Thursday, December 20, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၅ )

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၅ )

ဂျင်ကလိ ရေးသည်။

အတွေးတွေက လွင့်ချင်တိုင်းလွင့် နေပေမယ့် လူကတော့ လုပ်စရာရှိတာကို လုပ်နေနိုင်တော့ နာရီဝက် အတွင်းမှာပဲ သိင်္ဂီ အဆင်သင့်ဖြစ်သွားသည်။ အောက်ထပ်က ထမင်းစားခန်း ကို သွားတော့ ဧည့်ခန်းထဲမှာ ကိုကို သတင်းစာထိုင်ဖတ် နေသည်ကို တွေ့ရသည်။ သိင်္ဂီ ရှေ့က ဖြတ်တာကို တောင် မော်ကြည့် ဖေါ် မရ။ နေ နှင့်ဦးပေါ့ လို့ကျိန်း ဝါးပြီး ထမင်းစားခန်းထဲကို ကြွကြွရွရွ လေးဝင်လိုက်သည်။

“ တီတီ လှတယ်”

ထမင်းစားပွဲ မှာထိုင်နေတဲ့ ဖိုးသားက ဆီးနှုတ်ဆက်၏။ ကျောင်းဝတ်စုံ နဲ့ ကုလားထိုင်ဘေး မှာ ကျောပိုး အိတ် ချထားသည်။ ပါးလေးကို လိမ်ဆွဲလိုက်ရင်း

“ မနေ့က မုန့်ဖိုး ပေးပြီးပြီ၊ ဒီနေ့ ထပ်မပေးတော့ဘူး၊ သား မမ ရော”

“ အလှပြင်တုန်းလေ၊ တီတီ့ တူမပဲ”

“ အောင်မယ်၊ မုန့်ဖိုး မပေးဘူးလဲ ဆိုရော လေသံ ကပြောင်းသွားတယ်။”

ဖိုးသားက ကိုကို နဲ့ တူသည်။ သူ့ အမ ဖူးဖူးကတော့ မမအငယ်စားလေး လို့ ပြောနိုင်၏။

“ ဟာ … အခုတော့ လူကြီးလို ဝတ်ထားပါလား၊ မနက်ကတော့ ကလေး လိုခုန်နေပြီးတော့”

စားစရာ ပန်းကန်တွေ နှင့် ဝင်လာတဲ့ ဒေါ်ဒေါ် ကြည် က သိင်္ဂီ့ ကို စသည်။

“ မနက်က ကလေး၊ အခု လူကြီးဖြစ်သွားပြီ၊ အဲဒါ ဘာတွေလဲ”

“ ရွှေတောင်ခေါက်ဆွဲ၊ လာဒီမှာ ထိုင်တော်မူ၊ ကျုပ် ဆရာ့ကို သွားခေါ် လိုက်ဦးမယ်၊ ဒီမှာ အဆင်သင့် မဖြစ်သေးလို့ ဆရာ ထိုင်စောင့် နေရတယ်”

ဒေါ်ဒေါ် ကြည် နောက်ကျ နေတာကိုပဲ ကျိတ်ပြီးကျေးဇူး တင်ရတော့မည်။ မဟုတ်ရင် ကိုကို စောင့် နေမှာ မဟုတ်တော့။ ရုံး ထွက်သွားရင် လွဲသွား နိုင်သည်။ ဒေါ်ဒေါ် ကြည် အခန်း၀ အရောက် မှာပဲ ကိုကို နှင့် ဖူးဖူးဝင်လာသည်။

“ တီတီ ဘယ်လဲ”

“ သွားစရာ ရှိလို့”

သိင်္ဂီ့ ပုံစံ က အပြင်သွားမယ့် ပုံ ဆိုတော့ ဖူးဖူး ကမေးလာ၏။

“ သမီးတို့ နဲ့ လိုက်မှာလား”

“ အခြေအနေ အရပဲ”

ကိုကို့ ကို လှမ်းကြည့်လိုက်တော့ ထမင်းစားခန်းထဲ အထိ ယူလာတဲ့ သတင်းစာကြီး နဲ့ မျက်နှာ ကို ကွယ်ပြီး သိင်္ဂီ့ အကြည့်ကို ရှောင်နေသည်။

“ သမီးတို့က ဦးလေး စိုးနဲ့ လား”

“ ဟုတ်တယ်၊ သမီးတို့ ကျောင်း ပို့ပြီးရင် တီတီ သွားချင်တဲ့ ဆီ ဆက်သွားပေါ့”

“ ဦးလေး စိုး တော့ ခေါ်မသွားချင်ပါဘူး”

ဖူးဖူး က နားမလည် သလိုကြည့်သည်။ ဖိုးသားကတော့

“ ဟာ … ဒါဆို တီတီ က ရည်းစားဆီ သွားမလို့လား”

သိင်္ဂီ က ကိုကို့ ကို တချက်လှမ်းကြည့်လိုက်ပြီး ပြုံးပြုံး လေးဖြေလိုက်သည်။

“ ဟုတ်တယ်”

အခန်းထဲ က လူအားလုံး စိတ်ဝင်တစား လှမ်းကြည့်ကြပေမယ့် ကိုကို ကတော့ မကြည့်ပါ။ သတင်းစာကို လက် တဖက်က ကိုင်ဖတ်ရင်းလက်တဖက်က ဇွန်းနှင့် ခပ်ပြီး ခေါက်ဆွဲ စားနေသောကိုကို သည် အရမ်းကို သနားစရာ ကောင်းနေ၏။

“ ဒါကြောင့် တီတီ က ဒီနေ့ အရမ်းလှနေတာကိုး”

“ ဟုတ်တယ်၊ ဒါတောင်မှ သူက တီတီ့ ကို မလှဘူးထင်နေသေးတာ”

ဦးအောင်ဘညို ဖက်ကို မျက်စောင်းလေးခဲရင်း သိင်္ဂီ ပြောလိုက်မိသည်။ ကိုယ်တော်ချောကတော့ ခုချိန်ထိ သတင်းစာ ကိုဖတ်လို့ မပြီးသေး။ အလွတ်ကျက်နေသလားမသိပေ။

“ ကောင်းရဲ့လား သိင်္ဂ ီ”

ဒေါ်ဒေါ်ကြည့် အမေးကို နှာခေါင်းလေး ရှုံ့ ပြရင်းဖြေမိသည်။

“ ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့် တမျိုးကြီးပဲ”

သိင်္ဂ ီ က တမျိုးကြီး ဆိုတော့ ဒေါ်ဒေါ်ကြည် ပျာပျာ သလဲဖြစ်ပြီး သိင်္ဂီ့ နားကပ်လာကာ တဇွန်းယူ မြည်း ကြည့်၏။

“ ကောင်းပါတယ် သိင်္ဂီ ရဲ့၊ ဘာလိုလဲ ပြင်ပေးမယ်”

ကိုယ့်အတွေး နဲ့ကိုယ်ပြောလိုက်မိပြီးမှ ဒေါ်ဒေါ်ကြည် ကိုအားနာသွားလို့

“ နောက်တာ၊ နောက်တာ ဘာမှ မလိုဘူး”

ခုချိန်ထိ ကိုကို က သိင်္ဂီ့ ဖက်မလှည့် သလို ဘယ်သူ့ကို မှလည်းစကားမပြောပါ။

“ ဆရာ ရောဘယ်လို နေလဲ၊ အဆင်ပြေရဲ့လား” 

လို့ ဒေါ်ဒေါ်ကြည် က မနေနိုင် မထိုင်နိုင် မေးတော့မှ တချက်မော့ကြည့် ပြီး

“ အဆင်ပြေပါတယ်၊ ကောင်းသားပဲ”

ကိုကို တဆိတ်တော့ လွန်ပြီလို့ သိင်္ဂ ီထင်မိသည်။ မနေ့ညက အဆုံးစွန် အထိရင်းနှီး ခဲ့ကြသူချင်း ဒီလိုကြီး တော့ မလုပ်သင့်ပါ။ မိန်းမသားဖြစ်တဲ့ သိင်္ဂ ီ ကတောင် ဘာမှ မဖြစ်သလို နေနိုင်တာကို သူက ရုပ်တည်ကြီးနဲ့ မခေါ်ချင် မပြောချင်သလို လုပ်နေသည်။ သိင်္ဂ ီ သည်းမခံနိုင်တော့။

“ ကိုကို ……..အောင်”

တမင် ကိုကို နဲ့ အောင်ကြားမှာ ခြားပြီး ခေါ်လိုက်သည်။

“ ပြော”

ကော်ဖီ ခွက်ကို ဇွန်းနှင့် မွှေရင်း ပြန်ဖြေသည်။

“ သိင်္ဂ ီ လိုက်မှာနော်”

လက်ထဲက ဇွန်းလွတ်ကျသွားသည်။

“ ဘယ်ကိုလဲ”

“သွားစရာ ရှိလို့ လမ်းကြုံ သလောက်ပေါ့”

“ ဒီ မှာ ဦးစိုး ….. အင်း …. ရပါတယ်”

ဦးစိုး ကိုပို့ ခိုင်းဖို့ ပြောဖို့ လုပ်သေးတာ သိင်္ဂ ီအသည်းယားမိသည်။ ပြီးတော့မှ ကလေးတွေ ကျောင်းသွားစရာ ရှိသေးတာ သတိရသွားပုံရ၏။

“ ဘယ်တော့ သွားမှာလဲ”

“ အခုပဲလေ၊ စားပြီးရင် သွားတော့ မှာ”

“ ဒါဆိုလဲ မြန်မြန်စား သွားတော့မယ်”

စားလက်စကို လက်စသတ်လိုက်ပြီး သိင်္ဂ ီ ထရပ်လိုက်သည်။ ဒီနေရာ က မြန်မြန်သွားချင် နေပြီ။ နှစ်ယောက်ချင်း စကားကို ပြတ်ပြတ်သားသား ပြောလိုက်ချင်နေသည်။ ဒီဝိုင်း မှာက သိင်္ဂ ီ ပြောချင်တာ တွေ ပြောလို့ ရမည် မဟုတ်။

“ အင်း လေ၊ ဒါဆိုလဲ သွားတာပေါ့”

စိတ်မပါသလို မျိုးလေသံ နဲ့ ပြောပြီး ထလိုက်လာသည်။ သောက်လက်စ ကော်ဖီ ခွက်ကို တောင် သူဆက် မသောက်တော့။

“ သိင်္ဂ ီ ကလဲ ဘာတွေ အရေးကြီး နေတာလဲ၊ ဆရာ ပြီးအောင်စားပါစေဦး”

ဒေါ်ဒေါ်ကြည်က ဝင်ပြောတာကို ဂရုစိုက်မနေ တော့ပဲ သိင်္ဂ ီ ထွက်လာလိုက်သည်။ ကိုကို ကတော့ မတ်တပ်ကနေ ကော်ဖီကို ကုန်အောင်ဆက် သောက်လိုက်ပြီးမှ နောက်က လိုက်လာ၏။ အိမ်ရှေ့ မှာ ဦးစိုးက ကားအ ဆင် သင့်ထုတ်ထားပေး လို့ သိင်္ဂ ီ ခပ်တည်တည် ပဲ ရှေ့ခန်းမှာ တက်ထိုင် နေလိုက်သည်။ ကိုကို က ဘာမှ မထူးဆန်းသလို ခပ်တည်တည် မျက်နှာထားနဲ့ ဝင်ထိုင်ပြီး မောင်းထွက်လာသည်။ ခြံထဲက ထွက်လာတာ တော်တော် လေးကြာတဲ့ အထိ သိင်္ဂ ီ နဲ့ ကိုကိုစကားတခွန်းမှ မပြောဖြစ်ကြပါ။ ကိုကိုကတော့ ရှေ့ကို သာတည့်တည့် စိုက်ကြည့်ရင်းကားကို မနှေးမမြန် ခပ်မှန်မှန်လေး မောင်းနေသည်။

