးကို ထိန်းချုပ်ထားခဲ့ရပါတယ်၊သိင်္ဂ ီ ချစ်တာ ကိုကိုလဲ သိပါတယ်၊ မညာပါနဲ့”

သိင်္ဂီ သူ့ အပေါ် ဟိုတုန်းက ဘယ်လိုသဘောထားသည်ကို ဦးအောင်ဘညို ရိပ်မိခဲ့ပါသည်။ မသူဇာ နှင့် ဦးအောင်ဘညို တို့စတင်ဆုံဆည်းစဉ်ကသိင်္ဂီသည် မြီးကောင်ပေါက် အရွယ်သာရှိသေးသည်။ ထို့ ကြောင့်အပျိုဖျန်း လေးတယောက်၏ စိတ်ကစားမှု လို့သာ သူ့ဖက်က သဘောထားခဲ့သည်။

“ မကောင်းပါဘူး သိင်္ဂီရယ်”

“ သိင်္ဂီ က လွတ်လပ်တဲ့ မိန်းမတယောက်ပါ၊ နောက်ပြီး သိင်္ဂီ က ကိုကို့ကို ကြည်ဖြူတယ်၊ သိင်္ဂီ ကို တခုလပ်မ ဆိုပြီး မသတီ လို့လား”

“ မဟုတ်ပါဘူး ကွယ်၊ ကိုယ်လဲ လူပျို မှ မဟုတ်တာ”

“ ဒါဆိုလည်း ပြီးတာပဲ၊ ခုသိင်္ဂီ ဘယ်လောက်ပျော်နေရတယ် ဆိုတာ ကိုကို မသိဘူးနော်”

ဒီမြင်ကွင်း ကို မသူဇာ နှင့် တခြားသော ဆွေမျိုး တွေသာမြင်လျှင် သိလျှင် ဘယ်လိုနေကြမည် မသိ။ ဦး အောင် ဘညို သက်ပြင်းသာ ချလိုက်မိသည်။

“ ကဲ ပါကိုကိုရယ်”

မူနွဲ့နွဲ့လေး ပြောလာသည့် သိင်္ဂ ီ အသံက တစုံတရာ ကို အချက်ပေးနေသလို ရှိသည်။ ဦးအောင်ဘညို ၏အသိစိတ် က ရှေ့ဆက်ဖို့ တုန့်ဆိုင်း နေသော်လည်း အသွေးအသားတို့က ရှေ့ဆက်ဖို့ တောင်းဆိုနေ မှန်းလည်း ကိုယ်တိုင်သိနေသည်။ သိင်္ဂ ီ အိပ်နေသည်ကို မြင်ကထဲက ထောင်မတ်နေ သောဖွားဖက်တော်က လည်း အခုတိုင် သံမဏိချောင်းလို ရှိနေဆဲ၊ သိင်္ဂ ီ နှင့် အခြေအတင် စကားရပ်ပြော နေချိန်မှာပင်လျှင် လျော့ ကျသွား ခြင်းမရှိဘဲ တိုးလို့သာ မာကျောလာသည်။ ဦးအောင်ဘညို အံကိုခဲလိုက်ပြီး လုပ်ငန်းပြန်စလိုက် သည်။ ခနကြာတော့ သိင်္ဂ ီ က ခါးကို မတ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ပေးရင်း

“ ဒီအင်္ကျ ီ ဆွဲချွတ်ပေးစမ်းပါ ကိုကိုရယ်”

................................................................................

{ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းပြီး နောက်တနေ့ တွင်အနားယူ၏။ တဖန် လူသားယောက်ျား ကိုဖန်ဆင်းပြီး နောက်တနေ့ တွင် အနားယူ၏။ အနားယူပြီး နောက်တရက်တွင် လူသားမိန်းမကိုဖန်ဆင်း၏။ ထိုနေ့ မှစ၍ ဘုရားသခင်ရော လူသားယောက်ျား ပါ အနားယူခွင့် မရတော့ပါ။}

(မှတ်ချက် ။     ။ ဖတ်ခဲ့ဖူးသော ဟာသ တခုဖြစ်ပါသည်)

.........................................................

