Thursday, December 20, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၈ )

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၈ )

ဂျင်ကလိ ရေးသည်။

“ဆရာကြီး တယောက်ထဲ ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ”

အတွေးထဲမှာနစ်နေမိရာ စားပွဲ ရှေ့ကို သိင်္ဂ ီ ရောက်လာတာကိုပင် သတိမထားမိ။ အပြာရောင်ရင့်ရင့် ဘလောက်စ် နှင့် အညိုရောင်ရင့်ရင့် စကပ် ကို ဝတ်ထားသည်။ အရောင် အတွဲအစပ်က အခြားသူတွေ နှင့် ဆိုလျှင် လိုက်ဖက်ချင် မှ လိုက်ဖက်မည် ဖြစ်သော်လည်း သိင်္ဂ ီ ဝတ်ထားတော့လည်း လိုက်ဖက်လှပနေသည်။

“ဘာကြည့်နေတာလဲ၊ အခုန ဘာပြုံးနေတာလဲပြော”

“ဘာမှ မဟုတ်ပါဘူး၊ ကိုယ့်ဟာကိုယ် ရယ်ချင်တာလေး ရှိလို့၊ သိင်္ဂ ီ အဆင်ပြေလား”

“ပြေပါတယ်၊ ဘာမှမှ လုပ်စရာမလိုတာ၊ ထိုင်ပြီး ကျွေးတာစားရုံပဲလေ၊ ဒါပေမယ့် နှစ်ပွဲ ဆက်ဆိုတော့ ဟိုဟာ နည်းနည်း ဒီဟာ နည်းနည်း စားရင်း ဗိုက်ထဲမှာ ဘာတွေဖြစ်နေလဲ မသိဘူး”

သိင်္ဂ ီ က စားပွဲကိုပတ်လျှောက် ပြီး ဦးအောင်ဘညို ဘေးရောက်လာသည်။

“အေးအေး ကို ကူစားပေးဖို့ ခေါ်သွားတာ မဟုတ်ဘူး”

“ခေါ် မလို့ပဲ၊ ဆေးခန်းဝင်စရာ ရှိလို့ထားခဲ့တာ”

“ဆေးခန်း၊ သိင်္ဂ ီ နေမကောင်းဘူးလား၊ ဒါဆို အိမ်မှာနားတာ မဟုတ်ဘူး”

“ကောင်းပါတယ်၊ ဒေါင်ဒေါင် မြည်လို့”

“ဒါဆို ဘာဖြစ်လို့ သွားတာလဲ”

သိင်္ဂ ီ က ဦးအောင်ဘညို လက်မောင်းကို ဆွဲလိမ်သည်။

“ဆေးထိုးဖို့ ရှင့် ဆေးထိုးဖို့၊ ဘာဖြစ်လို့ ထိုးရတာလဲ သိချင်လား၊ သူ့ကြောင့်ထိုးရတာ”

မျက်စောင်းတခဲခဲ နှင့် သိင်္ဂ ီ ပြောလာတော့မှ ဦးအောင်ဘညို သဘောပေါက်သွားသည်။ သိင်္ဂ ီ က စားဆေး ကဒ် နှင့် မတည့်လို့ ပြောဖူးတာ ပြန်အမှတ်ရမိ၏။

“ခုလည်း အိမ်ပြန်မလို့ ကိုကို ရှိသေးလားလို့ ဝင်ကြည့်တာ”

“ကိုယ်လဲ ညနေ ထရိတ်ဒါးကို သွားစရာ ရှိတယ်၊ စောသေးလို့ ထိုင်နေတာ”

“အင်း …စောစော ပြန်ခဲ့နော်၊ သိင်္ဂ ီ တော့ ကျောင်းကြို ဖို့ သွားလိုက်ဦးမယ်”

“ညစာကျွေးမယ် လို့တော့ ဧည့်သည်ကို ပြောထားတယ်”

“ပြီးရော၊ သိပ်မိုးမချုပ်စေနဲ့၊ သူများလဲ ကျောင်းကိုတန်းသွား မလို့ပဲ၊ ကိုကို ကို မနက်ထဲက မတွေ့ရသေး တာနဲ့ ဝင်လာတာ”

သိင်္ဂ ီက ဦးအောင်ဘညို နဖူး ကို ငုံ့နမ်းလိုက်သည်။ ပြီးတော့တိုးတိုးလေးပြော၏။

“အပြင်မှာ ဘယ်သူမှ မရှိပါဘူး”

ဦးအောင်ဘညို ကို နမ်းပြီး သူမပါး ကိုထိုးပေးသဖြင့် ဦးအောင်ဘညို နမ်းလိုက်ပါသည်။ သိင်္ဂ ီ ကနောက်တ ဖက်ပါလှည့်ပေး၏။

“ဒီဖက်ကို ရောလေ”

သိင်္ဂ ီ၏ အခုလို အပြု အမူများကြောင့် ဟိုအရင် က နေရထိုင်ရ ခက်ခဲ့သော်လည်း အခုတော့ ဦးအောင်ဘ ညို အသားကျသလိုဖြစ်နေပါပြီ။ ကျန်ပါးတဖက်ကို ပါနမ်းလိုက်၏။

“သွားမယ်၊တာ့တာ့၊ ညကျမှ တွေ့မယ်”

လက်ပြထွက်သွားရင်း အခန်းဝရောက်မှ သမင်လည်ပြန်ကြည့်ပြီး

“သိင်္ဂ ီစောင့် နေမှာနော်”

သိင်္ဂ ီ့ မျက်လုံးတွေထဲ တွင်လင်းလက်နေသော အရောင် တမျိုးကြောင့် ဦးအောင်ဘညို ရင်ခုန်သွားရသည်။ အကြောင်းကြောင်း ကြောင့် သိင်္ဂ ီ နှင့် အုန်းစက်ရာ အတူမနွှဲရသည်မှာ တပတ်ကျော် လောက်ကြာပြီ ဟုထင် သည်။

သိင်္ဂ ီ ထွက်သွားပြီး အနည်းငယ်ကြာချိန်တွင် ဦးအောင်ဘညို လည်း ရုံးကထွက်ခဲ့သည်။ ညနေ ငါးနာရီ တွင်ကုန်သည်ကြီးများ ဟော်တယ်မှာ နိုင်ငံခြားသား မိတ်ဆွေ တယောက် နှင့်တွေ့ ဖို့ရှိသည်။ အရင်က စီးပွား ဖက်ဖောက်သည် ကောင်းတွေ ဖြစ်ခဲ့ကြသော်လည်း အခြေအနေ ပြောင်းလဲ မှုတွေကြောင့် ထို ဥရောပ သားနှင့် မိတ်ဆွေ သက်သက်ဆက်ဆံရေးသာ ရှိတော့သည်။ စီးပွားရေး ကိစ္စ တွေ မရှိကြတော့ သော်လည်း ခင်မင် ရင်း နှီးသော မိတ်ဆွေ တွေဖြစ်နေကြဆဲပင်။

ဟော်တယ်ရောက်တော့ ဧည့်ခန်းမှာ ထွက်စောင့် နေသော မိတ်ဆွေ နှင့်တွေ့သည်။ ခန စကားပြောပြီး နောက်ဦးအောင်ဘညိုက ညစာ ကျွေးချင်ကြောင်း ပြောရာ ဟိုမှ က ကြိုတင်ချိန်းဆိုထားတာ တခု ရှိနှင့် ပြီးသား ဖြစ်နေသည်။ ထို့ကြောင့် မပြန်မှီ နောက်တကြိမ်ထပ်တွေ့ ပြီး နေ့လည်စာဖြစ်စေ၊ ညစာဖြစ်စေ စားဖို့ ချိန်းဆို ပြီး ဦးအောင်ဘညို ပြန်ခဲ့သည်။ မြို့လည်လမ်းတွေက ညနေရုံးဆင်းချိန် ဖြစ်၍ ပြည့်ကျပ်နေသည်။ တလိမ့်လိမ့် နှင့် ကားရေစီးကြောင်း ထဲမှာမျော ရင်း လမ်းပေါ်မှာ သွားနေသော လူရိပ်တရိပ်ကို သတိထားလိုက်မိသည်။

“ကျော်ကျော်”

ပါးစပ်က တီးတိုးရေရွတ်လိုက်ရင်း သေချာအောင်ထပ်ကြည့်မိသည်။ အပြာနုရောင် တီရှပ် နှင့် ဂျင်းဘောင်း ဘီ အနက်ရောင် ကိုဝတ်ထားသော ပိန်ပိန်သွယ်သွယ် မိန်းကလေးတယောက်၊ လမ်းလျှောက်သည့် ဟန် ပန်က သင်္ကြန်တုန်းက မြင်ခဲ့သလိုမျိုး။ တခုခုမှာ မိန်းမောပြီး အိပ်နေရင်းလမ်း လျှောက်နေသလို နှင့်တူ သည်။ အရပ်အမောင်း ကလည်း ကျော်ကျော့် အရပ်အမောင်း မျိုးဖြစ်သည်။ ဆံပင်ကတော့ ကျော်ကျော့် ထက် တိုသည်။ ကျော်ကျော့် ဆံပင်က ကျောလည်လောက် ရှိပြီး ခုကောင်မလေးကတော့ ပုခုံးအုပ်ရုံလောက်သာရှိ၏။ သို့သော်ဦးအောင်ဘညို စိတ်ထဲမှာတော့ ကျော်ကျော်လို့ ထင်နေမိသည်။ ဟုတ်မဟုတ်သေသေချာချာကြည့်ချင်သောကြောင့် အချက်ပြမီး ပြလိုက်ပြီး အစွန်ဆုံးယာဉ်ကျောထဲသို့ တိုးဝင်လိုက်၏။ နောက်ကကားတွေ မေတ္တာပို့ ကြမှာကို တောင်ဂရုမစိုက်မိတော့ပါ။ တရွေ့ရွေသွားနေသော မိန်းကလေး နှင့် ဘေးချင်းယှဉ်မိအောင် မောင်းသွားပြီး ကြည့်လိုက်သော အခါ တကယ်ပင် ကျော်ကျော် ဖြစ်နေသည်။

................................................

{လူတိုင်း အိပ်မက် မက်ဖူးကြသည်။ မသိစိတ် နှင့် ယှဉ်သော အိပ်မက်ကို နိုးထလာသော အချိန်တွင် အလုံးစုံ မှတ်မိခြင်း မရှိကြပါ။ မည်မျှပင် ထင်ရှားစွာ မှတ်မိသည်ဖြစ်စေ ရာနှုံးပြည့် မှတ်မိနေနိုင်ရန် လုံး၀ မဖြစ်နိုင်ပါ။ အနည်းငယ်တော့ ကျန်ရစ်မည် ဖြစ်သည်။ နိုးထလာပြီ ဆိုသော်လည်း အလုံးစုံ တိကျစွာ မှတ်မိနေမည် ဆိုလျှင် ထိုအရာသည် အိပ်မက် မဟုတ်တော့ပါ။}

...........................................................