သိင်္ဂ ီကတော့ ကိုကို့ ကို ခိုးကြည့်လိုက်၊ ကားပြင်ကို ငေးလိုက်နှင့် တမနက်လုံးစီကုံး ထားတဲ့ စကားလုံးတွေ ကို လိုက်ရှာဖမ်းနေမိသည်။ ဒီလို တူတူသွား ဖို့ စိတ်ကူးရမိတုန်းကတော့ သိင်္ဂ ီ တွေးပြီး ပျော်ခဲ့ရသည်။ ခုတော့ သိင်္ဂ ီလည်း စကားမပြောနိုင်တော့ သလို ကိုကို ကလည်းနုတ်ဆိတ်ငြိမ် သက်နေ၏။

နှုတ်ခမ်းနီနီ လေးတွေကို မသိမသာစူရင်း သိင်္ဂ ီ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ ကိုကို ကလည်း တဆိတ် တော့ လွန်လွန်းပါသည်။ လူတကိုယ်လုံး လိုရာသုံးဖို့ ပုံအပ်ခဲ့တဲ့ မိန်းမသားတယောက်ကို ဒီလိုမျိုးကြီးလုပ်နေတာ လွန်နေပြီ မဟုတ်ပါလား။ သိင်္ဂ ီ လည်းမိန်းမသားတယောက် အနေဖြင့် ရှက်တတ်ပါ သည်။ ဒါပေမယ့် ကိုကို ဆိုတဲ့ အသိက သိင်္ဂ ီ့ကို ရူးသွပ်စေခဲ့ လို့ ညတုန်းက ကိုကို့ အတွက် မရှက် မကြောက် အား လုံးဖြစ်စေခဲ့မိသည်။ ခုတော့သူခိုးကလူဟစ်လို့ ရုပ်တည်ကြီးလုပ်နေပုံက အမြင်ကပ်ချင်စရာပါ။ ဒါကြောင့် ပြန်သတိရလာတဲ့ စကားလုံးတချို့ကိုတောင် ပြန်မျိုချလိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။

“ ဘယ်ကို ပို့ပေးရမှာလဲ”

သိင်္ဂ ီ့ရဲ့ အသံတိတ်ဗျူဟာ အောင်မြင်သည်။ မနေနိုင်သော ကျောက်ရုပ်ဆီက အသံထွက်လာ၏။ သိင်္ဂ ီ ဘာမှ ပြန်မဖြေဘဲ အပြင်ကို ငေးလို့သာနေတော့

“ သိင်္ဂ ီ ဘယ်သွားမှာလဲ”

“ မသိဘူး”

“ ဟာ … မသိရင်လဲ ဘာလို့ ထွက်လာသေးလဲ”

“ ခုစဉ်းစားနေတယ် လေ၊ စဉ်းစားလို့ ရရင်ပြောမယ်”

ကိုကို့ ဆီက သက်ပြင်းချသံကြားရသည်။ စိတ်ညစ်သွားမယ်ဆိုတာလည်း သေချာ၏။ သိင်္ဂ ီ စိတ်ကိုတင်း ထားလိုက်သည်။

“ ကိုယ် အလုပ်တွေ ရှိသေးတယ်၊ ဒီမနက်တင် appointment နှစ်ခုရှိတယ်၊ ကိုယ် မသွားလို့ မဖြစ်ဘူး”

“ ဒါဆိုလဲ ကိစ္စ ရှိတဲ့ ဆီ အရင်သွားလေ၊ သိင်္ဂ ီ ကတော့ အေးအေး ဆေးဆေး ပဲရပါတယ်”

“ သိင်္ဂ ီ လဲချိန်းထားတာ ရှိတယ်ဆို”

“ မရှိပါဘူး”

“ ခုနက ပြောတော့ ရည်းစားနဲ့ သွားတွေ့ဖို့ဆို”

“ အော် … ဒါလား”

သိင်္ဂ ီ ပြုံး လိုက်မိပါသည်။ ကိုကို့ မျက်နှာကို အပြုံးလေး နဲ့ စိုက်ကြည့်လိုက်မိရင်း

“ ရည်းစား နဲ့ မဟုတ်ဘူး၊ ယောက်ျား နဲ့”

“ ယောက်ျားနဲ့”

“ ဟုတ်တယ်၊ သိင်္ဂ ီ ယောက်ျားရ သွားပြီလေ၊ မသိဘူးလား”

ကိုကို့ မျက်နှာမှာ စိတ်မသက်မသာ ရှုပ်ထွေးတဲ့ အမူအရာတွေပေါ်လာပြီး

“ နဲနဲ ရှင်းအောင်ပြောပါလား သိင်္ဂ ီ ရယ်၊”

“ ညတုန်းကမှ ရလိုက်တာလေ၊ ရှင်းပလား”

ကိုကို့ မျက်နှာကြီး မအီမလည် နဲ့ ငိုင်ကျသွားသည်။

“ ဒါပေမယ့် လေ၊ သိင်္ဂ ီ ကံ ဆိုးတယ်၊ အဲဒီလူက သူလိုချင်တာ လဲရပြီးသွားရော သိင်္ဂ ီ့ကို အရေးလုံး၀ မစိုက် တော့ ဘူး၊ လူရာလဲ မသွင်းတော့ဘူး၊ အဲဒါကို စာရင်းရှင်း ချင်လို့ သိင်္ဂ ီ အခုထွက်လာတာ”

မအီမသာဖြစ် နေတဲ့ မျက်နှာက ပိုလို့ ညို့မှိုင်းသွားသည်။

“ ကိုယ် … ကိုယ် … လူမှားသွားတယ် ဆိုတာ သိင်္ဂ ီ လည်းသိပါတယ်၊ သိင်္ဂ ီ မှန်းသိတော့ ကိုယ် … ကိုယ် သွား ဖို့ ကြိုးစားပါသေးတယ်”

သိင်္ဂ ီ့မျက်နှာကို ရေနွေး ပူနဲ့ပက်လိုက်သလို နွေးကနဲဖြစ်သွားသည်။ မှန်ထဲမှာသာ ခုနေကြည့်လိုက်ရင် မျက်နှာ တခုလုံးရဲတွတ်နေမှာသေချာသည်။ ကိုကိုက သွားမယ်လုပ်တော့ဆွဲမိ တားမိတာက သိင်္ဂ ီ ပဲ မဟုတ်လား။ တော်သေးသည် ကိုကို က ဒါကိုထည့် မပြော၊ ဒီလိုတော့ လည်းကိုကို က သိတတ်ပါသည်။ သိင်္ဂ ီ သက်ပြင်းတချက်ရှိုက်လိုက်ပြီး အားတင်းလိုက်သည်။ သိင်္ဂ ီ ပြောစရာရှိတာ ပြောမှဖြစ်တော့ မည်။ ခုချိန်မှ မပြောလျှင် နောင်ပိုခက်ဖို့သာရှိလိမ့်မည်။

“ ဟုတ်ပါတယ်၊ တကယ်တော့ သိင်္ဂီ့ အပြစ်တွေပါ၊ သိင်္ဂီ ီက … သိင်္ဂီ ..က”

ပြောရင်း ရှက်စိတ်ကြောင့် သိင်္ဂ ီ့ အသံတွေ တုန်လာသည်။ ညတုန်းက သာဒီလို ရှက်ခဲ့ရင် ….. သိင်္ဂ ီ နောင်တရချင်သလိုလိုဖြစ်လာသည်။

......................................

“ ကိုယ်ဒီလို ဆိုချင်တာ မဟုတ်ပါဘူး၊ ကိုယ်ကိုက မူးမူးရူးရူးနဲ့ မဆင်မခြင် စလုပ်မိတာပါ၊ ဒီအတွက်လည်း ကိုယ် တောင်းပန်ပါတယ်”

“ ကိုကို ”

“ ဟင်”

“ ကားကို ခနရပ်လိုက်ပါလား၊ စကားပြောချင်လို့ပါ၊ မကြာပါဘူး၊”

ကိုကို က ကားကို လမ်းဘေး ကပ်ပြီးရပ်လိုက်သည်။

“ ကိုယ်လဲ သိင်္ဂ ီ့ကို စကားပြောချင်နေတာ”

“ ဘာပြောမလို့လဲ ကိုကို”

“ ဟို လေ …. တောင်းပန်မလို့”

ဘယ်လိုလူကြီးလဲ၊ သိင်္ဂ ီ စိတ်ညစ်သွားသည်။ ညထဲက တောင်းပန်နေတာ ခုထိတိုင်အောင် မပြီးနိုင်သေးပါလား။

“ တောင်းပန်စရာ မလိုဘူးလို့ သိင်္ဂ ီ ပြောပြီးပြီပဲ”

“ ဒါပေမယ့် … ဟိုလေ”

သူ့ ဟိုလေ ကလည်း ရှေ့ကို ဆက်မလာပဲ ဟိုလေမှာပဲ ရပ်နေသည်။

“ ဒီမယ် ကိုကို”

စိတ်တိုတို နဲ့ အော်မလို ခေါ်လိုက်တော့ ကိုကို ခေါင်းငုံ့သွားသည်။

“ ညက ကိုကို အခန်းထဲ ဝင်လာကထဲက သိင်္ဂ ီ နိုးနေပြီ၊ ခြေရင်းမှာ ရပ်နေတာလဲသိတယ်၊ ကုတင်ပေါ် ကိုတက်လာတာလဲ သိတယ်”

“ ဒါဖြင့်ရင်လဲ သိင်္ဂ ီပါ ဆိုတာပြောလိုက်ရောပေါ့ သိင်္ဂ ီ ရယ်”

မျက်နှာ လွှဲပြီး မပွင့်တပွင့်ဆိုသည်။ ဒီလို အထာတွေ သိင်္ဂ ီ မကြိုက်ပါ။

“ အို …. ဘာလို့ ပြောရမှာလဲ”

လွှတ်ကနဲ ထအော်လိုက်တော့ ကိုကို တွန့်သွားသည်။ သိင်္ဂ ီ့ကို နားမလည် သလိုလည်းကြည့်လာသည်။

“ သိင်္ဂ ီ ပြောပြီးပြီလေ၊ ကိုယ်ချစ်တဲ့ သူကို ဘယ်မိန်းမက ငြင်းမှာလဲ ကိုကိုရယ်”

ကိုကို့ မျက်နှာ အရောင် အမျိုးမျိုး ပြောင်းသွားသည်။ သူ့စိတ်ထဲ ဘာတွေတွေးနေ သလဲဆိုတာ သိင်္ဂ ီ သိ ချင် စမ်းလှသည်။ ဒါပေမယ့် တဖက်မှာ သိင်္ဂ ီ့ကို အထင်မြင်သေးသွား မှာကိုလည်း စိုးရိမ် စိတ်လေး ဝင်လာ ရ၏။

“ ဒါပေမယ့် သိင်္ဂ ီ ရယ်”

သိင်္ဂ ီ စိတ်ကုန်တာ အဲဒါပဲဖြစ်သည်။ ကိုကို့ ဆီက ဟိုလေ နှင့် ဒါပေမယ့် နှစ်မျိုး သာရှိလေရော့ သလား။

“ အရေး အကြီးဆုံးမေးမယ်၊ ကိုကို သိင်္ဂ ီ့ ကို ဒီအတွက် အထင်သေးသလား၊ ယောက်ျား တယောက်နဲ့ လွယ်လွယ် အိပ်တဲ့ မိန်းမလို့ထင်သလား”

ဒီအမေး ကိုတော့ ကိုကို ခပ်သွက်သွက်ပြန်ဖြေသည်။

“ မထင်ဘူး၊ မထင်ဘူး၊ လုံး၀ မထင်ပါဘူး”

