ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၆ )
ဂျင်ကလိ ရေးသည်။
မျက်နှာကို အုပ်ထားသော သိင်္ဂီ့ လက်တွေကို ဆွဲဖယ်လိုက်သည်။ အားသိပ်မစိုက်ရပါ အရည်လဲ့ နေသော မျက်ဝန်းတစုံ နောက်တော့ မဟ တဟ ပွင့်နေသော နှုတ်ခမ်းနီနီ လေးများ ပေါ်ထွက်လာ၏။ မျက်ဝန်း တွေကဦးအောင်ဘညို ကို တည့်တည့်စိုက်ကြည့် နေပြီး နှုတ်ခမ်းနှစ်လွှာကတော့ တုန်ရီနေသယောင်ထင်ရ၏။ သိင်္ဂ ီ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သော အခါ သိင်္ဂ ီ ကော့ကော့ မော့မော့လေး ပါလာ၏။ နီတျာတျာ နှုတ်ခမ်းတွေဆီကို ဦးအောင်ဘညို၏ နှုတ်ခမ်းများက ပြေးကပ်သွားပြီး အငမ်းမရ စုပ်ယူလိုက်သည်။ သိင်္ဂ ီ့ မျက်ဝန်းအိမ်များ ရီေ၀ မှေးစင်းကျသွားပြီး သူမက လည်း ဦးအောင်ဘညို ၏ အနမ်းကို လိုလိုလားလား ပင်တုန့်ပြန်လာသည်။
ဦးအောင်ဘညို၏ အနမ်းက ပြင်းထန်လွန်းလှ သလို သိင်္ဂ ီ့၏ တုန့်ပြန်မှုကလည်း လှိုက်လှဲ မွတ်သိပ်လွန်း လှသည်။ ထို့နောက်ဦးအောင်ဘညို၏ လျှာက သိင်္ဂ ီ့၏ လျှာ ကိုတိုးဝင်ရှာဖွေလာပြီး ပေါင်းဆုံ မိကြသည်။ အချင်းချင်း ပွတ်သပ်မိကြသည်။ ဦးအောင်ဘညို ၏ လက်တွေကလည်းသိင်္ဂ ီ့ကိုယ်ပေါ် မှာ တရွေ့ရွေ့ လှုပ်ရှားလာကြသည်။ ခုနက တိတ်ဆိတ် သလို ဖြစ်နေသော အခန်းထဲတွင် အသက်ပြင်းပြင်းရှုသံတွေ အဝတ်စများ ပွတ်တိုက် မိသံတွေ နှင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည်။ သို့သော် ထိုအသံ တွေကို ကာယကံ ရှင် နှစ်ယောက်လုံး သတိမပြုမိကြ။ သူတို့ ကြားနေရသည်မှာ ဆူညံမြည်ဟိန်းနေသော ကိုယ်စီရင်ခုန်သံ များသာ ဖြစ်သည်။ နောက်ဆုံးတော့ ဦးအောင်ဘညို ထိုရင်ခုန်သံ တွေ နှင့် အတူဖြစ်ပေါ်လာသည့် ပြင်းပြသည့် ဆန္ဒ ကို ကြာရှည်စွာ မျိုသိပ် မထားနိုင်တော့။
သိင်္ဂ ီ့ကို အိပ်ယာပေါ်တွန်းလှဲ ချလိုက်ရာ အလိုက်သင့်လေး လဲကျသွားသလို ဦးအောင်ဘညို လည်း ထပ် ချပ် ပါသွား၏။ ထိုအချိန်မှာ ဦးအောင်ဘညို၏ လုံချည်ကလည်း ပြေကျွတ်နေပြီ ဖြစ်သည်။ ဦးအောင်ဘညို ကပဲ ဝတ်ထားသည့် လုံချည်ကို ဖြေလိုက်သလား၊ သိင်္ဂ ီ ဖြည်လိုက်တာ လားဆိုတာ ဦးအောင်ဘညို ကိုယ်တိုင်မသိပါ။ ဒူးတုပ် ထိုင်နေရာ မှ လဲအကျတွင် သိင်္ဂ ီ့၏ ပေါင်တံ များကလည်း တဖက်တချက်ဆီ သို့ကားထွက်သွားပြီး ကြားထဲသို့ တိုး ဝင်လာသော ဦးအောင်ဘညို ကို အဆင်ပြေစေ၏။
“ အား ….. ကိုကို ရယ်… အီး”
နေရာအခင်း အကျင်းက တခါထဲ အဆင်သင့် ဖြစ်နေသည့် အတွက် စိတ်တွေ အရမ်းပြင်းထန်နေသော ဦးအောင်ဘညိုက လည်း တချက်ထဲနှင့် အဆုံးထိထိုးသွင်း လိုက်ရာ သိင်္ဂ ီ မချိမဆန့် အော်ပြီး ကော့ တက်သွားသည်။
“ သူများ … ထွက်မပြေးပါဘူး ကိုကိုရယ်”
“ အာ… sorry သိင်္ဂ ီ၊ Sorry”
“ မမ ဒါကြောင့် တရားစခန်း မှာပဲ သွားနေတာဖြစ်မယ်”
သိင်္ဂ ီ့ မျက်စောင်းက ပါ စကားတွေနောက်က ထပ်ချပ်ပါလာသည်။
“ ကိုယ် လောသွားတယ်၊ တောင်းပန်ပါတယ် သိင်္ဂ ီရယ်”
“ သူများကို မြင်တာနဲ့ တောင်းပန်ဖို့ပဲ စဉ်းစားနေတာပဲ ဟုတ်လား၊ တကထဲ မပြောချင်ဘူး”
ပြောပြောဆိုဆို နှင့် သိင်္ဂ ီက သူမ ကိုယ်လုံးလေးကို တွန့်လိုက်ရာ တို့လို့တန်းလန်း နှင့်ရပ်တန့် နေမိသောဦးအောင်ဘညိုက သတိဝင်လာပြီး နောက်တချက်ထပ်ဆောင့် ထိုးလိုက်မိပြန်သည်။
“ အား….အ ..ကျွတ်ကျွတ်”
“ sorry … sorry”
“ လာပြန်ပြီ ဒါပဲပြောနေတာ၊ သူက အားရှိတယ် ဆိုပြီးတော့ မညှာမတာနဲ့၊ တော်ပြီ ဘာမှပြောမနေနဲ့တော့”
ခပ်ဆတ်ဆတ်လေးပြန်ပြောရင်း သိင်္ဂ ီက ဦးအောင်ဘညို ကျောပြင်ကို သိုင်းဖက်လိုက်သည်။ ဆန္ဒ ရှိသလိုသာလုပ်တော့ သူမ အနေဖြင့် ဘာမှ ကန့်ကွက်ရန်မရှိဟု ဆိုလိုသည် ထင်မိသော ကြောင့် ဦးအောင်ဘညိုလုပ်လက်စကို ဆက်လုပ်သည်။ ခုနလို အားပြင်းပြင်း မသုံးတော့ဘဲ ခပ်မှန်မှန် လေးတချက်ချင်း သွားလေရာ သိင်္ဂ ီ့ မျက်လုံးလေးတွေ ရီဝေမှေးစင်းကျသွားသည်။ မဟတဟ လေးပွင့်နေသော နှုတ်ခမ်းနှစ်လွှာ ကြားမှ ညည်း သံသဲ့သဲ့ လေးတွေ ကလည်း တစထက်တစ ကျယ်လောင်လာသည်။ သိင်္ဂ ီ က လူလှသလို အထိအတွေ့မှာလည်း စွဲမက်ဖွယ်ကောင်းသည်။ သူမ တကိုယ်လုံး သည်နူးညံ့ ချောမွတ်နေ၏။ အထူးသဖြင့် မို့မို့ အိအိ ရှိလှသော ချက်အောက်ပိုင်း နေရာ များသည် တပ်မက်ဖွယ် အတိဖြစ်သည်။ ရှေးစာတွေထဲမှာ ဖတ်ဖူးသော ဆင်ဦးကင်း သဏ္ဍန် ဆိုတာ မျိုးဖြစ်လေ မည်လားဟု ဦးအောင်ဘညိုတွေးနေမိသည်။ မသူဇာကိုတော့ ဒါမျိုးသရုပ်မခွဲဖူးတာကိုလည်း တွေးမိသည်။ ကျော်ကျော် ကတော့ ဘယ်လိုပြော ရမည် မသိ။ သေသေချာချာ လည်း မကြည့်ဖူးသေး။ ထူထပ် သော အမွှေးအမျှင် တွေက ပိတ်ကွယ်ထားတာ ကြောင့်လဲဖြစ်နိုင်သည်။
ခုလောက်ဆို ကျော်ကျော် ရာသီလာတာလည်း ပြီးချင်ပြီးနေလောက်ပြီ။ တရက်လောက် သွားကြည့်လျှင်ကောင်းမလား ဇဝေဇဝါ စဉ်းစားနေချိန်တွင်သိင်္ဂ ီက ကျောကုန်းကို ခပ်ပြင်းပြင်းကုပ်လိုက်ရင်း
“ ဘာဖြစ်ရပြန်ပြီတုန်း”
“ ဘာမှ မဖြစ်ပါဘူး”
“ ဘာလို့ မဖြစ်ရမှာလဲ၊ သူများကြည့် နေတာနော်၊ ငေးတိငေးငိုင် ဖြစ်သွားတယ်”
“ မဟုတ်ပါဘူး သိင်္ဂီ ီရယ်၊ ထင်လို့ပါ”
သိင်္ဂ ီ့ကို ပြန်ဖြေလိုက်ပြီး ကျော်ကျော့်ဆီရောက်သွားသော စိတ်ကို ပြန်စုကာ ခပ်သွက်သွက်ကလေး ပြန်လုပ်ပေးလိုက်သည်။
“ ကိုကို မမ အကြောင်းတွေးမိလို့လား”
“ မဟုတ်ပါဘူး”
ဦးအောင်ဘညို အမူအရာ ပြောင်းသွားသည်ကို သိင်္ဂ ီက တမျိုးထင်သွားသည်။ သူမကိုယ်တိုင်လည်း ရီဝေမိန်းမူးနေသော အမူအရာ ပျောက်သွားပြီး မျက်နှာပျက်ချင်ချင် ဖြစ်လာသည်ကို ဦးအောင်ဘညို သတိထားလိုက်မိသည်။ ထို့ကြောင့် သိင်္ဂ ီ့ ကိုယ်ဘေးမှာ လက်တွေကို ခိုင်ခိုင်ထောက်လိုက်ပြီး အားရပါးရ သွန်ပြီးဆက်တိုက်ဆောင့် ပေးနေလိုက်မိသည်။
“ကိုကို … ကိုကို … ဘယ်လိုဖြစ်ရပြန်တာလဲ၊ သူပဲ အမျိုးမျိုး”
အဲဒီနောက်တော့ သိင်္ဂ ီ စကားမများ နိုင်တော့ပါ။ အမဖြစ်သူ မသူဇာကို လည်း မေ့လျော့သွားပုံရသည်။ တောင်ကျရေလို ဒလဟောစီးဆင်း ရိုတ်ခတ်လာသော လှိုင်းလုံးတွေထဲမှာ လူးကာလှိမ့်ကာ ရှိနေ ၏။ သို့သော် တခါတခါ တော့ ကိုကို့ကိုချစ်တယ် ဟုမပီမသ ပြောတတ်သည်။ အခန်းထဲမှာလည်း လှိုင်းပုတ်သံတွေက တညံညံ က သိင်္ဂ ီ့ အော်သံစာစာ လေးတွေ နှင့် ရေယှက် လွင့်ပျံ့လို့နေတော့သည်။
{အကြောင်းအရာတခု အဖြစ်အပျက်တခုပေါ်တွင် လူတယောက်၏ ထင်မြင်ယူဆချက် နှင့် အခြားတယောက်၏ ထင်မြင်ယူဆချက် ထပ်တူကျရန်မှာ အတော်ပင်ဖြစ်နိုင်ချေ နည်းပါးပါ၏။ ထို့ အတူပင် အကြောင်း အရာတခုခု ပေါ်တွင် ယောက်ျားတယောက်၏ အမြင် နှင့် မိန်းမတယောက်၏အမြင် တူရန်ခက်ပါသည်။ ထိုယောက်ကျား နှင့် မိန်းမ၏ ကွဲလွဲမှု သည် တစိမ်းတရံ များကြားတွင် မည်သို့မျှ ထူးခြားလိမ့်မည် မဟုတ်သော်လည်း သမုဒယ နှင့် ယှဉ်သော ဆက်သွယ်ချက်များ ရှိနေလျှင်မူကား အရေး ကိစ္စ တခုဟု သတ်မှရပေတော့မည်။ ထို အချိန်တွင် ထိုမတူညီ ကွဲပြားမှုကို မတူတူအောင် လုပ်ခြင်းဖြင့် ဖြေရှင်းလို့ မရနိုင်ပေ။မတူညီမှု တွေကို ပေါင်းစပ်ခြင်း ဖြင့်သာ ဖြေရှင်း ပါက အဖြေမှန်ရဖို့ ပိုမို နီးစပ်လွယ်ကူ ပေမည်။ ယောက်ျား နှင့် မိန်းမ ဆိုသည်မှာ တခြမ်းစီကွဲထွက်နေသော လူဆိုသည့် အရာ၏ အစိတ်အပိုင်းများ ဖြစ်သည် မဟုတ်ပါလော။}
................................................................................................................
