Thursday, December 20, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၁)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၁)

ဂျင်ကလိ ရေးသည်။

“တယောက်ထဲ ငြိမ့်နေတယ်ပေါ့”

အခန်းကူးတံခါးပွင့်သွားပြီး သိင်္ဂီ  ဝင်လာသည်။ ဆံပင်တွေကိုနောက်ဖက်မှာ ခပ်မြင့်မြင့်စည်းထုံး ထားပြီး ကိုယ်ပေါ်မှာ တဘက်တထည်သာ ပတ်ထား၏။

“ဘာကြည့်တာလဲ၊ ရေချိုးမလို့”

စူးစမ်းသည့် အကြည့်ကို သိင်္ဂ ီသိသည်။ ချက်ချင်းတုန့်ပြန်၏။ ပတ်ထားသည့်တဘက်က ကိုယ်အလယ်ပိုင်း နေရာ အနည်းငယ်မျှကိုသာ ဖုံးလွှမ်းနိုင်လေရာ ကျန်သည့်အပေါ်ပိုင်း နှင့်အောက်ပိုင်း အလှအပတွေကို ဝင်း ဝင်းပပ မြင်နေရသည်။ မြင်နေကျ ဦးအောင်ဘညို ပင် စိတ်လှုပ်ရှားသွားပြီး အနားကပ်လာသည့် သိင်္ဂ ီ့ လက် ကို လှမ်းကိုင်လိုက်မိသည်။ သိင်္ဂ ီက ဦးအောင်ဘညိုလက်ကိုပြန်ဖျစ်ညှစ်ရင်း

“ရေမချိုးရသေးဘူး ကိုကို ရဲ့၊ တနေ့လုံးလျှောက်သွားထားတာ ညစ်ပတ်နံစော်နေတာပဲ၊ ရေချိုးလိုက်ဦး မယ်နော်”

“မနံပါဘူး”

“သူ့အရက်နံ့ နဲ့ရောနေလို့ဖြစ်မှာပေါ့၊ သိင်္ဂ ီပြန်လာမှာ စိတ်ချ”

“ရေချိုးမယ် ဆိုပြီး လက်ထဲ ကဖုန်းက ဘာလုပ်ဖို့လဲ”

“မိရူပါဆက်မယ် ဆိုလို့၊ သူအဆင်ပြေရင် မနက်ဖြန်သွားတော့မယ်လေ၊ သူ့ဖုန်းစောင့်ရင်း ရေချိုးချင်လို့ ထွက်လာတာ၊ကိုကို ယူထားလိုက်လေ”

“အင်”

“ရူပါ ဆိုရင် အကျိုးအကြောင်း မေးလိုက်ပေါ့၊ တခြားသူဆိုရင်တော့ မကိုင်နဲ့လေ၊ ရူပါက အစိမ်းလဲ ချင်တယ် ပြောတယ်၊ ကိုကို့ ဆီမှာ ရမလား”

“ရပါတယ်၊ သိင်္ဂ ီ လည်းသွားရင် ယူမယ်မဟုတ်လား”

“အင်း၊ ရူပါကတော့ ပေါက်ဈေးအတိုင်းပေးမယ် တဲ့၊ သိင်္ဂီ  ကတော့ ပြန်မပေးဘူးနော်၊ လိုချင်ရင် ပိုက်ဆံ တော့ မရဘူး၊ လူပဲရမယ်”

ပြောင်စပ်စပ်နှင့် ပြောပြီးလှည့်ထွက်သွားသည်။ ဦးအောင်ဘညို လည်း ခွက်ထဲက လက်ကျန်ကို အကုန် တခါထဲ မော့ချလိုက်မိသည်။ ရှေ့မှာ သိင်္ဂီ လာချသွားသည့် ဖုန်းကို ကြောင်တောင်တောင်  ငေးနေမိ၏။အကယ်၍ များ နန်းရူပါဝင်း ဖုန်းဆက်လာလျှင် မည်သို့ပြောရမည် မသိပေ။ တော်ပါသေးသည် သိင်္ဂ ီပြန်ရောက်လာသည် အထိ ဖုန်းလုံး၀ မလာပါ။

“ဖုန်းလာသေးလား ကိုကို”

“မလာဘူး”

“ကြည့်ရတာ ကိစ္စတွေ မပြတ်သေးဘူး နဲ့တူတယ်”

တဘက် ကိုဖြစ်ကတတ်ဆန်း ပတ်ထားပြီး မျက်နှာသုတ်ပဝါ အသေးလေးတခု နှင့် မျက်နှာကို သုတ်နေ သော သိင်္ဂ ီ့ ကိုယ်ပေါ်မှာ ရေစက်တွေသီးနေ၏။  ဖြူစင်ဝင်းမွတ်သော အသားပေါ်က ရေစက်ကလေး တွေ က မီးရောင်ကြောင့် တလက်လက်တောက်နေသည်။ မမှိတ်မသုန် ငေးနေမိသော ဦးအောင်ဘညို ကို မြင်သော အခါ အနားတိုးလာပြီး

“ရေသုတ်ပေး မလား ကိုကို”

ဦးအောင်ဘညို ယောင်တောင်တောင် နှင့် သိင်္ဂ ီ့ လက်ထဲက မျက်နှာသုတ်ပဝါကို လှမ်းကိုင်လိုက်သည်။

“မဟုတ်ဘူးလေ၊ ဒါက မမ ဟာယူလာတာ။  ဒီတဘက် ကို ယူလိုက်လေ”

အဖြစ်သာပတ်ထားသော တဘက်ကြောင့် အားလုံးနီးပါး မြင်နေရသည်ဖြစ်ရာ တဘက်ကို ဖြေလိုက်လည်း ဘာမှမထူးပါ။ လက်ထဲသို့ လွယ်လွယ်ကူကူပါလာသော တဘက်ဖြင့်လက်လှမ်းမှီရာကို ဦးအောင်ဘညို လိုက်သုတ်ပေးနေမိသည်။ ဦးအောင်ဘညို ကိလေသာစိတ်ကုန်ခမ်းနေသော သူတော်စင်တယောက်လည်းမဟုတ်ပါ။ မသန်မစွမ်း သက်ကြီးရွယ် အိုတယောက်လည်း မဟုတ်ပါ။ သိင်္ဂီ လို မိန်းမလှလေးတယောက်၏ မိမွေးတိုင်းဖမွေးတိုင်းကိုယ်ခန္ဓာကို လွတ်လပ်စွာ မြင်တွေ့ရရုံမက နေရာအနှံ့ကိုင်တွယ် ထိတွေ့ခွင့်ရနေသောအခါ ကျားသဘာ၀ ကလှုပ်ရှားလာသည်။ ဦးအောင်ဘညို စိတ်တွေလှုပ်ရှားလာသည်ကို လူချင်းထိလုမတတ် ကပ်၍ နေ သည့် သိင်္ဂ ီလည်း သိနေသည်။

“ကိုကို ကတော့လေ”

သိင်္ဂ ီ့လက်ကလေးက ဦးအောင်ဘညို၏ ဖွားဖက်တော် ကို လုံချည်ပေါ်ကနေ စမ်းမိသွားသည်။ သိင်္ဂ ီက အငြိမ်မနေ ပွတ်သပ်ပေးနေလိုက်သောအခါ မာသထက်မာတင်းသထက်တင်းလာ၏။

“ကိုကို့လုံချည် ချွတ်လိုက်မယ်နော်”

ပြောပြီးသည် နှင့် အဖြေကိုမစောင့်တော့ဘဲ ချွတ်ချလိုက်သည်။ လွတ်လွတ်ကင်းကင်း ဖြစ်သွားသော ဖွားဖက်တော် ကို သိင်္ဂ ီကတင်းတင်းဆုပ်လိုက်ပြီး ထက်အောက်စုန်ဆန်လှုပ်ရှားပေးနေသည်။ ဦးအောင်ဘညိုလက်ထဲက တဘက်ကို လွှတ်ချလိုက်ပြီးတောင့်တောင့်ကြီးရပ်နေမိသည်။ ရေချိုးလာလို့ အေးစက် နေသော သိင်္ဂ ီ့ လက်ဖဝါးလေးတောင်မှ အထိအတွေ့နှင့်ပွတ်တိုက်မှုကြောင့် တဖြေးဖြေး နွေးထွေးလို့ လာ၏။ တဖြည်းဖြည်းချင်း လှုပ်ရှားနေသော သိင်္ဂ ီ့ လက်ချောင်းလေးတွေက နောက်တော့ မြန်သထက် မြန် လာသောအခါ ဦးအောင်ဘညိုတောင့်မခံ နိုင်တော့။ လက်ဖဝါးကလေး က နုနယ်သလောက် ဆုပ်ကိုင်ထားသော အရာက သံမဏိတမျှမာကျောလာ သောအခါသိင်္ဂ ီ တောင်မျက်လုံးပြူးလာ၏။

“မာလိုက်တာ”

မနေနိုင်ဘဲ သိင်္ဂ ီထုတ်ပြောလိုက်မိသလို ဦးအောင်ဘညို လည်း ဒီတိုင်းဆက်မနေချင်တော့ သိင်္ဂ ီ့ကို ကုတင် ဖက်တွန်းပို့လိုက်သည်။ မဆွတ်ခင်က ညွှတ်ချင်သူ သိင်္ဂ ီကလည်း အလိုက်သင့်လေး လှဲချပေးလိုက်၏။ ဦးအောင်ဘညို ကလည်းထပ်ချပ် မကွာလိုက်သွားပြီး နောက် သိင်္ဂ ီ့ပေါင်တချောင်း ကိုဆွဲမလိုက်ကာ ဟသွားသည် နှင့် ဖိကပ်ပြီးထိုးချလိုက်သည်။

“ကိုကိုရယ်”

သိင်္ဂ ီ့အသံက သူမရင်ထဲက ဝေဒနာတွေကို လှစ်ထုတ်ပြလိုက်သည့် နှယ်ပင်။ တုန်ရီလှိုက်လှဲ လွန်းလှသည်။

“သူများလွမ်းနေတာ သိလား”

ဦးအောင်ဘညို လည်တိုင်ကို လက်ဖြင့်ခိုရင်း သိင်္ဂ ီပြောသည်။ မတွေ့ကြရသည့် ရက်တွေအတွက် အခုပြန်ပြီး အတိုးနှင့် ယူတော့မည့်ပုံလည်းရှိသည်။ဦးအောင်ဘညို၏ ဆောင့်ချက်တိုင်းကို အောက်ကနေပင့်ကာ ပင့် ကာ ကြို၏။ သူမ၏ တက်ကြွမှုက ဦးအောင်ဘညို ကိုပါကူးစက်ကာ ပွဲကမြိုင်သထက်မြိုင်လာသည်။ ရေချိုး ထား၍ အေးစက်စက်ဖြစ်နေသော သိင်္ဂ ီ့ကိုယ်လေးမှာလည်း ရမ္မက်သွေးနှင့် လှုပ်ရှားမှုတို့ကြောင့် ပူနွေးလာသည်။ ဖြူနုသော အသားမှာလည်း ပန်းနုရောင်သန်းလာ၏။ အခန်းထဲမှာ ဦးအောင်ဘညို ၏ အသက်ရှုသံပြင်းပြင်း နှင့် သိင်္ဂ ီ့ ၏ရမ္မက်လွှမ်းသော တီးတိုးညည်းသံ တို့ကသာဖုံးလွှမ်းထားသည်။ တယ်လီဖုန်းသံမြည်လာသော် လည်း မကြားနိုင်ကြအောင်ဖြစ်နေသည်။ စိတ်ရှည်ပုံ ရသောတဖက်မှ ဖုန်းခေါ်သူက နောက်တကြိမ်ထပ်ခေါ်သော အခါမှကြားလိုက်ကြသည်။ ဒါကလည်း မူလပုံစံမှ သူတို့နှစ်ယောက်၏ စိတ်ကြိုက်ဖြစ်သော လေးဖက်ထောက်ပုံစံသို့ ပြောင်းပြီး အရှိန်မရခင်လေးမှာ ကြားလိုက်ကြခြင်းဖြစ်သည်။ မြည်နေသော ဖုန်းက သိင်္ဂ ီ့၏ ဖုန်း။

“ရူပါ လားမသိဘူး၊ ကိုကို ခနနော်”

ကုတင်ပေါ်ကဆင်းပြီး သိင်္ဂ ီဖုန်းကိုင်သည်။ အရှိန်ပျက်သွားသော ဦးအောင်ဘညိုလည်း အောက်ကို ဆင်း လိုက်ပြီး အမောပြေရေတခွက်လောက်သောက်ဖို့ ပြင်သည်။

“အေး … နင်ဘယ်မှလဲ”

“……”

“ဟင်၊ ငါ မမ အခန်းထဲမှာ ရေလာချိုးနေတာ၊ လာပြီလာပြီ”

