Thursday, December 20, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၈)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၈)

ဂျင်ကလိ ရေးသည်။

{ သားရဲသည် အစာဝသောအခါ ၎င်း၏ ဝပ်ကျင်းသို့ ပြန်၏။

တနေ့တာ လှုပ်ရှားသွားလာသူတို့သည် နေဝင်လျှင် မိမိတို့၏ နားခိုရာ အိမ်သို့ ပြန်ကြသည်။

နေရာ အနှံ့ ပျံသန်းကာ အစာရှာကြသော ငှက်ကျေးတို့သည် ညနေရောက်လျှင် အိပ်တန်းတက်ဖို့ အသိုက်ကို ပြန်ကြသည်။

ညတွင် ကျက်စားသည့် မျိုးနွယ် မဟုတ်ဘဲ နေဝင်ချိန် အမှောင်ရောက်သည်အထိ အဖေါ်မဲ့စွာ လူးလာ ပျံ သန်းဆဲ ငှက်ငယ်တကောင် ကိုတွေ့မည် ဆိုပါက အသိုက်ပြန်

လမ်းပျောက်နေသော ငှက်ငယ် တကောင် သို့ မဟုတ် ခိုနားစရာ အသိုက်မဲ့သည့် ငှက်ငယ်တကောင်သာဖြစ်ပေလိမ့်မည်။}

.......................................................................................

အခန်း (၃၄)

FM ရေဒီယိုက ရုတ်တရက်လိုင်းပျောက်သွားပြီး တဂျီးဂျီး အသံစူးစူး တွေ ထွက်လာလို့ ပိတ်ပစ်လိုက်သည်။ လမ်းမပေါ်မှာတော့ နေရောင်က စူးစူး ရဲရဲ ပူနေသည်။ အိပ်ရေးပျက်တာ များနေလို့ ဖန်စပ်စပ်ဖြစ်နေသည့် မျက်လုံးတွေကြောင့် ရူပါ့ဆီက ယူလာတဲ့ နေကာမျက်မှန်သာ ပါမလာရင် ကားမောင်းဖို့ ခက်လိမ့်မည်။ ခုတော့ ရူပါ့ဆီက အနိုင်ကျင့်ပြီးယူလာသာမျက်မှန် နဲ့ အဆင်ပြေနေသည်။

ကားမောင်းရင်း ဝါးကနဲ တချက်သမ်း လိုက်မိသည်။ သိင်္ဂ ီ လုပ်စရာတွေ အားလုံးပြီးသွားလေပြီ။ ဘုရားကိစ္စ နှင့် အလှုလည်း ပြီးပြီ။ မန ္တလေးအိမ်မှာလည်း စိတ်ကျေနပ်အောင်နေပြပြီး၍ မေမြို့က ရူပါတို့ အိမ်ကိုလည်း ဒေါ်လေး နှင့် အချိန်ဖြုန်းဖို့ သွားနေခဲ့ပြီးပြီ။ ပြန်ဖို့သာရှိတော့၏။ ကိုကို့ကိုလည်း အရမ်းလွမ်းသည်။ ဖုန်းက တော့ နေတိုင်းလိုလိုဆက်ဖြစ်ပါသည်။ မနေ့ညနေက ဖုန်းဆင်တုန်းက ကျော်ကျော် နဲ့ စကားပြောဖြစ်သေးလားဟု နောက်မိတော့ ကိုကိုရယ်၏။

“ပေါက်ကရတွေပြော မနေနဲ့ ပြန်လာမှာဖြင့်လာတော့”

သိင်္ဂီ လည်း ပြန်ချင်ပါသည်။ ဒါပေမယ့် မပြန်ရဲသေး။ ဒီကိုလာမည့် ညနေက ဒေါ်တင်မမ ပါလာသည့် ကား ကိုလမ်းထဲမှာ တွေ့ခဲ့ရသည့် အဖြစ်က သိင်္ဂ ီ့ကို စိတ်အနှောက်အယှက်ပေးနေသည်။ သူ့ကိစ္စ နှင့်သူလာတာ လည်းဖြစ်ချင် ဖြစ်နိုင်ပါသည်။ စိတ်မလုံသည့် သိင်္ဂ ီသာ သံသယအတွေးတွေပွားပြီး ပြန်ဖို့ မရဲဘဲဖြစ်နေခြင်းသာဖြစ်ပါသည်။

မန ္တလေးရောက်မှ မမချိုဆီဖုန်းဆက်ပြီး ဒေါ်တင်မမ သမီးအခြေအနေ မေးကြည့်မိသေး၏။ သိင်္ဂ ီထင်ထား သည့် အတိုင်း ရွေးချယ်မခံရပါ။ ကောင်မလေးတော့ သိင်္ဂ ီ့ကိုဒေါပွ နေမလားမသိပေ။ မမချိုကတော့ သိင်္ဂ ီ့ ကို တောင်းပန်ရှာပါသည်။

“ဆောရီး သိင်္ဂ ီရယ်၊ လူတွေ့ အထိခေါ်ကြည့်လိုက်ပါသေးတယ်၊ အဆင်မပြေလို့”

“ရပါတယ် မမချိုရဲ့၊ သိင်္ဂ ီပြောထားသားပဲ ကြိုက်မှရွေးပါလို့”

“ကောင်မလေးက ရုပ်ကလေးလဲသင့်ပါတယ်၊ ကိုယ်လုံးကိုယ်ပေါက်လဲ လှတယ်၊ သူကအဲဒီဘော်ဒီ ကို အားကိုးလွန်း တယ်၊ အဝတ်အစားဖက်ရှင် ဆိုရင်တော့ ကိုက်မှာပေါ့၊ ကော့စမစ်တစ် ကျတော့ အဆင် မပြေတော့ဘူးလေ”

“အင်းပါ၊ သိင်္ဂီ လဲ ထင်ထားပြီးသားပါ”

“မသူဇာတို့ သိင်္ဂီ တို့ကို အားနာပေမယ့် မလိုက်ဖက်တဲ့ မော်ဒယ် နဲ့တော့ ဘယ်အလုပ်လုပ်ရဲမလဲ၊ သူ့ကို လည်းသေချာ ရှင်းပြလိုက်ပါတယ်၊ သူနဲ့ ဘယ်လိုမျိုးအဆင်ပြေမယ် ဆိုတာလဲ အကြံပေးလိုက်တယ်”

“ဘာပြန်ပြောလဲ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တဲ့”

သိင်္ဂ ီ့မှာလည်း အဆက်အသွယ်တွေ ရှိပါသည်။ နဲနဲ ကြိုးစားပေးလိုက်လျှင် နေရာတခုတော့ဖန်တီးပေးဖို့ မခဲ ယဉ်းပါ။ ဒါပေမယ့် လုပ်မပေးချင်။ စိတ်ကောင်းထားပြီး ကူညီပေးလိုက် လျှင်တောင် နှုတ်ပိတ်ခပေးသည် ဟု ထင်ပြီး ရောင့်တက်ချင်ရောက်တက်လာ နိုင်သည့် အတွက် ပိုပြီးမကူညီချင်။ မမချို ဆီမှာ အရွေးမခံရသည့် ကိစ္စက လပိုင်းလောက်တော့ ရှိနေခဲ့ပြိ။ ခုထိ ထပ်ပြီးတောင်းဆိုလာတာတွေ မရှိတာကြောင့် စိတ်အေးသလို လိုတော့ ရှိပါသည်။ လုံးလုံးလျားလျားတော့ စိတ်မချရဲသေး။

ကားဂိတ် အဆင်းမှာ ဒေါ်တင်မမ ကိုသာ မြင်လိုက်ရ၏။ ကောင်မလေးကိုတော့ မတွေ့ နောက်ခန်းမှာ ပါချင် လည်းပါလာလိမ့်မည်။ ရိုးရိုးသားသား လာကြတာဖြစ်ပါစေလို့သာ သိင်္ဂီ  ဆုတောင်းနေရ၏။ ရန်ကုန် ကိုတော့အခြေအနေကြည့်ပြီးမှ ပြန်ဆင်းတော့မည်။ လောလောဆယ်တော့ မန ္တလေးအိမ် က ကားတစီးယူပြီး သွား ချင်ရာသွားသည်။ မေမြို့တက်ချင်တက်၏။ ကျောက်ဆည် ဖက် မိတ္ထီလာ ဖက်က ကျောင်းနေဖက် သူငယ် ချင်းတွေဆီ သွားချင်စိတ်ပေါက်လာလျှင်လည်း မောင်းချသွားလိုက်သည်။ ညအိပ်ညနေ နေချင်လည်း နေ လိုက်သည်။

စိတ်ပျော်သလို လျှောက်လုပ်နေသော်လည်း ရောက်ကထဲက သိင်္ဂ ီကောင်းကောင်းအိပ်လို့ မပျော်ပါ။ ကိုကို့ ကို သတိရတဲ့ အပြင် ရန်ကုန်မှာ ရှိသော စိတ်မဖြောင့်စရာတွေက သိင်္ဂ ီ့ကိုအိပ်ချင်စိတ်တွေ လွင့် ပျောက် အောင်လုပ်၏။ တိုက်တိုက် ဆိုင်ဆိုင် သင်္ဂ ီမန ္တလေးတက်မည့် နေ့ကျမှ ဒေါ်တင်မမ နှင့် တိုးရသည်။ ဖြစ်ချင် တော့ ကားနှစ်စီး ဆုံသည့် အချိန် ကသိင်္ဂ ီစိတ်မထိန်းနိုင်ပဲ ကိုကို့ကို နမ်းလိုက်မိသည့် အချိန်ဖြစ်နေသည်။

သိင်္ဂ ီ နှင့် ပတ်သက်ပြီးတွေ့လိုက်ရသည့် ကိုကို့၏ ဝန်တိုစိတ်ကြောင့် အရမ်းပျော်ပြီး ဘာကိုမှ သတိမထားမိ နိုင်အောင်ဖြစ်သွားခဲ့ရသည်။ဒါကို ဒေါ်တင်မမ တွေ့ချင်လည်း တွေ့သွားနိုင်သည်။ သူမဘေးက ဒရိုင်ဘာလည်း မြင်ကောင်းမြင်သွား နိုင် ၏။ ပထမ တကြိမ်ဒေါ်တင်မမ နှင့် တိုးစဉ်ကလည်း သိင်္ဂ ီနှင့် ကိုကို တယောက်ကိုတယောက် မက်မက်စက် စက် နမ်းနေ မိကြသည့် အချိန်။ ဒါတွေတွေးလေ စိတ်ကမဖြောင့်လေ နှင့် သိင်္ဂ ီအိပ်မပျော်။

ဘုရားမှာ အလှု အတွက် အလုပ်များနေချိန်တုန်းကဆို ပိုဆိုးသည်။ ကားတစီးနှင့် ခြေမြန်တော်တာဝန်ယူမိသည့် အတွက် ဟိုပြေးဒီပြေး နှင့် အရမ်းပင်ပန်းရသည်။ ထို့ကြောင့် ဘုရားထီးတင်သည့် နေ့မှာ နေကလည်းအရမ်းပူသည့် အတွက် မခံနိုင်တော့ဘဲ မူးလဲသည် အထိဖြစ်သွားသည်။ဘုရားကလည်း ရှေးဟောင်းဘုရားဖြစ်လို့ လူတွေကတမျိုး ထင်ပြီး တောင်ထင်မြောက်ပြော နှင့် ပြန်ကြားရ သည်က ရယ်စရာလိုဖြစ်ခဲ့၏။ ကိုကို့ကိုပြောပြတော့ 

“ဒေါ်ဒေါ်ကြည် ဆိုရင်တော့ သိုက်ဆက်ရှိလို့ ဖြစ်တာလို့ပြော မှာပဲ” 

ဟုဆို၏။ ဘာကြောင့်မှန်းတော့ မသိ အဲဒီ အချိန်မှာ ကိုကိုရှိရင်ကောင်းမှာပဲ ဟုတွေးပြီး ဝမ်းနည်းကာ မျက်ရည်ကျမိသည်ကိုတော့ ကိုကို့ ကိုပြောမပြတော့ပါ။ မူးလဲသွားသည်အချိန်မှာ သိင်္ဂီ မျက်ရည်ကျတာကို မြင်ပြီး လူပြောစရာပို ဖြစ်သွား တာက တော့ စိတ်ညစ်မှု တွေကြားထဲက ပြုံးမိရသည့် ဟာသ တခုဖြစ်ခဲ့သည်။

“ဟာကွာ၊ ဘယ်သူလဲ”

ဖုန်းမြည်သံကြောင့် သိင်္ဂ ီစိတ်ညစ်သွားသည်။ ကိုကို များလားလို့တွေးပြီးကြည့်လိုက်ရာ မမဖြစ်နေသည်။ဖြစ်နိုင်ရင် မကိုင်ချင်ပါ။ နောက်မှ ကားမောင်း နေလို့ မကိုင်ဟုပြောလိုက်ရင်ကောင်း မလားစဉ်းစားရင်း အကြောင်း တခုခုရှိလို့ ဖြစ်နေနိုင်၍ ပြန်ထူးလိုက်သည်။ hand free နားကြပ်တပ်ထား လို့ ပြောလို့တော့ရပါ၏။

“မမ လား”

“အေး … နင်ဘယ်တော့ ပြန်လာမှာလဲ”

“ပြန်လာတော့မှာပါ၊ ဒီမှာ လိုက်လည်နေတာတောင် အိမ်မစေ့သေးဘူး”

“ဘယ်မှ လျှောက်သွားမနေနဲ့တော့။ ရန်ကုန်ပြန်လာခဲ့”

ရင်ထဲ ဒိတ်ကနဲခုန်သွားသည်။ မမလေသံက မာကျောခြင်းတော့ မရှိပါ။ ထို့ကြောင့်

“ဘာဖြစ်လို့လဲမမ”

“နင့်ကို အိမ်ထောင်ချပေးမလို့”

အချက်ပေး ခေါင်းလောင်းသံတွေ နားထဲမှာဆူညံ မြည်ဟိန်းသွား၏။ တခုခုတော့ သေချာသွားလေပြီ။ မမ မှာရည်ရွယ်ချက်တခုခု ရှိကိုရှိရမည်။

“မနောက်ပါနဲ့ မမရယ်၊ သိင်္ဂ ီအေးအေးဆေးဆေး နေချင်တယ်လို့ ပြောပြီးပြီပဲ”

“ငါမနောက်ဘူး၊ နင့်ကို ဘယ်သူနဲ့ ပေးစားမယ်ထင်လို့လဲ”

“သိင်္ဂ ီဘယ်သိမလဲ”

“နင့်ကို ကိုအောင်ဘညို နဲ့ ပေးစားမလို့”

“ဘယ်လို”

သိင်္ဂ ီ့ရှေ့ကလမ်းမကြီးပေါ်မှာ တံလျှပ်တွေတလက်လက်ထသွားသည်။ လမ်းပေါ်က လူတွေကားတွေ မြင် ကွင်းကပျောက်သွားသည်။ စတီယာရင် ကိုတင်းတင်းဆုပ်ပြီး အာရုံကိုပြန်စုစည်း လိုက်ရသည်။ လီဗာပေါ်က ခြေထောက်က ဘရိတ်ကိုယောင်ပြီး နင်းမိတော့မလိုလည်းဖြစ်သွား၏။ မမ ဘာတွေပြောနေသနည်း။

“မဟုတ်တာ မမ ရယ်၊ လူကြားမကောင်းတာတွေ မပြောပါနဲ့”

“ဘာဖြစ်လို့ လူကြားမကောင်း ရမှာလဲ၊ ငါ့အလုပ်ကို ငါသံယောဇဉ် ကင်းကင်း နဲ့ လုပ်နိုင်ဖို့ ဒီတလမ်းပဲရှိ တယ်။ ကလေးတွေ တခြားမိန်းမ လက်ထဲရောက်မှာလဲ ငါမလိုချင်ဘူး၊နင့်ကိုပဲ ငါစိတ်ချတယ်”

ကိုကို နှင့် မမ အဆင်မပြေတာတခုခု ဖြစ်ပြီထင်သည်။ မမ နှင့် ပတ်သက်ပြီး ကိုကို ကလည်းစိတ်အကြိတ် အခဲ  ရှိနေတာသိင်္ဂ ီရိပ်မိခဲ့သည်။

“မမ စဉ်းစားပါဦး၊ အဆင်မပြေတာရှိရင်လည်း သိင်္ဂီ ပြန်လာမှ တိုင်ပင်ကြတာပေါ့၊ သိင်္ဂ ီမကြာခင်ပြန်လာ မှာပါ”

“နင် ပြန်မလာခင် ငါ သူနဲ့ ကွာရှင်းထားလိုက်မယ်၊ နင်လာမှ အမြန်ဆုံးလက်ထပ်ကြပေါ့”

“မဖြစ်နိုင်တာတွေ မပြောနဲ့လေ၊ မမ က ဘာဖြစ်လို့ ကိုကိုအောင် နဲ့ ကွာရှင်းရမှာလဲ၊ ဒီမယ် သိင်္ဂ ီပြောမယ်၊ မမ က ကွာရှင်းလိုက်လဲ သိင်္ဂီ က ကိုကိုအောင် နဲ့ လက်ထပ်မှာ မဟုတ်ဘူး”

“စိတ်ထဲ မပါတာတွေ လျှောက်ပြောမနေစမ်း နဲ့ မိသိင်္ဂ ီ၊ လက်မထပ်ချင်ဘူး ဆိုတော့ နင်တို့က ကမြင်းကြော ထရုံသက်သက်ပဲလား၊ ယားနေကြလို့ အယားဖြေရုံပဲလား”

သေချာပါသည်။ မမ ရိပ်မိသွားဒါပဲ ဖြစ်မည်။ ဟို ဒေါ်တင်မမ ဆိုသည့် မိန်း မနှင့် သူ့သမီး လက်ချက်လား၊ ဒါ မှမဟုတ် တခြားနည်း နဲ့လား သိင်္ဂ ီမတွေးတတ်ပါ။ ချွေးစေး တွေပြန်နေသည့် လက်က စတီယာရင် ကိုမြဲ အောင် မကိုင်နိုင်ဘဲဖြစ်နေသည်။ ချွေးတွေ ပြန်နေသည့်ကြားက ရင်တလှပ်လှပ်တုန် ပြီး ချမ်းလာ၏။ မည် သို့ ဖြစ်စေ သိင်္ဂ ီ နှင့် ကိုကို ဘာမှ မပတ်သက်ပါဟု မျက်စိမှိတ်ငြင်းရုံသာ ရှိတော့သည်။

“မဟုတ်တာတွေ မပြောပါနဲ့ မမရယ်”

“ဘာလို့ မဟုတ်ရမှာလဲ၊ ငါက နင့်အမပါ၊ ဟိုတယောက်က ငါ့ယောက်ျားပါ။ နင်တို့ အကြောင်းကို ငါ့ ထက် ပိုပြီး ဘယ်သူသိဦးမှာလဲ”