အခန်း ( ဂ )
ကိုကို့ ရင်ခွင်ထဲမှာ သိင်္ဂ ီ ကွေးကွေးလေး မှိန်းနေသည်။ တညလုံး သိင်္ဂ ီက ပျော်လိုက် နိုးလိုက် ဖြစ်နေသော်လည်း ကိုကိုကတော့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသည်။ အရက်တွေ သောက်ထားတဲ့ကိုကိုကခန ခန အိမ်သာထထ သွားပြီး ချက်ချင်းပြန်အိပ်ပျော်သွားတတ်ပေမယ့် သိင်္ဂ ီကတော့ ကိုကို ထလိုက်တိုင်း အိပ်နေရာက နိုးလာပြီး ကိုကို ပြန်အိပ်ပျော်သွားတာတောင် ရုတ်တရက် ပြန်အိပ်မပျော် ဖြစ်ရသည်။
ပြတင်းပေါက်က အလင်းရောင်တွေ တိုးဝင်နေကြပြီ။ မိုးလင်း နေပေမယ့် ကိုယ့်အိပ်ယာကိုယ် မပြန်ဖြစ်သေးဘဲ ကိုကို့ရင်ခွင်ထဲမှာပဲ ဆက်မှိန်းနေရင်း သိင်္ဂ ီ ကိုယ်တိုင်လည်း အပေါ့ သွားချင်တာနဲ့ ကိုယ်ပေါ်က စောင်ကို ဖယ်ပြီး ထွက်လိုက်ရသည်။
ကိုကို့ အိပ်ယာမှာက ခေါင်းအုံး နှစ်လုံး ရှိပေမယ့် စောင်ကတော့ တထည်ပဲ ရှိသည်။ အိပ်တော့ ဒီစောင်ကိုပဲ နှစ်ယောက် အတူတူခြုံ ဖြစ်တဲ့အခါ သိင်္ဂ ီ ပျော်လို့မဆုံးတော့။ အိမ်သာထဲက မထွက်ခင် ကိုယ့်ကိုယ် ကို စစ်ဆေးကြည့်လိုက်တော့ ပေါင်ခွဆုံ နဲ့ အပေါ်ဖက်မှာ အသားတွေနီပြီး ကွက်နေ၏။ သိင်္ဂ ီက အသားဖြူတော့ အနီကွက်ကြီးက သိသာလွန်းနေသည်။
“တော်တော် ဆိုးတဲ့ကိုကို”
ရှက်ပြုံးလေးပြုံးရင်း မှန်ထဲကို ကြည့်လိုက်မိတော့ မှန်ထဲက သိင်္ဂ ီ သည် သိင်္ဂ ီ မြင်ဖူးသည့် သိင်္ဂ ီ တွေထဲ မှာအလှဆုံး သိင်္ဂ ီ ဖြစ်နေတာကို တွေ့လိုက်ရသည်။ ကိုကို့ မျက်စိထဲမှာတော့ ဘယ်လိုနေမည်မသိပါ။
“ဟောတော့”
ကုတင်ပေါ်ကို ပြန်တက်မလို့လုပ်ရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သိင်္ဂ ီ လွှတ်ကနဲ ပြောလိုက်မိသည်။ ဆီသုတ်ထားသလို ဝင်းပြောင်နေပြီး အကြောတွေ အဖုဖု ထ နေတဲ့ မြင်ကွင်းက သိင်္ဂ ီ့ကို တဒင်္ဂ မင်သက်မိသွားစေ၏။ သိင်္ဂ ီ ထလာတုန်းက စောင်ကို ဘေးဖယ်ခဲ့မိသည်။ ကိုကို့ရဲ့ ကိုယ်အောက် ပိုင်း က စောင်ပြင်ကို ရောက်သွားတာကို သတိမမူမိခဲ့ပါ။ ကိုကို သည် တကယ့်ကို ဆိုးသည့် ကိုကို ဖြစ်ပါသည်။ ဒါကြောင့် လည်း မမ တရားစခန်းမှာ သွားနေတာ ဖြစ်လိမ့်မည်။ သိင်္ဂ ီ နှင့် ည က မီးကုန်ယမ်းကုန် ချစ်ခဲ့ပြီးတာ တောင်မှ ကိုကို က မာန်စွယ် မကျိုးသေးပါ။ မား မား မတ်မတ် ထောင်နေဆဲ ပင်။ မမက တရားစခန်းရောက် သွားပေမယ့် သိင်္ဂ ီက တော့ ဒီမြင်ကွင်းကြောင့် ရင်တွေ တဝုန်းဝုန်း ခုန်လာသည်။ ကိုယ်ထဲက သွေးတွေ ပွက်ပွက်ထ လာသလိုခံစားရသည်။
ကိုကို့ကို ကြည့်လိုက်တော့ အသက်ရှုမှန်မှန် နဲ့ အိပ်မောကျနေသည်။ သိင်္ဂ ီ ဘရားတလိုက်မိ၏။ ကိုကို အိပ်မက်များမက်နေတာလား၊ ဒါဆို အိပ်မက်ထဲမှာ ဘာတွေ ဘယ်လိုဖြစ်နေသလဲ၊ ဘယ်သူ နဲ့ များလဲ သိချင် လာသည်။ ဒါမှ မဟုတ် ဟိုတနေ့ကလို လုပ်ပေးလိုက်ရင် ကောင်းမလား သိင်္ဂ ီ စဉ်းစား နေမိ၏။ တကယ်လို့ ကိုကို နိုးလာပြီး သူ့ကိုယ်ပေါ်က သိင်္ဂ ီ့ကို မြင်ရင် ဘယ်လိုနေမလဲ။ သူ့ အိပ်မက်ထဲက မိန်းကလေးကလဲ သိင်္ဂ ီ ဆိုလျှင် ဘယ်လောက်ကောင်း မည်နည်း။ သိင်္ဂ ီ စပါးကြီးမြွေ ညှို့ချက်မိနေတဲ့ သမင်မလေးလို ကိုကို့ နားကို တရွေ့ရွေ့ တိုးကပ်သွားမိသည်။ ကိုကိုအိပ်ချင်ယောင် ဆောင်နေတာများ လား။ သိလိုစိတ် နဲ့ ပုခုံးကို လှုပ်ပြီး နှိုးကြည့်လိုက်သည်။
“ကိုကို … ကိုကို”
“ဟင် … အင် … ဘာလဲ သိင်္ဂ ီ”
ကိုကို ချက်ချင်း နိုးလာသည်။ ဒါဆိုရင်တော့ အိပ်ချင်ယောင်ဆောင်နေတာ မဖြစ်နိုင်ပါ။ ဘေးမှာ ဝင်လှဲလိုက်ပြီး ကိုကို့ ရင်ခွင်ထဲ သို့တိုးဝင်လိုက်သည်။
“မိုးတောင်လင်း နေပြီပဲ”
အိပ်ယာဘေးက စားပွဲတင်နာရီလေးကို လှမ်းကြည့်ရင်း ကိုကို အိပ်ယာကနေ ထဖို့လုပ်သည်။ သိင်္ဂ ီ လည်းလှမ်းကြည့်လိုက်တော့ လက်တံတွေက မနက်ခုနစ်နာရီ ဆယ့်ငါး လို့ပြနေ၏။ ထဖို့လုပ်ပေမယ့် သိင်္ဂ ီက ဖိထားသလိုဖြစ်နေလို့ ကိုကို ရုတ်တရက်ထလို့ မရ။
“ကိုကို ”
“ဟင်”
“မလွန်လွန်း ဘူးလား …ဟွန်း”
“ဘာဖြစ်လို့လဲ”
“တကယ်ပါပဲ၊ ကိုယ့်ကိုကိုယ်လဲ ကြည့်ပါဦး” သိင်္ဂ ီက လက်ကလေး နဲ့ ပုတ်ပြလိုက်တော့ ကြည့်ရင်းကိုကို့ မျက်နှာ နီမြန်းသွားသည်။
“အဲဒါ ကလေ၊ အဲဒါက …” ကိုကို ရှေ့ဆက်မတက် နိုင်အောင်ဖြစ်နေသည်။
“ဒါကြောင့် မမ အိမ်မကပ်တာဖြစ်မယ်၊ ကြာရင် သူများလဲ အရိုးနဲ့အရေ ပဲကျန်မယ်ထင်တယ်၊ သူ တော် တော်ဆိုး”
သိင်္ဂ ီက ကိုကို့ ကို ပိုပြီးတင်းကျပ်သွားအောင်ဖက်လိုက်သည်။ စောစောက ထောင်မတ်နေတဲ့ ကိုကို့ရဲ့ ပစ္စည်း က သိင်္ဂ ီ နဲ့ကိုကို့ကြားမှာ ညပ်သွားသည်။ အဲဒီက ပူနွေးမှု နဲ့ မာကျောမှုကို သိင်္ဂ ီ့ ဗိုက်သား တွေက သိနေ၏။ သိင်္ဂ ီ့ရင်ထဲမှာ နုံးပြီး မောလာရသည်။
“ကိုကို”
“ဟင်”
“ရုံးသွားရဦးမယ် မဟုတ်လား”
“အင်းလေ သွားမယ်၊ လိုက်ဦး မှာလား”
“ဒီတိုင်း ဆို ဘယ်လိုလုပ်လိုက်နိုင်တော့ မလဲ၊ သူများက ဖတ်ဖတ်မောပြီး ကျန်ခဲ့မှာပဲလို့”
ကိုကို့ မျက်နှာမှာ ဇဝေဇဝါ အရိပ်တွေ တွေ့နေရပေမယ့် သိင်္ဂ ီ့ ဗိုက်သားပြင်ရဲ့ အထိအတွေ့ မှာတော့ ပိုမာကျောလာပြီးတော့ တုန်ခါနေမှု ကိုခံစားရသည်။
“ကိုကို … သူပဲ ရုံးသွားရဦးမယ် ဆိုပြီးတော့”
သိင်္ဂ ီ တကယ်ပင် စိတ်မရှည်နိုင်အောင်ဖြစ်ရပါသည်။ သိင်္ဂ ီပါးအပ်ထားတဲ့ ကိုကို့ ရင်ဘတ်ကြီးထဲက နှလုံးခုန်သံတွေကြောင့် ပိုပြီးစိတ်တိုလာရသည်။ ဒါ သိင်္ဂ ီ့ကို တမင်သက်သက် လူလည်ကျနေတာပဲဖြစ်မည်။
“ကိုကို လူလည်မကျ နဲ့နော်၊ မူးနေတာလဲ မဟုတ်ဘဲနဲ့ သူများ ရှက်တယ်”
လက်မောင်းကို ဆိတ်ဆွဲရင်း တိုးတိုးလေးပြောလိုက်တော့ ကိုကို လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
“သိင်္ဂ ီ ရယ်”
“ဟာကွာ … စိတ်တိုလာပြီနော်”
ဒီလို ကျပြန်တော့လည်း ကိုကို က မြန်သည်။ သိင်္ဂ ီ့ကို ဘေးဖက်တွန်းချလိုက်ပြီး သိင်္ဂ ီ့ အပေါ်ကို လှိမ့် တက်လိုက်သည်။ သိင်္ဂ ီက အလိုက်သင့်လေး ပေါင်တံတွေကို ကားပေးလိုက်သည်။
“ကိုယ်လဲ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး သိင်္ဂ ီရယ်”
“သိင်္ဂ ီ လဲဘာဖြစ်မှန်း မသိဘူး၊ ကိုကို့ကို အရမ်းချစ်တယ် ဆိုတာတော့ သိတယ်”
သိင်္ဂ ီ အမှန်ပြောခြင်းဖြစ်ပါသည်။ မမ ကုတင်ပေါ်မှာ ကိုကို နဲ့ လွန်ခဲ့ကျွံ ခဲ့ကြပြီးတဲ့ နောက်ပိုင်း အချိန် တိုင်း ကိုကို့ကို ချစ်တဲ့ အကြောင်းတွေကိုပဲ အမြဲတွေးနေခဲ့မိပါသည်။ ဟိုး အရင်ထဲက ကိုကို့ ကိုချစ်ခဲ့ သည်။ အခုတော့ ပိုပြီး ချစ်နေမိပြီ။ မျက်လုံးလေး တွေကို မှေးစင်းပြီး ကျရောက်လာမယ့် ကိုကို့ အချစ်တွေကို စောင့်ကြို နေမိသည်။ ဘာတွေဘယ်လိုပဲဖြစ်ပါစေ လက်ရှိအချိန်က အကောင်းဆုံး မဟုတ်ပါလား။ သိင်္ဂ ီ့ အတွက် ကိုကို နဲ့ ချစ်ခွင့်ရတဲ့အချိန်တိုင်းက အဖိုးတန်ပါသည်။ မမ သာ ပြန်ရောက်လာရင် သိင်္ဂ ီ တို့ ခုလိုနေနိုင်ဖို့ အတွက် မလွယ်ကူတော့ပါ။ ဒါကြောင့် သိင်္ဂ ီ စောင့်ကြို နေတဲ့ အရာ ရောက်လာချိန်မှာ ကြည်ကြည်နူးနူး စိတ်နဲ့ ကိုကို့ ကို တိုးပြီး တင်းအောင်ဖက်လိုက်မိသည်။
“သိင်္ဂ ီ တော့ကြာရင်ရူးမယ် ထင်တယ် ကိုကိုရယ်”