အခန်း (၁၂)

“ဟေ့… ဟေ့”

နားထဲမှာ ခေါ်သံလိုလိုကြားမိပေမယ့် ကိုယ့်ကိုခေါ်တယ်လို့ မထင်တာနဲ့ ကျော်ကျော်လုံး၀ လှည့်မကြည့် မိဘူး။

“ကျော်ကျော်မေ”

နာမည်ကို အပြည့်အစုံခေါ် လိုက်တဲ့ အပြင် အသံကိုပါနားယဉ်သလိုလို ရှိတာကြောင့် လှည့်ကြည့်လိုက်မိ တယ်။ ကျော်ကျော့် ရင်တွေ တဝုန်းဝုန်းမြည်အောင်ခုန်သွားရပါတယ်။ ဟိုလူကြီး ဦးအောင်ဘညို။ ပြောင်လက် နေတဲ့ အနက်ရောင်ကားကြီးထဲကနေခေါ် နေတာ။

“လာ…ကားပေါ်တက်”

ကျော်ကျော် ခေါင်းခါပြလိုက်မိတယ်ထင်တယ်။ ကိုယ့်ကိုယ်လဲ ဘာဖြစ်နေမှန်းမသိဘူး။ ခေါင်းတွေ အုံခဲ လောက် အောင်စိတ်ညစ်နေရတဲ့ ညနေမှာ မှ ဒီလူကြီးနဲ့ ဆုံရပြန်တယ်။ ဘာကြောင့်မှန်းမသိဘူး။ တခုခု ကိုအရမ်းကြောက်နေမိသလိုပဲ။

“မြန်မြန်လာ ဒီနားက ကားရပ်လို့ မရဘူး”

ရပ်လို့မရဘူးပြောပေမယ့် ကျော်ကျော့် နားမှာကားကထိုးရပ်သွားတယ်။ ကျော်ကျော့် ခြေလှမ်းတွေက အလို လို ကားဆီကိုသွားမိတော့တယ်။

“နောက်က မတက်နဲ့ ရှေ့ကိုတက်”

သူ့အမိန့်ကို နာခံရင်း ကားပေါ်ကို ကျော်ကျော်ရောက်တာ နဲ့ သူကကားကိုမောင်းထွက်လိုက်တယ်။

“ဟိုမှာ ယဉ်ထိန်းတော့ နံပါတ်မှတ် နေပြီထင်တယ်၊ နောက်မှကြည့်ရှင်းရတော့မှာပဲ”ဒီလိုကားမျိုး စီးတဲ့ သူက ဒါဏ်ငွေ မဖြစ်စလောက်ကို ဂရုစိုက်မယ်တဲ့လား။ ကျော်ကျော် မလိုတမာ တွေးနေတုန်းမှာပဲ

“ဘယ်သွားမလို့လဲ”

“အိမ်ပြန်မှာ”

“လိုက်ပို့ပေးမယ်လေ၊ ဘယ်ကိုပြန်မှာလဲ”

ကျော်ကျော် ဘယ်လိုဖြေရမှာလဲ။ ကျော်ကျော် ဘယ်မှာနေတယ် ဆိုတာကိုတောင်သူ မသိတော့ဘူးလား။ ဒါမှ မဟုတ် အဲဒီမှာ မနေတော့ ဘူးလို့များသူထင်နေသလား။ ဖြေချင်စိတ် မရှိတာနဲ့ မဖြေတော့ဘဲ ခေါင်းငုံ့ နေလိုက်မိတယ်။

“အော် … ဟိုအခန်းမှာပဲလား”

“ဟုတ်ကဲ့”

“အင်းလေ၊ ဒါဆိုလဲ အဲဒီပို့တာပေါ့။ နေမကောင်းဘူးလား၊ အရမ်းပိန်သွားတယ်”

“ကောင်းပါတယ်”

လူနေမကောင်းမှ ပိန်မှာလား၊ စိတ်နေမကောင်းရင်ကော မပိန်ရဘူးလားလို့ မေးလိုက်ချင်ပေမယ့် မေးမနေ တော့ပါဘူး။

“အတော်ပဲ၊ ကိုယ်တခုခု စားရင်ကောင်းမလားစဉ်းစားနေတာ၊ မင်းကို ညနေစာကျွေးမယ်နော်၊”

ကြည့်ရတာသူက ကျော်ကျော့်ကိုစားစရာသောက်စရာ မရှိလို့ ပိန်လိမ် နေတယ်များထင်နေသလားမသိပါ ဘူး။

“ရပါတယ်”

“လိုက်ခဲ့ပါ၊ ကိုယ်လဲတယောက်ထဲဖြစ်နေလို့ပါ”

ကျော်ကျော့် အဖြေစကားကို တောင်မစောင့်ဘဲ ဦးအောင်ဘညိုက ကားကို ချိုးကွေ့လိုက်တယ်။ ကျော်ကျော်လဲ အသာလေးပဲငြိမ်နေလိုက်တယ်။ နောက်တော့ စကားစပြတ်သွားသလိုနဲ့ကားထဲမှာတိတ်ဆိတ် လို့။ ပြတင်းပေါက်က နေအပြင်ကို ငေးရင်း ရီဝေနေတဲ့ ခေါင်းက ပိုမူးလာသလိုလို ရှိတာကြောင့် ကျော်ကျော် က လည်း သူ့ကို စကားမပြောဖြစ်ဘူး။ ကျော်ကျော့် မှာ သူ့ကို ပြောစရာ စကားလဲ မရှိပါဘူးလေ။ သူဒေါသ တကြီး ထွက်သွားတဲ့ညနေက စပြီး တကြိမ် တခါ မှပြန် မတွေ့တော့တဲ့ သူနှစ်ယောက်ကြားမှာ ပြောစရာစကားလဲ မရှိပါဘူး။

“ကဲ ရောက်ပြီ ဆင်း”

တခါမှ မစီးဘူးတဲ့ကားကြီးကို စီးပြီး တခါမှ မရောက်ဖူးသေးတဲ့ ဆိုင်ကို ရောက်လာတယ်။ တီရှပ် နဲ့ ဂျင်း ဘောင်းဘီ ဝတ်ထားတဲ့ ကျော်ကျော် နဲ့ မြန်မာဆန်ဆန် သားသားနားနား ဝတ်ထားတဲ့ ဦးအောင်ဘညို တို့တွဲပြီးဆိုင်ထဲဝင်လာတာ ကို သူများတွေ ဘယ်လိုထင်မယ် မသိပေမယ့် နဂိုထဲက စိတ်မလုံတဲ့ ကျော်ကျော် က နောက်နားလေးကပဲ ကပ်လိုက်နေမိတယ်။

ဦးအောင်ဘညိုကတော့ အေးအေး ဆေးဆေးပါပဲ။ ဘာမှ မဖြစ်တဲ့ဟန်မျိုးနဲ့ သီးသန့်ခန်း တခုထဲ ကျော် ကျော့်  ကိုခေါ်သွားတယ်။ပြီးတော့ ဦးအောင်ဘညို စားပွဲထိုးကို ဘာတွေ မှာနေမှန်းလည်း မသိဘူး။ ကိုယ့်ဟာကိုယ် ခေါင်းငုံ့ထိုင်နေမိတယ်။ စားပွဲထိုးထွက်သွားတော့ မှ ဦးအောင်ဘညိုက

“နေရထိုင်ရ အဆင်ပြေရဲ့လား”

“ပြေပါတယ်”

“ဘာတွေလုပ်နေလဲ”

“ဒီလိုပါပဲ”

“ဒီလိုဆိုတာ ဘယ်လိုကိုပြောတာလဲ၊ အကူအညီ လိုရင်ပေးနိုင်အောင်လို့ မေးတာပါ”

မျက်လုံးထဲကို မျက်ရည်တွေရောက်လာတာ ကျောကျော်သိတယ်။ ဒါကြောင့် သူ့ကိုမော်မကြည့်ဘဲ ခေါင်းကို အတင်းငုံ့ပစ်လိုက်တယ်။ အကူအညီ ပေးချင်လို့တဲ့။ မိန်းမပျိုလေးတယောက်ကို သားလိုမယားလို ပြုချင်တိုင်းပြု၊ သူလိုတာ မရတဲ့အခါ ဒေါသတကြီး စွန့်ခွာသွားတဲ့သူက အခုမှ ကူညီချင်လို့တဲ့။

“မင်း ကိုယ့်ကို စိတ်ဆိုးနေတယ်ထင်တယ်၊ ဟုတ်ပါတယ် ဆိုးသင့် ပါတယ်၊ ကိုယ်တော်တော်လေး လွန်သလိုဖြစ်သွားတယ်”

ဘုရားရေ။ သူ့ အသံက တကယ်ကို စိတ်မကောင်းဖြစ်သွားတဲ့ အသံ၊ ဟန်ဆောင်နေတာ လားတကယ်လားလို့ စူးစမ်းချင်စိတ်နဲ့ မော့ကြည့်လိုက်မိတော့ မျက်ရည်အပြည့်နဲ့ ကျော်ကျော့် မျက်လုံးတွေက သူ့မျက်လုံး တွေ နဲ့တည့်တည့် သွားတိုးတယ်။ သူကလည်း ကျော်ကျော့် ကို တွေတွေကြီး စိုက်ကြည့်လို့။ ချက်ချင်း ခေါင်းကို ပြန်ငုံ့လိုက်ရတယ်။

“ဒီလိုလေ…………..”

ကျော်ကျော့် ကို တခုခုပြောတော့ မလိုလုပ်ပြီးမှ စားပွဲထိုးလေး ဝင်လာတာကြောင့် မဆက်ဖြစ်ဘူး။ စားပွဲ ထိုးက ဦးအောင်ဘညို ရှေ့မှာ အရက်ပုလင်း နဲ့ဖန်ခွက်တွေ ရေခဲပန်းကန် တွေချတယ်။ ကျော်ကျော့် ရှေ့ကိုတော့ လိမ္မော်ရည်လို့ ထင်ရတဲ့ ဝါတာတာ အအေးခွက် တခွက်။

“ကဲ … အအေးသောက်၊ ဒါမှ မဟုတ်လဲ စားပြီးမှသောက်၊ ကိုယ်ကတော့ မစားခင် သောက်မှဖြစ်မယ်”

သူအရက်ခွက်ကို ထည့်နေတာကြည့်ရင်း ကျော်ကျော် လည်း ဖျော်ရည် တငုံသောက်လိုက်မိတယ်။ ယောက်ျား တွေ ဘာလို့အရက် သောက်ကြတယ် ဆိုတာ ကျော်ကျော် နားမလည်ဘူး။ ကျော်ကျော့် ဖေဖေ လည်းသောက်ပါတယ်။ ဒါပေမယ့် ကျော်ကျော် သိသလောက် အရင်က မသောက်ဘူး။ စီးပွားရေး အတော် လေး ယိုင်နဲ့သွားပြီး ဖေဖေ အရမ်းကို စိတ်ဓါတ်ကျသွားတဲ့ အချိန်ကမှ စသောက်တာ။ အဲဒီက နေကွယ် လွန်တဲ့ အထိပါပဲ။ မေမေ က မတားမြစ်ပေမယ့် ဖေဖေ အရက်သောက်တိုင်း မျက်ရည်ကျတာ ကျော်ကျော်မှတ်မိနေတယ်။ ကျော်ကျော် ကိုယ့်အတွေးထဲ ကိုယ်ပြန်နစ်နေတုန်း မှာပဲ ဦးအောင်ဘညိုက သူ့စကားကို ပြန်ဆက်တယ်။

“အဲဒီတုန်း က ကိုယ်အရမ်းမူးနေတယ်။ အဲဒါနဲ့ပဲ ဘာမဟုတ်တဲ့ အကြောင်းလေး တခုကြောင့် စိတ်အရမ်းတိုမိတဲ့ အဖြစ်ရောက်သွားတယ်၊ ဒီအတွက် မင်းကို တောင်းပန်ပါတယ်။”

တောင်းပန်တယ်တဲ့။ ကျော်ကျော်ကတော့ အဲဒီညနေ ကိုပြန်တွေးလိုက်တိုင်း ရှက်စိတ်ရယ်၊ နောက်ပြီးတော့ ဘာမှန်း ကျော်ကျော် မဝေခွဲ နိုင်တဲ့ ခံစားချက်တခုရယ် ဖြစ်ရတယ်။ ဦးအောင်ဘညို လုံး၀ ပျောက်ဆုံး သွားပြီးတဲ့ နောက်မှာ အဲဒီ အမည်မသိ ခံစားချက်က ပိုပိုပြီးတိုးလာတယ်။ သူစိတ်ပြေပြီး ပြန်ရောက်လာ မလား တွေးမိတဲ့ အခါတွေ ရှိသလို ပြန်ရောက်လာမှာကို ကြောက်ရွံ့တဲ့ စိတ်တွေကလည်း ကျော်ကျော့် ကို အနေရခက်စေတယ်လေ။

“ကျော် ကျော်၊ ကိုယ့်ကို တခုခုတော့ ပြန်ပြောလေ”

“ဘာပြောရမှာလဲ”

“မင်း ကိုယ့်ကို ကျေနပ်ရင်ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပေါ့”

“မသိဘူး၊ မပြောတတ်ဘူး”

ပြန်ဖြေလိုက်တဲ့ အသံက ဘာကြောင့်တုန်ခါနေရတာလဲ။ ကျော်ကျော် ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။အဲဒီ အချိန်မှာပဲ စားပွဲထိုးလေးတွေက ထမင်းပွဲဟင်းပွဲ တွေနဲ့ ဝင်လာကြလို့ ဦးအောင်ဘညိုကလည်း အတင်း ဆက်မမေးတော့ ဘူး။ဟင်းတွေက အများကြီး။ ကျော်ကျော် ဘာတွေ မှန်းဝေခွဲလို့ မရအောင်များတယ်။ မွှေးနေတဲ့ ရနံ့တွေက မနက်ကစလို့ ထမင်းတပန်းကန် ပဲစားရသေးတဲ့ ကျော်ကျော့် နှာခေါင်းဝကို ကြည်စယ် လာကြတယ်။ နှစ် ယောက်ထဲ စားမယ့် ဒီထမင်းဝိုင်း ရဲ့တန်ဖိုးက သေးလိမ့်မှာ မဟုတ်ဘူးတွေးမိတော့ ကျော်ကျော် နှမျော မိသလိုပဲ။ ကျော်ကျော့်ရဲ့ တလစာ အသုံးစားရိတ်ထက်တောင်မှ များကောင်းများလိမ့်မယ်။