သိင်္ဂ ီဖုန်းပြန်ပိတ်လိုက်ပြီး တဘက်ကြီး နှင့် ကိုယ်ကို ကောက်ပတ်သည်။

“ဘာလဲ ဟင်”

“ရူပါက အိမ်ထဲ ရောက်နေပြီ၊ အခု သိင်္ဂ ီ့ အခန်းမှာ ဖူးဖူးနဲ့ ရှိတယ်၊ သိင်္ဂ ီ့ကို မတွေ့လို့ ဖုန်းဆက် ကြည့် တာတဲ့”

သိင်္ဂ ီဦးအောင်ဘညို ကို အားနာတောင်းပန်သော အကြည့်ဖြင့်ကြည့်သည်။

“ဆောရီး ကိုကိုရယ်၊ သိင်္ဂီ သွားမှ ဖြစ်မယ်”

ဧည့်သည်က သိင်္ဂ ီ့ အခန်းထဲ အထိရောက်နေမှတော့ သွားမတွေ့လို့လည်းမဖြစ်တော့။ ဦးအောင်ဘညို စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။ အခန်းကူး တံခါးကနေ သိင်္ဂီ လှစ်ကနဲ ပြေးထွက်သွား၏။ ဦးအောင်ဘညို ကို ကြိုတင်နှစ်သိမ့် သွားသေး၏။

“နောက်နေ့ မှနော် ကိုကို”

နောက်နေ့ သည် နောက်နေ့ ဖြစ်သည် မသေချာပါ။ မစဖြစ်လျှင် ဦးအောင်ဘညို စိတ်ထဲ ဘယ်လိုမှ နေမည် မဟုတ်ပါ။ ခုတော့ စပြီးမှ မဆုံးရခြင်း က တော်တော် ခံရခက်သည်။ ဦးအောင်ဘညို လည်း ဆူပွက်နေသော သွေးတို့ မြန်မြန်အေးစက်သွားအောင် ရေကိုပုလင်းလိုက် တကျိုက်  ပြီး တကျိုက် မော့ချပစ်လိုက်သည်။

“ဟူး”

ကုလားထိုင်မှာ ဝင်ထိုင်ရင်း ကိုယ်အောက်ပိုင်း ကို ငုံ့ကြည့်မိမှ ပိုစိတ်လေသွားသည်။ ဖွားဖက်ရဲဘော် က အမြင့်ဆုံးအနေအထားမှာ ရှိနေဆဲ။ လုံးဝမာန် မကျသေးဘဲ တလူလူမာန်တက်နေဆဲ ရှိသေးသည်။ လက် နှင့် ကိုင်ကြည့်လိုက်ရာ သံမဏိလို မာကျောခြင်းတွေက တပြားမှမလျော့သေးပါ။ သိင်္ဂီ ကလည်းပြန်ရောက် လာဖို့ မလွယ်တော့ပါ။ စိတ်ကိုလျှော့ချကြည့်သော်လည်း ညီတော်မောင်က ခေါင်းမာသည်။ မဆိုစလောက် လျော့ကျသွားသည်က လွဲလို့ ထူးမခြားနား အခြေအနေဖြင့်တင်းခံ၏။ ဦးအောင်ဘညို လူပျိုဘဝက လက်နှင့်အာသာဖြေဖျောက် ခြင်း ပြုခဲ့ဖူးသော်လည်း အိမ်ထောင်ကျပြီးနောက်ပိုင်း မလုပ်ဖြစ်တော့ပါ။ စောစော က သိင်္ဂ ီလုပ်ပေးသွား တာကိုပြန်သတိရလိုက်မိသော အခါ ဦးအောင်ဘညို လက်တွေလှုပ်ရှားလာ၏။ ဒီအရွယ်ကြီးရောက်မှ ဒီလို ဖြစ်ရခြင်းကို သိပ်မကျေနပ်သော်လည်း ဆတ်တငံ့ငံ့ ကျန်ခဲ့သည့် အခြေအနေကို လွန်မြောက်ဖို့ အတွက်ရွေးချယ်စရာ လမ်းမရှိပါ။ ထိုအချိန်မှာပင် ဖုန်းမြည်လာပြန်၏။

“ဟာကွာ … ဒီ သောက်ဖုန်း ကလဲ”

မကျေမနပ်ဖြင့် မြည်တွန်လိုက်ပြီးလှမ်းကြည့်မိရာ ကျော်ကျော် ဖြစ်နေသည်။

“ဟယ်လို”

“ကျော်ကျော်ပါ”

ကြည်လင်ချိုမြသည့် ကျော်ကျော့် အသံကြောင့် ဦးအောင်ဘညို ရင်တွေခုန်သွားသည်။ မရည်ရွယ်ပါဘဲ နှင့် အားနေသည့်ဘယ်လက်က ဖွားဖက်တော်ပေါ် ပြန်ရောက်သွား၏။ ဦးအောင်ဘညို ဖက်က တုန့်ပြန်ဖို့ နောက် ကျနေသော အခါ

“ဟယ် လို”

“ပြောလေ ကျော်ကျော်”

“ဖုန်းခေါ်သေးလားဟင်၊ ခေါ်တဲ့ နံပါတ်တော့ မသိဘူး၊ ဒါပေမယ့် ဆက်မယ့်သူကလဲ တယောက်ပဲ ရှိတယ် မဟုတ် လား”

ဦးအောင်ဘညိုက ညနေက ရုံးကဖုန်း နှင့်ခေါ်ခဲ့တာဖြစ်သည်။

“ဟုတ်တယ်၊ အဲဒါ ကိုယ့်ရုံးဖုန်းလေ၊ ဘာဖြစ်လို့ မကိုင်တာလဲ”

“ရေချိုးခန်းထဲ မှာ အဝတ်သွားလျှော်နေတဲ့ အချိန်ဖြစ်မယ်၊ ဖုန်းမြည်တာ မကြားလိုက်ဘူး”

“အခုရော ဘာလုပ်နေလဲ”

“အိပ်တော့မလို့”

“အိပ်ယာထဲ ရောက်နေပြီလား”

“ဟုတ်ကဲ့”

အိပ်ယာပေါ်မှာလဲ လျောင်းနေမည့် ကျော်ကျော့် ကိုမြင်ယောင်လာသော အခါ ဦးအောင်ဘညို လက်ပို သွက် လာသည်။ ဖုန်းထဲမှာဆိုလျှင် နားထောင်လို့ အလွန်ကောင်းသည့် ကျော်ကျော့် အသံကို နားထောင်ရင်း ကိစ္စ ပြီးအောင်လုပ်ရမည်။

“မေးစရာ ရှိလို့”

“မေးလေ”

“ကျော်ကျော့် နာမည်က ဘာဖြစ်လို့ ကျော်ကျော်မေ ဖြစ်နေရတာလဲ”

“ပြောဖူးတယ် မဟုတ်လား”

“ကိုယ်တော့ ပြောဖူးတယ် မထင်ဘူး၊ ဘယ်လိုစိတ်ကူး နဲ့ ကျော်ကျော့် မိဖတွေက ပေးခဲ့တယ် ဆိုတာ ပြောပြပါလား”

တဖက်က ကျော်ကျော် တော့ဘယ်လိုထင်မည်မသိပါ။ ဦးအောင်ဘညို ကတော့ ကျော်ကျော် နှင့် စကား ပြောနေချင်တာပဲ သိသည်။

“အော် .. ဒီလိုပါ၊ မေမေ့မှာ မောင်လေးတယောက်ရှိတယ်၊ မောင်နှမ နှစ်ယောက်ထဲဆိုတော့ မေမေ က အရမ်းချစ်တာ၊ သူ့နာမည် ကကျော်ကျော်မောင်တဲ့၊ ခပ်ငယ်ငယ်ထဲက ဆုံးသွားတယ်”

“မောင်လေး အတွက် အမှတ်တရပေါ့”

“မေမေ့မှာ ကိုယ်ဝန်ရှိတော့ ယောက်ျားလေး ဆိုရင် ကျော်ကျော်မောင်လို့ ပြန်ပေးပါရစေ လို့ ဖေဖေ့ ကိုခွင့်တောင်းထားတယ်လေ၊ မွေးလာတော့ မိန်းကလေး ဖြစ်နေတော့ မေမေ စိတ်မပျက်ရအောင် ဖေဖေ ကကျော်ကျော် မေလို့ ပေးလိုက်တာ”

“မိန်းကလေး ဆိုတာ ကြို မသိဘူးလား”

“အဲဒီတုန်း က အာထရာဆောင်း မှ မပေါ်သေးတာ”

ဟုတ်ပါသည်။ ကျော်ကျော့် ကို မွေးသည့် လွန်ခဲ့သော နှစ် နှစ်ဆယ် ကျော် အစိတ်ခန့်က ဒီလို နည်း ပညာတွေ ဦးအောင်ဘညို တို့ ကြားတောင် မကြားဖူးသေးပေ။ ဇာတ်လမ်းကဆုံးပြီ။ ဦးအောင်ဘညို က ဇာတ်သိမ်းလို့ မရသေး။

“ဒါနဲ့ ကျော်ကျော်လို့ ခေါ်ကြတယ်ပေါ့”

“ဟုတ်ကဲ့”

“မေ လို့ရောဘယ်သူမှ မခေါ်ကြဘူးလား၊”

“ဟင့်အင်း”

ပါးစပ်ထဲ ရှိတာပြောပြီးမှ ဒီအခေါ်အဝေါ်လေးကို ဦးအောင်ဘညို သဘောကျသွားသည်။ ခေါ်ကြည့်လိုက် ချင် သော်လည်း စိတ်ကမရဲသေး၍

“ကျော်ကျော့် ရည်းစားကရော ဘယ်လိုခေါ်လဲ”

“ရည်းစားမှ မရှိတာ”

“ကျောင်းနေတုန်း က ရည်းစား မထားဖူးဘူးလား”

“မထားဖူးဘူး”

“ဘာလို့ မထားတာလဲ”

“အဲဒါတော့ မသိဘူး”

ဟုတ်တော့ ဟုတ်လောက်သည်။ ကျော်ကျော့် ပုံစံက ယောက်ျားတွေ နှင့် သိပ်ပြီးပတ်ပတ်သက်သက် နေဖူးပုံမပေါ်ပါ။ နောက်ဘာပြောရင်ကောင်းမလဲဟု စဉ်းစားသည်။ ရုတ်တရက်ခေါင်းထဲမှာ မပေါ်လာ။ နောက် ဆုံးပြောမိပြောရာပြောချ လိုက်မိသည်။

“ကျော်ကျော်”

“ရှင်”

“ဟိုလေ … တို့တွေအိပ်ယာပေါ်မှာ ချစ်ကြတဲ့ အခါကျရင် ကျော်ကျော် အရမ်းအော်တာပဲ၊ ဘာဖြစ်လို့လဲ ဟင်”

ကျော်ကျော် အသံတိတ်သွားသည်။ ဖုန်းကိုတော့ ချမပစ်လိုက်ပါ။ အသက်ရှုသံ သဲ့သဲ့လေးကြားနေရ၏။ မဖြေတော့ ဦးအောင်ဘညို ထပ်မေးမိသည်။

“နာလို့လားဟင်”

“မသိဘူး”

“မနာဘူးလား”

“အို ..ဟို …ဟို …”

စကားစရှာလို့ရဟန်မတူ၊ ကျော်ကျော် ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။ ဘာဖြစ်လို့ မေးတာလဲ ဟု ပြန်မေး သင့်ပါလျှက် နှင့် မမေးဘဲ နေသော ကျော်ကျော့် ကို သနားချင်သလိုတောင် ဖြစ်မိသည်။ သို့သော်လည်း လက်စနှင့် မထူးတော့သည့် တူတူဆက်မေးမိသည်။

“ပြောလေ ကျော်ကျော်၊ ကိုယ့်ကို ဘာရှက်စရာ ရှိလို့လဲ”

“နာတော့ နာတယ်၊ ဒါပေမယ့် … ဟို လေ…မသိဘူး၊ စိတ်ထဲမှာ နေလို့မရလို့”

“ဘယ်လို နေလို့ မရတာလဲ”

“အဲဒီ အချိန်ကျရင် ဘာဖြစ်မှန်းကို မသိတော့ပါဘူး”

ကောက်ခါငင်ခါပြောချလိုက်သည့် လေယူလေသိမ်းက ခါတိုင်းကြားနေကျမျိုး မဟုတ်။ တမျိုးဖြစ်နေသည်။ကျော်ကျော် ရှက်သွားပြီထင်သည်။

“အော်ချင်လို့ အော်တာပေါ့”

“အင်း ဟုတ်တယ်”

ဦးအောင်ဘညို နားထဲမှာ ကျော်ကျော့် အော်ညည်းသံတွေ ပြန်ကြားယောင်လာ၏။ အဝတ်မဲ့သော ကျော်ကျော့် ကိုယ်လုံးလေး။ ထူထပ်နက်မှောင်သည့် အမွှေးတွေ။ ဦးအောင်ဘညို မျက်လုံးတွေ ရုတ်တရက်ပြာ ဝေသလိုဖြစ်သွားပြီး အရာအားလုံးအာရုံမှာ ေ၀ဝါးသွားသည်။ ညီတော်မောင်ကို ဖြေသိမ့်ပေးနေသည့် လက်၏ လှုပ်ရှားမှုကလည်း အမြန်ဆုံးဖြစ်သွားပြီး ဇာတ်သိမ်းခန်းဆီ တခါထဲဆွဲတင်သွားသည်။ အဖြူရောင် ချွဲကျိကျိအရည်တွေက လေထဲသို့ပျံတက်သွားပြီးနောက် ကြမ်းပြင်သို့ပြန်ကျ၏။ လေထုထဲသို့ လွင့်မျောသွားသော စိတ်နောက်ကို လိုက်ရင်း ပြောလိုက်မိသည်။

“အရမ်း ကျေးဇူးတင်ပါတယ် မေ”

“ရှင်”

................................................................................

{အရက်ကို နည်းနည်း သောက်လျှင် နည်းနည်းမူး၍ များများသောက်လျှင် များများမူးသည်။

အရက်အတု ကို သောက်မိလျှင်မူကား လုံး၀ မမူးပေ။

ထို့ကြောင့် အရက်ကို သစ္စာရှိသည်ဟု အချို့ကဆိုကြသည်။

အချစ်တွင်ကား သင်ရရှိသော အချစ်သည် အတုဖြစ်စေ၊ အစစ်ဖြစ်စေ သောက်သုံးမိလျှင် မူးယစ်မည်မလွဲပါ။

ဒါသည်ပင် အချစ်၏ သစ္စာ ဖြစ်တော့၏။}

...............................................................................

အခန်း (၁၈)

အသံအကြာကြီးတိတ်သွားတာကြောင့် ကျော်ကျော် ဇဝေဇဝါနဲ့။ ပြီးသွားပြီလား။ ဆက်ကိုင်ထားရမလား။ကျော်ကျော် ငိုင်တွေနေမိတယ်။ ခပ်ကြာကြာလေးစောင့်နေတဲ့ အထိ ဘာသံမှ ဆက်ထွက်မလာတာကြောင့် ဖုန်းကိုပိတ်ပြီး ဘေးမှာ ပြန်ချထားလိုက်တယ်။ ဦးအောင်ဘညို နဲ့ ဖုန်းဒီလောက်ကြာအောင်မပြောဖူးဘူး။

ဒီနေ့တော့ ဦးအောင်ဘညို ထူးခြားနေတယ်။ ဘာမှန်းမသိတာတွေမေးလို့။ ကျော်ကျော်ကလဲ မဖြေဘဲနေလို့ရတာတွေကို ဖြေမိတယ်။ “မေ” တဲ့။ ကျော်ကျော့် ကို ဘယ်သူမှ ဒီလို မခေါ်ကြဘူး။ ခေါ်ဖို့လည်းတွေးမိကြပုံ မပေါ်ပါဘူး။ ကျေးဇူးတင် ပါတယ်လို့လဲပြောသွားသေးရဲ့။ ဦးအောင်ဘညို ဒီညထူးခြားနေတာ တော့သေချာပြီ။

ကျော်ကျော် နဲ့ တွေ့ တိုင်း မူးနေတတ်တဲ့ ဦးအောင်ဘညို ဒီနေ့တော့ မူးမနေဘူးထင်ပါရဲ့။ မူးနေကျလူ မူးမနေရင် ပုံမှန်မဟုတ် ဘူးလို့ ယူဆလို့ရတယ် မဟုတ်လား။

ကျော်ကျော့် ဖာသာကျော်ကျော် မနေနိုင်လို့ အော်မိညည်း မိတာကိုလည်း လာမေးသေးတယ်။ ကျော်ကျော် ကလဲ ကျော်ကျော်ပါ။ သူမေးတဲ့ မေးခွန်းတိုင်းကို ဖြေဖို့ ဘာကြောင့် ကြိုးစားမိတာလဲ။ ဒီထက်ပိုပြီး ခရေစေ့တွင်းကျမေးလာရင် တောင်မှ ကျော်ကျော် ဖြေမိမယ် ထင်တယ်လို့ တွေးမိတော့ ကျော်ကျော် မလုံမလဲ နဲ့ကုတင်ပေါ်လှဲချလိုက်မိတယ်။ ဦးအောင်ဘညို ဖုန်းပြန်ခေါ်ဦးမလား အတွေးနဲ့ စောင့်နေမိသေးပေမယ့် ထပ်မခေါ်တော့တာနဲ့ မီးပိတ်ပြီး အိပ်ယာပေါ် ပြန်လှဲချလိုက်ပြီးအိပ်ဖို့ကြိုးစားတယ်။

“မေ တဲ့”

ခပ်တိုးတိုးလေး ရွတ်ကြည့်ရင်း ကျော်ကျော့် ကိုယ်လုံးလေးတုန်သွားရတယ်။ ကျော်ကျော့် ရည်းစားက “မေ” လို့ခေါ်ဘူးလားမေး ပြီးတော့ မှ သူက “မေ” လို့ ခေါ်တယ်။

သူက ကျော်ကျော့် ရည်းစားလား။ အမှောင် ထဲ မှာ တယောက်ထဲကြိတ်ပြုံးလိုက်မိပါတယ်။ ဦးအောင်ဘညို ကို ရည်းစားလို့ ကျော်ကျော် တခါမှ မမြင် ဖူး ဘူး။

ဦးအောင်ဘညို ကလည်း ဒီလို တွေးမယ်၊ သဘောထားမယ် မထင်ပါဘူး။ ကျော်ကျော် နဲ့ ဦးအောင်ဘညို ဟာရည်းစားတွေ မဟုတ်ပေမယ့် ခန္ဓာကိုယ်ချင်း ရင်းနှီးမှု ကျတော့ လင် မယား လိုဖြစ်နေပြီ။ ဒါပေမယ့် ကျော်ကျော် တို့ကလင်မယားရယ်လို့လဲ မဟုတ်ပြန်ဘူး။

ကိုယ့်ဖာသာ မ ထောက်မညှာ မှတ်ချက်ချရရင် ကျော်ကျော်က ဦးအောင်ဘညို ရဲ့ လိင်ဆန္ဒ ကိုဖြည့်ပေးရတဲ့ မိန်းမ တ ယောက် ပါ။ ကျော်ကျော် တို့ကြားမှာ ရမ္မက်ဆိုတာ တခုပဲပြစရာတွေ့တယ်။ဦးအောင်ဘညို အရက်တွေမူးပြီးရောက်လာမယ်။ ပြီးရင်ကျော်ကျော့် ကို ကုတင်ပေါ်တင်ပြီးတော့ ………။

သူ့ဆန္ဒ ကို ကျော်ကျော် ကိုယ်နဲ့ ဖြည့်စွမ်းပြီးသွားရင် ပိုက်ဆံတွေ တနင့်တပိုးပေးပြီး ပြန်မယ်။ ကျော်ကျော် တို့ ဆက်ဆံရေး နဲ့ ပတ်သက်မှု က ဒီလောက်ပါပဲ။

“ကျော်ကျော် … နင် လူမသိသူမသိ ဖာ ဖြစ်နေတာ၊ နင့် ကိုယ်နင် ဘာထင်နေလဲ၊ နင့် အမေ လို မယားငယ် အဆင့်တောင် မဟုတ်ဘူး”

စိတ်ကူးပေါက်ရင် မှန်ထဲက ကိုယ့်ပုံရိပ်ကို ကိုယ်ပြန်လက်ညိုး ငေါက်ငေါက် ထိုးပြီး ပြောမိတတ်ပေမယ့်၊ ဦး အောင်ဘညို နဲ့ အိပ်ယာပေါ် ရောက်တဲ့ အခါတွေကျရင်တော့အရာရာကိုမေ့နေတတ်တယ်။

သူ ရမ္မက် တွေထန်နေတဲ့ အချိန်မျိုးကလွဲရင် ကျော်ကျော့် ကို လူကြီးလူကောင်းဆန်ဆန် ပြောဆိုဆက်ဆံတတ် ပြီး စာနာထောက်ထားတဲ့ အမူအရာတွေ တွေ့ရတတ်တာကြောင့် ဦးအောင်ဘညို ဒီလို သဘောမထားတန် ကောင်းပါဘူး လို့ဖြေတွေးမိတာ တွေလဲ အကြိမ်ကြိမ်ပါ။ ကျော်ကျော် အလုပ်တခုရချင်တယ်။ ဝင်ငွေ လောက်လောက်လားလား တခုရချင်တယ်။ အဓိက ကတော့ ဦး အောင်ဘညို ရဲ့ အထောက်အပံ့လောင်းရိပ်အောက်က လွတ်အောင်ထွက်ချင်တာပါပဲ။ ဒီ အရိပ်က လွတ် အောင်ထွက်နိုင်ပြီ ဆိုရင် ဦးအောင်ဘညို နဲ့ ကျော်ကျော့်ရဲ့ ဆက်သွယ်မှု အမှန်ကရုပ်လုံးပေါ်လာမယ် လို့ လည်း တွေးမိတယ်။

ဒီလို အတွေးတွေက အခုမှ တွေးမိတာတော့ မဟုတ်ဘူး။ တယောက်ထဲ ရှိနေတဲ့ အချိန်တိုင်း ခေါင်းထဲကို မခေါ်ဘဲ အတင်းရောက်လာတတ်တဲ့ အတွေးတွေပါ။

သိပ်ကြာကြာ ခေါင်းထဲမှာ မထားဘဲမြန်မြန် ပြန်ထုတ်နိုင်ဖို့ အလေ့ အကျင့်တောင်ရနေပြီ။ ဒါပေမယ့် ဒီနေ့တော့ သူက “မေ” လို့ခေါ်လိုက်တာကြောင့် ဂယောက်ဂယက် ပြန်ဖြစ်ရတယ်။ ဟိုရောက်ဒီရောက် အတွေးတွေကို ပြန်စုသိမ်းရင်း ဘုရားမရှိခိုးရသေးတာ သွားသတိရတယ်။ အဆင်မပြေ လှတဲ့ ဘဝမှာ အတတ်နိုင်ဆုံးပြုတဲ့ ကုသိုလ်အနေနဲ့ ဘုရားရှိခိုးတာ ကိုတော့ ကျော်ကျော်မှန်အောင်လုပ် တယ်။ ပုံမှန်ဆိုရင် မနက်တခါ ညဖက်တခါ နှစ်ခါ ဘုရားရှိခိုးဖြစ်တယ်။ ဦးအောင်ဘညို လာတဲ့နေ့တွေ ဆိုရင်တော့ ညဖက်ဘုရား မရှိခိုးဖြစ်တော့ဘူး။ အိပ်ယာထဲက မထချင်လောက်အောင် ပင်ပန်းနွမ်းနယ်ရတာ ရယ်၊ ယောက်ျားတယောက် နဲ့ အိပ်ပြီးမှ ဘုရားရှိခိုးဖို့ ကိုယ့်ဟာကိုယ် မသန့်စင်ဘူး ထင်လို့ပါ။ စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး လှဲနေရာကထပြီး ဘုရားရှိခိုးလိုက်တယ်။ ဘုရားစင်ရှေ့ အထိတော့ မသွားနေတော့ပါဘူး။

ဘုရားရှိခိုးတယ်၊ ပြီးတော့ ရတတ်သမျှဘုရားစာလေးတွေ ရွတ်ဖတ်ပြီးနောက် မှာစိတ်ကနည်းနည်း အနယ်ထိုင်ကြည်လင်သွားပြီး ကျော်ကျော် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားပါတယ်။

မနက်နိုးလာတော့ ကိုယ်လက်သန့်စင် အိမ်မှာလုပ်စရာ ရှိတာလေး အနည်းအကျဉ်း လုပ်ပြီးတော့ ဈေးဝယ်ထွက်လာခဲ့တယ်။ ကျော်ကျော် နေ့တိုင်းဈေးမသွားပါဘူး။

သုံးလေးရက်နေ လို့မှ တခါလောက်ပဲ သွား ဖြစ်တယ်။ ဟင်းတခွက်ရှိရင် ထမင်းစားလို့ရတဲ့ ကျော်ကျော့် အတွက် နေ့တိုင်းဈေးဝယ်နေဖို့ မလိုဘူးလေ။

အခုနောက်ပိုင်း အပြင်ကိုတောင် သိပ်မထွက်ဖြစ်ဘူး။ အကြောင်းကိစ္စ ရှိမှထွက်တယ်။ ဥပမာအလုပ်လျှောက် ဖို့ သွားတာမျိုးမှ ထွက်တယ်။ အပြင်ထွက်ရင် ပိုက်ဆံကုန်တယ်လေ။ မိန်းကလေးဆိုတော့ အဝတ်အစား လေးက အစ ကြိုက်တာလေးတွေ့ရင်လိုချင်တယ်။ မနေနိုင်ရင် ဝယ်မိတယ်။ ဒါကလည်း သိပ်ပြီးတန်ဖိုး မကြီးလှတာမျိုးမှပါ။