ကိုကို့ ကျောပြင်ကို ပွတ်ပေးရင်း ခပ်ညည်းညည်းလေး ပြောမိသည်။ ကိုကို ကတော့ ဘာမှ ပြန်မပြောဘဲ သိင်္ဂ ီ့ ရင်ထဲအထိ နင့်နင့် သွားအောင် အချစ်တွေကို ပေးနေ၏။ ကိုကို က သန်မာသည်။ ပြီးတော့ ခွန်အားကြီး၏။ တိမ်းမူးဖွယ်ရာ အထိအတွေ့ကိုလည်း ပေးနိုင်သည်။ ကိုကို့၏ ခွန်အားနဲ့ အထိအတွေ့တွေက အ ပေါ်ယံသာ မက ဟိုးအတွင်းဖက် အထိကိုပါထိုးဖေါက် ပြီး သိင်္ဂ ီ့ကို ဖမ်းစား နိုင်သည်။ ကိုကို က တခြားအချိန်တွေမှာ လေးနက်တည်ငြိမ်ပြီး လူကြီးဆန်ပေမယ့် ဒီလို အချိန်မျိုးကျတော့ လူငယ် လေး တယောက်အတိုင်းပင်။ သိင်္ဂ ီ နဲ့ သက်တူရွယ်တူ လို့ ဆိုနိုင်တဲ့သိင်္ဂ ီ့ ခင်ပွန်းဟောင်း ကိုမျိုး တောင်မှ သိင်္ဂ ီ့ကို ဒီလိုခံစားရအောင် မပေးစွမ်းနိုင်ခဲ့ပါ။
“ဒီထဲ မှာ လှိုက်လှိုက် လှိုက်လှိုက် နဲ့ သိလားကိုကို”
ရင်ဘတ်ကိုဖိရင်း သိင်္ဂ ီ ပြောမိသည်။ ညီညာဝိုင်းစက်တဲ့ သိင်္ဂ ီ့ ရင်သားနှစ်ဖက်ကတော့ ကိုကို့ရဲ့ လှုပ်ရှားမှုတိုင်းကို စည်းချက်လိုက်ပေးနေကြသည်။ မနက်အစောစော ဖြစ်နေပေမယ့် ကိုကို့ မျက်နှာ မှာ ချွေးစက်က လေးတွေ သီးလာ၏။ သိင်္ဂ ီ လည်း အတူတူပင်။ ကိုကို က မမောဘဲသိင်္ဂ ီ ကတောင် မောချင်သလိုဖြစ် နေသည်။ ရင်ထဲမှာ တလှိုက်လှိုက် ဖိုရတဲ့ ဝေဒနာက တဖြည်းဖြည်း နဲ့ တကိုယ်လုံးကို စီးဆင်း ပျံ့ နှံ့ သွားသည်။ ဒါကြောင့် သိင်္ဂ ီ မနေနိုင်တော့ဘဲ ကိုယ်လုံးလေးကို တွန့်လိမ်နေမိသည်။ အံလေးကို ကြိတ်ပြီး တိုးတိုးဖွဖွညည်းရင်း ဝေဒနာကို ဖြေဖျောက်ရသည်။ နောက်ဆုံးတော့ သိင်္ဂ ီ မနေနိုင်တော့ပါ။
“သိင်္ဂ ီ ပြီးတော့မယ် ထင်တယ် ကိုကိုရယ်”
ကိုကို နဲ့ စ ငြိစွန်းမိတဲ့ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်ရင်ထဲက အခြေအနေ ကိုပွင့်ပွင့် လင်းလင်း ထုတ်ပြောလိုက်မိသည်။ ဒီ အတွက်ရှက်ဖို့ကို လဲ သတိမရတော့ သိင်္ဂ ီ့ အတွေးထဲမှာ သိင်္ဂ ီ ရယ် ကိုကို ရယ် နောက်ပြီး ပေါင်ကြားကနေ တဆင့် တကိုယ်လုံးကို ပျံ့နှံ့ တက်သွားနေတဲ့ ဝေဒနာရယ် ပဲရှိတော့ သည်။ ဒါပေမယ့် ကိုကို က အလိုက်သိပါသည်။ ပိုပြီး အားထည့်ပေးလာ၏။ သိင်္ဂ ီ ပါးစပ်က ဘာတွေ မှန်းမသိ အငမ်း မရအော်ရင်း တွန့်လိမ်နေမိသည်။ သိင်္ဂ ီ့ ခါးကလေးကလည်း စည်းချက်ညီညီ အပေါ်ကို ကော့ တင် ပေးနေမိသည်။ ကိုကို ဆောင့်ချလိုက်တိုင်း ဖိုးဖိုးဖတ်ဖတ် နဲ့ အခန်းထဲမှာ ဆူညံနေတဲ့ အသံတွေကိုလည်း နားက မကြားနိုင်တော့ပါ။ နောက်တော့ သိင်္ဂ ီ လေထဲမှာ လွင့်သွားသည်။ တငြိမ့်ငြိမ့် တမူးမူး နဲ့ သိင်္ဂ ီ ငြိမ်သက်သွားတော့ ကိုကို လဲ ရပ်သွားသည်။ ကိုကို မပြီးသေးတာ ကို သိင်္ဂ ီ ရိပ်မိတာကြောင့် ကိုကို့ လက်မောင်းကို ကိုင်လှုပ် ရင်း
“ကိုကို မပြီးသေးဘူး မဟုတ်လား”
“ရပါတယ်”
“ဘာရတာလဲ၊ ကိုကို အဲ့ဒါတွေ သိပ်ခက်တာပဲ”
ကိုကို့ လက်မောင်းကြီးကို လက်သည်းနှင့် ဆိတ်ဆွဲလိုက်မိသည်။ တခါတလေ ကျပြန်တော့လည်း ကိုကို အလွန်တုံးပါသည်။ သူ့ကို စကားပြောရတာ နဲ့ သိင်္ဂ ီ့ ခံစားချက်လေးတွေတောင် ဘယ်ဆီကို လွင့်စင်လေပြီ မသိ။ သိင်္ဂ ီ ကိုကို့ မျက်လုံးတွေထဲ တည့်တည့် စိုက်ကြည့် ပစ်လိုက်သည်။ ဒီလို အရိပ် အကင်းမပါးတာ တွေ ကြောင့် မမ တရားစခန်းရောက်ရတာ ဖြစ်နိုင်သေးသည်။
“ကိုကို့ ကို သိင်္ဂ ီဘာ မှ မပြောဘူးနော်၊ ကိုကို့ ဖာသာ ငြိမ်နေတာ”
တော်တော် ဇိမ်ပျက်အောင်လုပ်တဲ့ ကိုကိုပါ။ ဒါပေမယ့် သိင်္ဂ ီက လိုက်လိုက်လျောလျော ပြောလာ တော့ မှပြန်လှုပ်ရှားလာ၏။ သိင်္ဂ ီ ထူးခြားချက် တခုကို သတိထားလိုက်မိသည်။ ညဖက် အရက်မူး နေတဲ့ ကိုကို နဲ့မနက်ခင်း မှာတွေ့တဲ့ ကိုကို မတူပါ။ ညဖက်ဆိုရင် သိင်္ဂ ီ ဘာဖြစ်ဖြစ် သူလုပ်ချင်ရာလုပ်တတ်ပြီး ခုတော့ လည်း သိင်္ဂ ီ့ကို ငဲ့ညှာတွန့်ဆုတ်နေပြန်၏။ ခုလည်း ကြည့် သိင်္ဂ ီ ပြီးသွားပြီဆိုတဲ့ နောက် စိတ်မပါသလိုလိုမရွံ့ မရဲ နဲ့ တချက်ချင်း လုပ်နေသည်။ အားလည်း သိပ်မထည့် တော့။ စိတ်သိပ် မရှည်ချင်သလို ဖြစ်လာသည့် သိင်္ဂ ီ သူ့ကို အရက်ထပ်သောက်ခိုင်းရင် ကောင်းမလား တွေးနေမိသည်။
“ဘာတွေ စိတ်မဖြောင့် ဖြစ်နေပြန်တာလဲ၊ စိတ်မပါရင်လဲ သွားတော့ ကိုကိုရာ” ကိုကို့ ရင်ဘတ်ကို တွန်းပြီး သိင်္ဂ ီ ထထိုင်ဖို့ ကြိုးစားသည်။
“မဟုတ်ပါဘူး သိင်္ဂ ီ ရယ် ကိုယ်စဉ်းစားနေတာ”
“ခက်ပါရောလား၊ ဘာတွေ များ စဉ်းစားနေတာလဲလို့”
“ဟိုလေ … ဟိုဒင်း ၊ သိင်္ဂ ီ လေးဖက်ထောက်ပေးပါလားဟင်”
သိင်္ဂ ီ့ ရင်ထဲ နွေးကနဲ စိမ့်ကနဲဖြစ်သွားသည်။ အမှန်ကို ဝန်ခံရရင် အဲဒါကို သိင်္ဂ ီ သဘောကျသည်။ ကိုကို့လောက် ယောက်ျားမပီ သတဲ့ ကိုမျိုး နဲ့တုန်းကတောင် တော်တော်လေးထိသည်။ ကိုကို နဲ့သာဆိုရင် ဆိုတဲ့ အတွေးက သိင်္ဂ ီ့ ရင်ကို ခပ်မြန်မြန် လေးခုန်စေ၏။
“အောင်မယ်လေး ရိုးတယ်ထင်ထားတာ မှားပြီ”
ကိုကို့ကို စရင်း ကိုကို ပြောသလို နေပေးလိုက်ပါသည်။ သိင်္ဂ ီ့ နောက်မှာ နေရာယူရင်း သိင်္ဂ ီ့ တင်ပါး လုံးလုံးလေးတွေကို လက်နှင့်သပ်ပြီးသိင်္ဂ ီ့ခါးလေး ကို ကိုကို တင်းတင်းဆုပ်လိုက်သည်။ ပြီးတော့
“ကိုကို ရယ်”
သိင်္ဂ ီ ကြို တွေးထားတဲ့ အတိုင်းဖြစ်လာပါသည်။ အိပ်ယာခင်းကို လက်နဲ့ ကျစ်နေအောင်ဆုပ်လိုက် မိသည်။ကိုကို့ကို အရင်ထက် ပိုပိုပြီး ချစ်လာရတာကိုလည်း မမေ့မလျော့ စိတ်ကသိနေ၏။ ဒါပေမယ့် မမ ပြန်မလာခင် ဆိုတဲ့ အချိန်က အရမ်းကို တိုတောင်းလွန်းပါသည်။ ကိုကို့ကို ကြာလေ မခွဲနိုင်လေ ဖြစ်တော့မယ် ဆို တာ သိင်္ဂ ီ တွေးရင်း ဝမ်းနည်းစိတ် နဲ့ အတူ ပေါင်တွေကို ပိုချဲလိုက်ပြီး တင်ပါးကို စွင့်သထက်စွင့်အောင် ပင့်တင်ပေးလိုက်မိသည်။ ကိုကို ကတော့ ဘာတွေတွေးနေမလဲ မသိပါ။ ယောက်ျားတွေ ဆိုတော့လဲ သူတို့လက်ရှိခံစားနေရ တဲ့ အမြိုက်အရသာကိုပဲ ခေါင်းထဲမှာ ထားဖို့ များပါသည်။ ချစ်ရသူကို လိုအင်ဖြည့်နေရတဲ့ သိင်္ဂ ီ့ မှာသာ ဝမ်းနည်းဝမ်းသာ နဲ့ မပြောပြတတ်အောင်ဖြစ်နေရသည်။
ကျန်းမာ လတ်ဆတ်တဲ့ သိင်္ဂ ီ့ အသွေးအသားတို့ မှာ လိုအင်ဆိုတာ ရှိပါသည်။ အပျို မဟုတ်တဲ့ သိင်္ဂ ီ့ အတွက် လိင်ကိစ္စ ဆိုတာ ဆန်းတယ်လို့ မဆိုသာပေမယ့် အရင်တုန်းက နဲ့ ဘယ်လိုမှ မတူဘူးဆိုတာ သိင်္ဂ ီသေသေချာချာ သိပါသည်။ ဒါကြောင့် ပိုဝမ်းနည်းရသည်။ ချစ်သောသူနဲ့ အခုလို နေရခြင်းက သာမန် အသွေးအသား ကိစ္စထက်ပိုပြီး ထူးခြားလေးနက်တယ် ဆိုတာ ကောင်းကောင်း သိချိန်မှာ သိင်္ဂ ီ ချစ်တဲ့ သူက သိင်္ဂ ီ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့သူ ဖြစ်နေတာဆိုးသည်။
ကိုကိုက ကိုမျိုးထက် ပိုပြီးယောက်ျားပီသလို့ သန်မာတာ ကြောင့်တင်မဟုတ်ပါ။ သိင်္ဂ ီ နဲ့ကိုမျိုးကြားမှာ အချစ် ဆိုတာ မရှိခဲ့တာကြောင့် ခုလိုကွာခြားရတယ်လို့ သိင်္ဂ ီယုံကြည်၏။ ကိုကို က ကိုမျိုး ကို မမှီဘူး ဆိုတဲ့ တိုင်အောင် သိင်္ဂ ီ ကိုကို နဲ့ကိုမျိုး ဆိုရင် ကိုကို လို့ပဲ ပြောပါမည်။ ခုတော့ ကိုကို က အလွန်ယောက်ျား ပီသတဲ့ သူဖြစ်နေပြန်၏။အချက်တိုင်း အချက်တိုင်း က သိင်္ဂ ီ့ရင်ကို ဆွဲခါ၏။ တင်ပါးအောက်က နေတဆင့် ရင်ခေါင်းထဲအထိ လှိမ့် တက်လာတဲ့ ခံစားချက်က သိင်္ဂ ီ့ နှုတ်ခမ်းနီနီ လေးတွေကို တဆတ်ဆတ် တုန်ခါစေ ပါသည်။ အတွင်းထဲကအသားနုနု လေးတွေကို ပွတ်တိုက်ဖြတ်သန်း နေမှုအားလုံး သိင်္ဂ ီ သိနေသည် ဆိုလျှင် ပိုတယ်လို့ ပြောချင် ပြောကြနိုင်ပေမယ့် သိင်္ဂ ီ့ အတွက်ကတော့ တကယ်ဖြစ်ပါသည်။
..................................