“မမ အထင်လွဲနေတာပါ”

“မလွဲဘူး၊ အမှန်အတိုင်းသိနေတာ၊ ငါ့ကို ခွေးလိုကြံထဲက ငါရိပ်မိသင့်တာ၊ နင်က အရူး အမဲသားကျွေး ထား တော့ နင်မရှိတဲ့ အချိန်မှာ အိမ်မြှောင်မြီးပြတ်ဖြစ်ပြီး ငါ့ကို မဟုတ်တရုတ်ကြံတာ”

မမ ပေါက်ကွဲနေတာ သိသာသည်။ ကိုကို့ ကိုတောင်မှ အရူးလို့ပြောနေချေပြီ။

“မဟုတ်ပါဘူး မမရယ်”

“ငါ့မွေ့ယာကြားမှာ နင့်ဘောင်းဘီ တွေ့တုန်းက နင်မေ့ကျန် တယ်ပဲ ထင်တာ၊ ခုမှစဉ်းစားမိတယ်၊ ဟိုဖက် ဒီဖက် ကူးချင်တိုင်း ကူးပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြတာကိုး၊ ဟိုကလဲကြောင် ခံတွင်းပျက် ဆိုတော့”

သိင်္ဂီ ငိုချပစ်လိုက်ချင်သည်။ သိင်္ဂ ီတို့ အကြောင်းကို ဘယ်သူသိသိ ဂရုမစိုက်ပါ။ မမသိသွားမှာကိုတော့ သိင်္ဂ ီသေလုမတတ်ကြောက်ပါသည်။ ဝမ်းနည်းစိတ် နှင့် ခွန်းတုံ့ မပြန်နိုင်အောင်ဖြစ်နေချိန်တွင် မမက သူပြောချင် တာတွေ တရစပ်ဖိပြောနေ၏။

“နင်တို့ ကွယ်ရာမှာ ကြိတ်ပြီးတော့ ကမြင်းမနေကြနဲ့တော့၊ ငါကွာရှင်းပေးမယ်၊ တရားဝင်လက်ထပ်ပြီး လွတ် လွတ်လပ်လပ်သာနေကြတော့”

“မယူပါဘူး၊ မယူနိုင်ပါဘူး”

“ငါ ကိုအောင်ဘညို ပြန်လာရင်ပြောလိုက်တော့မယ်”

“မပြောနဲ့၊ မပြောနဲ့ …ပြောစရာ မလိုဘူး”

သိက္ခာတရားကိုအလေးထားသည့် ကိုကို ကလည်းဒီကိစ္စ ကိုလက်ခံမှာ မဟုတ်တာသေချာသည်။ ဒါပေမယ့် မမ နှင့် ကိုကို ပဋိပက္ခ အကြီးအကျယ် ထပ်ဖြစ်သွားနိုင်သည်။

“ငါက အခိုင်အမာ အထောက်အထားနဲ့ ပြောမှာ သူငြင်း နိုင်မှာ မဟုတ်ပါဘူး”

ကျိန်းသေပါသည်။ ဒေါ်တင်မမ လက်ချက်မှလွဲ၍ ဘယ်သူမှ မရှိနိုင်ပါ။ အိမ်သားတွေကတောင် မရိပ်မိသည့် ကိုကို နှင့် သိင်္ဂ ီ့ကို မျက်မြင်တွေ့ခဲ့သူမှာ သူတို့ သားအမိသာရှိသည်။ ဒီကိုမလာခင်နေ့ကလည်း ကံဆိုးလှ စွာ သူမနှင့် တိုးခဲ့သည်။ လမ်းပေါ်မှာ လူတွေရှိနေသည် ကိုတောင် သတိမထား မိတော့ဘဲ သိင်္ဂ ီစိတ်လွတ် ထွက်သွားပြီး ကုန်းအော်လိုက်မိသည်။

“အဲဒီ မိန်းမ မဟုတ်တာတွေ လျှောက်ပြောတိုင်းယုံမနေနဲ့”

“ဘယ်မိန်းမလဲ”

“ဒေါ်တင်မမ”

မမ ရယ်လိုက်သည်ဟု သိင်္ဂ ီထင်သည်။

“ဒီလိုပြောလိုက်ထဲက နင်ဝန်ခံသလိုပဲ ဆိုတာမသိဘူးလား”

“သူသက်သက် ချောက်တွန်းတာ ကို မမယုံတယ်လား”

“ချောက်တွန်းတာ မဟုတ်ဘူး၊ သူက ကိုယ်ချင်းစာလို့ မဖြစ်သင့်တာ မဖြစ်ရအောင်သတိပေးတာ၊ သူကိုယ် တိုင်လဲ ဒါမျိုးကြောင့် ဒူးနဲ့ မျက်ရည်သုတ် ခဲ့ရလို့ ငါ့ကို စေတနာ နဲ့ မီးကိုမလောင်ခင်တားဖို့ အသိပေးတာ၊ မတင်မမ က နင်တို့လို ဟော်တယ် အိမ်သာမရှောင်၊ လမ်းလည်ခေါင် မရှောင် အရှက်မရှိလုပ်တဲ့ မိန်းမစား မျိုးမဟုတ်ဘူး”

သိင်္ဂီ ရှုံးသွားခဲ့လေပြီ။ မျက်ရည်တွေတားမနိုင်ဆီးမရ ပေါက်ပေါက်ကျလာပြီး မမကို တောင်းပန်မိသည်။

“မမတို့ အိမ်ထောင်ရေးကို ပျက်စီးစေချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး မမရယ်၊ သိင်္ဂီ  ကိုကို့ကို ငယ်ငယ်လေး ထဲက ကျိတ်ပြီးချစ်ခဲ့ရတာပါ၊ သိင်္ဂ ီဆင်ခြင်ပါ့မယ်၊ မမ တို့ လမ်းခွဲစရာ မလိုပါဘူး”

ရှိုက်ကြီးတငင် ငိုရင်း ကားမောင်းနေသည့် မိန်းမ ကိုလူတွေမြင်လျှင်ဘယ်လိုထင်ကြမည် မသိပေ။ သိင်္ဂ ီ လည်း ဒါတွေကို ဂရုစိုက်မနေနိုင်အားတော့ပါ။ ကိုကို့ ကို ဘယ်လောက်တောင်ချစ်မိခဲ့သည် ဖြစ်စေ ကိုကို နှင့် မမ တို၏ အိမ်ထောင်ရေးကို ပြိုကွဲ အဆုံးသတ်စေလိုစိတ် သိင်္ဂ ီ့မှာ မြူတမှုန်မျှတောင်မရှိပါ။ ကိုယ့်လိပ် ပြာ ကိုယ်သန့်သလို ဒီအကြောင်းကို ကိုကိုလည်းသိပါသည်။ဘုရားလည်းသိပါသည်။

“နင်သာ ပြန်လာခဲ့ပါ၊ အားလုံးအဆင်ပြေသွားစေရမယ်”

“မဟုတ်ဘူး မမ၊ ဒီလိုမလုပ်ရဘူး”

အသံကုန်အော်ပြောရင်း ရှေ့က နှေးတုံ့နှေးတုံ့ သွားနေသည့် ထော်လာဂျီ တစီးကို စိတ်မရှည်စွာဖြင့် ဟွန်း ကို ဆက်တိုက် နှိပ်ရင်း ဘေးကပန်းပြီး ကျော်တက်လိုက်သည်။

“ဟဲ့သိင်္ဂ ီနင်ဘာလုပ်နေတာလဲ”

မမမေးခွန်းကို သိင်္ဂ ီပြန်ဖြေဖို့ မအားတော့။ လမ်းမပေါ်တက်လာသည့် လမ်းချိုးထဲက ဟိုင်းလက် ကားတစီး ကလည်း ထော်လာဂျီ ရှေ့ကနေသွားလို့ ရအောင် အတင်းကွေ့တက်လိုက်သည်ကို သိင်္ဂ ီသ တိမထား လိုက်မိ။ အရှိန် နှင့် ကျော်ပြီးထော်လာဂျီရှေ့ကို ပြန်အဝင်တွင် လမ်းထဲကထွက်လာသည့် ကားနှင့် ဝင်ပူးမိ မလိုဖြစ် သွား၍ ဘယ်ဖက်ကို အတင်းပြန်ဆွဲကွေ့လိုက်သည်။

ကားခေါင်းက မျက်နှာချင်းဆိုင်မှ လာ နေ သည့် ကုန်ကား ကြီးဆီ သို့ ဦးတည်သွား၍ ထိုကား နှင့် လွတ်အောင်စတီယာရင်ကို ညာဖက်သို့ ပြန်ဆွဲမိ သည်ဟု ထင်ပါ သည်။ သို့သော် ဝုန်းကနဲ အသံကြီးတခုကို ဘာကြောင့် ကျယ်လောင်စွာ ကြားလိုက်ရသည် ကို သိင်္ဂ ီတွေး ချိန်မရ တော့ပါ။

.........................................

{ အချို့သော အရာတို့၏ အဆုံးသတ်သည် အခြားသော အရာတို့၏ စတင်ခြင်း မျိုးလည်းဖြစ်တတ်၏။

အချစ်တခု၏ ပြီးဆုံးခြင်းသည် အမုန်းဖြစ်နိုင်သလို အလွမ်း၏ မြစ်ဖျားအစလည်း ဖြစ်သွားနိုင်လေသည်။}

......................................................

အခန်း (၃၅)

ကြားလိုက်ရသည့် သတင်းကြောင့် ဦးအောင်ဘညို စားပွဲစွန်းကို အားပြု ကိုင်ထားလိုက်ရသည်။ ဒီသတင်း သည် မဖြစ်နိုင်၊ ယုံနိုင်ဖွယ်မရှိဟု အားတင်းနေသည့်ကြားမှ ခင်မောင်တင့်၏ ညှိုးဖျော့သည့် ငိုမလိုမျက်နှာ နှင့် အေးအေး ၏ မျက်ရည်များက ဦးအောင်ဘညို ၏ ဖြေသိမ့်မှု တွေကို ပုံလဲကျသွားအောင် တွန်းဖြိုနေသ လို ရှိသည်။

“လေးလေး ဆီဆက်တယ်တဲ့၊ ဖုန်း ပိတ်ထားတာနဲ့ ရုံးကို လှမ်းအကြောင်းကြားတာ”

ဒီနေ့ အထူးအရေးကြီးသည့် ပုဂ္ဂိုလ်များ တက်ရောက်သည့် အစည်းအဝေး ရှိနေသည်။ ထို့ကြောင့် ဦးအောင် ဘညို ဖုန်းပိတ်ထားမိ၏။ ပြန်လာတော့လည်း ဟိုဝင်ဒီဝင် နှင့် ဖုန်းပြန်ဖွင့်ဖို့ မေ့နေခဲ့သည်။ ရုံးထဲဝင်လာကထဲ က ဝန်ထမ်းတွေ မျက်နှာ မကောင်းကြတာကို သတိထားမိသလိုလိုတော့ ရှိ၏။ ခင်မောင်တင့် စားပွဲရောက်မှ ကြားလိုက်ရသည့် သတင်းဆိုးက ရင်ဝကို နင်းချေလိုက်သလိုပင်။

အားအရှိန်တခုက ဆွဲယူလိုက်သလို အကြည့်က ဒီနားကနေလှမ်းမြင်ရသည့် တံခါး၀ တခုဆီရောက်သွား သည်။ တံခါးပွင့်သွားပြီး ဖြူစင်နွဲ့ပျောင်းသည့် အရိပ်ကလေးတခု လွင့်ထွက်လာသလိုလို စိတ်မှာမြင်သည်။သင်းမြသည့် ရနံ့လေးတခုကိုပါ ရလိုက်သယောင်ရှိသော်လည်း ရင်မှာ မချမ်းမြေ့ရပါ။

ဆက်ရပ်နေရန် မစွမ်းသာတော့သဖြင့် ရုံးခန်းထဲကို ခြေလှမ်းသွက်သွက်ဖြင့် ဝင်သွားပြီး ခုံမှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ ဒါမဖြစ်နိုင်၊ ဒါအိပ်မက်ဆိုးတခုသက်သက်ဟု တွေးကြည့်မိသည်။ အဖြစ်မှန် ဆိုလျှင်လည်း ဘာကြောင့် သိင်္ဂ ီဖြစ်နေရသနည်း။

“ငါပဲ ဖြစ်လိုက်ပါတော့”

ကုလားထိုင်လက်တင်ကို တင်းကျပ်စွာဆုပ်ရင်း မချိတင်ကဲ ညည်းမိသည်။ သိင်္ဂ ီ့ကိုဆိုလျှင် အမြဲနောက် ပြောင် နေကျ ခင်မောင်တင့်၏ ဟာသတခု သက်သက်ဆိုလျှင်ဘယ်လောက် ကောင်းမည်နည်။ အဖြစ်အ ပျက်တွေက မြန်လွန်းသည်။ ဒီရက်ပိုင်း အတောအတွင်းသိင်္ဂ ီပြန်လာလိမ့်မည် ဟု ဦးအောင်ဘညို ထင်ထား ခဲ့သည်။ သွားမည့်နေ့က ကားပေါ်မှာ နမ်းသွားသည့် ပါးတဖက်တောင် အခုထိနွေးနေဆဲ ရှိသေး၏။ ကား ထွက်မှ ပြန်ပါဆို၍ ဦးအောင်ဘညို စောင့်ပေးခဲ့သည်။ ကားအထွက် လက်ကလေးရမ်းပြရင်း ဝေးသွားသည့် သဏ္ဍန်လေးသည် သိင်္ဂ ီ့ကိုနောက်ဆုံးမြင်လိုက်ရခြင်း ဟု ဘယ်လိုမှ လက်မခံ နိုင်ပါ။

အဓိပ္ပါယ်မဲ့စွာ ရှေ့ကစားပွဲ ကို ငေးစိုက်ကြည့်နေရင်း ဒီစားပွဲမှာ ထောက်ထားတတ်သည့် ဆင်စွယ်နှစ်လို လက်ကလေးတွေကိုမြင်သည်။ ရှည်လျားကော့ပျံသည့် မျက်တောင်လှလှတွေနောက်က ကြယ်ညီနောင် ပမာ တလက်လက်တောက်သည့် မျက်လုံး များနှင့် အမြတ်တနိုးကြည့်တတ်သည့် အကြည့်တွေလတ်တလောပင် ရှေ့မှာလာကြည့်နေသလိုထင်၏။

သူမ ရှိနေသည့် နေရာတိုင်းမှာ သူမ ကြောင့်ပိုလှသွား သယောင် ထင်ရ အောင်ဆုတောင်းကောင်းခဲ့သည့် မိန်းကလေး ဘာကြောင့် ဒီလိုကံဆိုးခဲ့ရပါသနည်း။ ဦး အောင်ဘညို ရင်နာ စွာဖြင့် မချင့်မရဲတွေးမိသည်။

သိင်္ဂ ီ ဒီစားပွဲရှေ့ကို နောက်တကြိမ်ရောက်မလာ နိုင်တော့ဟူသည့် အသိက ရုံးခန်းတခုလုံးကို အကျည်းတန် အရုပ်ဆိုးသွားစေသလို အသက်မဲ့စွာ အုံ့မှိုင်းသွားစေ၏။ တဒေါက်ဒေါက် နှင့်ဝင်လာတတ်သည့် ဒေါက်ဖိနပ် သံလေးတွေ နောက်တကြိမ်မရှိ နိုင်တော့။ ဦးအောင်ဘညိုကို အရိပ်တကြည့်ကြည့် လုပ်ရင်း နှင့် အမြဲလို ချော့သလိုမော့သလို ပျော့ ပြောင်းစွာ ပြောတတ်သည့် အသံလေးတွေ နောက်တကြိမ်မကြားရနိုင်တော့။

ဒီအခန်းထဲ မှာဆက်နေချင်စိတ် မရှိတော့သဖြင့် ထိုင်ရာကနေဝုန်းကနဲ ထရပ်လိုက်ပြီး ထွက်လာခဲ့သည်။ရုံးဆင်းချိန်လည်း ဘာမှ မလိုတော့ပါ။အပြင်မှာ အေးအေး က ငိုနေဆဲ၊ ခင်မောင့်တင့် က မျက်စိမျက်နှာ ပျက်နှင့် ချော့မော့နှစ်သိမ့်နေသည်။

“ငါပြန်တော့မယ်၊ မင်းတို့လဲပြန်ချင်ပြန်တော့”

ပြန်အဖြေကို မစောင့်တော့ဘဲ ချာကနဲ လှည့်ထွက်လိုက်စဉ်တွင် လတ်ဆတ်ချိုလွင်သည့် အသံလေးတခုကို နားထဲမှာ ကြားလိုက်ရသည်။

“ဟေ့ ..သူများလဲ လိုက်မယ်လေ”

သိင်္ဂ ီ့ ရုံးခန်းဝကို မကြည့်မိအောင်စိတ်ကိုထိန်းလိုက်ရခြင်းကြောင့် နှလုံသားကို အတင်းဆွဲညှစ်လိုက်သလို ရင်ထဲမှာ နာသည်။ အိန္ဒြေ မပျက်အောင် ထိန်းချုပ်ပြီး ရုံးထဲကဖြတ်ထွက်လာခဲ့သည်။ ခံစားရခြင်း ထက် ချုပ် ထိန်းရခြင်း က ပိုပင်ပန်းဆင်းရဲကြောင်း ဦးအောင်ဘညို နာကျဉ်စွာတွေးမိသည်။ ကားနားရောက်တော့ ချီတုံချတုံဖြစ်ရသည်။ လူမှန်းမသိအောင်မူးနေသည့် အချိန်မှာတောင်မောင်းလာခဲ့ သော ကားကို မောင်းဖို့မဝံ့ မရဲဖြစ်ရသည်။ တံခါးကိုဖွင့်ရင်း လက်တွေတုန်နေသည်။

“မြင့်အေးကို ခေါ်လိုက်စမ်း”

အနားမှာ တွေ့သည့် တယောက်ကို ဒရိုင်ဘာခေါ် ခိုင်းလိုက်သည်။ ဒရိုင်ဘာရောက်လာသည့် အခါ သူ့ကို မောင်းခိုင်းပြီး အိမ်ပြန်လာခဲ့သည်။ တလမ်းလုံးဦးအောင်ဘညို ငြိမ်သက်နေမိသည်။ ရုံးကလူတွေကတော့ သိင်္ဂ ီ့၏ ကား မတော်တဆမှုကို ကြားပြီး ဦးအောင်ဘညို ကားတောင်မမောင်းရဲအောင် ထိတ်လန့်သွားသည် ဟု ထင်ချင်ထင်ကြပေမည်။