“ ဒါဖြင့်ရင် ကိုကို က ဘာဖြစ်နေတာလဲ၊ လူကို မတူသလိုလို အဖက်မတန်သလိုလို နဲ့”

“ ကိုယ် အံ့သြနေတာ၊ ဖြစ်ခဲ့တာကို မယုံ နိုင်ဘူး၊ ကိုယ်လဲ အသွေးနဲ့ အသားနဲ့ ပါ။ တခြား မိန်းကလေး တ ယောက်ယောက် ဆိုရင်တောင် ဒီလောက်တုန်လှုပ်မှာ မဟုတ်ဘူး၊ ခုတော့ ကိုယ့်ဇနီးရဲ့ ညီမလေး နဲ့မှ”

ကိုကို့ အသံက တဖြည်းဖြည်း တိမ်ဝင်သွားသည်။ သိင်္ဂ ီ ကိုကို့ ကို နည်းနည်း နားလည်သလိုဖြစ်လာရ သည်။ ဆွေမျိုး အသိုက်အဝန်းကြား၊ မိတ်ဆွေ အပေါင်း အသင်းများကြားဝယ် ဦးအောင်ဘညို ဆိုသူ၏ တည်ကြည်မှု သည် လေးစားစရာ အဆင့်အတန်းတခု ရှိနေခဲ့သည် မဟုတ်ပါလား။ သိင်္ဂ ီ ကိုယ်လုံးလေးကို ကိုကို့ ဖက်ယိမ်း နွဲ့ လိုက်ပြီး ဂီယာ ပေါ် တင်ထားသောလက်ကို အပေါ်က အုပ်ကိုင်လိုက်သည်။ ဆတ်ကနဲတုန်သွားသော်လည်း လက်ကို ပြန်တော့ရုတ်မသွားပါ။

“ သိင်္ဂ ီ ပြောမယ်၊ သိင်္ဂ ီ့ ကြောင့် ကိုကို နဲ့ မမ အိမ်ထောင်ရေး ဘာမှ မဖြစ်စေရဘူး၊ ကိုကို က ဖြစ်ချင်ပါ တယ် ဆိုရင်တောင် သိင်္ဂ ီက အဖြစ်ခံ မှာမဟုတ်ဘူး ရှင်းပြီလား”

“ ဒါပေမယ့် ကိုယ်တို့ အခြေအနေက ….”

“ ယောက်ျားနဲ့ မိန်းမ အိပ်ပြီးတိုင်း လက်ထပ်ဖို့ လိုသလားကိုကို”

သိင်္ဂ ီ့ မျက်လုံးတွေထဲကို ကိုကို စိုက်ကြည့်လာသည်။

“ ဒီလို ပြောလို့ သိင်္ဂ ီ့ကို အထင်မသေးပါနဲ့၊ ကိုမျိုးနဲ့ လမ်းခွဲပြီး ကထဲက ကိုကို တယောက်ကို ပဲ သိင်္ဂ ီ ပုံပေးခဲ့တာပါ”

သက်ပြင်းလေးလေး ကြီး တချက်ချရင်း ကိုကို ကားရှေ့ မှန်ကနေ အပြင်ကို ငေးနေသည်။

“ အဲဒါကိုကို ယုံလားဟင်၊ တကယ့် စိတ်အမှန် နဲ့ ဖြေနော်၊ သိင်္ဂ ီ စိတ်မဆိုးဘူး၊ အမှန်ကိုပဲ သိချင်တယ်”

“ ယုံပါတယ်၊ တကယ်ပြောတာပါ၊ သိင်္ဂ ီ့ စိတ်ဓါတ် ကို အရင်ထဲက သိတာပဲ၊ သိင်္ဂ ီဟာ ဟော့ရမ်းတဲ့ မိန်းကလေးတယောက် မဟုတ်ဘူး ဆိုတာ”

“ ဒါဆိုရင် လဲပြီးရော၊ မောင်းတော့၊ ကိုကို့ အလုပ်တွေ နောက်ကျနေမယ်”

“ သိင်္ဂ ီ ကရော”

“ အဆင်ပြေတဲ့ နေရာ မှာဆင်းနေခဲ့မယ်၊ ဈေးဝယ်ဖို့ ကောင်းတဲ့ နေရာပေါ့”

Shopping Mall ကြီး တခုရှေ့ မှာကိုကို ရပ်ပေးသည်။ အထဲ အထိတော့ မဟုတ်လမ်းဘေး မှာရပ်သည်။ သူလည်း အရေးကြီး နေမှန်းသိနေလို့ ထပ်တွန့်တက် မနေတော့ဘဲ သိင်္ဂ ီကျေနပ်လိုက်သည်။ အချိန် တွေ အများကြီး ရှိသေးသည်လေ။

“ ကိုကို ..ခန”

သိင်္ဂ ီက သူ့ဖက်ကိုင်းပြီး ခေါ်လိုက်တော့ ကိုကို လှည့်ကြည့်သည်။ ပါးကို သိင်္ဂ ီက ဖျက်ကနဲ နမ်းလိုက်တော့ကိုကို့ မျက်နှာကြီး ရဲတက်သွား၏။ သူကြောင်အမ်းအမ်း ဖြစ်နေတုန်း မှာပဲ သိင်္ဂ ီ ဝင်းပစွာ ပြုံးရင်း ကားပေါ်က ဆင်းလိုက်သည်။

“ ညနေ မှ တွေ့မယ် ကိုကို၊ စောစော ပြန်ခဲ့နော်”

ကယောင်ကတမ်း ဟန်နဲ့ ကိုကို ခေါင်းငြိတ်ပြသည်။ ကြည့်ရသည်မှာ ယောင်တောင်တောင်နဲ့ ကားကို မောင်း ထွက်ဖို့ တောင် မေ့နေတဲ့ ပုံပေါက်နေလို့

“ သွားတော့ လေကိုကို ရဲ့၊ သိင်္ဂ ီ က ကိုကို သွားပြီး မှ အထဲဝင်မှာ…. တာ့တာ”

အိပ်မက်က လန့် နိုးလာသူလို ကိုကို ကားကို ကမန်းကတန်း မောင်းထွက်သွားတာ ကြည့်ပြီး သိင်္ဂ ီ အသံထွက်ပြီးရယ်လိုက်မိသည်။ ကား တော်တော်လေး ဝေးသွားတော့မှ မြူးကြွ သွက်လက် တဲ့ ခြေလှမ်းတွေ နဲ့အထဲကို လှမ်းဝင်ခဲ့၏။ ကွန်ကရစ်ခင်း ပလက်ဖေါင်းပေါ်မှာ သိင်္ဂ ီ့ ဒေါက်ဖိနပ်ခွာသံ လေးများက မြူးကြွ လတ်ဆတ်လို့ နေသည်။

{သချာၤညီမျှခြင်းတခုရှိသည် ဆိုပါစို့။ ဥပမာ …………….

2a + 16b = 3c + 24d

ညီမျှခြင်း တဖက်တချက်စီ တွင်ပါဝင်သော ကိန်းဂဏန်း တန်ဖိုးများ မတူညီကြပေ။ သို့သော်လည်း ထိုညီမျှခြင်း မှားယွင်း နေသည်ဟု မည်သည့် ပညာရှင်မှ ပြောလိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် တွဲလျှက်ပါရှိနေသော မြှောက်ဖေါ် ကိန်း များဖြစ်သည့် a,b,c နှင့် d တို့၏ တန်ဖိုး များကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သောကြောင့်ပင်တည်း။ ထို့ပြင် ကိန်းဂဏန်း တို့သည်ထင်ရှားမြင်သာ၏။ သို့သော် သူတို့ ချည်း သာဆိုလျှင် ခက်ခဲသော ပုစ ္ဆာများကို ဖြေရှင်းနိုင်စွမ်း မရှိပေ။ ဂဏန်းအက္ခရာ များဖြင့် ဖေါ်ပြသုံးနှုံးတတ်ကြသော မသိကိန်း တို့ကြောင့်သာလျှင် ရှုပ်ထွေးနက် နဲသော ပုစ ္ဆာတို့၏ အဖြေကို ရရှိနိုင်သည်။}

.................................................................................................

အခန်း ( ၇ )

တမနက်လုံး ဟိုပြေးဒီပြေး နှင့်လုပ်ခဲ့ ရပြီး ရုံးပြန်ရောက်ချိန် မှာလည်း လုပ်စရာတွေ က ထပ်တိုးသဖြင့် ဦး အောင်ဘညို ခေါင်းပင်မဖေါ်နိုင်ခဲ့ပါ။ စားပွဲ ရှေ့ မှာ အေးအေး လာရပ်တော့မှ ဖတ်လက်စ စာရွက်တွေ ဆီက မျက်လုံးကို ခွာလိုက်ပြီး

“ ဘာလဲ အေးအေး”

“ လေးလေး နေ့ လည်စာစားဖို့ ဘာလုပ်ပေးရမလဲ”

ဦးအောင်ဘညို လက်က နာရီကို ကြည့်လိုက်ရာ နေ့လည် နှစ်နာရီခွဲနေလေပြီ။

“ ခုမှ မေးရလား အေးအေးရယ်”

“ လေးလေး အလုပ်များနေတာကိုး၊ သမီးလဲ အခုမှ အပြင်က ပြန်ရောက်တာလေ”

သတိပေးဖေါ် မရသည့် ခင်မောင်တင့်ကို စိတ်ထဲက အပြစ်ဆိုချင်မိသော်လည်း သူ့ ခမျာလည်း အား ရှာ သည် မဟုတ်။ ဦးအောင်ဘညို ပါးစပ်က ခိုင်းသမျှတွေ တောက်လျှောက်လိုက်လုပ်ပေး နေခဲ့ ရသည်။ အေးအေး ကို အစိုးရ ဌာနကြီး တခုသို့ ရုံးကိစ္စ ခိုင်းထားမိသည့် အတွက် ဦးအောင်ဘညို သာမက ခင်မောင်တင့်ပါ ဘာမှ စားရဟန် မတူသေး။

“ အဆင်ပြေတာပဲ လုပ်လိုက်ဟာ၊ နင်တို့ လင်မယားလဲ မစားရသေးဘူး မဟုတ်လား၊ နင်တို့ဖို့ပါ ဝယ်လိုက်၊ နင်စားချင်တာသာ ဝယ်ခိုင်းလိုက်”

“ သမီးက မသွားခင် ချိုင့်ဖွင့် စားသွားသေးတယ်၊ ကိုခင်မောင်တင့် တော့ မသိဘူး”

“ မေးကြည့်လိုက်လေ”

အေးအေး ပြန်မထွက်ခင်မှာ hand phone မြည်လာသည်။ ကြည့်လိုက်တော့ သိင်္ဂ ီ့ ဖုန်းနံပါတ်။ သက်ပြင်းချရင်းထူးလိုက်ရာ

“ ဟဲလို”

“ ကိုကိုအောင် …. သိင်္ဂ ီ့ ဆီ ကားတစီးလောက် လွှတ်ပေးပါလား၊ ဖြစ်နိုင်ရင် ခင်မောင်တင့်ပေါ့၊ ဒီမှာ မနိုင်မနင်းတွေ ဖြစ်နေလို့”

“ ဘာတွေ ဖြစ်နေတာလဲ”

“ Shopping ထွက်ထားတာတွေလေ၊ ဟဲဟဲ၊ များနေလို့ ရွာလည်နေတယ်”

“ အာ … ခင်မောင်တင့် က ထမင်းတောင် မစားရသေးဘူး”

“ ကိုကို ရော စားပြီးပြီလား”

“ မစားရသေးဘူး၊ အလုပ်တွေရှုပ်နေလို့၊ ခုတောင် ဒီကောင့်ကို နေ့လည်စာ ဝယ်ခိုင်းမလို့”

“ ဒါဆို၊ ဘာစားမလဲ ပြော၊ သိင်္ဂ ီ ဝယ်ပေးလိုက်မယ်”