အရင်ကတော့ အလုပ်လုပ်ရင် အထောက်အကူဖြစ်အောင် အင်တာနက်သွားသုံး တာမျိုးလုပ်တယ်။ အင်တာနက် ဆိုင်မှာ ဟိုမေးဒီစမ်းနဲ့ အင်တာနက်သုံးတတ်သွားပြီဆိုတော့ မသွားဖြစ်တော့ ဘူး။ နေ့တိုင်းသုံးနေစရ ာ အကြောင်းမှမရှိတာ။

ဦးအောင်ဘညို ပေးပေး နေတဲ့ ပိုက်ဆံတွေက လုံလောက်ရုံအပြင်အများကြီးပိုလျှံပါတယ်။ ဒါပေမယ့် ထင် တိုင်းမသုံးချင်ဘူး။ တခါပေးတဲ့ ပိုက်ဆံကုန်သွားရင် နောက်တခါထပ်ပေးမလားမျှော်ရတာမျိုး မလုပ်ချင်ပါ ဘူး။ ပိုက်ဆံမရှိတော့ လို့ထပ်ပေးပါဦး ဆိုတဲ့ စကားမျိုးကိုတော့ ကျော်ကျော် စားစရာမရှိလို့ အသေခံချင် ခံသွားမယ်။ ပါးစပ်ကပြောလို့ထွက်မှာ မဟုတ်မှန်း ကိုယ့်ဖာသာသိတယ်။

ကျော်ကျော် ဈေးကပြန်ရောက်တော့ တံခါးဖွင့်ရင်းစိတ်ထဲမှာ တမျိုးဖြစ်သွားတယ်။ ကျော်ကျော် အပြင်မှာ ထားပြီး ခတ်ခဲ့တဲ့ သံတံခါးသော့ က အတွင်းဖက်ကပြန်ခတ်ထားတယ်။

ဦးအောင်ဘညို များလား။ လာစရာဆိုလို့ သူတယောက်ပဲ ရှိတယ်လေ။ ဒါပေမယ့် ခါတိုင်း မနက်စောစော တခါမှမလာဘူးတော့ ထူးဆန်း နေတယ်။ တစိမ်းဆိုလဲ သော့မရှိတော့ အိမ်ထဲဝင်လို့ ရမှာမဟုတ်ဘူး။ တံခါးပွင့် သွားတာနဲ့ အထဲကို ခေါင်းလေးပြူပြီးချောင်းလိုက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ ဦးအောင်ဘညို ကို မြင်လိုက်ရတယ်။ လက်ထဲမှာ ဂျာနယ်တစောင်ကိုင် လို့

“ဘယ်သွားတာလဲ”

“ဈေး”

လက်ထဲက ခြင်းတောင်းလေး မြှောက်ပြရင်းပြောလိုက်တဲ့ ကျော်ကျော့် ကို ခပ်တည်တည် နဲ့ကြည့်ရင်း

“ဘာဖြစ်လို့ ဖုန်းထားခဲ့တာလဲ”

ဖုန်းယူသွားဖို့ ကျော်ကျော် သတိတောင်မရဘူး။ မြို့ထဲလိုမျိုးခပ်ကြာကြာသွားရင်တော့ လိုလိုမယ်မယ် ယူ သွားတတ်ပါတယ်။ ဟိုနားဒီနား ဈေးဝယ်တာလောက်ကတော့

ဘာဖြစ်လို့ယူမှာလဲ။

“ဒီနားလေးတင်ခနသွားတာဆိုတော့ ….”

“ခန ကလဲ ကိုယ်ရောက်နေတာ နာရီဝက်ရှိပြီ”

ဈေးဝယ်တာ နာရီဝက်တော့ဘယ်ကမလဲ။ လမ်းလျှောက်ရတာရယ်၊ ဘာဝယ်ရမလဲလို့ လျှောက်ကြည့်ရင်း စဉ်းစားရတာရယ်၊ ဝယ်တာရယ် ဒီလောက်နဲ့တင် နာရီဝက်ကျော်နေပြီ။ ကျော်ကျော် က ဈေးဝယ်ပြီး အဆာပြေအသုတ်စား နေခဲ့သေးတယ်လေ။

“မနက်စာ စားပြီးပြီလား”

ဘာဖြစ်လို့ ဒီလိုမေးလိုက်မိတယ် ဆိုတာ ကျော်ကျော် ကိုယ့်ဖာသာပြန်အံ့သြနေမိတယ်။

“စားခဲ့ပြီ၊ မင်းဖို့တောင် နန်းကြီးသုတ်နဲ့ လဘက်ရည်ဝယ်လာတယ်၊ နောက်က စားပွဲပေါ်မှာ”

ခုကျတော့ “မင်း” တဲ့၊ “မေ” မဟုတ်တော့ပြန်ဘူး။ နားကြားလွဲတာများလား။

“ခေါက်ဆွဲသုပ်စားလာတယ်”

“ဒါဆိုလဲ ဆာမှစားပေါ့”

“ဟုတ်ကဲ့”

တည်တည်ကြီးဖြစ်နေတဲ့ ဦးအောင်ဘညို နည်းနည်းတော့ပြန်ကြည်လင်လာတယ်။

“ကဲကဲ၊ လက်ထဲကခြင်း ကိုသွားသိမ်းလိုက်ပါဦး”

သူ့ရှေ့မှာ ခြေစုံလေးရပ်နေရာကနေ ကျော်ကျော် မီးဖိုခန်းဖက်ဝင်လာခဲ့တယ်။ ဝယ်လာတဲ့ ပစ္စည်းတွေ ကို သူ့နေရာနဲ့ သူထားပြီးနေရာ ချနေတုန်း ဦးအောင်ဘညို လိုက်ဝင်လာပြီးထမင်းစားစားပွဲမှာ ဝင်ထိုင်တယ်။

“လဘက်ရည်သောက်လိုက်ပါလား၊ အေး ကုန်လိမ့်မယ်၊ အေးတောင် အေးနေပါပြီလေ”

လဘက်ရည်ထုပ်ကို လှမ်းကိုင်ကြည့်လိုက်တော့ သူပြောသလောက်မအေးပါဘူး။ နည်းနည်း တော့ နွေးနေ ပါသေးတယ်။ ပါဆယ်ဆိုတော့ များတယ်။ တခွက်စာတောင် က,ရဲ့လားမသိဘူး။

“လဘက်ရည်သောက်ခဲ့ပြီလား”

“အင်း၊ ဘာဖြစ်လို့လဲ”

“များတယ်၊ ကုန်မှာ မဟုတ်ဘူး”

“မင်းမကုန်ရင် ကျန်တာ ကိုယ့်ကိုပေးလေ”

ကျန်တာမဟုတ်ပါဘူး။ ခွက်နှစ်ခွက်ထဲမှာ အညီအမျှထည့်ပြီးတော့ ဦးအောင်ဘညို ရှေ့ကို တခွက်ချပေး လိုက်ပါတယ်။

“ထိုင်ပါဦး”

ကျော်ကျော် သူနဲ့ မျက်နှာချင်း ဆိုင်မှာ ဝင်ထိုင်လိုက်တော့ လက်ထဲကဂျာနယ်ကိုဖြန့် ပြီး အလုပ်ခေါ်တဲ့ ကြော်ငြာတခုကို ပြတယ်။ မြင်သာအောင်ဘောလ်ပင် နဲ့ ဝိုင်းထားတာ ကျော်ကျော်လုပ်ထားတာ မဟုတ်လို့ ဦးအောင်ဘညို လုပ်ထားတာပဲဖြစ်ရမယ်။

“မနက်ဖြန် မနက်ဆယ်နာရီလောက် အဲဒီအလုပ်ကို သွားလျှောက်လိုက်။ စာရွက်စာတန်း တွေ အဆင်သင့်ရှိတယ် မဟုတ်လား”

“ရှိပါတယ်”

“မင်း လျှောက်လွှာတင်တာနဲ့ တခါထဲ အင်တာဗျူးလိမ့်မယ်”

ဦးအောင်ဘညို ဟိုဖက်နဲ့ အချိတ်အဆက်လုပ်ပြီးပြီဆိုတာ ကျော်ကျော်ရိပ်မိလိုက်တယ်။ သူလိုလူတ ယောက် အတွက်ဒါမျိုးဆိုတာ ခက်ခဲတဲ့ ကိစ္စတခုမှ မဟုတ်တာ။

“ပြောပေးထားတာလား”

“အင်း၊ ဒါပေမယ့် အင်တာဗျူးကြည့်ပြီး ကြိုက်မှခန့်ပါလို့ပဲ ပြောထားတယ်။”

ဒါဆိုရင် ကျန်တာကျော်ကျော့် အပိုင်းပဲပေါ့။ ကျော်ကျော်ကလည်း သူ့အကူအညီ ကိုဒီနေရာ မှာမလိုချင် ပါဘူး။ သူပေးနေတဲ့ ပိုက်ဆံတွေက ကျော်ကျော် အလုပ်မလုပ်ဘဲ နေလို့ရနေတာပဲ။ အလုပ်အတွက်တော့ကိုယ့်အားပဲ ကိုယ်ကိုး ချင်တယ်။ ဒါကြောင့် ဦးအောင်ဘညိုက သူ့လုပ်ငန်းမှာ လုပ်မလား လို့မေးတာကိုခါးခါးသီးသီး ငြင်းခဲ့တာပေါ့။

“သွားမယ် မဟုတ်လား”

“ဟုတ်ကဲ့”

ဦးအောင်ဘညိုက လဘက်ရည် တကျိုက်မော့လိုက်ရင်း

“မင်းကို အင်တာဗျူးမယ့် ဒေါ်ခင်သိန်းရီ ဆိုတာ အဲဒီက GMပဲ။ အရမ်းတော်တယ်။ သူ့လက်အောက်မှာ လုပ်ခွင့်ရရင် မင်း အတွေ့အကြုံတွေ ပညာတွေ အများကြီးရမယ်”

သူ သေသေချာချာကို စနစ်တကျတွေးပြီးစီစဉ်ပေးတာပါလား ဆိုတဲ့ အတွေးကြောင့် ဦးအောင်ဘညို ကိုကျော်ကျော် ခပ်ကြာကြာလေး စိုက်ကြည့်မိပါတယ်။

“ဘာဖြစ်လို့လဲ”

“ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး၊ ကိုယ်မင်းကို ဒီထက်မက ကူညီသင့်တာပါ”

ခနတိတ်သွားကြပြီးတဲ့နောက်

“အပြင်သွားရင် ဖုန်းယူသွားပါ ကျော်ကျော်၊ မနက်က ကိုယ်ရောက်လာတော့ မတွေ့လို့ ဖုန်းခေါ်ကြည့် တယ်၊ ဖုန်းသံက အိပ်ခန်းထဲက ပြန်ထွက်လာတယ်။ မင်းဒီကနေများ

ထွက်သွားပြီလားစိတ်ပူသွား တာ ပေါ့”

“မသွားပါဘူး”

စိတ်ပူတာတော့ မသိပေမယ့် မနက်ကကျော်ကျော် ရောက်လာတော့ရုပ်တည်ကြီးနဲ့ ကြည့်တာ ကိုတော့ မှတ်မိနေတယ်။

“မနေ့ ညနေ က ဖုန်းဆက်တာ အလုပ်အကြောင်းပြောဖို့လား”

“ဟုတ်တယ်”

...............................................

ကျော်ကျော် ဦးအောင်ဘညို ကိုနားမလည်တော့ဘူး။ ညက ကျော်ကျော်ပြန်ဆက်တုန်းကတော့ ဘာမှမပြော ဘဲ မဆိုင်တာတွေလျှောက်ပြောနေပြီးတော့ ခုကျပြန်တော မနက်စောစောစီးစီး ရောက်လာပြီးပြောတယ်။ ကျော်ကျော် စဉ်းစားနေတုန်း ဦးအောင်ဘညို ထိုင်ရာက ထပြီး ရေချိုးခန်းထဲ ဝင်သွားတယ်။ ကျော်ကျော် လည်း သူသောက်သွားတဲ့ခွက်နဲ့ ကျော်ကျော့် ခွက်ကို ရေဆေးပြီးတော့ အဝတ်လဲ ဖို့သတိရတာ နဲ့ အိပ် ခန်း ဖက်ကို အသွားမှာ ရေချိုးခန်း ကထွက်လာတဲ့ ဦးအောင်ဘညိုက နောက်က ပါလာလို့ ဘာလုပ်ရမှန်းမသိတော့ဘူး။

သူ မနက်စောစော စီးစီးမှာ ကျော်ကျော့် ကို လိုချင်နေပြန်ပြီလား။ ကျော်ကျော် က အဝတ်လဲ မလို့။ သူ့ရှေ့မှာလဲရတာ ကျော်ကျော့် အတွက်ရှက်စရာ မဟုတ်တော့ပေမယ့် တမင်ပြသလို ဖြစ်မှာလဲ စိုးတယ်လေ။

အခန်းထဲရောက်လို့ ဘီရိုနားမှာရပ်ရင်း  အကဲခတ်ကြည့်နေလိုက်တော့ သူကဖာသိဖာသာ ပဲ မှန်တင်ခုံဖက် ကို လျှောက်သွား တယ်။ ကျော်ကျော် ချီတုံချတုံ ဖြစ်နေပြီးမှကျောပေးလျက် အနေ အထားနဲ့ ဦးအောင်ဘ ညို ကိုမြင်တော့ မှ စိတ်ဆုံးဖြတ်လိုက်ပြီး ထမိန်ကို အရင်လဲ လိုက်တယ်။ ပြီးတော့ အင်္ကျ ီတထည် ခပ်မြန် မြန်ထုတ်ယူပြီးဝတ်လက်စ အင်္ကျ ီကို ချွတ်နေတုန်း

“အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်သွားနော်၊ လိုအပ်ရင် ထပ်ဝယ်လိုက် မနှမျောနဲ့”

“ရှင်”

မှန်တင်ခုံ ဆိုတဲ့ အတိုင်း မှန်ပါတာ ကျော်ကျော် မေ့သွားတယ်။ မှန်ထဲကနေ ဦးအောင်ဘညို ကျော်ကျော့် ကို မြင်နေရမှာပေါ့။ ခုလည်း လှည့်မလာဘဲ မှန်ထဲ မှာ ကြည့် ရင်းပြောလိုက်တာ။

“အဝတ်အစား ရှိပါတယ်”

ချွေတာတယ် ဆိုပေမယ့် ခုနောက်ပိုင်း မှာ ဟိုးအရင်ကထက်စာရင် ကျော်ကျော် အဝတ်အစား ပိုပြီး ဝယ်ဖြစ် ပါတယ်။

“ဒေါ်ခင်သိန်းရီ က သပ်သပ်ရပ်ရပ် စမတ်ကျကျ မှ သဘောကျတယ်၊ သူမေးတာတွေ ကိုသိရင်သိတဲ့ အတိုင်း သွက်သွက်လက်လက်ဖြေ။ မသိရင်လည်း မသိဘူး ရိုးရိုးသားသား ဝန်ခံလိုက်”

“ဟုတ်ကဲ့”

မထူးတော့တဲ့ အခြေအနေ ဆိုတော့ ခပ်တတည်တည်ဘဲ အင်္ကျ ီလဲ လိုက်ပြီး သူဘာလုပ်နေတာလဲ သိချင် လို့ အနားကိုသွားကြည့် လိုက်တော့ ကျော်ကျော် မှန်တင်ခုံထဲမှာထားတဲ့ ပိုက်ဆံတွေကို ရေကြည့်နေတာတွေ့လိုက်ရတယ်။ ရေပြီးတော့ ပြန်ထားရင်း

“မင်းတခါပြောဖူးတယ်၊ အရင် အလုပ်တွေမှာ အဆင်မပြေလို့ ထွက်ခဲ့ပြုတ်ခဲ့တာတွေ အကြောင်း၊ ဒါကို ပြောပြရင်လည်း ကိုယ့်ဖက်က အလွန်ဖြစ်အောင် မပြောနဲ့၊ အဆင်မ

ပြေရခြင်းအကြောင်း ကိုရေရေရာရာ ရှင်းပြ ဟုတ်လား”

“ဟုတ်ကဲ့”

“အလုပ်ရှင် တယောက်အနေနဲ့ ပြောရရင် အထက်လူကြီးနဲ့ ပြသနာဖြစ်ဖူးတဲ့ သူကို ခန့်ဖို့ လက်တွန့်ကြ မှာပဲ၊ ဒါကြောင့် မင်းအခုထိ အလုပ်ရှာတာ အဆင်မပြေတာ။ တကယ်လို့ မေးလာရင် ကိုယ့်ဖက်ကလွန်တာ မဟုတ်တဲ့ အကြောင်းခိုင်ခိုင်လုံလုံ ပြောပြနိုင်ရမယ်၊ ဘာဖြစ်လို့ အရင်အလုပ်ကထွက်ရတာလဲ မေးလာရင် စူပါဗိုက်ဇာ နဲ့ ပြသနာဖြစ်လို့ပါလို့ တခွန်းထဲ ဖြေလိုက်လို့ကမဖြစ်ဘူး၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့”

ကျော်ကျော့် ကို သူငယ်နှပ်စားလေး တယောက်လိုပြောနေဆိုနေ ပေမယ့် ကျော်ကျော် စိတ်မဆိုးပါဘူး။ တ ကယ့်စေတနာ နဲ့ ပြောနေတယ် ဆိုတာ ကျော်ကျော်ရင်ထဲက သိတယ်။

“ဒါက ဘာလဲ၊ ဆေးထင်တယ်”

ကျော်ကျော် မျက်နှာ ဘယ်လိုထားရမှန်း မသိအောင်ဖြစ်သွားရတယ်။ ပိုက်ဆံ တွေဘေးက ဗူးလေး တခုကိုဦးအောင်ဘညို ကောက်ယူဖွင့်လိုက်တယ်။

“နေမကောင်းဘူးလား၊ ဘာဖြစ်လို့ သောက်တာလဲ”

ကျော်ကျော် အဖြေမပေးတော့ ဦးအောင်ဘညိုက ဗူးကိုဖွင့်လိုက်ပြီး လက်ပေါ်သွန်ချလိုက်တယ်။ မြားကလေး တွေပြထားတဲ့ အတိုင်းသောက်ရတဲ့ ဆေးကဒ်လေး နှစ်ကဒ် လက်ဖဝါးပေါ်ကျလာတယ်။ တကဒ်က အသစ်၊တကဒ်က သောက်လက်စ။

“အော်”

ဒါတွေ သွားဝယ်တိုင်းကျော်ကျော် စိတ်ညစ်ရတယ်။ ကျော်ကျော့် လို အရွယ်ရောက်ပြီး မိန်းမတယောက် ဒီလို ဆေးဝယ်တာ မဆန်းပေမယ့် အိမ်ထောင်သည် မဟုတ်ဘဲဝယ်ရတဲ့ အတွက်လိပ်ပြာမလုံချင်ဘူး။ ဝယ်ရင်း ဆေး ရောင်း တဲ့ မိန်းကလေးတွေ နဲ့ မျက်လုံးချင်းဆုံဖို့တောင် ဝန်လေးတယ်။မဝယ်ချင်လို့ လည်းမရဘူး လေ။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုတာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ် သင့်တယ် မဟုတ် လား။ ဦးအောင်ဘညို ဟာ တာဝန်မဲ့ လုပ်မယ့်သူမဟုတ်ဘူး လို့ထင်ပေမယ့် ကိုယ့်ဖက်က လုံခြုံ အောင် လုပ်ထားမှ အဆင်ပြေနိုင်မယ်လေ။ ဆေးတွေကို ဗူးထဲပြန်ထည့်ပြီး သူ့နေရာသူ ပြန်ထားပေးတယ်။ ပြီးတော့ ကျော်ကျော့် ပုခုံးကို လက်နဲ့ကိုင်ပြီးကျော်ကျော့် ကိုကြည့်နေတယ်။ ကျော်ကျော် သူနဲ့ အကြည့်ချင်း မဆိုင်ဝံ့လို့ ခေါင်းငုံ့ထားလိုက်တယ်။ခ နနေတော့ မှ ဦးအောင်ဘညိုက ကျော်ကျော့်ပုခုံးကို ညှစ်လိုက်ပြီးတော့

“ကိုယ် သွားလိုက်ဦးမယ်၊ ဒီနေ့ လုပ်စရာတွေ ရှိလို့ ပြန်လာဖြစ်မယ် မထင်ဘူး၊ မနက်ဖြန်တော့ သွား ဖြစ် အောင်သွား လိုက်နော်”

“ဟုတ်ကဲ့”

“အပြင်ထွက်ရင် ဖုန်းယူသွားဖို့လဲ မမေ့နဲ့၊ အင်တာဗျူး ပြီးတဲ့ အချိန်လောက် ကိုယ်ဖုန်းလှမ်းဆက်မယ်”

“ဟုတ်ကဲ့”

ကျော်ကျော့် နဖူးပြင် နွေးကနဲဖြစ်သွားပြီး နောက်ဦးအောင်ဘညို ထွက်သွားတယ်။ ဝေးသွားတဲ့ ခြေသံ။ တံခါးဖွင့်သံ၊ ပြန်ပိတ်သံတွေ ကြားပြီး တော်တော်ကြာတဲ့ အထိ ကျော်ကျော်ဒီအတိုင်း ခြေစုံရပ်နေမိတုန်းပဲ။

ကျော်ကျော့်ရင်ထဲမှာ တခုခု လိုနေသလို ခံစားရတယ်။ ဘာလိုနေတယ် ဆိုတာကိုတော့ ကျော်ကျော် လည်းမသိဘူး။ ဒီနေ့ ကျော်ကျော် တို့ဘာမှမဖြစ်ခဲ့ပေမယ့် ဖြစ်ခဲ့သလို နွမ်းလျနေတယ်။ မှန်ထဲ မှာ ကိုယ့်ကိုယ် ကို ပြန်ကြည့်လိုက်တော့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လို့။

..........................................

{အခွင့်အရေးဆိုသည်မှာ လူတိုင်းလိုချင်မက်မောသောအရာဖြစ်သည်။ အောင်မြင်လိုသူတိုင်း ရလာသည့်အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ရန်လိုသည်။

သို့သော် ရသမျှအခွင့်အရေးတိုင်းကို ရယူခြင်းသည်လည်း မကောင်းပေ။ အကောင်း နှင့် အဆိုး ဒွန်တွဲ၍ နေတတ်သည့် လောကဓမ္မတာ အတိုင်း ယူသင့်သော အခွင့်အရေးနှင့်

မယူသင့်သောအခွင့်အရေး ဟူ၍ရှိ၏။ အခွင့်အရေးတိုင်း ကိုလိုချင်မက်မောခြင်းသည် လောဘကိုမွေးမြူရာရောက်သည်။}

.............................................................................

အခန်း (၁၉)

ဒီနေ့ ဦးအောင်ဘညို အလုပ်များသည့် နေ့ဖြစ်သည်။ မနက် ပိုင်းတကျော အလုပ်ကိုခန သွားပြီး နေ့လည် အိမ်ပြန်ကာ သိင်္ဂ ီ့ကို ခေါ်ပြီး လေဆိပ်လိုက်ပို့ရသည်။

အရေးပေါ်ဖြစ်သောနန်းရူပါဝင်းတို့ သားအမိကတော့ မနေ့ကပင်သွား နှင့်ကြပြီ။ သိင်္ဂီ ကတော့ ကိစ္စလေးတွေ ကျန်နေသည့် အတွက်ဒီနေ့ မှလိုက်ရမည်။ လေဆိပ်မှာ ကားပေါ်ကဆင်းကထဲက သိင်္ဂီ ဘီးတပ်အိတ်ကလေးကို ဆွဲပြီး  ဦးအောင်ဘညို နှင့် လူချင်း ထိလုမတတ်ကပ်ရင်းလိုက်လာသည်။အညိုရောင်ဖျော့ဖျော့ စကပ်တိုလေး ဝတ်ထားသည့် သိင်္ဂီ က မြန်မာ မလေး တယောက်နှင့်ပင် မတူတော့ သလိုဖြစ်နေသည်။ ဘယ်လိုဝတ်စေလှနေသည့် ဆုတောင်းကောင်း မှု ကြောင့် ပုရိသတိုင်းက သိင်္ဂ ီ့ကို မကြည့်ဘဲ မနေနိုင်ကြပါ။ ဦးအောင်ဘညို က တတ်နိုင်သလောက် သိင်္ဂီ  နှင့် လူချင်း မပူးမိစေရန် သတိထားသည်။ ဒီလိုနေရာ မျိုးဆိုတာ မိတ်ဆွေ အပေါင်းအသင်း နှင့် တွေ့တတ်သည်မဟုတ်ပါလား။ ဦးစိုးက လိုက်ပို့ပေးမည်ပြောသော်လည်း သိင်္ဂီ က ခပ်တည်တည်ပင် ဦးအောင်ဘညို နှင့်သွားမည် ဆိုလာသောကြောင့် မတတ်သာတော့ဘဲ တခေါက်ပြန်ခေါ်ကာ ပို့ပေးရခြင်းဖြစ်သည်။

“ဒူးတွေမခိုင်ချင်သလိုဖြစ်နေတယ်”

“ဘာဖြစ်လို့လဲ၊ လေယာဉ် မစီးဖူးတာလဲ မဟုတ်ဘူး၊ နိုင်ငံခြား မသွားဘူးတာလဲ မဟုတ်ဘူး”

“ညက များသွားလို့”

ပြောင်စပ်စပ်မျက်နှာ နှင့် သိင်္ဂီ ပြောတော့ ဦးအောင်ဘညို မျက်နှာ နွေးနွေးရှိန်းရှိန်း ဖြစ်သွားရသည်။ သိင်္ဂ ီ ပြောတာလည်း မှန်ပါသည်။ ညက တော်တော်များခဲ့၏။

ဟိုတနေ့က တို့လို့တန်းလန်း ထားခဲ့ရသည်ကိုပြန်ပေးဆပ်သည့် အနေဖြင့် သိင်္ဂီ က နှစ်ဆသုံးဆမက ပြန်ပြီးအလျော်ပေးခဲ့သည်။ စင်္ကာပူ သွားဖို့ ကိစ္စလည်း ရှိနေရာ ပြီးခဲ့သည့်အတွက်သာမက ရှေ့လာမည့်အတွက်ပါ ပါသည်ဟု သိင်္ဂီ ဆို၏။ မနေ့က သိင်္ဂီ လည်း အလုပ်များသည်။ နန်းရူပါဝင်း တို့နောက်သို့ အားချင်းလိုက်ဖို့ ပြေးလွှားနေရသဖြင့် တနေကုန် အိမ်မှာ မရှိ။ ညနေစောင်းမှ ပြန်ရောက်လာသည်။ ဦးအောင်ဘညိုကလည်းသင်္ကြန်ပျော် အဖွဲ့ တွေ အတင်းလိုက်ခေါ်၍ ဂေါက်ကွင်းပါသွားလို့ အိမ်ပြန်နောက်ကျသည်။ ဒီကြားထဲ တူမတော်ဖူးဖူးက သိင်္ဂီ  အတွက် အဝတ်အစားတွေထည့်ရာ မှာလာရောက်ကူညီနေသည့်အတွက် ချက်ချင်း ဦးအောင်ဘညို ဆီကိုမလာနိုင်ဖြစ်ရသည်။ ညကိုးနာရီကျော်လောက်မှာ ပြင်ဆင်စရာတွေ ပြင်ဆင်ပေးပြီးဖူးဖူး ပြန်သွားမှ ဦးအောင်ဘညို ဆီကို သိင်္ဂီ  ရောက်လာသည်။

“အလျော်လာပေးတာ”

ပြုံးစစ နှင့်ပြောလာသော သိင်္ဂ ီက အဝါရောင်ချည်သားဂါဝန် ကိုဝတ်ထားသည်။ အပေါ်ပိုင်းရော အောက်ပိုင်း ပါလုံခြုံသော်လည်း ဂါဝန်အောက်မှာ အတွင်းခံလုံးဝပါလိမ့်မည် မဟုတ်ကြောင်းဦးအောင်ဘညို သေသေ ချာချာ သိနေပါသည်။

“ကိုကို အိပ်ချင်ပြီလား”

“မအိပ်ချင်သေးပါဘူး”

“ကောင်းတယ်၊ မအိပ်နဲ့ သိင်္ဂီ နဲ့ တညလုံးစကားပြောနေရမယ်”

“ဟောဗျာ”

“ကိုကို ကမပြောချင်ဘူးလား”

“မပြောချင်လို့ မဟုတ်ပါဘူး၊ သိင်္ဂ ီက မနက်လဲ ခရီးသွားရဦးမယ်လေ”

“ရပါတယ်၊ လေယာဉ်ပေါ်မှာ အိပ်ပြီးလိုက်သွားမှာပေါ့”

ခုံမှာထိုင်နေသော ဦးအောင်ဘညိုကို အိပ်ယာပေါ်ဆွဲခေါ်သည်။

“ကိုကို သောက်ထားသေးလား”

ဦးအောင်ဘညို ကိုလှဲခိုင်းပြီးရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်ရင်းမေးသည်။

“နည်းနည်းတော့ သောက်ထားတယ်”

“အနံ့သိပ်မရဘူး နော်”

နူးညံ့အိစက်သော သိင်္ဂ ီ့ ကိုယ်လုံးလေးက ဦးအောင်ဘညိုနှင့် ထိချင်တိုင်းထိနေသည်။ ထိလေရာနေရာတွင် အိသောနွေးသော အတွေ့က ဦးအောင်ဘညို ရင်ကိုလှုပ်ရှားစေ၏။

ဒီညတော့ နန်းရူပါဝင်း ဖုန်းဆက်မည် မထင်ပါ။

“ရူပါဖုန်းဆက်သေးလား”

“ဆက်ပြီးသွားပြီ၊ အဆင်ပြေတယ်တဲ့၊ သူ့ဆီက ဖုန်းရပြီးတာနဲ့ ဖုန်းပိတ်ပြီး အခန်းထဲမှာထားခဲ့ပြီ၊ သိလား”

စကားအဆုံးတွင် မျက်စိ တဖက်မှိတ်ပြ၏။

“သူများဆီကိုတော့ ဒီနေ့ ဘယ်ဖုန်းမှ လာမှာ မဟုတ်တော့ဘူး”

သိင်္ဂ ီ့လက်က ဦးအောင်ဘညို အင်္ကျ ီ အတွင်းသို့တိုးဝင်လာပြီး လိုက်ပွတ်နေ၏။ စိတ်ထဲမှာ ယားကျိကျိ ဖြစ် လာသောကြောင့် ဦးအောင်ဘညို တွန့်ကနဲတွန့်ကနဲဖြစ်သွားသော အခါသိင်္ဂီ သဘောတွေကျပြီး တခစ် ခစ်ရယ်သည်။ ရယ်ရင်းမောရင်းပင် နယ်ကျော်လာပြီး ဦးအောင်ဘညို ကိုယ်အောက်ပိုင်း ကိုဆုပ်ကိုင်လာ သည်။ နဂိုထဲက စိတ်လှုပ်ရှားနေသော ကြောင့် သိင်္ဂီ  ကိုင်လိုက်သည် နှင့် ဖွားဖက်တော်က တင်းမာစွာ ခေါင်း ထောင်ထလာသည်။

“ကိုကို ကတော့လေ၊ တကယ်ပဲ၊ အထိကို မခံဘူး”

ဦးအောင်ဘညို ဘာမှ ပြောမနေတော့ဘဲ သိင်္ဂ ီ့ကို တင်းတင်းဖက်လိုက်ပြီး ပေါက်ကရတွေလျှောက်ပြော နေ သော နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေဖြင့် ပိတ်ပစ်လိုက်၏။ အနမ်းကို စိတ်လိုလက်ရတုန့်ပြန်သည့် နည်းတူသိင်္ဂ ီ့လက်တွေကလည်း အငြိမ်မနေပါ။ လုံချည်ကို ဖြေချလိုက်ပြီး ဖွားဖက်တော် ကို ဆုပ်နယ်ပေးနေသည်။လက်ဖြင့်တင်းတင်းကိုင်ပြီး အစုန်အဆန်လှုပ်ရှားပေးနေသလို ထိပ်ဖျားကိုလည်း လက်မလေး ဖြင့်ဖိဖိပွတ်၏။ရင်ထဲမှာ ထလာသောမုန်တိုင်းတခုကို ဦးအောင်ဘညို တွန်းလှန်ရန်မစွမ်းတော့

“သိင်္ဂီ ”

ဦးအောင်ဘညို ဘာကိုဆိုလိုသည်ကို သိင်္ဂ ီသိပါသည်။ ဦးအောင်ဘညို ရင်ခွင်ထဲကနေ လူးလဲထလိုက်ပြီး ဂါဝန်ကို ခေါင်းမှနေ ကျော်၍ချွတ်လိုက်သည်။ လှဲနေရာမှ ထရန်ပြင်လိုက်သော ဦးအောင်ဘညို ရင်ဘတ်ကို တွန်းလိုက်ပြီး

“သူများ ပြန်လျော်ပေးမယ် လို့ပြောထားတယ်လေ”

“သိင်္ဂီ ကလဲကွာ”

“လျှာမရှည်နဲ့၊ တိတ်တိတ်နေ”

ဦးအောင်ဘညိုကို သိင်္ဂ ီ ခွထိုင်လိုက်သည်။ ပြီးတော့ တင်ပါးလေးကိုမ၍ နေရာတကျဖြစ်အောင်လုပ်လိုက် ပြီး ခပ်ဖိဖိလေး ထိုင်ချလိုက်သည်။

“အား”

သိင်္ဂ ီ့နှုတ်ဖျားက ခပ်ဖွဖွညည်းသံလေးတခု ထွက်ကျလာသည်။ ဦးအောင်ဘညို လက်နှစ်ဖက်ကို မယူလိုက် ပြီး သူမရင်သားနှစ်ဖက်ပေါ်တင်ပေးကာ ကိုင်ခိုင်းထားပြီးနောက် တင်ပါးလေးကိုမ ချည်ချချည် ဖြင့်ခပ်မှန်မှန် လုပ်ပေး၏။ ဦးအောင်ဘညိုကလည်း သိင်္ဂ ီ့ရင်သားတွေကို ပင့်ကိုင်ထားရင်း ဖျစ်ညှစ်ဆုပ်နယ်ပေး လိုက်သော အခါ တဖြည်းဖြည်းဖြင့်

သိင်္ဂ ီ အရှိန်ရလာသည်။

“အ ..အ…..အ…အင်း”

နှုတ်ဖျားမှ ခပ်ဖွဖွလေး ညည်းရင်း သွက်သွက်လှုပ်ရှားလာသော အခါ အရှိန်နှင့် ရှေ့သို့ငိုက်မကျလာစေ ရန် ဦးအောင်ဘညိုက ရင်သားတွေဆီကနေထောက်မထားရ၏။ သိင်္ဂီ နှေးသွားလျှင်တင်ပါးကနေ ကူဆွဲပေးရ သည်။ သိင်္ဂ ီ့နဖူးလေး မှာ တစထက်တစ ချွေးလေးတွေစိုဥလာသလို အသက်ရှုသံကလည်း ပို၍ပို၍ ကျယ်လောင် လာ၏။

နဲနဲကြာလာတော့ သိင်္ဂီ မောလာပုံရသည် အရှိန်နှေးသွားပြီး နောက် ဦးအောင်ဘညို ပေါ်မှောက်ချ လိုက်သည်။

“သိင်္ဂီ မောနေလား”

“ဟင့်အင်းရပါတယ် ဆို”

လက်လျှော့မည့်ပုံမရှိသဖြင့် ဦးအောင်ဘညိုက သိင်္ဂီ အမောဖြေနေစဉ် အောက်ကနေ တချက်ချင်းပင့်ပင့် ပြီး ဆောင့်ပေးသည်။ တချက်ချင်းဆိုသော်လည်း အားထည့်ပြီး လုပ်သဖြင့် သိင်္ဂ ီ့ကိုယ်လုံးလေး ကြွကြွထက်သွားသည်။ လွတ်ထွက်မသွားစေရန် ဦးအောင်ဘညိုက သိင်္ဂ ီကျောပြင်ကို သိုင်းဖက်ထားရသည်။ အားပါသောဆောင့်ချက်တွေက သိင်္ဂ ီ့ကို ပြန်လည်တက်ကြွလာစေပြီးသူမ အမောအနည်းငယ်ပြေသည် နှင့်ပြန်လည်ဦး ဆောင်ပြန်သည်။ ဒီတခေါက်ပြန်အစတွင် အရင်ထက်ပိုကြမ်းကြမ်းလေး လုပ်၏။

သိင်္ဂ ီပြီးခါနီး ပြီထင်သည်။ ချွေးစိုကာ နီရဲနေသော မျက်နှာကလေး နှင့် သိင်္ဂီ သည် မျက်လုံးတွေပင် ကောင်းကောင်း မပွင့် တော့။ ထို့ကြောင့် ပိုထိရောက်စေရန် ဦးအောင်ဘညိုကလည်း အားထည့်ပြီးပြန်ပင့်ဆောင့်ပေးသော အခါ သိင်္ဂ ီမနေနိုင်တော့ဘဲ နှုတ်ကနေဖွင့်ပြောလာသည်။

“ကိုကို … သူများပြီးတော့မယ်၊ အ….အ….အာ”

ပွဲကအရှိန်တက်လာသောအခါ ပိုပြီးကြမ်းတမ်း မြန်ဆန်လာ၏။ ခနအကြာတွင် သိင်္ဂ ီ တညည်းညည်း တညူ ညူ နှင့် ဦးအောင်ဘညို ကိုယ်ပေါ်လဲကျလာသည်။ ပန်းတိုင်ရောက်ခါနီးပြီ ဖြစ်သော ဦးအောင်ဘညိုက က လည်း နေရာပြောင်းလိုက်ပြီး တရှိန်ထိုးဆက်လုပ်သည်။ သိင်္ဂ ီလည်း အိပ်ယာပေါ်တွင်လူးလှိမ့်အော်ညည်း နေသည်။ တခြားအိမ်သားတွေ အပေါ်ထပ်တွင်မနေကြလို့သာတော်တော့သည်။ တခြားသူတယောက် ယောက်သာ အခန်းချင်းကပ်လျှင်ရှိမည် ဆိုပါက တစွန်းတစတော့ အသံကြားမိနိုင်သည်။ ပန်းတိုင်ကို အရှိန် ဖြင့်တိုးဝင်ဖို့ကြိုးစားနေသော ဦးအောင်ဘညို ၏ ဆောင့်ချက်တွေကြောင့် တဖတ်ဖတ်မြည်သံ တွေက စက်သေနတ်ပစ်သလို ဆက်တိုက်ထွက်ပေါ်နေ၏။

“ကိုကို … ကိုကို …”

တလှိုက်မက်မက် သိင်္ဂ ီ့ ခေါ်သံလေးတွေ နှင့် အတူဦးအောင်ဘညို လည်းပန်းတိုင်ကို လှမ်းမိသွားသည်။ သက်ပြင်းတချက်ကို မှုတ်ထုတ်လိုက်ပြီး နောက် ဦးအောင်ဘညို လည်းသိင်္ဂ ီ့ဘေးကိုလှဲချလိုက်ရ၏။ သိင်္ဂ ီ ကလည်း အလိုက်တသင့်လေး ဆီးကြိုဖက်ထားလိုက်ပါသည်။ နှစ်ယောက်လုံးအသက်ကို မြန်မြန်ရှုနေကြ ရသည်။

“သူများ မရှိတုန်း ကိုကိုကောင်းကောင်း နေရမယ်နော်”

အမောပြေသွားသောအခါ ဦးအောင်ဘညို ပါးကိုလက်ကလေးနှင့် သပ်ပေးရင်း သိင်္ဂ ီပြောသည်။

“အများကြီးလဲ သောက်မနေနဲ့”

သိင်္ဂ ီ့ကို ဦးအောင်ဘညို သဘောကျတာ အဲဒါပဲဖြစ်သည်။ တခြားမိန်းမတွေလို အရက်သောက်တာ ကို မကြိုက်ချင်သလိုမျိုးမရှိပါ။ အလွန်အကျွံ မဟုတ်လျှင်ပြီးရောဟု သဘောထားဟန်ရှိသည်။ ဦးအောင်ဘညို ကို သူမတရားဝင်ပိုင်ဆိုင်သည် မဟုတ်၍လည်း ဖြစ်နိုင်သည်။ နှစ်ယောက်လုံး အမောပြေသွားသောအခါ သိင်္ဂ ီ ကစပြီး ပြသနာ ရှာပြန်သည်။ ခွဲရခါနီးဖြစ်လို့လားမသိ သိင်္ဂ ီ စိတ်အားထက်သန်လွန်းလှသည်။ သူမ၏ တက်ကြွမှုကြောင့် ဦးအောင်ဘညိုလည်း ရမ္မက်နောက်ကို ကောက် ကောက်ပါအောင် လိုက်မိတော့သည်။ ထို့ကြောင့် အခန်းထဲမှာ တညလုံးနီးပါး မုန်တိုင်းကထန်တော့ ၏။ များသောအားဖြင့် သိင်္ဂီ ကဦးဆောင်သော်လည်း သူမလည်းအချိန်တိုင်း မတတ်နိုင်၊ သိင်္ဂီ မဟန်နိုင် သည့် အခါ ဦးအောင်ဘညို ဝင်ရတော့သည်။ ကြာတော့ နှစ်ယောက်လုံး မလှုပ်နိုင်ကြတော့ပေ။

“သူများကို တမျိုးမမြင်နဲ့နော်”

“ဘာကိုလဲ”

“ဒီကောင်မလေး ရာဂကြီးတယ်လို့”

“အော် … သိင်္ဂ ီ ရယ်၊ ဒါက”

“သူများ မရှိရင် ကိုကိုတယောက်ထဲ မဟုတ်လား၊ ဒါကြောင့် ဝအီနေအောင်ပေးခဲ့တာ”

အီရုံမျှမက လှုပ်တောင်မလှုပ်ချင်တော့ ဟု ပြောလိုက်ချင်သော်လည်း သိင်္ဂ ီ စိတ်မကောင်းဖြစ်သွားမည် စိုး၍ မပြောဖြစ်တော့ပါ။ ခနနေတော့ မောပန်းမှုဖြင့် နှစ်ယောက်လုံးအိပ်မောကျသွားကြသည်။ မနက်ပိုင်း လုပ်စရာ တွေ ရှိသေး၍ ဦးအောင်ဘညိုက နာရီနှိုးစက်ပေးထားခဲ့သည်။ နှိုးစက်မြည်သော အခါ ဦးအောင် ဘညို အိပ် ယာက လူးလဲထပြီး သိင်္ဂ ီ့ကိုလည်းနှိုးပြီး သူမအခန်းပြန်လွှတ်လိုက်ရသည်။ သိင်္ဂီ  လည်းအိပ်မှုံစှုံမွှား ဖြင့် ဦး အောင်ဘညို ကို နမ်းပြီး ပြန်သွား၏။

 အိပ်ရေးမဝသည့် အပြင်လူကလည်း ပင်ပန်းခဲ့သောကြောင့် ခေါင်းမကြည်သည့်အပြင် နုံးလည်း နုံးနေ၏။ သို့သော်လည်း မတတ်နိုင် ခေါင်းကြည်သွားအောင် ရေကို တဝစိမ်ချိုးလိုက်ပြီး ဒေါ်ဒေါ်ကြည် ဖျော်ပေးသည့် ကော်ဖီခပ်ပြင်းပြင်း ကိုသောက်၍ အလုပ်ကိုထွက်ခဲ့ရသည်။ မသွားခင် သိင်္ဂ ီ့ကို ရအောင်နှိုး၍ ပြင်ဆင်ခိုင်းရန်လည်း ဒေါ်ဒေါ်ကြည် နှင့် ဖူးဖူး ကိုမှာခဲ့ရသေး၏။ ဘယ်အချိန်မှာ ဘယ်လိုတွေထပြီး ပြင်ဆင်ခဲ့သည်မသိ၊ ဦးအောင်ဘညို ပြန်ရောက်လာချိန်မှာ သိင်္ဂီ က တောက်ပရွှန်းလက်စွာဖြင့် ခရီးသွားဖို့ အဆင်သင့်ဖြစ်နေပေပြီ။ သိင်္ဂ ီ ဝတ်ထားသော စကပ်ကို ဒေါ်ဒေါ် ကြည်က ပွစိပွစိ လုပ်သေးသော်လည်း ဖူးဖူး က အရမ်းလှသည်ဟု ထောက်ခံမဲပေး၏။

“တကထဲ တော်၊ အောက်က တိုတာက ဟိုဒင်းပေါ်တော့မယ်၊ အပေါ်ကတော့ အင်္ကျ ီကလက်ရှည်နဲ့”

သိင်္ဂ ီ ကြည့်ကောင်းသည်ကတော့ အမှန်ပင်။ ဦးအောင်ဘညိုမှာတော့ သိင်္ဂီ လှတာကိုကြည့်ဖို့ အချိန် မပေး နိုင် ထမင်းမြန်မြန်စားပြီး သိင်္ဂ ီ့ ကိုခေါ်ကာပြန်ထွက်ခဲ့ရသည်။

“လေဆိပ်မှာ အသိအကျွမ်းတွေ့ရင် အပ်ပေးလိုက်ပါဦးဆရာ ရယ်၊ လူလိုက်ဆွဲတာခံ နေရပါဦးမယ်”

လေဆိပ်မှာ ဦးမောင်မောင်အေးကို တွေ့သောအခါ ဒေါ်ဒေါ်ကြည် ၏ အမှာစကားကို သတိရပြီး ပြုံးမိသေး သည်။ တိုက်ဆိုင်လှစွာပင် ဦးမောင်မောင်အေး ကလည်း သိင်္ဂီ နှင့်လေယာဉ်တစီးထဲ ဖြစ်နေသည်။ လမ်းခရီးသာမက ဟိုရောက်လျှင် လိုအပ်တာကူညီဖို့ကို ဦးအောင်ဘညို ပြောစရာမလိုဘဲ သူ့သဘောနှင့် သူ တာ ဝန်ယူကတိပေး၏။

“ဒါဆိုရင် ကျွန်တော့် ညီမ ကို အကိုကြီးလက်အပ်လိုက်ပြီနော်”

“အာ …စိတ်ချ၊ ဒါပေမယ့်”

“ဒါပေမယ့် ဘာဖြစ်လဲ”

ဦးမောင်မောင်အေးက နားနားကို ကပ်ပြီး တိုးတိုးလေးပြောသည်။

“သူ့ဟာသူ မုလေးပွင့် တပွင့်စာ အလေးချိန်တိုးလာရင်တော့ ကိုယ့်ကိုအထင်မလွဲနဲ့နော်”

သိင်္ဂ ီ မြင်သောအခါ အနားကပ်လာပြီး

“ဘာပြောတာလဲ”

“ဘာမှ မဟုတ်ပါဘူး၊ သိင်္ဂ ီ ဟိုမှာ ဘဲရသွားရင်တော့ မသိဘူးတဲ့”

ဦးမောင်မောင်အေး ဖက်ကို မျက်စောင်းလှည့်ထိုးလိုက်ပြီးနောက်

“သိင်္ဂ ီ လဲ ကိုကိုအောင့် ကို ပြောစရာရှိတယ်၊ နဲနဲ ငုံ့”

“ဘာလဲဟင်”

“ဘာမှမဟုတ်ဘူး”

နှာသီးဖျားလေးနှင့် ဦးအောင်ဘညို ပါးပြင်ကိုထိရုံလေးနမ်း လိုက်သည်။ သိင်္ဂီ  ကိုယ်နှင့် ကွယ်ထားသော ကြောင့် ဦးမောင်မောင်အေး ကတော့ မမြင်ပါ။ ကျန်တဲ့သူတွေကတော့မြင်ကြမလား မသေချာပေ။ သိင်္ဂီ က လှစ်ကနဲ လုပ်လိုက်ခြင်းကြောင့် သတိထားမိချင်မှလည်း ထားမိကြမည်။ ဦးအောင်ဘညိုကတော့ မျက်နှာတွေ ထူပူသွား၏။ ထို့ကြောင့် ဦးမောင်မောင်အေး နှင့် သိင်္ဂ ီအထဲဝင်သွားကြသည်နှင့် လေဆိပ်အပြင် သို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။ကားပေါ်ရောက်ပြီး မောင်းထွက်မလာခင် ကျော်ကျော့် ကို ဖုန်းခေါ်ကြည့်၏။ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်နေသည်။ ထပ်ခေါ်မည်ကြံဆဲမှာပင် အေးအေး ဆက်သော ဖုန်းဝင်လာ၏။

“လေးလေး ပြန်လာပြီလား”

လူကြီးတယောက် နှင့် တွေ့ဖို့ရှိသောကြောင့် လှမ်းမေးခြင်း ဖြစ်သည်။ ပြန်လာပြီ ဟုပြောပြီး ထပ်ခေါ်ကြည့် သော်လည်း ဆက်သွယ်မှုဧရိယာပြင်ပ ဟု ဆိုပြန်သောကြောင့် ရုံးကိုသာပြန်လာခဲ့ရ၏။ ရုံးရောက်သည် နှင့် ယူစရာ ရှိသည့်စာရွက်စာတမ်းတွေ ယူပြီးခင်မောင်တင့် နှင့် အတူ တခေါက်ပြန်ထွက်ရသည်။

ဒီတခေါက် ခင်မောင်တင့်က မောင်းသည်ဖြစ်ရာသူဌေးပီပီ နောက်မှာထိုင်လိုက်ရင်း ဖုန်းထပ်ခေါ်ဖို့ စဉ်းစားသေး၏။ ရှေ့ခန်းက ခင်မောင်တင့် ကြားမှာလည်း စိုးပြီးမခေါ်ဖြစ်တော့ပါ။ သွားသောနေရာ ရောက်တော့လည်း လူကြီးနှင့် တွေ့ရမှာဖြစ်၍ ဖုန်းပိတ်ထားလိုက်ရသည်။ ကျော်ကျော် ဆက်ချင်လည်း ပြန်ဆက်နိုင်ပေမယ့်မတတ်နိုင်တော့။ ညနေကျရင် လိုက်သွားလိမ့်မည်ဟု စိတ်ကို ဒုံးဒုံးချလိုက်ရသည်။

ညနေရုံးဆင်းသည် နှင့် တင်းနစ်ရိုတ်ဖို့ ချိန်းထားတာ တခုကို လှမ်းဖျက်လိုက်ပြီး ကျော်ကျော့် ဆီတန်းလာခဲ့သည်။ ကျော်ကျော့် ဆီ သွားဖို့ ရှိတာတခု ထဲကြောင့်မဟုတ်၊ ညက သိင်္ဂီ  နှင့် ထင်တိုင်းကျဲထားသော ကြောင့် အခုနေရိုတ်လျှင် ခွက်ခွက်လန်အောင်ရှုံးဖို့ များ သည်။ နာမည်ပျက်မည့် ကိစ္စတွေလုပ်လို့ မဖြစ်။