“စားနော် အားမနာနဲ့”

ကျော်ကျော့် ရှေ့က ပန်းကန်ထဲကို ဟင်းတွေ ခပ်ထည့်ပေးရင်း ဦးအောင်ဘညို ပြောတယ်။ အစပိုင်း မှာ နဲနဲတွန့်ဆုတ် နေမိပေမယ့် မထူးတော့ပါဘူးလို့ စိတ်ကိုမွေးလိုက်မိချိန် မှာတော့ ကျော်ကျော် လွယ်လွယ်ကူကူ စားနိုင်သွားတယ်။ ဒီလို ကောင်းကောင်းမွန်မွန် မစားရတာလဲ ကြာပြီလေ။

“မေးရဦးမယ်၊ နေတာကတော့ ဟုတ်ပါပြီ။ စားရေးသောက် ရေးရော အဆင်ပြေရဲ့လား”

ဘာကြောင့် မှန်းမသိဘူး ဒီမေးခွန်းက စော်ကားသလိုပဲလို့ ကျော်ကျော်ထင်တယ်။ အမှန်ပြောရရင် သူထားခဲ့တဲ့ ပိုက်ဆံလေး အလုပ်မရ ခင် ကုန် သွားမှာ စိုးလို့ ထမင်းကို ဆီဆမ်း ဆားဖြူး ပြီး စားနေခဲ့ ရတဲ့ ရက်တွေကြာပြီ ဆိုတာ ပြောတော့ရော ဘာထူးမှာလဲ။ သနားအောင် ပြောတယ်လို့တော့ ကျော်ကျော် အထင် မခံ နိုင်ပါဘူး။

“ပြေပါတယ်”

.................................

ခပ်ဆတ်ဆတ် ဖြေလိုက်မိတော့ မျက်ခုံးပင့်ကြည့်တယ်။ သူအခုထိ ဘာမှ ဟုတ္တိပတ္တိ မစားသေးဘဲ နဲ့ ကျော် ကျော်စားနေတာကို အရက်သောက်ရင်း စောင့်ကြည့်နေတာ ကိုသတိထားလိုက်မိပြန်တော့ ကျော်ကျော် ရှက် သွားမိတယ်။ ဒါကြောင့် လက်ထဲက ဇွန်းနဲ့ ခက်ရင်းကို ပြန်ချလိုက်တော့ ဦးအောင်ဘညို မျက်နှာ အမူအရာ တမျိုး ပြောင်းသွားပြီး

“ဆောရီး”

“ဘာဖြစ်လို့တောင်းပန်တာလဲ”

“တောင်းပန်သင့်တယ် ထင်လို့ပါ။ ထားလိုက်ပါတော့၊ ကိုယ့်ကို မင်းစိတ်ထဲမှာ ဘယ်လိုထင်ထင် တွေးတွေး၊ကိုယ် ဘယ်လိုမှ သဘောမထားဘူး၊ အားလုံး ကိုယ်စခဲ့တဲ့ အပြစ်တွေပဲ၊ ဒါပေမယ့် ဒီထက်ပိုပြီး ကိုယ်စိတ် မချမ်းမသာ မဖြစ်ရအောင် ကူညီတဲ့ အနေနဲ့ မင်းရှေ့မှာ ကိုယ်ထည့်ပေး ထားတာလေးတော့ ကုန်အောင် စားလိုက်ပါ ကျော်ကျော်ရယ်”

ဒီလိုကျပြန်တော့ ဦးအောင်ဘညိုက စကားတတ်လွန်းနေပါတယ်။

“စားမှာပါ၊ ကျန်ခဲ့ရင် ပိုက်ဆံတွေ နှမျောစရာကြီး”

ဦးအောင်ဘညို ပြုံးလိုက်တာ မြင်ပေမယ့် ဂရုမစိုက်နေတော့ပဲ ဆက်စားမိတယ်။ မိန်းမသားပီပီ နှမျောတဲ့ စိတ် ကလေးကလဲ ဝင်လာတယ်လေ။ ဦးအောင်ဘညိုကတော့ အရက်သောက်ရင်း အမြည်းစားသလို မျိုးပဲစားတယ်။ ထမင်းစားသလိုသေသေချာချာ မစားဘူး။

“ဒါနဲ့ အခု ဘယ်က ပြန်လာတာလဲ”

“အလုပ် လျှောက်လွှာ သွားတင်တာ”

“ဘယ်မှာလဲ”

“သူငယ်ချင်းလုပ်တဲ့ စတိုးဆိုင်မှာလူလိုတယ်ဆိုလို့”

အရက်ခွက်ကို လက်ထဲမှာ ဆရင်း ဦးအောင်ဘညို တွေပြီးစဉ်းစားနေတယ်။

“ကိုယ့် ကုမ္ပဏီ မှာလုပ်မလား”

“မလုပ်ပါဘူး”

ကျော်ကျော့် ရဲ့တုန့်ပြန်မှုက မြန်လွန်းတာကြောင့် ဦးအောင်ဘညို တောင်မျက်လုံးပြူးသွားတယ်။ နောက် တော့မှ တဖြေးဖြေး ပြုံးလာပြီး

“ဟုတ်ပါတယ်၊ ကိုယ်မမေးသင့်ဘူး၊ နောက်မှ အေးအေး ဆေးဆေး ပြောကြတာပေါ့၊ လောလောဆယ် တော့စားစရာ ရှိတာစားပါ”

ကျော်ကျော် မနေ နိုင်ဘဲ မေးလိုက်မိတယ်။

“တယောက်ထဲပဲ စားနေရတယ်၊ မစားတော့ဘူးလား”

“စားနေတယ်လေ၊ ကိုယ်တူ နဲ့ နဲနဲချင်း လိုက်ယူစားနေတာ မင်း နှစ်ပန်းကန်စာ လောက်ရှိနေပြီ၊ အရက်ပဲ သောက်နေတယ် ထင်လို့လား”

ဦးအောင်ဘညို မူးလာပြီထင်တယ်။ ရောက်ခါစ ထက် အများကြီး ပိုသွက်နေတယ်။ ကျော်ကျော်လည်း ဘာ ထူးလဲ။ သူ့ကို စကားပြန်ပြောနေမိတယ်။

“ရော့ရော့၊ ထပ်ထည့်ဦး၊ ကိုယ်စားလို့ ကုန်သွားဦးမယ်”

“တော်ပါပြီ၊ ဝပြီ”

တကယ်လည်း ကျော်ကျော် ဗိုက်တော်တော် ပြည့်နေပြီ။ ဦးအောင်ဘညိုကတော့ နည်းနည်း နည်းနည်း နဲ့ စားရင်း အရက်တွေ သောက်နေတယ်။ ကြာတော့ မနေ နိုင်ဘဲ ကျော်ကျော် မေးလိုက်မိတော့တယ်။

“အဲဒီ တပုလင်း အကုန်သောက်မှာလားဟင်”

“အာ … မဟုတ်ပါဘူး၊ ကုန်သလောက်ပေါ့၊ ပြန်ချင်ပြီလား၊ ကိစ္စ ရှိလို့လား”

“မရှိပါဘူး”

“ဒါဆိုလဲ ခနနော်၊ ဒါလေး ဖြတ်လိုက်ဦးမယ်”

ဦးအောင်ဘညိုက သူ့ရှေ့ကဖန်ခွက်ကို တူနဲ့ ခပ်ကြမ်းကြမ်းခေါက်လိုက်တယ်။ သူဘာလုပ်တာလဲ လို့ ကျော် ေ ကျာ် စဉ်းစားနေတုန်းပဲ စားပွဲထိုလေးတယောက်ရောက်လာပြီး

“ဘာအလိုရှိပါသလဲ ဆရာ”

“ညီလေး ရေ ဘီလ် ယူခဲ့ကွာ”

ကျော်ကျော်ထင်ထားတဲ့ အတိုင်းပါပဲ။ ရှင်းလိုက်ရတဲ့ ငွေပမာဏ ကြောင့် မျက်လုံးပြူးသွားရတယ်။ ကျော် ကျော့် ရဲ့ တလစာ အသုံးစရိတ်တောင် မကပါဘူး။ သုံးလစာလောက် ရှိပါမယ်။ ကျသင့် ငွေရဲ့ တဝက်ကျော် ဟာ အရက်ပုလင်း အတွက် ဆိုတာ အမှတ်တမဲ့ တွေ့လိုက်ရတော့ ပိုပြီး နှမျောမိပါတယ်။ ဦးအောင်ဘညို က တော့ အေးအေး ဆေးဆေး ပဲ သူ့အိတ်ကြီးကို ဖွင့်လို့ ပိုက်ဆံ ရှင်းပေးတယ်။ သူငွေတွေ အထပ် လိုက် ထုတ် နေချိန်မှာ ကျော်ကျော် တဖက်ကို မျက်နှာ လွှဲထားလိုက်တယ်။ ကြည့်စရာလဲ မလိုပါဘူး သူ့အိတ်ကြီး ထဲမှာ အမြဲလို ပိုက်ဆံတွေနဲ့ ပြည့်ဖောင်း နေတတ်မှန်း ကျော်ကျော် သိပြီးသားပါ။ အဲဒီပိုက်ဆံ တွေကို ကျော်ကျော်မမြင်ချင် မကြည့်ချင်ဘူး။

“ပိုတာ ယူလိုက်တော့”

ရှေ့ကလက်ကျန်ခွက်ကို ဖြတ်ရင်း ဦးအောင်ဘညို ထရပ်လိုက်တယ်။ အရက်တွေ မကုန်သေးတဲ့ ပုလင်းကိုဒီတိုင်း ထားခဲ့တာမြင်တော့ ကျော်ကျော် သူ့အစား နှမြောနေမိတယ်။ ကျော်ကျော် ကတော့ ရောက်ခါစ က လာချထားတဲ့ ဖျော်ရည်ခွက်ကို တောင် ကုန်အောင် မော့ချလိုက်ပြီ။ အရက်တွေ ကျန်နေသေးတဲ့ အရုပ်ဆိုး ဆိုး ပုလင်း ကို ကျော်ကျော် လှမ်း ကြည့်တာကို ဦးအောင်ဘညို မြင်တယ်။ ကျော်ကျော့် မျက်နှာ ပေါ်က နှမျောတဲ့ အရိပ် အယောင် တွေကို သတိပြု မိသွားပုံရတယ်။

“ဟေ့ … ညီလေး၊ ဒီပုလင်း ကို အိတ်နဲ့ ထည့်ပေးလိုက်ကွာ”

ဘောက်ဆူး များများရထားလို့ ထင်တယ်၊ စားပွဲထိုးလေးက သွက်သွက်လက်လက် ပဲ အပြေးလေး အိတ်သွား ယူလာပြီးထည့် ပေးလိုက်တယ်။

“တော်တော် ကျန်သေးတာပဲ ဟုတ်တယ်နော်၊ နှမျောစရာကြီး။”

ပုံမှန်ထက် ပိုပြီးအာသွက် နေတဲ့ ဦးအောင်ဘညို က ကျော်ကျော့် ကိုလှမ်းပြောလိုက်တယ်။ ကျော်ကျော် မကြားသလို ဟန်ဆောင်နေလိုက်တယ်။ ရှေ့ကနေ ဦးဆောင်ပြီး ကျော်ကျော့် ကို ကားဆီ ခေါ်သွားတဲ့ ဦးအောင်ဘညိုကို ကြည့်ရင်း ကျော်ကျော့် စိတ်တွေ လေးလံ လာမိပေမယ့် ခုချိန် မှတော့ လမ်းခွဲပြီး ကိုယ့် ဖာသာ ပြန်လို့ မကောင်းတော့ဘူးလေ။ ဦးအောင်ဘညို နည်းနည်းတော့ မူးနေတယ်။ ဒါမှ မဟုတ် အရမ်းမူးနေတာလဲဖြစ်ချင် ဖြစ်မယ်။ ကျော်ကျော် မခန့် မှန်းတတ်ဘူး။ ဒါပေမယ့် လာခါစထက် ပိုပြီးတက်ကြွ ဖျပ်လတ်နေတာတော့ အမှန်ပဲ။ အပြန်လမ်းတ လျှောက်မှာတော့ ဦးအောင်ဘညိုက စကားစပြီး မပြောလာလို့ ကျော်ကျော်လည်း ပြန်မပြောဖြစ်ပါဘူး။ ဦးအောင်ဘညိုက လမ်းကိုပဲ သေသေချာချာ စိုက်ကြည့်ပြီး ကားမောင်းနေတယ်။ တချက်တချက် တော့ ကျော် ကျော့်ကို လှည့်ကြည့်တယ်။