“ ရပါတယ်”

“ရပါတယ်လုပ် မနေနဲ့၊ သိင်္ဂ ီ အဆင်ပြေတာ ဝယ်ထည့်ပေးလိုက်မယ်၊ ဒါပဲ၊ ခင်မောင်တင့် သာလွှတ် လိုက်”

သူမ ပြောချင်ရာ ပြောပြီး ဖုန်းချသွားသည်။ သိင်္ဂ ီ က စားစရာ ဝယ်ထားသည် ထားဦးတော့ သိင်္ဂ ီ့ကို အိမ်ပြန် ပို့၊ ပြီးတော့ မှ ခင်မောင်တင့်က ပြန်လာနှင့် ညနေစောင်း မှ စားစရာ ရပေတော့မည်။ သို့သော်လည်း ခုနေ ခါတွင် သိင်္ဂ ီ့ကို လွန်ဆန်နိုင်စွမ်း မရှိလေသောကြောင့်

“ အေးအေး ရေ၊ ခင်မောင်တင့် ငါ့ဆီ လွှတ်လိုက်စမ်း”

ခင်မောင်တင့် ကို အကျိုးအကြောင်း ပြောလွှတ်လိုက်ပြီး နောက် အေးအေး ကို ကော်ဖီ တခွက်ဖျော် ခိုင်းပြီးအဆာပြေ သောက်လိုက်သည်။ တခြားသူ တယောက်ယောက် ကို ထပ်ခိုင်း လိုက်လျှင် ရသော်လည်း ဦး အောင် ဘညို အလိုလို ကို စားချင်သောက်ချင်စိတ် ကုန်နေသလိုဖြစ်နေသောကြောင့် ထပ်ဝယ် မခိုင်း တော့ပါ။ သို့သော် များမကြာမှီပင် ခင်မောင်တင့် ပြန်ရောက်လာသည်။ တယောက်ထဲတော့ မဟုတ်၊ သိင်္ဂ ီ ပါ အတူ လိုက်လာ၏။ ရုံးခန်းထဲ သို့ စားစရာ အထုပ်တွေ နှင့် အတူဝင်လာသော သိင်္ဂ ီ့ကို မြင်ပြီး ဦးအောင်ဘညို မျက်လုံးပြူးသွားသည်။

“ ဘာလဲ … မလာရ ဘူးလား”

အရိပ်အကဲကို သတိထားမိသော သိင်္ဂ ီက ဆိုသည်။

“ မဟုတ်ပါဘူး၊ ရောက်လာတာ မြန်လို့”

“ ဘယ်မှာ မြန်လို့လဲ၊ သိင်္ဂ ီ ဖုန်းဆက်တော့ နှစ်နာရီခွဲ၊ အခု သုံးနာရီ ကျော်နေပြီ”

“ အိမ်ကို အရင်မပြန်ဘူးလား”

“ မပြန်တော့ဘူးလေ၊ ခင်မောင်တင့်ပြောတော့ ကိုကိုအောင် နဲ့ သူ ဘာမှ မစားရသေးဘူးတဲ့၊ ဒါကြောင့် ဒီကို အရင်လာတာ၊ ပြီးမှ ပြန်တော့မယ်၊ အေးအေး ရေ လာပါဦး နင်တို့သူဌေးကို ဘယ်လို ကျွေးရမှာလဲ”

အေးအေး ပြေးဝင်လာပြီး အခန်းထဲက စားပွဲတလုံး မှာသိင်္ဂ ီ့ကို ကူညီပြီး ပြင်ဆင်ပေးသည်။

“ မမသိင်္ဂ ီ က ထမင်း ဝယ်လာတာကိုး”

“ အေးလေ၊ ဘာဝယ်ရမှန်း မှ မသိတာ၊ ထမင်းဆိုင်တွေ့တာနဲ့ ဝယ်လာတာ၊ ဖြစ်လား ကိုကို အောင်”

“ ရပါတယ်”

“ အေးအေး ရေ၊ မ ဖို့လဲ ပန်းကန်ရှိရင် ပေးပါဦး၊ ဒီမှာလဲ မစားရသေးဘူး၊ ခင်မောင်တင့်လဲ လာလေ”

“ မမတူ က အပြင်မှာ ချိုင့်ဖွင့်ပြီး ကြိတ်နေပြီ၊ ပြီးတောင်ပြီးတော့မယ်”

သူတို့ တွေလုပ်ကိုင်နေကြသည်ကို ဦးအောင်ဘညို စားပွဲကနေလှမ်းကြည့် နေမိသည်။ အေးအေး သည် လည်း သူ့ အတိုင်းအတာ နှင့်သူ ချစ်စဖွယ်ကောင်းသည့် မိန်းကလေး တယောက်ဖြစ်ပါသည်။ သို့သော်သိင်္ဂ ီ့ ဘေးမှာ ရပ်လိုက်သော အခါ လမင်းကြီးဘေးက ပိုးစုန်းကြူးလေး လိုဖြစ်သွားသည်။ သိင်္ဂ ီ လှမှန်းအစောကြီးထဲက သိသော်လည်း ဒီနေ့ မှ စေ့စေ့စပ်စပ်ကြည့် မိသည်။ အသားအရည်၊ ကိုယ်နေဟန်ထား၊မျက်နှာနှင့် ဝတ်စားဆင်ယင်မှု အားလုံးတွင် အပြစ်ဆိုဖွယ်မရှိပါ။

.......................................

ဦးအောင်ဘညို လှမ်းကြည့်နေသည် ကို သိင်္ဂ ီလည်းမြင်၏။ အေးအေး မမြင်အောင် နှာခေါင်းလေး ရှုံ့ ပြရာ ဦးအောင်ဘညို ကျောထဲမှာ စိမ့်ကနဲဖြစ်သွားရသည်။ ဘယ်လိုလူစား က သိင်္ဂ ီ လိုမိန်းမချော၏ ဆွဲ ဆောင် မှု့ မှလွတ်မြောက်အောင်ရုန်းထွက်နိုင်ပါအံ့ နည်းဟု လည်းတွေးနေမိသည်။ သိင်္ဂ ီ သည် အပြင်ပ ရုပ်ရည်သာမက အတွင်းဖက်တွင်လည်း တိမ်းမူးစေ နိုင်သည့် အလှတရားတွေ ရှိကြောင်း မျက်ဝါး ထင် ထင်သိခဲ့ ပြီးနောက် သိင်္ဂ ီ နှင့် ကွာရှင်းသွားခဲ့သော ကိုမျိုးဆိုသည့် သင်္ဘောသားလူထွက် ဂီတ သမားကို အံ့သြနေမိသည်။ ကွာရှင်း ဖို့ သူ့ဖက်က စပြီးတောင်းဆို ခဲ့ခြင်းဟု မသူဇာ တခါပြောဖူး၏။

“ လေး လေး၊ ထမင်းစားလို့ ရပြီ”

အတွေးထဲ မှာနစ်နေရာမှ အေးအေး ခေါ်သံကြောင့် သတိဝင်လာပြီး ထမင်းဝိုင်း ပြင်ထားရာဆီ ထလာလိုက်ရသည်။

“ ရော့၊ စား စား၊ လူကြီးဆိုတော့ ဦးဖယ်ရတယ်”

သိင်္ဂ ီ က ပြောင်စပ်စပ် မျက်နှာ ပေးဖြင့် ဆိုသည်။ ထမင်းစားဖို့ ပြင်ထားသော စားပွဲက အခန်းထောင့် မှာကပ်ထားသော စားပွဲ အပိုဖြစ်သဖြင့်မျက်နှာစာ နှစ်ဖက်သာ လွတ်သည်။ စားပွဲမှာ စားဖို့ ထိုင်လိုက်သော အခါ သိင်္ဂ ီ နှင့် ဦးအောင်ဘညို က ထောင့်မှန် အနေ အထား အတိုင်းထိုင်ကြခြင်း ဖြစ်သော်လည်း စားပွဲက သိပ်မကြီးသော ကြောင့် အောက်တွင် ခြေထောက်ခြင်း ထိကပ်နေ၏။ သိင်္ဂ ီ့ကိုကြည့်လိုက်ရာ ဘာမှ မဖြစ်သလိုပင်ရှိ၏။ သိင်္ဂ ီ့ အမူအရာကို ကြည့်ပြီး ခြေထောက်တွေကို ရှောင်လိုက်ဖို့ ဦးအောင်ဘညို အားနာသွားရသည်။ သိပ်ပြီး အကဲပါလွန်းရာ ကျမည် မဟုတ်ပါလား။ သိင်္ဂ ီ ကတော့ ပေါ့ပေါ့ ပါးပါးပင် စကားတွေ ပြောရင်းထမင်းစားနေသည်။ ဦးအောင်ဘညို လည်းစားနေ သော် လည်း စိတ်က တခုခု လိုနေသလိုခံစားရသည်။ အထူးသဖြင့် သူ၏ ခြေသလုံးတွေက ထိကပ်နေသောသိင်္ဂ ီ့ ခြေသလုံးလေး၏ နူးညံ့သော အထိအတွေ့ကိုသိနေသည်။

ထိုခြေသလုံးလေးသည် ပန်းပွတ်သမားတယောက်၏ အကောင်းဆုံးလက်ရာလို ချောမွတ်နေကြောင်း၊ ထို ခြေသလုံး၏ အထက်တွင်ပြည့်ဖြိုးနုညက်သည့် ပေါင်တံ ရှိနေကြောင်း သေသေချာချာသိနေသည့် ဦး အောင်ဘညို အတွက် သိင်္ဂ ီ့ ၏ အထိအတွေ့ နောက်ကို လိုက်ရင်း ထမင်းကို စားမှန်းမသိစားနေမိသည်။ ဦးအောင်ဘညို စိတ်တွေ ကတိမ်းကပါးဖြစ်နေသည်ကို သိင်္ဂ ီ လည်း ရိပ်မိသည်ထင်ပါသည်။ မျက်နှာဖြူဖြူ လေး က တဖြည်းဖြည်း အနီရောင်သမ်း လို့လာသည်။ အရည်လည်နေသော မျက်ဝန်းညိုညို တို့ဖြင့် တစိုက်မတ်မတ် ပြန်ကြည့်လာ၏။

“ ဘာဖြစ် နေတာလဲ လို့”

အေးအေး အပြင်ဖက်ထွက်သွားခိုက် ငြူစူသလို အသံဖြင့် မေးလာသည်။

“ ဘာဖြစ်လို့လဲ ဘာမှ မဖြစ်ပါဘူး”

သိင်္ဂ ီက ခြေထောက်ချင်း ပူးယှက်သွားအောင်ပိုပြီးတိုးကပ်လိုက်ရင်း

“ သူများ ကြည့်နေတာကြာပြီ၊ ဟင်းလည်း မပါဘဲ ထမင်းတွေချည်းပဲ ခပ်စားနေတာ ဘယ်နှစ်ဇွန်းရှိပြီထင်လဲ”

လူကြီး ရှက်တော့ ရယ် ဆိုသော်လည်း ဦးအောင်ဘညို မရယ်နိုင်ပါ။ ရုတ်တရက်ဖြစ်လာသော အရှက်တရားကြောင့် ထူပူသွားပြီး လက်ထဲကဇွန်းကို ပစ်ချလိုက်မိသည်။

“ သူက ချည်းပဲဖြစ်နေတယ်၊ ဒီကဖြစ်ဖို့လဲ ထားပါဦး”

သိင်္ဂ ီက ဦးအောင်ဘညို လက်ကို လှုပ်ခါရင်း ပြောလိုက်သည်။ ဦးအောင်ဘညို ဘာပြန်ပြောရမှန်း မသိဘဲ ကြောင်ငေးငေး ဖြစ်နေစဉ်

“ အေးအေး ပြန်လာပြီ”

ခပ်အုပ်အုပ် အသံဖြင့်ပြောလိုက်ပြီး သိင်္ဂ ီ ထမင်းကိုဟန် မပျက်ဆက်စားနေသည်။ ဇွန်းကို ပြန်ကောက်ကိုင်လိုက်ရသော ဦးအောင်ဘညို မှာမူဆက်စားဖို့ မေ့နေသလို ရှိ၏။

“ ဟင် … လေးလေး က ဘာမှလဲ မစားဘူး”

အလိုက်ကမ်းဆိုး မသိပြောလာသော အေးအေး စကားကြောင့် ဦးအောင်ဘညို လက်ထဲက ဇွန်းကို ပြန်ချလိုက်ရပြီး

“ ငါ အဆာလွန်သွားလားမသိဘူး”

အေးအေး က စိတ်မကောင်းဟန်ဖြင့်

“ သမီး မေ့ သွားတာ၊ တယောက်ယောက်ကို မှာခဲ့ လဲရသားနဲ့”

“ မဟုတ်ပါဘူးဟာ၊ ငါလဲ မေ့နေတာ၊ ငါနဲ့ ခင်မောင်တင့် အပြင်မှာစားခဲ့ လည်းရသားနဲ့၊ သိမ်းလိုက်တော့ ဟာ”

အေးအေး စားပွဲ အောက်ဖက်ကို မျက်လုံးမရောက်ပါစေ နှင့်ဟု ဆုတောင်းရင်း ဦးအောင်ဘညို ထိုင်ရာက ထဖို့ ပြင်သော်လည်း သိင်္ဂ ီက မျက်မှောင် ကုပ်ပြီး ကြည့်လိုက်သော ကြောင့်ဟန်မပျက်ဆက်ထိုင်နေရသည်။

“ မမ သိင်္ဂ ီ ရော အဆင်ပြေလား”

“ ပြေတယ်၊ တို့ကတော့ စားလို့ အရမ်းကောင်းတာပဲ၊ ဗိုက်တောင်တင်းနေပြီ”

“ လျှော့ စားလေ မမရဲ့၊ လုံချည်ကို”

“ ပြီးမှ လျှော့တော့မယ်၊ ခုတော့ စားလိုက်ဦးမယ်”

ဦးအောင်ဘညိုက ပန်းကန် တဝက်လောက်သာကုန်သော်လည်း သိင်္ဂ ီ ကတော့ ထမင်း တပန်းကန် ကုန်အောင်စားလိုက်သည်။ သိင်္ဂ ီစားပြီးတော့မှ အေးအေးက ဆေးကြောဖို့ ပန်းကန်တွေကို ခင်မောင်တင့်နှင့် အတူ သယ်ထုတ်သွားသည်။ သူတို့ ထွက်သွားပြီးနောက် သိင်္ဂ ီက မတ်တပ်ထရပ်ပြီး ထမိန်ပြင်ဝတ်သည်။

......................................

“ ဝချင်လာလား မသိဘူး၊ နည်းနည်းစားလိုက်တာနဲ့ လုံချည်က ကျပ်လာပြီ”

ဘာကြောင့်မှန်း မသိ သိင်္ဂ ီ ထမိန်ပြင်ဝတ် နေသည်ကို ဦးအောင်ဘညို မျက်နှာ မလွှဲဘဲ စိုက်ကြည့်နေ မိသည်။ သိင်္ဂ ီလည်းသတိထားမိသွားသော်လည်း ဘာမှ မဖြစ်သလို ဖြင့်ဆက်လုပ်နေ၏။ ထမိန်ကို ဖြန့်လိုက်သော အခါ ပျော့ပျောင်း သော အဝတ်စက အသားတွင်ကပ်သွားသည်။ ဆီးခုံ မို့မို့ နှင့် ပေါင်တံ တွေ က အထင်းသားကြွတက်လာသည်။ အသက်သုံးဆယ် ကျော်ပြီဆိုသော်လည်း သိင်္ဂ ီ့ မှာ အဆီပိုတွေ မရှိ သေး ပါ။ ဖောင်းသင့် သည့်နေရာ မှာ ဖောင်း ချပ်သင့်သည့် နေရာမှာချပ်ပြီး း ကြည့်လို့ ကောင်းနေဆဲ။ အမှုမထား သလိုဟန်လုပ်နေသော်လည်း ဦးအောင်ဘညို ၏ အကြည့်က စူးရဲလွန်းလှသောကြောင့် သိင်္ဂ ီ့ မျက်နှာလေး ရဲတွတ်သွားသည်။

“ ဘာလို့ ဒီလောက်ကြည့်နေရတာလဲ”

မျက်စောင်းထိုးရင်း ပြောလိုက်သော အခါ ဦးအောင်ဘညို လန့်သွားပြီး သိင်္ဂ ီ့ မျက်နှာကို မရဲတရဲ မော့ ကြည့်မိရာ သိင်္ဂ ီ့ မျက်လုံးတွေက မျက်ရည်ဝဲသလိုလို နှင့်ရီဝေနေသည်။ ရှက်တက်တက် မျက်နှာထားဖြင့် မပွင့်တပွင့်ပြုံးရင်း တိုးတိုးညင်သာ ပြောလာပြန်သည်။

“ လိုချင်လို့လား၊ ညကျရင် ရမယ် စိတ်ချ”

တိုးတိုးလေး ဖြစ်သော်လည်း ပွင့်လင်းသည့် အပြောကြောင့် ဦးအောင်ဘညို လက်တုန်ခြေတုန် ဖြစ်သွားရသည်။ ချက်ချင်း ပြန်ပြီး စကားမဆိုနိုင်။ ထို အခိုက် ခင်မောင်တင့် ပြန်ဝင်လာသောကြောင့် အနည်းငယ်စိတ်သက်သာရသလို ဖြစ်ရသည်။

“ မမ သိင်္ဂ ီ ပြန်ဖို့ ဘယ်လိုလုပ်ပေးရမလဲ”

အဒေါ် နှင့် တူ ဖြစ်သော်လည်း အသက်ချင်း က များစွာ မကွာခြားသောကြောင့် ခင်မောင်တင့်က မမ ဟုပင်ခေါ်၏။

“ နင်က ငါ့ ကိုပြန်ပို့၊ ပြီးရင် ရုံးတခေါက် ပြန်လာနဲ့ ရှုပ်တယ်၊ ညနေပဲ စောင်း နေပြီ၊ နင်တို့ လေးလေး ပြန်မှပဲ ငါတခါထဲ လိုက်သွားတော့မယ်”

ဦးအောင်ဘညို ကိုယ်စား သိင်္ဂ ီက ဝင်ဖြေရှင်း ပေးလိုက်သည်။ ပြောတာကနည်းလမ်းကျသော ကြောင့် ဦးအောင်ဘညို လက်ခံလိုက်ရသည်။ တကူးတက ကားမောင်းပြီး ပြန်ပို့ရမည့် ခင်မောင်တင့် လည်း သဘောကျသွားသည်။ နာရီ ကိုမြှောက်ကြည့် လိုက်ရင်း

“ တနာရီ ကျော်လောက်တော့ လိုသေးတယ်၊ မမသိင်္ဂ ီပျင်းရင် အေးအေး ခေါ်ပြီး ဈေးဝယ် တခေါက်ထွက် လို့ရသေးတယ်၊ သူလဲ အားနေပြီ”

“ ပိုက် ဆံ ကုန်လာပြီဟဲ့၊ ဒီနေ့ အပ်လာတာ တွေ ရွေးဖို့ တောင် နင်တို့ သူဌေး ဆီ က ပိုက်ဆံ ဆွဲရ ဦးမှာ”

“ အောင် မယ်လေး၊ ဒါတောင် ကျန်သေးတယ်လား၊ ထင်တော့ထင်သားပဲ ထမင်းတွေ ဟင်းတွေ ဝယ်လာပြီး ကျွေးနေထဲက ထင်တော့ ထင်သား၊ ပိုက်ဆံ ချေးမလို့ကိုး”

“ ဘယ်လောက် ယူမှာလဲ သိင်္ဂ ီ”

ကိုယ့်စားပွဲ ကိုယ်ပြန်ဖို့ ထရင်းဦးအောင်ဘညို မေးလိုက်သည်။

“ အင်း …. ခုထိတော့ မမှန်းတတ်သေးဘူး၊ မန ္တလေး ကို လှမ်းတော့ မှာမှာပါ၊ လောလောဆယ် သုံးစရာမရှိတော့လို့”

လျှာလေးထုတ်ရင်း ပြောင်စပ်စပ် ပြောသည့် အမူအရာက အသည်းယားစရာ ကောင်းလှသည်။

“ ဒါဆိုလဲ အိမ်ရောက်မှ ယူလေ”

“ ရတယ်၊ မနက်ဖြန်မှ လိုမှာပါ၊ ခုတော့ အေးအေး ခေါ်ပြီး ရုံးထဲ လိုက်ကြည့်လိုက်ဦးမယ်၊ မရောက်တာ ကြာပြီ၊ ဘာတွေ များထူး နေမလဲလို့”

“ ဘာမှ မထူးဘူး၊ လူတွေ ပိုများလာတာပဲ ရှိတယ်၊ နေရာ ပိုကျဉ်းသွားတာပေါ့”

ဦးအောင်ဘညို ကိုယ်စားခင်မောင်တင့် က ဝင်ဖြေပေးသည်။

“ ကဲလေ၊ အဲဒါဆိုလဲ လျှောက်ကြည့် ပြီးလိုအပ်သည်များကို ညွှန်ကြားရသေးတာပေါ့”

ခင်မောင်တင့် နှင့် သိင်္ဂ ီ ထွက်သွားမှ အလုပ်စားပွဲပြန်ထိုင်ဖြစ်သည်။ လုပ်စရာတွေ ရှိသော်လည်း လုပ်ရတာ အပေါက် အလမ်းမတည့် သလိုဖြစ်နေသည်။ မျက်လုံးထဲမှာ ခုနက သိင်္ဂ ီ့ အမူအရာတွေကို ပြန် မြင် နေသလို နားထဲမှာလည်း ပွင့်လင်းသော အပြော ကိုထပ်ခါထပ်ခါပြန်ကြားယောင်နေမိ၏။ စိတ်မဖြောင့် တော့မှ အလုပ်ကလည်း တညနေလုံး အဆင်မပြေ။ ဖြေရှင်းစရာ တွေက တခုပြီးတခု ဦးအောင် ဘညို ဆီ ရောက်လာသည်။ ခင်မောင်တင့် နှင့် အေးအေး လည်းမနားရတော့။ သိင်္ဂ ီ ကတော့ တခါတခါ ရုံး ခန်းထဲ ဝင်လာတတ်သည်။ ဦးအောင်ဘညို အလုပ်ရှုပ်နေသည်ကိုမြင်လျှင် ဝန်ထမ်းတွေကို အော်ငေါက် ပြောဆိုနေတာ ကိုမြင်လျှင် ပြုံးပြပြီး ပြန်ထွက်သွားတတ်သည်။ ခါတိုင်း ဆိုလျှင် သူဒီလောက် စိတ်မတိုတတ်မှန်းဦးအောင်ဘညို ကိုယ့်ကိုယ်ကို သိသော်လည်း ယနေ့ အထူးတလည် စိတ်တိုနေမိသည်။

ကိစ္စဝိစ္စ တွေ ရှင်းသွားတော့ ညနေခြောက်နာရီခွဲလုပြီ။ အလုပ်ရှိသော ဝန်ထမ်း အချို့ နှင့် ခင်မောင်တင့် တို့လင်မယားမှ အပ အားလုံး ပြန်ကုန်ကြပြီ။ ဦးအောင်ဘညို ပစ္စည်း တွေသိမ်းပြီး ထွက်လာချိန်တွင် ရုံးခန်းဝကအေးအေး၏ စားပွဲရှေ့ခုံမှာ မှောက်ပြီး အိပ်နေသော သိင်္ဂ ီ့ ကိုမြင်လိုက်ရသည်။ တံခါးကို ကျောပေးပြီး အိပ်နေသော မြင်ကွင်းက သိင်္ဂ ီ့၏ နောက်ပိုင်း အလှကို တိကျစွာ ပေါ်လွင်စေသည်။ ကောက်ကြောင်း တွေက ပြတ်ပြတ်ထင်ထင် ရှိလွန်းလှသည်။