အိမ်ရောက်တော့ ဒရိုင်ဘာကို တက္ကဆီ ခပေးပြီးရုံးပြန်လွှတ်လိုက်သည်။ မသူဇာ၏ အဆောင်ဖက်သို့ လှမ်း မျှော်ကြည့်လိုက်သော အခါတိတ်ဆိတ်ငြိမ်သက်နေသည်။ အခုအဖြစ်အပျက်အပေါ်မှာ မသူဇာ ဘယ်လို တရား တွေဆင်ခြင်ကြည့်နေမည်နည်းဟုမလိုတမာတွေးရင်း အိမ်ထဲဝင်ခဲ့သည်။ အိမ်ထဲဝင်သည် နှင့် တ ဝါးဝါး ကလေး ငိုသံက ဆီးကြိုသည်။

ငိုနေသည့် ကလေးကို အထိန်းကောင်မလေးက ချော့နေပြီး နဖူး နှင့် ရင်ဘတ်ကို အဝတ် စည်းထားသည့် ဒေါ်ဒေါ်ကြည် ကို ဖိုးသားက ဖက်ပြီး ဆိုဖါပေါ်တွင် ထိုင်နေသည်။ ဖူးဖူး ကိုတော့မတွေ့ရပါ။

“အောင်မယ်လေး ဆရာရယ်၊ အဲဒါ ကျွန်မ သမီးလေးပါ”

ဦးအောင်ဘညို ကိုမြင်သည်နှင့် ဒေါ်ဒေါ်ကြည် အော်ပြီးငိုလိုက်သည်။ ဒေါ်ဒေါ်ကြည် ကိုဖက်ပြီး ချော့နေသည့် ဖိုးသား မျက်နှာမှာလည်း မျက်ရည်စတွေ နှင့်

“ဟိုတယောက်က လဲပြောမရ ဆိုမရ လိုက်သွားပြီ”

“ဘယ်သူလဲ”

“သူဇာပေါ့၊ ဒီမှာ ရှိတုန်းကတော့ သိင်္ဂီ လေးကို စိတ်ဆင်းရဲအောင်ပြောဆိုနေပြီးတော့ အခု ကလေးကိုထား ပြီး မန ္တလေးလိုက်သွားပြီ”

“ဘယ်လိုသွားတာလဲ”

“ကိုစိုးနဲ့ ပေါ့၊ တယောက်တလှည့် မောင်းသွားမယ်တဲ့၊ဆရာရောက်လာတာ နဲ့ဆိုတနာရီလောက်ပဲကွာ မယ်”

“ဖူးဖူးပါသွားလား”

“မမ အခန်းထဲမှာ ငိုနေတယ်”

ညီအမ အရင်းဆိုတော့ မသူဇာ သွားချင်ပေလိမ့်မည်။ သတင်းစ ကြားကထဲက ထူပူနေသည့် အတွက် နာရေး ကိစ္စကိုမေ့လျော့နေခဲ့သည်။ ဦးအောင်ဘညို လည်းလိုက်သွားချင်သည်။ အသက်မဲ့လျှက်နှင့် ဖြစ်စေ နောက် ဆုံးတကြိမ်တော့ ထပ်ပြီးတွေ့ချင်ပါသေးသည်။ ခေါင်းထဲမှာ ရီဝေပြီးမူးသလိုလို ဖြစ်သွား၍ မျက်စိမှိတ်ပြီး အား တင်းလိုက်စဉ် အလိုက်ကမ်းဆိုးမသိသော ဖိုးသားက ငိုသံပါကြီး နှင့်ပြောလိုက်၏။

“မေမေ က ဖေဖေ လိုက်လာစရာမလိုဘူးတဲ့၊ ဒီမှာပဲ သားတို့ နဲ့နေလို့ ပြောသွားတယ်”

ကိုယ်ခန္ဒာ ဟန်ချက်ကို ပြန်ထိန်းပြီး နီးသည့် ခုံတလုံးမှာ ဝင်ထိုင်လိုက်သည်။ အိမ်နောက်ဖက်က အိမ်ဖေါ် ကောင် မလေးတယောက် ထပ်ထွက်လာသည်ကိုမြင်၍

“ငါ့ဖို့ ရေတခွက်ယူခဲ့စမ်း”

“တကယ်ပါ ဆရာရယ်၊ သူ့ဖာသာ ဘယ်အရွယ်ရောက်ရောက် တကယ့်ကလေးလေးလိုပါပဲ၊ ရုပ်ကလေးမှုံနေ အောင်ချောသလောက် စိတ်ကလည်းဖြူတယ်၊ ကျွန်မ … ကျွန်မ … ဒီဗိုက်ထဲက မထွက်ရုံတမယ် မွေးခဲ့ရတာ ပါ၊ ကိုစိုးက ဆရာကြီးနောက် လိုက်ကြရအောင်လို့ ခေါ်တာတောင် သူ့ကို မခွဲ နိုင်လို့ ဆရာကြီး ကျေးဇူး စုံ လုံးကန်း ပြီးနေခဲ့တာ”

“ဖွားကြည် စိတ်ထိန်းလေ၊ သားလဲ ဝမ်းနည်းတာပဲ၊ ဒါပေမယ့် ဖွားကြည်မှာသားလဲ ရှိတယ်၊ မမဖူးဖူးလဲရှိ တယ် လေ၊ သားတို့ကို ချစ်တယ် မဟုတ်လား”

ဖိုးသားက တတ်သမျှမှတ်သမျှ ဖျောင်းဖျနေသည်ကို ဦးအောင်ဘညို အရုပ်ကြီးတရုပ်လို တောင့်တောင့်ကြီး ထိုင်ကြည့်နေမိသည်။ လာပေးသည့်ရေကို တကျိုက်ပြီး တကျိုက်မော့ချနေသော်လည်း အေးသည်ဟု မသိ၊ ရင်ထဲမှာ ဆူဝေနေသည်တို့က ကွယ်ပျောက်မသွားပါ။ ချုံးပွဲချ ငိုနေသည့် ဒေါ်ဒေါ်ကြည် ကိုကြည့်ရင်း ရင် ထဲမှာ ပိုတိုးကာဆို့နင့်လာ၏။

အိမ်ထောင်ဦးစီး ယောက်ျားသားကြီးတယောက် အနေဖြင့် နှစ်သိမ့်အားပေးသင့်ကြောင်း သိပင်သိနေသော် ညားလည်း စကားတခွန်းမှ ထုတ်ပြောလို့ မရနိုင်အောင်ဖြစ်နေသည်။ အာစေးထည့်ခံထားရသလို ဆွံ့အ လို့နေ၏။ ပြောဖြစ်လျှင်လည်း တည်ငြိမ်ဖြောင့်တန်းစွာ ပြောနိုင်မည် မထင်ပါ။

“မွေးစကထဲက ကော်ပတ်ရုပ်လေး ကျနေတာပဲ၊ လှလိုက်တဲ့ကလေးမလေး၊ ကျွန်မ တို့လို အိုကြီးအိုမတွေ သေပါတော့လား၊ သူတို့ ညီအမ ရုပ်ချင်းဘာမှ မကွာဘူး။ ဒါပေမယ့် သိင်္ဂီ လေးက စိတ်လှတော့ သူပိုလှတယ် လို့ လူတိုင်းထင်ကြတယ်”

ငိုရင်းပြောနေသည့် ဒေါ်ဒေါ်ကြည်၏ စကားတွေက ဦးအောင်ဘညို ကို ရေနစ်သူဝါးကူထိုးသလိုပင်။ ဆက်ပြီး ထိုင်နေရန် မစွမ်းတော့ဘဲ ကိုယ့်အခန်း ကိုယ်ပြန်ပြေးမိ၏။ သို့သော်လည်း တမ်းတခြင်း နှင့် ကြေကွဲမှု တွေဆီကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ တအိမ်လုံးမှာ သိင်္ဂ ီ့ အငွေ့အသက်တွေ ရှိနေသည်။

စင်္ကြ ံ လမ်းတဖက်မှာ သိင်္ဂ ီနေသည့် အခန်းရှိသည်။ ဦးအောင်ဘညို နှင့် ကပ်လျှက်မသူဇာ အခန်းမှာ သိင်္ဂ ီ ကြာမြင့်စွာနေသွားဖူးသည်။ လက်ဆွဲ အိတ်ကိုပစ်ချလိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်ချိန်တွင် လက်မောင်းတဖက်မှာ နွေးကနဲ ခံစားလိုက်ရ ၏။ ဒီအခန်းထဲက ဒီကုတင်ပေါ်မှာ အတူအိပ်စက်ခဲ့သည့် ရက်တွေလည်း ရေတွက်လို့ မရနိုင်ပါ။ ဂဏှာ မငြိမ်သော စိတ်ဖြင့် အိပ်ယာပေါ်လူးလှိမ့်နေမိစဉ် သိင်္ဂ ီ့ညည်းသံလေးတွေပြန်ကြားရ၏။ ဖြူစင်ဝင်းမွတ်၍ အပြစ်ဟူ၍ ဆိုဖွယ် မရှိအောင်လှသည့် ခန္ဒာကိုယ်လေးသည် ဦးအောင်ဘညို လိုရာသုံးဖို့ အမြဲဖြစ်ခဲ့သည်။

ရင်ထဲမှာ ကျဉ်တက်လာသဖြင့် လှဲနေရာမှ တဖန်ထထိုင်လိုက်မိပြန်သည်။

အခန်းနှစ်ခု ကြားက အခန်းကူးတံခါးက အခုပဲ ပွင့်သွားတော့ မလိုလို၊ အဝင် တံခါးရွက်က လှစ်ကနဲဟသွား ပြီး ဖိနပ်မပါ သည့် ခြေထောက်လေး တစုံက အသံမမြည်အောင်သတိထား ပြီးဖွဖွလေး လှမ်းဝင်လာသလိုလို စိတ်ထဲမှာ ခံစားနေရသည်။ ထိုအချိန်မှာ တံခါးပွင့်သွားသည်။ သိင်္ဂ ီမဟုတ်လေပါ။ ဖိုးသား ဖြစ်နေသည်။ မျက်ရည်စ တွေ နှင့် မျက်နှာ လေးကို ဦးအောင်ဘညို တွေတွေငေးငေး ကြည့်နေမိသည်။ သိင်္ဂ ီ ၏ အရိပ် သဖွယ် နေခဲ့သည့် ဖူးဖူး ဆိုလျှင် ပိုခံစားရပေမည်။ သမီးကို သွားကြည့်ချင်သော်လည်း ကိုယ်တိုင် ဖြေ ဖျောက်ဖို့မစွမ်းနိုင်သည့် အချိန်တွင် ဖူးဖူး၏ ဝမ်းနည်းမှုကို မြင်ဖို့မဝံ့ပါ။

“ဖေဖေ ဖုန်းလာတယ်”

“ဘယ်သူလဲ”

“လေးလေးကျော်”

ကျော်မင်းလဲ သတင်းကြားသည် ထင်သည်။ အလုပ်ကိစ္စ အရေးကြီးတာရှိလို့ လည်းဖြစ်နိုင်၏။

“အေး အေး၊ ဖေဖေ ဒီကပဲ ကိုင်လိုက်မယ် သား၊ ညီလေး ငိုသေးလား”

“နို့ဘူး စို့ပြီး အိပ်သွားပြီ ဖေဖေ၊”

ဦးအောင်ဘညို လိုင်းခွဲ ဖုန်းကို ပလပ်ကောက်ထိုးလိုက်သည်။ ဖုန်းကို လိုင်းခွဲထားသော်လည်း မသုံးဖြစ်သည့် အချိန်တွေဆို လျှင် ဖြုတ်ထားသည်။ မျက်ရည်စက်တွေ သုတ်ရင်းဖိုးသားပြန်ထွက်သွားသည်။ အသံကို အ တတ်နိုင်ဆုံး ငြိမ်အောင်ထိန်းပြီး

“အေး ..ကျော်မင်းရေ”

“ဟာ ..ခေါ်လိုက်ရတာ အကိုရာ၊ ဖုန်းပိတ်ထားတာ ကြာလှပြီ”

“နေ့ခင်းက အစည်းဝေးမှာ ပိတ်ထားတာခုထိပြန် မဖွင့်ဖြစ်ဘူးကွာ၊ ဒီမှာလဲ ရှုပ်နေတော့၊ မင်းသိပြီးပြီလား”

“သိတယ် အကို၊ ဒါကြောင့်လှမ်းဆက်တာ၊ အမဆီခေါ်တာလည်း မရဘူး။”

“မင်း အမ မန ္တလေးလိုက်သွားပြီ”

“ဟာ …အမကလဲ၊ ကလေးရော အကို၊ ဘယ်သူနဲ့ သွားတာလဲ”

“ဦးလေးစိုးနဲ့ နှစ်ယောက်ထွက်သွားကြတာပဲ၊ ကားကို တလှည့်စီမောင်း သွားမယ်တဲ့၊ ငါတောင်မသိလိုက် ဘူး၊ အိမ်ရောက်တော့ သူတို့ကသွားပြီ၊ ကလေးတော့ ထားခဲ့တယ်”

စိတ်နောက်ကိုယ်ပါ လုပ်တတ်သည့် မသူဇာအကြောင်းကို ကျော်မင်း လည်းသိသည်။

“ကျွန်တော် က အမသွားနိုင်မှာ မဟုတ်ဘူး၊ အကို ကလဲ အလုပ်တွေတဖက်နဲ့ အဆင်ပြေပါ့မလား စိုးရိမ် လို့ လှမ်းမေးတာ”

“ငါတော့ မသွားတော့ပါဘူးကွာ”

ကြေကွဲစွာ ပြောလိုက်ခြင်းဖြစ်ကြောင်း ကျော်မင်း သိနိုင်မည် မဟုတ်ပါ။

“ဟိုမှာလဲ အမျိုးတွေများပါတယ်၊ ဒါပေမယ့် အခု ည ပဲ ကျွန်တော်တက်သွားမယ်အကို ၊အမလိုတာရှိလဲ လုပ် ပေးလို့ရတာပေါ့၊ အကိုလဲ မသွားနိုင်ဘူးမဟုတ်လား”

“မင်း အဆင်ပြေမလား”

“ပြေပါတယ် အကို၊ သင်္ဂြ ိုလ်တဲ့ကိစ္စပြီးရင်တော့ ပြန်ဆင်းလာမယ်လေ၊ လိုရင် ရက်မလည်ခင် တရက်ပြန် တက်သွားလိုက်မယ်”

ရန်ကုန် ထက်စာလျှင် နေပြည်တော်က  မန ္တလေးနှင့် ပိုနီးသည်။ ကျော်မင်း သွားရပြန်ရ သိပ်ခက်မည် မ ဟုတ် ပါ။ ဆွေမျိုးတွေ ရှိသော်လည်း ကျော်မင်း ဆိုလျှင် မသူဇာ ပိုအားကိုးမည်မှန်းလည်းသိသည်။

“အေးကွာ ဒါဆိုလဲ ငါ့ညီသွားလိုက်ပေါ့၊ မင်းအမနဲ့ တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်ပေးလိုက်ပါ၊ ပိုက် ဆံလဲ ကုန်ချင်သလောက်ကုန်ပါစေလို့ မင်းအမကိုပြောလိုက်”

“ဟုတ်ကဲ့ အကို”

အတူမနေသော်လည်း အဆက်အသွယ် မပြတ်သဖြင့် မသူဇာနှင့် ဦးအောင်ဘညို သိပ်အစေးမကပ်ကြတာ ကို ကျော်မင်းလဲ သိသည်။ သူကနေတဆင့် ပြောသည့်ကိစ္စ နှင့် ပတ်သက်ပြီးဘာမှ ထွေထွေထူးထူး မမေး ပဲ မသူဇာကို အကောင်းဆုံးကူညီပေးဖို့ တာဝန်ယူသွားသည်။

“ကျွန်တော် ဟိုရောက်လဲ အခြေအနေ ကို အကို့ဆီ ဆက်ပါမယ်၊ အမ ဘယ်အချိန်က ထွက်သွားတာလဲ”

“သိပ်မကြာသေးဘူး၊ တနာရီ ၊တစ်နာရီခွဲလောက်ပဲ ရှိဦးမယ်”

“ဒါဆို ကျွန်တော်ကတောင် အရင်ရောက်ဦးမယ်၊ စိတ်ချအကို ၊ အမ အတွက်လဲ စိတ်ချ၊”

ကျော်မင်း နှင့် ဖုန်းပြောပြီးနောက် တကိုယ်လုံးမှာ အင်အားမရှိတော့ သလို နုံးခွေသွားသည်။ ကုတင်ပေါ် လှဲ အိပ်လိုက်ချင်သာ်လည်း သိင်္ဂ ီနှင့် ချစ်ဗိမ္မာန် အကြိမ်ကြိမ်တည် ခဲ့ဖူးရာနေရာ မှာလဲလျောင်းဖို့ စိတ်က မနိုင် ပါ။ စားပွဲနားက ခုံကို ဆွဲထုတ်ပြီးလျော့လျဲစွာ ထိုင်ချလိုက်မိသည်။ အမှတ်မထင် အိပ်ယာဖက်ကို မျက်စိ ရောက်အသွားတွင် အဝတ်အစားကပိုကရို၊ ဆံပင် ဖရိုဖရဲ နှင့် ညှို့မြူသည့်အကြည့်ဖြင့် ကြည့်နေသည့် သိင်္ဂီ ကိုမြင်ယောင် လိုက်မိပြန်၍ မျက်လုံးကို တင်းနေအောင် မှိတ်ထားလိုက်ရသည်။

ဘာကိုမှ မျှော်လင့် မထားဘဲ ဦးအောင်ဘညိုကို စွဲလမ်းစွာချစ်ခဲ့သူလေး အခုတော့ သူမ ချစ်သည့် ဦးအောင် ဘညို နှင့် အရာအားလုံး ကိုစွန့်ခွာပြီး အဝေးသို့ ထွက်သွားခဲ့ပေပြီ။ ဦးအောင်ဘညို နှင့် ပတ်သက်လျှင် သိင်္ဂ ီ့ ဖက်မှာ အပေးသာ ရှိခဲ့သည်။ အယူဟူ၍ မရှိခဲ့ဖူးပါ။ ဦးအောင်ဘညို ကို ချစ်သည်ဟု အခါခါ ပြောလေ့ ရှိ သော်လည်း သူမကို ချစ်သလားဟု ဘယ်ခါမှ မမေးတတ်ခဲ့သည့်သိင်္ဂ ီ၊ ဦးအောင်ဘညိုက ကြင်ကြင်နာနာ ယုယုယယ ဆက်ဆံပေးရုံမျှ နှင့် ကျေနပ်ရောင့်ရဲကာ ပျော်နေတတ်သည့် သိင်္ဂ ီ၊ ရောက်လေရာ ဘဝမှာ ချစ်သော သူနှင့် လွတ်လပ်ပွင့်လင်းစွာ ချစ်ခွင့် နှင့် ချစ်သူ၏ အချစ်ကို ပျော်ရွှင်ဖွယ်ရာ ပိုင်ဆိုင်နိုင်သူ ဖြစ်ပါ စေဟု သာ ဦးအောင်ဘညို ရင်နာစွာ နှင့် ဆုတောင်းမိသည်။