လမ်းထဲကို ချိုးဝင်လာပြီးတဲ့ နောက်မှာတော့ သူဘာပြောမလဲလို့ ဦးအောင်ဘညိုကို အကဲခတ်ကြည့် တော့တခုခုကို စဉ်းစားနေသလိုပဲ။

“ဒီနားဆိုရပါပြီ”

ရှားရှားပါးပါး နေရာလွတ်နေတဲ့ နားမှာ ကားကိုရပ်ပေးလိုက်တော့

“ကျေးဇူးတင်ပါတယ်”

ဘာပြောရမှန်း မသိတာနဲ့ ဒီတခွန်းပဲ ပြောပြီး ကျော်ကျော် ကားပေါ်က ဆင်းလာခဲ့တယ်။ ကျော်ကျော် နေတဲ့ တိုက် ခန်းနားရောက် ဖို့နည်းနည်းတော့ လျှောက်ရဦးမယ်။ ခပ်သုတ်သုတ်လေး လျှောက်သွား ရင်းနောက်က ကြားလိုက်ရတဲ့ကားတံခါးပိတ်သံကြောင့် ကျော်ကျော့် ကိုယ်လေး တုန်သွားတယ်။ ဦးအောင် ဘညိုသာ ကားပေါ်က မဆင်းရင် ကားတံခါးကို ပြန်ပိတ်စရာ မလိုဘူးလေ။ ကျော်ကျော် ထင်တဲ့ အတိုင်း ပါပဲ။

“ကျော်ကျော် နေဦးလေ”

လှမ်းခေါ်သံကြားလိုက်ရ ပြီး အပြေးတပိုင်း နဲ့ ဦးအောင်ဘညို အနားကို ရောက်လာတယ်။

“လာလက်စနဲ့ အပေါ် လိုက်ကြည့်လိုက်ဦးမယ်လေ၊ ရတယ် မဟုတ်လား”

ကျော်ကျော် ဘာပြောရမှာလဲ။ သူများ အခန်းမှာ ခပ်တည်တည် တက်နေနေတဲ့ သူက ပိုင်ရှင်ကို မလာပါ နဲ့လို့ ပြောလို့ ဖြစ်မလား။ ဒါကြောင့် ချိုသည် ခါးသည် တခွန်းမှ မပြောဘဲ ထွက်လာတော့ နောက်က လိုက်လာတယ်။ စကားတခွန်းမှ မပြောဘူး။ အခန်း၀ ရောက်လို့ ကျော်ကျော်တံခါးဖွင့် တော့မှ

“ကိုယ့်ဆီက သော့တချောင်းတောင် ဘယ်မှာ ထားမိတယ်မသိဘူး၊ ပြန်ရှာရဦးမယ်”

“အလုပ် အဆင်ပြေလို့ ပြောင်းဖြစ်ရင် ဒီသော့ ပြန်လာပေးပါ့မယ်”

“ဟာ … ဒီသဘောပြောတာ မဟုတ်ပါဘူး၊ ကိုယ့်ဟာကိုယ် သတိရလို့ ပြောမိတာပါ။ အလုပ်ရပြီးတော့ ဆက် နေချင်လည်း နေနေလို့ရတယ်၊ တသက်လုံးနေလဲရတယ်”

“မနေပါဘူး”

“အင်း … ဟုတ်ပါတယ်၊ သိပါတယ်၊ မင်း နေချင်တဲ့ စိတ်ရှိသလောက် နေခွင့် ရှိတယ် ဟုတ်ပြီလား”

တံခါးဝမှာ ရပ်ပြီးစကားနိုင်လုနေကြတာ ကို ဘေးလူတွေ မြင်ရင် ဘယ်လိုတွေးကြမယ် မသိဘူး။ ဒါကြောင့် ကျော်ကျော် အထဲကို မြန်မြန်ဝင်လိုက်တော့ ဦးအောင်ဘညို လဲ ထပ်ချပ်လိုက်ဝင်လာတယ်။ အိမ်ထဲမှာ မှောင်မဲ နေပြီ။ တံခါးကို ပြန်ပိတ်ဖို့ စိတ်စောနေတဲ့ ကျော်ကျော် နဲ့ မီးဖွင့်ဖို့ စိတ်ကူးရတဲ့ ဦးအောင်ဘညိုလမ်းခုလတ် မှာဝင်တိုက်မိကြတယ်။

“ဟာ”

“အို”

အာမေဋိတ် သံတွေရဲ့နောက်မှာ ကျော်ကျော်သတိထားမိ လိုက်တာက ဦးအောင်ဘညို ဆီက အရက်နံ့ရယ်၊လည်တိုင်အောက်ဖက် နားကတော့ သင်းပျံ့ပျံ့ မွှေးရနံ့တခုရယ်။ သူဌေးဆိုတော့ တန်ဖိုးကြီး ရေမွှေးနံ့ ဖြစ်လိမ့်မယ်။ ယိုင်သွားတဲ့ ကျော်ကျော့် ကို ဦးအောင်ဘညိုက လက်မြန်ခြေမြန် နဲ့ မှောင်ထဲမှရမ်းသမ်း ပြီးဆွဲလိုက်တော့ ကျော်ကျော့် ကိုယ်လေး သူ့ရင်ခွင်ထဲ ရောက်သွားတယ်လေ။ ကျော်ကျော့်ရင်ထဲမှာ ဗလောင်ဆူပြီး ဝုန်းဒိုင်းညံသွားတယ်။ လပေါင်းများစွာ ပျောက်ဆုံးခဲ့ တဲ့ ခံစားမှု တခုက ကျော်ကျော့် ကို တဒင်္ဂ သတိလွတ် သွားစေတယ်။ ဒါကြောင့် ချက်ချင်းရုန်းမထွက်မိဘူး။ ဦးအောင်ဘညို လည်း ကျော်ကျော့် လိုပဲဖြစ် သွားတယ်ထင်ပါတယ်။ ကျော်ကျော် သတိဝင်လာပြီး နောက်ကို ဆုတ်တော့ ဦးအောင်ဘညို ချက်ချင်း ပြန်လွှတ်ပေးပါတယ်။

“ဆောရီး နော်”

ဘာမှ ပြန်ပြောမနေပဲ ကျော်ကျော်တံခါးကို ပိတ်လိုက်တယ်။ ဦးအောင်ဘညိုကလည်း မီးခလုပ်ဆီ ရောက် သွားပြီး ဖွင့်လိုက်တယ်။ ပြီးတော့ အခန်းက တိတ်ဆိတ်လို့။ ကျော်ကျော် တို့ တခုခု ပြောရမယ်၊ တခုခု လုပ်ရမယ်။ ဒီလို ပုံမှန်အနေအထား မဟုတ်တဲ့ အခြေအနေ တခုဘာကြောင့် ဖြစ်နေ ရတာလဲ။ ကျော်ကျော်နားမလည် နိုင်အောင် ဖြစ်ရတယ်။ ဦးအောင်ဘညိုကတော့ ဘယ်လို ခံစားရမယ် မသိဘူး။ ကျော်ကျော် ကတော့ နေ့စဉ်လိုရှုရှိုက် နေရတဲ့ အခန်းထဲက လေထု ကတောင် တမျိုးကြီး ဖြစ်နေတယ်။ လူတယောက်အပို ရောက်လာလို့ များလား။ ဦးအောင်ဘညိုကို ကြည့်လိုက်တော့ အခန်းထဲကို မျက်လုံးကစားပြီးလိုက်ကြည့်နေတာကို တွေ့ရတယ်။ ကျော်ကျော် ပြောစရာ စကားရသွားပါပြီ။

“အားလုံး သူ့နေရာနဲ့ သူ ထားပါတယ်။ ဘာမှ နေရာမပျက်ပါဘူး။”

အပြုံးတခု ဦးအောင်ဘညို မျက်နှာပေါ်ရောက်လာပြီး

“ဟုတ်ပါတယ်၊ အားလုံးအရင် အတိုင်းပါပဲ။ မင်းကလွဲရင်ပေါ့”

“ကျွန်မ က ဘာဖြစ်လို့လဲ”

“ပိန်သွားတယ်၊ ဆံပင်တိုသွားတယ်၊ အရင်ဆံပင်နဲ့ ကြည့်ကောင်းရက်သားနဲ့ ဘာလို့ ညှပ်လိုက်တာလဲ”

“ဘာရယ် မဟုတ်ပါဘူး၊ ညှပ်ချင်လာလို့”

“အင်း ဒီအတိုင်းလဲ မဆိုးပါဘူး၊ ပိုငယ်သွားသလိုပဲ”

ကျော်ကျော့် ဖာသာ နုချင်နု ရင့်ချင်ရင့် သူနဲ့ ဘာဆိုင်လဲလို့ တွေးနေတုန်း

“ရေတခွက်လောက် ရမလား”

“ရပါတယ်”

ကျော်ကျော် ဘာမှ မလုပ်ရသေးခင် ဦးအောင်ဘညိုက ခြေလှမ်းကျဲကြီးတွေ နဲ့ နောက်ဖက်ကို ရောက်သွား ပြီး ရေခဲသေတ္တာ ကိုဆွဲဖွင့် လိုက်တယ်။ အထဲမှာ မှောင်လို့

“ပျက်နေတာလား”

“မပျက်ပါဘူး”

“ဖွင့်လိုက်တော့ အထဲကမီးမလင်းဘူးလေ၊ ဟင် … အေးလဲ မအေးဘူး”

“မီးခလုပ် ပိတ်ထားလို့”

ကျော်ကျော့် ကိုတချက်လှမ်းကြည့် ပြီး မီးခလုပ်ကို သူ့ဖာသာ ရှာဖွင့်တယ်။ safe guard က အချိန်ကိုတောင် မစောင့် ဘဲ ဘေးက အဖုလေးကို နှိပ်ပြီးတန်းဖွင့်လိုက်တယ်။ ကျော်ကျော် ကတော့ သူလုပ်သမျှ ကိုခပ်တည်တည်ပဲ ရပ်ကြည့်နေမိပါတယ်။

“ဘာမှလဲမရှိဘူး၊ ဘာလို့ မသုံးတာလဲ၊ ဟိုအရင်က သုံးပါတယ်။”

ရေခဲသေတ္တာရဲ့ အကန့်အားလုံးကို သူလိုက်ဖွင့်ကြည့်တယ်။ ဘာမှ မရှိဘူး။ ဘယ်ရှိမလဲ ကျော်ကျော် က ဘာမှ ထည့်မထားဘူးလေ။ လျှပ်စစ် မီတာခ အပို အကုန်မခံ နိုင်လို့ ပိတ်ထားတာ ကြာပြီ။ TV ကိုတောင်မှ အရမ်းပျင်း လွန်းမှကြည့်တာ။ မီးဆိုရင်လည်း ကျော်ကျော် ရှိနေတဲ့ နေရာက မီးကိုပဲ ထွန်းတယ်။ တခါဖွင့်ရင် မီးတလုံးပဲ။ ဒါတွေကိုလည်း ရှင်းပြနေစရာ အကြောင်းမရှိတာ ကြောင့်

“ရေသောက်ချင်ရင် စားပွဲပေါ်က ရေချိုင့်ထဲမှာ ရှိတယ်၊ အေးတော့ မအေးဘူး”

ဦးအောင်ဘညို မျက်မှောင်ကြုတ်ပြီး ကျော်ကျော့် ကိုကြည့်တယ်။ စားပွဲပေါ် မှောက်ထားတဲ့ ဖန်ခွက် တလုံးယူပြီးတော့ ကျော်ကျော်ကပဲ ရေထည့်ပေးလိုက်တယ်။

“မသောက်သေးပါဘူး”

ကျော်ကျော့် ကို လှည့်ပြောလိုက်ပြီးတော့ အိမ်ထဲကို ကျီးကန်းတောင်း မှောက်လိုက်ကြည့်နေတာ တွေ့ရ တယ်။ နောက်တော့ ထမင်းစားခန်းနဲ့မီးဖို တဝိုက်က ရှိသမျှ အံဆွဲတွေ၊ တံခါးတွေ အကုန်လိုက်ဖွင့် ကြည့်တော့တာပဲ။ သူကျေနပ်တော့ မှ ခုံတလုံးဆွဲပြီး ဝင်ထိုင်လိုက်တယ်။ ကျော်ကျော့်ကိုလဲ

“ထိုင်ပါဦး”

ထိုင်ဆိုတော့လဲ ထိုင်လိုက်တာပေါ့။ သူက အိမ်ရှင်ပဲ။

“ခနနေဦးနော်”

ကျော်ကျော် ထိုင်ပြီးသွားမှ ဦးအောင်ဘညိုက ထရပ်လိုက်ပြီး အိမ်ရှေ့ဖက်ကို ပြန်ထွက်သွားတယ်။ ဘာလုပ် မလို့ လဲလို့ ကျော်ကျော် စဉ်စားနေတုန်း အိပ်ခန်းတံခါး ဖွင့်သံနဲ့ မီးခလုပ်ဖွင့်လိုက်သံကြား လိုက်ရတော့ သိချင်စိတ်နဲ့ နောက်ကလိုက်သွားပြီးမှ အခန်းထဲဝင်ဖို့ စိတ်မရဲတာကြောင့်အခန်း၀ မှာရပ်နေလိုက်မိတယ်။ချက်ချင်း ဆိုသလိုပဲ ဦးအောင်ဘညို အခန်းထဲကပြန်ထွက်လာတယ်။ ဒီတခါ တော့ နောက်ဖက်ကို ပြန်မ သွား တော့ဘဲ ဧည့်ခန်းစားပွဲ မှာဝင်ထိုင်လိုက်ရင်း

“ဒါ အကုန်ပဲလား”

ဒီတော့ မှ အခု ဦးအောင်ဘညို လက်ထဲမှာ တစုံတခုပါသွားတယ် ဆိုတာ ကျော်ကျော် သတိထားလိုက် မိ တယ်။ ပိုက်ဆံ အခေါက်လေးတခေါက်။ ဟုတ်ပါတယ်။ ကျော်ကျော့်လက်ထဲမှာ ရှိတာ အကုန်ပါပဲ။ ဘယ်လောက်ရှိမှန်းတောင် ကျော်ကျော် မသိပါဘူး။ ရေလည်း ရေမကြည့်ထားဘူး။ ဘယ်လောက် ရှိတယ် ဆိုတာသိနေရင် နည်းလာတာ နဲ့ အမျှ စိတ်ဆင်းရဲနေရမယ်လေ။ ဒါကြောင့် ဘယ်လောက် ရှိသလဲ ရေမကြည့်တာလနဲ့  ချီပြီး ရှိခဲ့ပြီ၊ ကုန်ခါမှ ကုန်စေတော့ လို့ပဲသဘောထားတယ်။

“ဒီမှာ ငါ့ကဒ်၊ ပိုက်ဆံ တွေနဲ့တူတူ တွေ့တာ၊ မင်းမှာ ဒီလောက်အခက်အခဲ တွေရှိနေရင် ဖုန်းဆက်လိုက်ပါ တော့လား”

“ဘာဆိုင်လို့ ဆက်ရမှာလဲ”

“ဟာကွာ … မင်းနဲ့ ငါနဲ့က …..၊ ဟို ….”

ဦးအောင်ဘညို စကားမဆက် နိုင်တော့ဘူး။ သူနဲ့ ကျော်ကျော် ရဲ့ ပတ်သက်မှုကို စကားလုံး ရွေးချယ်ဖို့ ခက်နေပုံရတယ်။ ကျော်ကျော် အခုထိသူ့နားမသွား ဘူး။ရပ်လက်စ နေရာမှာပဲ ခြေစုံရပ်နေမိတယ်။

“မင်း က ငါ့အိမ်မှာ နေနေတာကွ၊ ငါ့မှာတာဝန်ရှိတယ်”

တာဝန်တဲ့။ လပေါင်းများစွာ ပျောက်ကွယ်နေတဲ့သူက အခုမှရောက်လာပြီး တာဝန်ရှိပါသတဲ့။ကျော်ကျော် ထင်ပါတယ် အခုချိန်မှာ ကျော်ကျော် အလုပ်သင့်ဆုံးက ဆိတ်ဆိတ် နေဖို့ပဲ။ ကျော်ကျော် ရဲ့ ငြိမ်သက်မှု ကြောင့် ထင်ပါတယ်။ ဦး အောင်ဘညို ဘာမှဆက်မပြောတော့ဘူး။ ကျော်ကျော့်ပိုက် ဆံတွေကို ရေကြည့် နေတာမြင်တော့ ကျော်ကျော် မကြည့်ချင်တာနဲ့ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တယ်။ မှန်တင်ခုံအံဆွဲ က တဝက် ပွင့်နေတာ တွေ့ရတယ်။ ကျော်ကျော် ဘယ်မှာ ပိုက်ဆံထားတတ်တယ် ဆိုတာ ဦးအောင်ဘညို သိနေတာ တခုကိုတော့ အံ့သြမိတယ်။ အံဆွဲပြန် ပိတ်လိုက်ရင်း အခုထိ အဝတ်အစားမလဲရသေးတာနဲ့ အခန်းတံခါး ပိတ်ပြီး အဝတ်လဲဖို့ လုပ်ရတယ်။ တံခါးပိတ် မထားရင် ဦးအောင်ဘညိုက ဝင်ချင် ဝင်လာမှာလေ။

အင်္ကျီ တော့ မလဲတော့ပါဘူး။ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီကို ချွတ်ပြီး ထမိန်နဲ့လဲဝတ်လိုက်တယ်။ အပြင် ပြန် ရောက်တော့ ဦးအောင်ဘညို ဧည့် ခန်းထဲမှာ မရှိတော့ပြန်ဘူး။ ပြန်သွားပြီထင်လိုက်မိသေး ပေမယ့် စားပွဲ ပေါ်မှာ သူ့လက်ကိုင်အိတ်ကို တွေ့တာကြောင့် အိမ်နောက်ကို ဝင်ကြည့်မိတယ်။ ဦးအောင်ဘညို က ထမင်း စား စားပွဲ မှာထိုင်လို့။ ကျော်ကျော် ရေငှဲ့ ပေးခဲ့တဲ့ ခွက်က အရက်ခွက် ဖြစ်နေပြီ။ ဒီလို မှန်းသိရင် ဆိုင် ကနေ လက်ကျန် အရက်ပုလင်း ယူတာတာကို ကန့်ကွက်ခဲ့ပါတယ် လို့ ကျော်ကျော် တွေးမိရင်း နှမျော သလို သွားကြည့် မိတဲ့ကိုယ့်ကိုယ်ကို ပဲ အပြစ်တင် မိတော့တယ်။

“ကျော် ကျော်”

“ရှင်”

“ထိုင်ပါဦး”

ဦးအောင်ဘညို အသံက တော်တော်လေး နူးညံ့ပျော့ပျောင်းနေတယ်။ ကျော်ကျော် ခုံတလုံး မှာဝင်ထိုင် လိုက်တော့

“ညနေ ကမေးခွန်း ကိုပဲပြန်မေးချင်တယ်၊ မှန်မှန် ဖြေပေးပါ၊ ဘယ်လိုဖြေဖြေ ကိုယ်စိတ် မဆိုးပါဘူး”

“ဘာကို ပြောတာလဲ”

“ကိုယ့်ကို စိတ်မဆိုးဘူးလား”

“ဘာကို စိတ်ဆိုးရမှာလဲ”

“မင်း ဆီကို ရောက်မလာလို့လေ”

“အဲဒီအတွက် လုံး၀ စိတ်မဆိုးပါဘူး၊ စိတ်ဆိုးစရာ အကြောင်းလဲ မရှိပါဘူး”

“ဘာဖြစ်လို့ စိတ်မဆိုးရတာလဲ”

ဒီညနေအတွက် ပထမဆုံးအနေ နဲ့ ကျော်ကျော် ပြုံးလို့ရသွားတယ်။

“စိတ်ဆိုးစရာ အကြောင်း မရှိလို့ပါလို့ ပြောပြီးပြီလေ”

ကျော်ကျော့် အဖြေကို သူလက်ခံချင်ပုံမရဘူး။ ခေါင်းကို ခါရင်း ခွက်ထဲကိုအရက်တွေ လောင်းထည့်တယ်။ပြီးတော့ ဒီတိုင်းမော့သောက်လိုက်တယ်။ အရက်ကုန်တော့မှ ခွက်ထဲ ရေထည့်ပြီး ရေသောက်တယ်။ ရေကုန်ရင် အရက်ထည့်ပြန်တယ်။ သူ့ပုံစံက အရက်ကို ကြိုက်လို့ သောက်တဲ့သူနဲ့ မတူတော့ဘူး။ မသောက်ရင် သူ့ကိုသတ်မယ်လို့ ပြောထားလို့ အတင်းသောက်နေရတာနဲ့တူတယ်။

“ထပ်မေးမယ် ကွာ၊ ကိုယ်လုပ်ခဲ့တာတွေ အတွက် တကယ် မင်းက ကိုယ့်အပေါ် ဘယ်လိုမှ သဘောမထားဘူးလား”

ဆိုင်မှာထဲက မူးချင်ချင် ဖြစ်နေရာက ထပ်သောက်တော့ ပိုမူးသွားပြီ ထင်တယ်။ ဒါကိုပဲ သူက အပ်ကြောင်းထပ်အောင်သိချင်နေတယ်။ ကျော်ကျော်လဲ စိတ်နဲနဲ တိုသွားပြီး

“ကိုယ်နဲ့ ဘာမှ မဆိုင်တဲ့ မပတ်သက်တဲ့ လူတယောက်ကို စိတ်ဆိုးလို့လဲဘာထူးနေမှာလဲ၊ စိတ်ဆိုး စရာအကြောင်း မရှိပါဘူးလို့ ပြောပြီးပြီလေ။”

'မင်းနဲ့ငါက ဘာမှ မဆိုင်ဘူးဟုတ်လား'

ကျော်ကျော့် ပုခုံးကို ကိုင်လှုပ်ရင်း ဦးအောင်ဘညို မေးတယ်။ ကျော်ကျော် ဘာမှပြန်မဖြေမိပါဘူး။ ဆိုင်တယ် မဆိုင်ဘူးဆိုတာ လူတယောက်ချင်းစီ ရဲ့သတ်မှတ်ချက်ပါ။ တကယ်လို့သက်ဆိုင်တယ် ဆိုရင်တောင် နှစ်ဦး နှစ်ဖက် အသိအမှတ်ပြုချက်လိုပါတယ်။ မဆိုင်သလို တလျောက်လုံးနေ လာခဲ့တဲ့သူက အခုမှ သက်ဆိုင် ပါတယ် လို့ ပြောလာတာကို ကျော်ကျော် ဘာပြန်ပြောစရာ ရှိမှာလဲ။

'မဆိုင်ဘူးဆိုတော့လဲ ဆိုင်ကြောင်းပြရသေးတာပေါ့'

ကျော်ကျော့် တကိုယ်လုံး လေထဲမြောက်တက်သွားတယ်။ ဦးအောင်ဘညို ပွေ့ချီလိုက်လို့။

'အောက်ချပေးဖို့ မပြောနဲ့ကျော်ကျော်'

ဘယ်သူက အောက်ချပေးပါလို့ ပြောနေလို့လဲလို့ ကျော်ကျော်စိတ်ထဲကပဲ ပြောလိုက်ပါတယ်။ ပြောရင် လည်း ခုချိန်မှာ ဦးအောင်ဘညိုက နားထောင်ချင်မှ ထောင်တော့မယ်လေ။ ဒါပေမယ့် ကြိုတင်သိနေတဲ့ စိတ်တခုကြောင့် ကျော်ကျော့် တကိုယ်လုံး တဆတ်ဆတ်တုန်ခါနေပါတယ်။ ကြောက်စိတ်။ အဲဒါကိုတော့ သေသေချာချာသိတယ်။ နောက် ထပ်ရောပြွမ်းပြီးဖြစ်နေတဲ့ ခံစားချက်တွေကိုတော့ ကျော်ကျော် ခေါင်းစဉ်တပ် မပြောနိုင်ဘူး။