အထူးသဖြင့် ဝိုင်းစက်ပြည့်တင်းသည့်တင်ပါးတွေက အသက်ရှုမှားလောက်သည်။ အင်္ကျ ီစ က အပေါ်သို့ မြောက်တက်ပြီး မြင်ရသည့် ဝင်း ဝါသည့်ခါးကလေး နှင့် ကျော့ ရှင်းသပ်ရပ်သည့် ကျောပြင်ကလေး။ ဆံစ တွေ က ကပိုကရိုနှင့်။ ခြေလှမ်းတွေ ခနရပ်ကာကြည့်နေမိပြီးမှ သတိဝင်လာပြီး

“ ပြန်မယ် လေ ထတော့ သိင်္ဂ ီ”

သိင်္ဂ ီ အိပ်ပျော်နေပုံ မရပါ။ ချက်ချင်းခေါင်းမတ်လာသည်။ ဖရိုဖရဲဆံနွယ်တွေကို လက်ဖြင့်သိမ်းရင်း

“ မအိပ်ပါဘူး မှိန်းနေတာပါ”

“ အင်းပါ၊ လာလာ သွားတော့မယ်လေ”

ဦးအောင်ဘညို လက်မောင်းကို လှမ်းခိုပြီး သိင်္ဂ ီ ထထိုင်သည်။ တော်ပါသေးသည် အနားမှာ ခင်မောင်တင့်တို့ လင်မယားရှိမနေပါ။

“ အလုပ်တွေ ပြီးပြီလား”

စားပွဲပေါ်တင်ထားသည့် အိတ်ကိုလှမ်းယူရင်း သိင်္ဂ ီ မေးသည်။

“ ပြီးပြီ”

အိတ်ကို လွယ်မလိုလုပ်ပြီးမှ ပြန်ချလိုက်ပြီး မရွှေ သိင်္ဂ ီ က ထမိန်ပြင်ဝတ်ဖို့ လုပ်လေသောကြောင့် ဦး အောင်ဘညို ထွက်လာခဲ့သည်။ မြင်လျှင်ကြည့်မိဦးမည် မဟုတ်လား။ ထို့ကြောင့် ခပ်သုတ်သုတ် လျှောက် လာပြီး ကားပေါ်တက်ထိုင်နေလိုက်သည်။ နောက်ခန်းကို ကြည့်လိုက်တော့ စက္ကူအိတ်တွေ ပလပ်စတစ် အိတ်တွေ ခုံနှင့် အပြည့်နီးပါးပင်။ သိင်္ဂ ီ ဘာတွေလျှောက်လုပ်လာသည်မသိ။ ခနကြာတော့ ပြုံးစစ မျက်နှာထားဖြင့် သိင်္ဂ ီ ရောက်လာသည်။ ဦးအောင်ဘညို လှည့်မကြည့် မိအောင် စိတ်ကိုထိန်းထားလိုက်သည်။

“ ခင်မောင်တင့် တို့က ဘယ်လိုပြန်မှာလဲ”

“ သူတို့ နဲ့ နောက်ကျတဲ့ သူတွေကို ပို့ပေးဖို့ ကားရှိတယ်”

“ အော်”

သိင်္ဂ ီ မျက်နှာကိုပါ ပြင်ဆင်လာကြောင်း မျက်လုံးထောင့် ကနေမြင်ရသည်။ ကားကို မောင်းထွက်လာချိန်တွင်သိင်္ဂ ီ နှုတ်ဆိတ်နေ၏။ အနည်းငယ်ကြာတော့မှ

“ သိင်္ဂ ီ့ကို တခုခု ဝယ်ကျွေးပါလားဟင်”

“ မကျွေးချင်လို့ ပြောတာ မဟုတ်ဘူးနော်၊ အိမ်ပဲပြန်ရောက်တော့ မယ့်ဥစ္စာ”

“ ကိုကို ဆိုင်ဝင်ဦးမှာ မဟုတ်လား”

“ ဘာဆိုင်လဲ”

“ စားသောက်ဆိုင်လေ၊ နေ့တိုင်း အပြန်ဆို ဝင်မော့ နေကျမဟုတ်လား”

“ နေ့တိုင်းရယ်လို့ တော့ မဟုတ်ပါဘူး၊ တခါတလေမှပါ”

သိင်္ဂ ီ လွင်လွင်လေးရယ်သည်။

“ တခါ တလေ ဆိုတာ တနေ့တခါလား”

“ မဟုတ်ပါဘူး၊ သိင်္ဂ ီ့ကို ဘယ်သူပြောလဲ”

“ ဒီလိုပေါ့၊ သိင်္ဂ ီ့ မှာ ထောက်လှမ်းရေးတွေ ရှိတယ်၊ ဒီနေ့တော့ ကိုကို သိင်္ဂ ီ ပါလို့ မသောက်ရဘူး ဖြစ်မှာစိုးလို့ပါ”

အမှန် အတိုင်းဝန်ခံရလျှင် ဦးအောင်ဘညို သောက်ချင်စိတ်ရှိသည်။ သိင်္ဂ ီ လိုက်မည်ဆိုသည့် အတွက် မသောက် ဖြစ်တာလည်း တမျိုးကောင်းပါသည်။ တယောက်ထဲပြန်လျှင် သောက်မိမည်။ သောက်ပြီး မူးသွား လျှင် ကျော်ကျော့် ဆီရောက်ကောင်းရောက်သွား နိုင်သည်။ ခုချိန်မျိုး မှာ ဦး အောင်ဘညို ကျော်ကျော့် ဆီ မသွားချင်ပါ။

“ ငြိမ်နေတယ်၊ သိင်္ဂ ီ့ကိုခေါ် မသွားချင်လို့လား၊ အမြည်းစားချင် လို့ပါ”

“ ဒီနေ့ မသောက်တော့ ဘူးလားလို့”

သိင်္ဂ ီက ဦးအောင်ဘညို ပုခုံးကို မှီလိုက်ပြီး မျက်နှာကိုမော့ကြည့်သည်။

“ မှန်မှန် ပြောကွာသိချင်တယ်၊ သိင်္ဂ ီ နဲ့ မသွားချင်တာ မဟုတ်လား၊ သူများကတော့ နေ့လည်တုန်းက စေတနာနဲ့ ဝယ်လာပြီးကျွေးရတယ်”

“ မဟုတ်ရပါဘူး သိင်္ဂ ီရယ်၊ ကိုယ်က နေ့တိုင်းသောက်နေတဲ့ မသောက်ရမနေနိုင် အရက်သမားကြီး လဲ မဟုတ်ပါဘူး”

“ ဒါဆိုလဲ လိုက်ဝယ်ကျွေးပေါ့၊ ကိုကို့ ဖာသာ သောက်ချင်သောက် မသောက်ချင်နေ”

ပုခုံးကို မှီရင်းတိုက်ရင်း ပြောလာသော သိင်္ဂ ီ့ကို ဘယ်လိုငြင်းရမှန်းမသိတော့၊ သူမ ကိုယ်လုံးလေး လှုပ်ရှားလိုက်တိုင်း နုသောအိသော ရင်သားတွေက ဦးအောင်ဘညို လက်မောင်းကို ပွတ်သပ်ကျီစယ် ကြသည်။

“ အိမ်ကို ဖုန်းဆက်ပြီး ဘာချက်ထားသလဲ မေးလိုက်ဦးမယ်”

“ သိင်္ဂ ီ ဆက်ပြီးသွားပြီ၊ ကိုကို နောက်ကျမယ် ဆိုကထဲက ဒေါ်ဒေါ် ကြည့်ကို ဖုန်းဆက်ပြောထားပြီး သွားပြီ၊ကိုကို နဲ့ အရက်ဆိုင်လိုက်သွားမယ်လို့”

သိင်္ဂ ီက ခြေတလှမ်းဦးထားပေပြီ။ ဦးအောင်ဘညို ရှောင်ထွက်လို့ မရတော့ပါ။

“ အင်း လေ ဒါဆိုလဲ သွားကြတာပေါ့”

တကိုယ်လုံးသိမ့်သိမ့် ခါအောင် သိင်္ဂ ီ ရယ်သည်။

“ အလကားနောက်တာ၊ ဖူးဖူး က ကိုကို့ ကို အရက်မသောက်ဘဲနဲ့ ပြန်ခေါ်ခဲ့တဲ့”

“ ဒေါ်ဒေါ်ကြည် ဆီကိုဆက်တာဆို”

“ ဟုတ်တယ်လေ၊ ဒါပေမယ့် သမီးက ဖုန်းလာကိုင်တာကိုး”

“ အိမ်ပဲ မောင်းရမှာပေါ့”

“ အင်းပေါ့”

သိင်္ဂ ီ မသွားတော့ ဆိုပြန်ပါမှ ဦးအောင်ဘညို အရက်သောက်ချင်လာသည်။ သိင်္ဂ ီကလည်း တကိုယ်လုံးရင်ခွင်ထဲ ရောက်လုမတတ်အောင် ဖြစ်နေလေပြီ။ လွင့်ပျံ့လာသော ကိုယ်သင်းရနံ့၊ တိမ်းမူးဖွယ် အထိအ တွေ့နှင့် မြူချိုချို စကားသံ တို့က ဦးအောင်ဘညို စိတ်ကို တအိအိတွန်းဖြိုနေ၏။ ဒီလို မနေပါနှင့် ဟုလည်းသိင်္ဂ ီ့ကို ပြောလို့ မထွက်ပါ။

“ ဒုက္ခ ပါပဲ”

“ ဘာဖြစ်လို့လဲ ကိုကို”

“ အရက်သောက် ချင်လို့”

“ ဖြစ်ရပြန်ပြီ၊ မသောက်ရမနေနိုင် မဟုတ်ဘူးဆို”

ကလေးတယောက်ကို ချော့သလိုပြောရင်း လက်ဖယောင်းနုနု နှင့် ဦးအောင်ဘညို လည်တိုင်ကို ပွတ်ပေးရင်း ပြောသည်။

“ မသောက်ရ မနေနိုင်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အခု အရမ်းသောက်ချင်နေတယ်”

“ သိင်္ဂ ီ က ဖူးဖူးကို ကတိပေးပြီးပြီ”

“ သမီးက သိင်္ဂ ီ့ကို ဆူမှာ မဟုတ်ပါဘူး”

“ ဒါပေမယ့် ဘယ်ကောင်းပါ့မလဲ လို့”

သိင်္ဂ ီ တကယ်စိတ်ညစ်သွားပုံရသည်။

“ သူများကို ပြန်ရစ်နေတာလား”

“ မဟုတ်ပါဘူး၊ တကယ်သောက်ချင်လို့ ပြောတာပါ”

“ မသောက်ပါနဲ့လား ကိုကို ရယ်၊ ညကလဲ သူပဲ … ဟွန်း နောက်တော့ ခေါင်းတောင် မထူ နိုင်တော့ဘူး မဟုတ်လား”

ပြောရင်း ဦးအောင်ဘညို ကို ဆွဲဆိတ်လိုက်သည်။ ညက အဖြစ်ကို ပြန်သတိရတော့ ဦးအောင်ဘညို ရင်ထဲနွေးကနဲ ဖြစ်သွားသည်။ သူ့ကိုသူ မဟန်နိုင်တော့ သည့် အချိန်မှာ သိင်္ဂ ီက ခရီးဆုံးရောက် အောင်ပို့ ပေးခဲ့သည်မဟုတ်ပါလား။

“ ကိုကို”

“ ဘာလဲ”

“ အဲဒီ အတွက်သူများကို အထင်မသေးဘူး မဟုတ်လား”

“ ဘာအတွက်လဲ”

“ ဟာ …. သိရက်သားနဲ့ ကွာ”

သိင်္ဂ ီက လက်လှမ်းမှီရာ အကုန်လိုက်ဆိတ်သည်။ ရှက်ရမ်းရမ်း နေသော သိင်္ဂ ီ့ကို သနားစိတ်ဝင်လာ သောကြောင့်

“ အထင်သေးတယ်လို့ ကိုယ်ပြောမိလို့လား”

“ တကယ်ပါ၊ တခါမှ … အိုကွာ … ကိုကို့ကိုပဲ၊ ကိုကိုဖြစ်နေလို့”

ဦးအောင်ဘညို ပုခုံးပေါ်မှာ မျက်နှာအပ်ထားရင်း ဗလုံးဗထွေး ဆိုသည်။ အမှန်ပြောရလျှင် ဦးအောင်ဘညို လည်း သိင်္ဂ ီ့ အပြု အမူအတွက် အလွန်အံ့သြခဲ့ရသည်။ သို့သော်လည်း အရမ်းမူး နေသည့် အတွက် သူ့အပေါ်မှာ စီးမိုးနေသော ချွေးစက်တွေ တွဲလဲနှင့် သိင်္ဂ ီ့ မျက်နှာ လေးကိုပင် ရီဝေေ၀ မျက်လုံးများက မြင်တ ချက်မြင်တချက် ဖြစ်နေသည့် အချိန်မှာ ကြာကြာအံ့သြခွင့် မရလိုက်ပါ။ တဖြည်းဖြည်း ပြင်းထန်မြန်ဆန်လာသည့် သိင်္ဂ ီ့ အသက်ရှုသံလေး များကို နားထဲပြန်ကြားမိသော အခါ စတီယာရင် ကိုကိုင်ထားသော လက်တွေပင် တုန်ချင်သလို ဖြစ်လာသည်။ ခုမှပြန်တွေး ပြီးရှက်နေလို့ထင်သည် သိင်္ဂ ီ လည်းနုတ်ဆိတ်သွား၏။ ကားက အိမ်နားရောက်လာတော့မှ ခပ်တိုးတိုး မေးသည်။

“ သောက်မလို့ ဆို၊ မသွားတော့ဘူးလား”

“ အိမ်ရောက်မှပဲ သောက်တော့မယ်”

လမ်းထိပ် ရောက်တော့ သိင်္ဂ ီ လူချင်းခွာသွားသည်။ စကားလဲသိပ်မပြော၊ ဦးအောင်ဘညို ကိုလည်း မကြည့်ဘဲ အပြင်ကို ငေးရင်းလိုက်လာသည်။ အိမ်ရှေ့ မှာ ကားရပ်လိုက်တော့ ဖူးဖူး နှင့် ဒေါ်ဒေါ်ကြည် ထွက်လာ သည်။ ဦးအောင်ဘညို ဆီက အရက်နံ့ မရသော အခါ သမီးက သူမ တီတီ ကိုချီးမွမ်း၏။

“ တီတီ တော်တယ်”

“ ဘယ်လို ရစ်ပြီး ခေါ်လာလဲမှ မသိတာအေ”

ဒေါ်ဒေါ်ကြည် ဝင်ပြီး နှိပ်ကွပ်သော စကားကို မကြားယောင်ပြု ပြီး ဝယ်လာသော ပစ္စည်းတွေကို ကားပေါ်ကချ သော သိင်္ဂ ီ့ကို ဒေါ်ဒေါ်ကြည်သာမက ဖူးဖူး ပါဝိုင်းကူရသည်။

“ အောင်မယ် လေးတော်၊ ဆိုင်ထွက်တော့ မလို့လားမသိဘူး”

“ သိင်္ဂ ီ့ဖို့ အခန်းရှင်း ပြီးပြီလား”

“ ဟုတ်ပါရဲ့ တော် မေ့နေလိုက်တာ၊ ဒီတညတော့ သည်းခံလိုက်ကွယ်၊ နောက်နေ့ မှပဲ နော်၊ ဒါတွေလဲ သိင်္ဂ ီ့ မမ အခန်းမှာပဲ ခနထားလိုက်ဦး”

သူတို့ ဖာသာသူတို့ ရှုပ်နေချိန်မှာ ဦးအောင်ဘညို ကတော့ ကားသော့ကို ဦးစိုးလက်အပ်ပြီး အိမ်ထဲ တန်း ဝင်လာခဲ့သည်။ ဒေါ်ဒေါ်ကြည် ပြောသလိုဆိုလျှင်ဖြင့် သိင်္ဂ ီ နောက်တည တော့ မသူဇာ အိပ်ယာမှာ အိပ်ပေဦးမည်။ ဒီလိုဖြစ်နေရ ခြင်းမှာ သူ့အတွက်ကံကောင်းခြင်းလား ကံဆိုးခြင်းလားဆိုသည်ကို ဦးအောင်ဘညို သေသေချာချာ မဝေခွဲတတ်ပါ။ စဉ်းစားကြည့်လျှင် အရက်သောက်ချင် စိတ်တွေ ပိုများလာခြင်းသာရှိ၏။ ရေချိုး အဝတ်လဲပြီးသည် နှင့် အောက်သို့ ဆင်းလာပြီး ဖန်ခွက်တလုံးထဲ ရေခဲ ထည့် နေစဉ် ဒေါ်ဒေါ် ကြည်ဝင်လာ၏။

“ ဆရာ ထမင်းမစားသေးဘူးလား”

“ မစားသေးဘူး”

လက်ထဲက ခွက်ကို ကြည့်ပြီး ဒေါ်ဒေါ်ကြည် သဘောပေါက်သွားသည်။ မီးဖိုထဲ ပြန်လှည့်ဝင်သွား၏။ ဦး အောင် ဘညို လည်း ကိုယ့်အခန်း ကိုယ် ပြန်လာခဲ့သည်။ ဘီရိုထဲက ပုလင်းထုတ်ပြီး ငှဲ့ရင်း တဖက်ခန်းမှာ သိင်္ဂ ီ ဘာလုပ်နေမလဲ စဉ်းစားမိ၏။ ဒီဖက်ကို ကူးလာမည်လို့တော့ မထင်ပါ။ ညနေက ပို့ထားသည့် e-mail တွေ အကြောင်းသတိရလိုက်သော အခါ သိင်္ဂ ီ့ကို မေ့သွားပြီး mail စစ်ဖို့ကွန်ပျူတာဖွင့်လိုက်သည်။

...........................

“ ဆရာ၊ ဆရာ”

“ ဝင်ခဲ့လေ ဦးလေးစိုး သော့ပိတ်မထားဘူး”

ဦးလေး စိုး လက်ထဲမှာ လင်ဗန်းတချပ် ကိုင်ထားသည်။ ရေခဲချိုင့်၊ အာလူးကြော် ပန်းကန် နှင့် ချိစ်တုံးလေး တွေ လှီးထည့်ပေးထားသည်။ ဒေါ်ဒေါ်ကြည်လုပ်ပေးလိုက်တာ ဖြစ်မည်။

“ ဆရာလဲ အခုတလော တော်တော်ပင်ပန်းတယ် ထင်တယ်”

“ ဒီလိုပါပဲဗျာ၊ အလုပ်ကတော့ အမြဲရှုပ်နေတာပဲ”

ရှေ့ မှာ ဖွင့်ထားသော ကွန်ပျူတာကို ကြည့်ရင်း ဦးလေးစိုးက မှတ်ချက်ချသည်။

“ မကြည် နဲ့ တောင် အခုပြော ဖြစ်ခဲ့သေးတယ်၊ အခုလိုမျိုး အိမ်မှာပဲ ကောင်းတယ်လို့၊ အပြင်မှာ ဆိုတော့ကျွန်တော် တို့ မှာ စိတ်ပူနေရတယ်လေ၊”

သွယ်ဝိုက်ပြီး ဆုံးမခြင်းဟု ဦးအောင်ဘညို နားလည်ပါသည်။ ဦးလေးစိုးတို့ လင်မယားကို အလုပ်သမား တွေ အဖြစ် ဘယ်တုန်းကမှ ဦးအောင်ဘညို မမြင်ခဲ့ဖူးပါ၊ အလုပ်သဘောအရ သူဌေး နှင့် အလုပ်သမား တွေ ဖြစ်နေကြသော်လည်း လူကြီးသူမ တွေ အဖြစ် အမြဲ သဘောထားခဲ့ပါသည်။ အခုလည်း ဦးလေးစိုး ၏ စကား အတွက် စိတ်မကွက်ဘဲ ပြုံးလို့သာနေလိုက်သည်။

“ ဒေါ်ဒေါ်ကြည် ပင်ပန်းမှာ စိုးလို့ပါ ဦလေးရဲ့”

“ သူက ပါးစပ် ကလေး နဲ့ ခိုင်းတာပါ ဆရာရယ်၊ ကောင်မလေး တွေလုပ်ပေးရတာပါ၊ နောက်နေ့ ဆရာ စားချင်တာလေး ရှိရင်မှာခဲ့ လုပ်ထားပေးမယ်”

“ ကျွန်တော့် ကို မြှောက်ပေးတယ် ဆိုပြီး ဖူးဖူး က ဦးလေးစိုးတို့ လင်မယားကို ရန်လုပ်နေဦးမယ် နော်”

“ ကလေးက တခြားမဟုတ်ပါဘူး ဆရာရယ်၊ ဆရာ က ကားကို ကိုယ်တိုင်မောင်းတော့ စိတ်ပူရှာတာပါ”

အရက်သောက်ပြီး ပြန်လာသော အဖေကို ဘယ်သမီးက သဘောကျမည်နည်း။ သို့သော်လည်း ဦးအောင် ဘညို အနေနှင့် ဆင်ခြင်ဖို့ ခက်နေသည်။ အထူးသဖြင့် အခု နောက်ပိုင်း ကာလများဟု ဆိုရမည်။

ဦးလေးစိုး ပြန်ထွက်သွားတော့ mail စစ်သည်။ တဖက်မှ အကြောင်း ပြန်ချက်မလာသေး။ ထို့ ကြောင့် အပျင်း ပြေသဘောဖြင့် personal သုံးသော ဂျီမေးလ် ကိုဖွင့်လိုက်မိသည်။ နှစ်ပေါင်းများ စွာ ကွဲကွာ နေသော အနောက်နိုင်ငံ ရောက် မိတ်ဆွေ တယောက်က invite လုပ်ထားသည်ကို တွေ့ရပြီး လက်ခံလိုက်သည်နှင့် အွန်လိုင်း ရှိနေသော မိတ်ဆွေ နှင့် တည့်တည့် တိုးသည်။