ကိုကို နဲ့ အခုလို ဖြစ်တာရက်ပိုင်းပဲ ရှိသေးပေမယ့် ကိုကို့ အကြောင်း သိင်္ဂ ီ သိနေပါပြီ။ ကိုကို သည် သွေး မပူရင် အေးလွန်းပေမယ့် သွေးဆူပြီဆိုရင်တော့ မလွယ်ပါ။ ခုလည်း ကိုကို့ တွန်းအားကို တောင့်ခံရင်း သိင်္ဂ ီ့ မျက်နှာ က ခေါင်းအုံး ပေါ်တစောင်းမှောက်ကျနေပြီး လက်တွေ က ကုတင်ခေါင်းရင်းဖက်ကို လှမ်းတွန်းထားရသည်။ သမင်လည်ပြန်ကြည့်မိတော့ ကိုကို အံကြိတ်ထားတာ မြင်ရ၏။ မျက်နှာကြီးလဲ ရဲတွတ်နေသည်။ သိင်္ဂ ီ့ ခါးကို ဆုပ်ကိုင်ထားတဲ့ လက်တွေကတော့ ပိုပိုပြီးတင်းကြပ်ခိုင်မြဲလာ၏။သိင်္ဂ ီကိုယ်တိုင်လဲ ခနကလို တောင်တောင်အီအီတွေ စိတ်ရောက်ပြီး ဝမ်းနည်း မနေနိုင်တော့ပါ။ အထွဋ် အထိပ် ကို နောက်တကြိမ်ထပ်ရောက်ရတော့ မယ်ဆိုတဲ့ အသိက သိင်္ဂ ီ့ကို ဖမ်းစားလိုက်ပါသည်။
“သိင်္ဂ ီ မသိခဲ့ဘူးကိုကို၊ ထင်လဲမထင်ခဲ့ဘူး”
စိတ်မှတ်မဲ့စွာနဲ့ ပါးစပ်ထဲရောက်လာတာတွေ ပြောရင်း သိင်္ဂ ီ့ ကိုယ်လုံးလေး တဖြည်းဖြည်း ပျော့ခွေချင်သလိုဖြစ်လာသည်။ ထောက်ထားတဲ့ ဒူးတွေလက်တွေလဲ မမြဲချင်တော့ပါ။ အချစ်နတ်ရဲ့ ဖမ်းစားခံရတာ သိင်္ဂ ီ တယောက်ထဲတော့ မဟုတ်ပါ။ ကိုကို့ နှာခေါင်းက မှုတ်ထုတ်လိုက်တဲ့ ထွက်သက်လေ ပြင်းပြင်းက သိင်္ဂ ီ့ ကျောပြင်ကို နွေးကနဲနွေးကနဲ ရိုတ်ခတ်နေသည်။ သိင်္ဂ ီ ကိုကို့ ကို မြင်ချင်လာသည်။
“ကိုကို့ကို ကြည့်ချင်တယ်၊ ကိုကို့ကို ကြည့်ချင်တယ်” ပြောရင်း သိင်္ဂ ီက ဘေးကို အတင်းလှဲချလိုက်သည်။
“ဘာဖြစ်လို့လဲ သိင်္ဂ ီ” တုန်ရီမောဟိုက်စွာ ကိုကို မေးသည်။
“သူများက သူ့ကို ကြည့်နေချင်လို့ပါဆို”
သိင်္ဂ ီ့ ဆိုလိုရင်းကို နားမလည်ပေမယ့် မျက်နှာချင်း ဆိုင်အနေအထားကို ပြောင်းပေးလိုက်သည်။ ဒီတော့ မှ သိင်္ဂ ီ လည်းကိုကို့ ကို သေသေ ချာချာမြင်ရသည်။ သိင်္ဂ ီ့ အတွက် အပျော်ရွှင်ရဆုံး အချိန်တွေမှာ ကိုကို့မျက်နှာကို မြင်ချင်ပါသည်။ လည်ပင်းက အကြောကြီးတွေ ထောင်ထနေအောင် ကိုကို အားစိုက်ပါသည်။သိင်္ဂ ီ့ ပေါင်တံတွေကို မထားတဲ့ ကိုကို့လက်မောင်းလက်ဖျံတွေက ချွေးတွေ နှင့်ရွှဲ ပြီး ကြွက်သားဆိုင်တွေဖုထစ်နေ၏။ ဘယ်လောက်ကြည့်လို့ ကောင်းလိုက်တဲ့ မြင်ကွင်းပါလဲ။ သိင်္ဂ ီ့ ရင်ထဲက ပီတိ ကြောင့် တကိုယ်လုံးသိမ့်သိမ့်တုန်အောင်ကြည်နူးရသည်။ နဂိုထဲကမှ ကိုကို့ကြောင့် တသိမ့်သိမ့် ခါနေသော ကိုယ်လုံးလေး တွန့်လိမ်သွားအောင် ခံစားလိုက်ရသည်။
“ကိုကို ရယ်၊ သူများလေ အရမ်းပျော်တာပဲ သိလား”
ချွေးစို နေတဲ့ ကိုကို့လက်မောင်းကြီးတွေကို ဖျစ်ညှစ်ပြီး ပြောမိသည်။ ကိုကို့ မျက်လုံးတွေကလည်း သိင်္ဂ ီ့ ကိုကြည့်တဲ့ အခါရီေ၀ နူးညံ့လို့နေကြသည်။ သိင်္ဂ ီ ရင်ထဲက သိနေသည်။ ကိုကို မကြာခင်ပြီးတော့ မည်။သိင်္ဂ ီ လည်းဘာမှ မထူးပါ။ နောက်တကြိမ်ပြီးလု ပြီးခင်ဖြစ်နေပြီ။ နောက်တော့ ဘာမှ မကြာလိုက် သိင်္ဂ ီ နဲ့ကိုကို ရှေ့ဆင့်နောက်ဆင့် ပြီးသွားကြသည်။
“ကိုကို”
အမောဖြေနေတဲ့ ကိုကို့ ရင်ခွင်ကို မှီရင်း ခေါ်လိုက်မိသည်။
“ဘာလဲ သိင်္ဂ ီ”
“ဘာမှ မဟုတ်ပါဘူး ခေါ်ကြည့်တာ”
နောက်တော့ စကား မပြောဖြစ်ဘဲ မှိန်းနေမိကြသည်။ အချစ်၏ လှိုင်းဂယက်တွေ တည်ငြိမ်သွားသည် အထိအောင်ပင်။ အိပ်ယာပေါ်က အရင်ဆုံးထလိုက်သူက ကိုကိုဖြစ်သည်။
“တခါတလေ ဒေါ်ဒေါ်ကြည် နဲ့ သမီးက ဝင်လာတတ်တယ်”
နှင်သော စကားလို့ တွေးလိုက်မိပြီး သိင်္ဂ ီ့ ရင်ထဲနင့် သွားသည်။ ကိုကို သည်လည်း သူတို့ ဆန္ဒ ပြည့်သွားရင် မိန်းမတွေကို အရေးမလုပ်ချင်တဲ့ ယောက်ျားတွေ ထဲက ယောကျ်ား တယောက်ပါလားလို့ တွေးရင်း ရင်နာရသည်။ ဒါပေမယ့် သိင်္ဂ ီ ခွန်းတုံ့ ပြန်မနေတော့ဘဲ ညကဝတ်လာသည့်အင်္ကျ ီ လေးယူ ပြီး တဖက်ခန်းကိုပြန်ကူး လာခဲ့သည်။ တံခါးကို ဆောင့် ပိတ်လိုက်ချင်ပေမယ့် စိတ်ကို ထိန်းချုပ်ရင်း ကုတင်ပေါ် ပစ်လှဲ လိုက်မိသည်။ လှဲပြီးမှ ကိုကို့ စကားကို သတိရပြီး ချက်ချင်း ပြန်ထကာ အဝတ်ရှာဝတ်ရပြန်၏။ ဖူးဖူး ဝင်လာရင် အိပ်ယာပေါ်မှာ ကိုယ်လုံးတီးနဲ့ အဒေါ်ဖြစ်သူကို မြင်မသွားစေလိုပါ။ တွေ့သည့် ဘောင်းဘီတို တထည်ကို ကောက် စွပ်လိုက်ပြီး အင်္ကျ ီ ကိုတော့ ညက အင်္ကျ ီ ပဲပြန်ဝတ်လိုက်မိ၏။ အဝတ်ပြန်ဝတ်ရင်း ကိုကို့ ကို စိတ်နည်းနည်းပြန်ပြေသွားပါသည်။ မဖြစ်သင့်တာ မဖြစ်ရအောင်၊ မသိသင့်သူတွေ မသိရအောင် ဆင်ခြင် နိုင်မှ ကိုကိုနဲ့ သိင်္ဂ ီ ရှေ့ခရီးဆက်လို့ ရမည် မဟုတ်ပါလား။
စိတ်ပြေသွားပြီးနောက် သိင်္ဂ ီ အိပ်ယာပေါ် လှဲနေရင်း ပြန်အိပ်ပျော်သွားသည်။ စောစောစီးစီး ချစ်လိုက်ရသည့် အချစ်က ကိုကို့ အတွက်တော့ မသိသိင်္ဂ ီ့ အတွက်ကတော့ တော်တော် လေးပန်းလျသွားသည်။ အိပ်ပျော်သွားလို့ ကိုကိုနဲ့ အတူတောင် မနက်စာ မစားဖြစ်လိုက်ပါ။ နေ့ခင်း ဆယ့် တစ်နာရီလောက် ဒေါ်ဒေါ်ကြည် အတင်းလာနှိုးမှ သိင်္ဂ ီ လူးလဲ ထရင်းနာရီ ကြည့်မိသည်။
“အောင်မယ်လေး အိပ်ချက်ကတော့တော်၊ ဒါ မိန်းကလေး တဲ့လား”
သိင်္ဂ ီ ဖွင့်ပေးတဲ့ တံခါးက ဝင်လာလာချင်း ဒေါ်ဒေါ်ကြည် က မကျေမနပ် ပြောသည်။
“ညကတော်တော် နဲ့ အိပ်မပျော်လို့ပါ ဒေါ်ဒေါ်ကြည်ရဲ့”
“ဒါဖြင့် ရင်လဲ မနက်စာလေး ဘာလေး ဆင်းစားပြီးမှ ပြန်အိပ်ပေါ့၊ ကျုပ်မှာ တော့ ပြင်ဆင်ထားလိုက်ရတာ”
ဒေါ်ဒေါ်ကြည် ဘာကို မကျေနပ်တာ သိင်္ဂ ီ သိလိုက်ပါသည်။ အိပ်ယာထ နောက်ကျလို့ မဟုတ်၊ သူပြင်ပြီးစောင့် နေသော မနက်စာ လာမစားလို့ ဖြစ်သည်။
“လာနှိုး မလို့ပဲ၊ ဆရာက အိပ်ပါစေ နှိုး မနေပါနဲ့ ဆိုလို့” သိင်္ဂ ီ အသာလေးငြိမ်နေလိုက်သည်။
“အလိုတော်… အိပ်ယာက သပ်ရပ်လို့ပါလား၊ သိင်္ဂ ီ ဘယ်တုန်းက စည်းကမ်း ရှိသွားတာလဲ”
မိုးလင်းတော့ မှ ခန ဝင်အိပ်ထားသည့် အိပ်ယာက သပ်သပ်ရပ်ရပ် လေးရှိနေဆဲပင်။ တညလုံး အိပ်ထားတာမဟုတ်တော့ ဘာမှ တွန့်ကြေမနေပါ။ စောင်ကလည်း အခေါက်လိုက်ဘေး လက်ရာခြေရာ မပျက်ရှိနေ သည်။ဒေါ်ဒေါ်ကြည် စိတ်မကောင်း မဖြစ်စေဖို့ သိင်္ဂ ီ ရေချိုး အဝတ်လဲပြီး မနက်စာ ဆင်းစားသည်။ ဒါကိုတောင် မှဒေါ်ဒေါ်ကြည် မကျေနပ်နိုင်သေး။
“နေ့ခင်းစာပါ ပေါင်းစားလိုက်တော့ အေ”
“စားမှာ၊ စားမှာ၊ ဒါနဲ့ ဒေါ်ဒေါ်ကြည့် မှာ ပိုက်ဆံ ဘယ်လောက် ရှိတုန်း”
“ဟောတော်၊ သူဌေးမ က ဘာလုပ်ဖို့လဲ”
“ပိုက်ဆံ ကုန်နေလို့”
“ဒေါ်ဒေါ့် ဆီမှာ တော့ ဆရာပေးထားတဲ့ ဈေးဖိုးပဲ ရှိတာပေါ့၊ ဆရာ့ ဆီ ကယူလိုက် ပြီးရော”
“အင်း လေ၊ သူက အစောကြီးထွက်သွားတာကိုး”
“မစောပါဘူး အေ၊ ညည်းကမှ အိပ်ရာက မထတာ”
သိင်္ဂ ီ အိပ်ရာ က မထနိုင်တာ သူတို့ဆရာကြောင့် ဆိုတာ ဒေါ်ဒေါ်ကြည် သိရင် ဘယ်လိုနေမလဲ တွေးရင်း စိတ်ထဲက ကြိတ်ပြုံးလိုက်မိသည်။ သိင်္ဂ ီ မနက်စာ စားပြီးချိန်မှာ ဦးလေးစိုးလည်း ကလေးတွေ ကျောင်းပို့ပြီး ပြန်ရောက်လာသည်။
“ကား ယူသွားမယ် ဦးလေးစိုး၊ ညနေ ကလေးတွေကို သိင်္ဂ ီ ပဲ ကြိုလိုက်မယ်”
အရင်တုန်းကလဲ မမ တို့ဦးလေးစိုးတို့ နှင့် လိုက်ပြီး ကလေးတွေကို ကျောင်းကြို ကျောင်းပို့ လုပ်ဖူးသည်။ဒါကြောင့် ဦးလေးစိုး က သိင်္ဂ ီ့ လက်ထဲကားသော့ လာထည့်ပေး၏။
“ကျူရှင် အိမ်ကတော့ နေရာပြောင်း သွားပြီ၊ ဖူးဖူး ကို မေးပြီးတော့ ပို့လိုက်ပေါ့”
“ဟုတ်ကဲ့”
ညတုန်းကရော မနက်ကပါ ကိုကို့ဆီက ပိုက်ဆံယူထားလိုက်ဖို့ မေ့နေခဲ့သည်။ ပိုက်ဆံ ထက် အရေးကြီး တဲ့ ကိစ္စတွေကြောင့် ကိုကို ရောသိင်္ဂ ီ ပါ မအားကြဘူး မဟုတ်လား။ ရုံးကို ပဲလိုက်ရဦးတော့မည်။ ကိုကို က ရုံး မှာ မရှိလျှင် ခက်ပြီ။ ဖုန်းကြိုဆက်ထားသင့် ပေမယ့် မဆက်ချင်တော့။ မရှိလျှင်လည်း ထိုင်စောင့် နေလိုက် တော့မည်။
.................................