ဦးအောင်ဘညိုက ကျော်ကျော့် ကို အိပ်ခန်းထဲ ပွေ့ချီခေါ်သွားတယ်။ မျက်လုံးတွေကို မှိတ်ထားရင်း နောက် ဆုံး တော့ ဒီဘူတာပါပဲ လို့တွေးနေမိတယ်။ တပြိုင်နက်ထဲမှာပဲ နောက် ဆုံးဘူတာ ဖြစ်မှာကိုလည်း ကြို တွေးပြီးစိုးထိတ်မိနေတယ်။ကုတင်ပေါ်ကို ပက်လက်ကလေး ကျသွားတဲ့ ကျော်ကျော့်ကို ဦးအောင်ဘညိုက အပေါ်ကနေစီးမိုးပြီး စူးစူးစိုက်စိုက်ကြည့်လို့နေတာကို မျက်လုံး အဖွင့်မှာ မြင်လိုက်ရလို့  ကျော်ကျော် မျက်လုံးတွေကို ပြန်မှိတ်လိုက်မိပါတယ်။

အဲဒီအခိုက်မှာပဲ အောက်ပိုင်းက အေးကနဲ အသိကိုရလိုက်တယ်။ ကျော်ကျော့် ထမိန်ကို သူဆွဲလှန်လိုက်ပြီ။ နောက်ပြီးတော့အတွင်းခံ ဘောင်းဘီ။ ခပ်ကြမ်းကြမ်းဆွဲယူလိုက်တဲ့နောက်ကို ကျော်ကျော့်တင်ပါး မြောက် ပါသွားပြီး ဘောင်းဘီအလိပ်ကလေးက ခြေနှစ်ချောင်း ကြားကနေ ဆောင့်ကြီးအောင့် ကြီးလွတ်ထွက် သွားတယ်။ ကန့်ကွက်စကား၊ ငြင်းပယ်တောင်းပန်တဲ့စကား တခွန်းမှ ကျော်ကျော် မဆိုမိဘူး။ ပြောချင်စိတ်လဲမရှိဘူး။ ဘာကြောင့်မှန်းမသိဘဲ အရာရာကို အရှုံးပေးဖို့ ကျော်ကျော် အဆင် သင့်ဖြစ်နေပြီ။ ကျော်ကျော့် ပေါင်တံ တွေကြားထဲ ဦးအောင်ဘညို ဝင်ရောက်လာချိန်မှာတော့ ကျော်ကျော် အိပ်ယာခင်းကိုပဲ ကျစ်ကျစ်ပါ အောင် လိမ်ဆွဲထားလိုက်မိတယ်။

လပေါင်းများစွာ ကင်းပြတ်ခဲ့တဲ့ ဒီအတွေ့ အထိဟာ ကျော်ကျော့်ကို အသဲခိုက်အောင် နာကျင်စေတုန်းပါပဲ။ မအော်မိအောင် အံကိုတင်းတင်း ကြိတ်ထားလိုက်တယ်။ ပထမဆုံးဆောင့် ချက်က ကျော်ကျော့်ကို အသက်ရှု ရပ်သွားစေပြီးတော့ ဒုတိယ အချက်ပြန်အရုပ်မှာ သက်ပြင်းတခုအဖြစ်လေတွေအရှိန်ပြင်းစွာထွက် သွား တယ်။ အံကြိတ်ပြီးစေ့ပိတ်ထားတဲ့ ပါးစပ်က ပွင့်ဟသွားတယ်။ဦးအောင်ဘညိုဟာ အရင်ကအတိုင်း မပြောင်းလဲသေးပါဘူး။ ကျော်ကျော့်ကို မညှာမတာကြမ်းတမ်းချင်တုန်းပါပဲ။ တစုံတရာ ကန့်ကွက်မှု မရှိဘဲ သူပြုသမျှခံ တဲ့ မိန်းမတယောက်ကို သူဘာကြောင့် ခုလိုမျိုးဆက်ဆံချင်ရတာလဲ ကျော်ကျော် မစဉ်းစားတတ်ဘူး။ တခြားနေရာ မှာလူကြီးလူကောင်းဆန်သ လောက်ဒီနေရာမှာ မသိမ်မွေ့ချင်တာ သူ့ဗီဇပဲထင်ပါရဲ့။ဒါပေမယ့် ကျော်ကျော်ကိုယ်တိုင်လဲ ဒီကြမ်းတမ်းမှုကို ကန့်ကွက်ဖို့ ခွန်အားမရှိပါဘူး။

တချက်ပြီးတချက်၊ တချက်ပြီးတချက်။ မရေတွက်နိူင်လောက်အောင် ဝင်လာတဲ့ဆောင့်ချက်တွေ က ကျော် ကျော့် စိတ်ထဲက ဦးအောင်ဘညို နဲ့ပါတ်သက်တဲ့ ပုန်ကန်ဆန့်ကျင် လိုစိတ်တွေကို တဖြေးဖြေးဖဲ့ချွေ တိုက်စားပစ်လိုက်တယ်။နှုတ်ပိတ် မနေနိုင်တော့ဘူး။ကျော်ကျော် ကိုယ့်ကိုယိကို ပြန်သတိထားမိတဲ့ အချိန် မှာ ကျော်ကျော် နာနာကျဉ်ကျဉ် နဲ့ အော်ညည်းနေမိပြီ။ ရင်ထဲက မွတ်မွတ်သိပ်သိပ် ခံစားချက်တခုကို လျော့ပါး ပြေပျောက်အောင်လုပ်ပေး နိုင်တဲနည်း ကတော့ စိတ်လွတ်လက်လွတ် အော်ပစ်လိုက်တဲ့ နည်းတခုပဲ ရှိတယ်ဆိုတာ အရင်အကြိမ်တွေထဲက ကျော်ကျော်သိခဲ့ပြီးသားပါ။

ဒါကြောင့် ကျော်ကျော်အော်တယ်။ စိတ်ကိုဘာမှ ထိန်းချုပ်မထားတော့ဘဲ လွှတ်ထားတယ်။ တပြိုင်ထဲ မှာပဲ ဦးအောင်ဘညို ပျောက်ဆုံးနေတဲ့ ရက်ကာလတွေမှာ စိတ်ထဲမှာခိုး - ိုးခုလုဖြစ်နေရခြင်းရဲ့ အဖြေကိုလည်း တွေ့လိုက်ရသလိုပဲ။ ရှက်စိတ်ကြောင့် ကျော်ကျော့် တကိုယ်လုံး နွေးကနဲ ပူသွားရတယ်။

'နောက် ကို မင်းနဲ့ငါ ဘာမှမဆိုင်ဘူးလို့ မပြောပါနဲ့ ကျော်ကျော်ရယ်'

..............................

ဦးအောင်ဘညို ကျော်ကျော့် ကိုငုံ့နမ်းလိုက်တယ်။ သူ့မျက်နှာ မှာချွေးတွေ ရွှဲလို့။ ကျော်ကျော်လဲဘယ်အချိန် ကထွက်လာမှန်း မသိတဲ့ ချွေးတွေနဲ့စိုရွှဲ လို့နေတယ်။ ဝတ်ထားတဲ့တီရှပ်တောင် ကိုယ်မှာကပ်နေပြီ။ မောလည်း အရမ်းမောလို့ အသက်ကိုတောင် မနည်းရှုနေရတယ်။ စိုကပ်နေတဲ့တီရှပ်နဲ့ ဝတ်ထားတဲ့ ဘရာစီယာက ပိုပိုပြီးကြပ်လာတယ်လို့ စိတ်မှာခံစားရလို့ ချွတ်ပစ်လိုက်ချင်တယ်။ ကျော်ကျော်ကစပြီး တကိုယ်လုံးချွတ်တယ် ဆိုတာမျိုး မဖြစ်ချင်တာနဲ့ ဒီတိုင်းဆက်နေနေရတယ်။ ဦးအောင်ဘညိုကိုယ်တိုင် လဲ အပေါ်ပိုင်းမှာ အဝတ်အစား အပြည့်အစုံရှိသေးတယ်။ ကျော်ကျော့်ကိုလဲ ချွတ်မပစ်ဘဲ အင်္ကျ ီအပေါ်ကနေ ရင်သားကိုဆုပ်ကိုင်ပြီး အားရပါးရ ဆောင့်သွင်းလိုက်တဲ့ အခါမျိုးဆိုရင် ကျော်ကျော့် မျက်လုံးထဲမှာ မီးတွေ တဝင်းဝင်း တောက်သွားရသလိုပါပဲ။ ကျော်ကျော်သိတယ် ခုလောက်ဆိုရင် ကျော်ကျော့်တင်ပါး အောက်က အိပ်ယာခင်းဟာ ချွေးသာမက တခြားအရည်တွေ နဲ့ပါရော ပြီး ရွှဲနေလောက်ပါပြီ။ ကိုယ်ထဲက တစိမ့်စိမ့်နဲ့ စီးထွက်နေတာ ကိုသိသိနဲ့ ထိန်းထားလို့ မရနိုင်ဘူး။ တကိုယ် လုံးလဲ နုံးသထက်နုံးလာရတယ်။ ဦးအောင်ဘညို တောင်မှ အရှိန်နည်းနည်းချင်းလျော့ကျလာတယ်။ သူပြီးတော့မယ်ထင်ပါရဲ့။ ခနလောက်ကြာတော့ အရှိန်ပြန်တင်ပြီး ခပ်သွက်သွက်ဆောင့်ရင်း ဦးအောင်ဘညို ပြီးသွားတယ်။ သူက ပြီးတာတောင်မှ မရပ်သေးဘဲနဲ့ ခပ်မှန်မှန်လေး တချက်ချင်းဆက်ဆောင့် နေသေးလို့ ကျော်ကျော့် အိပ်ယာ ခင်း ပိုပြီးစိုရွှဲသွားရတယ်။

'ဟူး'

သက်ပြင်းလေးလေး ကြီးတခု ချပြီးတဲ့ နောက်မှာတော့ ဦးအောင်ဘညို ကိုယ်လုံးင်္ကြီးကျော်ကျော့် ပေါ်ပိ ကျ လာတယ်။မလှုပ်မယှက် နဲ့ နှစ်ယောက်လုံးငြိမ်သက်နေမိကြပြီးမှ တစထက် တစ သူ့ကိုယ်ကြီးကလေး လံ လာလို့ ကျော်ကျော်မသိမသာ လေးလူးလွန့်လိုက်မိတော့မှ

'ဆောရီး နော်'

ဘေးကိုလှိမ့်ချလိုက်ရင်း ဦးအောင်ဘညိုက တောင်းပန်တယ်။ သူ့စိတ်တွေ အရမ်းကိုပြင်းထန်နေတဲ့ အချိန်တွေ မဟုတ်ရင် ဦးအောင်ဘညိုကဒီလိုပါပဲ။ သူအရမ်းတက်ကြွနေရင်သာကျော်ကျော့်ကို ညှာတာရကောင်းမှန်းမသိတာပါ။ သူ့ကို စကားပြန်ပြောဖို့တောင်မှ အင်အားမရှိဘဲ နွမ်းနေလို့ ကျော်ကျော် ငြိမ်နေလိုက်မိတယ်။ ဦးအောင်ဘညိုလဲ အမောဖြေတယ်ထင်ပါရဲ့ မှိန်နေတယ်။ သူလဲ မောမှာပေါ့။ ကျော်ကျော် တောင် အောက်ကနေ ဟိုက်နေအောင်မောတာ၊ အဓိက လှုပ်ရှားခဲ့တဲ့ ဦးအောင်ဘညိုက ပိုမောသင့်ပါတယ်။

'အခု မင်းနဲ့ကိုယ်ဘာမှ မဆိုင်ဘူးလို့ မညင်းနဲ့တော့နော်'