နှစ်ယောက်လုံးဝမ်းသာ အားရနှင့် အပြန်အလှန်နုတ်ဆက်ကြပြီး စကားဖေါင်ဖွဲ့ မိကြသည်။ ရေတခြား မြေတခြားပင်ဖြစ်သော်လည်း ခုလို အရက်လေး တစိမ့်စိမ့် သောက်ရင်း စကားပြောရသည့် အခါ တဝိုင်းထဲ တူတူထိုင်ပြီး ပြောနေရသလို စိတ်က ဖြစ်သည်။ မတွေ့တာကြာပြီ ဖြစ်သည့် အလျောက် မိတ်ဆွေ သူငယ်ချင်း တွေ အကြောင်း၊ စီးပွားရေး အကြောင်း မှသည် နိုင်ငံရေးပါ မကျန် ရောက်ပြီး စကားစ တော်တော် နှင့် မပြတ် သလို ဦးအောင်ဘညို လည်း ရေချိန် တော်တော် ကိုက်သွားသည်။ အချိန်တွေ ဘယ်လိုကုန် သွားမှန်းတောင်သတိမထားမိပေ။ နောက်မှ ထမင်းစားဖို့ သတိရပြီး စကားဖြတ်သည့် အခါ မိတ်ဆွေက ပြီးရင် ပြန်တက်ခဲ့ပါဦး ဖိတ်ခေါ် နေ သေး ၏။ ပြန်လာပါမည် ဟုပြောပြီး ထမင်း ဆင်းစားသည်။ အားလုံးစားပြီး ကုန်သဖြင့် ဦးအောင်ဘညို တယောက် ထဲ ထိုင်စားရသည်။ သိင်္ဂ ီ့ကိုတော့ အရိပ် အယောင်ပင်မတွေ့ရ။ ဒေါ်ဒေါ်ကြည့် ကိုမေး ကြည့်တော့

“ ဖူးဖူး အခန်းထဲမှာလေ၊ သိတယ် မဟုတ်လား အပျို လေးတွေ ဆိုတော့ တွတ်ထိုးနေကြတယ်”

သိင်္ဂ ီ ဖူးဖူးကို ဘာတွေများ လျှောက်ပြောဦးမလဲ စိုးရိမ်မိသေးသော်လည်း သိင်္ဂ ီ ဒီလောက် မိုက်မဲမည် မဟုတ် ဟု တွေးမိပြီး စိုးရိမ်စိတ်ကို ဖျောက်လိုက်သည်။ ဦးအောင်ဘညို ထမင်းစားနေစဉ် ဒေါ်ဒေါ်ကြည် က အခန်းထဲက ပစ္စည်း တွေသွားသိမ်း၏။

“ ဆရာ တော်ပြီ မဟုတ်လား”

“ တော်ပါပြီဗျာ၊ ဒီမှာ ထမင်းတောင်စားနေမှပဲ”

ထမင်းစားပြီးနောက် အရက်ရှိန်ဖြင့် အိပ်ချင်သလိုလို ဖြစ်လာသည်။ အိပ်ရင်ကောင်း မလား စဉ်းစားပြီးမှ အခုနက မိတ်ဆွေ ကိုသတိရပြီး ကွန်ပျူတာရှေ့ ပြန်ထိုင်မိသည်။ ဟိုက မိသားစု ဓါတ်ပုံတွေ ဘာတွေ တောင်ပို့ထားပြီးနေပြီ။ ပြန်ပို့ချင်သော်လည်း ဦးအောင်ဘညို မှာ ပို့စရာပုံ မရှိ။ မသူဇာ တရားလိုင်းရောက်သွားလို့ဓါတ်ပုံ ပို့စရာ မရှိကြောင်းပြောပြရာ ဟိုဖက်က မိတ်ဆွေ အလွန်သဘောကျနေသည်။ သူက မသူဇာ နှင့် လည်း ရင်းနှီးသူ ဖြစ်သည်။

“ ဒါဆိုရင် ခင်ဗျား ညစာ ငတ်နေတာပေါ့”

“ ဆိုပါတော့ဗျာ”

မယုတ်မလွန်ပြန်ဖြေရင်း ဦးအောင်ဘညို ပြုံးလိုက်မိသည်။

“ ဘယ်ကောင်မလေး နဲ့ ချတ်နေတာလဲ”

ကိုယ့်အာရုံ နှင့်ကိုယ် ဖြစ်နေပြီး အနားကို သိင်္ဂ ီ ရောက်လာတာကိုပင် သတိမထားမိလိုက်၊ သိင်္ဂ ီ ကလည်း တံခါး ကို အသံမမြည်အောင် ဖွင့်ပြီး တိတ်တိတ်လေး ဝင်လာပုံရသည်။

“ သူငယ်ချင်းပါ ယောက်ျားကြီး ”

လှည့်မကြည့်ပဲ ဖြေလိုက်သည်။

“ မသိပါဘူး  မျက်နှာက ပြုံးချို နေတာပဲ ဆိုတော့ ကောင်မလေးနဲ့ များလားလို့”

“ မယုံရင် ဒီမှာ လာကြည့်ပါလား”

“ မကြည့်ပါဘူး ရှုပ်ရှုပ်ယှက်ယှက်”

မွေ့ယာသိမ့်ကနဲ လှုပ်သွားသည်။ သိင်္ဂ ီ ဝင်ထိုင်လိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုင်နေရာ က ကုတင်ဖက်ကိုလှမ်းကြည့်လိုက်ပြီး ဦးအောင်ဘညို ရင်ခုန်သံမြန်သလိုလို ဖြစ်သွားရသည်။

.........................

ဆံပင်တွေ ဖရိုဖရဲ နှင့် လှနေသော သိင်္ဂ ီက အဖြူပေါ်မှာ အပြာစင်းလေးတွေပါသော ညဝတ်အင်္ကျ ီ နှင့်။ ရှေ့ကကြယ်သီးတွေ အားလုံးတပ် ထားသော်လည်း တင်ပါးဖုံးရုံလောက်သာ ရှည်လျားသည့် အင်္ကျ ီ အောက်နား မှ စုန်လျှင် ဖွေးလွလွ ခြေတံတွေကို အကွယ်အကာမဲ့ မြင်ရသည်။ သိင်္ဂ ီ က ကုတင်ပေါ်မှ ခြေတွဲလဲ ချထိုင်လိုက်သောအခါ ပေါင်တံတွေကိုတော့ ပူးကပ်ထား၏။

“ ဘာကြည့်တာလဲ သူငယ်ချင်း နဲ့ ပြောနေတာဆို ဆက်ပြောလေ”

ပြောင်စပ်စပ်ပြောလာသဖြင့် ရှက်တက်တက် ဖြစ်သွားသော ဦးအောင်ဘညို ကွန်ပျူတာ ဖက်ပြန်လှည့် လိုက်သည်။ သိင်္ဂ ီ့ ဖက်ကို အာရုံရောက်နေစဉ် တဖက်က ရိုတ်ပို့ထားသော စာတွေကို တသီတတန်းကြီးတွေ့ရသည်။ အားနာပြီး ပြန်ပြောဖို့ စာတွေကို ဖတ်သော်လည်း မျက်စေ့က မြင်သမျှ ဦးနှောက်ဆီသို့မရောက်။ အားလုံးဖတ်ပြီးသည့် တိုင်အောင် ဆိုလိုရင်း ကို လုံး၀ မသိနိုင်အောင် ဖြစ်ရသည်။ မလုံမလဲ ဖြင့်သိင်္ဂ ီ့ ကို ပြန်စောင်း ကြည့်လိုက်ရာ ကုတင်ပေါ် မှောက်ရင်း ဦးအောင်ဘညို ကိုကြည့်နေသည်။ ခေါင်းအုံးပေါ် တံတောင်ဆစ်ထောက်ရင်း ခေါင်းလေးကို မော့ထားရာ အင်္ကျ ီ အောက်သို့ လျျှောကျပြီး ရင်နှစ်မွှာ က အခိုင်လိုက်မြင်နေရ၏။ အင်္ကျ ီ အောက်နားကလည်း အပေါ်သို့ တွန့်တက်သွား ပြီး မို့မို့ဖောင်းဖောင်း တင်ပါးတွေက တခြမ်းနီးပါး လွတ်ထွက်နေသည်။ ယခု ဝတ်ထားသည့် ညဝတ် အင်္ကျ ီ ၏ အောက်တွင် ဘာဆို ဘာမှ မပါပေ။

“ ဘာဖြစ်ပြန်တာပဲ၊ သိင်္ဂ ီက အေးအေး ဆေးဆေးပါ၊ အားမနာနဲ့ ”

“ မဟုတ်ပါဘူး”

ဘာပြန်ပြောရမှန်း မသိတာနှင့် ပါးစပ်ထဲတွေ့ရာ သိင်္ဂ ီ့ကို ပြန်ပြောပြီး ကွန်ပျူတာဖက် ပြန်လှည့်လိုက် သည်။စာရိုတ်ဖို့ လုပ်သည့် အခါ လက်တွေ တုန်နေကြောင်း ဦးအောင်ဘညို သတိထားလိုက်မိသည်။ ဧည့်သည်  ေရောက် နေကြောင်းမုသားတဝက် အမှန်တဝက် စကားကို ကြိုးစားရိုတ်လိုက်ပြီး မိတ်ဆွေ ကိုတောင်း ပန် နှုတ်ဆက်လိုက်ရသည်။ ဒီဖက်က ကိစ္စ ကိုဖြတ်လိုက်ပြီး သိင်္ဂ ီ့ဖက်သို့ လှည့်လိုက်သည်။

“ သိင်္ဂ ီ လာလို့ မပြောတော့တာလား”

ဦးအောင်ဘညို ခေါင်းကိုပဲ ရမ်းပြလိုက်မိသည်။ သိင်္ဂ ီ က အပြုံးလေးနှင့်

“ နောက်နေ့ တွေလဲ တွေ့ မှာပေါ့ ကိုကိုရယ်၊ ခုမျက်နှာ ကြီးက ဘယ်လို ဖြစ်သွားရတာလဲ”

“ ဘာဖြစ်လို့ လဲ၊ မဖြစ်ပါဘူး”

“ အွန့် ၊ မှုန်မှုန် ကြီးလုပ်နေပြီးတော့ များ”

ပြောပြော ဆိုဆို သိင်္ဂ ီက မှောက်နေရာမှ ထထိုင်လိုက်သည်။ တင်ပါး အုပ်ရုံလေးသာ ရှိသည့် အင်္ကျ ီ က အရာရာ ကို မဖုန်းကွယ် နိုင်ပေ။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အလှအပများကြောင့် ဦးအောင်ဘညို မျက်လုံးထဲမှာ လျှပ်စီးတွေ တဖြန်းဖြန်းလက်သွားသည်။

“ ကြည့်ပြန်ပြီ”

အသံစာစာ လေးနှင့်ပြောလိုက်ရင်း သိင်္ဂ ီ သူမ အင်္ကျ ီ ကိုဆွဲချလိုက်သည်။ လက်ကနဲ ပြေးဝင်လာသော မျက်စောင်း တွင် အကြောင်းအရာတွေ အများကြီးပါဝင်ကြောင်း သိလိုက်ပြီး နောက်တွင် ဦးအောင်ဘညိုထိုင်ရာမှ ထလိုက်မိ၏။

“ အို”

ပုဆိုး၏ ရှေ့တည့်တည့် မှာဖေါင်းဖု ထနေသည်ကို သိင်္ဂ ီ မြင်သွား၏။ ဦးအောင်ဘညို ကိုယ်တိုင်လည်း ဘယ်အချိန်မှာကထဲက ဒီလို ဖြစ်နေသည် ကို သတိမထားလိုက်မိ။ အမှတ်မဲ့ ထလိုက်ပြီး နောက်တွင်မှ ကိုယ့် ကိုယ် ကို မြင်သည်။ ကုတင်ပေါ်မှာ ဒူးတုပ်လျက် ထိုင်နေသော သိင်္ဂ ီက မျက်နှာကို လက်ဝါး နှင့်ကွယ်လိုက် သည်။ အိပ်ယာဆီသို့ တလှမ်းချင်း တိုးကပ်သွားနေမိသော ဦးအောင်ဘညို၏ ခြေလှမ်းတွေက အစပိုင်း မှာတုံ့ဆိုင်း သယောင် ဖြစ်နေသော်လည်း နီးကပ်သွားသည်နှင့် အမျှ ပိုပို မြန်သွားပြီး ချက်ချင်းဆိုသလို သိင်္ဂ ီ့နားသို့ ရောက်သွားသည်။


အပိုင်း ( ၆ ) ဆက်ရန် >>>>>


Print Friendly and PDF

No comments:

Post a Comment