သိင်္ဂ ီ့လို လူတိုင်းမက်မောရသည့် မိန်းမချောလေးတယောက်က အောက်ကျသည်ဟု သဘောမထားပဲ ဦး အောင် ဘညို အတွက်ဘယ်လောက် တောင် သိတတ်ခဲ့သည်ဆိုသည့် အဖြစ်မှန်ကို သိသူရှိသည့် တိုင် ယုံ နိုင်မည် မဟုတ်ပါ။ ဦးအောင်ဘညို၏ အလုပ်တွေကို တတ်စွမ်းသမျှ ကူညီခဲ့သည်။ ဦးအောင်ဘညို၏ သား သမီးတွေကို ထိန်းကျောင်း စောင့်ရှောက်ပေးခဲ့သည်။

ဦးအောင်ဘညို၏ အသွေးအသားရမ္မက် အတွက် သူ မ၏ ခန္ဒာကိုယ်ကို တွန့်တိုခြင်းကင်းစွာပုံချပေးခဲ့သည်။ ဘယ်တော့မှ ဆတ်ဆတ်ထိမခံ ခဲ့သည်သူက ဦး အောင်ဘညို၏ လက်တကမ်းမှာ နေနိုင်ဖို့ လောကကြီးကို မကျေမနပ်ဖြစ်နေသည့် အမလုပ်သူ၏ ညူစူ မောင်းမဲ မှုကို ခေါင်းငုံ့ခံကာနေခဲ့သည်။ အဝတ်အစား အပြင်အဆင်ကအစ ဦးအောင်ဘညိုစိတ်သာယာ ဖွယ်ဖြစ်စေဖို့ ကြိုးစားခဲ့သည်။

ဦးအောင်ဘညို ဆီမှ သိင်္ဂ ီပြန်ရခဲ့သည်က အာသာပြင်းသည့် ရမ္မက်သာရှိသည်။ သူဆန္ဒ ရှိသည့် အချိန် တွင် လိင်ဆက်ဆံဖက်လို့သာ ဆိုနိုင်သည့် အနေအထားသာဖြစ်သည်။ သို့တိုင်အောင် ဂုဏ်သရေ ရှိ အမျိုး ကောင်းသမီးတယောက် ဖြစ်လျှက် နှင့် အခမဲ့  ပြည့်တန်ဆာ ပမာ ဦးအောင်ဘညို အလိုကိုဖြည့်ပေးခဲ့၏။ ဒီလို ဘ၀ မျိုးမှာ သိင်္ဂီ ဘယ်လိုစိတ်ထား နှလုံးသားနှင့် ရှင်သန်နေထိုင်သွားသနည်။ ကိုယ့်ဘ၀ ကိုယ် ပြန်တွေးမိ သည့် အခါတွေကျလျှင် သိင်္ဂ ီရင်မနာဘဲ နေမည် မဟုတ်ပါ။ ဦးအောင်ဘညိုပင်လျှင် တွေး ကြည့်ရင်း ရင်ထဲမှာ တစစ်စစ် နှင့် နာကျဉ်လာ၏။

မှိတ်ထားသည့် မျက်လုံးထဲမှာ ပူနွေးသော မျက်ရည်တွေစီးကျလာသည်ကို ဦးအောင်ဘညို သတိထား လိုက်မိပြီးနောက် တွင်အရက်ပုလင်း ထားသည့် ဘီရိုဆီ ဒယီးဒယိုင် ဖြင့်ထသွားပြီး လက်စ တပုလင်း နှင့် ဖန်ခွက်ကို ထုတ်ယူကာ စားပွဲဆီကိုတောင် ပြန်မလာနိုင်တော့ဘဲ ဘီရို ရှေ့မှာရပ်ပြီး ခွက် ထဲလောင်းထည့် ကာမော့ ချလိုက်ရ၏။ ရေရောဖို့ သတိပင်မရပါ။

တခွက်ပြီးသည် နှင့် နောက်တခွက် သောက်ဖို့ ထပ်ထည့်နေဆဲ နားထဲသို့ နွဲ့နွဲ့ သာသာ အသံလေးတခု တိုးဝင်လာ၏။

“ရှင်ကြီးက မူးရင် သိပ်ဆိုးတာ”

လက်ထဲက ပုလင်းလွတ်ကျသွားသည်။ ကော်ဇောထူထူ ခံနေ၍ ကွဲမသွားပါ။ ပုလင်းထဲက အရက်တွေက တော့ကြမ်းပေါ်စီးကျ ကုန်၏။ အလုံပိတ်ခန်းထဲတွင် အရက်နံ့က မွှန်ထူသွား၏။ အရက်ပုလင်းကို ပြန် ကောက် မယူနိုင်သေးပဲ ဦးအောင်ဘညို ကြောင်ငေးငေး နှင့် ကြည့်နေမိသည်။

“ကိုကို က တအားမူးရင် လူမှန်းကို မသိတော့ဘူး၊ မသောက်ပြန်ရင်လည်း အရုပ်ကြီးကျနေတာပဲ၊  ဒီတော့ အများကြီးလဲ မသောက်နဲ့ တော်ရုံပဲ သောက် သိလား”

ကြားနေကျ အသံလေးတခုက အခန်းထဲမှာ ပဲ့တင်ထပ်နေသလိုရှိ၏။ ဦးအောင်ဘညို လက်ထဲက ဖန်ခွက်ကို မြှောက်ပြီး ကြမ်းပြင်ဆီ ပစ်ပေါက် ခွဲ လိုက်မိတော့သည်။

.........................................................

{ အချစ်ဆိုသည်မှာ ကမ ္ဘာပေါ်ရှိလူသားတိုင်း၏ မွေးရာပါကိုယ်ပိုင်အခွင့်အရေးတရပ် ဖြစ်သည်။

အခြား သူတဦးတယောက်ကသော်လည်းကောင်း၊ အကြောင်းအရာတခုခုကသော်လည်းကောင်း  ကျူးကျော်ခြင်း၊ စွတ်ဖက်ခြင်း၊ ဖျက်သိမ်းခြင်း မပြူလုပ်နိုင်။}

......................................

အခန်း (၃၆)

“ခေါ်လိုက်ရတာ ကျော်ကျော် ရယ်”

ဒေါ်ခင်သိန်းရီ ဘယ်နှစ်ခါခေါ်လိုက်ရသလဲ မသိဘူး။ အနားကပ်ပြီးခေါ်လိုက်တော့ မှ ကျော်ကျော်ကြားတယ်။ အားနာလိုက်တာ။

“ဟိုလေ အန်တီ …သမီး ..သမီး”

“ရတယ် ရတယ် ဘာမှမဖြစ်ဘူး၊ တွေးစရာ ရှိတာဆက်တွေး ခနနေရင်တော့ အန်တီ ဘဏ်ကို သွားမယ် လိုက်ခဲ့”

“ဟုတ်ကဲ့ပါ အန်တီ ဟုတ်ကဲ့”

ကျော်ကျော့် ရှေ့ကဖိုင်တွဲတွေထဲကနေ သူလိုရာ ကိုသူ့ဖာသာရှာယူပြီး ထွက်သွားတယ်။ အန်တီဒေါ်ခင် သိန်းရီက ရယ်ရယ်မောမော ပေါ့ပေါ့ ပါးပါး ပြောသွား တာပေမယ့် ခေါ်မကြား အော်မကြားငိုင်တွေနေမိတဲ့ ကျော်ကျော်က ဘယ်စိတ်လုံမလဲ။ တော်သေးတယ် ချမ်းဟိန်းအေး မရှိလို့။ ရှိနေရင် သရော်သလို ရိသလိုနဲ့ ကြည့်ပြပါလိမ့်ဦးမယ်။ ရုံးဆင်းချိန်မှာ လိုက်နှောက်ယှက်တာ၊ ကျော်ကျော့် ကွန်ပျူတာထဲမှာ ကဗျာတွေလာရေးတာကို ဒေါ်ခင်သိန်းရီ ကို တိုက်ရိုတ်တိုင်လိုက်လို့ ကျော်ကျော့် အနားမကပ်ဝံ့တော့ပေမယ့် မလှမ်းမကမ်းကနေ အကြည့်တွေနဲ့ ဒုက္ခပေးနေတုန်းပဲ။

အထက်မှာ မန်နေဂျာ တွေရှိနေတာတောင် ကျော်ကျော်က GM အထိတိုင်လိုက်တော့ စိတ်ခုသွားပုံလည်း ရတယ်။ ကျော်ကျော် လည်း မတိုင်လို့ မဖြစ်ဘူး။ အကျိုးအကြောင်းသိရတဲ့ နောက် ဦးအောင်ဘညို က သူ ကိုယ်တိုင်ပြောပါမယ် တကဲကဲ လုပ်နေပြီ။ ခုတော့ ချမ်းဟိန်းက ကျော်ကျော့် ကို အခေါ်အပြောတောင် မလုပ် တော့ဘူး။ ကျော်ကျော်ကတော့ အလုပ်ကိစ္စ ရှိရင်တော့ ပုံမှန်ခေါ်ပါပြောပါတယ်။ သူကသာ ယောက်ျားတန် မယ့် မခေါ်နိုင်မပြောနိုင်ဖြစ်နေရတာ။ မသိရင် ကျော်ကျော်ကပဲ သူ့ကို မျှော်လင့်ချက်တွေပေးပြီး တော့မှ သစ် စိမ်းချိုး ချိုးချသွားသလိုမျိုးနဲ့။

အရေးမပါတဲ့ ချမ်းဟိန်း အကြောင်းတွေ ခေါင်းထဲ က ထုတ်လိုက်ပြီး ဒေါ်ခင်သိန်းရီ နဲ့ လိုက်သွားဖို့ ပြင်ရ တယ်။ မှန်ဝိုင်းလေးထဲက ကျော်ကျော့် မျက်နှာ ကဖြူလျော်လျော် နဲ့ မျက်တွင်းတွေချိုင့်လို့ ကျော်ကျော် ကောင်းကောင်း အိပ်မပျော်တာကြာပြီ။ တလောကတောင် ဦးအောင်ဘညို မေးသေးတယ် နေမကောင်း ဘူးလား တဲ့။ ကောင်းပါတယ် လို့ပဲ ဖြေလိုက်တယ်။ အိပ်မပျော်တာတွေ ပြောမနေတော့ပါဘူး။

“ကျော်ကျော် … အန်တီ က သွားတော့မယ်တဲ့”

“ဟုတ်ကဲ့၊ လာပြီ၊ လာပြီ”

ကရမ်ပတ်ဖ် ဘူးလေးကို ကပျာကယာပိတ်ပြီး အိတ်ကိုဆွဲလို ဒေါ်ခင်သိန်းရီဆီ ပြေးရတယ်။ ရုံးထဲက အထွက် မှာ အပြင်သွားတဲ့ အဖွဲ့နဲ့ ပြန်ပါလာတဲ့ ချမ်းဟိန်း နဲ့ တိုးတော့ ဘေးမှာ အန်တီ ပါနေလို့ မျက်လွှာလေးချပြီး မ ခုတ်တတ် တဲ့ ကြောင်လေးလို လုပ်သွားတဲ့ ဒင်းကို ရယ်ချင်လိုက်တာ။ ဘဏ်မှာ ထိုင်စောင့်နေကြရင်း ဒေါ်ခင်သိန်းရီ က

“ကျော်ကျော် ပိန်သွားသလိုပဲ၊ နေကောင်းရဲ့လား”

“ကောင်းပါတယ် အန်တီ”

“ကြည့်ရတာ အားမရှိသလိုဖြစ်နေလို့ ၊ခွင့်ယူပြီးနားချင်လဲ နားလေ၊ အလုပ်စဝင်ထဲက တရက်မှမပျက်တာ အန်တီ သိပါတယ်”

“နှစ်ရက်သုံး ရက်လောက် အ၀ အိပ်ချင်တာ”

ဖြစ်ချင်နေတာကို ကလေးတယောက်လို ပြောပြမိတော့ ဒေါ်ခင်သိန်းရီ က ရယ်ရင်း

“ရတယ် ရတယ်၊ ခွင့်သုံးရက် ယူလိုက်လေ၊ admin က ယမင်းကို အန်တီပြောလိုက်မယ်”

“ဒီတပတ် တော့ မယူတော့ဘူးအန်တီ နောက်တပတ်မှပဲ”

အိမ်မှာ အေးအေး ဆေးဆေး နားချင်စိတ်ပေါက်လာတာနဲ့ ခွင့်ယူဖို့ ဆုံးဖြတ်လိုက်တယ်”

“အန်တီ လဲ ကျော်ကျော့် ကိုပြောစရာ ရှိတယ်၊ ရုံးမှာတော့ ပြောလို့ မကောင်းဘူး”

ဘာများပါလိမ့်လို့ ကျော်ကျော် ထိတ်ကနဲဖြစ်သွားတယ်။ ရုံးမှာတော့ ကျော်ကျော်ဘာအမှား အယွင်းတခု မှ မလုပ်မိပါဘူး။ ဦးအောင်ဘညို နဲ့ ပတ်သက်နေတဲ့ ကိစ္စများလား။ ခုန်နေတဲ့ ရင်ကြောင့် အသံတုန်မသွား အောင် ထိန်းရင်း

“ဟုတ်ကဲ့ အန်တီ”

“အန်တီ အရင် အစိုးရအလုပ် လုပ်တုံးက လုပ်ဖေါ်ကိုင်ဖက်တွေ တပည့်တပန်းတွေ ရှိတယ်၊ တချို့က လည်း အလုပ်ထွက်ပြီး NGO တွေမှာ ခပ်ကြီးကြီး ဖြစ်နေတာရှိတယ်လေ၊အရင်တပတ် က အလှုသွားရင်း တွေ့ကြတော့ အန်တီ့ တပည့်ထဲက အရည်အချင်းရှိတဲ့ သူရှိရင်ပြောပါတဲ့၊ သူတို့ ဆီမှာ လူလိုရင်ထည့်ပေးမယ်တဲ့၊ကျော်ကျော် စိတ်ဝင်စားလား”

စကား အရှည်ကြီးပြောပြီး အန်တီမောသွားသလိုနားသွားချိန်မှာ ကျော်ကျော် စဉ်းစားရပြီ။

“သမီး က ..ဟို”

“ကျော်ကျော် က သင်ရင်တတ်လွယ်တယ်၊ သင်ချင်စိတ်လဲ ရှိတယ်။ နောက်ပြီး အန်တီ သိသလောက်ရုံးက staff တွေထဲမှာ သမီး အင်္ဂလိပ်စာ အကောင်းဆုံးပဲ”

ငယ်ငယ် ထဲက အခြေခံကောင်းအောင် အလေ့အကျင့်လုပ်ပေးခဲ့တဲ့ ဖေဖေ့ရဲ့ ကျေးဇူးတွေပါ။ ကျော်ကျော် စိတ်တော့ ဝင်စားပါတယ်။ ဒါမျိုးအလုပ်တွေ က လစာကောင်းတယ် ဒေါ်လာရတယ် လို့ ကြားဖူးနေတာကိုး။ ခက်တာက ဦးအောင်ဘညို၊ သူသဘောတူပါ့ မလားမသိဘူး။

“Project ရှိရင်တော့ နယ်တွေဘာတွေ သွားရမှာပေါ့၊ သွားနေချင်လဲ နေရမယ်”

ဒါဆိုရင်တော့ ကျိန်းသေပါတယ်။ ဦးအောင်ဘညို လက်ခံမှာ မဟုတ်ဘူး။ နောက်ပြီး ကျော်ကျော့် မှာလဲ ကိုယ့်အပူနဲ့ကိုယ်။စိတ်ရှုပ်ထွေးသွားတဲ့ အမူအရာကို လူကဲခတ်ကောင်း တဲ့ ဒေါ်ခင်သိန်းရီ ရိပ်မိသွားတယ်။

“ဘာဖြစ်လို့လဲ ကျော်ကျော်”

“ဟို …ဟို .. ဦးအောင်ဘညို”

လွှတ်ကနဲ ပြောလိုက်မိတဲ့ ပါးစပ်ကိုပိတ်ရိုတ်ပစ်လိုက်ချင်ပေမယ့် ဒေါ်ခင်သိန်းရီကတော့ တမျိုးတွေးပါတယ်။

“ကိုအောင်ဘညို ဒီအလုပ်အတွက် ပြောပေးထားတာ ကိုအားနာနေတာလား”

ကျော်ကျော် ချော်လဲရောထိုင်လိုက်ပါတယ်။

“ဟုတ်ကဲ့”

“ကျော်ကျော် စိတ်ဝင်စားတယ် လုပ်မယ်ဆိုရင် ကိုအောင်ဘညိုကို အန်တီပြောပြလိုက်ပါမယ်၊ ကိုအောင်ဘ ညို ကလည်း သဘောကောင်းပါတယ်၊ ဒါမျိုးတွေးမှာ မဟုတ်ဘူး”

ဒေါ်ခင်သိန်းရီ က ကျော်ကျော် နဲ့ ဦးအောင်ဘညိုကို သာမန်သိကျွမ်း ရင်းနှီးရုံလောက်ပဲ ထင်ထားတာကိုး။ ရင်းနှီးလွန်းလို့ အခုကျော်ကျော် ခက်နေရတာ ဘယ်သိနိုင်ပါ့မလဲ။ ဦးအောင်ဘညို သဘောတူတာ မတူတာ အပြင် နောက်ထပ်ထည့်စဉ်းစားရမှာတခု ကလည်း ရှိနေသေးတယ်။ အိပ်မပျော်တဲ့ ညတွေမှာ စဉ်းစားမိတဲ့အချက်တွေထဲမှာ ဒီလက်ရှိ အလုပ်ကတောင် ထွက်ရင်ကောင်း မလား ဆိုတဲ့ အချက်တောင်ပါတယ်။ ခုလော လောဆယ် တော့ စေတနာ နဲ့ ပြောလာတဲ့ ဒေါ်ခင်သိန်းရီ ကို စကားလှအောင်

“သမီး စဉ်းစားကြည့်ချင်သေးတယ် အန်တီ။ အန်တီတို့ ဆီမှာ လည်းအားလုံးနဲ့ ရင်းနှီးပြီး အသားကျနေပြီဆို တော့ ခွာဖို့ ခက်နေတယ်”

“ဒါကတော့ သမီးရယ် လူဆိုတာ ကိုယ်ဘ၀ တိုးတက်ရာ လမ်းကြောင်းဆီ ဒီလိုပဲသွားကြရတာပဲ။ ကျော် ကျော် ဒီမှာဆို တက်ဖို့ လမ်းကနည်းတယ်။ ကျော်ကျော့် အထက်မှာ ယမင်းရှိတယ်၊ ရည်မွန် ရှိတယ်။ သူတို့ ဒီမှာ မလုပ်တော့ မှ သမီး အတွက်နေရာပေါ်မယ်၊ ရည်မွန်ကထားလိုက် ယမင်းကတော့ ဦးစိန်လင်း နဲ့ ဆွေ မျိုးတွေ မိသားစုဖြစ်နေတော့ သွားမှာ မဟုတ်ဘူး”