အခန်း ( ၆ )

ပြတင်းတံခါးကို ဖွင့်လိုက်သော အခါ မနက်ခင်း လေ အေးအေး နုနု က အခန်းထဲသို့ ကသုတ်ကရက် တိုးဝင်လာသည်။ လေထဲမှာ သစ်ရွက်စိမ်းနံ့တို့က တွဲခိုလိုက်ပါလာ၏။ မိုးရေစက်တို့ ဟီးလေးခိုတွဲ နေကြသော သစ်ပင် စိမ်းစိမ်းတို့ကို ဖြတ်သန်းလာသော လေက သိင်္ဂ ီ့ ရင်ကို အေးမြ လန်းဆန်း စေသည်။ ရင်အုံ လှလှလေးကြွမောက်တက်လာသည် အထိအသက်ကို တဝကြီးရှုရှိုက်လိုက်ရင်း မနက်ခင်းကြောင့် လှပနေသော လောကကို သိင်္ဂ ီပျော်ရွှင်စွာကြည့်မိသည်။

ညတုန်းက မိုးတွေတော်တော်ရွာခဲ့ပုံရသည်။ အိမ်ရှေ့ မြက်ခင်းပေါ်မှာ ရေတွေသီးနေတာကို အဝေးကပင် မြင်နိုင်သည်။ သိင်္ဂ ီကတော့ မိုးတွေရွာတာ ကိုမသိလိုက်ပါ။ ညတုန်းက သဲသဲမဲမဲ ရွာဖြစ်ခဲ့သည့် အချစ်မိုးတွေ အောက်မှာ အပျော်ကြီးပျော် နေမိခဲ့သည်မဟုတ်ပါလား။ သိင်္ဂ ီ့ အတွက်တော့ လက်လွတ်ဆုံးရှုံး ခဲ့ပြီလို့ထင်ထားတာ တခုကို ပြန်ရလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့ မှစလို့ လောကသည် သိင်္ဂီ့ အတွက်ပျော်စရာ တွေသာ ရှိပေတော့မည်။ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားလို့ ကိုကို ဘယ်အချိန်ထထွက်သွားတယ် ဆိုတာကိုတောင် သိင်္ဂီ မသိလိုက်။ နိုးလာတော့ အိပ်ယာပေါ်မှာ သိင်္ဂီ တယောက်ထဲ။ ဒါပေမယ့် အိပ်ယာပေါ်မှာ ကိုကို့ အငွေ့ အသက်တွေ နွေးနေဆဲ။ ထို့ကြောင့် နှစ်ပေါင်း များစွာ အတွင်း ဒါပထမဆုံးသော ကြည်ကြည် နူးနူး နိုးထလာရသည့် မနက်ခင်းတခု ဖြစ်ခဲ့လေသည်။

မြက်ပင်ဖျားတွေပေါ်မှာ ရေစက်ကလေးတွေတင်နေသည့် မြက်ခင်းပေါ်မှာ လမ်းလျှောက်ချင်လာသည်။အခန်းထဲက မထွက်ခင် ကိုကို့ အခန်းဖက်ကို ကူးကြည့်လိုက်တော့ ရေချိုးခန်းထဲက ရေကျသံကြား ရသည်။ရေချိုးရင်း ကိုကိုလည်း ညတုန်းကအကြောင်းတွေ တွေးကောင်းတွေးနေနိုင်သည်။ ကိုကို ရေချိုးခန်းထဲကထွက်လာတာကို စောင့်ကြည့်ရင် ကောင်းမလား တွေးလိုက်မိသေးပေမယ့် ကိုကို က ပြောလို့ရတာမဟုတ် ပါ။ သိင်္ဂ ီ့ကို ရုပ်တည်ကြီးနဲ့ ဟောက်ချင်ဟောက်လိမ့်မည်။ ဖြစ်ခဲ့တာတွေ အတွက် ကိုကို ရှက်နေမှာ အရမ်းသေချာသည်။

“ နောက်တော့လည်း အဆင်ပြေသွားမှာပါ ကိုကိုရယ်” 