ကားပေါ်တက်ခါနီး ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့် မိသေး၏။ မနေ့ကလို ဝတ်သွားစရာ ထမိန်ကလည်း မရှိ လို့ဘောင်းဘီရှည်ပဲ ဝတ်ထားရသည်။ မနေ့က ချုပ်တဲ့ ထမိန်တွေ၊ ပြင်ခိုင်းထားတဲ့ ထမိန်စကပ် နဲ့ စကပ်ရှည် တွေက ဒီနေ့ မှရမည်။ သိင်္ဂ ီ ရုံးထဲ ဝင်သွားတော့ ခင်မောင်တင့်က ဆီးနောက်၏။
“ညီမလေး ဘယ်သူနဲ့ တွေ့ချင်လို့လဲ”
“နင် ငရဲကြီးမယ်နော်၊ ကိုယ့် အဒေါ် ကိုဒီလိုပြောရလား”
“ဟုတ်သားဟ မိန်းမရေ၊ ငါ့ အဒေါ် ဖြစ်နေပါလား၊ အတွင်းရေးမှုး လာလျှောက်တဲ့ ကောင်မလေး လားလို့” အနားမှာ ရှိတဲ့ အေးအေး ဖက်လှည့်ပြီး ပြောပြန်သည်။
“ရုပ်ကို ကြည့် အတွင်းရေးမှုး လားလို့၊ ငါက ဒါရိုတ်တာ နင်မသိဘူးလား”
ဒီကုမ္ပဏီ က ကိုကို အုပ်ချုပ်နေတဲ့ လုပ်ငန်းမှန်ပေမယ့် သိင်္ဂ ီ တို့ မိဖများလက်ထက် က လုပ်ငန်းကနေ ချဲ့ထွင်ဆင်းသက်လာတာ ဖြစ်တဲ့ အတွက် တရားဝင်ဖွဲ့စည်းပုံ အရ သိင်္ဂ ီ နဲ့ မမ ရယ်၊ အခု နေပြည်တော် ရုံးခွဲ မှာသွားထိုင်နေတဲ့ ကိုကို့ မွေးစားညီ လို့ ဆိုနိုင်တဲ့ ကိုကျော်မင်းရယ်က ဒါရိုတ်တာအဖွဲ့ဝင်တွေ ဖြစ်သည်။ ဒါကို ခင်မောင်တင့်လည်း သိပါသည်။
“အော် .. ဒါရိုတ်တာလား၊ ရုံးမှာ မရှိတဲ့ ဒါရိုတ်တာ ဆိုတော့ ကျွန်တော်တို့က မသိဘူးခင်ဗျ”
“မသိလဲ မှတ်ထား၊ နေစမ်းပါဦး နင်တို့ လေးလေး ရှိလား”
“ရှိတယ်၊ အထဲမှာ ဧည့်သည်တွေ နဲ့ စကားပြောနေတယ်”
“ဒါဆိုလဲ ဧည့်သည်တွေ ပြန်မှပဲ သွားတော့မယ်”
သိင်္ဂ ီ အေးအေး စားပွဲမှာ ဝင်ထိုင်နေလိုက်သည်။ ဒါကိုတောင် ခင်မောင်တင့်က ထပ်နောက်နေသေး၏။
“ဟို ဖက်မှာ ဒါရိုတ်တာ ရုံးခန်းရှိတယ် ခင်ဗျ၊ ကိုကျော်မင်း မရှိတော့ ပိတ်ထားတယ်၊ မမ ထိုင်မလား”
“အေး … နောက်နေ့ လာထိုင်မယ်၊ ဒီနေ့တော့ မအားဘူး၊ MD ဆီ က ပိုက်ဆံ ချေးပြီး အကြွေးတွေ သွားဆပ်စရာ ရှိလို့”
ခင်မောင်တင့် ကြာကြာဆက် နောက်မနေနိုင်ပါ။ အထဲကကိုကို လှမ်းခေါ်လို့ ဝင်ပြေးသွားရသည်။ ပြီးတော့ဝင်လိုက် ပြန်ထွက်လိုက် စာရွက်စာတမ်းတွေ အေးအေး နဲ့ အတူ ရှာလိုက် ဖုန်းဆက်လိုက် နှင့် အလုပ်များ နေ၏။ အေးအေး လည်း သူ့အလုပ်နဲ့ သူရှုပ်နေချိန် မှာခင်မောင်တင့်ကို ထထ ပြီးကူရလို့ ပွစိပွစိ လုပ်နေ သည်။ သူတို့ တွေ အလုပ်များနေတာ ကိုကြည့်ရင်း သိင်္ဂ ီ တောင် မနေတတ် မထိုင်တတ် ဖြစ်လာသည်။ ကိုကို ဆိုရင် သူတို့ထက်ပို ပင်ပန်း ပိုအလုပ်ရှုပ်ပေလိမ့်မည်။ အရင်ကတော့ ကိုကျော်မင်း ရှိသည်။ နောက်တော့ ပြောင်းလည်း လာသော အခြေအနေ တွေအရ အရေးပါသည့်နေပြည်တော် ရုံးခွဲ မှာ ကိုကျော်မင်း သွားနေနေရတော့ ကိုကိုတယောက်ထဲ ဒီမှာ လုပ်နေရသည်။ ကျောင်းပြီးကထဲက ကိုကို နဲ့ အတူ အလုပ်လုပ် ခဲ့တဲ့ ကို ကျော်မင်း က ကိုကို့ ညာလက်ရုံး ဖြစ်၏။ သိင်္ဂ ီ တွေးရင်းနဲ့ ကိုကို့ ကို သနားလာသည်။ ဖြစ် နိုင်ရင် သိင်္ဂ ီ တတ်နိုင်တဲ့ ဖက်က ကူပေးချင် စိတ်တွေ ပေါက်လာသည်။
သိင်္ဂ ီ ထင်သလို နေနိုင်တာ မိဖတွေ ချန်ခဲ့တဲ့ အမွေ အနှစ် တွေတခုထည်းကြောင့် မဟုတ်၊ ဒီလုပ်ငန်း ကရတဲ့ အကျိုးအမြတ်တွေ အချိုးကျ ရနေလို့လည်း ဖြစ်သည်။ မိသားစု လုပ်ငန်းမှာ အမည်ခံ ဒါရိုတ်တာ ဘ၀ နဲ့ အချောင်ထိုင်စားနေတာကို အခု မှ စိတ်မလုံချင်သလိုလို ဖြစ်ရသည်။ကိုကို ပင်ပင် ပန်းပန်း ရှာဖွေ ပေးနေတာကို အခန့်သားထိုင်ပြီးသုံးဖြုံး နေခဲ့တာမဟုတ်လား။ သိင်္ဂ ီ ကိုယ့်အတွေးနဲ့ကိုယ်ငေး နေတုန်း အခန်းထဲကနေ ကိုကို နဲ့ ဧည့်သည်တွေ ထွက်လာသည်။ သိင်္ဂ ီ့ကိုမြင်တော့ ကိုကို မျက်မှောင်ကုပ်သွားသည်။ ဧည့်သည်တွေကလည်း အရေးပါသူတွေ ဖြစ်ပုံရသည်။ ကားနားအထိ ကိုကို လိုက်ပို့၏။ သိင်္ဂ ီ ကတော့ သူတို့ ထွက်သွားတာ နဲ့ကိုကို့ အခန်းထဲ ဝင်စောင့် နေလိုက်သည်။ ခန လောက်ကြာတော့ ကိုကို ပြန်ဝင်လာသည်။ သူ့ကို ကြည့်ရတာ သိင်္ဂ ီ လာတာကို ကြိုက်ပုံ မရ၊ သိင်္ဂ ီ့ကိုကြည့်သော အကြည့်က ခပ်စိမ်းစိမ်း။
“ဘာကိစ္စ ရှိလို့လဲ သိင်္ဂ ီ”
ပိုက်ဆံ ကိစ္စ သူမေ့နေပြီထင်သည်။ မေးတာကလည်း ဝတ်ကျေဝတ်ကုန် မေးပုံမျိုး။ ရင်ထဲမှာ တမျိုးဖြစ်ရ ပေမယ့် အလုပ်အဆင်မပြေ လို့ များလားလို့တွေးပြီး သိင်္ဂ ီ စိတ်ဖြေလိုက်သည်။
“မနေ့က ပိုက်ဆံ ယူမယ် ဆိုတာလေ၊ ညကလဲ မေ့သွားတယ်၊ မနက် ကျတော့လဲ မပြောလိုက်ရ ဘူးလေ၊ဟင်း … ဟင်း ….အဲဒါ အခု လာယူတာ”
ရှက်ပြုံးလေးနဲ့ ပြောနေတဲ့ သိင်္ဂ ီ့ကို မှ အားမနာ မျက်နှာရှစ်ခေါက်ချိုးကြီးနဲ့ အံဆွဲကို ဖွင့်သည်။
“ဘယ်လောက်ယူမှာလဲ”
“သုံးသိန်းပေး”
တထောင်တန် သုံးအုပ်ကို ထုတ်ပြီး သိင်္ဂ ီ့ကို လှမ်းမပေးဘဲ သူ့စားပွဲစွန်း မှာတင်လိုက်သည်။ လာယူဆိုတဲ့ သဘောဖြစ်နေလို့ သိင်္ဂ ီ မနေနိုင်တော့ပါ။ ပိုက်ဆံအုပ်တွေကို ဆောင့်ဆောင့် အောင့်အောင့် လှမ်းယူပြီး အိပ်ထဲ အတင်းထိုးသွင်း လိုက်ရင်း
“ကိုကို အောင်”
“ပြော”
“သိင်္ဂ ီ လာတာကို မကြိုက်ဘူးလား”
“ကိုယ်က ဘာပြောနေလို့လဲ”
“ဘာမှ မပြောပေမယ့် မျက်နှာထားနဲ့ အမူအရာက အသိသာကြီး၊ အမှန်က သိင်္ဂ ီ ဒီနေ့ ရုံးထိလိုက်လာဖို့ အစီအစဉ် မရှိဘူး၊ ပိုက်ဆံ ယူမထားလိုက်ရလို့ လိုက်လာတာ၊ ဘာကြောင့် အိမ်မှာ မယူလိုက်ရတာ ဆိုတာလဲ ကိုကို အသိဆုံးပဲ”
စိတ်ပေါက်ပေါက် နှင့် ကိုကို လို့ခေါ်ပစ်လိုက်သည်။ သိင်္ဂ ီ့ဖက်ကလဲ မလွန်ဘူး ဆိုတော့ ဘာပြန်ပြောရမှန်းမသိတဲ့ မအီမလည် မျက်နှာကြီး နဲ့
“ဒါ ပေမယ့် … သိင်္ဂ ီ ရယ်… ဟိုလေ … ကိုယ်က ဒီ သဘောမ….” သိင်္ဂ ီ က စိတ်တိုတို နှင့် အတင်းဖြတ်ပြောလိုက်သည်။
“ဘာမှ မပြောပါနဲ့ တော့ ဦးအောင်ဘညို၊ ရှင့်သိက္ခာ ဆိုတာကို ကျွန်မက ရှင့်ထက်ပိုပြီး ဂရုစိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရှင့်ကို ကျွန်မက ချစ်နေရလို့ ပဲ၊ ”
ပြောနေရင်း ဒေါသကနေ ဝမ်းနည်းခြင်း ဖက်ကို ကူးသွားပြီး သိင်္ဂ ီ့ အသံတွေတုန်ရီ ပြီး ငိုသံ ပါလာတာ ကို သိ နေပေမယ့် ထိန်းချုပ် မထားနိုင်တော့ပါ။
“ဒါပေမယ့် … ကိုကို က သိင်္ဂ ီ့ကို လူထဲသူထဲမှာ အရောမဝင်ချင်ဘူး၊ အိပ်ယာပေါ် မှာပဲ အရောဝင်ချင်တယ် ဆိုတာ လည်းသိင်္ဂ ီ သိပါတယ်၊ နောက်မလာတော့ပါဘူး ကိုကို”
စကားဆုံးတာနဲ့ ချာကနဲ လှည့်ထွက်လာခဲ့မိသည်။ ကိုကို နောက်ကနေလှမ်းခေါ်တယ် လို့တော့ထင်မိ၏။ ဒါပေမယ့် လှည့် မကြည့်တော့ လှမ်းနှုတ်ဆက်တဲ့ ခင်မောင်တင့်တို့ လင်မယားကို တောင်မှ လက်ပဲရမ်းပြ နှုတ်ဆက်လိုက် ပြီး မပြေးရုံတမယ် ထွက်လာခဲ့မိသည်။ တံခါးဝကိုရောက်ဖို့ ရုံးသူရုံးသား တွေ စားပွဲတွေကြား က ဖြတ်သွားနေချိန် မှာမျက်ရည် မကျမိအောင် စိတ်ကို မနည်းတင်းထားရသည်။ ကားပေါ်ကို ဘယ်လိုတက်ပြီး ဘယ်လို မောင်းထွက်လာမိတယ်ဆိုတာကိုတောင် သိင်္ဂ ီ ရေရေရာရာ သတိမပြုမိပါ။ လမ်းမပေါ်ရောက်ပြီး ကားတွေ အများကြီးကြားထဲ သိင်္ဂ ီ မောင်းလာတဲ့ ကားလေး တိုးဝင်သွားတော့မှ သတိဝင်လာပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ် နိုင်သွားသည်။ မျက်လုံးထဲမှာ ရစ်ဆိုင်းနေတဲ့ မျက်ရည်ခိုးတွေကြောင့် သိင်္ဂ ီ့ ရှေ့က လမ်းမကြီးက မိုးအုံ့နေသလို ညို့မှိုင်းနေ၏။
................................................
{မုန်တိုင်း မကျမှီ အချိန်တွင် လေထုသည် ငြိမ်သက်၏။ သို့သော်ငြိမ်သက်ခြင်း နှင့် တွေ့ကြုံတိုင်း မုန်တိုင်း နှင့် ရင်ဆိုင်ရတော့မည်ဟု မဆိုနိုင်ချေ။ မုန်တိုင်း စဲသော အချိန်တွင် လေပြေတိုက်ခတ်၏။ သို့သော် လေပြေလေညှင်း ကြုံ ရလေတိုင်း မုန်တိုင်း၏ အလွန် ကာလဟု မှတ်ယူရန်မဖြစ်နိုင်ချေ။ သဘောတရား တခု၏ တနေရာ ထဲကို သာ သတ်မှတ်စွဲ ကိုင်တတ်သူသည် အရာရာတိုင်းတွင် တဝက်ရှုံး၏။}
..................................................................
အခန်း ( ၉ )
ဦးအောင်ဘညို တနေ့ခင်း လုံးစိတ်တိုနေသည်။ အခုလို စိတ်တိုရခြင်းသည် သိင်္ဂ ီ ပြောသွားသော စကားများကြောင့်ဟု တွေးမိလျှင် ပိုပြီး စိတ်ကလှုပ်ရှား၏။ ဝန်ထမ်းတွေ နှင့်စကားပြောရာတွင်၊ အလုပ်ကိစ္စ ဖြင့်ဖုန်းပြောရတွင် စိတ်ကို ထိန်းချုပ်ထားရခြင်း ကိုပိုပြီးစိတ်ကိုပင်ပန်းစေ၏။ သိင်္ဂ ီ့ကို ဦးအောင်ဘညို မကျေနပ်ပါ။ အထူးသဖြင့် သိင်္ဂ ီ ပြောသွားသော စကားကို အမှန်တရားတခု ဟုစိတ်ကထင်မိသလို ဖြစ်သော အချိန်များတွင် ပိုပြီး မကျေမနပ် ဖြစ်ရသည်။ တကယ်တန်းတော့ သိင်္ဂ ီ မလွန်ပါ။ ဒီနေ့ ရုံးသို့ လိုက်လာရာ တွင်လည်း ဘာအမှားအယွင်း မှမလုပ်ခဲ့။ သူမ ယူမယ်လို့ ပြောထားသော ငွေကိုလာယူခြင်းသာဖြစ်သည်။ သိင်္ဂ ီ နှင့်ပတ်သက်လျှင် မလုံမလဲ ဖြစ်ရတတ်သည့် ဦးအောင်ဘညို၏ စိတ်ကသာ ဒီကိစ္စ တွင် တရားခံဖြစ်သည်။
ဦးအောင်ဘညို စိတ်မကြည်မလင် ဖြစ်နေသည်ကို အနီးကပ်လူတွေ ဖြစ်သော ခင်မောင်တင့်တို့ လင်မယားလည်းသိသည်။ သို့သော် သိင်္ဂ ီလာသွားတာ နှင့် တွဲစပ်ပြီး မသိကြပါ။ အလုပ်အဆင်မပြေတာ တွေရှိနေခြင်းကြောင့် ဟုသာထင်ရသည်။ စိတ်မကြည်လင်ပါဘဲနှင့် ဟန်လုပ်နေရသည်ကို သည်းမခံ နိုင်တော့သည့် အတွက်ရုံးစောစော ဆင်းလိုက်သည်။ အိမ်ကို တန်းပြန်ဖို့လည်း စိတ်ကူးမရှိပါ။ ထို့ကြောင့် ကားမောင်းလာ ရင်း ဘယ်သွားရင်ကောင်း မလဲ တွေးနေမိသည်။ ကျော်ကျော့် မျက်နှာကဖျပ်ကနဲ ပေါ်လာသောအခါ ခေါင်းကို ဘယ်ညာရမ်းပြီး အတွေးကို ခါထုတ်လိုက် သည်။ ရမ္မက်နောက် ကိုလိုက်မိခြင်းကြောင့် ဒီနေ့ပင် မိန်းမတယောက်က သူ့ကို စိတ်နာသွားခဲ့ ပြီ။ နောက်တယောက်ဆီ ထပ်သွားမည် ဆိုလျှင် သူ့လောက်မိုက်သူ လောကတွင်မရှိဟု ဦးအောင်ဘညို တွေးနေမိသည်။ နောက်ဆုံးတော့ ဦးအောင်ဘညို၏ မသိစိတ်က မောင်း နှင်သောကား က စားသောက်ဆိုင်တခု ၏ရှေ့တွင်ဆိုက်ဆိုက် မြိုက်မြိုက် ထိုးရပ်မိလျက်သားဖြစ်သွားသည်။
“ဒါပဲ ရှိတော့တာပဲလေ”
ခပ်တိုးတိုးရေရွတ်ရင်း ကားပေါ်ကဆင်းလိုက်သည်။ အရင်က ဆိုလျှင် တယောက်ထဲ ဘယ်တော့ မှ အရက် သောက်လေ့မရှိ သော်လည်းခုနောက်ပိုင်း တော့ ဦးအောင်ဘညို တယောက်ထဲ သောက်ဖြစ် နေသည်။ ထို့ အပြင်နားအေးပါးအေး တယောက်ထဲ သောက်ရတာကိုလည်းခုံမင် လာသလိုလို ရှိသည်။ အရက်ကို တစိမ့်စိမ့် သောက်ရင်း ကိုယ်တွေးချင်ရာ တွေးလို့ ရသည် မဟုတ်ပါလား။ သိင်္ဂ ီနှင့် ပတ်သက်ပြီး သူအနည်းငယ်တော့ လွန်သလို ရှိသည်ဟု ဦးအောင်ဘညို လက်ခံပါသည်။ သူ့မှာ လည်း သူ့အကြောင်း နှင့် သူရှိနေသည့် အတွက် သူ၏ နေထိုင်ပြုမူ ပုံတို့သည် တရားလက်လွတ် လုပ်ရပ်များမဟုတ်ဟူ၍ လည်း ယူဆမိသည်။ သိင်္ဂ ီ ပြောသွားသည့် နောက်ဆုံး စကားကတော့ ချက်ကောင်း ကိုလာထိသည်။ ဦးအောင်ဘညို က သူမကို အိပ်ယာပေါ်တွင်သာ အရောဝင်လိုသည်တဲ့။ထိုစကား က မှန်သင့်သလောက်မှန်ကြောင်း သိနေသည့် စိတ်ကို ဦးအောင်ဘညို မကျေနပ်ပါ။
မကျေနပ်ချက် တွေကို အရက်အသွင်ပြောင်း ပြီး အလောတကြီး မျိုချမိသည်။ အေးအေး ဆေးဆေး သောက်မည်စိတ်ကူးထားခြင်းများလည်း ဘယ်ဆီကို လွင့်လေပြီမသိ။ ဖူးဖူး သာ ဖုန်းလှမ်းမဆက်လျှင် လက်လွန်ခြေလွန်သောက်မိသည့် အဖြစ်ကို ရောက်လုလုပင်။
“ဖေဖေ ဘယ်မှာလဲ”
“ဒီမှာ သူငယ်ချင်း တွေ နဲ့ညစာစားမလို့”
“အရက်ဆိုင် မှာလား”
“မဟုတ်ပါဘူး သမီးရယ်”
“အပြင်လေး ဘာလေးလဲ ကြည့်ဦးလေ ဖေဖေရဲ့၊ မိုးတွေ လေတွေ မတိုက်ဘူးလား၊ ဒီမှာ တော့ လေရောမိုးရော ဆူညံနေတာပဲ”
ဦးအောင်ဘညို အပြင်ကို လှမ်းကြည့်လိုက်သည်။ လေက ခပ်ကြမ်းကြမ်းတိုက်ပြီး၊ ကောင်းကင်က မှိုင်းညို့ ကာ ညက ပိုပြီးမဲနက်မှောင်နေ၏။
“ဒီမှာ တော့ မိုးမရွာသေးဘူး သမီးရဲ့၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဖေဖေ အခုပဲပြန်လာ မယ်နော်”
ငွေရှင်းဖို့ ဘီလ် စောင့်ရင်း နောက်တခွက်ထပ်ချလိုက်မိသေးသည်။ အိမ်အပြန်လမ်းမှာပင် မိုးတွေသည်းကြီးမည်းကြီး ရွာတော့၏။ လေတိုက်လည်းကြမ်းသည်။ သတိနှင့် ကားကိုထိန်းမောင်းရင်း ဦးအောင်ဘညို အမူး ပြေ ချင်သလိုလိုတောင် ဖြစ်ရသည်။
...........................
အိမ်ရောက်တော့ ဖူးဖူး ထွက်ကြိုသည်။ သိင်္ဂ ီ့ကို တော့ အရိပ်အယောင်ပင် မမြင်ရ။
“ဆရာ ထမင်းစားတော့ မလား၊ အပြင်မှာ စားခဲ့ပြီလား”
“မစားခဲ့ရဘူး၊ ခနနေ မှ စားမယ် ဒေါ်ဒေါ်ကြည်၊ ရေချိုးဦး မလားလို့”
အခန်းထဲရောက်တော့ တဖက်ခန်းကို နားစွင့်ကြည့်မိသည်။ တိတ်ဆိတ် နေ၏။ သိင်္ဂ ီ ရှိမရှိ သိလိုလှသော် လည်း စိတ်ကိုထိန်းပြီး ရေချိုး ဖို့လုပ်ရသည်။ ရေချိုးပြီး အဝတ်လဲ နေရင်းလည်း အခန်းကူး တံခါးကို လှမ်းလှမ်းကြည့်မိသည်။ သိင်္ဂ ီ ရောက်ချင်ရောက်လာနိုင်သည် မဟုတ်လား။ တကယ်လို့ သိင်္ဂ ီ ရောင်လာလျှင်သူ့ကို ရန်တွေ့လျှင် ဘာပြန်ပြောရမည်မှန်း လည်း အခုထိစဉ်းစား မရသေးပါ။ အဝတ်လဲပြီးနောက် ကုတင်ပေါ်လှဲရင်း နားနေမိသည်။ ညရှစ်နာရီ ထိုးလုမှ ထမင်းစားဆင်း ဖို့ ဆင်းဖြစ်သည် အထိ သိင်္ဂ ီ ရောက်မလာ၊ တဖက်ခန်းကလည်း အသံမဲ့စွာ ရှိနေသည်။ ပြတင်း ပေါက်ကနေ အပြင်ကိုလှမ်းကြည့် လိုက်တော့ မိုးက အရှိန်အဟုန်ပြင်းစွာ ရွာနေသည်။ မိုးအေးလို့ ထင်သည်။ တအိမ်လုံးလည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ ဦးအောင်ဘညိုကို ထမင်းကျွေးရန် စောင့်နေသော ဒေါ်ဒေါ်ကြည်ပင် စားပွဲပေါ် လက်ထောက်ပြီး ငိုက်မြည်းနေ၏။
“ဟော ..ဆရာ”
ဦးအောင်ဘညို ကိုမြင်တော့မှ ဒေါ်ဒေါ်ကြည် ပျာပျာသလဲ ထပြီး စားပွဲဝိုင်းကိုပြင်ဆင်ပေးသည်။
“ကျွန်တော် တယောက်ပဲ ကျန်တော့တာလား”
“ဟုတ်တယ် ဆရာ၊ အားလုံးပြီးကြပြီ”
ဒါဆိုလျှင် သိင်္ဂ ီ လည်းစားပြီးသွားပြီထင်သည်။ ဒေါ်ဒေါ်ကြည်၏ လက်ရာ ထမင်းဟင်းတွေက စားချင်စဖွယ်နှင့် ဖွယ်ဖွယ်ရာရာ ရှိလှသော်လည်း ဦးအောင်ဘညို စားလို့ မဝင်ပါ။ လေးငါးလုပ်စားပြီး ဆက်မစား ချင်တော့ပါ။ ဇွန်း နှင့်ခက်ရင်း ကိုပြန်ချထားလိုက်ရာ
“နည်းလှ ချည်လားဆရာ၊ ဟင်းမကြိုက်လို့လား”
“မဟုတ်ပါဘူး ဒေါ်ဒေါ်၊ ရင်ပြည့် သလိုဖြစ်နေလို့”
ပြီးစလွယ်ပြောရင်း ဒေါ်ဒေါ်ကြည် ကျေနပ်စေရင် ထမင်းအနည်းငယ် နှင့် ဟင်းသုံးလေး ဖတ်လောက် စားပြလိုက်သည်။
“ဆရာလည်း ဝိတ်လျှော့နေတာလားလို့”
ထမင်းစားပွဲ ပြန်သိမ်းရင်း ဒေါ်ဒေါ်ကြည် က အပြုံး နှင့်ဆိုသည်။
“မဟုတ်ပါဘူးဗျာ၊ ရင်ပြည့် နေလို့၊ ကျွန်တော်က ဘာလို့ ဝိတ်လျှော့ရမှာလဲ”
“အော် … နောက်တာပါ ဆရာရယ်၊ မိ သိင်္ဂ ီ လည်း ထမင်းလာမစားဘူး လေ၊ မေးကြည့်တော့ ဝိတ်လျှော့နေတာတဲ့၊ ရန်ကုန်ရောက်မှ နှစ်ပေါင် တက်နေလို့ ဆိုလားပဲ”
သူ့ကြောင့် သိင်္ဂ ီ ထမင်းမစားတာလားဟု ဦးအောင်ဘညို တွေးမိသည်။ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ သိင်္ဂ ီသူ့ကို စိတ်ဆိုး နေသည် မဟုတ်ပါလား။ စိတ်ဆိုးတာက အကြောင်း မရှိပေ၊ စိတ်နာ သွားမှာကိုတော့ ဦးအောင်ဘညို မလိုလားပါ။ သိင်္ဂ ီ မှသာမဟုတ်ပါ၊ အခြားတပါး သူတယောက်က သူ့အပေါ် စိတ်နာကျည်း သွားမှာ မျိုး ဘယ်သူ့ကို မှ မဖြစ်စေလိုပါ။ အားလုံး အခန်းအောင်း နေကြသောကြောင့် ဧည့်ခန်းကလည်း တိတ်ဆိတ် နေ၏။ ထို့ကြောင့် ဦးအောင်ဘ ညို လည်း ကိုယ့်အခန်း ကိုယ်မပြန်သေးဘဲ TV ထိုင်ကြည့်နေမိသည်။ ကြည့်ပြန်တော့လည်း ဘာကြည့်ရမှန်း မသိ။ စိတ်ထင်ရာ လိုင်းတွေ တခုပြီးတခု လျှောက်ပြောင်း ရင်းပျင်းလာသည့် အတွက် CNN သတင်းလိုင်း မှာပဲထားလိုက်ပြီး သတင်းတွေ ထိုင်ကြည့်နေလိုက်သည်။ တိုက်ဆိုင်ခြင်းပေလားတော့ မသိပါ။ ကြည့်မိသမျှ သတင်း တွေက တခုမှ အကောင်းမတွေ့၊ အကြမ်းဖက်သမားတွေ ဗုံးခွဲသည့် သတင်း၊ သဘာဝဘေး အန ္တရယ် ကျရောက်သည့် သတင်း များ ဒါတွေသာကြည့် နေရသည်။ ထို့ကြောင့် TV ပိတ်လိုက်ပြီး စားပွဲပေါ်တွင်တွေ့သည့် ဂျာနယ်တစောင် ဆွဲဖတ်နေလိုက်သည်။
ညကိုးနာရီ ခွဲလောက် အထိ ဧည့်ခန်းထဲတွင် ဦးအောင်ဘညို တယောက်ထဲ ရှိနေသည်။ ခါတိုင်းဆိုလျှင် ဖိုးသားက သူ့ကျောင်းစာတွေ ပြီးလျှင်ဂိမ်းထွက် ကစားတတ်သည်။ ဖူးဖူး ကလည်း သူမကြည့် ချင်တာရှိလျှင် မောင်နှမ နှစ်ယောက် TV လုနေတတ်ကြ၏။ ထို့ကြောင့် ဖိုးသား က သူ့အခန်းထဲမှာ TV တလုံး ထား ပေးဖို့ တောင်းဆိုဖူး၏။ ဦးအောင်ဘညို နှင့် မသူဇာတို့က ကျောင်းစာဖက်မှာ လျော့ သွားမှာ စိုး၍ ဝယ်မ ပေးကြပါ။ ခုတော့ ကလေး နှစ်ယောက်လုံး ငြိမ်ချက်သားကောင်းနေသည်။ မိုးအေးအေး ဖြင့် ကွေး အိပ်နေကြပြီလားမသိပါ။ ပျင်းရိငြီးငွေ့ စွာဖြင့် ဦးအောင်ဘညို ကိုယ့်အခန်းကိုယ်ပြန် ခဲ့ရသည်။ တံခါးလေး တချပ်သာ ခြားသော တဖက် ခန်းကလည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ အလုပ် နည်းနည်းလုပ်ရင်ကောင်း မလားအတွေးဖြင့် ကွန်ပျူတာ ဖွင့်လိုက်မိသေးသော်လည်း ချက်ချင်း စိတ်က မပါတော့ပြန်သဖြင့် ပြန်ပိတ်ထားလိုက်သည်။ စာလည်း မဖတ်ချင်။
“စောစော အိပ်တော့ အိပ်ရေးဝတာ ပေါ့ကွာ”
ကိုယ့်ဖာသာ တယောက်ထဲပြောပြီးကုတင်ပေါ်တက်ကာ အိပ်လိုက်သည်။ သို့သော်လည်း အိပ်ပျော်လိမ့် မည်ဟု ကိုယ့်ကိုယ်ကို မယုံကြည်ပါ။ မယုံကြည်သည့် အတိုင်းပင် ဘယ်လိုမှ အိပ်လို့ မပျော်။ စိတ်တွေ က လွင့်နေသည်။ သိင်္ဂ ီ့ အကြောင်း မတွေးမိအောင်ထိန်းချုပ်ရ ခြင်းကလည်း မျက်စိကိုပိုပြီးကျယ်စေသည်။ သိင်္ဂ ီ အကြောင်း မတွေးမိအောင် လုပ်သော အခါ စိတ်က ကျော်ကျော့် ဆီရောက်၏။ ဒါသည်လည်း မတွေးသင့်သော အတွေးဟု ဆုံးဖြတ်ပြီးအလုပ်နှင့် ပတ်သက်တာတွေဆီ စိတ်ကိုပို့သည်။ သို့သော် ထိုအတွေး တွေကခေါင်း ထဲမှာ ကြာရှည် မနေပါ။ ချက်ချင်း ပြန်ထွက်ကြ၏။
အိပ်ယာပေါ်မှာ လူရင်းလှိမ့်ရင်း နှင့် စားပွဲပေါ်က နာရီကို လည်းမကြာခန လှမ်းကြည့်မိသည်။ နာရီလက်တံတွေရွေ့လျားမှု က နှေးကွေးလွန်းလှသည်။ ညဆယ့်နှစ်နာရီ ကျော်၍ တစ်နာရီထိုးလုလု ရောက်သော အခါဘယ်လို မှ ဆက်ပြီးသသည်း မခံ နိုင်တော့သော ဦးအောင်ဘညို ဘီရိုထဲက အရက်ပုလင်း တလုံးဆွဲ ထုတ်ပြီး အောက်က ထမင်းစားခန်းထဲ ဆင်းလာခဲ့သည်။ ရေခဲသေတ္တာ ကိုဖွင့်ကြည့်တော့ ချိစ် ပဲမြည်းလို့ရတာတွေ့သည်။ ကိစ္စ မရှိပါ။ ခုချိန်မှာ ဘာမှမြည်းစရာ မရှိလည်း ဦးအောင်ဘညိုက သောက်တော့မည်သာ ဖြစ်သည်။ ပြတင်းပေါက်ခန်းဆီးကို မကြည့်လိုက်သော အခါ မိုးက အပြင်မှာသဲသဲ မဲမဲ ရွာနေဆဲ။ ခေါင်းထဲ မှာဘာအတွေးမှ မတွေးမိအောင် ချုပ်ထိန်းပြီး အရက်ကို စိမ်ပြေနပြေသောက်သည်။ တဖြည်းဖြည်း နှင့် မူးသထက်မူးလာ မှန်းသိသိ နှင့် ဆက်သောက်သည်။ နောက်ဆုံး ဦးအောင်ဘညို စားပွဲပေါ်မှာ ခေါင်းတင်ပြီး အိပ်ပျော်သွားတော့သည်။
“ဆရာ၊ ဆရာ”
ပုခုံးကို တစုံတယောက်က ကိုင်လှုပ်ရင်း နှိုးတော့မှ ဦးအောင်ဘညို နိုးလာသည်။ ခေါင်းထဲမှာလည်း ရီဝေပြီးဒေါ်ဒေါ်ကြည် ဘေးမှာ ရပ်နေသည်ကိုပင် လှိုင်းတွန့်တွေလိုမြင်နေရသည်။
“ဘယ်နှစ်နာရီ ရှိပြီလဲ ဒေါ်ဒေါ်”
“ငါးနာရီ ခွဲတော့မယ် ဆရာ”
ဒေါ်ဒေါ်ကြည် က အိမ်မှုကိစ္စ တွေအားလုံးကို စီမံရသူဆိုတော့ မနက်အိပ်ယာက အစောကြီးထလေ့ ရှိသည်။
“ကျွန်တော် အိပ်ပျော်သွားတယ်”
“ဟုတ်ကဲ့ဆရာ”
စားပွဲကိုလက်ထောက်ပြီးဦးအောင်ဘညို ဒရီးဒယိုင်ဖြင့် ထရပ်လိုက်သည်။
“ရလား ဆရာ”
“ရတယ် ရတယ်၊ ဒါနဲ့ ဒေါ်ဒေါ်ကြည်”
“ရှင်”
“အဲ ဒါလေးတွေ ရှင်းလိုက်ပါဗျာ”
“ဟုတ်ကဲ့ ဆရာ”
ယိမ်းယိုင်နေသာ ခြေလှမ်းတွေကို တည်ငြိမ်အောင်ထိန်းချုပ်ပြီး ဦးအောင်ဘညို အပေါ် ပြန်တက်လာခဲ့ သည်။ အခန်းထဲရောက်သည် နှင့် အိပ်ယာပေါ်သို့ ကိုယ်ကို ပစ်ချလိုက်သည်။ ခုတကြိမ်မှာတော့ ချက်ချင်းပြန်ပြီးအိပ်ပျော်သွားသည်။ မနက်ခင်း အချိန်တော်တော် လင့်သည်အထိ မနိုးတော့။ ဒေါ်ဒေါ်ကြည် တဖက်လှည့် နှင့် လွှတ်လိုက်တာ ဖြစ်နိုင်သည် ဒီတကြိမ်တော့ ဖူးဖူး လာနှိုး၏။