ဒေါ်ခင်သိန်းရီပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ကျော်ကျော့် မှာလည်း ထည့်တွက်ရမှာတွေ များနေ တယ်။ လွန်ခဲ့တဲ့ သုံးလေးလ လောက်သာဆိုရင် ဘယ်လောက်ကောင်းလိမ့် မလဲ။ သတိလက်လွတ် မေ့ လျော့ မိတာတွေ မိုက်မဲတာတွေ ကျော်ကျော် လုပ်မိခဲ့ မှာ မဟုတ်ဘူး။

“သမီး စဉ်းစားပေါ့၊ နောက်တပတ် ခွင့် မယူခင်အန်တီ့ကိုပြော ဟုတ်လား”

“ဟုတ်ကဲ့ အန်တီ၊ လုပ်မယ် ဆိုရင်တော့ ဦးအောင်ဘညိုကို သမီးပဲ ပြောလိုက်ပါမယ်၊”

“ကိုအောင်ဘညို နားလည်မှာပါ။ သူက ပြောပေးတယ် ဆိုပေမယ့် ကျော်ကျော့် ကို အန်တီသဘောကျ လို့ ခန့်တာပဲ၊ သူကြောင့် မှ မဟုတ်တာ၊ သူပြောလဲ အန်တီ သဘောမကျရင်သမီးကို မခန့်ဘူး”

“ဟုတ်ကဲ့”

အပြန်လမ်းမှာ လည်းကျော်ကျော် ငြိမ်ပြီးစဉ်းစားနေမိတယ်။ ဦးအောင်ဘညိုကလည်း ခုရက်ပိုင်း ပျောက် ချက်သားကောင်းနေတယ်။ ဖုန်းလည်း မဆက်ဘူး။ ကျော်ကျော် ဆက်ရင်လည်း ဖုန်းပိတ်ထားပါတယ် ဆို တာနဲ့ ပဲတိုးတယ်။ နေကောင်းရဲ့လားမသိဘူး။ အလုပ်အရမ်းရှုပ်နေလို့လား။ ခရီးသွားနေတာလည်း ဖြစ်ချင် ဖြစ်မယ်။ နေပြည်တော် မှာဆို ဖုန်း မမိဘူးလို့ ပြောဖူးတယ်။ ပုံမှန် လာကြို နေကျ ကြာသပတေး နေ့ကို တောင်လာမကြို ဘူးလေ။

ရုံးပြန်ရောက်လို့ ခုံမှာပြန်ထိုင်မယ် အလုပ်မှာ လှမ်းကြည့်နေတဲ့ ချမ်းဟိန်းအေး ကို တွေ့လို့ စိတ်ရှုပ်နေတဲ့ ကြားက ပြုံးချင်မိသေးတယ်။ ပိုင်ရှင်ရှိပြီးသား မိန်းမ တယောက်ကို သူပစ်မှားနေမိတယ် ဆိုတာ ဒီကောင် လေး သိရင် ဘယ်လိုနေမလဲ မသိဘူး။

ကျော်ကျော် စိတ်ထင်တာကြောင့်လည်း ဖြစ်မယ်။ ကျော်ကျော် ဝတ်ထားတဲ့ ထမိန်စကပ်ကကြပ်နေတယ်။ ဒီ တထည်ထဲမဟုတ်ဘူး ကျန်တာတွေလဲ ဒီလိုပဲ။ ထိုင်လိုက်ရင်ပိုသိသာတယ်။တင်းတင်းကျပ်ကျပ် နဲ့ နေရတာ တမျိုးပဲ။ ဆေးရုံမှာတွေ့ခဲ့တဲ့ ဦးအောင်ဘညို နဲ့တူတဲ့ ချာတိတ်လေးကို ပြန်မြင်ယောင်လာမိတယ်။ အငယ် ဆုံးကလေးကတော့ ဘယ်သူနဲ့တူတယ် မသိဘူး။ ကိုယ့်အတွေးကိုယ်သဘောကျ မိပြီး ကျော်ကျော်ပြုံးလိုက် မိတယ်။

ကျော်ကျော် ရာသီမလာတာ နှစ်လကျော်သွားပြီ။ ချမ်းဟိန်းအေး လိုက်လာတဲ့ နေ့က ဝယ်ထားတဲ့ ဂွမ်းထုပ် တွေက အခုထက်ထိပါကင် မပျက်သေးဘူး။ ဒီအလုပ်ဝင်ပြီးနောက်ပိုင်း ဆေးသောက်ဖို့လည်း မေ့တတ် တယ်။ ဦး အောင်ဘညိုကလည်း အမြဲတမ်းလာနေတာ မဟုတ်တော့ ကျော်ကျော် ပေါ့မိတယ်။ တခါတလေ ကျရင် ဦး အောင်ဘညို ရောက်မှ အိပ်ယာထဲ မရောက်ခင် အပြေးအလွှားသောက်ရတာတွေ ရှိတယ်။ ဒီလို ဖြစ်ကတတ် ဆန်းလုပ်ရပ်တွေ ကြောင့် ဆေးသောက်တာ အလကားဖြစ်မယ် မှန်းသိနေပေမယ့် သူမ

လာတဲ့ ရက်တွေဆိုအလုပ်ကပြန်လာရင် ဟိုလုပ်ဒီလုပ် နဲ့ အမြဲမေ့တယ်။ အရင်တုန်းက ကံကောင်းထောက်မစွာ ဘာမှ မဖြစ် ခဲ့ ပေမယ့် ထပ်ပြီးကျော်ကျော်က မိုက်မဲမိပြန်တယ်။ ဦးအောင်ဘညို ရဲ့ မိန်းမ မီးဖွားတယ် ဆိုတာ သူပြောလို့ သိလိုက်ပြီးတဲ့ နောက်မှာတော့ ဆေးကဒ်တွေ သောက်တဲ့ အလုပ်ကို မိုက်မိုက်မဲမဲ နဲ့ စွန့်လွှတ်လိုက်တော့တယ်။ 

“ကျော်ကျော် ဒါ နင်သက်သက်ရူးတာ” 

လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်ပြီးအပြစ်တင်မိပေမယ့် အိပ်ယာပေါ်မှာ ဦးအောင်ဘညို နဲ့ အရင်ကထက်ပိုပြီးလွတ်လပ်ပေါ့ပါးစွာ နဲ့ ချစ်လာနိုင်တဲ့ အခါ ရူးမိုက်တယ်လို့ မထင်မိတော့ဘူး။

အဖြစ်နိုင်ဆုံးကတော့ ရေချိုးခန်းထဲက နေ့ပဲ။ ချမ်းဟိန်း ကြောင့် ဦးအောင်ဘညို နဲ့ စကားနည်းနည်း အချေ အတင်ပြောလိုက်ရပြီးနောက် သူကရေချိုးခန်းထဲဝင်လာတယ်။ ပြောရရင်အဲဒီနေ့က ကျော်ကျော် အဆုံးစွန် စိတ်လွတ်ထွက်သွားတယ်။ ဘာဖြစ်လို့ ဖြစ်မှန်းတောင်မသိဘူး။ ဦးအောင်ဘညို နဲ့ ဒီလိုဖြစ်ရတဲ့ အတွက် အ ရမ်းကို ကျေနပ်ပြီး ကြည်နူးနေမိတာပဲသိတယ်။ ဦးအောင်ဘညို နဲ့ပတ်သက်ရင် ကျော်ကျော် အရှက်ကုန် သွားတဲ့ နေ့ပေါ့။ ညစာစားပြီးလို့ အိပ်ခန်းထဲ ရောက်တော့လည်း နောက်တကြိမ် ထပ်ချစ်ဖြစ်ကြသေးတယ်။

ရေချိုးခန်းထဲက အရှိန်မကုန်သေးတဲ့ ကျော်ကျော်လည်း တက်ကြွစွာနဲ့ ပဲ ပျော်ခဲ့မိတယ်။ ဒီလို အချိန်တွေ မဆုံးပါစေနဲ့ လို့ ဆုတောင်းမိခဲ့တာ အခုထိအမှတ်တရပါ။ နောက်နေ့ကျတော့ ကျော်ကျော် အအေးမိပြီးဖျားချင်သလိုလို ဖြစ်တယ်။ တနေ့ လုံးရုံးမှာ ငူငူ ငိုင်ငိုင်နဲ့ နေရတာမှတ်မိပါသေးတယ်။

နောက်ပိုင်း ရက်တွေလည်း ဦးအောင်ဘညိုလာပါသေးတယ်။ ဒါပေမယ့် ရာသီကျော် နေတဲ့ ကိစ္စတွေဘာတွေ ပြောမပြဖြစ်ဘဲ အရင်ထက် တက်ကြွပွင့်လင်းတဲ့ တုန့်ပြန်မှုတွေ ပဲပြန်ပေးမိပါတယ်။ ကျော်ကျော် တို့ နှစ်ယောက် ပိုပြီးနီးကပ်လာသလို၊ တသားထဲဖြစ်သွားသလို ခံစားနေရမှု တွေကို ပျောက်ပျက်စေမယ့် အ ကြောင်း အရာတွေကို မပြောချင်ဘူးလေ။

လှမ်းကြည့်နေမှာ သေချာတဲ့ ချမ်းဟိန်း မမြင်အောင် စားပွဲနဲ့ ကွယ်ပြီး ဗိုက်ကိုလက်နဲ့ အသာအယာလေး ပွတ် ကြည့်နေမိတယ်။ သေတော့မသေချာသေးပါဘူး။ တခြားအကြောင်း တခုခုကြောင့် ရာသီထိန်တာ မျိုးလဲဖြစ် ချင်ဖြစ်မယ်။ ပုံ မှန်ကတော့ ရက်ကျော်တာ၊ ထိန်တာမျိုး ကျော်ကျော် တခါမှ မဖြစ်ဖူးဘူး။ သေချာအောင် ဆေးခန်းပြပြီး စစ် ဆေးကြည့်ဖို့ကျပြန် တော့လည်း မရဲဘူးဖြစ်နေတယ်။ အမှန်ပြောရရင် အခုခံစားနေရတဲ့ရင်တမမ အရသာလေးကိုပဲ ကျော်ကျော်ခုံမင်နေမိတယ်။

တခါတလေကျရင် တွေးပြီးပျော်သလိုလို ဖြစ်ရတယ်။ တခါတလကျရင်တော့ ကြောက်တယ်။ ပျော်တာဖြစ် ဖြစ် ကြောက်တာဖြစ်ဖြစ် ရင်ဖိုရတော့ အမှန်ပဲ။ ရွှေရည်သာသိရင် “အရူးမ” လို့ပြောနေမလားပဲ။ ဒေါ်ခင်သိန်းရီ ပြောလာတဲ့ အလုပ်ကလဲ ရှိသေးတယ်။ တကယ်လို့သာ ကျော်ကျော့် မေမေ က ကျော်ကျော့် ကိုလူ့လော က ရောက်စေသလိုမျိုး ကျော်ကျော် ကလည်း ကျော်ကျော် နောက်တယောက်ကို လူ့လောကထဲ ခေါ်သွင်း ခဲ့မိပြီ ဆိုရင်တော့ ခုအလုပ်ကို စွန့်ခွာရနိုင်သလိုဒေါ်ခင်သိန်းရီ ပြောတဲ့ ဒေါ်လာစား အလုပ်ကိုလည်း လက်လွှတ်ရနိုင်တယ်။ ကျော်ကျော့် လက်ရှိ အခြေအနေ ကို ဦးအောင်ဘညို သိရင်ဘာပြောမလဲ၊ ဘာတုန့်ပြန်မ လဲ ကျော်ကျော် မတွေးရဲဘူး။

“အမေတူသမီး လုပ်မိရင် စိတ်မဆိုးပါနဲ့ မေမေရယ်”

စိတ်ထဲကနေတိုးတိုးလေး တောင်းပန်လိုက်မိတယ်။

“ဟဲ့ ကျော်ကျော် ဘာတွေပြောနေတာလဲ၊ ဘရားစာရွတ်နေတာလား”

“မဟုတ်ပါဘူး မရည်မွန်၊ ဘာလဲဟင်”

မရည်မွန် က သတင်းစာတစောင်မြှောက်ပြတယ်။

“နင်ရွှေကမ ္ဘာက ဦးအောင်ဘညို နဲ့ သိတယ်ဆို”

သိတယ် ဆိုတာဘာသဘောနဲ့ မေးတာလဲလို့ ရင်ထဲမှာလှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပေမယ့်

“ဟုတ်ကဲ့ ”

“ဒီမှာ သူ့ခယ်မ ဆုံးလို့တဲ့ သတင်းစာမှာပါတယ်၊ နင်သူ့ခယ်မရော သိလား”

“မသိဘူး အမ”

“ရွှေကမ ္ဘာက ဒါရိုတ်တာပဲလေ၊ မသိင်္ဂ ီတဲ့ သိပ်လှတာ၊ မိန်းမချင်းတောင်ငေးရတယ်၊ နှမျောစရာ ကောင်း လိုက်တာ ဟယ်”

ဆေးရုံမှာတုန်းက ဓါတ်လှေခါးထဲမှာ တွေ့ခဲ့တဲ့ မိန်းမလှကို မျက်စိထဲမြင်လာတယ်။ သူပဲ နေမှာပါ။ ဒါကြောင့် ဦးအောင်ဘညို ပျောက်ချက်သားကောင်းနေတာကိုး။ ခယ်မ နာရေးအတွက် အလုပ်များနေတာပဲ ဖြစ်မယ်။ စိတ်ဝင်စား လာတာနဲ့ ထိုင်ရာက ထပြီး

“အမ ပြီးရင် သတင်းစာ ခနလောက်နော်”

“ယူလေ ရော့”

သတင်းစာ သွားယူပြီး စားပွဲမှာပြန်ထိုင်လိုက်တယ်။ ထမိန်က တင်းကနဲဖြစ်သွားပြန်လို့ ကြည်ကြည်နူးနူး ပြုံး လိုက်မိရင်း သတင်းစာကို နာရေးကြော်ငြာတွေပါတတ်တဲ့ နောက်ဆုံးနားက စာမျက်နှာဆီတန်းပြီးတော့ လှန်ကြည့် လိုက်မိတော့ ထောင့်နားမှာ ဘောင်ထူထူခတ်ထားတဲ့ ကြော်ငြာကို ချက်ချင်း သတိထားလိုက် မိပါတယ်။

ဒေါ်မြတ်သိင်္ဂ ီ (ခေါ်) မသိင်္ဂ ီ

အသက် (၃၄) နှစ်

Director, Golden Globe Co.Ltd.

မန ္တလေးမြို့ ……… နေ (ဦးဘဦး)+(ဒေါ်ခင်မြတ်မြတ်ဌေး) တို့၏ သမီးငယ်၊ ရန်ကုန်မြို့ ………..နေ ဦးအောင် ဘညို + ဒေါ်မြတ်သူဇာ (ခ)မသူဇာ တို့၏ ညီမ ဖြစ်သူ …………………..

ကျော်ကျော့် မျက်လုံးတွေ မှုန်ပြာလာတယ်။ လက်ထဲက သတင်းစာက လည်းလေတိုးသလို တဖျပ်ဖျပ် တုန် လို့။ ဦးဘဦး၊ ဒေါ်ခင်မြတ်မြတ်ဌေး ဆိုကထဲက ရင်ထဲမှာစိမ့် ကနဲ ဖြစ်သွားရတယ်။ တိုက်ဆိုင်မှု ဆိုရင် တ ယောက် နာမည်သာတူရမယ်၊ လင်မယား နှစ်ယောက်လုံး တူတာဆိုတော့။အလန့်တကြား မှိတ်လိုက်တဲ့ မျက်လုံးကို ပြန်ဖွင့်  ပြီးသေချာ အောင်နောက် တခေါက်ပြန်ကြည့်တယ်။ သမီးတွေကလည်း အမလုပ်တဲ့ သူက မသူဇာ၊ ကွယ်လွန် သူ ညီမ က မသိင်္ဂီ ။ ဘယ်လိုမှ မလွဲနိုင်တော့ပါဘူး။

“သီရိ” တဲ့။ နားထဲမှာ ခေါ်သံတခုကြားလိုက်ရပြီး အာရုံထဲမှာ မြင်ယောင်လိုက်မိတာက ချိုပြုံးနေတဲ့ မျက်နှာ တခု။ဖေဖေ့ မျက်နှာပါ။ ဖေဖေ နဲ့ အတူ ခပ်ဝါးဝါး မျက်နှာတခု ထပ်မြင်တယ်။ ဦးမောင်စိုး။ အေးစက်တဲ့ အ ရိပ် အငွေ့တခုက ကျော်ကျော့် တကိုယ်လုံးကို လွှမ်းခြုံပစ်လိုက်ပါတယ်။ ဒါကြောင့် ဆေးရုံမှာ ဦးမောင်စိုး ကို တွေ့ခဲ့တာ။ အဲဒီထဲက ကျော်ကျော် တွေးမိခဲ့သင့်တယ်။ ဦးအောင်ဘညို နဲ့ ခုမှမသူဇာ မှန်းသိရတဲ့ ဟို မျက် နှာတင်းတင်း မိန်းမရယ်၊ မွေးကင်းစကလေးရယ် ဒါတွေပေါ်မှာပဲ အာရုံရောက်နေတာနဲ့ ကျော်ကျော် အမှတ် တမဲ့ ဖြစ်သွားခဲ့ပြီ။ ဒါဆို ကလေးလေးပွေ့ထားတဲ့ မိန်းမကြီးက ဖေဖေ ပြောပြောနေတဲ့ ဦးမောင်စိုး မိန်းမ မိကြည်ပေါ့။

“မေမေ”

ရင်ထဲမှာ ပဲ့တင်ထပ်သွားအောင် ကြေကြေကွဲကွဲ တမ်းတလိုက်မိတယ်။ တကယ်ကို အမေတူသမီး ဖြစ်ခဲ့ရပြီ။သတင်းစာထဲက အမဲရောင်စာလုံးတွေချာချာ လည်ပြီးမှုံဝါးသွားတယ်။ ကျော်ကျော့် ကိုယ် ဘယ်လောက် ယိမ်းထိုးလှုပ်ရမ်း နေတယ် ဆိုတာ ကျော်ကျော် မသိတော့ဘူး။

“ကျော်ကျော် …ကျော်ကျော်…”

“ဘာဖြစ်တာလဲ၊ ခေါင်းမူးလို့လား”

အသံတွေက ဟိုးအဝေးကြီးကနေလာနေသလိုပဲ။ ပြန်ဖြေဖို့ ခေါင်းကိုမော့လိုက်တော့ တခန်းလုံးက ေ၀ဝါးပြီး ချာလည်လည်နေတယ်။

“ကျော်ကျော် …အမ ကိုမှီလိုက်၊ မှီထားလိုက်”

ဘယ်သူ့အသံမှန်းတောင် ကျော်ကျော် မသိတော့ပါဘူး။ အမှောင်ထုတခုထဲကို မြုပ်ဝင်ကျသွားတာကိုပဲ သိ လိုက်ပါတော့တယ်။

.............................................