သူထင်တာသူပြောပါစေ၊ ကျော်ကျော် ဘာမှ ခွန်းတုံ့ပြန်မနေချင်တော့ပါဘူး။ သူနဲ့ ကျော်ကျော် ဒီလို အ ခြေအနေ ရောက်ခဲ့တာကိုသက်ဆိုင်မှု တခုလို့သတ်မှတ်လို့ရမလား။ ဒီလို အခြေအနေတွေ တွေအတွက် သူနဲ့ ကျော်ကျော်ကြားမှာ ဘာကတိကဝတ် မှမရှိခဲ့ပါဘူး။ ဖြစ်ခဲ့တာ တလျောက်လုံးက သူကျော်ကျော့် ဆီကိုလာတယ်။ သားမယားလိုပြုကျင့် တယ်။ ပြီးရင် ပြန်တယ်။ ပိုက်ဆံတွေ ပေးတယ်။ ကျော်ကျော်က သူအိမ်ခန်းမှာ နေတယ်။ ဒါလောက်နဲ့ ကျော်ကျော်ဟာ သူ့ရဲ့ အစောင့်ရှောက်ခံ တယောက် လို့ ပြော လို့ရနိုင်မလား။ လမ်းပေါ်က မိန်းမရွှင် တယောက်ကိုလဲ ဒီလိုနေလို့ရတယ်။ ကိစ္စ ပြီးလို့ ပိုက်ဆံပေး လိုက် ရင်ပြီးပြီ။

'နောက်ဆိုရင် မင်းမှာဘာအခက်အခဲပဲ ရှိရှိ ကိုယ့်ကိုပြောပါကျော်ကျော်'

'မပြောချင်ပါဘူး'

စိတ်ထဲရှိတဲ့ အတိုင်းပြောလိုက်တော့ သူမျက်နှာပျက်သွားပြီး

'မင်းစိတ်ဆိုးသင့်ပါတယ်၊ ဘာမဟုတ်တာတခုနဲ့ မင်းကို ငါဒေါသဖြစ်ခဲ့မိတယ်၊ စိတ်ပြေသွားတော့လဲမင်းကို ပစ်ထားမိသလိုဖြစ်ခဲ့တယ်'

ကျော်ကျော် သူ့ဆီက ဒီလိုစကားတွေ မလိုချင်ပါဘူး။ ဘာလိုချင်တာလဲ ဆိုတာ လည်းမသေချာဘူး၊ တခါ တလေကျပြန်တော့လည်း ဘာမှ မလိုချင်ပြန်ဘူး။ သေချာတာ တခုတော့ ရှိပါတယ်။ သူထားခဲ့တဲ့ ပိုက်ဆံ တွေ တနေ့ထက်တနေ့ လျော့နည်းလာတာ သိပေမယ့် သူ့ဆီကကျော်ကျော် လိုချင်တာ ပိုက်ဆံ မဟုတ် မှန်းကို တော့ ကိုယ့်စိတ်ကိုယ် သေသေချာချာ သိခွင့်ရလိုက်တယ်။ ငွေမဟုတ်ရင်ဘာလဲ လို့ စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို ဒေါသဖြစ်ရတော့ ဘာကိုမှ မစဉ်းစားတော့ဘူး။

'နောက်ဆိုရင် မင်းနဲ့ အခုလိုအဆက်အသွယ်ပြတ်သွားတာမျိုး ကိုယ်အဖြစ်မခံတော့ပါဘူး'

ကတိဆိုတာ စကားပြောတတ်ရင်၊ နားထောင်မယ့် သူရှိရင် ပြောလို့ရတာမျိုးပဲလေ။ ကျော်ကျော် ဒီညနေ အတွက် ဒုတိယအကြိမ် မြောက်ပြုံး လိုက်မိပြန်တယ်။ ဒါကို ကျော်ကျော် စိတ်ပြေသွားပြီလို့ ဦးအောင်ဘညို ထင်သွားပုံရတယ်။ တစောင်းအနေ အထားကနေ ကျော်ကျော့် ကိုလှမ်းဖက်လိုက်တယ်။ ကျော်ကျော့် ရင် သားတွေကသူ့ရဲ့ ပိုင်ပိုင်နိုင်နိုင်လက်တွေ အောက် မှာရောက်လို့။ ဦးအောင်ဘညိုက ခပ်ဖွဖွလေးပွတ်ပေးရင်း

'ဒါဏ်ရာ ရှိသေးလား'

'သတိမထားမိပါဘူး'

' အင်္ကျီကလဲ စိုရွှဲနေတာပဲ၊ ချွတ်လဲလိုက်ပါလား'

'ရပါတယ်'

'နေမကောင်းဖြစ်မှာစိုးလို့'

ပစ်ထားတုန်းက ပစ်ထားပြီး ခုတော့လဲ စိုးရိမ်ပြနေလိုက်တာ၊ သူ့အလိုကိုလိုက်လျောလိုက်တာနဲ့ ပိုင်စိုး ပိုင်နင်း ဖြစ်ချင်လာတယ်။ မသန့်မရှင်းဖြစ် နေချိန်မှာ မတတ်သာလို့ငြင်းလိုက်တာကို ဆတ်ဆတ်ခါ နာ သွားတဲ့သူကများ။ ယောက်ျားတွေဟာ ဒီလိုပဲလား။ ကျော်ကျော် ကိုယ့်အတွေးနဲ့ ကိုယ်ငြိမ်နေတုန်း ဦး အောင်ဘညိုက ကျော်ကျော့် တီရှပ်ကို ဆွဲလှန်လိုက်တယ်။

'ဘာလုပ်မလို့လဲ'

'ကြည့်မလို့'

ပြောရင်လဲ မရမယ့်တူတူ ကျော်ကျော်ငြိမ်နေလိုက်တယ်။ ချွေးတွေ စိုနေတဲ့ ဘရာစီယာ အပါးလေးကို အပေါ်ကိုတွန်းတင်လိုက်လို့ ရင်သားတွေ ပြင်ပလေထုနဲ့ထိတွေ့အေးစက်သွားချိန်မှာတော့ ကျော်ကျော် မျက်နှာလွှဲထားလိုက်တယ်။ သူကတော့ သေသေချာချာ ကိုင်တွယ်ကြည့်နေတယ်။

'အရာလေးပဲ ရှိတော့တယ်'

'သတိတောင် မထားမိပါဘူး'

ရုတ်တရက် ကျော်ကျော့် ရင်သားတဖက်တင်းကနဲ ဖြစ်သွားပြီးထိပ်ဖျားက ကျဉ်တက်သွားတယ်။ ဦးအောင်ဘညိုက ပါးစပ်နဲ့ စုပ်ဆွဲလိုက်တာလေ။

'အား ...'

ကျော်ကျော်လန့်ပြီးအော်လိုက်တော့ သူကပြန်လျော့ပေးလိုက်ပြီး ကလေးတယောက်နို့စို့သလို စို့ ေ န တယ်။ နှစ်ဖက်စလုံးကို အပြန်ပြန်အလှန်လှန်နဲ့။ ငြိမ်သက်အေးစက်စ ကျော်ကျော့်ရင်ထဲမှာ ပြန်ပြီး တော့ ဗလောင်ဆူလာတယ်။ ဟိုတခါက ကျော်ကျော့် ကို မီးဝင်းဝင်းတောက်တဲ့ မျက်လုံး တွေနဲ့ကြည့်ပြီးဒေါသတကြီး ထွက်သွားခဲ့တဲ့ ဦးအောင်ဘညို ဆိုတာ အခုကျော်ကျော့် ရင်ခွင်မှာ ခေါင်းထိုးပြီး စိတ်ထင်ရာ

လုပ်နေတဲ့ ဦးအောင်ဘညို နဲ့ ဘာမှ မဆိုင်သလိုပါပဲ။

သူက စိတ်ဆိုးသလား လို့ တစာစာ မေးနေပေမယ့် တကယ်တန်းကျော်ကျော် အဲဒီတုန်း က စိတ်နာမိတယ်။ဦးအောင်ဘညို ကို မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပါ။ မိန်းမသား တယောက် ဖြစ်ရတဲ့ ဘ၀ ကို တခါမှ စိတ်မ နာ မိတဲ့ အပြင် ဦးအောင်ဘညို နဲ့ တွေ့ပြီးနောက်မှာ မိန်းမသား ဘဝကို စိတ်ကျေနပ်ချင်သလိုလို ဖြစ်နေရာကနေ မိန်းမ ဘဝကို အရမ်းစိတ်နာမိတယ်။ နောက်ပြီးတော့ ရှက်တယ်။ အပျို စဖြစ်ကထဲက ဒီလိုဖြစ် နေချိန်မှာ ယောက်ျားတယောက်က လှန်ကြည့်တာ ခံရလိမ့်မယ်လို့ ယောင်လို့တောင် မတွေးခဲ့ဖူးပါဘူး။ အရာအားလုံးအတွက် ကျော်ကျော် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါတယ်။

“ကျော် ကျော်”

“ဟင်”

ဦးအောင်ဘညို အကြည့်ကို ကျော်ကျော် သဘောပေါက်လိုက်မိပါတယ်။ သူ နောက်တကြိမ် လိုချင်နေပြန်ပြီ။ကျော်ကျော်ကတော့ အခုမှ အမောပြေခါစပဲ ရှိသေးတယ်။ ဒါပေမယ့် သူ့အကြည့်ရဲ့ လွှမ်းမိုးမှု ကြောင့် မငြင်းမိပဲ မျက်လွှာချပြီး နေလိုက်မိတယ်။

“တော်သေးတယ်နော်၊ ဒီနေ့ ကျော်ကျော်က ဟိုတနေ့ကလိုဖြစ် မနေလို့”

“ပုံမှန်ဆိုရင်တော့ လကုန်ခါနီး နှစ်ဆယ့်နှစ် နှစ်ဆယ့်သုံး ဝန်းကျင်လောက်ဖြစ်တတ်တယ်၊ စောရင်သုံးလေး ရက်လောက် နောက်ကျရင်လဲ သုံးလေးရက်လောက်ပဲ”

လွှတ်ကနဲ ပြောပြီးတော့မှ ကျော်ကျော် ရှက်သွားတယ်။ ဘာမှမဆိုင်ပါဘူးလို့ တစာစာ ပြောထားတဲ့ ယောက်ျား တယောက်ကို ကျော်ကျော့်ရဲ့ ရာသီစက်ဝန်း အကြောင်း ရှင်းပြနေစရာလား။ ရှက်ရှက် နဲ့ မျက်စိ နှစ်လုံးကို အတင်းမှိတ်ထားလိုက်မိတယ်။ ကျော်ကျော်က မျက်စိမှိတ် ငြိမ်သက် နေတော့ ဦးအောင်ဘညို ပိုပြီး အတင့်ရဲဖို့ ဖြစ်သွားတယ်။ ကျော်ကျော့် တီရှပ် နဲ့ ဘရာစီယာ ကိုယ်ပေါ်ကနေ လွတ်ထွက်သွားတယ်။

ဦးအောင်ဘညို ဒါတွေကို ချွတ်နေချိန် မှာ အလိုက်သင့် လိုက်လုပ် ပေး မိတဲ့ အတွက်ကတော့ ထူးပြီး ရှက်စရာ မဟုတ်တော့ပါဘူး။ ဦးအောင်ဘညို ကလည်း သူ့ရှပ်အင်္ကျ ီ နဲ့စွပ်ကျယ် ကို ခပ်မြန်မြန်လေး ချွတ်လိုက်ပြီးချိန် မှာတော့ အဝတ်မဲ့ ခန္ဓာ ကိုယ်နှစ်ခု ထိပ်ချင်း ဆိုင်မိကြပြန်ပြီ ပေါ့။ ဒီတကြိမ်မှာတော့ ဦအောင်ဘညို စောစောကလောက် မကြမ်းပါဘူး။ ခပ်မြန်မြန် မဟုတ်ဘဲ ခပ်မှန်မှန်လေး။

ဒါပေမယ့် အားပါတယ်။ ကျော်ကျော့် ရင်ထဲမှာ နင့်ကနဲနင့်ကနဲ ခံစားရပြီးတဲ့နောက် မနေ နိုင်တော့ ဘဲ ဦးအောင် ဘညို ကျောပြင်ကိုလက်နဲ့သိုင်းဖက် ထားလိုက်ရတော့တယ်။ မနက်ဖြန်ကျရင် ဒီအိပ်ယာခင်း ကိုလျှော်ရတော့ မယ်လို့တွေးရင်း ကျော်ကျော် တလိမ့်လိမ့်တက်လာတဲ့ ရင်ထဲကလှိုင်းတွေမှာ နိမ့်တခါမြင့်တလှည့် လွင့်မျောနေမိတယ်။