အမှန်အတိုင်းဝန်ခံရလျှင် ဦးအောင်ဘညို ဒီညနေ ကျော်ကျော့် ဆီကို သွားလည်း သွားချင်သည်။ မသွားလဲ မသွားချင်။ ကျော်ကျော့် ကို မြင်လျှင်ဦးအောင်ဘညိုမနေနိုင်ပါ။ ထို့ကြောင့်အခုလို နွမ်းနယ် နေသည့် အချိန် တွင်မသွားလိုခြင်း ဖြစ်သည်။ ဇဝေဇဝါ အတွေးတွေ နှင့် ဦးအောင်ဘညို ရောက်သွားသော်လည်း ကျော်ကျော်ကတော့ ပြုံးရွှင်ချိုသာ စွာ ဆီးကြို ရှာပါသည်။ ခါတိုင်း နှင့် မတူသည့် ကျော်ကျော့် မျက်နှာကို မြင်လိုက်သည် နှင့် ကျော်ကျော် အဆင် ပြေခဲ့ကြောင်း သိလိုက်သည်။

“အဆင်ပြေတယ် မဟုတ်လား”

“ဟုတ်ကဲ့၊ ပြေတယ်”

ခါတိုင်းလို ဟုတ်ကဲ့ တလုံးထဲမဟုတ် နောက်ကအနည်းငယ်ထပ်ပြောလာသည်။ ကျော်ကျော့် မျက်နှာလေး က ဝတ်ထားသည့် ရှပ်အင်္ကျ ီ အဝါကွက်ကလေး တွေ နှင့်အပြိုင်ဝင်းပနေ၏။ ညတုန်းက ဂါဝန်အဝါလေး ဝတ်ထားသည့် သိင်္ဂ ီ့ ကို ပြန်မြင်ယောင်မိသည်။ ကျော်ကျော် က နာမည်ယောက်ျားဆန်သလို ယောက်ျားဆန်သည့် ရှပ်အင်္ကျ ီတွေ ဝတ်တတ်တာကို လည်း သတိထားမိသည်။ အောက်ပိုင်း မှာတော့ ကချင်လုံချည်ဟု ယူဆရသည့် အခြေနားမှာ မနောတိုင်လိုလို အ စင်း တွေပါသောထမိန်အနက်ကို ဝတ်ထားသည်။ ကျော်ကျော် ပျော်နေတာသိသာ၏။ ခေါ်စရာမလိုဘဲ နှင့် ဦးအောင်ဘညို နားမှာဝင်ထိုင်သည်။

.......................................................

“ဘယ်တော့ အလုပ်စဆင်းရမလဲ”

“လဆန်းတရက်နေ့”

“လခကရော”

“လောလောဆယ် ခုနစ်သောင်းပေးမယ်တဲ့”

လခသိပ်များများပေးစရာမလို၊ အတွေ့အကြုံရဖို့ သက်သက်ဟု ဦးစိန်လင်း နှင့်ပြောစဉ်က ထည့်ပြောခဲ့ဖို့ မေ့ သွားသည်။ ကျော်ကျော် ဆိုသည့် ကျော်ကျော် ကပြောလို့ရတာမဟုတ်၊အပြင်မှာ အဆောင်ငှားနေဖို့ လောက်ငှသည့်ဝင်ငွေ မျိုးရလျှင် ဒီကနေပြောင်းသွားနိုင်သည်။ ထို့ကြောင့် ငွေအကြောင်း မမေးတော့ဘဲ အလုပ်ဖက်ပြောင်းလိုက်သည်။

“ဘာတွေမေးသေးလဲ”

“စုံလို့ပါပဲ၊ အရင်အလုပ်တွေ က အကြောင်းလဲနည်းနည်းမေးတယ်”

“ကိုယ်ပြောသလိုပြောလိုက်ရဲ့လား”

“ပြောတယ်၊ သူလက်ခံပါတယ်၊”

“တော်သေးတာပေါ့”

“ဒေါ်ခင်သိန်းရီ ဆိုတဲ့ အန်တီက မျက်နှာတည်ပေမယ့် သဘောကောင်းပါတယ်၊ သမီး ဘာလို့ဒီ အလုပ်လုပ် ချင်တာလဲတဲ့”

ပျော်နေသည့် ကျော်ကျော်ထူးထူးခြားခြား စကားတွေဖောင်နေသည်။

“သမီး အလုပ်မရှိလို့ အလုပ်လိုချင်ပါတယ်လို့၊ ဘာအလုပ်လုပ်ရလုပ်ရ လုပ်ပါမယ် လို့ပြောလိုက်တယ်၊ သူသနားသွားတယ် ထင်တယ်၊ ခန့်လိုက်တယ်”

“ဘာ post လဲ”

“အန်တီ ထားတဲ့နေရာ မှာလုပ်ပါမယ် လို့ပြောတော့ admin staff ဆိုပြီးခန့်မယ်ပြောတာပဲ”

“မဆိုးပါဘူး၊ ဒေါ်ခင်သိန်းရီ က စိတ်ရင်းကောင်းပါတယ်၊ ခိုင်းရင်လည်း ပယ်ပယ်နယ်နယ် ကိုခိုင်းတာ၊ သူခိုင်းတာ ဖြစ်အောင်သာကြိုးစားပြီးလုပ်ပေး သူ့ဆီကပညာတွေအများကြီးရမယ်၊ admin မှာ ဆိုရင် သူ့လက် အောက်ပဲ”

“အော် …မေ့ လို့ အင်္ဂလိပ်စာ တွေလဲရေးခိုင်းတယ်၊ သူပြတာတွေကိုလည်း ဘာသာပြန်ပြရတယ်”

“ရတယ်ပေါ့”

“အင်း ..ရတယ်”

အထီးကျန်ဘဝက လွတ်ဖို့ဖြစ်လာ၍ထင်၏။ ကျော်ကျော့် မျက်လုံးလေးတွေမှာ မျှော်လင့်ခြင်းနှင့်တောက် ပ နေသည်။ တချိန်မှာ ကျော်ကျော် ဒီနေရာကိုစွန့်သွားရင်ဆိုသည့်အတွေးနောက်တွင် အလုပ်ရဖို့ ပြောပေးမိ တာ မှားပြီလားဟု စိတ်မှာထင်ပြန်သည်။ မတွေးအပ်သော အတွေးကို ခေါင်းထဲကထုတ်ပစ်ရင်း လန်းဆန်းနေသည့် ကျော်ကျော့်ကို စိုက်ကြည့်နေမိသည်။ ဦးအောင်ဘညို၏ စူးရဲသော အကြည့်ကြောင့် ကျော်ကျော် ခေါင်းငုံ့သွားသည်။

ပျော်ရွှင်စိတ်ကြောင့် ဖြစ်နိုင်သည် ကျော်ကျော် အရင်ထက်ပိုလှနေ၏။ ရှပ်အင်္ကျ ီက အပေါ်ကြယ်သီး တစ်လုံးတပ်မထားသောကြောင့် ငုံ့နေသော အခါရင်သား ဝင်းဝင်းလေးကိုမြင်နေရသည်။ အဖြူရောင်ဘရာစီယာ ကိုသာမက ခွက်နှစ်ခုကြားအပေါ်ဖက်မှ အနီရောင်လိပ်ပြာရုပ်လေးကိုပါမြင်ရ၏။ အသစ်ဖြစ်မည်ထင်သည် အ ရင်ကကျော်ကျော်ဝတ်တာမတွေ့ဖူးပါ။ ဦးအောင်ဘညို အကြည့်တွေဘယ်ဆီကိုရောက်နေသည် ကို ကျော်ကျော်လည်းရိပ်မိပုံရ၏။ မျက်လွှာချပြီးနေနေသော်လည်းလက်ကလေးတွေ အနည်းငယ်တုန်နေ၏။

“ဖုန်းဆက်သေးတယ်၊ ဆက်သွယ်မှုဧရိယာပြင်ပ တဲ့”

တုန်ရီနေသောလက်ကလေးတွေကို လှမ်းဆုပ်ရင်းဦးအောင်ဘညို ပြောလိုက်သည်။ ကျော်ကျော် မရုန်းပါ။

“ထင်တော့ထင်သားပဲ၊ ဆက်မှာပါလို့၊ လှမ်းဆက်ဦးမလို့ပဲ၊ ဒါပေမယ့် လာမယ်ထင်လို့ မဆက်တော့တာ”

ကျော်ကျော့် အသံကတိုးတိုးညင်သာရှိသည်။ ရင်မှာ တလှိုက်လှိုက်ဆူလာသော စိတ်ကိုထိန်းရင်း ဦးအောင် ဘညို ထရပ်လိုက်၏။ ဆက်နေလျှင်စိတ်နိုင်တော့မည် မဟုတ်။ ကျော်ကျော် က ဦးအောင်ဘညို အလိုကို ငြင်းဆန်မည် မဟုတ်သော်လည်း စိတ်သွားတိုင်း ကိုယ်မပါမှာ ကို ဦးအောင်ဘညို စိုးရိမ်သည်။

“ကိုယ်ပြန်လိုက် ဦးမယ်၊ နောက်နေ့မှပဲထပ်လာတော့မယ်”

အံ့သြသောမျက်လုံးဖြင့် ကျော်ကျော်ကြည့်သည်။ ဘာမှတော့မပြောပါ။ တံခါး၀ အထိဦးအောင်ဘညို နောက် ကနေ ငြိမ်ငြိမ်လေး လိုက်လာသည်။

“သွားမယ်နော်”

“ဟုတ်ကဲ့”

ကျော်ကျော့်လက်ကလေး ကိုဖျစ်ညှစ်လိုက်ပြီး ဦးအောင်ဘညို လှေခါးအတိုင်းဆင်းလာခဲ့သည်။ ကား ပေါ် ရောက်သည် အထိပြန်လာတာ မှန်ပါ၏လား ဝေခွဲလို့မရ။

 ပြန်မည်ဆိုတော့ ကျော်ကျော် အံ့သြသွားတာ ကိုသတိထားမိသည်။ ဦးအောင်ဘညို လည်းနေချင်ပါသည်။ သိင်္ဂ ီလည်း မရှိသည့်အတွက် အိမ်ကို ပြန်ချင် သည့်အချိန်ပြန်နိုင်၏။ မပြန်လည်းဖြစ်သည်။ ကိုယ့်ကိုယ်ကို စိတ်မချ၍ ပြန်သာပြန်ခဲ့ရသည်။ သိပ်တော့ မကျေနပ်ချင်ပါ။ တွေတွေဝေေ၀ စိတ်နှင့် ကျော်ကျော်တို့ နားကစားသောက်ဆိုင်ရှေ့မှာ ကားက အလိုလိုထိုးရပ်သွား၏။ စက် ပျက်သွား၍ မဟုတ်ပါ။ ဦးအောင်ဘညို ကဘရိတ်ကိုနင်းပြီးရပ်လိုက်၍ ဖြစ်ပါသည်။ စားပွဲ ထိုးတွေကလည်း ကားရပ်လိုက်သည် နှင့် ဖေါက်သည်ကြီးကို ကားနားအထိအရောက်လာကြိုကြ၏။

“ထုံးစံ အတိုင်းပဲလားဆရာ”

“အေး”

အရက်သောက်ရင်း ဦးအောင်ဘညို ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေမိသည်။ အရက်ဝင်ပြီး သွေးလည်ပတ် မှု တွေမြန်ဆန်လာသောအခါ လူကလည်းလန်းလန်းဆန်းဆန်းပြန်ဖြစ်လာပြီးနောက် သူ၏ စိုးရိမ်ပူပန်မှု တွေ သည် အပိုသက်သက်သာဖြစ်သည်ဟု ထင်မြင်လာမိ၏။ တခွက်ကုန်သွားတိုင်း လူကလည်း အားအင်တွေ ပို ပိုပြည့်ဝလာသလိုခံစားရသည်။ နာရီကိုကြည့်လိုက်ရာ ခြောက်နာရီခွဲကျော်နေလေပြီ။ အပြင်မှာလည်း မှောင် စပျိုးလာ၏။ အချိန်ကြာမှာ စိုးသည့်အတွက် မြန်မြန်ရနိုင်သည့် ကြာဆံကြော် နှစ်ထုပ်ပါဆယ် ထည့်ခိုင်းလိုက်ပြီးနောက် ဦးအောင်ဘညို တကျော့ပြန်ချီတက်လာခဲ့သည်။ ကျော်ကျော်အံ့သြသွားစေရန် တံခါးမခေါက်တော့ဘဲ ကိုယ့်သော့ နှင့်ကိုယ် ဖွင့် ဝင်လိုက်၏။


အပိုင်း (၁၂) ဆက်ရန် >>>

Print Friendly and PDF

No comments:

Post a Comment