{ ဘဝဆိုသည်မှာ ရှုပ်ထွေးသော စည်းမျဉ်းကန့်သတ်ချက်တွေပါဝင်သည့် ခက်ခဲသောကစားပွဲ တရပ်ဖြစ်သည်။

လူဆိုသည်နှင့် ထိုကစားပွဲကို ငြင်းပယ်ခွင့်မရှိ မဖြစ်မနေကစားရ၏။

ကစားပွဲပြီးဆုံးရန် အတွက် ပွဲငယ်ပေါင်း မြောက်များစွာကို ရင်ဆိုင်ကျော်ဖြတ်ရသည်။

ပွဲစဉ်တလျှောက်တွင် အနိုင်ရခြင်း အကြိမ်ကြိမ်ကြုံနိုင်သလို ရှုံးနိမ့်ခြင်းလည်း အခါခါတွေ့ နိုင်၏။

အားလုံး ပြီးဆုံးသွားချိန်တွင်ကား လူသားလက်ဝယ် အနိုင်လည်းမရှိ၊ အရှုံးလည်းမရှိ၊ ဘာမှ မရှိတော့ပေ။}

.................................

အခန်း (၃၇)

သိင်္ဂ ီ ကုမ္ပဏီ မှာဝင်လုပ်သွားသည်မှာ ဘာမှမကြာလိုက်ဟု ထင်ရသော်လည်း ပေါင်းတတ်သင်းတတ်ပြီး ဖေါ် ရွေသည့် အပြင် လှပသည့် ရုပ်အဆင်းကြောင့် လူသိများသလိုလူချစ်လူခင်ပေါသည်။ ဆိုင်ရာဆိုင်ရာလုပ် ငန်းများ သိင်္ဂ ီနှင့် သိကျွမ်းခင်မင်သူများ၏ ဝမ်းနည်းကြောင်း ကြေငြာခြင်း တွေ သတင်းစာထဲမှာ နေ့စဉ် ရက် ဆက်လိုပါလာသည်။

ဦးအောင်ဘညိုကတော့ သိတောင်မသိပါ။ ခါတိုင်း မနက်ဆိုလျှင်ဖတ်နေကျ သတင်း စာ တွေကို ကိုင်တောင် မကြည့်မိ။ ခင်မောင်တင့် နှင့် အေးအေးက သတင်းစာမှာ ပါသမျှကို ကတ်ကြေး နှင့် ညှပ်ပြီး စာရွက်မှာ ကပ်ကာဖိုင်တွဲထား၏။ ပြီးတော့လည်း ဦးအောင်ဘညို ကို မနေနိုင်မထိုင်နိုင်လာပြကြ သည်။

“မင်းတို့ လုပ်စရာ အလုပ်ဒီလောက်ရှားနေလား”

ဟု ငေါက်ပစ်လိုက် ချင်သော်လည်း လာပြသည့် မျက်နှာတွေ က ကြည်ကြည်သာသာ မဟုတ်၍ မပြောရက်တော့ပါ။ သို့သော်

“အေး … သိမ်းထားပေါ့ ကွာ၊ သူတို့ထဲက လူသေတော့လည်း တို့ပြန်ထည့်တာပေါ့”

မငေါ့သာငေါ့ သာ့ ပြန်ငေါ့ လိုက် မိသေးသည်။ ခင်မောင်တင့်တို့လင်မယား လည်း မျက်နှာငယ်လေးတွေ နှင့် ပြန်ထွက်သွားကြ၏။သိင်္ဂ ီ့အတွက်ကြောင့် သက်ဆိုင်သူပတ်သက်သူအားလုံး ကြေကွဲကြရသည်။ အိမ်မှာ ဆိုလည်း ကလေးငယ် လေး၏ ငိုသံမှအပ တအိမ်လုံး တိတ်ဆိတ်နေသည်။ အယူအစွဲကြီးသည့် ဒေါ်ဒေါ်ကြည်ကတော့ ကလေးငို တိုင်း သူပါလိုက်ငိုသည်။

“အဒေါ်ကလဲ သိပ်ချစ်တာ၊ ကလေးကလဲ သိနေသလိုပဲ၊ သိင်္ဂ ီလေး ဆုံးတယ် ဆိုကထဲက အားတိုင်းငိုနေ တော့တာ”

ဦးအောင်ဘညို ကလည်း အိမ်မကပ်တော့ပါ။ ရုံးကို ရောက်တော့လည်း ခနတဖြုတ်ပင်၊ ကိစ္စ ပေါ်သည်နှင့် အပြင်ကို ထွက်ပြီး ကားတစီးနှင့် သွားချင်ရာသွားနေမိ၏။ အများဆုံးရောက်တာကတော့ အရက်ဆိုင်ဖြစ် သည်။ အိမ်မှာ ဒေါ်ဒေါ်ကြည် နှင့် အိမ်ဖေါ်လေးတွေက တာဝန်ကျေပွန်စွာ ထမင်းဟင်း ကိုတော့ အချိန် မှန် ချက်ပြုတ်ပြင်ဆင်ပါသည်။

ဦးအောင်ဘညို စားဖြစ်သည်ဟူ၍ မရှိပါ။ စားချင်စား၏ မစားချင်မစားပဲ နေလိုက် သည်။ အိမ်သားတွေလည်း ဘယ်လိုလုပ်၍ ဘယ်လိုနေကြသည်ကို ဦးအောင်ဘညို သတိမထားမိတော့ပါ။

စကားမပြောချင် အလုပ်မရှုပ်ချင်၍ လက်ကိုင်ဖုန်းကို ပင်ပြောဖို့ မဖြစ်မနေအကြောင်းရှိမှ ဖွင့် ပြောသည်။ ပြောပြီးသည် နှင့် ပြန်ပိတ်ထားလိုက်၏။ဦးအောင်ဘညို၏ မိတ်ဆွေကြီးတွေက လည်းဝမ်းနည်းစကားကို စိတ်ပါလက်ပါဆိုကြသည်။ သိင်္ဂီ က သူ တို့ ၏ ဘော်ဒါ အရင်းခေါက်ခေါက်ဖြစ်သည်။ ဖုန်းဆက်လာသူတွေ ကတော့ ဦးအောင်ဘညို ဖုန်းပိတ်ထားတာ နှင့် သာတိုးကြသည်။ ရုံးမှာဆိုရင်တော့ ခင်မောင်တင့်တို့ လင်မယား က ဖုန်းကိုင်ပြီး လက်ခံပြော ဆိုကြ သည်။အရည်မရ အဖတ်မရတွေ အတွက်အချိန်ကုန် မခံနိုင်ဟု ဦးအောင်ဘညို ကခပ်တည်တည် ကြေငြာ ထား သည်။

သိင်္ဂ ီ့အတွက်ဝမ်းနည်းကြေကွဲရသူတွေထဲမှာ ဦးအောင်ဘညို အခံစားရဆုံးဆိုလျှင် ဘယ်သူမှယုံ နိုင်မည် မဟုတ်ပါ။ ဦးအောင်ဘညို အပေါ်တွင် ထားရှိသည့် သိင်္ဂ ီ၏ အချစ်သည် သူမ အသက်ရှင်နေချိန်က မသိသာ ခဲ့သော်လည်း သိင်္ဂ ီမရှိတော့ သည့် အချိန်တွင် ဦးအောင်ဘညို အပေါ်လေးလံစွာဖိစီး နှိပ်စက်သည်။ သိင်္ဂ ီ့ ကို သနားသည့် စိတ်ဖြင့်ဦးအောင်ဘညို ဆောက်တည်ရာ မရအောင်ဖြစ်ရသည်။

မူးမှ မေ့နိုင်မည် အိပ်ပျော်နိုင်မည် ဖြစ်ရာ အရက်ကိုတရစပ်သောက်၏။ ထမင်းစားခန်းထဲက အရက်ပုလင်း တွေ၊ အိပ်ခန်းထဲက ပုလင်းတွေ တမဟုတ်ခြင်းလျော့ပါးကုန်သည်။ အရက်ဖြစ်လျှင်ပြီးရော တွေ့ရာပုလင်း ဆွဲသောက်သည်။ ညဆိုလျှင် မူးမူး နှင့် တွေ့သည့်နေရာမှာ အိပ်ပျော်သွားတတ်သည်။ အပြင်မှာတဝသောက် ပြီး အိမ်ပြန်ကာ အခန်းထဲမှာ ဆက်သောက်သည်။ စားပွဲပေါ်မှာ သောက်ရင်းအိပ်ပျော်သွားတတ်တာ မျိုးရှိသ လို အိပ်ယာဆီသွားရင်းက ကြမ်းပြင်မှာ အိပ်ပျော်သွားတာမျိုးလည်း ရှိသည်။ ဖိုးသားက ကလေး သာသာ အသိသာ ရှိသလို ဖူးဖူးနှင့် ဒေါ်ဒေါ်ကြည်ကလည်း သူတို့ အပူနှင့် သူတို့ဆိုတော့ ဦးအောင်ဘညိုကို ဂရုမစိုက် နိုင်ကြပါ။ အငယ်လေး တာဝန်ကလည်းသူတို့မှာ ရှိသေး၏။

ခံစားရသည် ထက် ခံစားချက်ကို ဖုံးကွယ်ရခြင်းက ပို၍ပင်ပန်းသည်။ အိမ်မှာ၊ အလုပ်ခွင်မှာ မိမိ၏ အဆုံးစွန် ကြေကွဲမှုကို သူများမရိပ်မိအောင် ထိန်းရသည်။ နေ့ခင်းဖက်တွေဆိုလျှင် မူးနေပါလျှက် နှင့် မမူးသယောင် ဟန်ဆောင်ရသလို အရက်နံ့ကို သူများမရနိုင်အောင်လည်း ဖုံးရဖိရသည်။ ခယ်မ အတွက် နှင့် ဒါလောက် တောင် ခံစားနေရသည်ကို အများက ရိပ်မိကုန်လျှင် ရိုးသားပါသည် ဖြောင့်မတ်ပါသည်ဟု လူတိုင်းလက် ခံ ထားကြသည့် ဦးအောင်ဘညို အတွက် သိင်္ဂ ီနောက်သို့ ချက်ချင်းလိုက်ဖို့သာ ရှိတော့သည်။

ထို့ကြောင့် ညနေရောက်မှ စိတ်ကို လွှတ်ပေးလိုက်တော့သည်။ မိတ်ဆွေတွေ နှင့် မတွေ့ နိုင်သည့်ဆိုင် တွေ ကိုသွားသောက်၏။ ရေချိန်ကိုက် ပြီ ဆိုသည်နှင့် အိမ်ပြန်ကာ အမှောက် ဆက်သောက်သည်။ စိတ်ပြေလက် ပျောက် ဖြစ်လိုဖြစ်ငြား ကျော်ကျော့် ဆီသွားချင်သော်လည်း သိင်္ဂ ီ့မျက်နှာလေး ကိုဖျတ်ကနဲ ပြေးမြင်ပြီး မသွားဖြစ်တော့ပါ။ ကျော်ကျော် နှင့် ဦးအောင်ဘညို အကြောင်းမှန်ကို သာ သိင်္ဂ ီသိလျှင်ရင် ကျိုးရှာပေမည်။

ထို့ကြောင့် ကျော်ကျော့် ဆီလူလည်း မရောက်သလို ဖုန်းလည်း မဆက်ဖြစ်တော့ပေ။သိင်္ဂ ီအတွက်ရက်လည် ဆွမ်းကျွေးပြီး နှစ်ရက်လောက်ကြာမှ မသူဇာပြန်ရောက်လာသည်။ အိမ်မှာလည်း ဖူးဖူး နှင့် ဒေါ်ဒေါ်ကြည်က ဘုန်းကြီးကျောင်းကို နေ့တိုင်းဆွမ်းပို့သည်။

 ခုနစ်ရက်ပြည့်သည့် နေ့မှာ အိမ်မှာ ဆွမ်းကျွေးချင်သည်ဟု ဆိုသဖြင့်လုပ်ပေးလိုက်၏။ သိင်္ဂ ီသည်လည်း ဒီအိမ်သားတဦး မဟုတ်ပါလား။ အိမ်နီးချင်း အနည်းငယ်နှင့် ခင်မောင်တင့်တို့ လင်မယားအမှုးပြုသော ရုံးအဖွဲ့သားတွေလောက်သာ ဖိတ်သည်။ခင်မောင်တင့် တို့လင်မယား နှင့် ရုံးဝန်ထမ်း အချို့က ညအိပ်လာပြီး ကူညီချက်ပြုတ်ပေး၏။

တရားနာရေစက်ချချိန်မှာတော့ ဦးအောင်ဘညို လက်တွေတုန်နေသည်။ အသံမတုန်အောင်၊ မျက်ရည်မကျ မိအောင် စိတ်ကို မနည်းတင်းရသည်။ ဒေါ်ဒေါ်ကြည် နှင့် ကလေးတွေ ကတော့ငိုကြ၏။ ရေစက်ချ အမျှေ၀ ပြီး သာဓုခေါ်ကြသည့် အခါ သိင်္ဂ ီ့အသံလေးကို ကြားမိသယောင်ယောင် စိတ်မှာထင်သည်။ ထိုအချိန်မှာ ကိုယ့်နှုတ်ခမ်းကိုယ်ပြန် ကိုက်ထားရသည့် အဖြစ်က ဆိုးလှ၏။

မသူဇာ ပြန်ရောက်သည့် အချိန်မှာ ဦးအောင်ဘညို ရုံးထွက်သွားလေပြီ။ ခေါင်းတွေ ကိုက်ခဲနေသည့် အရှိန် ပြေစေဖို့ အေးအေး ကို ကော်ဖီကြမ်းတွေ တခွက်ပြီးတခွက် ဖျော်ခိုင်းကာ သောက်ရင်း အလုပ်လုပ်နေစဉ် ဦးလေးစိုးကရုံးကိုဖုန်းဆက်ပြီး သူတို့ပြန်ရောက်ကြောင်း သတင်းပို့၏။

“လမ်းမှာ ချောချော မောမောပါပဲ ဆရာ၊ ဆရာစိတ်ပူမှာစိုးလို့”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ဦးအောင်ဘညို၏ သက်တမ်းတခုမျှကားမောင်းလာသည့် ဦးလေးစိုးကို ဘာစိတ်ပူစရာ ရှိမည်နည်း။ လော လောဆယ် ဦးအောင်ဘညို စဉ်းစားနေသည်က ခေါင်းကိုက်ပျောက်ဖို့ အရက် ထပ်သောက်ဖို့ ဖြစ်သည်။

အလုပ်တွေ မပြတ်နိုင်သေးသည့် အတွက် မသွားနိုင်တာကိုသာ စိတ်တိုနေမိ၏။ နေ့ခင်း ထမင်းစားချိန် ရောက်သည် နှင့် အပြင်မှာ သွားစားမည်ဟု ကြေငြာလိုက်ပြီး အစားနည်းနည်း နှင့် အရက်များများ သောက် လိုက်သည်။ ရုံးပြန်မဝင်ခင် ပလုပ်ကျင်းပြီး အနံ့ပျောက်ဖို့ သကြားလုံးတလုံးငုံ ပြီးပြန်လာလိုက်၏။ သောက် ရတာ လည်းသိပ်မဝပါ။ ထို့ကြောင့် ရှိတဲ့ အလုပ်မြန်မြန်ဖြတ်ပြီး ပြန်တော့မည်ဟု ဆုံးဖြတ်ထား၏။ အိမ်ကို တော့ ပြန်ချင်သည့် အချိန်မှပြန်မည် မသူဇာ ပြန်ရောက်နေတာကိုလည်း ဂရုမစိုက်ချင်တော့။ သူလည်းသူ့ သဘောနှင့် သူလုပ်ချင်ရာလုပ်နေသည့် အတွက် ဦးအောင်ဘညို လည်း လုပ်ချင်ရာလုပ်ခွင့် ရှိသည် ဟု ထင်ပါသည်။

ပြန်ဖို့တာစူနေသော ဦးအောင်ဘညိုထံ ညနေသုံးနာရီခွဲလောက်တွင် ခြံစောင့် မောင်ထွေးမောကြီးပန်းကြီး ရောက်လာသည်။ ခင်မောင်တင့် အခန်းထဲကို ခေါ်သွင်းလာသည့် မောင်ထွေးကိုကြည့်ပြီး ဦးအောင်ဘညို နားမလည် နိုင်အောင်ဖြစ်ရသည်။

“ဖိုးသား လွှတ်လိုက်တာဆရာ”

နဖူးက ချွေးတွေသုတ်ရင်း မောင်ထွေးပြောလိုက်ပြီး အိတ်ထဲက စာရွက်ခေါက်လေး တခု ထုတ်ပေးသည်။ဦးအောင်ဘညို နားမလည်နိုင်စွာ ဖြန့်ဖတ်ကြည့်လိုက်ရာ

“ဖေဖေ၊ မေမေ နဲ့ မမ ရန်ဖြစ်နေကြတယ်၊ မြန်မြန်ပြန်လာပါ၊ သားကို ဖုန်းမဆက်ရဘူးတဲ့။”

အိမ်မှာ ဘာတွေဖြစ်နေသလဲ ဦးအောင်ဘညို သိချင်သဖြင့် ဖုန်းကိုကောက်မလိုက်သည်။ အကြောင်း တခုခု ရှိလျှင် ရုံးကို အချိန်မရွေး ဖုန်းဆက် ၍ ရနိုင်ပါလျှက် ဖိုးသားက မောင်ထွေးကို စာရေးလွှတ်လိုက်တာ ထူး ဆန်းနေသည်။ အိမ်ကို ဆက်တာမှန်း မောင်ထွေးသိသောအခါ  ပြူးပြူးပျာပျာ ဖြင့်

“ဆရာ… ဖိုးသား က ချက်ချင်း လိုက်လာပါတဲ့၊ ဆရာဖုန်း ဆက်ရင် ဆရာကတော်က သူ့ကို သတ်လိမ့်မယ် လို့ ပြောတယ်”

“ဦးလေးစိုး ရော”

ဦးလေးစိုး မလာဘဲ မောင်ထွေးရောက်လာလို့ မေးခြင်းဖြစ်သည်။ ဦးလေးစိုးက ဖိုးသား၏ အထွေထွေတာဝန် ခံဖြစ်၏။

“ခရီးပန်းလာလို့ အိပ်ပျော်နေတယ် ဆရာ”

“ဒါဖြင့်လဲ လာကွာ၊ ”

ကားသော့ နှင့် လက်ဆွဲ အိတ်ယူပြီး အခန်းထဲက ထွက်လာမိသည်။ ခင်မောင်တင့် ဘေးကနေပြေး လိုက် လာပြီး

“ဘာ ..ဘာ ဖြစ်ပြန်ပြီလဲ လေးလေး”