အရင်ကဘာတွေ ဖြစ်ခဲ့သလဲ။ မနက်ဖြန်ဘာတွေဖြစ်လာမလဲ။ ဘာဆိုဘာမှ ကျော်ကျော့် ခေါင်းထဲမှာ မရှိ တော့ ဘူး။လက်ရှိ ပစ္စုပ္ပန် မှာပဲ နစ်မြုပ်ပျော်ဝင် ရင်း အရာရာကိုမေ့လျော့ နေမိတယ်။ လည်ချောင်း ကိုပွတ်တိုက်ထွက်လာတဲ့ အသံနဲ့ မရပ်မနား အော်ညည်းနေမိတာကိုလည်း ဟိုအဝေးကြီးက အသံတခုလို နားထဲမှာ သဲ့သဲ့ လေးပဲကြားရတယ်။ ကျော်ကျော် ဟာ ကျော်ကျော် မဟုတ်တဲ့ တခြားတယောက်လို ဖြစ်နေပေမယ့် ရင်ထဲကမွတ်သိပ် ပေါက်ကွဲ မှုတွေကို ကျော်ကျော် မဟုတ်တဲ့ တခြား တယောက်က အလုံးစုံ သိနေပြန်တယ်။ အကြောဆွဲသလို တကိုယ်လုံးတွန့်လိမ် ကွေးသွား ပြီး ချိန်တိုင်း မှာ ရှိသမျှအားအင် တွေကပါ လိုက်ပြိုဆင်း သွားတယ်။ တင်ပါးအောက်က အိပ်ယာခင်း စိုသထက်စို လာမှန်းသိနေတဲ့ အသိက ရှက်စရာ မဟုတ်ဘဲ စိတ်ကျေနပ်စရာ လို့တစထက်တစ ထင်လာ မိတယ်။

ဦးအောင်ဘညို ရဲ့ အသက်ရှုသံပြင်းပြင်း ချွေးတွေ ရွှဲနေတဲ့ ကိုယ်လုံး၊ တချက်တချက် အံကြိတ်ပြီး မာန်သွင်းလိုက်တဲ့ အသံတွေ၊ အရာအားလုံးက ကျော်ကျော့် သွေးကြောတွေထဲ အထိ တိုးဝင်စီးဆင်း သွားကြတယ်။ ကျော်ကျော့် ကိုယ်ထဲမှာ သွေးတွေပွက်ပွက်ထလာသလို ဦးအောင်ဘညို ရဲ့ လှုပ်ရှားမှု တွေကလည်း ပိုပြီး မြန်ဆန်လာတယ်။ သူဘာဖြစ်နေသလဲ ကျော်ကျော်သိနေသလို ကျော်ကျော်ဘယ်လို ခံစားနေရတယ် ဆိုတာ ကိုလည်း သူသိနေသလိုပဲ။ တောင်ပေါ်တက်ရတာ ခက်ခဲကြမ်းတမ်းပြီး အချိန်ကြာပါတယ်။ ဒါပေမယ့် အပေါ်ရောက် လို့အောက်ကို ခုန်ချမယ် ဆိုရင်တော့ ရင်ထဲမှာ စိမ့်ကနဲ နဲ့ခနလေးပါပဲ။ ဦးအောင်ဘညို အရုပ်ကြိုးပြတ် သလို လဲကျသွားပြီး ကျော်ကျော် လည်း နွမ်းလျမိန်းမူး မှုတွေနဲ့ ခေါင်းကိုမထူချင် လောက်အောင် ဖြစ်သွားရပါတယ်။ အိပ်ပျော် သွား တယ်လို့ ကျော်ကျော့် ကိုယ် ကျော်ကျော်ထင်တယ်။ ဒါပေမယ့် အိပ်ပျော် နေတာ မဟုတ်ဘူးလို့လဲသိနေပြန်တယ်။ ဦးအောင်ဘညို က ကျော်ကျော့် ကို သူ့ရင်ခွင်ထဲ ဆွဲယူလိုက်တော့ အလိုက်သင့် လေးပါသွားပြီး ဦးအောင်ဘညို ကို မှီလို့ မှိန်းနေလိုက်တယ်။

..........................

အချိန်တွေ ဘယ်လောက် ကုန်သွားတယ် ဆိုတာ ကျော်ကျော် မသိဘူး။ အဝေးကနေ တဖြည်းဖြည်း နီးလာတဲ့ တယ်လီဖုန်းသံ တခုက ကျယ်သထက်ကျယ်လာပြီး ကျော်ကျော် မျက်လုံးဖွင့် ကြည့်လိုက်တော့

“ဟာကွာ”

ဦးအောင်ဘညို မကျေမနပ် ရေရွတ်ရင်း ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ပြီးမှ ပြန်ချပြီးတော့ သူ့ပုဆိုး ကိုအရင် ယူဝတ်တယ်။ ပုဆိုးဝတ်ပြီးတော့ မရပ်မနား ဆက်ကာဆက်ကာမြည်နေတဲ့ ဖုန်းကို ကောက်ယူပြီး အခန်းပြင်ထွက်သွားတယ်။ သူ့အိမ်က များလား လို့တွေးမိချိန် မှာတော့ ကျော်ကျော် လှဲနေရာက ဆတ်ကနဲ ထထိုင်လိုက်မိတယ်။ ဘာတွေ များလဲ သိချင်တဲ့ စိတ်ကို ဘယ်လိုမှ ချိုးနှိမ်လို့ မရတာနဲ့ ကုတင်ပေါ်ကဆင်း၊ ခြေဖော့ နင်းပြီး အပြင်ကို ထွက်လိုက်တယ်။ ဦးအောင်ဘညို ဒီတခါ တော့ ဝရန်တာဖက်မသွားဘူး။ နောက်ဖေးဖက်က အသံကြားနေရလို့ နံရံကိုကပ်ပြီးနောက်ဖေး ဖက်ကို ကျော်ကျော် တရွေ့ရွေ့ တိုးခဲ့တော့

“ဟုတ်တယ်လေ……………၊ အာ … ဧည့်သည် နဲ့တော့ မဟုတ်ဘူး၊ သူက ချိန်း ထားတာ ရှိလို့ …………….ကိုယ့် မိတ်ဆွေတွေ နဲ့ ………………..အော် ….…………….သိင်္ဂ ီ သိမှာ မဟုတ်ဘူး၊

ကိုယ်နဲ့တင်းနစ် ရိုက်ဖက်တွေလေ …………..အင်းပေါ့ ၊ သိင်္ဂ ီ က ဂေါက်ကွင်း ပဲ လိုက်ဖူးတာကိုး ………………………….”

သိင်္ဂ ီ တဲ့ သူ့ဇနီးပဲ ဖြစ်မှာပါ။ ဒါကြောင့် သူ ညာနေတာပေါ့။ တခြားမိန်းမ တယောက်နဲ့ အတူ ရှိနေတာ ကို ဘယ်ယောက်ျားက ဇနီးသည်ကို အသိပေးမှာလဲ။

“မူးတော့မူးတယ် …အဟဲ၊ မနက်မှ လာခဲ့မယ်လေ …………….ကားက မောင်းလို့ ရပါတယ် ………………..မလိုက်ခဲ့နဲ့ မလိုက်ခဲ့နဲ့ ညဖက်ကြီး သိင်္ဂ ီရယ်…………… မဟုတ်ဘူးလေ၊ ဦးစိုးလဲ မလွှတ်နဲ့ ရပါတယ် …………..ဟာကွာ သိင်္ဂ ီကလဲ၊ ကိုယ်က မူးနေတာ သိင်္ဂ ီ ကမမူးဘဲ ဘာလို့ ရစ်နေရတာလဲ ပြောင်းပြန် ………………

မဟုတ်ပါဘူးကွာ၊ တကယ်ပြောတာ ကိုယ့် အကြောင်း သိင်္ဂ ီသိသားနဲ့ ……………………………..ကဲ ကွာ၊ ဒါဆိုလဲ ပြန်ခဲ့မယ်၊ စောင့် မနေ နဲ့အိပ်တော့ ဟုတ်လား”

ဦးအောင်ဘညို သက်ပြင်းချသံနဲ့ အတူ ကျော်ကျော် အိပ်ခန်းထဲကို လှစ်ကနဲ ပြန်ပြေးဝင်လိုက်တယ်။ ကုတင် ပေါ် ကိုလှဲချမယ် အလုပ်မှာ ဦးအောင်ဘညို ဝင်လာလို့ မအိပ်တော့ဘဲ တံခါး ဝကို ကျောပေးပြီး ထိုင်နေလိုက်တယ်။ ဦးအောင်ဘညို ကျော်ကျော့် နားကို လျှောက်လာတဲ့ ခြေသံကြားရတယ်။ ကျော်ကျော်နဲ့ ခြေ နှစ်လှမ်းလောက် အလိုမှာ ရပ်သွားပြီးတော့

“ကျော်ကျော်”

“ဟင်”

“အိမ်က လှမ်းခေါ်လို့ ကိုယ်ပြန်လိုက်ဦးမယ်”

“ဟုတ်ကဲ့”

“မနက်ဖြန် လာခဲ့မယ်နော်”

ဒီတခွန်း ကိုတော့ ကျော်ကျော် ပြန်ပြောမနေတော့ဘူး။ လှည့်ပြီးတော့လည်း မကြည့်တော့ဘူး။ သူနဲ့ သက် ဆိုင် တဲ့ သူဆီကို သူပြန်တာ သူနဲ့ဘာမှ မသက်ဆိုင်တဲ့ ကျော်ကျော် မှာ ပြောစရာ တခုမှ မရှိဘူးလေ။ ချိုးချိုးချွတ်ချွတ် နဲ့ အဝတ်အစား ပြန်ဝတ်နေသံတွေကြားရတယ်။ တင်းထားတဲ့ ကြားက အလိုလို ရစ်ဝဲလာတဲ့မျက်ရည်တွေကို မြင်သွားမှာစိုးလို့ လုံး၀ လှည့်မကြည့်ဘဲ နေလိုက်တယ်။

“သွားမယ် နော်ကျော်ကျော်”

“ဟုတ်ကဲ့”

သွားတော့မယ့် အချိန်မှာတော့ အနားကိုကပ်လာပြီး ပုခုံးကို လက်နဲ့ညှစ်ပြီးနှုတ်ဆက်တယ်။ မျက်ရည် ဝိုင်းနေတာကို မမြင်အောင်လို့ ခေါင်းကိုတွင်တွင် ငုံ့ထားတော့ ဦးအောင်ဘညို သက်ပြင်းချတယ်။ ကျော်ကျော်အသံ ကို မတုန်အောင်ထိန်းပြီး

“တံခါးကို အပြင်က ပိတ်ပေးသွားနော်”

“အင်း ..အင်း စိတ်ချ”

ဦးအောင်ဘညို ခြေသံ ကျော်ကျော့်နားကနေ တဖြေးဖြေး ဝေးသွားတယ်။ ခြေသံ ဧည့်ခန်းထဲ ရောက်တဲ့ အချိန် မှာတော့ မျက်ရည်တွေ တလိမ့်လိမ့်စီးကျလာတယ်။ ကျော်ကျော် မငိုပါဘူး။ မျက်ရည် ကျတာသက် သက်ပါပဲ။ အိမ်တံခါးကို အပြင်က ဆွဲပိတ်လိုက်သံကြား ရတော့ မှ ကျော်ကျော် လှည့်လိုက်တယ်။ မျက်ရည်သုတ်ဖို့ အိပ်ယာပေါ်က တီရှပ်ကို လှမ်းအယူမှာတော့ ကျော်ကျော့် မျက်လုံးတွေက မှန်တင်ခုံဆီ ရောက်သွားတယ်။ မျက်ရည် တွေနဲ့ ေ၀ဝါးနေတဲ့ မျက်လုံးထဲမှာ မှန်တင်ခုံ ပေါ်က အထုပ်လေး တထုပ်ကို မြင် လိုက်ရတယ်။ မသဲကွဲပေမယ့်လက်သုံးလုံးလောက် ထူတဲ့အရာဟာ ဘာလဲ ဆိုတာ ကျော်ကျော် သေသေချာချာ သိလိုက်ပါတယ်။

ရင်ထဲ မှာလှိုက်ကနဲ ဆို့တက်လာပြီး ကျော်ကျော် ကုတင်ပေါ် အရပ်ကြိုးပြတ် ပုံကျသွားတယ်။ အခုနက မျက်ရည်ကျတာသက်သက် ဆိုပေမယ့်အခု ကျော်ကျော် တကယ် ငိုမိပါပြီ။


အပိုင်း ( ၉ ) ဆက်ရန်>>>>


Print Friendly and PDF

No comments:

Post a Comment