“ဖေဖေ ကလဲ အိပ်ပုပ်ကြီးလိုက်တာ၊ အရက်နံ့လဲဟောင်နေတာပဲ”
ခေါင်းတွေ တဆစ်ဆစ်ကိုက်နေသည့်ကြားမှ သမီးလုပ်သူကို ပြုံးပြပြီး ဦးအောင်ဘညို မျက်နှာချို သွေးလိုက် သည်။
“ထပါပြီ သမီးရယ်၊ ဒေါ်ဒေါ်ကြည့် ကို ပြောလိုက်နော်၊ ဖေဖေ့ ဖို့ ဘလက်ကော်ဖီ ပြင်းပြင်းလေး တခွက်ဖျော်ထားပါလို့”
ဖူးဖူး နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။ ဦးအောင်ဘညိုလည်း ကြည်ကြည်လင်လင် ဖြစ်သွားစေရန် ခေါင်းပေါ်မှာရေ တွေ ဒလဟောလောင်းချရင်း ရေချိုးလိုက်သည်။ ထို့ကြောင့် ရေချိုးပြီးသော အခါ အနည်းငယ် လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။ အဝတ်လဲ၍ အလုပ်သွားဖို့ အိတ်ယူပြီးဆင်းလာ သောအခါ ထမင်းစားခန်း မရောက်ခင်မှာပင် မွှေးပျံ့သော ကော်ဖီ နံ့ကိုရသည်။
“မွှေးလိုက်တာ၊ သားလဲ ကော်ဖီသောက်မယ်”
ဖိုးသား ခုန်ပေါက်ပြီး ဝင်လာရင်း စားပွဲပေါ်မှာပြင်ဆင်ထားသော အစားအသောက်တွေ ကိုကြည့်ပြီး နှုတ်ခမ်းစူသွား၏။
“ဘာဖြစ်လို့လဲ သားရဲ့”
“သားမှ မကြိုက်တာ”
စားပွဲပေါ်မှာ ပေါင်မုံ့မီးကင်၊ ထောပတ် နှင့်ကြက်ဥ ကြော်များ။
“ကောင်းပါတယ်သားရယ်၊ လာဖေဖေ ထောပတ်သုတ်ပေးမယ်”
“မစားချင်ပါဘူး”
“ကဲ ဒေါ်ဒေါ် ကြည်ရေ၊ ဘာရှိသေးလဲ ဗျို့ ၊ဆရာသမားက ရစ်နေပြီ”
ဒေါ်ဒေါ်ကြည် အနားသို့ရောက်လာကာ ဖိုးသားခေါင်းလေးကို ပွတ်ပေးရင်း
“သားသားတို့ ဖိုးစိုး နေမကောင်းလို့ ဒီနေ့ ဖွားကြည် ဈေးမသွားလိုက်ရဘူး ကလေးရဲ့၊ လိမ္မာတယ် နော်၊နောက်နေ့ ဘာစားချင်လဲ ပြော ဖွားကြည် လုပ်ပေးမယ်”
“ဦးလေးစိုး နေမကောင်း ဘူးဟုတ်လား ဒေါ်ဒေါ်ကြည်၊ ဘာဖြစ်တာလဲ”
“မိုးအေး လို့ထင်ပါတယ် ဆရာရယ်၊ အဆစ်အမြစ်တွေ ကိုက်တယ်တဲ့၊ အိပ်ယာထဲက မထနိုင်ဘူးဖြစ် နေတယ်”
“ဆေးခန်းသွားလေ ဒေါ်ဒေါ် ရဲ့”
“နေ့ခင်း လောက်အထိ မသက်သာရင် သွားမလို့ပဲ၊ အခုတော့ ကျွန်မ ဆေးလူးပေးထားတာ နည်းနည်း သက်သာတယ် ပြောတာပဲ”
“မဟုတ်တာ၊ နေဦး ရော့ ရော့”
ဦးအောင်ဘညို အိတ်ဖွင့် ပြီး ဒေါ်ဒေါ်ကြည့် ကို ပိုက်ဆံပေးလိုက်သည်။
“ပိုက်ဆံ ရှိပါတယ် ဆရာရဲ့”
“ယူစမ်းပါဗျာ၊ သားကလဲ ဂျီးမများနဲ့ နော်၊ ဖိုးစိုး နေမကောင်းလို့ ဈေးမဝယ် နိုင်တာ၊ ဟုတ်လားသား”
“ရှိတဲ့ ဟင်းချက် စရာလေးတွေကလဲ သူတို့နှစ်ယောက် ထမင်းဗူး အတွက် ဦးစားပေးလုပ်လိုက်ရတယ်ဆရာရေ”
သိပ်မကျေနပ်သော်လည်း ဖိုးသား ငြိမ်ငြိမ် သက်သက်ပင် ပေါင်မုန့် နှင့် ကြက်ဥကြော် တလုံးယူစား သည်။
“ဒါဆို သူတို့ ကျောင်း ပို့ဖို့ ရှိသေးတယ်ဗျ”
“သိင်္ဂ ီ က သူပို့မယ်တဲ့”
“အော်”
တိုက်တိုက်ဆိုင်ဆိုင် သိင်္ဂ ီ နှင့် ဖူးဖူး အခန်းထဲဝင်လာသည်။ ရာသီဥတုက မှိုင်းအုံ့နေသော ကြောင့် ထမင်းစားခန်းထဲမှာ မီးတွေ ဖွင့်ထားရ၏။ အဝါနုရောင်ဖျော့ဖျော့ ဝမ်းဆက်ဝတ်ထားသော သိင်္ဂ ီ ဝင်လာသောအခါအခန်းထဲမှာ ပိုပြီးလင်းသွားသလိုပင်။ သိင်္ဂ ီ က ဦးအောင်ဘညို ကို မကြည့်ပါ။ ဖူးဖူး နှင့် အတူ စားပွဲမှာဝင်ထိုင်လိုက်သည်။
“သိင်္ဂ ီ ရေ၊ ဒီမှာလေ တူတော်မောင် က ရစ်နေတယ်၊ ငါမှဈေးမသွား နိုင်တာကို”
“သားမကြိုက်ရင် တီတီ လမ်းကျမှ မုန့်ထပ်ဝယ်ကျွေးမယ်လေ”
ဖိုးသားကို စကား လှမ်းပြောနေစဉ် သိင်္ဂ ီ့ မျက်လုံးတွေက ဖိုးသားဘေးမှာ ထိုင်နေသည့် ဦးအောင်ဘညို ဖက် သို့ လုံးဝရောက်မလာပါ။ ဖိုးသားက လက်မထောင်ပြလိုက်တော့ ပြန်ပြုံးပြပြီး ပေါင်မုန့် မီးကင်တွေထဲက တူးနေတာ မပါသည့် ညိုညို ကြွပ်ကြွပ် အချပ်နှစ်ခုကို ရွေးထုတ်လိုက်ပြီး ဓါးကလေး နှင့် ထောပတ်သုတ် နေသည်။ ပြီးတော့ ဖူးဖူးရှေ့က ပန်းကန်ထဲ ထည့်ပေး၏။
“တီတီ မစားဘူးလား”
“ကြက်ဥ ကြော်ပဲ စားတော့မယ်”
ဖူးဖူး က ပေါင်မုန့့်လည်းစားသည်၊ ကြက်ဥကြော်လည်းစားသည်။ သိင်္ဂ ီကတော့ ကြက်ဥကြော်ကို အလယ်အနှစ်နေရာ လေးကို နည်းနည်း ဖေါက်စားပြီးနောက် ကော်ဖီပဲသောကနေသည်။ ဦးအောင်ဘညို စိတ်ထင်လို့လား မသိ သိင်္ဂ ီ့ မျက်နှာ နည်းနည်းညိုးနေသည်။ မျက်ကွင်းလည်း မသိမသာကျနေ၏။ သိင်္ဂ ီ လည်းညက အိပ်လို့ ပျော်ပုံ မရပေ။ သိင်္ဂ ီ့ လုပ်နေသည့် ပုံစံ က အခန်းထဲမှာ ဦးအောင်ဘညို ဆိုသည့် လူတယောက် ရှိမနေသလိုမျိုးဖြစ်သည်။သူမ နှင့် ခပ်စောင်းစောင်း ခုံမှာထိုင်နေသည့် ဦးအောင်ဘညိုသည် သက်ရှိမဟုတ်ဘဲ ဒီအခန်းထဲက ကုလားထိုင်တစ်လုံး၊ စားပွဲတလုံး ရှိနေသလိုမျိုးပင်။
“ဒေါ်ဒေါ်ကြည် ဈေးမသွား နိုင်ဘူးဆိုရင် သိင်္ဂ ီ ကလေးတွေ ကျောင်းပို့ပြီး အပြန်ကျရင် ဝင်ဝယ်ခဲ့မယ်လေ၊ဘာဝယ်ပေးရမလဲ”
“အလိုတော် ညည်းက ဟင်းချက်စရာဝယ်တတ်လို့လား၊ အဝတ်အစားပဲ ဝယ်တတ်တဲ့ဟာကို”
ဒေါ်ဒေါ်ကြည် နှိပ်ကွပ် တာကို သိင်္ဂ ီက ချက်ချင်းတုံ့ပြန်သည်။
“အောင်မယ် အထင်သေးလို့၊ သိင်္ဂ ီ လည်း အိမ်နဲ့ ယာနဲ့ လင်နဲ့ နေလာတာပါနော်”
“ဒါဆိုလဲ ပြီးရော၊ ငါစာရင်းလေး လုပ်ပေးလိုက်မယ်၊ ကောင်မလေး တယောက်လဲ ထည့်ပေးလိုက်မယ်၊ တော်ကြာခြင်းတောင်းကြီးနဲ့ မမလေး ရှိုးပဲ့နေလိမ့်မယ်၊ ထီးနဲ့ အနွေးထည်လဲ ယူသွား အပြင်မှာ အေး တယ်”
“သဘော၊ သဘော”
အိမ်နောက်ဖက်သို့ ဒေါ်ဒေါ်ကြည်ပြန်ဝင်သွားသည်။ ဈေးဝယ် စာရင်းပြုစု ဖို့ဖြစ်ပုံရသည်။ ဖိုးသား က ဘာစိတ် ကူးပေါက်သည်မသိ ဦးအောင်ဘညို နားမှာထိုင်နေရာမှ ထသွားပြီး သိင်္ဂ ီ့ ဘေးက ခုံမှာ သွားထိုင်၏။ သိင်္ဂ ီ ကလည်း ဖိုးသား ပုခုံးလေးကို ဖက်ထားသည်။ ဒီအခန်းထဲမှာ သူ လူပို တယောက်လိုများဖြစ်နေသလားဟု ဦးအောင်ဘညို တွေးနေမိသည်။ ခနကြာတော့ ဒေါ်ဒေါ်ကြည်ပြန်ထွက်လာ ပြီး သိင်္ဂ ီ့ လက်သို့ စာရွက်တရွက်လာပေးသည်။ သိင်္ဂ ီ က ပါးစပ်ကလေး လှုပ်ပြီး စာရင်းကို တတွတ်တွတ် ဖတ်ကြည့်ပြီး
“စာရင်း ကတော့ ဟုတ်ပါပြီ။ ဈေးဖိုး ပိုက်ဆံကရော”
“အေး ..ဟုတ်သား၊ ညည်းမှာလဲ ပိုက်ဆံ ကုန်နေတယ်ဆို”
ဒေါ်ဒေါ်ကြည် သုတ်သီးသုတ်ပျာ နှင့် နောက်ဖက်သို့ သွားပြန်၏။ သိင်္ဂ ီ ကနောက်နေ လှမ်းခေါ်သည်။
“သိင်္ဂ ီ နောက်တာ၊ သိင်္ဂ ီမှာ ပိုက်ဆံ ရှိပါတယ်”
“ဟုတ်လို့လားအေရယ်၊ ညည်းပြောတော့ မန ္တလေးက မလွှဲသေးဘူးဆို”
“မနေ့က ပဲ ချစ်တီး တယောက်ဆီက ချေးလိုက်တယ်”
ဦးအောင်ဘညို အောင့်သွားသည်။ ဖူးဖူး က အလိုက်ကမ်းဆိုး မသိဝင်ပြီး
“ချစ်တီး ဆိုတော့ ကုလားကြီးပေါ့ နော်တီတီ”
“အင်း ပေါ့ သမီးရဲ့”
အဖေလုပ်သူ ဘာဖြစ်နေသည်ကို မသိ ဖိုးသားက တစခန်းထပြန်၏။
“သားတို့ သမိုင်းမှာ သင်ရတယ်၊ ချစ်တီးတွေက ပိုက်ဆံ ချေးပြီး ပြန်မဆပ်နိုင်ရင် လူပါသိမ်းတာတဲ့၊ တီတီ့ကို သိမ်းရင် ဘယ်လိုလုပ်မလဲ”
သိင်္ဂ ီ့ မျက်နှာမှာ ပန်းနုရောင် အရိပ်ကလေး ဖြတ်ပြေးသွားသည်။
“တီတီ က ဘယ် အသိမ်းခံ မှာလဲ ဖိုးသားကို ထည့်ပေးလိုက်မှာပေါ့”
“ဟင့်အင်း ဘာလို့ လိုက်ရမှာလဲ”
တခန်းထဲ၊ တစားပွဲ ထဲမှာထိုင်ပြီး အထီးကျန်သလို ဖြစ်နေရခြင်း ကို ဦးအောင်ဘညို ဆက်ပြီးသည်း မခံ နိုင်တော့ပါ။ ဘေးမှာ ချထားသည့်လက်ဆွဲအိတ် ကိုကောက်ယူလိုက်ပြီး
“သား နဲ့ သမီး ဖေဖေ သွားတော့မယ်”
“တာ့တာ ဖေဖေ”
ဦးအောင်ဘညို အခန်း၀ အရောက်တွင် ဒေါ်ဒေါ်ကြည့် အသံကြားလိုက်ရသည်။
“နေစမ်းပါဦး၊ ညည်းက ဘယ်ချစ်တီး ဆီက သွားချေးရတာလဲ”
သိင်္ဂ ီ့ အဖြေစကားကို မကြားရပါ။ သို့သော် တခွီးခွီး ကြိတ်ပြီးရယ် လိုက်သံတွေက ဦးအောင်ဘညို နောက်ကျောကို လာဆောင့်သည်။ ဦးအောင်ဘညို ခြေလှမ်းကို ပိုပြီး အရှိန်မြင့် တင်လိုက်သည်။ အပြင်ရောက် တော့ ခါတိုင်းလို ကား က အဆင်သင့် ရှိမနေ။ ဦးစိုး နေမကောင်းဖြစ်နေသည် မဟုတ်ပါလား။ ထို့ ကြောင့်ကိုယ့်ဟာကိုယ် ဂိုထောင်ဖွင့် ကားထုတ်ရသည်။ သိင်္ဂ ီ မောင်းမည့် ကားကို ပါတလက်စထဲ ထုတ်ပေးထားဖို့ စိတ်ကူးရလိုက်သေးသော်လည်း သိင်္ဂ ီ့ ကို စိတ်က ချဉ်သလိုလိုဖြစ်နေ၍ ထုတ်မပေးတော့ပါ။ ဂိုထောင်တံခါးကိုပါ သေသေချာချာပြန်သော့ခတ် ပိတ်ထားခဲ့သည်။
ကမန်းကတန်း ထွက်လာခဲ့ သည့် အပြင် ကားပါကိုယ်တိုင်ထုတ် လိုက်ရသောကြောင့် ရုံးမသွားခင် ဦးစိုး အခြေအနေ ဝင်ကြည့်ဖို့ စီစဉ် ထားတာကိုတောင်မေ့ သွား၏။ နေ့ခင်းကျမှ အိမ်ကို ဖုန်းဆက်ပြီး မေးတော့ မည်။ မိုးက သည်းကြီးမည်းကြီး ရွာသည် မဟုတ်တော့သော်လည်း ခပ်ဖွဲဖွဲတော့ ရွာနေသည်။ ကောင်းကင်က လည်း မှိုင်းညို နေ၏။ ဦးအောင်ဘညို၏ စိတ်သည်လည်း ထိုကောင်းကင်လိုပင် မကြည်လင် ဘဲ၊ပတ်ဝန်းကျင်လေထု လို အေးစက်နေ၏။ ခင်မောင်တင့် တို့လင်မယားလည်း အခြေအနေ ကိုသိသော်လည်း ဘာကြောင့် မှန်း မသိသည့် အတွက်သူတို့ ချင်း စကားခပ်အုပ်အုပ် ပြောရင်း အကဲခတ်နေကြ၏။ သူ နှင့် ပတ်သက်တာ လည်း ဖြစ်ချင် ဖြစ်နိုင်သည်။
“ဟေ့ ခင်မောင်တင့် ”
“ဗျာ လေးလေး”
ခင်မောင်တင့် အပြေးလေးရောက်လာသည်။
“ဘာတွေ ပြောနေတာလဲ ကွ”
“အော် .. မိုးတွေ သည်းတဲ့ အကြောင်းပါ။ မုန်တိုင်း ရှိတယ်လေ၊ ဘင်္ဂလားပင်လယ်အော် မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီးတော့ …”
“ငါသိပါတယ်ကွ၊ ညက သတင်းမှာ တွေ့လိုက်ပါတယ်”
“ဟုတ်ကဲ့ လေးလေး”
“သွားတော့”
အူကြောင်ကြောင် နှင့် ခေါင်းကုပ်ရင်း ခင်မောင်တင့် ပြန်ထွက်သွားသည်။
နေ့လည်ခင်းလောက်မှာ နေရောင်ပြန်ပွင့် လာသော်လည်း အလင်းရောင်က လုံလုံလောက်လောက် မဟုတ်။ရုံးချိန် တွေကို စိတ်မပါတပါကျော်ဖြတ်ရင်း ညနေစောင်းတော့ အိမ်ပြန်ခဲ့ရသည်။ ဒီည တွင်လည်း အိပ်ပျော်နိုင်ပါဦးမည် လားဟု အပြန်လမ်းမှာ ဦးအောင်ဘညို တွေးနေမိသည်။ အရက်သောက်လျှင် အိပ်ပျော်တာ မှန်သော်လည်း မနေ့ညက လိုတော့ မဖြစ်လိုပေ။ မူးပြီး အိပ်ပျော်နေတာကို ဒေါ်ဒေါ်ကြည် မြင်သွားခဲ့သည်။ အိမ် ၏ ဦးစီး တယောက် အနေနှင့် ဒါမျိုး တခါကနေ နှစ်ခါ ဖြစ်လို့ မကောင်းပေ။ ထို့ကြောင့် စားသောက်ဆိုင် မဝင်တော့ဘဲ အိမ်သို့ တန်းပြန်လာခဲ့သည်။ တန်းပြန်သည် ဆိုသော်လည်း လမ်းမှာ ရပ်ပြီး အမြည်းလုပ်နိုင်သည့် အခြောက်အခြမ်း မှန်သမျှ တွေ့ရာ အကုန်ဝယ်ပြီး လက်ဆွဲ အိတ်ထဲထိုးသိပ်ထည့် လိုက်၏။ ကိုယ့်အခန်းထဲ မှာပဲ ကိုယ်သောက်တော့ မည်။ ဦးအောင်ဘညို ဘီရိုထဲမှာ လက် ဆောင် ရထားသော ပုလင်းတွေက မျိုးစုံအောင်ရှိ၏။ အရမ်းမူးလာလျှင် ကုတင်ပေါ် လှဲချလိုက်ရုံသာ၊ ဘယ်သူမှ သိနိုင်တော့မည် မဟုတ်ပေ။
ကိုယ့် အတွေး နှင့် ကိုယ်ကျေနပ်စွာ အိမ်ပြန်ခဲ့၏။ မနက်က အိပ်ယာထဲမှာ အရက်နံ့ တထောင်းထောင်း ဖြင့် တွေ့ရသော အဖေ က အခု ကြည်ကြည်လင်လင် နှင့် အိမ်ကို တန်းတန်း မတ်မတ် ပြန်လာသော ကြောင့် မနက် က နှာနဲနဲ ကစ်သွားသော ဖူးဖူး လည်း စိတ်ပြေပြီး ဝမ်းသာအားရ ဆီးကြိုသည်။ သိင်္ဂ ီ့ကို တော့ မမြင်ရပါ။ ကားရှိနေသည့် အတွက် လူတော့ ရှိနေမည်မှာသေချာ၏။ ညနေခင်း က အေးအေး ဆေးဆေး ပင်ဖြစ်၏။ ဦးစိုး အခြေအနေ သွားကြည့်သည်။ နေ့ခင်းက ဆေးခန်း သွားပြ လိုက်သောကြောင့် နည်းနည်း ထူထူထောင်ထောင် ဖြစ်နေလေပြီ။
“သိင်္ဂ ီ ဆေးခန်းလိုက်ပို့တယ်”
“နောက်နေ့ တွေသွားရဦးမှာလား”
“ဟုတ်ကဲ့ ၊ သုံးလေးရက်တော့ လာပါဦးလို့ ပြောတယ်”
“အင်း .. ဒါဆိုလဲ သိင်္ဂ ီ့ ပဲ ပို့ခိုင်းဦးပေါ့၊ ကိုယ်တိုင် မမောင်းပါနဲ့ ဦး၊ ကောင်းမှ မောင်းပေါ့၊ ကလေးတွေ လဲသူပို့လို့ အဆင်ပြောတာပဲ”
“တော်သေးတယ် သိင်္ဂ ီ ရောက်နေတာနဲ့ ကြုံလို့၊ နို့မို့ ဆိုရင် ဆရာ အလုပ်ရှုပ်ဦးမှာ”
ဦးစိုးက သိင်္ဂ ီ ရောက်နေခြင်းကို ကျေးဇူးတင်စွာ ဆို၏။ သူ့ဆရာ ဘယ်လောက်စိတ်ဒုက္ခ ရောက်နေရသည် ကို သူ့ခမျာမသိရှာပါ။ ထမင်းစားချိန် ရောက်တော့ ကိုယ့်အကြံ နှင့် ကိုယ် ဦးအောင်ဘညို ထမင်းစောစော စားလိုက်သည်။ ဒါမှသာညဖက် အရက်သောက်ဖို့ လိုလာလျှင် အဆင်ပြေမည်ဖြစ်၏။ ကလေး တွေကတော့ နောက်မှ စားသည်။ သိင်္ဂ ီ ရောက်မလာပါ။ ဦးအောင်ဘညို တချိန်လုံး အိမ်ရှေ့ ခန်းမှာ ရှိနေသော်လည်း သိင်္ဂ ီ့ နှင့် မဆုံပါ။ တအိမ်ထဲ နေသူချင်း တနေရာ မဟုတ်တနေရာ တော့ တွေ့ နိုင်သည်။ အိမ်၏ အကျယ်အဝန်းက ဘာမှ ရှိ သည်မဟုတ်။ ခုတော့ သိင်္ဂ ီ ရှောင်နေခြင်းက သိသာလွန်း သည်။ အကယ်၍ ရင်ဆိုင် တွေ့ကြလျှင်လည်း မနက် တုန်းကလို မျိုး လုပ်ဦးမည်မှာသေချာ၏။
ညကျတော့ ဦးအောင်ဘညို ထင်သည့် အတိုင်း အိပ်လို့ မပျော်ပါ။ တဖက်ခန်းကလည်း တိတ် ဆိတ်လွန်းလှသည်။ သို့သော်ဒီညတော့ ကြိုတင်ပြင်ဆင်ထားသည့် အတွက် အဆင်ပြေပါသည်။ အခန်းထဲမှာပဲ အမူးသောက်ပြီး အိပ်ပစ်လိုက်သည်။ မနက်ထနိုင်အောင် မသောက်ခင်ကထဲက နာရီကို နှိုးစက်ပေးထား လိုက်၏။ နောက်နေ့ ၊ နောက်နေ့ တွေလည်း ထိုနည်း နှင်နှင်ပင်။ မနက်ခင်း တခါတလေ ထမင်းစားခန်းမှာ သိင်္ဂ ီ့ ကို လှပစွာ တွေ့ရတတ်သည်။ သို့သော်ဦးအောင်ဘညိုကို ဆက်ဆံမှုကတော့ ဥပက္ခော သာဖြစ်သည်။ သိင်္ဂ ီ ဒီလိုလုပ်လေ မခံနိုင်လေ ဖြင့်ညစဉ် အရက်သောက် ပြီးအိပ်စက် နေရသည်။ သောက်ပြီး အရှိန်လေးရလာလျှင် အခန်းကူး တံခါးနားမှာ သွားရပ်မိသည်။ သို့သော် တံခါးကို မဖွင့်ဖြစ်ပါ။ လက်နှင့်တောင် မတို့ဖြစ်ဘဲ ပြန်လာထိုင်ပြီးဆက် သောက်နေလိုက်သည်။ လေးရက်မြောက် သည့် နေ့ မှာတော့ ဦးအောင်ဘညို သည်းမခံ နိုင်တော့။ သိင်္ဂ ီ ရှောင်ဖယ် နေခြင်းက သိသာလွန်းနေပြီ ဖြစ်သည်။ ကြာလျှင် အိမ်သားတွေ တောင် ရပ်မိသွား နိုင်၏။ တောင်တွေး မြောက်တွေးတွေ တွေးလာကြ နိုင်သည်။ ဒီရက်တွေ အတွင်း ဦးအောင်ဘညို သိင်္ဂ ီ့ကို ရှောင်ဖယ်ဖို့ လုံး၀ မကြိုးစားခဲ့ ပါ။
ပုံမှန် အတိုင်းပင်နေခဲ့၏။ ဒီအကြောင်းတွေကို လည်း သိင်္ဂ ီ့ကို ပြောချင်သည်။ သို့သော် သိင်္ဂ ီက ဦး အောင်ဘညို မြင်ကွင်း အတွင်း က ကိုယ်ယောင်ဖျောက်နေတတ်သည်။ မလွှဲ မရှောင်သာ တွေ့ကြပြန်လျှင် လည်းသူမရှေ့ မှာ ဦးအောင်ဘညို ရှိမနေသလို မျိုးနေတတ်သည်။ အနားမှာ အခြားသူ တွေလည်း ရှိနေသည့် အ ချိန် တွေ ဖြစ်နေ၍ ဦးအောင်ဘညို အနေနှင့် လည်း သိင်္ဂ ီ့ကို ဘာမှ ပြောလို့ မရသည့် အခြေအနေ ဖြစ်နေခဲ့သည်။ ယခင်ညက လက်ကျန်ပုလင်း ကိုဆက်သောက်ရင်း ကုန်သွားသော အခါ ထပ်ယူဖို့ ဘီရိုဆီ သွားရင်း ခြေလှမ်းတွေက အခန်းကူးတံ ခါးဆီရောက် သွားသည်။ လက်ကျန်ကို ဖြတ်သည်ဆိုသော်လည်း သောက်ထားသည့် ပမာဏက များသောကြောင့် သွေးကြွ နေသည့် အပြင် သည်းခံစိတ် လည်း အတော်ကို လျော့ပါး ပြီးပေါက်ကွဲလုလု စိတ်၏ တွန်းပို့ မှုကြောင့် တံခါးကို တအားဆွဲဖွင့် လိုက်မိသည်။
“ဟင်”
ဦးအောင်ဘညို အံ့အားသင့်သွားရ၏်။ သိင်္ဂ ီ သည်လည်း တံခါးဝတွင်ရပ်နေသည် ကိုတွေ့လိုက်ရသည်။
“ဘာ… ဘာ.. လုပ်နေတာလဲ သိင်္ဂ ီ”
“မတ်တပ်ရပ်နေတာလေ”
“ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး၊ သိင်္ဂ ီ် ညတိုင်း ဒီနားမှာ ရပ်ချင်လို့လာရပ်နေတာ”
အပိုင်း ( ၇ ) ဆက်ရန် >>>>
No comments:
Post a Comment