“မင်းညီမနဲ့ မင်းအဒေါ် ရန်ဖြစ်ကြလို့တဲ့ ကွာ”

“မမကြီး ပြန်လာပြီလား”

“အေး ရောက်တာနဲ့ ပြဿနာရှာတော့တာပဲ၊ ငါတခါထဲပြန်ပြီကွာ၊ မင်းကြည့်လုပ်ထားလိုက်တော့”

ဖူးဖူး က မိဘကို ရိုသေပြီးချစ်လည်းအရမ်းချစ်သည့် သမီးဖြစ်သည်။ တော်ရုံကိစ္စ နှင့်တော့ မသူဇာနှင့် ပြဿ နာဖြစ်မည် မဟုတ်။ စဉ်းစားရင်း မသူဇာ အပေါ်ဒေါသတွေ အလိပ်လိုက် ထွက်လာသည်။ အိမ်မြန်မြန် ပြန် ရောက်ဖို့ လီဗာကို နာနာဖိချနင်းရင်း မောင်ထွေးကို မေးမိသည်။

“မင်း ဘာသိလဲ မောင်ထွေး”

“ကျွန်တော် လဲအပြင်မှာ ဆိုတော့ဘာမှ မသိဘူးဆရာ၊ ဖိုးသားလေးက ပြေးလာပြီး ဆရာ့ဆီသွားပေးပါဆို ပြီး လမ်းစရိတ်ပေးတာနဲ့ စာယူပြီးထွက်လာတာ၊ ဖိုးသားက ကားငှားသွား ဆိုလို့ ငှားလာတာပဲ၊ ကျွန်တော်က ဆရာ့ ရုံးလဲ တခါမှ မရောက်ဖူးတော့ လမ်းတွေမှားပြီး ပြောမိတော့ ကြာသွားတယ်၊ ကားဆရာ လဲ စိတ်မရှည်တော့ တာနဲ့ ခြေလျင်ဆင်းလျှောက်ပြီး ဟိုမေး ဒီမေးနဲ့ ရောက်လာတာ”

မောင်ထွေးက အိမ်မှာ အလုပ်ဝင်မှ ရန်ကုန်ရောက်ဖူးရှာသူဖြစ်သည်။ သူ့ကိုလည်း မြန်မြန် မရောက်ရ ကောင်း လားဟု အပြစ်မတင်ချင်တော့ပါ။ အပြင်းမောင်းသွားပြီး အိမ်ရှေ့ကို ကား ထိုးဝင်ရပ်လိုက်ချိန်တွင် ဆင်ဝင်အောက်မှာ ရပ်နေသည့် ဖူးဖူး နှင့် တန်းတိုးသည်။

“သြ .. ဒီမှာပစ္စည်းတွေသယ် ဖို့ ကိုထွေးကိုလိုက်ရှာ နေတာ၊ ဘယ်ထွက်သွားတာတုန်း၊ ဖေဖေ ဒီနေ့ ပြန်လာ တာ စော တယ်နော်”

ဖူးဖူး ပုံစံ ကတည်တည်ငြိမ်ငြိမ်ရှိသည်။ အမေ နှင့် ရန်ဖြစ်ထားသည့်ရုပ်မပေါက်ပါ။ မောင်ထွေးကို အပြစ်တင် သလို ပြောရင်း ဦးအောင်ဘညို ကိုပါတလက်စထဲ နှုတ်ဆက်လိုက်သည်။

“အခုလာပြီ လေ၊ ငါဘာလုပ်ရမှာလဲ”

“ဟို ကိုသွား၊ ဦးလေး စိုးရှိတယ်”

မသူဇာ၏ တရားဆောင်ကို ညွှန်ပြလိုက်၍ မောင်ထွေးကုပ်ကုပ်လေး ထွက်သွားသည်။

“ဖေဖေ လဲ ဘာလုပ်ပေးရမလဲ သမီး”

“ဖေဖေ မလုပ်ပါနဲ့ ”

“ဒါဆိုလဲ ဖေဖေ အပေါ်မှာ အိတ်သွားထားလိုက်ဦးမယ်”

မသူဇာ ဘာတွေရစ်နေပြန်သည် မသိ။ ထို့ကြောင့် အိပ်ခန်းထဲမှာ လက်ဆွဲအိတ်ထားပြီးသည် နှင့် ဦးအောင် ဘညို အောက်ကို ပြန်လာခဲ့သည်။ ဒီတခေါက်တော့ ဖူးဖူးကို ဧည့်ခန်းထဲမှာတွေ့ရ၏။

“သမီး မေမေရော”

တည်နေသော ဖူးဖူး မျက်နှာမှာ အနည်းငယ်လှုပ်ရှားသွားသည်။ မျက်လုံးထဲမှာ လည်း မျက်ရည်တွေဝိုင်းလာ ၏။ တစုံတခု ပြောတော့ မလိုလို ဟန်ပြင်နေဆဲမှာ ကလေးပုခက်ကုတင်လေးကို အစုံလိုက် မပြီး ဦလေးစိုး နှင့် မောင်ထွေးဝင်လာသည်။ ဖူးဖူး ကသူမ အခန်းဖက်ဆီသို့ လက်ညိုးညွှန်၍

“အထဲမှာ ဖွားကြည်ရှိတယ်၊ ဖွားကြည်ရှင်းထားတဲ့ နေရာမှာချလိုက်”

ဖူးဖူး အခန်းဆီသို့ သွားကြသော ဦးလေးစိုး နှင့်မောင်ထွေးကို လိုက်ကြည့်ရင်း ဦးအောင်ဘညို နားမလည် နိုင်အောင်ဖြစ်ရသည်။

“ဘာလုပ်ဖို့လဲ သမီး”

“မောင်လေးကို သမီး အခန်းမှာခေါ်ထားဖို့လေ”

မသူဇာက သားငယ်လေးကို သူမထံမှာ မထားလိုတော့လို့သာဖြစ်မည်။ ထောင်းကနဲ ဒေါသဖြစ် သွားပြီး

“သမီး အမေဘယ်မှာလဲ၊ တော်တော်ကို လွန်နေပြီကွာ၊ ရတယ်၊ သမီး ဆီမှာဆိုရင် ငါ့သမီးစာကျက်ပျက် တယ်။ ဖေဖေ့ အခန်းကိုပို့လိုက်၊ ဖေဖေ အိမ်ကနေပဲ ဖုန်း နဲ့ အလုပ်လုပ်ပြီးကလေးထိန်းပေးမယ်”

“မေမေ တရားစခန်း ပြန်သွားပြီဖေဖေ”

“ဟာကွာ၊ ဒီမှာ ဒီလောက်ပြည့်စုံအောင်လုပ်ပေးထားတာ၊ တရားစခန်း ဖွင့်ချင်ရင်တောင် ဖွင့်လို့ရအောင် လုပ် ပေးလိုက်ဦးမယ်”

“မေမေ က ပြန်မလာတော့ဘူး”

“ဘယ်လို၊ ဘယ်လို”

“ခန လေးဖေဖေ”

ဒေါ်ဒေါ်ကြည် နှင့် အိမ်ဖေါ်မိန်းကလေး တယောက်အနားကို အဝတ်ထုပ်တွေ နှင့်ရောက်လာသည်။ဖူးဖူး ဆက်ပြောလာမည့် စကားကို စိတ်လှုပ်ရှားစွာစောင့် နေမိရင်း မသူဇာ ဘာအဆန်းတကြယ်တွေ လုပ်နေ ပြန် သနည်းဟု ခေါင်းတွေရှုပ်နေမိသည်။

“ဒါတွေ ဘယ်မှာထားမလဲ ဖူးဖူး”

 “မေမေ့ ခြေရင်းက ဘီရိုမှာ နှစ်ကန့်လွတ်နေတယ်၊ သမီးကြည့်ခဲ့ ပြီးပြီ၊ အဲဒီမှာထားလိုက်၊ အပေါ်ထပ်က အခန်းကိုပြောတာနော်”

ဒေါ်ဒေါ်ကြည် နှင့် အိမ်ဖေါ်ကောင်မလေး အပေါ်ထပ်တက်သွားကြသည်။

“ကဲ သမီး၊ဖေဖေ နဲ့ သမီး တခုခုပြောဖို့တော့လိုပြီထင်တယ်။ ဖေဖေရထားတဲ့ သတင်းက သမီးနဲ့ သူဇာ နေ့ ခင်းက ရန်ဖြစ်ကြတယ် ဆိုတာပဲ၊ အခုဘာတွေ ဖြစ်နေပြန်တာလဲ သမီးရယ်”

တည်ငြိမ်နေသော ဖူးဖူး မျက်နှာလေးမဲ့သွားသည်။ မျက်တောင်ကို တဖျပ်ဖျပ် ခတ်ရင်း မျက်ရည်မကျအောင် ထိန်းနေသည့် မြင်ကွင်းကိုမြင်သောအခါ ဦးအောင်ဘညို ရင်ထဲဆို့သွားသည်။ ဒီသမီးလေးသာ သူ၏ ဘ၀ ဖြစ်သည်ဟု အကြိမ်ကြိမ်တွေးမိခဲ့တာတွေကိုပြန်သတိရ၏။ ဖူးဖူး ပုခုံးလေးကိုဖက်ပြီး နဖူးကိုနမ်းလိုက်သည်။

“ပြောလေသမီး၊ ဘာတွေဖြစ်နေတာလဲ၊ ဖေဖေ ဘာလုပ်ပေးရမလဲ၊ ဘာတွေပဲဖြစ်နေဖြစ်နေ ဖေဖေက သမီး ဖက်ကရှိနေမှာပဲ”

“သမီးနဲ့ မေမေ ရန်ဖြစ်တာ မဟုတ်ဘူး”

ဦးအောင်ဘညို ၏ နှစ်သိမ့်အားပေးမှုကြောင့် ဖူးဖူး ပြန်ပြီးတည်ငြိမ်သွားပုံရသည်။

“ဟိုနားမှာ သွားပြောရအောင်ဖေဖေ”

တခြားလူမသိစေဘဲ လွတ်လွတ်လပ်လပ် ပြောလို့ရအောင် ခြံထဲက အုတ်ခုံလေးတခုမှ သားအဖနှစ်ယောက် သွားထိုင်လိုက်ကြသည်။

“မေမေ အရမ်းစိတ်ထိခိုက်နေတယ်။ လူ့လောကကိုလည်းစိတ်ကုန်နေပြီတဲ့၊ ဒါကြောင့် သမီးတို့ အပါအဝင်အားလုံးကို သံယောဇဉ် ဖြတ်လိုက်တော့မယ်တဲ့၊ အိမ်ကနေ အပြီးထွက်သွားတော့မယ် ဆိုလို့ သမီးကတား တာလေ၊ တားလို့မရဘူး။ နောက်တော့ မေမေ ဒေါသထွက်လာပြီး သမီးကိုအော်တယ်၊ သမီးလဲ အရမ်းစိတ် ညစ်တာနဲ့ ပြန်အော်မိတယ် ဖေဖေ၊ဒါကိုရန်ဖြစ်တယ် ထင်ကြတာနေမှာ”

“သူသွားနေကျပဲ သမီးရယ်၊ စိတ်မကောင်းဖြစ်နေလို့ ပြန်မလာဘူးပြောတာနေမှာပါ၊ နောက်တော့ သမီးတို့ ကို သတိရရင် ပြန်လာမှာပါ”

ဖူးဖူး မျက်နှာမသာမယာ နှင့် ခေါင်းကို ခါရင်း

“သီလရှင် ဝတ်ချင်လဲ ရာသက်ပန်ဝတ်လိုက်တော့မယ် တဲ့၊ ဖေဖေ ခွင့်ပြုပေးဖို့သမီးကို မှာသွားတယ်”

ဘယ်အရာက မသူဇာကို ဒီလောက်အထိဖြစ်သွားစေသနည်း။ ကလေးကြောင့်လား၊ သိင်္ဂ ီကွယ်လွန်ခြင်း ကြောင့်လား ဦးအောင်ဘညို တွေးကြည့်လို့မရပါ။

“ကောင်းတာလုပ်တာကို ဖေဖေဘယ်တုန်း ကမှမတားပါဘူး သမီးရယ်၊ သူဘာလို့ လောကကြီးကို စိတ် ပျက်သွားသလဲ ဆိုတာတော့ သိချင်တယ်”

“မေမေ ကပြောတယ် တီတီ သေတာသူ့ကြောင့်တဲ့”

ဦးအောင်ဘညို ခေါင်းထဲမှာ ဒုန်းကနဲ သွေးတွေတိုးဆောင့်လိုက်သလိုဖြစ်သွားသည်။ သိင်္ဂ ီသေဆုံးရခြင်း က မသူဇာ နှင့်သက်ဆိုင်စရာ အကြောင်းမရှိပါ။

“မဖြစ်နိုင်ပါဘူး သမီးရယ်၊ သမီးအမေ တယူသန်အစွဲကြီးတာလဲ သမီးသိသားပဲ၊ စိတ်ထိခိုက်ပြီး ထင်ရာမြင် ရာတွေ လျှောက်ပြောနေတာဖြစ်မှာပါ”

“တီတီ အက်ဆီးဒန့် ဖြစ်တာ မေမေနဲ့ ဖုန်းပြောနေရင်းနဲ့ဖြစ်တာတဲ့”

ဖုန်းပြောရင်း သိင်္ဂ ီအမှတ်တမဲ့ ဖြစ်သွားတာမျိုးလား။ ဒါဆိုလျှင်လည်း မသူဇာ အပြစ်ဟု ယူဆဖို့ မလုံလောက် သေးပါ”

“ဒါလဲ ဖြစ်တတ်တာမျိုးပါ သမီးရယ်”

“မဟုတ်ဘူးဖေဖေ၊ တီတီ နဲ့ မေမေ ဖုန်းနဲ့ စကားများကြတာ၊ မေမေ က တီတီ့ကို ဖေဖေ နဲ့ ယူခိုင်းလို့၊ တီတီက ငြင်းတာနဲ့ ရန်ဖြစ်တာ”

တခါမှ မသိဖူး မကြားဖူးသည့် အဆန်းတကြယ်လောကကြီးတခုထဲရောက်သွားသလို ဦးအောင်ဘညို ခံစား ရသည်။ ဘာကြောင့် မသူဇာ ဒီလိုပြောရသည်ကလည်း ပဟေဠိတခုလိုဖြစ်နေသည်။ တပြိုင်နက်ထဲမှာပင် မိမိ နှင့်သိင်္ဂီ တို့၏အကြောင်းတွေ မသူဇာသိသွားလေသလား ဟု တွေးမိပြန်သည်။သိစရာ အကြောင်း မရှိ ပါ။ သိင်္ဂ ီကလည်းဒါတွေထုတ်ပြောနေမည် မဟုတ်သည်ကို ဦးအောင်ဘညို ရင်ထဲကယုံကြည်၏။

“ဟုတ်ရဲ့လားသမီးရယ်”

“မေမေ တရားအလုပ်ကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်အောင် တီတီ ကသမီးတို့ကို စောင့်ရှောက်ဖို့ ဖေဖေ နဲ့ လက်ထပ်ပြီး နေကြဖို့ပြောတာတဲ့”

သိင်္ဂ ီ့လို မိန်းကလေးကို ကလေးသုံးယောက်အဖေနှင့် လက်ထပ်ခိုင်းခြင်းသည် ဦးအောင်ဘညို နှင့် သိင်္ဂ ီသာ ပတ်သက်မှု တစုံတရာ မရှိဘူးဆိုပါလျှင် မတရားရာကျလွန်းသည်။လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေသော သိင်္ဂ ီ့ အကြောင်းကို မသူဇာလည်းသိသည်ပင်။ သိင်္ဂ ီတည်ငြိမ်သွားအောင် သင့်တော်သူတယောက်ယောက် နှင့် လက်ထပ်ပေးလိုကြောင်းကိုတော့ မသူဇာ ဦးအောင်ဘညို ကိုပြောဖူးသည်။ နောက်ဆုံးသူမ ရွေးချယ် လိုက်သည်က ဦးအောင်ဘညို ဖြစ်နေသည်မှာ အံ့အားသင့်စရာကောင်းလှ၏။

“ညီအမ နှစ်ယောက် အငြင်းအခုံဖြစ်ကြရင်း ဟွန်းသံအကျယ်ကြီးမြည်လာပြီး တီတီ့ အသံပျောက်သွားလို့ မေ မေက စိတ်ဆိုးပြီး ဖုန်းချသွားတယ် ထင်နေတာတဲ့၊ မန ္တလေးအိမ်ကဖုန်းဝင်လာမှ အဖြစ်မှန်ကို မေမေ သိရ တာ၊ မေမေ အရမ်းကြေကွဲသွားတယ်၊ သူ့ညီမလေးကို သူပြန်သတ်လိုက်ပြီဆိုပြီး ကိုယ့်ကိုယ်ကိုတောင် သတ် သေချင်စိတ်တောင်ပေါက်မိတယ်တဲ့”

“ဒါနဲ့ပဲ သူက အိမ်က ထွက်သွားဖို့ ဆုံးဖြတ်တယ်ပေါ့”

သူ၏ အသံက ဘာကြောင့် အေးစက်မာကျောနေမှန်း ဦးအောင်ဘညို မသိပါ။ မသူဇာလုပ်ရပ်က စိတ်ထင်ရာ လျှောက်လုပ်ပြီးမှ ကိုယ်လွတ်ရုန်းပြေးသူတယောက် နှင့် တူနေသည်ဟု မချိတင်ကဲတွေးမိသည်။

“သမီးလဲ ဒါကိုပြောတာပဲ၊ ပြီးတာကပြီးသွားပြီ။ ကံတရားကြောင့်ဖြစ်လာတာ ဘယ်သူမှ မတတ်နိုင်ဘူးလို့”

“ဘာပြောလဲ”

“နင်ဘယ်လောက်သိလို့လဲ လို့ သမီးကိုပြန်အော်တယ်”

“ဖုန်းပြောတုန်းက သိင်္ဂ ီကားမောင်းနေတယ် ဆိုတာ သူဇာမသိဘူးလား”

“မသိဘူး၊ တီတီ ကလဲ ကားမောင်းနေတယ်လို့ မပြောဘူးတဲ့”

မပြေးသော်လည်း ကန်ရာရှိဆိုသလိုဖြစ်ခဲ့ ရပြီ။ မသူဇာ နေရာမှာ ဦးအောင်ဘညို ဆိုလျှင်လည်း ဒီလိုခံစားရ ပေမည်။ သို့သော် လင်ယောက်ျား သားသမီးက အစ စွန့်ခွာထွက်ပြေးသည့် အထိတော့ မလုပ်သင့်ဟုထင် သည်။ သားသမီးတွေကလည်း လူလားမမြောက်ကြသေးသည့်ပြင် နို့စို့ကလေးတောင်ပါသေး၏။