လို့ တိုးတိုးလေးပြောပြီး အိမ်အောက်ကို ဆင်းခဲ့ သည်။ အိမ်ရှေ့ မြက်ခင်းစပ် နားရောက်တော့ မနက်စောစော အစာရှာသည့် ငှက်ကလေး နှစ်ကောင် က သိင်္ဂီ့ အရင်ရောက်နေနှင့်သည်။ Two for joy ။ တကယ့်ကို ပျော်စရာ ဖြစ်မယ့် နေ့ကလေးတနေ့ ရယ်လို့ တွေးပြီး သိင်္ဂီ ပျော်သွားသည်။ မက်ခင်း စပ်မှာ ဖိနပ်ချွတ်ထားခဲ့ ပြီး ရေစိုမြက်တွေကို အရသာခံနင်း လျှောက်ရင်း သိင်္ဂ ီ ကိုယ့်ဟာကိုယ်ကျေနပ်လို့ ကလေးဘ၀ က ဖန်ခုန်တန်း ကစားသလို မြက်ခင်းပေါ်မှာ ခုန်မိနေတုန်း အိမ်ဘေးဖက်က ဒေါ်ဒေါ်ကြည် ထွက်လာသည်။

“ မကြီးမငယ် နဲ့ ဆော့နေပြန်ပါပြီ၊ သိင်္ဂီကတော့လေ”

“ ဆော့တာ မဟုတ်ဘူး လေ့ကျင့်ခန်းလုပ်နေတာ” 

လို့ သိင်္ဂီက နုတ်ခမ်းလေးစူပြီး ပြောတော့ ဒေါ်ဒေါ်ကြည် သဘောကျစွာရယ်သည်။

“ လေ့ကျင့်ခန်း လုပ်တာကလဲ ဂါဝန်မပြီး ခုန်နေသလိုပဲ၊ ကိုယ့်အရွယ်လဲပြန်ကြည့်ပေါ့။ အသက်က သုံးဆယ် ကျော်နေပြီ။”

ဒေါ်ဒေါ်ကြည်က ဆက်စ၏။

“ သိင်္ဂီ့ ကို အသက်သုံးဆယ်ကျော်ပြီ ပြောတာ ဒေါ်ဒေါ်ကြည် တယောက်ပဲ ရှိသေးတယ်။”

သိင်္ဂီ ကလည်း ဆတ်ဆတ်ထိ မခံပါ။ တကယ်တော့ သိင်္ဂ ီသည်လည်း ဦးလေးစိုး နဲ့ဒေါ်ဒေါ်ကြည် အတွက် သမီးတယောက်လိုပင်။ ဟိုတုန်း ကတော့ အိမ်မှာ အငယ်ဆုံး သိင်္ဂ ီသည် သူတို့လင်မယား၏ အသည်း ကျော် ဖြစ်၏။ ခုတော့ ဖူးဖူး နဲ့ ဖိုးသား၊ ကိုကို့ သမီးနဲ့သား ကိုပဲ သူတို့က ချစ်ကြတော့သည်။ သိင်္ဂ ီ လည်း တူမ နှင့်တူလေး ကို ချစ်ပါသည်။ ဒါကြောင့်လည်း တူမတော် ဆီက ဖုန်းရတော့ ချက်ချင်း ရန်ကုန်ဆင်း ခဲ့သည်။ မမ က တဝါတွင်းလုံး ရိပ်သာဝင်မည်။ ကိုကို ကလည်း ခရီးတွေထွက်နေသည်တဲ့။ ရန်ကုန် မှာ ရှိတဲ့ ရက်မှာလည်း အိမ်ပြန်အိပ်ချင်မှ အိပ်သည်။ နေ့တိုင်းလဲ အရက်တွေသောက် သည်တဲ့။  သတိရလို့ ဖုန်းဆက်ရင်း ဖူးဖူး က အကုန်ဖေါ်ကောင်လုပ်သည်။ အဲဒီ အချိန် သိင်္ဂ ီ က မေမြို့ မှာ။ ကလေးတွေ ချည်းပဲဖြစ်နေ မယ်ဆိုပြီး ဆင်းလာရင်း အခုတော့ သိင်္ဂ ီ မမျှော်လင့်သော အပိုဆုပါရခဲ့သည်။ ကိုကို့ကို တွေ့ချင်တာလည်း တပိုင်းပါပေမယ့် ဒီလောက် အထိတော့ သိင်္ဂ ီ မမျှော်လင့်ထားတာ အမှန်ပါ။

စိတ်မြန်လက်မြန်လုပ်တတ်သော သိင်္ဂ ီက ချက်ချင်း မေမြို့ကနေ မန ္တလေး လေဆိပ်ကို တန်းဆင်းလာခဲ့ သည်။ သိင်္ဂ ီ့ ကိုစိတ်ဝင်စား နေသည့် သူတယောက် အကူအညီဖြင့် လေယာဉ် လက်မှတ်ကလည်း အခက်အခဲ မရှိလေတော့ ညနေစောင်း မှာ ရန်ကုန်ရောက်လာသည်။ သိင်္ဂ ီ ကို ဒီလိုကူညီချင်သူတွေ ပေါပါ၏။ မန ္တလေး နဲ့မေမြို့ မှာသာမဟုတ် ရန်ကုန်မှာပါ ရောက်နေကြောင်း ဖုန်းဆက်လိုက်တာနဲ့ အိမ်ရှေ့ကို ချက်ချင်း ရောက်လာမယ့်သူတွေ ရှိသည်။ဒါပေမယ့် သိင်္ဂ ီ သူတို့ကို လိုမှသာသုံးတတ်သည်။ သူတို့ တကယ်လိုချင်တာက သိင်္ဂ ီ့ရဲ့ လှပတဲ့ အသွေးအသားနဲ့ ဘဏ်တိုက်ထဲက ပိုက်ဆံတွေပါ။ ခေတ်ဆန်ပြီး ပေါ့ပါးလွတ်လပ်စွာ နေတတ်သော၊ ယောက်ျား တွေ နှင့် တရင်းတနှီး နေတတ်သော သိင်္ဂ ီ့ ကို အလွယ်ရနိုင်သည့် တခုလပ် မလေးတယောက်လို သူတို့ သတ် မှတ်ကြသည်။ သိင်္ဂ ီ ကိုယ်တိုင် ကလည်း သူတို့ကို အထင်မကြီးတဲ့ အတွက် သူတို့ ဘယ်လိုထင်ထင် သိင်္ဂ ီ ဂရုမစိုက်ပါ။ သိင်္ဂ ီ ဂရုစိုက်တာ ကိုကို တယောက်ပဲရှိပါသည်။ ကိုကို ကတော့ သိင်္ဂ ီ့ ကို ဂရု မစိုက်။ အခုတော့ ကိုကို သိင်္ဂ ီ့ ကို ဂရုမစိုက်လို့ မရတော့ပါ။

..............................

ညတုန်းထဲက ကြိုစဉ်းစားထားသော ကိစ္စ ကိုအကောင်အထည် ဖေါ်ဖို့ သိင်္ဂ ီ အိမ်ပေါ်ပြန်တက်လာခဲ့သည်။ရေမချိုးခင် လက်ဆွဲအိတ်ကြီးသွန်ချပြီး အဝတ်အစားရွေးချယ်တာက တော်တော်ကြာ၏။ သိင်္ဂ ီက ဘောင်းဘီ နဲ့ စကပ် ပဲအဝတ်များတော့ ဒါတွေပဲပါလာသည်။ မနည်းရှာတော့ မှ ထမိန်တထည်ထွက်လာ၏။ ကိုယ်မှာကပ်ကြည့်လိုက်တော့ အသားပျော့ပျော့ကြောင့် သိင်္ဂ ီ့ ကောက်ကြောင်းတွေ ကြွကြွရွရွပေါ်လာသည်။သူ နဲ့ ဝမ်းဆက်အင်္ကျ ီ လဲပါလို့ ဒါပဲဝတ်ဖို့ ရွေးလိုက်သည်။ နောက်နေ့ တွေ အတွက်ကတော့ ဒီနေ့ ဈေးဝယ်ထွက်ရမည်။

ဘီရိုထဲမှာ မမ အဝတ်အစားတွေ ရှိပေမယ့် ယူမဝတ်ချင်။ သိင်္ဂ ီ နဲ့ မမ က ရုပ်ရည်ချင်း ဆင်သလို အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်လည်းတူသည်။ ဒါကြောင့် အတွင်းခံ က အစ မမ ဟာတွေယူဝတ်ရင် ရသည်။ ဒါပေမယ့် သိင်္ဂ ီ မဝတ်ချင်ပါ။ မနေ့က အိတ်ထဲမှာ မရှာချင်တာနဲ့ ညအိပ်ဖို့ ဂါဝန် ယူဝတ်မိလို့ ကိုကို လူမှားတာခံရပြီးပြီ။ ဒီနေ့တော့ထပ်မမှားချင်ပါ။ ကိုကို့ အတွက် သိင်္ဂ ီ ဟာ သိင်္ဂ ီ ပဲဖြစ်ရပေမည်။ ကိုယ်ပေါ်က ဂါဝန်ကို ဆွဲချွတ်လိုက်ပြီး မှန်ထဲမှာ ကိုယ့်ဟာကိုယ်ပြန်ကြည့်မိသည်။ ဒါ အသက်သုံးဆယ် ကျော် မိန်းမ တယောက်တဲ့လား။ သိင်္ဂ ီ့ အသက် သုံးဆယ်သုံးနှစ် ပြည့်တော့ မှာပေမယ့် ဘယ်သူမှ မထင် ကြ။ အစိတ် ဝန်းကျင်လို့သာထင်ကြသည်။ အိမ်ထောင်ကျဖူးပေမယ့် ကိုယ်ပေါ်က အလှအပ အားလုံးက စိုစိုတင်းတင်းရှိနေဆဲ။ ကိုမျိုး နဲ့ လမ်းခွဲပြီး ကထဲက ဘယ်ယောက်ျား နဲ့ မှလည်း မပတ်သက်ခဲ့။ မနေ့ကမှ ဒါတွေ အားလုံး ကိုကို့ကို ပုံပေးခဲ့သည်။

ရေချိုးခန်းထဲ ရောက်တော့ ရေချိုးခန်းထဲက မှန်မှာ တခါထပ်ကြည့်မိသည်။

“ ဒါကို လူတိုင်းမက်ကြတယ်သိလား” 

လို့ မိမွေးဖမွေးတိုင်း ပုံရိပ်ကိုကြည့်ပြီး အနားမှာ ကိုကို ရှိနေသယောင်ရန်တွေ့လိုက်၏။ ရေပန်းကို ဘားကုန်ဖွင့် ပြီး အရှိန်ပြင်းပြင်း ကျလာတဲ့ ရေစက်တွေ အောက်ကို ပြေးဝင်မိသည်။ ကိုကို ကတော့ ရေချိုးပြီးနေလောက်ပြီ။ သူမသွားခင်မှီအောင်မြန်မြန်ချိုးမှ ဖြစ်ပါမည်။ ကိုကို နှင့်သူရုံး မသွားမှီ တွေ့ဖို့ အကြောင်းတွေ ကလည်းရှိသည်မဟုတ်လား။ ကိုကို့ ကိုခန မေ့လိုက်ပြီး ရေမြန်မြန်ချိုးဖို့ အာရုံစိုက်ပေမယ့် မရပါ။ ဒီတမနက်လုံး သိင်္ဂ ီ တွေးနေမိတာ ကိုကို့အကြောင်းတွေသာ ဖြစ်လို့ နေသည်။

ကိုကို နဲ့ ဆိုတော့ သိင်္ဂ ီ အပျိုစင်လေး တယောက်လိုရင်ခုန်ရသည်။ ညတုန်းက ကိုကိုတံခါးဖွင့်လိုက် စဉ်မှာ သိင်္ဂီ နိုးနေပြီ။ ကိုကို ဘာလို့ဝင်လာတာလဲ စဉ်းစားရင်း အိပ်ချင်ယောင် ဆောင်ပြီး ငြိမ်နေမိသည်။ ခြေရင်းမှာ သူရပ်နေသည်။ နောက်တော့ မမျှော်လင့်ဘဲ ကိုယ်ပေါ်က အဝတ် အစားတွေကို ချွတ်လိုက်တာ ကိုတစောင်း အနေအထားကနေ မျက်လုံးလေး မှေးပြီး ခိုးကြည့်နေတဲ့ သိင်္ဂီ သေသေချာချာ မြင်လိုက်ရသည်။ ရင်ထဲက ဝုန်းကနဲ မြည်သွားတဲ့ အသံကြောင့် တကိုယ်လုံးတုန်မသွား အောင် သိင်္ဂ ီမနည်းထိန်းချုပ်လိုက်ရ၏။

ကုတင်ပါ်ကို ကိုကို တက်လာတော့ သိင်္ဂီ့ အတွက်သေချာသွားပြီ။ ဒီလို အချိန်ကို သိင်္ဂီ တောင့်တခဲ့ရဖူးပါသည်။ ဒါပေမယ့် မျှော်တော့ မမျှော်လင့်ခဲ့ပါ။ မဖြစ်နိုင်ဘူး မဟုတ်လား။ ခုတော့ မမျှော်လင့်တာ တွေ ဖြစ်လာခဲ့ ပြီ။ ကိုကို က ဂါဝန်ကို မတင်နေချိန်မှာ သိင်္ဂီ အသက်တောင်ရဲရဲမရှုနိုင်၊ အသက်ရှုခေတ္တ ရပ်သွားရသည်။ လက်ဖျား ဖြေဖျားတွေ အေးစက်နေမယ်ဆိုတာ ကိုင်မကြည့်ဘဲနဲ့ အလိုလိုသိနေ၏။ ကိုကို ကတော့ ဒါတွေသိမှာမဟုတ်။ အဲဒီအချိန် မှာ သူစိတ်ဝင်စားနေတာက လက်ဖျားခြေဖျား မဟုတ်တဲ့ နေရာ။

သိင်္ဂ ီ့ ရဲ့အဲဒီနေရာက ကြွက်သားမျှင်တွေ ကလည်းရုန်းလိုက်လျော့လိုက် နှင့် သူတို့သခင်မနဲ့ အတူတူ စိတ်လှုပ်ရှားနေသည်။ နွေးထွေး မာကျောတဲ့ အရာတခုက သိင်္ဂ ီ့ ကိုယ်ထဲ တရစ်ချင်း တိုးဝင်လာချိန် မှာတော့ သိင်္ဂ ီ့ ရင်ခုန်သံတွေ တဝုန်းဝုန်းနဲ့ ဆူညံသွားရသည်။ ကိုကို သာ တနေရာထဲမှာ မဲပြီးအာရုံ စိုက်မနေဘူး ဆိုရင် ကြားနိုင်လောက်အောင် ကျယ်လောင်တယ်လို့ ထင်နေမိ၏။ ကိုကို က သိင်္ဂ ီ ထင်ထားတာထက် ပိုပြီးယောကျ်ား ပီသတယ်ဆိုတာ ရင်ထဲအထိနင့်သွား အောင်သိလိုက် ရချိန် မှာတော့ မမ ကို မနာလို စိတ် တွေပေါ်လာရသည်။ သိင်္ဂ ီ့ ရဲ့ ခင်ပွန်းဟောင်း ကိုမျိုး နဲ့ လားလား မှကိုမဆိုင်တဲ့ ကိုကိုပါ။ ငြိမ်ငြိမ်လေး လှဲနေပေမယ့် တာဝေးပြေးနေရသလိုရင်ထဲမှာ ဗလောင်ဆူပြီး မောလာပေမယ့် ဒါကိုပဲ ကျေနပ်ပီတိ ဖြစ်မိတဲ့ သိင်္ဂ ီ ကို အရူးလို့ပြောလည်း မငြင်းဆန်ဘဲ လက်ခံရပါတော့မည်။

ဒါပေမယ့် ကိုကို က သူဇာ လို့ ခေါ်လိုက်ချိန်မှာတော့ သိင်္ဂ ီ ငိုချင်သွားသည်။ သိလိုက်ရသော အမှန်တရား ကို လက်မခံနိုင်အောင်ဖြစ်ရ၏။ အစောကြီး ထဲက သိင်္ဂ ီ သိသင့်ပါသည်။ ကိုကို က ခယ်မကို ဒီလို ခိုးကြောင်ခိုးဝှက်ကြံစည်မည့် လူစားမျိုး မဟုတ် မှန်း သိင်္ဂ ီကိုယ်တိုင် အရင်ထဲက သိခဲ့သည်ပဲ။ လက်ရှိ အခြေအနေလေး ပျက်ယွင်းမသွားအောင် အလိုက်သင့် ပြန်နေလိုက်ရပေမယ့် ရင်ထဲကနာ၏။

ကိုကို အရမ်းမူးနေတာကို နောက်မှ သတိထားမိသည်။ အရက် နံ့က ရုတ်တရက်မရ။ မျက်နှာချင်း ဆိုင်ပြီးဖက်ထား တော့မှ ကိုကို့ဆီက အရက်နံ့ ကိုရသည်။ မျက်လုံးတွေကလည်း ရီဝေပြီး ကောင်းကောင်း မပွင့်။ သူဇာ မဟုတ်ဘဲ သိင်္ဂ ီ ဖြစ်နေတာကို သိသွားရချိန် မှာတော့ သိင်္ဂ ီ မရှက်နိုင်တော့ပါ။ ကိုကို ကို အတင်းဖက်ပြီး ဆွဲထားမိသည်။ တကယ်လည်း သိင်္ဂ ီ ရှက်ဖို့ မေ့နေခဲ့သည်။ ကိုကို ထွက်သွားမှာ စိုးတဲ့ စိတ်တခုဘဲ သိင်္ဂ ီ့ မှာရှိနေခဲ့၏။

ကိုကို ပြန်ထွက်မသွား ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ သိင်္ဂ ီ အရမ်းပျော်ခဲ့ရသည်။ အရက်တွေ အရမ်းမူးနေတဲ့ကိုကို က မပြီးနိုင်မစီး နိုင်ဖြစ်နေတာ ကိုတောင် သိင်္ဂ ီ ကြံဖန်ပြီး ကျေနပ်နေမိ၏။ သိင်္ဂ ီ နာရီ ကြည့်မ ထား မိပေမယ့် တော်တော်ကြာပါသည်။ သူ့ကိုယ်သူ မဟန်နိုင်ဘဲ ကိုကို လဲကျသွားတဲ့ အထိ ကိုကို မပြီး သေး။ သိင်္ဂ ီ က သိပ် အညှာလွယ်တဲ့ မိန်းမစား မဟုတ်ပါ။ ဒါပေမယ့် ကိုကို နဲ့ ဆိုတဲ့ အသိကြောင့် သိင်္ဂ ီက တော့ အကြိမ်ကြိမ် ပြီးခဲ့ရသည်။ နောက်ဆုံးတော့ အရှက်ကို ဘေးချိတ်ပြီး သိင်္ဂ ီ ကပဲ အပေါ်ကတက်ပြီး ကိုကို ပြီးတဲ့ အထိအောင်လုပ် ပေး လိုက်ရသည်။

“ ရပါတယ်၊ မလုပ်ပါနဲ့” 

လို့ ကိုကို အကြိမ်ကြိမ်ပြောပေမယ့် သိင်္ဂ ီ ဒီတိုင်းမနေနိုင်ခဲ့ပါ။ 

“ မောတော့မောတာ ပေါ့၊ ဒါပေမယ့် မမောဘူး” 

ဆိုတဲ့ သီချင်းထဲက အတိုင်းပါပဲ။ ကိုကို့ ကိုတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရတဲ့ အချိန် မှာအမော တဝက်လောက်ပြေသွားပြီး ကိုကို ကလည်း ပြန်ဖက်ထားချိန်မှာ တော့ မောပန်းတာ တွေ လွင့်စင်သွားရတော့သည်။ 

“ သိင်္ဂ ီ့ကို အထင်သေးသွားလား” 

လို့ မေးမိတော့ ကိုကို က 

“ မသေးပါဘူး” တဲ့။


အပိုင်း ( ၅ ) ဆက်ရန် >>>>>

Print Friendly and PDF

No comments:

Post a Comment