“ဖိုးသားကိုလည်း ဖေဖေ ကိုမပြောရဘူးလို့ ပိတ်ပြီးမေမေ နဲ့ သမီး အကြိတ် အနယ်ပြောကြတယ်၊ ပြောလို့ မရဘူး ဖေဖေရယ်၊ မေမေ တအားတယူသန်တယ်”

တယူသန်ဆိုတာထက် တဇောက်ကန်း လို့ ပြောလျှင်ရနိုင်သည်။ အကယ်၍ သူမှ နှင့် ဖုန်းပြောရင်းစကား များရာမှ သိင်္ဂ ီသတိလက်လွတ်ဖြစ်ပြီး မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရရိုးမှန်လျှင်မသူဇာ အခုထက်ပိုပြီး စဉ်းစဉ်း စားစား လုပ်သင့်သည်။ အရင်ဆုံး အိမ်ထောင်ဦးစီး လင်ယောက်ျားဖြစ်သူ ဦးအောင်ဘညို နှင့် တိုင်ပင်ဆွေး နွေးသင့်သည်။ ဦးအောင်ဘညို နှင့်အပြောအဆိုအဆက်အဆံ မလုပ်ချင်လျှင်တောင် ဆွေမျိုးသားချင်းများ ဒါမှ မဟုတ် သွေးသားရင်းပမာသဘောထားပြီးစောင့်ရှောက်ပေး နေကြသည့် ဦးလေး စိုးနှင့် ဒေါ်ဒေါ်ကြည်တို့လောက်ကို တိုင်ပင်ပြောဆိုြပြီးဆုံးဖြတ်သည် ဆိုလျှင်လက်ခံနိုင်ဖွယ် ရှိသေး၏။ ခုတော့ နုနယ်ငယ်ရွယ် သည့် မိန်းကလေးတယောက်ကို ပြောချင်ရာတွေပြော မှာချင်တာ တွေမှာပြီး အိမ်ကထွက်သွားသည်ကတော့ လွန်လွန်းသည်ဟုထင်သည်။

“သူဘယ်ကိုသွားတာလဲ သမီးသိလား”

“မသိဘူးဖေဖေ၊ ပြောမသွားဘူး ၊သွားနေကျတရား စခန်းတွေထဲက တခုခု လို့ထင်တာပဲ၊ သီလရှင်ဝတ်ဖြစ် ရင်တော့ စစ်ကိုင်း မှာပဲဖြစ်မယ်တဲ့၊ သမီးတို့က တွေ့ချင်ရင် တနှစ်တခါနှစ်ခါလောက်တော့ ဖေဖေ့ကို တွေ့ဖို့ စီစဉ်ခိုင်းတဲ့”

ဦးအောင်ဘညို သက်ပြင်းချရင်း ဖူးဖူးကိုကြည့်မိသည်။ သူ၏ ဒုတိယအသက်ပမာ သဘောထားသည့် သမီး ကို သနားကြင်နာစွာ အကြိမ်ကြိမ်ကြည့်ဖူးပါသည်။ ဒီတခါလောက်သနားမိသည့် ခံစားမှုမျိုး မဖြစ်ခဲ့ဖူးပါ။ ဖူးဖူး ငယ်ငယ်တုန်းက လေထိုးပြီးတညလုံးငိုနေစဉ်က မသူဇာ နှင့် ဒေါ်ဒေါ်ကြည်တို့က အေးအေးလူလူ ရှိနေ ကြသော်လည်း ဦးအောင်ဘညိုမှာ သမီးငိုသံကိုလည်း မကြားရက်၊ ငိုနေသည့် မျက်နှာလေးကိုလည်း မကြည့် ရက် နှင့် နေမထိထိုင်မသာ ဖြစ်ခဲ့ရသည့် ခံစားမှုကို ပြန်သတိရမိသည်။ ခုတော့ ဟိုတုန်းကအာခေါင်ကိုခြစ်၍အော်ငိုနေခဲ့သော နီတာရဲကလေးသည် ဖခင်ဘေးမှာ ခိုင်ခိုင်မတ်မတ်ရပ်၍ မိခင်စွန့်သွားသော ဘဝကို ရင် ဆိုင်ဖို့ အားယူနေလေပြီ။

“အိမ်ထြဲပန်သွားရအောင်ဖေဖေ၊ ဖွားကြည်တို့ ပြန်ဆင်းလာပြီ”

ဖူးဖူး ပုခုံးလေးကိုကြင်နာစွာဖက်ထားရင်း အိမ်ဖက်သို့ ပြန်အလာတွင် ဦးအောင်ဘညို စိတ်ကိုသိနေသလိုဖြင့် ဖူးဖူး က ပြောလာပြန်သည်။

“မေမေ ကပြောတယ်၊ သမီးကို သူလေ့လာနေတာကြာပြီတဲ့၊ သူစိတ်ချတယ်တဲ့”

 “သမီး မေမေ ပြန်လာမှာပါသမီးရယ်၊ သူလဲ မိခင်ပါ၊ သားသမီးအပေါ်ထားတဲ့ မေတ္တာကိုတော့ ဘယ်လိုမှ မေ့ လို့ ဖျောက်လို့ရမှာ မဟုတ်ပါဘူး”

ဦးအောင်ဘညို မျက်နှာကို ညှိုးဖျော့စွာမော့ကြည့်ရင်း ဖူးဖူး ခေါင်းကိုညင်ညင်သာသာ ခါသည်။

“မထင်ဘူးဖေဖေ၊ သမီးကို သူ့လက်ဝတ်လက်စားတွေ သော့တွေ အကုန်ပေးသွားတယ်၊ ယောဂီဝတ်စုံတွေ ကလွဲရင်ဘာတခုမှ ယူမသွားဘူး၊ သူ့အဝတ်အစားတွေ နဲ့ တီတီ့ အဝတ်အစားတွေကို အိမ်က အမတွေနဲ့ တော်တာရှိရင် ပေးလိုက်၊ ကျန်တာတွေကို မရှိတဲ့သူတွေကို လှုလိုက်တော့တဲ့၊ သူတို့ ညီအမ အတွက်ဒါ တွေ မလိုတော့ဘူးတဲ့”

မသူဇာတော်တော် ပြတ်ပြတ်သားသားကို ဖြတ်ချသွားပေပြီ။ ရင်တနင့်နင့် နှင့် သမီးမျက်နှာကို ကြည့်ကာ လာရင်း အိမ်နားနီးသည် နှင့် အမျှဖူးဖူး ပိုတည်ငြိမ်လာသည်ကိုသတိထားမိသည်။

“ဖူးဖူး ရေ၊ သူဇာ့ ပစ္စည်းတွေ ဖွားကြည်စုလိုက်တော့ ဘီရိုထဲမှာ နေရာပိုလွတ်သွားတယ်၊ ဟိုဖက်က ဟာ တွေ ရွှေ့လိုက်ရမလား”

“နောက်မှ အေးအေး ဆေးဆေး လုပ်တာပေါ့ ဖွားကြည်ရယ်၊ ခုလိုတာက သမီးအခန်းမှာ မောင်လေးနေဖို့ ရှင်း သွားရင်ပြီးတာပဲ”

“သမီး အမေ အခန်းမှာပဲလာနေပါလားသမီးရယ်၊ ဖေဖေလည်းဝိုင်း ကြည့်လို့ရတာပေါ့”

“မောင်လေးက ညဖက်ဆို ထထငိုတယ်၊ ဖေဖေ အိပ်ရေးပျက်လိမ့်မယ်၊ သမီးအခန်း က ကျယ်ပါတယ်၊ မေမေ့ အခန်းနဲ့ တူတူပဲဥစ္စာ”

“ဒါဆို နောက်နေ့မှလုပ်တာပေါ့ ဟုတ်လား”

“အင်း ..အင်း၊ ဦးလေးစိုး တို့ကိုလဲ ပြန်လာလို့ရပြီလို့ ပြောလိုက်၊ မောင်လေး ငိုသေးလား”

“အိပ်နေတယ် ထင်တာပဲ၊ သီတာလဲ ရှိပါတယ်”

“သွားကြည့်လိုက်ဦးမယ်၊ အော် ဖွားကြည်ဆီမှာ မအေးရီ အတွက် မနက် ဈေးဖိုးရှိသေးလား”

“ရှိသေးတယ် သမီး”

သူမ အခန်းဖက်ဆီသို့ ခြေလှမ်းမှန်မှန် နှင့် ထွက်သွားသော ဖူးဖူး ကိုကြည့်ပြီးဦးအောင်ဘညို မသူဇာ၏ ထင် မြင်ချက်တခုကို ရင်နာနာ နှင့်လက်ခံပေးလိုက်ရသည်။ နာရီပိုင်းလောက် အချိန်လေးအတွင်းမှာပင် ဒီအိမ်၏ ဦးစီးအချုပ် အိမ်ရှင်မ နေရာကို ဖူးဖူး အသားတကျဆက်ခံ နိုင်သွားလေပြီ။ မိန်းမချင်း ဆိုတော့ သမီးအရည် အချင်း ကို မသူဇာ ကြိုမြင်ခဲ့ပုံရ၏။

ဦးအောင်ဘညိုကတော့ လက်မခံ နိုင်ပါ။

ဖူးဖူးသည် ဆယ်တန်းကျောင်းသူလေး တယောက်သာဖြစ်ပါ၏။ မိဖဆီက မုန်ဖိုးလက်ဖြန့်တောင်းပြီး ကျောင်းမှာ ကျူရှင်မှာ သူငယ်ချင်းတွေနှင့် ရယ်မောပေါ့ပါးစွာ နေရမည့် အချိန်ဖြစ်သည်။ မိန်းမကြီးတယောက်ပမာ မြင်ရသည့် ဖူးဖူး အမူအရာက ဦးအောင်ဘညို ရင်ဝကို ဒါးနှင့် အကြိမ်ကြိမ်မွှမ်းနေသလို ခံရခက်လှသည်။ မမြင်ရက်သော်လည်း မခွာ နိုင်သောကြောင့် ခြေလှမ်းတွေက ဖူးဖူး နောက်ကပါသွားသည်။သားငယ်လေးက ဖူးဖူး ကုတင်ပေါ်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေ၏။  ဖူးဖူးက မောင်ငယ်လေး၏ နဖူးမှ ဆံစ လေးတွေကို ငြင်ငြင်သာသာ သပ်ပေးရင်း လေသံတိုးတိုးဖြင့်

“တီတီ နာမည်တောင်ရွေးပေးမသွား နိုင်ရှာဘူး”

နာမည်မပေး နိုင်သော်လည်း သိင်္ဂ ီအားလုံးပေးသွားပါသည်။ သူမ၏ အနာဂါတ်ဆိုးကို ကြိုသိနေသလိုပင်စစ်ကိုင်းမှ အလှုကို ရောက်လာသမျှဆွေမျိုး မိတ်သင်္ဂဟ တို့အား သူမ ဒီတသက်တွင် အိမ်ထောင်ပြုတော့ မှာ မဟုတ်၍ ပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာ အလုံးစုံကို ဦးအောင်ဘညို နှင့် မသူဇာတို့၏ အငယ်ဆုံးသားလေး ကို ပေးတော့မည်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ပြောခဲ့၏။ ထို့ကြောင့် ကလေးငယ် သည် မောင်နှမ သုံးယောက် တွင် အချမ်းသာဆုံးကလေး ဖြစ်သွားလေပြီ။ ဦးအောင်ဘညိုလည်း အမွေထိန်းဘ၀ သို့ အလိုအလျောက် ရောက်ခဲ့ပြီဖြစ်သည်။

“သမီး စိတ်ကြိုက်သာပေးပါကွယ်၊ သမီးတီတီ သိရင်လည်းလက်ခံမှာပါ”

ဦးအောင်ဘညို အသံက သိသာစွာတုန်နေသလို ဖူးဖူး မျက်နှာလေးလည်း မဲ့သွား၏။ ထို့ကြောင့် ဦးအောင် ဘညို စကားပြောင်းလိုက်သည်။

“သမီး ကဆယ်တန်း အရေးကြီးတယ်၊ မောင်လေးတဖက်နဲ့ ဖြစ်ပါ့မလား၊ စာမေးပွဲလည်း နီးပြီမဟုတ်လား”

“အောင်ဖို့ကရပါတယ်၊ သမီးကလည်း နဂိုထဲက ဆရာဝန်လုပ်ဖို့ မှမဟုတ်တာ၊ ရိုးရိုးဘွဲ့တခုလောက်ပဲယူ

မှာဆိုတော့ သိပ်မထူးပါဘူး ဖေဖေရယ်၊ သူများနဲ့လဲ မောင်လေးကို စိတ်မချဘူး”

ဖူးဖူးမှာ ဆုပ်ပြီးလျှင် မလွှတ်တတ်သည့် ညဉ်လေးရှိသည်။ မသူဇာ၏ အမွေဖြစ်သည်။ အရင်က မသိသာ လှသော်လည်း ခုတော့ ပိုပြီးထင်ရှားလာလေပြီ။ သူမ မိခင်လို တလွဲဆံ ပင်ကောင်းကာခေါင်းမာသူတယောက် ဖြစ်မလာဖို့တော့ ဦးအောင်ဘညို ကြိုးစားရမည် ဖြစ်သည်။ ကံကောင်းတာတခုက သိင်္ဂီ နှင့် အချိန်ကြာမြင့် စွာ လက်ပွန်းတတီးနေခဲ့ရခြင်းဖြစ်သည်။ သိင်္ဂ ီက ခွင့်လွှတ်နားလည်တတ်ပြီး အများနှင့် လိုက်လျောညီထွေ စွာ နေတတ်သည့် အကျင့်ကောင်းလေးရှိ၏။ သိင်္ဂ ီ့ဆီက ဒီလို အကျင့်ကောင်းလေးတွေ ဖူးဖူး လက်ခံယူခဲ့နိုင်ပါစေ ဟုသာကျိတ်ပြီးဆုတောင်းမိပါသည်။

မသူဇာ အပြီးတိုင်ဟု ဆိုကာအိမ်မှထွက်သွားခြင်းကို ဦးအောင်ဘညိုအားတည်ငြိမ်စွာပြောပြခဲ့သောဖူးဖူး သည် သိင်္ဂ ီ့အကြောင်းပြောသည့် အခါတော့ ငိုမလိုဖြစ်သွားသည်ကို သတိထားမိပါသည်။ ခွဲခွာသွား ခြင်း နည်းလမ်း မတူတာကြောင့်လည်းဖြစ်မည်။ သိင်္ဂ ီက အသေဆိုးနှင့် ခွဲခွာသွားရရှာသည် မဟုတ်ပါလား။ မသူဇာ ဒီလိုလုပ်သွားချိန်မှာ သိင်္ဂီ ရှိနေလျှင် ဘယ်လောက် ကောင်းမည်နည်း။ မိမိ၏ စိတ်ခံစားမှု သက် သက်မဟုတ်ဘဲ ကလေးတွေ အတွက်စဉ်းစားမိခြင်းသာဖြစ်၏။ ကလေးတွေအပေါ် မိခင်မေတ္တာမျိုးပေးဖို့သိင်္ဂ ီ့အတွက်မခဲယဉ်းဆိုတာဦးအောင်ဘညို သိနေသည်။

သိင်္ဂ ီ့ အကြောင်းဆီ စိတ်ကရောက်သော အခါ တညနေလုံးမေ့လျော့နေခဲ့သည့် ဝေဒနာက ဦးအောင်ဘညို ကိုပြန်လှုပ်နိုးလိုက်သည်။

“ဖေဖေ သွားမယ် သမီး”

ဖူးဖူး အခန်းထဲကထွက်ပြီး အပေါ်ကိုပြန်တက်လာခဲ့သည်။ သိင်္ဂ ီ့ အခန်းဖက်ကို လှည့်မကြည့်မိအောင်နေရ သည့် အဖြစ်က ခံစားရခက်လွန်းသည်။ ဒီအချိန်မှာ ဦးအောင်ဘညို အရင်ဆုံးသတိရမိသည်က အရက် သောက်ဖို့ ဖြစ်၏။ ခြေလှမ်းကျဲကြီးဖြင့် အခန်းထဲ ဝင်သွားပြီး အရက်ပုလင်းကို ထုတ်ယူလိုက်သည်။ အသင့် အနားမှာ ရှိနေသည့် ဖန်ခွက်ထဲ ခပ်မြန်မြန်လောင်းထည့်ပြီး မော့ချလိုက်၏။ ဒီရက်တွေ အတွင်းမှာ ရေမရော အမြည်းမပါ သောက်တတ်သည့် အကျင့်ရနေပါသည်။ ခုလည်းတခွက်မော့ပြီးမှ ရေနည်းနည်းသောက်လိုက်၏။

ဦးအောင်ဘညို ဆင်ခြင်ဉာဏ် မဲ့သည့် လူမိုက်တယောက်မဟုတ်ပါ။ စိတ်ညစ်လို့ အရက်သောက်ရသည် ဆို ခြင်းသည် ကြောင်းကျိုး ဆီလျော်အောင်မစဉ်းစား မဆုံးဖြတ်တတ်သည့်လူတွေ၏ အလုပ်ဆိုတာကိုလည်း သိပါသည်။ သို့သော် ဦးအောင်ဘညိုမှာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည် ဆိုသည့်တိုင်အောင် ဘာကိုမှ မစဉ်း စားချင်ပါ။ လတ်တလောခံစား ချက်တွေ ဆီက ဝေးရာသို့ပြေးဖို့သာစိတ်မှာရှိ၏။ ထို့ကြောင့် မူးအောင်သောက် ပြီး မှောက်သွားဖို့သာ အဓိက ထားချင်နေသည်။

ဦးအောင်ဘညို တသက်လုံးမှာ မိန်းမ သုံးယောက်နှင့်သာ ပတ်သက်ခဲ့ဖူးသည်။ မသူဇာ၊ သိင်္ဂ ီ နှင့်ကျော် ကျော်။ ခုတော့သိင်္ဂီ က ဘဝတခြားကို ထွက်ခွာသွားပြီ။ မသူဇာကလည်းသူ့လမ်းသူလျှောက်ဖို့ ဦးအောင် ဘညိုကို စွန့်ခွာသွားချေပြီ။ ကျော်ကျော် တယောက်သာကျန်တော့၏။ ဒီသုံးယောက်တွင် ကျော်ကျော်ကခွဲခွာသွားဖို့ အနီးစပ်ဆုံးဟု ထင်စရာရှိသည်။

သူမ နှင့် ဦးအောင်ဘညို ကြားမှာ ဘာနှောင်ကြိုးမှ မရှိ။ မသူဇာက တရားဝင် ဇနီးမယားဖြစ်သလို သိင်္ဂ ီ့က သူမ၏ အချစ်နှင့် သူမကိုယ်သူမ ဦးအောင်ဘညို နားမှာတုပ် နှောင်ထားသူဖြစ်သည်။ ခုတော့ မဖြစ်နိုင်သူ နှစ်ယောက်က ဦးအောင်ဘညိုကို ထားခဲ့ကြသည်။


အပိုင်း (၁၉) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment