Wednesday, May 7, 2025

သုံးရောင်ခြယ်လက်စွပ် အပိုင်း ( ၁ )

သုံးရောင်ခြယ်လက်စွပ် အပိုင်း ( ၁ ) 

ရေးသားသူ - Takuya Khun

{ ဂမ္ဘီရအင်းစက် ဝတ္ထုရှည်ကြီး }

(01)

ရဲနောင်တစ်ယောက် ရှည်လျားသော ဒီနေ့တစ်နေ့တာလုံး စိတ်လှုပ်ရှားနေသည်။ ဘာကြောင့်လည်းဆိုတော့ သူနွေရာသီတစ်ခုလုံး ဝင်ရောက်လုပ်ကိုင်ခဲ့သော အလုပ်သင်စီမံကိန်းကာလ ပြီးဆုံးမည့်နေ့ဖြစ်သောကြောင့်ပင်။ ရဲနောင်က လတ်လတ်ဆတ်ဆတ်ကျောင်းပြီးထားသည်မှာ မကြာသေးသောအင်ဂျင်နီယာပေါက်စတစ်ယောက် ဖြစ်သည်။

ယခုလက်ရှိ အလုပ်သင် ကာလတို စီမံကိန်းအလုပ်ကို လုပ်ငန်း သဘော သဘာဝ နားလည်စေရန် သူ၏ ဖခင်ကိုယ်တိုင်က မိမိ၏မိတ်ဆွေ ဆောက်လုပ်ရေး လုပ်ငန်းရှင်၏ ကုမ္ပဏီကြီးတွင် အပ်နှံပြီး သင်ယူရင်းလုပ်ကိုင်စေခြင်းဖြစ်သည်။

သူကကျောင်းပြီးပြီးချင်း အမြဲတမ်း အလုပ်ကို တိုက်ရိုက် မလုပ်ကိုင်ချင်သေးပေ။ ရေတို ပရောဂျက်များတွင်လုပ်ငန်းတွေ့အကြုံဝင်ယူရင်း မိမိ ဆက်လက်လေ့လာဆည်းပူးလိုသော၊ စီမံကိန်းစီမံခန့်ခွဲမှု သင်တန်းများ (project management), စီမံကိန်းရေးဆွဲမှုများ (planning) နှင့် ဘစ်စနက် မန်းနိတ်ဂျ်မန့် MBA ဘွဲ့များကိုဆက်လက်ဆည်းပူးလိုသေးသည်။

ဒါကြောင့် အလောတကြီး အလုပ်လုပ်ရန်သူ့မှာအစီအစဉ်မရှိပေ။

အခုဒီနေ့ လက်ရှိပရောဂျက်ကတော့ ပြီးဆုံးခဲ့ပေပြီ။ သူစိတ်လှုပ်ရှားနေရတဲ့ အကြောင်းရင်းကတော့ သူဒီလုပ်ငန်းအပြီး ပထမဆုံးလုပ်ရမည်မှာ လွန်ခဲ့သော နှစ်နှစ်ကသီတင်းကျွတ် ပြီးကထဲက ထပ်မံ မတွေ့ဆုံဖြစ်ခဲ့ရသော သူ၏မယ်တော်နဲ့ အစ်မတော်တို့ရှိရာ ပုလဲ ဟဒယ စံအိမ်ဟော်နန်းကြီးသို့ သွားရောက်လည်ပတ်တွေ့ဆုံပြီး။ 

နောက်ထပ်ပညာရေး မဆက်မီ တစ်လကိုးသီတင်း သွားရောက်နေထိုင် အနားယူရန်ဖြစ်သည်။ သူတက္ကသိုလ် ပညာသင်ရာတောက်လျောက်တစ်ချိန်လုံး အောက်ပြည်ဖြစ်သော ရန်ကုန်မှာပင် သူ၏ ဖခင်ကြီးနှင့်အတူနေခဲ့ရသည်။

သူ့မိဘများကွာရှင်းပြတ်စဲခဲ့သည်မှာ ၄နှစ်ကျော်ပြီး ၅နှစ်ထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့လေပြီ။ ဒီကြားထဲမှာအချို့သော ရက်တိုကျောင်းပိတ်ရက်များတွင်သာ မိခင်နှင့်အစ်မတို့ကို ခဏတဖြုတ်သာ သွားရောက်တွေ့ဆုံခွင့်ရခဲ့သည်။

အမှန်တော့ ရဲနောင်၏ အမည်အပြည့်အစုံက ရဲနောင်သိုက်(ဝ်) ဖြစ်သည်။ ပို၍တိတိကျကျမျိုးရီုးဂုဏ်ပုဒ်နှင့်တကွဖော်ပြမည်ဆိုပါက ရှေ့က..(စဝ်) ထည့်ခေါ်ရမည်ဖြစ်လေသည်။

````````````````````````````````````

စဝ်ရဲနောင်သိုက်ဝ်

ဟုတ်သည်။ အမှန်တကယ်တော့ သူတို့က မိုင်းပုလဲစော်ဘွားကြီး၏ ဆွေတော်၊ အနွယ်တော်များဖြစ်သည်။ သူ့မယ်တော်က ကိုလိုနီခေတ်နောက်ဆုံး စော်ဘွားကြီးစဝ်မွန်သိုက်ဝ်၏ မြေးတော်အရင်းဖြစ်၏။ ယခုတော့အနွယ်တော် အရင်းတွေက မရှိကြတော့ပြီ။

သူ့ဖခင်ကတော့ စော်ဘွားမျိုးမဟုတ်ပေ။ မြေပြန့်ကမြန်မာစစ်စစ် ကြီးဖြစ်ပြီး ယခင်က မန္တလေးတက္ကသိုလ်ကျောင်းက ကထိက၊ ယခုတော့အပြင် လုပ်ငန်းလုပ်သော ဘစ်စနက်သမားဖြစ်သည်။ သူ့အဖေနဲ့ မယ်ဖုရားတို့ကွဲကြ၊ ကွာရှင်းကြသည်မှာလည်း၊ စရိုက်မတူ။ အသွင်မတူ၊ ဓလေ့ထုံးစံမတူ၍ အစစအရာရာကွဲလွဲခြားနားပြီး သဟဇာတမဖြစ်ခြင်းကြောင့်ဖြစ်သည်။

သူ့မယ်တော် ပုလဲဒေဝီ ခေါ်ဒေါ်အိမ့်ကြာဖြူ မှာ သူ့ခမည်းတော်များက ခေတ်ပညာတတ်စေရန်အတွက် မန္တလေးတက္ကသိုလ်သို့ ပို့ဆောင်ပညာသင်စေခြင်းဖြစ်သည်။ လာတက်တုန်းက ရှမ်းစော်ဘွား၏ မြေးတော်လှပသော ဒေဝီမယ်လေးနှင့် ငယ်ရွယ်နုပျိုသောတက္ကသိုလ်ကျောင်းက ရူပဗေဒနည်းပြလေး ဖြစ်သူ ရဲနောင်တို့ အဖေ၏ လွမ်းမောဘွယ်ချစ်ဇာတ်လမ်းလေးဖြစ်လာခဲ့သည်။

မယ်ဘုရားရဲ့ စီနီယာလူကြီးသူမ၊ ဆွေတော်မျိုးတော်အပေါင်းတို့က သူတို့ရဲ့တစ်ဦးရှားရှားပါးပါး ကျန်ခဲ့သောအမွေခံဖြစ်သူ မိုင်းပုလဲဒေဝီလောင်း(စဝ်)အိမ့်ကြာဖြူလေးကို အညတြမြန်မာ တက္ကသိုလ်ကျောင်းဆရာလေးနှင့် မပေးစားလိုပေ။

ထပ်ချင်းထပ်၊ မင်းဆွေ စော်ဘွားမျိုးနွယ်ဖြစ်သော၊ မိုင်းပန်ဟော်မှ စော်ဘွားပျိုလေးဖြစ်လာမည့် စဝ်ဟုန်ဖနှင့်သာ ရွှေဂဟေဆက်စေချင်သော်လည်း၊ သူ့ဖခင်နှင့်မယ်တော်တို့ဖြစ်လာမည့် စုံတွဲကခေါင်းမာမိုက်ရူးရဲစွာဖြင့် အချစ်နတ်၏ စေရာသို့သာလိုက်ပါပြီး ပြည်မမှာပင် နှစ်ဦးသဘောတူ၊ ရုံးတက်လက်ထပ်လိုက်ကြခြင်းဖြစ်သည်။

ဆွေတော်မျိုးတော်ကြီးများ ဒေါသူပုန်ထကြသော်လည်း ဘာမျှမတတ်နိုင်။ ပြန်လည်ဆွဲထုတ်ပြင်ဆင်၍ မရသောအရာကြီးပေပဲ။ အဖေနဲ့မယ်ဖုရားတို့ ပထမတော့ မိုးမမြင်လေမမြင်ပျော်ကြသည်။ အချစ်ကိုကိုးစားကြသည်။

ပထမတော့စံအိမ်တော်ကလူများက၊ အတင်းခွဲကြဖို့ကြံကြသေးသည်။ လူယုံလူဆိုးလူမိုက်များကိုစေလွှတ်ပြီး အန္တရာယ်ပြုဖို့ကြိုးစားသည်။ မယ်ဖုရားရဲ့ အနီးကပ်မလွတ်တန်းကာကွယ်ပေးထားမှုကြောင့်၊ ကြံစည်လို့ မရကြပေ။ နည်းမျိုးစုံနဲ့အနှောက်အယှက်ပေးကြပြီး ဖခင်ဖြစ်သူကျောင်းဆရာလေးကို နင်ဘဲငဆ၊ ချိုးချိုးဖဲ့ဖဲ့နှိမ်ချပြောဆိုကြသည်။

ဒီလိုနဲ့၏ သူတို့မောင်နှံမှာ၊ အမတော်ပုလဲဒေဝီ(ဂျူနီယာ) လေးနဲ့ မောင်တော်ခွန်နောင်သိုက်ဝ် တို့ မောင်နှမကိုမွေးခဲ့သည်။

သူ့အမတော် ပုလဲဒေဝီ(ဂျူနီယာ) ရဲ့နာမည်ကတော့၊ (စဝ်)အိမ့်နန္ဒ္ဒာဟု မှည့်တွင်သည်။ ကလေးတွေရတော့မှ ဟော်နန်း၏ သက်တော်ရှည်အိမ်တော်ထိမ်းကြီး မယ်ဖုရား၏ ဘကြီးတော်လည်းဖြစ်သူ ဦးမောက်ခမ်းနှင့်အိမ်စိုးသခင်မကြီးနန်းရွှေကြာတို့က၊ မျိုးဆက်သွေးသစ်လေးတွေ ရပြီဆိုပြီး မယ်ဘုရားကို ဟော်နန်းသို့ပြန်လည်ဝင်ထွက်ခွင့်ပေးပြီး နှစ်အနည်းငယ်အကြာမှာတော့ မယ်ဘုရားမှာ ပုလဲဒေဝီကြီးအမည်ဖြင့် ဟော်နန်းစံအိမ်ရှင်မကြီး ပြန်ဖြစ်လာခဲ့သည်။

ဒီတော့ သမီးတော်အကြီးမလေး အိမ့်နန္ဒ္ဒာကလည်းအော်တိုပင် ပုလဲဒေဝီလေး ဖြစ်လာရတော့သည်။သူ၏ မယ်ဖုရားပုလဲဒေဝီကြီးမှာလည်းငယ်စဉ်ကစံစားလာရသော ဟော်နန်းစည်းစိမ်တို့နှင်ပြန်လည်ယဉ်ပါးလာရပြီး၊ သာယာနေပြီ။ စံအိမ်တော်မှာက အချီတော်အချော့တော်။ အစေအပါးများကခေါ်လိုက်လျင်အသင့်ဂရုစိုက်သူများကအပြည့်။

ရဲနောင်၏ မယ်ဖုရားက သူတို့ဖခင်ကိုမိုင်းပုလဲမှာ အတူနေဖို့ကိုခေါ်သည်။ အဖေက မာနကြီးသည် သူ့ကိုစံအိမ်ကြီးမှဆွေတော်မျိုးတော်တို့က၊ မနိုင်ရင်ကာချိုးချိုးဖဲ့ဖဲ့ပြောထားတာကိုလုံးဝမမေ့နိုင်။

သူလာမနေနိုင်ဟုပြောသည်။ သူနှင့်အတူနေချင်လျင်၊ မြေပြန့်မှာသာလိုက်နေဖို့ ပြောသည်။ အဖေ့လုံးဝကိုစည်းရုံး၍မရ။ ပထမတော့ အဖေ့အလိုကိုလိုက်ပြီး ရန်ကုန်ကိုတစ်လတန်သည်၊ ၂လတန်သည် အလှည့်နဲ့သွားနေပေးခဲ့သေးသည်။ မယ်တော်ကလည်း မိုင်းပုလဲကို ကြာကြာစွန့်ခွာထားလို့မရ။ ဟော်နန်းကြီးနဲ့စည်းစိမ်ရွှေငွေကျောက်သံပတ္တမြားတွေ၊ အမွေတွေ ဒုနဲ့ဒေး ရှိသေးသည်။

ကြာလာတော့လည်းသဘောထားချင်း မတိုက်ဆိုင်နိုင်ကြတော့။ ဒါနဲ့ပဲကွာရှင်းဖြစ်ခဲ့ကြသည်။

ရဲနောင်ကလည်းအဖေတူသားဖြစ်သည်။ နာမည်ကို ပကာသနလုပ်၊ မျိုးရိုးနာမည်တွေ ထည့်ပြီး မခေါ်စေချင်။ ဖြစ်နိုင်ရင် သူ့မျိုးရီုးဇစ်မြစ်အစစ်အမှန်ကို မကြွားချင်၊ ပေးမသိစေချင်ပေ။ ဒါကြောင့်မြန်မာဆန်ဆန်ရဲနောင်ဟူသည့်နာမည်ကိုပဲသုံးသည်။

သူကအဖေချစ်သားဖြစ်သည်။ သူ့အဖေကိုလည်း သူသိပ်ချစ်သည်။ အဖေနဲ့မယ်ဖုရားတို့ ကွာရှင်းကြတော့အစ်မတော်ဒေဝီလေး အိမ့်နန္ဒ္ဒာက မယ်ဖုရားနဲ့ မိုင်းပုလဲကို ပါသွားပြီး၊ ရဲနောင်ကတော့ ရန်ကုန်မှာအဖေနဲ့ နေခဲ့လိုက်သည်။

သူကကျောင်းဆက်တက်ပြီး အင်ဂျင်နီယာကြီး တစ်ယောက်လည်း ဖြစ်ချင်သေးသည်လေ။ ဘယ်လောက်ပင် အဖေကိုချစ်သည် ဖြစ်ပါစေ။ ငယ်စဉ်ကစ၍ ဘဝတစ်စိတ်တစ်ပိုင်းအထိ အတူနေလာခဲ့သော မိခင်ဖြစ်သူနှင့်အစ်မဖြစ်သူတို့ကိုလည်း ချစ်ခင်ဆဲ၊ လွမ်းဆွတ်သတိရဆဲ ဖြစ်ပါ၏။ ဒါကြောင့်မို့ ယခုစီမံကိန်းအပြီးတွင်မိုင်းပုလဲသို့သွားရန်တကူးတက ကြိုတင်စီမံထားခြင်းပင်ဖြစ်သည်။ သို့မို့ကြောင့်ပင်စောစောကကဆိုခဲ့သလို သူ့စိတ်တွေ တစ်နေ့လုံးလှုပ်ရှားနေခြင်းဖြစ်လေသည်။

ရဲနောင်က ခရီးသွားစဉ်သူနှင့်အတူ ယူသွားမည့်ကိုယ်ပိုင်ပစ္စည်းအားလုံးကို စုစည်းထုပ်ပိုးပြီး သူ၏ တိုယိုတာပရာဒို၊ လင်းခရူဇာအဖြူလေးပေါ်သို့ တင်ပြီးသည်နှင့် ဖခင်ဖြစ်သူကိုထိုငိ၍ရှိခိုးဦးချကန်တော့လိုက်ကာ ဖက်ရမ်းနမ်းရှုပ်နှုတ်ဆက်ပြီး ကားမောင်းထွက်လာခဲ့သည်။

သူက ကားကိုအိမ်ရှေ့မှလမ်းမကြီးပေါ်သို့ နောက်ဆုတ်ထွက်ခဲ့ပြီးမှ မြောက်ဘက်သို့ဦးတည်မောင်းလာခဲ့သည်။ ထိုလမ်းကား အောင်မင်္ဂလာအဝေးပြေးဂိတ်ကိုဖြတ်သန်း၍ အမှတ် ၃ လမ်းမကြီးဆီသို့ဦးတည်နေပေသည်။ ရဲနောင်ကကားမောင်းနေရင်းမှသူသွားမည့်လမ်းကိုချိန်ဆတွက်ချက်နေသည်။

ဒီနေ့ သူထွက်လာတာအတော်နောက်ကျနေပေပြီ။ သူ့အနေနဲ့မိုင်းပုလဲသို့ ရောက်ရန် အရင်စလိုတော့ မသွားချင်ပါ။ လမ်းမှာအန္တရာယ်များသော တောင်တက်တောင်ဆင်းခရီးတွေကလည်းရှိပြီးအေးအေး ဆေးဆေး အန္တရယ်ကင်းရှင်းမှုကိုဦးစားပေးလိုသည်။ ခရီးကလည်းခရီးရှည်ကြီးဖြစ်သည်ကို သူသိလေသည်။

အရင်ဆုံးသူ အမြန်လမ်းကို အရင်တက်ရမည်။ အမြန်လမ်းကြီးက ယခင် ၂၀၃၀ ခုနှစ်လောက်တုန်းကနှင့်မတူတော့၊ မန္တလေးမှာပင်လမ်းမဆုံး။ တစ်ဘက်ကို ၆လမ်းပြေးလမ်းမကြီးတွေအပြိုင်နှင့်၊ ရန်ကုန်ကနေမြစ်ကြီးနားအထိ မြန်မာပြည်တောင်နဲ့မြောက်ကို တစ်ဆက်ထဲ မနားတန်းသွားနေနိုင်ပြီ။

တစ်ခုပဲရှိသည် သူတို့စော်ဘွားများ၏ ဇာတိမြေ ဖြစ်သောရှမ်းပြည်ဘက်တွင်တော့ တောင်တက်တောင်ဆင်းများနေတုန်းပင်။ ဒါပေမယ့် လမ်းတွေကကျယ်ပြီးပိုကောင်း၍ ခေတ်မီလာသည်။ တောင်ပေါ်ဒေသတွေ သွားဖို့အတွက်လည်းလမ်းသစ်တွေချဲ့ထွင်ကာ ကွန်ရက်သဖွယ်ဆက်စပ်မိကုန်ကြပြီ။

သူက အမြန်လမ်းမှနေ၍ နေပြည်တော်မြို့ဟောင်းမတိုင်မီ ဖဲ့ဆင်းပြီး အရှေ့စူးစူးသို့ ဆက်သွားရမည်ဖြစ်သည်။ လမ်းကောင်းသော်လည်းတောင်တက်လမ်းတွေက မတ်စောက်ပြီးရှုခင်းတွေက အံ့မခန်းဘွယ်ဖြစ်သည်။ လဘက်ခြောက်ကောင်းနာမည်ကြီးသော တောင်ပိုင်းရှမ်းမြို့ကြီးကိုဖြတ်ပြီးရင် ပေါင်းလောင်းတောင်ကြောတလျောက်အသစ်ဖောက်လုပ်ထားသော လမ်းအတိုင်းသွားခဲ့လျှင်၊ မိုးဗြဲနှင့်မိုးတားဟုခေါ်သော ဧရာမသဘာဝ ရေကန်ကြီးများဆီသို့မရောက်မီ တောင်ကြားကုန်းမြင့်လွင်ပြင်တွင် မနော်ဟရီ ဥယျဉ်မြို့တော်ရပ်နားစခန်းသို့ ရောက်ပေမည်။

ကန္တာရဝတီသို့ ဦးတည်နေရာဖြစ်သောထိုလမ်းကြောင်း၏ အလယ်၊ ကိန္နရီညီအမခုနှစ်ဖော်တို့ပျော်ပါးကျက်စားရာတောတောင်နယ်မြေမှာ အမှတ်တရ တည်ဆောက်ခဲ့သော နတ်ဘုံနတ်နန်းအလားသာ ယာလှသောမြို့လေးဖြစ်လာခဲ့သည်။

တည်းခိုရာ ရိပ်သာများ၊ KTVများ၊ ပတ်ဘ်များ၊ ဘားများ၊ ဇိမ်ခန်းများနဲ့ကာစီနိုတွေတောင် ရှိတယ်လို့ပြောကြသည်။ အဲဒီမြို့မှထွက်ပြီး ဧရာမရေကာတာကြီးများဆီရောက်မှ အရှေ့မြောက်ဘက်သို့ အတော်ဝေးဝေး မြို့စဉ်အတိုင်းဆက်လက်သွားခဲ့လျှင် မိမိတို့ဆွေမျိုးစဉ်ဆက်များစိုးစံခဲ့ရာ မိုင်းပုလဲမြို့သို့ရောက်ရှိမည်ဖြစ်လေသည်။

သူစိတ်ကူးထားတာက မနော်ဟရီဥယျာဉ်ရောက်ရင်မိုးစုပ်စုပ်ချုပ်ပြီ၊ အဲဒီမှာတစ်ညအိပ်နားပြီးအပန်းဖြေရာရှာရမည်။ စိတ်ဝင်စားစရာလေးများရှာကြည့်မည်။ ကာစီနိုမှာနည်းနည်းဝင်စူးစမ်းမည်။

`````````````````````````````````````````

(02)                               

ညနေဆည်းဆာချိန်မှာရဲနောင်တစ်ယောက် မနော်ဟရီဥယျာဥ်မြို့ထဲသို့ မောင်းဝင်လာခဲ့သည်။

သူမြို့ထဲမဝင်ခင်မှာပင် နေလုံးကြီးကတောင်စွယ်တောတန်းတွင်မြုပ်ဝင်သွားခဲ့ပြီ။ ပုဇွန်ဆီသွေးရောင်အလင်းရောင်မျှင်တန်းများသာကျန်တော့၏။ သို့သော် မြို့တစ်မြို့လုံးမှာကျူရီနဲ့အယ်လ်အီးဒီမီးလုံးများ၏အလင်းရောင်များကအစားထိုး ဝင်ရောက်လာသည်။

(***အဲ့လိုပဲစိတ်ကူးယဥ်ကြပါခင်ဗျ။ မြန်မာပြည်မှာ လျှပ်စစ်စွမ်းအား ရာနှုန်းပြည့်ထုတ်လုပ်ဖြန့်ဖြူးနိုင်တာ ၅ နှစ်ရှိခဲ့ပါပြီဟု..။ ဤကားစကားချပ်။)

ရဲနောင်က မြို့လယ်ကနာမည်ကြီး ရီယာပလာဇာ (ReRa Plaza) အနီးအနားတွင်ရှိသော ဟိုတယ်တစ်ခုတွင်ချက်အက်ဝင်လိုက်သည်။ရီရာဆိုတာကတော့ ကိန္နရီ၊ကိန္နရာကိုညွှန်းတာပါပဲ။

ဟိုတယ်စာရေးလေးက ဒီမြို့ရဲ့စိတ်ဝင်စားစရာနေရာတွေရဲ့လမ်းညွှန်နဲ့ ဟော့စပေါ့ဆိုတဲ့ နာမည်ကြီးနေရာတွေအားလုံးကိုသူ့ကိုပြောပြပေးသည်။ သူကကျေးဇူးတင်ကြောင်းပြောခဲ့လိုက်ပြီး သူ၏ညဘက်စွန့်စားခန်းစရန် ဟိုတယ်အပြင်သို့လမ်းလျှောက်ထွက်ခဲ့လေသည်။

ဒါပေမယ့် ဒီညကိုကျော်လွန်ခဲ့ပြီရင်သူ့ဘဝကြီးရဲ့ အဖြစ်အပျက်အတွေ့အကြုံတွေဟာ ထာဝရပြောင်းလဲသွားတော့မယ်ဆိုတာ သူနဲနဲလေးမှမသိခဲ့ပါချေ။ ရဲနောင်တစ်ယောက် ရီရာပလာဇာတစ်လျောက်နှံ့အောင်ပတ်ချာလည်လျှောက်ကြည့်ခဲ့သည်။ ကြည့်ခဲ့တာ ဆိုင်တွေကိုစုံတကာစိလို့။ တစ်နေရာမှာသူ့မျက်လုံးကို ဖမ်းစားလိုက်တဲ့ ဆိုင်းဘုတ်တစ်ခုကိုတွေ့လိုက်ရသည်။

" သင့်ရဲ့အနာဂတ်ကို ယခုပဲစေ့ငုကြည့်ပါလား။ ဆရာမကြီးအားရွှင်က အားလုံးသိတယ်။ သင့်ကို အားလုံးပြောပြပေးမယ်.."

သူလျှောက်လာခဲ့တာကြာပြီ။ ယခုမှဆွဲဆောင်မှုရှိသောအခြင်းအရာကိုစတွေ့ခြင်းဖြစ်သည်။ သူ့အတွေးထဲတွင်..

(မဆိုးဘူး..၊စိတ်ဝင်စားစရာပဲ၊ စမ်းမေးကြည့်ရင်ကောင်းမယ်။ အပျော်ပေါ့..)

သူကဆိုင်းဘုတ်ချိတ်ထားသော အဆောက်အဦထဲလျှောက်ဝင်လာခဲ့သည်။ ကောင်တာတစ်ခုနှင့်မျက်နှာချင်းဆိုင်မိသည်။ ကောင်တာနောက်မှာအသက်ကြီးကြီး အဘွားကြီးတစ်ယောက် ထိုင်နေတာကိုသူသတိပြုမိ၏။ ကြည့်ရတာရှမ်းတရုတ်မကြီးနှင့်တူသည်။ နာမည်ကလည်းအားရွှင်ဆိုတော့ ဟုတ်နိုင်လောက်သည်။

သူမက ရဲနောင်ကိုနောက်မှလိုက်ခဲ့ရန်အချက်ပြပြီး ခန်းစည်းလိုက်ကာကန့်ထားသည့် အတွင်းခန်းတွင်းသို့ဦးဆောင်ဝင်သွားသည်။

ဒါက သူမ၏ ဗေဒင်ဟောခန်းဖြစ်ပုံရသည်။ အထဲတွင်စားပွဲတစ်လုံးရှိပြီးသူ့ကို စားပွဲနှင့်မျက်နှာချင်းဆိုင်၊ဝင်ပေါက်ကိုကျောပေးထားသေ ာကုလားထိုင်တွင်ထိုင်ခိုင်းလေသည်။ လိုက်ကာကိုပိတ်လိုက်သော်လည်းအခန်းထဲတွင် မီးပွင့်ပြာမှိန်မှိန်လေးထွန်းထား၍ ပတ်ဝန်ကျင်ကိုတော့မြင်နိုင်သမျှမြင်နေရ၏။

စားပွဲပေါ်တွင်ကား Crystal Ball ဟုခေါ်သော အနာဂါတ်ကြည့် ဓါတ်ဖလ်လုံးတစ်လုံကို တင်ထားတာတွေ့ရသည်။ စားပွဲခင်းကအနက်ရောင်ကတ္တီပါသားဖြစ်သည်။ အဖွားကြီးက သူနှင့်မျက်နှာချင်းတွင်ဆိုင်ဖလ်လုံးရှေ့တွင်ရပ်ရင်းမှ..၊

" ကောင်လေး..သင့်နာဂါတ်ကိုယုံကြည်စွာမေးလို၍လာသည်ဟု ယူဆပါတယ်။ အဖွားမြင်တာ အားလုံးပြောပြပါ့မယ်။ ဟောခကတော့ ၉၀၀၀ ကျပ်ကျပါတယ်။ နဝင်းကျေသွားအောင်ပေါ့.."

ရဲနောင်က ဘာမှပြန်မပြော။ အဖွားကြီးရှေ့တွင်ချလာသော ကြေးကလပ်လေးထဲသို့ တစ်ထောင်တန်ကိုးရွက်ထုတ်ပြီးလာဘ်တင်လိုက်သည်။

အဘွားအိုကသူ၏လုပ်ငန်းစဥ်ကိုစလေပြီ။ ဓါတ်ဖလ်လုံး၏ ဖလ်သားမျက်နှာပြင်တစ်ခုလုံးသို့ သူမ၏လက်နှစ်ဘက်ဖြင့်လှည့်ပတ်မွှေ့ရမ်းပြီးပွတ်သပ်နေသည်။ သူမ၏မျက်လုံးများကိုမှိတ်ထား၍ပါးစပ်မှလည်း တောကရုံလူများနားမလည်နိုင်သောကမောက်ကမနိုင်လှသည့်

ဘာသာစကားတစ်မျိုးဖြင့် တီးတိုးရွတ်ဖတ်နေတာတွေ့ရသည်။ သူမ၏ပညာရပ်နှင့်ပတ်သက်သောဂါထာများပင်ဖြစ်ပေလိမ့်မည်။ ရုတ်တရက် အဖွားအို၏မျက်လုံးများကကျယ်ပြန့်စွာပွင့်လာပြီး အောက်ပါစကားများကိုဆိုလိုက်လေသည်။

" မင်းဟာခရီးရှည်ကြီးကို စတင်ထွက်ခွာလာခဲ့ပြီးဖြစ်တယ်။ ဒီခရီးကမင်းရဲ့ဘဝကို အပြောင်းအလဲဖြစ်လာမယ့်ခရီးဖြစ်သလို၊ အထင်မှတ်တဲ့ပျော်ရွှင်မှုတွေနဲ့ မယုံကြည်နိုင်တဲ့စွမ်းအားတွေ မင်းမှာရရှိလာလိမ့်မယ်။ မင်းဟာ တွေ့ဆုံသူတွေရဲ့ကြောက်ရွံ့ရိုသေခြင်းနဲ့ ချစ်ချင်းကိုတစ်ပြိုင်ထဲမှာရရှိခံစားရမယ့်ယောက်ျားတစ်ယောက်ဖြစ်လာလိမ့်မယ်.. "

" မင်းရဲ့ဘဝမှာမိန်းမတွေ အများကြီးနဲ့လည်းတွေ့ကြုံ ပတ်သက်ဆက်ဆံရလိမ့်ဦးမယ်။ မင်းနဲ့တွေတဲ့အမျိုးသမီးမိန်းမတွေအားလုံးက မင်းကို အဆမတန်ယုံကြည်ပြီးမင်းက သေဆိုသေ၊ ရှင်ဆိုရှင်၊ လွှမ်းမိုးနိုင်တဲ့အခြေအနေကိုရောက်လိမ့်မယ်.."

" ဒီစကားကို သေချာမှတ်ထားကောင်လေး။ ကြီးမားသော စွမ်းအားကိုရခဲ့ရင်၊ ကြီးမားတဲ့ တာဝန်ယူမှုကိုလည်းလက်ခံနိုင်ရလိမ့်မယ်..၊ အခုငါမြင်တာကိုပြောပြပြီးပြီကောင်လေး.."

" ကျေးဇူးတင်ပါတယ်အဖွား.."

ရဲနောင်က ယဥ်ကျေးသိမ်မွေ့စွာပင် အဖွားအိုအားကျေးဇူးစကားဆိုပြီး နှုတ်ဆက်၍ ဗေဒင်ခန်းမှထွက်ခွာလာခဲ့သည်။ လျှေက်လာရင်းမှအဖွားအိုဟောခဲ့သော အချက်များကိုပြန်တွေးရင်းသဘောကျပြီး တခိိခိနှင့်ရယ်မောလာခဲ့သည်။

(ဒီအကြားတွေအမြင်တွေကို သူဘယ်ကရလာတယ်မသိပါဘူး..ဟိဟိ..၊ ငါ့ဘဝမှာမိန်းမတွေအများကြီးနဲ့ပတ်သက်ရဦးမယ်တဲ့၊ ငါက အခုမှကျောင်းပြီးပြီးစ၊ ၂၂နှစ်ပဲရှိသေးတာ။ ရည်းစားကိုမူးလို့ရှူဖို့တောင် မထားဖူးဘူး၊ ဘာမှလည်းမဘာဖူးဘူး။ ရှင်တောင်ပြုဖို့နေနေသာသာဂွင်းတောင် အချိန်လုပြီးထုနေရတဲ့ဘဝ.. ဟားဟား ဟား..) သူ့ကိုယ်သူတွေးရင်းသဘောကျလွန်းသဖြင့် ရယ်မိလေသည်။

ရဲနောင် တစ်ယောက်သဘောကျရင်းဆက်လက်လျှေက်လာရာ၊ ပလာဇာ ၏တစ်နေရာမှာရှေးဟောင်း ပစ္စည်းအရောင်းဆိုင်ခေါ်မလား၊ တိုလီမုတ်စ အထူးအဆန်း၊ ကျူလီယိုဆိုင်ဟုခေါ်မလား၊ အန်းတိတ်ပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့လေတော့သည်။ ယင်းဆိုင်ကလည်း သူလျှောက်လာရာ တူရူမှာရှိသည့်အတွက်ထိုဆိုင်ထဲသို့ ဝင်ကြည့်မိလေသည်။

တစ်ဆိုင်လုံးမှ ာရုပ်သေးရုပ်တွေ၊ ဓါးတွေ၊ နတ်ရုပ်တွေ၊ ဘုရားဆင်းတုတွေ၊ ကြေးလင်ပန်းအဟောင်းတွေ၊ လှံသွားတွေ၊ခေတ်အဆက်ဆက်ကဒင်္ဂါးဟောင်းတွေ၊ မှန်ချပ်တွေစုံတကာကိုစိလို့။ ပြီးတော့ကောင်တာပေါ်က မှန်ဘီရိုရှည်ကြီးတစ်ခုထဲမှာရှေးဟောင်းဘယက်တွေနဲ့လက်ဝတ်ရတနာပစ္စည်းတွေကို ခင်းကျင်းပြသထားသည်။       

ရဲနောင်က လက်ဝတ်ရတနာကောင်တာကို ဖြတ်လျှောက်လာသောအခါ၊ မှန်ဘီရိုရှိူးကေ့စ်ထဲသို့အမှတ်မထင်ငုံ့ကြည့်မိလေသည်။

သူမျက်စိရောက်သွားသည်က ရွှေလက်စွပ်ဟုထင်ရသော လက်စွပ်တစ်ကွင်း။ လက်စွပ်အပေါ်မှာကျောက်မျက်သုံးလုံးဖြင့်စီချယ်ထားသည်။

တစ်တုံးကအဖြူရောင်။ နောက်တစ်လုံးကအပြာ၊ နောက်တစ်ခုက အစိမ်းဖြစ်လေသည်။ ဘာကျောက်တွေလဲတော့သူမသိ။ သူ့မှာရှိသမျှ ဗဟုသုတလေးနှင့် အရောင်ကို အခြေခံပြီးမှန်းကြည့်မိသည်။ အဖြူက စိန် သို့မဟုတ်ကြောင်၊ အပြာက နီလာ၊ အစိမ်းက မြဖြစ်လေမလားပဲ၊

ဒါပေမယ့်အခုသူလာတာက စူးစမ်းကြည့်ရှုမှုသက်သက်သာ။ စိန်ကဲကျောက်ကဲ ဖြတ်ဖို့လာတာ မဟုတ်။ လက်စွပ်ကိုသူအမှတ်တမဲ့ကြည့်မိပြီးမှရှေ့ဆက်လျှောက်မလို့လှမ်းလိုက်စဥ်မှာလက်စွပ်ကသူ့မျက်စိထဲမှာဝင်းကနဲတောက်သွားလေသည်။

ပထမအဖြူရောင်ကျောက်၊ ပြီးတော့ ပထမကျောက်ကမှိန်ခနဲဖြစ်သွားပြီး အပြာရောင်ကျောက်ကထတောက်သည်။

တစ်ခါ အပြာကျောက်ပြန်မှိန်ပြီး အစိမ်းရောင်က ထတောက်ပြန်သည်။ သူရုတ်တရက်အံ့ဩ၍ မဆုံးခင်မှာပင်သုံးခုလုံးပြိုင်တူထတောက်ပြီး ပြန်လည်ငြိမ်သက်သွား​လေသည်။ သူမျက်လုံးကိုပွတ်၌ နောက်တစ်ကြီမ်ပြန်ကြည့်တော့ လက်စွပ်ကယခင်အတိုင်းခပ်မှိန်မှန်ညစ်ညစ်သာမန်လက်စွပ်ဟောင်းတစ်ကွင်းပုံစံပြန်ဖြစ်နေသည်။

ဒါမေမယ့် စောစောကသူ့ရှေ့မှာသိသိသာသာကြီး တောက်စားသွားသောယင်းလက်စွပ်ကို သူအရမ်းစိတ်ဝင်စားသွားခဲ့လေပြီ။ ဒါကြောင့်ကောင်တာ နောက်မှာရှိနေသည့် ဆိုင်ရှင်ဖြစ်ဟန်တူသော အဘိုးကြီးအား ထိုလက်စွပ်ကိုလက်ညှိုးထိုးရင်း..

" အဘ..၊ အဘ..ဟောဒီလက်စွပ်လေး၊ ကျနော့်ကိုခဏလောက်ကြည့်ခွင့်ပြုပါလားခင်ဗျာ့ ကျနော်စိတ်ဝင်စားလို့ပါ.."

" ဟေ..! အေး..အေး..ခဏနော်.."

အဖိုးကြီးက သူ့ခါးမှသော့တွဲကိုဖြုတ်ပြီး မှန်ဘီရိုကိုဖွင့်ကာ လက်စွပ်ကိုကုန်း၍ လှမ်းယူပြီးနောက် ရဲနောင်လက်သို့ကမ်းပေးလိုက်သည်။ ရဲနောင်က လက်ထဲ ရောက်လာသော လက်စွပ်ကို သေချာကိုင်ပြီးလှည့်ပတ်၍ ၎င်းပွတ်သပ်၍၎င်းစေ့စေ့စပ်စပ်ကြည့်ရှုလေသည်။

သေချာကြည့်တော့လည်း လက်စွပ်ကအမှန်တကယ် ဘာမှ မထူးခြားသည့်သာမန်လက်စွပ်ဟောင်း တစ်ကွင်းထက်ဘာမှမပိုပေ။ ဒါပေမယ့် ဒီလက်စွပ်ကိုကိုင်ကြည့်ရင်း အမှန်တကယ်လိုချင်မိလာသည်။ သူကအဖိုးကြီးကိုပြောလိုက်သည်။

" အခုလိုကြည့်တော့လည်းဘာမှမဟုတ်သလိုပဲအဘရယ်။ စောစောကကျနော်ဖြတ်သွားရင်းကြည့်မိတော့၊ ဒီကျောက်လေးတွေက တစ်လှည့်စီတောက်စားပြသွားတယ်ချင်ဗျ။ အခုကြည့်တော့ဘာမှမဟုတ်တော့ပေမယ့်၊ ဒါကိုကျနော်တကယ် လိုချင်လာမိတယ်"

အဖိုးကြီးကရဲနောင်စကားကိုကြားတော့ သူ့ကိုထူးဆန်းသလို တစ်ချက်ကြည့်လိုက်သည်။

" မင်းတကယ်လိုချင်ရင်တော့ဒီလက်စွပ်က သိန်း၅၀စျေးဖြတ်ထားတယ်ကွဲ့.."

ရဲနောင် တစ်ယောက် ပက်လက်လန်သွားရသည်။ တစ်နွေလုံးလုံး ဒီပရောဂျက်မှာလုပ်ခဲ့တာတောင်မှ အခုသူ့မှာပါလာသည့်သိန်း ၅၀ ရအောင်ဖျစ်ဖျစ်မြည်အောင် စုခဲ့ရသည်။ ဒါကိုဝယ်လိုက်ရင် ဘာကျန်တော့မှာလည်း။

သူကျောင်းဆက်တက်ဖို့စီမံထားတာတွေလည်း ရှိသေးလို့ငွေလိုသည်မဟုတ်လား။

" လိုတော့လိုချင်တယ် အဘရယ်၊ ဒါပေမယ့်တန်ဘိုးက ကျနော့်အတွက် အဆမတန် မြင့်လွန်းနေတယ်။ ဒီကျောက်လေးတွေ တောက်စားပြသွားပုံက ကျနော့်ကို အတင်းယူဖို့တိုက်တွန်းနေသလိုပဲ။ ဒါပေမယ့်သိန်း ၅၀ ကြီးကတော့ ဘယ်လိုမှမတတ်နိုင်ပါဘူး။ ကျနော်လက်လျှော့လိုက်ပါပြီ.."

````````````````````````````

(03)                              

အခုမှ သူ့စကားကိုသေချာနားစိုက်ထောင်မိဟန်တူသော အဖိုးအိုက ထိတ်လန့်စိတ်လှုပ်ရှားပုံ အမူအယာသို့ပြောင်းသွားသည်။

" ဘယ်လို..ဘယ်လို..ကျောက်တွေကမင်းကို တောက်စားပြတယ် ဟုတ်လား..၊ ဘယ်လိုပုံစံတောက်စားတာလဲ"

ရဲနောင်က သူမြင်ခဲ့ရသည့်အတိုင်း အဖြူရောင်တစ်လှည့်၊ အပြာရောင်တစ်လှည့်၊ အစိမ်းရောင်တစ်လှည့်တစ်ခုပြီးတစ်ခုဆက်တိုက်ဆိုသလိုတောက်ပပြကြောင်းအဖိုးအိုကို ရှင်းပြလိုက်သည်။ အဖိုးကြီးကသူ့ကိုကြည့်သောအကြည့်သည် ထူးဆန်းအံ့ဩသည့်အကြည့်သို့ ပြောင်းသွားသည်။

" ဟေ့..သူငယ်..ဒါဆိုရင်မင်းကို အဘက ငါးသောင်းကျပ်ထဲနဲ့ ဒါကိုရောင်းလိုက်မယ်ကွယ်။ သိန်း ၅၀ပေးစရာမလိုတော့ဘူး.."

ရဲနောင်ချက်ချင်း အံ့ဩသွားရလေသည်၊ သိန်း၅၀စျေးကပ်ထားတာကို အခုငါးသောင်းထဲနှင့် ရောင်းမည်တဲ့စျေးက အဆတစ်ရာချက်ချင်းလျော့သွားသည်။ ဘာပဲဖြစ်ဖြစ် သူကစကားထပ်မရှည်တော့ပေ၊ ဒီတန်ဘိုးလောက်ကသူတတ်နိုင်သော ငွေကြေးဖြစ်သည်။ ဒါကို သူအရမ်းလိုချင်နေသည့်အချိန်တွင် သူလိုချင်တာရရင်ပြီးတာပဲ။သူကငွေ ၅၀,၀၀၀ ကို ရေတွက်ပြီးအဖိုးအိုလက်ထဲသို့ထည့်လိုက်သည်။ အဖိုးကြီးက..

" အဘ..ဘာလို့မင်းကို ဒီဈေးနဲ့ပေးလဲသိလား..၊ မင်းနဲ့ဒီလက်စွပ်နဲ့က အဆက်တွေရှိတယ်။ ပဌာန်းဆက်ဆိုပါတော့ကွယ်။ ဒီလက်စွပ်တောက်စားတာကို နှစ်၁၀၀မှာ တစ်ခါသာမန်လူတွေ မမြင်နိုင်ဘူးကွဲ့.."

သူက အဖိုးကြီးဘာပြောချင်တာလည်းကောင်းကောင်း နားမလည်ပါ။ ဘာအဆက်တွေဖြစ်ဖြစ်ထားလိုက်တော့။ သူလက်စွပ်ကိုယူ၍ အဖိုးအိုကိုနှုတ်ဆက်ပြီးဆိုင်ပြင်သို့ပြန်ထွက်မည်ပြုစဥ်..၊ အဖိုးအိုကသူ၏ လက်မောင်းကိုဖမ်းဆွဲထားလိုက်ရင်း ပြောလိုက်တာက..။

" ဟေ့..သူငယ်၊ ဒီစကားကိုသေချာမှတ်သွားစမ်းပါ။ ကြီးမားသောစွမ်းအားကို ရခဲ့ရင်၊ ကြီးမားတဲ့ တာဝန်ယူမှုကိုလည်းလက်ခံနိုင်ရလိမ့်မယ်ကွဲ့.."

ရဲနာင်အလွန်အံ့ဩသွားရသည်။

ဒီနေ့၊ ဒီမြို့ကိုရောက်မှ၊ တစ်ညတည်းမှာ အဓိပ္ပါယ်တူစကားနှစ်ခွန်းကိုထပ်ခါထပ်ခါကြားလိုက်ခဲ့ရသည်လေ။ ဒါကဘာသဘောလည်း..။ ရဲနောင်ကဆိုင်ကလျောက်ထွက်လာပြီးမှလက်တွင်ကိုင်လာသောလက်စွပ်ကို သူ၏ညာဘက်လက်သူကြွယ်မှာစွပ်လိုက်သည်။

စွပ်လိုက်ပြီးတာနဲ့တစ်ကိုယ်လုံးတွင်စူးခနဲရှိန်းခနဲ ကျင်တက်သွားသော ခံစားမှုတစ်ရပ်ကိုရလိုက်သည်။ ထိုခံစားမှုနောက်တွင် ဆက်၍ဖြစ်ပေါ်လာသည်ကား ကြီးမားသောစွမ်းအားတစ်ခုသူ၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်ကိန်းအောင်းလာသကဲ့သို့၊

မိမိကိုယ်မိမိယုံကြည်မှုတွေအပြည့်ရှိလာသလို စိတ်ထဲမှတက်ကြွလာသည်ကိုသတိပြုမိလေသည်။ ယခုသူက မိမိတည်းခိုရာဟိုတယ်ဘက်သို့ပြန်တော့မည်ဟု တွေးကာခြေဦးပြန်လှည့်ခဲ့လေသည်။

ပထမ ဒီမြို့ကိုသူမရောက်မီက၊ ကာစီနိုတွေဘာတွေဝင်ရောက် စူးစမ်းကြည့်ဦးမည်ဟု စိတ်ကူးခဲ့သေးသည်။ အခုသူလက်စွပ်ရလာပြီးမှစိတ်ပြောင်းသွားသည်။

မလိုအပ်ပဲ ငွေထပ်မဖြုန်းချင်တော့ပါ။ လောင်းကစားဆိုတာ ရတာလက်စာရင်၊ ကုန်တာက များပါလိမ့်မည်။သူပြန်လျှောက်လာခဲ့ရာ သုံးလေးဘလောက်မျှသာလျှောက်ခဲ့ရသေးသည်၊ လမ်းထောင့်တစ် ခုတွင်ရပ်၍ သူ့အားမြှူဆွယ်ဟန်ဖြင့်မခို့တရို့ကြည့်နေသောအမျိုးသမီးတစ်ယောက်အားတွေ့လိုက်ရလေသည်။

အမျိုးသမီး၏ဝတ်စားဆင်ယင်ပုံနှင့် အနေအထားကိုကြည့်ရုံနှင့်သိလိုက်လေပြီ၊ ဒီလိုညဦးပိုင်းမျိုးတွင် မနော်ဟရီလိုအရပ်မျိုး၌ ဒီလို အနေအထားနှင့်တွေ့ပါက ညစာဝင်ငွေ၊ ဖောက်သည်ထွက်ရှာသော၊ အလန်းဇယားညဥ့်ငှက်မလှလှလေးတစ်ကောင်မှန်းရိပ်မိလိုက်လေပြီ။

ဒီည သူ့စိတ်တွေကလည်းမတည်မငြိမ်တအားထူးဆန်းနေသည်။ ခါတိုင်းဒါမျိုးမတွေးခဲ့ပေမယ့် ဒီညတော့အတွေးအခေါ်တွေတစ်မျိုးပြောင်းနေသည်။

သူ့တစ်သက်တာတွင် မိန်းမနှင့်ပတ်သက်ပြီးဘာမှမဘာဖူးသေးပါ (ဝါ) ရှင်လုံးဝမပြုဖူးသေးပါ။ စိတ််ဆာရင် စာအုပ်ဖတ်၊ အောကားကြည့်ပြီးတော့၎င်း၊ တွေ့မြင်ဖူးသည့်နို့ကြီးကြီး၊ ဂျောကောင်းကောင်းဆော်ကြီးတွေကိုမှန်းပြီးဂွင်းထုတတ်တာကသာသူ့အတွက်မိုင်ကုန်ဖြစ်ခဲ့သည်။

အခု ဒီဆော်ကြီးကိုတွေ့လိုက်တော့၊ တဒင်္ဂအတွင်းသူ့စိတ်တွေကဆော်ကြီးအပေါ် အာရုံသက်ဝင်သွားလေသည်။ တကယ်လို့ သူ့ရဲ့မပျက်ရသေးသောလူပျိုရည်ကိုဒီညအဆုံးရှုံးခံပြီး ဘဝရဲ့ပထမဆုံးအတွေ့အကြုံကိုရယူကြည့်ဖို့ကောင်းမလားဟူသော အတွေးက

ခေါင်းထဲဝင်လာသည်နှင့်ချက်ချင်းဆိုသလိုပင်၊ အမျိုးသမီးရပ်နေရာလမ်းထောင့် ဓါတ်မီးတိုင်အောက်သို့တည့်တည့်လျှောက်ဝင်သွားလိုက်မိသည်။  

အမျိုးသမီးနှင့်နီးကပ်လာသောအခါ မှ ထိုမိန်းမမှာအသက်သိပ်အငယ်လေးမဟုတ်ကောင်း သတိထားမိလာသည်။ ခန့်မှန်းရလျှင် အသက် ၄၀တန်း အလယ်ပိုင်းဘာက်ရှိမည်။ လွယ်လွယ်ပြောရရင် ၄၅ ဆိုပါစို့။ သူ့အနေနဲ့ဆိုရင်နည်းနည်းကြီးတယ်လို့ဆိုရင်

ရပေမယ့် အမျိုးသမီးကအရင့်ကြီး ပုံစံပေါက်မနေပါ။ နှိုင်းယှဥ်ရမည်ဆိုရင်တော့၊ သူ့အမေ၊ အဒေါ် အရွယ်လောက်ရှိမည်ဟု ဆိုရင်လည်းဆိုနိုင်သည်။ ရုပ်ရည်ကလည်းမဆိုးလှ၊ လှသည်ဟုပြောလို့ရသည့်မျက်နှာပေါက်မျိုး။သန့်သန့်ပြန့်ပြန့်ပုံစံ ရှိသလိုအဝတ်အစားနှင့် ကိုယ်လုံးကိုယ်ပေါက်လိုက်ဖက်မှုရှိသည်။

ဝတ်တာစားတာ အရမ်းကြီးမရိုင်းသည့်အပြင်၊ ဒီအရွယ်တွေမှာဖြစ်လေ့ရှိသည့်ပုံပျက်ပန်းပျက် အနေအထားမျိုးမရှိပဲ အချိုးအဆစ်ပြေသည်ဟုဆိုရမည်။ ဒီပုံစံမျိုးဆိုရင် သူ့လူပျိုရည်ကိုအပျက်ယွင်းခံပျော််လောက်သည်။သူမကရဲနောင်ကိုကြည့်ပြီး...

" ဟေး..! မောင်လေးကကြည့်ကောင်းတဲ့ လူချောလေးပဲ။ ပျော်စရာညလေးတစ်ခုအတွက် အဖော်များလိုက်ရှာနေတာလားမောင်လေး.."

" ဪ..ဟုတ်ကဲ့..၊ ဆိုပါတော့အမ.."

" အင်း..ကောင်းသား၊ မင်းကိုကြည့်ရတာလူကြီးလူကောင်းသားသမီးပုံစံပဲ။ မောင်လေးကမ မနဲ့အချိန်ကောင်းလေးတွေဖြုန်းချင်တယ်ဆိုရင်တော့ မမဘက်ကဆာ့ဗ်လုပ်ပေးဖို့ အသင့်ပါပဲကွယ်.."

" မောင်လေးလိုချင်တာက ဟဲဗီးလား လိုက်လားကွယ့်။ လိုက်ဆိုရင်တော့အမှုတ်တစ်ခုထဲပဲ။

ပုလွေကောင်းကောင်းကြီးမျော့သွားအောင်မှုတ်ပေးမယ်။ လိုက်အတွက်က ၅သောင်းကျမယ်။ အဲ..ဟဲဗီးရွေးမယ်ဆိုရင်တော့ စပယ်ရှယ် ဒစ်စကောင့်ပေါ့၊ တစ်သိန်းပဲကျမယ်။ အဲဒါအားလုံးပါတယ် အောအင်ဝမ်းပေါ့။ တစ်ညလုံးကြိုက်သလိုသုံး၊ မောင်လေးကချောလို့မမကမေတ္တာနဲ့ပေးတာ၊ ပုံမှန်ဆိုရင်တစ်ပုံးခွဲတောင်းတာ.."

" ဟုတ်ကဲ့မမ..မဆိုးပါဘူး၊ ဒါဆိုအောအင်ဝမ်းကတန်တာပေါ့၊ အဲဒါပဲယူမယ်လေ.."

" မောင်လေးနေရာရောရှိပြီးပြီလား..၊ မရှိသေးလဲမမတို့သုံးနေကျ ဘိရှိတယ်။ ဘိဖိုးနည်းနည်းပါးပါးပိုပေးရမှာပေါ့.."

" မပူနဲ့မမ..၊ ကျနော်မှာဒီညအတွက်ဟိုတယ်ငှားပြီးသား။ ဒီကနေလျှောက်သွားရင်ဘယ်လောက်မှမဝေးတော့ဘူး။ လာသွားကြစို့.."

သူမကသဘောတူလိုက်ပြီးသူတို့နှစ်ယောက်သား ဟိုတယ်ရှိရာဘက်သို့ အတူလျှောက်လာခဲ့ကြသည်။ လမ်းလျှောက်လာစဥ်အတွင်းတွင် တစ်စုံတစ်ရာကတိုက်တွန်းနေသလိုမျိုးခံစားရပြီး သူမကလက်ဆန့်လျက်ရဲနောင်၏လက်ကိုလှမ်းဆွဲခိုတွဲကာပါလာလေသည်။ ဘာဖြစ်လို့လဲတော့သူမမသိ။

ဒီလိုယောက်ျားလေးတွေနဲ့ ဆက်ဆံသည့်အလုပ်က သူ့အလုပ်ဖြစ်သည်။ ဖောက်သည်ယောက်ျားတွေစိတ်ကျေနပ်မှုရအောင်ပြုစုပေး၊ဆက်ဆံပေးဖို့ကလည်း သူမအလုပ်ဖြစ်သည်။ သို့သော် တာဝန်ကျေမျှသာ။ အခုဒီလူရွယ်လေးနဲ့ ကျမှဘာဖြစ်တာလည်းမသိ။ သူကိုယ်တိုင်စိတ်ထဲကလိုလိုလားလားဖက်တွယ်ထားမိသည်။ တစ်ခုခုထူးထူးဆန်းဆန်းကွာခြားနေသည်ကတော့အမှန်ပင်။

ရဲနောင်ကသူမ၏မျက်လုံးထဲသို့စူးစိုက်ကြည့်လိုက်ရင်း..၊

" ဒါက ကျနော့်ရဲ့ ပထမဆုံးအတွေအကြုံပဲ။ ကျနော့်ကိုဘယ်လိုနည်းလမ်းတကျလုပ်ရမယ်ဆိုတာကို မမကအကုန်သင်ပေးရမှာနော်..ဘယ်လိုလဲ.."

သူမမှာလည်း ထူးဆန်းတဲ့ ဖီလင်တစ်မျိုးခံစားနေရသည်။ ဒီကောင်လေးစိတ်ကျေနပ်အောင်အစစ၊ အရာရာ၊ စိတ်လိုလက်ရ လုပ်ပေးချင်စိတ်တွေကရင်အတွင်းထဲကလှိုက်လှိုက်လှဲလှဲကိုဖြစ်နေတာ..။ သူမကရဲနောင်ကိုပြန်ဖြေလိုက်သည်။

" အသဲလေး..ဒီညပြီးလို့ရှိရင် မင်းသိချင်တာတွေနဲ့ ယောက်ျားတို့တတ်အပ်တဲ့ ပညာတွေအားလုံး မမဆီကသင်ပြီးသွားပြီလို့သာမှတ်လိုက်ပေတော့.."

" ကြိုက်သွားပြီလေ..ချစ်မ..၊ ဒါနဲ့မမနာမည်လေးရောမသိရဘူးလား..မမ"

" မမ..ဘယ်သူ့ကိုမှနာမည်မပြောဖူးဘူး၊ မောင်လေးကခေါ်မယ်ဆိုရင် မမစန္ဒီလို့ပဲခေါ်နိုင်ပါတယ်။ မောင်လေးကရော ဘယ်လိုခေါ်.."

" ကျနော်ကရဲနောင်ပါမမစန္ဒီ၊ နောင်လို့ခေါ်လည်းရပါတယ်.."

ဒီလိုနဲ့ သူတို့နှစ်ဦးသားလျှောက်လာကြတာ၊ ရဲနောင်ငှားထားတဲ့ ဟိုတယ်ကိုရောက်လာကြသည်။ အခန်းထဲဝင်မိပြီးတံခါးပိတ်လိုက်တာနဲ့ သူမက အဝတ်အစားတွေချွတ်ဖို့တောင် မစောင့်နိုင်တဲ့ပုံမျိုးနဲ့ရဲနောင်ကိုနံရံဘက်ကိုတွန်းပြီးကပ်လိုက်ရာ ရဲနောင်မှာရုတ်တရက်လန့်လို့ပင်သွားလေသည်။ သူမကသူ့ကိုဝင်ဖက်ပြီးအငမ်းမရနှုတ်ခမ်းချင်းစုတ်၍နမ်းလိုက်ပြန်သည်။ ထိုစဥ်အတွင်းမှာပင်သူမက ရဲနောင်၏ အင်္ကျီကြယ်သီးများကိုဖြုတ်ထုတ်ခြင်း၊ ဘောင်းဘီခါးပတ်ဖြုတ်၊ ဇစ်ဖြုတ်၍ဆွဲချွတ်ချခြင်းတို့ကို ကျွမ်းကျင်စွာတစ်ဆက်ထည်းပြုလုပ်ပြီးဖြစ်သည်။

ဘောင်းဘီဇစ်ပြုတ်သွားတာနဲ့ သူမက ဒူးများကွေး၍ချက်ချင်းထိုင်ချလိုက်ပြီး၊ ရဲနောင်၏လီးကိုဘောင်းဘီကြားထဲကပလောက်ခနဲဆွဲထုတ်လိုက်သည်။

ရဲနောင်လီးကြီးက ကစ်ဆင်အဆွဲခံရကထဲက၊ ဆော်ကြီးက အဝတ်အစားတွေကို ဆွဲချွတ်ပေးနေကထဲက၊ ထန်ခနဲတောင်ပြီးနေပြီဖြစ်လေသည်။ သူမကပါးစပ်ကိုခပ်ကျယ်ကျယ်ဟပြီးလီးကို ကောက်ငုံလိုက်သည်။

ပြီးမှခေါင်းလေးကိုဘယ်ညာနွဲ့၍ဖြေးဖြေးချင်းငုံ့စုပ်ပေးရင်းမှ၊ အရှိန်ကတစ၊ တစနှင့်မြန်လာပြီး အားရပါးရထုတ်လိုက်သွင်းလိုက်ပုလွေပေးနေသည်မှာ၊ မနက်ဖြန်ဆိုတာမရှိတော့ဘူးလို့များထင်နေသလားမသိ၊ အကယ့်ကိုအငမ်းမရပုံစံကြီးနဲ့ပါပဲ။

ရဲနောင်မှာသူ့ဘဝတစ်သက်တွင် ယခုကဲ့သို့လီးစုတ်၊ ပုလွေမှုတ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

ဤကဲ့သိုအကြောတွေစိမ့်အောင် အရသာရှိလှသော ဖီလင်မျိုးကို ယခင်ကတ်ခါမှမခံစားခဲ့ဖူးပေ။ ပြီးတောသူကိုယ်သူပင်ရှော့ဖြစ်သွားရအောင်ရုတ်တရက်ကြီးအံ့အားသင့်စေသောအဖြစ်ကိုသတိထားလိုက်မိလေသည်။ ၎င်းမှာသူခေါ်လာသော မမစန္ဒီဆိုသည့်အမျိုးသမီး၏ပါးစပ်ထဲတွင် ပုလွေအမှုတ်ခံရလို့ကြီးထွားလာသောသူ၏အင်္ဂါဇာတ်ကိုပြန်ငုံ့ကြည့်မိသောအခါ၊

လိုတာထက် မတရားကြီးထွားနေတာကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည််။ သူ့လီးကြီးကခါတိုင်းပုံမှန်တောင်နေကျအရွယ်အစားထက် ၅လက္မလောက် ပိုရှည်လာပြီး၊ လုံးပတ်မှာလည်း လက္မအနည်းငယ်ခန့်ပိုထွားလာကာ သိသိသာသာကြီးတုတ်ခိုင်နေခြင်းပင်ဖြစ်သည်။

သူသည်လိင်ကိစ္စကိုစိတ်မဝင်စားသောလူငယ်တစ်ဦးမဟုတ်ပါ။ မိန်းမ မလိုက်စားသော်လည်း ဂွင်းကတော့ပုံမှန်ထုလေ့ရှိပါသည်။ ထိုကြောင့်မိမိလီး၏အကြီးဆုံးတောင်ခဲ့ဖူးသေ ာဆိုဒ်ကိုမှတ်မှတ်ရရရှိခဲ့ပါ၏။ ယခုကတော့တစ်ခုခုမှားနေပြီဟုထင်သည်။

မမစန္ဒီ၏ပရော်ဖက်ရှင်နယ်ကျသောအစွမ်းအစကြောင့်ပင်လား၊ ဒါမှမဟုတ်အခြားအကြောင်းတစ်ခုခုကြောင့်လားသူဝေခွဲလို့မရပေ။

သူစိတ်ကူးယဥ်ပြီး မှားယွင်းနေခြင်းမဟုတ်တာတော့ သေချာသည်။ အမျိုးသမီး၏ ပုလွေအစွမ်းပေါ်တွင်သူနစ်မြောသာယာသွားရင်း၊ သူမျက်လုံးတွေကိုအမိုက်မှောင်ဖုံးသွားပြီးမိုက်မိုက်မဲမဲ ကာမဆက်ဆံလိုစိတ်တွေနဲ့ပဲမွှန်ထူနေတော့သည်။

သူကစန္ဒီကို ဆွဲဖက်ပြီးပွေ့ယူလိုက်သည်။ ပြီးတော့ ကုတင်ပေါ်သို့ညင်ညင်သာသာလေးပက်လက်ချထားလိုက်သည်။

`````````````````````````````````````````````````

(04)                                

ရဲနောင်က သူ့ဘောင်းဘီကိုဆွဲချွတ်ချနေစဥ်တွင်၊ အမျိုးသမီးကလည်းအလိုက်တသိပင်မိမိ၏အဝတ်အစားများကိုလျင်မြန်စွာ ဖယ်ရှားချွတ်ချလျက်ရှိ၏။ နှစ်ယောက်စလုံးဝတ်လစ်စလစ်အနေအထားနှင့်ကျွတ်ကျသွားကြသောအခါ၊ ရဲနောင်ကတိုက်ခိုက်သတ်ဖြတ်ရန် အသင့်အနေအထားဖြစ်နေသောကျားရဲတစ်ကောင်ကဲ့သို့တရွေ့ရွေ့ရှေ့တိုးခဲ့လေသည်။

စန္ဒီကဒူးထောင်ပေါင်ကား ပက်လက်အနေအထားဖြင့်ကုတင်စောင်းတွင် သူမ၏ အင်္ဂါဇာတ်ကိုအဆင်သင့် အနေအထားဖြင့် ဖြဲကားပေးထားလျက်ရှိသည်။ သူက သူ့လက်ထဲတွင်မိမိလီးကြီးကို ကိုင်ပြီး ဒစ်ခေါင်းကြီးကိုစိုရွှဲဝင်းပြောင်နေသော သူမ၏ စောက်ခေါင်းအမြှောင်းပေါ်တွင်အထက်အောက်ပွတ်ဆွဲလျက်အားပါပါပင်ဗျိကနဲထိုးချလိုက်သည်။

ချွဲအိစပြုနေသာစောက်ခေါင်း၊ အမျိုးသမီးရဲ့ ပရော်ဖက်ရှင်နယ်အသားကျပြီးသောစောက်ဖုတ် အရွယ်အစားကြောင့်နှင့်အရှိန်ပါပါဆောင့်ထိုးလိုက်မှုများကြောင့်လီးကသိပ်မခက်ခဲပဲတဆုံးဝင်သွားတော့သည်။

" စူးးး..ရှ်..အားး.."

သူမ၏အတွေ့အကြုံအရသိပ်မထူးဆန်းလှသော်လည်း၊ ထွားကြိုင်းသောသူ့လီးဆိုဒ်ကြီးကြောင့်စန္ဒီကပါးစပ်ကိုစုချွန်လျက်နက်နဲစွာညည်းသံပြုလိုက်မိသည်။

သူတို့နှစ်ယောက်ကလှုပ်ရှားမှုကိုဖြည်းညှင်းစွာစခဲ့ပြီး မကြာမတင်မှာပင်အတိုင်အဖောက်ညီလာခဲ့ကြကာချက်ကျလက်ကျ မြန်ဆန်လာခဲ့တော့၏။ ယောက်ျားတွေနဲ့ဆက်ဆံခဲ့ရတာနောကျေရိုးအီနေပြီဖြစ်တဲ့၊ ပရော်ဖက်ရှင်နယ်ဆန်လှသောစန္ဒီမှာ၊သူမကိုယ်သူမတောင်ကောင်းကောင်းမယုံချင်။

သူမအခုပါဝင်လှုပ်ရှားနေတဲ့အချစ်ကစားပွဲမှာ တကယ်ပဲစိတ်ဝင်တစားနစ်မျောသာယာနေမိလေသည်။

" အာ့..အာ့..အာ့..အား..အာားးး..လိုး..မောင်လေး..နောင်..ဆောင့်..ဆောင့်.."

ဖွတ်..ဖွတ်..ဖွတ်..ဖတ်..ပတ်..ပလစ်..ပလစ်..ဒုတ်..

စန္ဒီကလှုပ်ရှားနေရင်းမှအတွေးတွေကအမျှင်မပြတ်။ ကာမဆက်ဆံစပ်ယှက်မှုတွင်သူမ နောက်ဆုံးအနေဖြင့် ကျေကျေနပ်နပ် ပြည့်ပြည့်ဝဝကြီးပျော်ရွှင်စွာခံစားခဲ့ရသည်မှာ၊ ၁၀နှစ်နီးပါးပင်ရှိတော့မလားမသိပေ။ ဒီကောင်လေးနဲ့ကျမှဘာဖြစ်သည်လဲတော့သူမမသိ၊ သူမစိတ်တွေညွတ်နူးကာကျေကျေနပ်နပ်ကြီးလှဲလျောင်း၍ပေါင်ဖြဲပေးပြီးပျော်ရွှင်သာယာနေမိတော့သည်။

ရဲနောင်အဖို့ထိုသာယာပျော်ရွှင်ရသော ကာမဂုဏ်ပျော်ရွှင်ရမှုအခိုက်အတန့်သည် တစ်နာရီခန့်ကြာမြင်ခဲ့ပြီဟုထင်ခဲ့ပြီးနောက် (အမှန်တကယ်မှာ ၁၀မိနစ်သာသာသာရှိခဲ့ပေမည်) သူ့အနေဖြင့်မိမိကိုယ်တိုင်အာသာဖြေစဥ်၊ မကြာခဏခံစားရဖူးသောရင်းနှီးကျွမ်းဝင်တဲ့

ဖီလင်ခံစားချက်တစ်မျိုးကသူရဲ့ ကပ္ပါယ်အိတ်များမှစတင်၍ လိင်တံဆီသို့၎င်းတစ်ကိုယ်လုံးဆီသို့၄င်းပူနွေးဆူပွက်စွာဖြင့်စီးဝင်ပျံ့နှံ့သွားသည်။

သူ ကြာကြာထိမ်းထားနိုင်လိမ့်မည် မဟုတ်ကြောင်းလည်းသိလိုက်လေသည်။သူ့အတွေးထဲတွင် သူပြီးတော့မည်ကိုခံစားလိုက်ရသလို၊ သူမကိုလည်းပြိုင်တူပြီးစေချင်မိသည်။ သူ၏ဒီစိတ်ဆန္ဒအနေအထားကိုအမျိုးသမီးလည်းစိတ်ချင်းဆက်စပ်နေသည့်အလားသဘောပေါက်လိုက်ကာ၊ သူမကတဇတ်ဇတ်နှင့် ကုန်းဆောင့်လိုးနေသောရဲနောင်၏ ဖင်ကြီးကိုသူမ၏ လက်သည်းများဖြင့်၊ အားပါပါနစ်နေအောင် စိုက်၍ကုတ်ထားသော်လည်းကာမဆက်ဆံသူတို့၏ ထုံးစံအတိုင်းဖီလင်သာပိုတက်ပြီး နက်နက်နဲနဲနာကျင်ခြင်းတော့မရှိပေ။

ထိုသို့စိုက်၍ကုတ်ခြစ်ထားခြင်းက အပြင်းထန်ဆုံးသော ဆောင့်ချက်တွေကို အားထည့်ပေးလိုက်သလို ဖြစ်ကာ။ လေးငါးဆယ်ချက်လောက် အသေအကြေဆောင့်လိုးချလိုက်ပြီးနှစ်ယောက်စလုံ့းကာမပန်းတိုင်အထွတ်အထိပ်သို့ပြိုင်တူတက်လှမ်းသွားကြတော့သည်။

သူတိ့နှစ်ဦးတစ်ယောက်နဲ့တစ်ယောက် ဖက်ရမ်းနမ်းရှုပ်ပြီးကုတင်ပေါ်တွင် အတူလှဲလျောင်းနေကြရင်းတစ်ယောက်ရင်ခွင်ကိုတစ်ယောက်မှီခိုဖက်တွယ်ထားကြသည်မှာ ကာလရှည်ကြာချစ်ခဲ့သောချစ်သူများပမာပင်။ စန္ဒီက ရဲနောင်၏မျက်ဝန်းထဲသို့စူးစူးစိုက်စိိုက်ဆိုင်ကြည့်လိုက်ရင်း..၊

" မောင်လေး..နောင်..၊ မမထင်တာကတော့ မမမောင်လေးကို မသိသေးတဲ့ကိစ္စအချို့ကို သင်ပေးရဦးမယ်ပေါ့။ ဒါပေမယ့်မောင်လေးကိုပြောစရာရှိတာက အခုမမအနေနဲ့ဘာမှသင်ပေးစရာမလိုတော့ဘူးလို့ယူဆတယ်ကွဲ့။ နောင်ကအားလုံးကိုမသင်ရပဲအလိုလိုတတ်နေသလိုပဲ.. "

" ဒီညအခုမောင်လေးနဲ့အတူတူနေလိုက်ရတာဟာ၊ နှစ်ပေါင်းများစွာအတွင်း၊ ယောက်ျားတွေနဲ့အတူတူအိပ်လာတဲ့အထဲမှာ အကောင်းဆုံးအပျော်ရဆုံး၊ စိတ်အကျေနပ်ဆုံးပဲသိလား။ မမကဒီအလုပ်သာလုပ်စားနေတာ၊ ယောက်ျားတွေနဲ့ဆက်ဆံတဲ့အခါမှာအလုပ်သဘောပဲ။

တစ်ခါမှစိတ်ပါလက်ပါမပျော်ခဲ့တာကြာပြီ။ ဒီနေ့ညကတော့တကယ့်ကို အံ့ဩလောက်အောင်ကိုကောင်းတယ်။ နှစ်ပေါင်းများစွာအတွင်းမှာကိုယ့်ကိုယ်ကို တကယ်ပျော်တယ်လို့ခံစားရတယ်။ ဒီညအတွက်ကျေးဇူးအရမ်းတင်တယ်နောင်.. "

အချိန်အတန်ကြာတော့ သူမအဝတ်အစားတွေလဲပြီးသွားပြီ။ သူမအဝတ်အစားတွေစုံတော့ ကုတင်ဘေးမှာမတ်တပ်ရပ်ရင်း၊ ရဲနောင်၏ပါးလေးတွေကိုကုန်းနမ်းလိုက်ရင်းပြောလိုက်သည်။

" အခု..မမပြောတာမှတ်ထားမောင်လေး၊ တကယ်လို့အခုညမမကိုမောင်လေးလုပ်ပေးသလို၊ တွေ့တဲ့မိန်းမတိုင်းကိုစိတ်ကျေနပ်ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့ရင်၊ နောင့်အနားကပ်လာတဲ့ မိန်းမတိုင်းကိုရိုက်ပြီးမောင်းထုတ်ဖို့မင်းဒုတ်ကြီးကြီးတစ်ချောင်းအမြဲဆောင်ထားရတဲ့အထိဖြစ်လိမ့်မယ်.."

မမစန္ဒီဆိုသည့်အမျိုးသမီးကားထွက်သွားလေပြီ။

ရဲနောင်တစ်ယောက်အတွေးတွေဖြန့်ကျက်ပြီး တောင်တောင်အီအီစဥ်းစားနေစဥ်မှာပဲ၊ သူ့စိတ်တွေကပျံ့လွင့်ငိုက်မျဥ်းလာပြီး အိပ်ပျော်သွားခဲ့ရာမှအိပ်မက်မက်သကဲ့သို့ ဝိုးတဝါးအရာတွေကို စတင်မြင်နေရသည်။ သူကပတ်ဝန်းကျင်ကိုလိုက်ကြည့်နေခဲ့ရာ၊ အခန်းတစ်ခု၏အလည်တွင်ရှိသောကုတင်တစ်ခု၏ပတ်ချာလည်တွင်ထိုဝိုးတဝါးအရာများကလွင့်ပျံလျက်ရှိနေကြသည်။

သူကကုတင်နားသို့နီးသည်ထက်နီးအောင် တိုးကပ်၍ကြည့်မိသောအခါ ကုတင်ပေါ်တွင် တစ်စုံ တစ်ယောက်သောမိန်းမတစ်ဦးက အမျိုးအမည်မသိရသောသတ္တဝါတစ်ကောင်နှင့်လိင်ဆက်ဆံနေသည်ကိုထူးဆန်းအံဩဖွယ်တွေ့လိုက်ရသည်။

(ထိုထူးဆန်းသောသတ္တဝါမှာရုပ်ရှင်တွေထဲမှာသူကြည့်ခဲ့ရဖူးတဲ့ Alien ဂြိုဟ်သားတစ်ကောင်လိုအစိမ်းရောင်တောက်တောက်ရှိလေသည်။

သို့သော်ပုံသဏ္ဌာန်ကတော့တမူကွဲပြား၏။ အဖျားချွန်နေသော နားရွက်များနှင့်၊ အဖျားချွန်သောအမြီးရှည်တစ်ခုလည်းရှိလေသည်။ သူ့အရပ်အတိုင်းအထွာမှာ လေးပေထက်ပိုမည်မထင်ပေ။ ဒါပေမယ့်သူ့တွင်ရှိသောထူးဆန်းသည့်ထူးခြားချက်တစ်ခုကတော့၊ သူ၏လိင်အင်္ဂါကြီးပင်ဖြစ်သည်၊ လီးကြီးဆိုပါစို့။ ထိုလီးကြီးက တစ်တောင်သာသာ၊ တစ်ပေခွဲလောက်တောင်ရှည်ပြီးလုံးပတ်အတုတ်က၊ ၅လက္မလောက်ပင်ရှိပေလိမ့်မည်။)

သူနှင့်ဆက်ဆံနေသောမိန်းမမှာသာမန်မိန်းမတစ်ယောက်သာဖြစ်ရကား၊ ဒီလီးကြီးဒဏ်ကိုဘယ်လိုလုပ်ပြီးခံနိုင်သလဲတော့သူမစဥ်းစားတတ်ပေ။

ထိုသို့ရှိနေစဥ်ပင်၎င်းထူးဆန်းသောသတ္တဝါက ပတ်ဝန်းကျင်သို့ကြည့်လိုက်ပြီးရဲနောင်ကို မြင်သွားသောအခါသူ့ဘက်သို့လှည့်ပြီးပြောလိုက်သည်။ ပြောတာကတော့ထူးဆန်းစွာမြန်မာစကားပဲဖြစ်နေသည်။

" ဟေး..ဒီမှာအသင်မိတ်ဆွေလေး၊ ကျွန်ုပ်ကိုကြည့်စမ်းပါဦး..။ ကျွန်ုပ်နာမည်က (အသူရတ္တဒေဝ) ဖြစ်တယ်။ သင့်ကိုကျွန်ပ်စောင့်လာခဲ့တာ နှစ်ပေါင်း၉၀၀ရှိခဲ့ပြီ၊ တစ်ခါမှတေ့တေ့ဆိုင်ဆိုင်ကြုံဆုံခွင့်မရခဲ့ဘူး.."

" ကျွန်ုပ်ကရှေးခေတ်သရေခေတ္တရာ၊ ပေါက္ကံရာမ ခေတ်တွေကထဲက စိုးမိုးလာခဲ့တဲ့ တပ်မက်မှုရာဂနတ်ဘုရားတစ်ပါးပဲ။ အခုအသင့်လက်တွင်းမှာရောက်ရှိလာခဲ့တဲ့ပစ္စည်းကသင်နဲ့ကျွန်ုပ်ရဲ့ပဌာန်းဆက်ပစ္စည်းဖြစ်တယ်။

အဲဒီလက်စွပ်ပေါ်ကကျောက်မျက်ရွဲတွေစဥ်ဆက်မပြတ်တစ်ခုပြီးတစ်ခုဆက်တိုက်တောက်စားတာကိုမြင်နိုင်စွမ်းရှိတဲ့လူပျိုစင် (လုလင်ပျို)ကပဲ ကျွန်ုပ်ကိုပြန်လည်အသက်ဝင်ပြီးနိုးထလာအောင်သိဒ္ဓိတွေတက်၊ စွမ်းအားတွေတိုးပွားအောင်နှိုးဆော်ဆောင်ရွက်ပေးနိုင်စွမ်းရှိတယ်.."

" အခုယနေ့ညသင့်လက်ထဲကိုဤလက်စွပ်ရရှိလာပြီး မိန်းမသားတစ်ယောက်နဲ့သင့်ရဲ့လူပျိုစင်ဘ၀ကိုစပ်ယှက်ပေးအပ်လိုက်ပြီးကထဲက၊

ကျွန်ုပ်ရဲ့နှစ်ပေါင်းများစွာစောင့်စားလာခဲ့ရတဲ့ကျိန်စာတွေပြေသွားပြီ။ ကျွန်ုပ်ရဲ့ စွမ်းအားတွေပြန်နိုးကြွလာခဲ့ပြီ..၊ သင်ကကျွန်ုပ်ကိုနှိုးလိုက်တာပဲ.."

" အခုကျွန်ုပ်ကသင့်ကို သင်တစ်ခါမှမထင်မှတ်ခဲ့၊ စိတ်ကူးတောင်မယဥ်ဖူးခဲ့တဲ့စွမ်းအားတွေထက်ပိုတဲ့စွမ်းအားကိုအသင့်အားပေးလိုက်မယ်။ ကျွန်ုပ်ကရာဂတပ်မက်မှုနတ်ဘုရားဆိုတော့ သင်ရမှာကလည်းကာမရမ္မက်စွမ်းအားပဲဖြစ်လိမ့်မယ်။ သင့်ကြောင့်ကျွန်ုပ်ရဲ့ အစွမ်းအာနိသင်တွေ ပိုတိုးတက်လာပြီး၊ ကျွန်ပ်ရဲ့တပ်မက်မှုစွမ်းအားတွေရှင်သန်နေသရွေ့လည်း၊ သင့်စွမ်းအားတွေကြီးထွားနေလိမ့်မယ်.."

" ယခုအချိန်ကစလို့သင့်ကိုဘယ်လိုလူသားမိန်းမတစ်ယောက်ကမျှ (ချွင်းချက်မရှိ) ကာမရာဂနဲ့ပတ်သက်ပြီး ကိုယ်ချင်းနှီးနှောဆက်ဆံမှုအတွက်တစ်စုံတရာအတားအဆီးမရှိတော့ဘူး။ အားလုံးသောမိန်းမတွေကသင့်အပေါ်ညွှတ်ပျောင်းပြီး မယုံနိုင်လောက်အောင်သူတို့ကိုယ်ကိုသင့်ထံပေးဆက်လာလိမ့်မယ်။ ဘယ်သူကမှသင့်ကိုငြင်းဆန်လို့မရနိုင်ဘူး.."

" ဒီသင့်ရဲ့ပါဝါစွမ်းအားတွေအကြောင်းကိုတော့ဘယ်သူ့မှပေးမသိပါနဲ့၊ မမျှဝေပါနဲ့။ ဘာ့ကြောင့်လည်းဆိုတောကျွန်ုပ်မှာ ရန်သူတွေ အများကြီးရှိလို့ပဲ။ ကျွန်ုပ်ရဲ့ရန်သူတွေဟာ သင့်ရဲ့ရန်သူတွေလည်းဖြစ်တာမို့၊ဒီစွမ်းအား၊ အသိပညာနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှယုံလို့မရဘူး.."

" ဒီသင်ရရှိထားတဲ့ပါဝါတွေကိုပယ်ဖျက်နှုတ်သိမ်းနိုင်မယ့်တစ်ခုထဲသေ ာနည်းလမ်းကတော့၊ ကျွန်ုပ်ရဲ့ရန်သူတွေကအသင့်ကို ဖျက်ဆီးနှောင့်ယှက်နိုင်ခဲ့ပြီး၊ နောက်ထပ်ပဌာန်းဆက်ရှိတဲ့ လူပျိုစင်ယောက်ျားလေးတစ်ယောက်ကိုရှာတွေ့ပြီးနတ်ဘုရားတွေထံမှာယဇ်ပူဇော်ခံအပ်နှံပြီးမှဖြစ်လာနိုင်မှာပဲ.."

" နေ့စဥ်နေ့တိုင်း၊ တစ်နေ့တာ ကုန်ဆုံးပြီးတိုင်းမှာ ကျွန်ုပ်ထံကရရှိခဲ့တဲ့ စွမ်းအားတွေရဲ့အကြောင်းကို သင်နည်းနည်းချင်းပိုသိလာလိမ့်မယ်။ သင့်ရဲ့စွမ်းအားနဲ့၊ ကိုယ်ခန္ဓာရဲ့ခွန်အား၊ စွမ်းဆောင်မှုတွေကလည်း ပိုပြီးသန်မာလာလိမ့်မယ်။ မိန်းမတိုင်းကမနေနိုင်မထိုင်နိုင်အောင်သင့်ကို တပ်မက်စွဲလန်းလာကြလိမ့်မယ်.."

" ကျွန်ုပ်ပြောတာကိုသေချာကောင်းစွာမှတ်ထားပါလေ။ သင့်ကိုလာတွေ့တဲ့မိန်းမတိုင်းဟာသင့်အတွက်ပေးဆက်လာတာပဲမို့သူဟာဘယ်သူပဲဖြစ်နေပါစေ၊ ဘာမှမစဥ်းစားပဲအားလုံးကိုမေ့ထားပြီးပျော်လိုက်ပါ..၊ သင့်ရဲ့ဆန္ဒတွေကိုဘယ်သူမှငြင်းဆန်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး.."

" အရေးအကြီးဆုံးကဘယ်အခြေအနေမျိုးမှာမှ သင်ရထားတဲ့လက်စွပ်ကို ဘယ်တော့မှ မချွတ်မိပါစေနဲ့။ အခုသင့်အိပ်လို့ရပါပြီ။ မနက်ဖြန် မနက်ကစပြီး သင့်အတွက်အလွန်ကြီးမားတဲ့နေ့ရက်ကြီးက စောင့်နေတော့မှာမို့လို့ပါ.."

````````````````````````````````````````````````````

(05)

ရဲနောင်မှာသူတွေ့မြင်လိုက်ရတဲ့ အိပ်မက်ဆန်ဆန်အဖြစ်အပျက်ကြောင့်၊ အံ့လည်းအံ့ဩ၊စိတ်လည်းအနည်းငယ်ရှုပ်ထွေးသွားသည်။

ထိုအသူရတ္တဒေဝဆိုသူ ထူးတန်းသောသတ္တဝါက၊ သူ့ကိုမှာစရာရှိတာတွေကိုမှာသွားပြီးသောအခါ။ စောစောကအခန်းထဲတွင်လွင့်ပျံနေသောဝိုးတိုးဝါးတားအရိပ်များကတဖြည်းဖြည်းမှေးမှိန်လာကာပျောက်ကွယ်သွားပြီး၊ သူလည်းပြန်လည်အိပ်ပျော်သွားခဲ့သည်။

အမှန်တော့သူတကယ်အိပ်မောကျသွားသလားဆိုတာကိုလည်းသူကိုယ်တိုင်မသေချာသေးပါ။ ဟိုသူ့ကိုယ်သူ၊ ရမ္မက်ရာဂနတ်ဘုရားဆိုသူ ထူးဆန်းသောဂြိုဟ်သားဆန်ဆန် သတ္တဝါကနောက်တစ်နေ့တွင်သူ့အတွက်ကြီးမားသောနေ့ရက်ရှိသဖြင့်အိပ်တော့ရန်တိုက်တွန်းသွားခဲ့သော်လည်း၊ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသော သူ၏ထံပါး သို့တစ်စုံတစ်ခုသောအရိပ်သဏ္ဌာန်ကချဥ်းကပ်လာပြန်သည်။ 

ရုတ်တရက်သင်းပျံ့သောရေမွှေးနံ့လိုလို၊အမွှေးနံသာနံ့များထုံကြိုင်လာလျက်သူ၏ကုတင်နံဘေးတွင်အမျိုးသမီးငယ်တစ်ဦးလာရပ်၍ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ ဒီတော့မှရဲနောင်မှာမျက်စိအနည်းငယ်ပြန်ကျယ်လာခဲ့ရသည်။

အမျိုးသမီး၏ပုံစံက၊ ယခုခေတ်မိန်းခလေးတို့၏ပုံစံမျိုးမဟုတ်ပဲ၊ ရှေးခေတ်ဆန်ဆန်မိန်းခလေးမျိုးဖြစ်သည်။ဇာတ်ထဲကနန်းတွင်းသူတစ်ယောက်လို၊ နန်းဝတ်နန်းစားနှင့်၊ သို့သော် ထိုင်မသိမ်းအင်္ကျီအဝတ်အစားအပြည့်နှင့်လည်းမဟုတ်။

ပုံစံကရှေးထိုင်းရုပ်ရှင်များထဲကဝတ်စားဆင်ယင်ပုံမျိုးနှင့်ပိုတူသည်။ ထမီရင်ရှားပုံစံမျိုး။ အမှန်တော့ရှေးမြန်မာနန်းတွင်းရင်စည်းဝတ်စုံတန်ဆာမျိုးသာဖြစ်လေသည်။။ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ပုခုံးနှင့်ရင်အုံအထက်ပိုင်းတစ်ခုလုံးကိုဖော်ထားသေ ာအဆင်အပြင်ဖြစ်သည်။ အသားကလေးကဝင်းဝါနေ၍ ရွှေရင်အုံလေးကမောက်ဖြိုးနေသည်။

မိန်ခလေး၏လက်မောင်းအထက်နားတွင်ပုလဲလိုလို၊ ပယင်းလိုလို၊ ပုတီးကုန်းဆန်ဆန် ရတနာစိန်ချယ်ကြိုးလေးများနှစ်ဘက်စလုံးပတ်ဆင်ထားရှိသည်။ လက်ကောက်ဝတ်နှစ်ဖက်တွင်နန်းတွင်းသူများဝတ်လေ့ရှိသောလက်စည်းတန်ဆာလက်ကျင်း၊ လက်ကောက်ဝတ်အစွပ်လေးများလည်းစွပ်ထားသည်။

ထမီကလည်းရွှေချည်ငွေချည်ခတ် ဝတ်လဲထမီလေးကိုအောက်ပိုးကျိုက်ထားတာလေးနဲ့ဖြစ်သည်။ ကိုယ်ပေါ်မှာလည်း ရတနာစိန်ကျောက်များစီချယ်ထားသော၊ ရင်ကိုကန့်လန့်ကြက်ခြေခတ် စလွယ်လေးနဲ့ဖြစ်သည်။ သူမကသူ့ကိုကုတင်ဘေးနားမှချိုသာသောအပြုံးကလေးနှင့်ငုံ့ကြည့်နေသည်။ အခုရဲနောင်ကကောင်းကောင်းနိုးလာပြီဖြစ်သည်။

သူ့ခေါင်းကလည်းကြည်လင်လာပြီဖြစ်ရာလာရပ်ကြည့်နေသောမိန်းခလေးကိုတအံ့တဩနှင့်မေးလိုက်သည်။

" မင်းး..မင်းက..ဘယ်သူလည်း၊ ဘယ်လိုလုပ်ပြီးဝင်လာတာလည်း.."

" နှမအကြောင်းကိုပြောပြပါ့မယ်။ နှမရဲ့နာမအမည်က ဒွေးမယ်နော်ဖြစ်ပါတယ်မောင်ကြီးရှင့်။ နှမတို့ကဤကန္တာရဝတီငွေတောင်ပြည်ကတောအုပ်ကြီးကနှမတို့ရဲ့ဌာနေဖြစ်ပါတယ်။နှမတို့နေထိုင်ရာတောအုပ်ထဲမှာ သာယာတဲ့ရေအိုင်ကြီးခုနှစ်ဆင့်လည်းရှိပါတယ်။ နှမတို့မှာညီအစ်မ ခုနှစ်ဖော် (ခုနှစ်ယောက်) ရှိပါတယ်။ ဟောဒီကမောင်ကြီးကနှမတော်ရဲ့ဘဝဟောင်းက၊ ခင်ပွန်းတော်စပ်ခဲ့သူ မောင်တော်သုဓနုမင်းသား ဝင်စားသူဖြစ်ပါတယ်.."

" မောင်တော်ကတော့မှတ်မိမယ်မထင်ပါဘူး..။ နှမတော်ကတော့၊ မောင်တော်နဲ့ပြန်လည်တွေ့ဆုံနိုင်ဖို့စောင့်စားလာခဲ့ရတာကြာခဲ့ပါပြီ။ ယခုမောင်ကြီးက နှမတော်နယ်မြေထဲပြန်လည်ဖြတ်သန်းဝင်ရောက်လာလို့ ခဏတဖြုတ်ပြန်တွေ့နိုင်ခွင့်ရအောင်၊ ဆိုင်ရာပိုင်ရာတွေကိုခွင့်တောင်းပြီးလာခဲ့ရခြင်းဖြစ်ပါတယ်။ 

အခုလည်း အမတော်ခြောက်ယောက်ကဟိုဘက်တောင်ကိုအစည်းအဝေးကိစ္စနဲ့ သွားတုန်းမှာမောင်တော်နဲ့အလွမ်းပြေပျော်ပါးနိုင်ရန်လာခေါ်ဆောင်တာပါမောင်ကြီးရှင့်..။ မောင်ကြီးနှမကိုချစ်သေးရင် မောင်တော်နဲ့နှမတို့ပျော်နေကျတောသာယာက ရေအိုင်ခုနစ်ဆင့်မှာအပန်းသွားဖြေနိုင်အောင်နှမနဲ့လိုက်ခဲ့ပါလားမောင်ကြီးရှင့်.."

ရဲနောင်ကမိန်းခလေးပြောပြလာတဲ့ အပေါ်အံ့ဩသွားသလို၊ စိတ်လည်းဝင်စားသွားသည်။ နေပါဦး...ဒီနာမည်တွေကိုသူကောင်းကောင်းကြားဖူး၊ရင်းနှီးဖူးသလိုရှိနေပါသည်။ ခဏစဥ်းစားလိုက်တော့ ခေါင်းထဲမှာဝင်းကနဲပေါ်လာသည်။ ဟုတ်သည်။

ဒါကကန္တာရဝတီငွေတောင်ပြည်ဟု ခေါ်သော ကယားပြည်နယ်၏ရာဇဝင်တွင်ရင်းရင်းနှီးနီးဖတ်ဖူး၊ ကြားဖူးသော ကိန္နရီ ညီအစ်မခုနှစ်ဖော်ဇာတ်လမ်းပေပဲ။  သူမှတ်မိတာက ဒွေးမယ်နော်ဆိုတာကညီမအထွေးဆုံးကိန္နရီမလေးပါလား။ သူမရဲ့ချစ်သူကသုဓနုမင်းသားလေးဖြစ်သည်။

သူ့ခေါင်းထဲမှဖတ်ဖူးသမျှအကုန်ပြန်ပေါ်လာသည်။ သူအခုရောက်ရှိနေသည့်မနော်ဟရီမြို့လေး၏အမည်ကပင်ဒွေးမယ်နော်၏အခြားကိုယ်စားပြုနာမည်လေးကိုတင်စားမှည့်ခေါ်ထားသည်မဟုတ်ပါလား။

အခုသူ့ကိုလာခေါ်သောမိန်းမပျိုက ဒွေးမယ်နော်ကိုယ်တိုင်တဲ့ လား။ ပြီးတော့ သူမစကားအရ သု့ကိုလည်းသုဓနုမင်းသားဝင်စားသည်ဟု၏ပြောနေသည်။ သူစိတ်ဝင်စားသွားသည်။ ဘာပဲဖြစ်ဖြစ်သူမခေါ်ရာသို့လိုက်လည်ကြည့်မည်ဟုဆုံးဖြတ်လိုက်မိသည်။

" ဘယ်လိုလဲမောင်တော်..၊ လိုက်မယ်မဟုတ်လား..။ ဒါဆိုလဲကြွလှမ်းရအောင်၊ အချိန်သိပ်မရှိဘူး၊ ထပါတော့.."

သူကုတင်ပေါ်ကထရပ်၍၊ ဒွေးမယ်နော်ဟုခေါ်သော၊ သူမဦးဆောင်ပြီးဆွဲခေါ်ရာသို့ထလိုက်လာခဲ့သည်။ အစပိုင်းကတော့ဘာမှသတိမထားမိပဲ၊ ရိုးရိုးဟုသာထင်ခဲ့သည်။ သူမလက်ဆွဲခေါ်တော့မှ သူမ၏ကျောတွင် အိန်ဂျယ်နတ်သမီးတွေလို တောင်ပံနှစ်ဘက်ကကားတက်လာတာတွေ့လိုက်ရသည်။ အဲဒီ တောင်ပံတွေကလည်း ပြိုးပြိုးပြက်ပြက်နှင့်ပါပဲ။

ခဏကြာတော့ သူ့ကိုယ်ခန္ဓာကလေဟုန်စီးဝဲပျံပြီးတစ်နေရာဆီသို့ပျံသန်းသွားနေသည်ဟု ခံစားရသည်။ သူကိုယ်တိုင်တွင်တောင်ပံများမရှိသော်လည်း၊ ဒွေးမယ်နော်လက်ဆွဲခေါ်ရာသို့ကပ်လိုက်ခဲ့ရာတွင်သူကိုယ်တိုင်ပျံသန်းနိုင်သလိုဖြစ်နေသည်။

သူ၏အောက်ဖက်ခပ်လှမ်းလှမ်းတွင် သိပ်ပင်ထိပ်ဖျားများနှင့်တောင်စဥ်ခုနှစ်ထပ်ကိုတွေ့နေရသည်။အတန်ကြာဆက်ပြီးပျံသန်းလာတော့ အောက်ကမြင်ကွင်းတွေက၊ သာယာသောရေကန်ကြီးနဲ အုပ်ဆိုင်းသောတောအဖြစ်ပြောင်းလဲလာခဲ့သည်။

မြေပြင်နှင့်လည်းတဖြည်းဖြည်းပြန်၍နီးကပ်လာခဲ့သည်။ နောက်ဆုံးတော့ရေကန်ကြီးတစ်ခု၏ကမ်းစပ်နှင့်မလှမ်းမကမ်းမှ သာယာသောမရှုပ်ထွေးသည့်ဥယျာဥ်သဖွယ်တောအုပ်ကြီးတွင်ဆင်းသက်ခဲ့ကြသည်။ သစ်ပင်တိုင်းတွင်သစ်သီးဝလံများနှင့်ပြည့်နှက်နေ၍မှည့်ဝင်းသောသစ်သီးရနံ့များဖြင့်မွှေးကြိုင်လို့နေသည်။

ကျေးငှက်သာရကာများကလည်းတစာစာဖြင့်တေးဆို၍ပျံဝဲနေကြသည်။ သစ်ပင်ကြီးများမှတွဲရရွဲကျနေသောနွယ်ပင်ကြီးများကပုခက်ကြီးများဒန်းကြီးများသဖွယ်ဖြစ်နေသည်။

မကြာခင်မှပင်သူမှင့်ဒွေးမယ်နော်နှစ်ယောက်သားတို့သည်၊ နွယ်ဒန်းပုခက်ကြီးတစ်ခုပေါ်တွင်ထိုင်နေမိကြပြီးနွယ်ဒန်းစီး၍ကြည်နူးနေမိကြသည်။ ကိန္နရီမလေးက သစ်သီးများကိုပျံသန်းခူးဆွတ်လာခဲ့ပေးပြီး။ ချိုမြိန်သောသစ်သီးများကိုစားရင်း၊ စကားတွတ်ထိုးရင်းအချိန်အချို့ကုန်ဆုံးခဲ့သည်။

ခဏကြာတော့ရေအိုင်ကြီး၏ကမ်းစပ်နားသို့သူတို့ဆင်းလာခဲ့ကြသည်။ ဒွေးမယ်နော်က..

" နှမတော်..ရေဆင်းချိုးလိုက်ဦးမယ်။ နှမနဲ့မောင်တို့ကအရင်ဘဝကချစ်သူတွေဖြစ်ခဲ့တယ်လို့ဆိုပေမယ့်၊ ယခုဘဝတော့ဘာမှမတော်စပ်ပြန်ဘူး၊ နှမကမိန်းမသားပျိုတစ်ဦးဖြစ်တဲ့အတွက်မောင်ကြီးဘက်ကအလိုက်သိပေးပါ။

နှမတို့ညီအမတွေ ခါတိုင်းရေချိုးရေကစားနေကျ ဟိုနားကကျောက်ဆောင်ကြီးတစ်ဘက်မှာနှမသွားချိုးပါ့မယ်။ မောင်ကြီးရေသုံးသပ်ချင်ရင်တော့၊ ဒီဘက်နားမှာပဲချိုးပါ။ နှမတော်နောက်ကိုလုံးဝလိုက်မလာရဘူးနော်..ကတိပေး.."

" အင်းပါ..ငါမင်းနောက်ကိုလိုက်မလာပါဘူး၊ စိတ်ချပါ.."

ရေအိုင်ကြီး၏ကမ်းစပ်ဆိပ်ကမ်းသည်အလွန်သာယာလှသည်ကို သူတွေ့ရလေသည်။ သဲရှပ်ရှပ်အပြင်၊ ပုလဲလုံးရွဲလုံးကဲ့သို့သော၊ ကျောက်လုံးကျောက်ခဲတို့နှင့် အလွန်နှစ်မြို့ဖွယ်ကောင်းလှလေသည်။ ကမ်းစပ်တွင်၎င်း ကန်လယ်တွင်၎င်းရေသည်အလွန်ကြည်လင်လှလေသည်။

ကမ်းပေါ်တွင်နှစ်မြို့ဘွယ်လှပသော ရောင်စုံကျောက်ခဲလေးများရှိသကဲ့သို့ ကမ်းစပ်နှင့်တစ်ဆက်ထဲရေအိုင်အောက်ခြေမြေသားတွင်လည် တစ်စပ်တည်းသောကျောက်ရွဲလေးများကအစီအရီရှိနေလေသည်။ ကန်ရေကကြည်လင်စွာထွင်းဖောက်မြင်နေရသဖြင့် ရေပေါ်ရေအောက်ရှုခင်းများမှာပန်းချီကျော်တစ်ယောက်ကလှပသောပန်းချီကားတစ်ချပ်ကိုချယ်မှုန်းထားသည်နှင့်ပင်တူနေသေးတော့သည်။

ဒွေးမယ်နော်ကမလှမ်းမကမ်းရှိကျောက်ဆောင်ကြီးနောက်ကွယ်သို့ ဝင်သွားလေပြီ။ ကျောက်ဆောင်ကြီးကတစ်ဘက်နိမ့်လျောကြီးဖြစ်၏။ ကမ်းစပ်ဖက်ကဆိုရင် ခပ်ပြေပြေနှင့်တက်သွားလို့ရသည်။ ရဲနောင်က ဒွေးမယ်နော်ဟုခေါ်တွင်သောပြစ်မျိုးမှဲ့မထင်ကိန္နရီမလှလှလေး၏နောက်သို့လိုက်သွား၍ စူးစမ်းကြည့်ချင်စိတ်များတဖွားဖွားပေါ်ပေါက်လာသည်။

ကိန္နရီမလေးက မိမိကိုဤနေရာမှာပင်စောင့်ဆိုင်းနေရန်အတန်တန်မှာထားခဲ့သော်လည်း၊ ထိုလိုက်ကြည့်ချင်သော အာသာဆန္ဒကိုသူဘယ်လိုမှချိုးနှိမ်လို့မရပေ။ ဒါကြောင့်သူကပြေလျောသောဘက်မှတဆင့်ကျောက်ဆောင်စောင်းအတိုင်းလျှောက်တက်လာခဲ့လိုက်သည်။

ကိန္နရီပျိုမလေးက အခုတော့၊ ရေသူမလေးတစ်ယောက်လိုရေထဲတတွင်တဖျတ်ဖျတ်ဖြင့်ပျော်ပါးစွာကူးခတ် ဆော့ကစားနေလေသည်။  

သူတက်ကြည့်နေသောကျောက်ဆောင်ကြီး၏တစ်ဘက်ခြမ်းကန်ရေပြင်ပေါ်တွင်တော့ကျောက်ဆောင်နှင့်တစ်ဆက်ထဲဆက်စပ်လျက်ရှိသော လေးထောင့်စပ်စပ်ပုံစံကျောက်ဖျာကြီးမှာရေမျက်နှာပြင်အစပ်ပေါ်မှလက္မအနည်းငယ်သာပေါ်၍ သလွန်ညောင်စောင်းကြီးသဖွယ်ဖြစ်နေလေသည်။

ကျောက်သလွန်ကြီး၏တစ်ဘက်ခြမ်းက ရုတ်တရက်မတ်စောက်စွာ ရေထဲသို့တိကနဲဖြတ်ဆင်းသွားလျက်၊ ကျယ်ပြန့်သော ရေအိုင်ခွက်ကြီးဖြစ်နေလေရာရေအနက်ကလူနှစ်ရပ်မကရှိပေလိမ့်မည်။ ထိုရေအိုင်ခွက်ထဲတွင်ဒွေးမယ်နော်ကရေကူးခတ်ကစားနေခြင်းဖြစ်သည်။

ဒွေးမယ်နော်ကလည်းရဲနောင်ကိုထားခဲ့သည့်နေရာတွင်ပင်ရှိနေသေးသည်ဟုစိတ်ချယုံကြည်ကာ၊ ဘာကိုမှအာရုံမပြုတော့ပဲ၊ သတိကင်းရှင်းစွာလွှတ်ထားလိုက်ချေပြီ။ သူမအားကျောက်ဆောင်တစ်ဘက်ထိပ်စောင်းမှနေ၍စူးစူးစိုက်စိုက် မျက်လုံးကြီးဝင်းဝင်းတောက်အောင်စောင်ကြည့်နေသောရဲနောင်ကိုသတိလုံးဝမပြုမိပေ။သူရေကူးနေရာနေရာနှင့်မြင်ကွင်းထောင့်ကလည်းအတော်မြင့်နေသည်ကိုး။

ထိုအချိန်တွင်ဒွေးမယ်နော်ကလည်း ရေနက်ပိုင်းဆီမှနေ၍ကျောက်ဖျာဆီသို့ကူးခတ်လာလျက် ရေပေါ်တွင်တစ်ညီတည်းနီးပါး၊

မမြုပ်တမြုပ်ပေါ်နေသော ကျောက်ဖျာမျက်နှာပြင်သို့ တက်ထိုင်လျက်၊ ခြေထောက်လေးများကိုရေထဲတွဲလောင်းချရင်း၊ သူဘက်ကိုခပ်စောင်းစောင်းလေးလှည့်လျက်မခို့တရို့ထိုင်ရင်း ဖြာကျနေသောနေရောင်ခြည်တွင်နေပူစာလှုံနေလေသည်။

ကိန္နရီမလေး၏ကိုယ်တွင်တွေ့ခါစကဝတ်ထားတဲ့နန်းဝတ်နန်းစားတွေရော၊ ရင်အုံဖြိုးဖြိုးကိုထုပ်စည်းထားသော ရင်စည်းလွှာပါးပါးလေးရော၊ ထမီအောက်ပိုးကျိုက်ဝတ်လဲလေးရော ဘာတစ်ခုမမရှိတော့ပဲဝတ်လစ်စလစ်ကိုယ်ခန္ဓာလေးသာအလှပြနေလျက်ရှိတော့သည်။ ရဲနောင်၏မျက်လုံးများကပို၍ပြူးကျယ်ဝင်းတောက်လာရသည်။

ဒွေးမယ်နော်၏မျက်နှာလေးသည်၊ လပြည့်ဝန်းကဲ့သို့ကြည်ကြည်လင်လင်ရွှမ်းရွှမ်းတင့်လျက်၊ ကိုယ်လုံးလေးကလည်း

ရွှေစင်ကိုသွန်းလုပ်ထားသောရုပ်လုံးကဲ့သို့လျှင်ဖြစ်၏။ စောင့်ကြည့်နေသောရဲနောင်မှာ၊ တငေးငိုက်ငိုက်ဖြစ်လာအောင်၊ မိန်းမတို့၏ကြန်အင်လက္ခဏာသည်၊ သဘာဝအလျောက် ဆွဲငင်လာသဖြင့်၊ ရဲနောင်ထားရှိနေသော သတိတရားများကို တပ်မက်ခြင်းဟူသော တရားကပိတ်ဖုံးလိုက်တော့သည်။ တစ်ဆက်ထဲမှာပင် အလိုက်ဓါတ်ကပါတဟုန်တည်းတက်ကြွလာတော့ရာ၊ကိလေသာကာမဓါတ်ကတဖျတ်ဖျတ်နှင့်ကွန့်မြူးလာချေပြီ။ သူ့မျက်လုံးအစုံကကိန္နရီမလေးထံမှလွှဲဖယ်၍မရပဲ ညွတ်နေမိသည်။

ဒွေးမယ်နော်က ရဲနောင်ဖက်သို့နောက်ကျောလေးတစောင်းပေးပြီးထိုင်နေစဥ်တွင်၊ ရွှေခိုင်အထုကဲ့သို့ဖြစ်၍တင်းတင်းလှလှနှင့် ကြွ၍ကြွ၍နေသောတင်သားအစုံသည်။ တောရေးတောင်ရေးတို့ဖြင့်ခြယ်လှယ်လျက်၊ကိလေသာဓါတ်တွေကြွနေတဲ့ရဲနောင်၏အာရုံကို ချိတ်ဆွဲသုတ်ငင်ယူနေလေ၏။

ခဏကြာတော့ ကိန္နရာမလေးက အနေအထားကို အနည်းငယ်ပြင်လိုက်ပြီး ရဲနောက်ရှိရာဘက်သို့ ဒီဂရီအတော်များများစောင်းပြီးလှည့်ထိုင်လိုက်ပြန်ရာ၊ ပဒုမ္ပဏီဥက္ကဌ (ဆန်းပန်းအမြင့်) မိန်းမလှဘာဝအလျောက်၊ ခါးသေး ရင်မောက်လျက်၊ မိန်းမမြတ်တို့၏ဂုဏ်အင်္ဂါအသရေမြောက်သော၊ စုံ့စုံ့ပြည့်တင်း ဆယ်လှော်ခုတ်ရွှေအဆင်းကဲ့သို့၊ ကြီးထွားဝင်းအိသောပတာမြတ်ရင်သား၊ နို့အစုံသည်၎င်း။

နက်ရှိုင်းသောချက်ရှိပြီး၊ မိန်းမလှ မိန်းမမြတ်တို့၏နိမိတ်အင်္ဂါဖြင့် အရေးအကြောင်း၊ အစပ်အကြားမရှိ ဖောင်းမို့ဖူးထွတ်ပြီး ပြေပြစ်လှသော ဗွေနိမိတ်အင်္ဂါစောက်ဖုတ်လေးသည်၎င်း။ ငှက်ပျောပင်စည်လေးလို အရင်းကြီး၍ အဖျားသေးသွယ်၊ တင့်တယ်လှသော ပေါင်၊ ခြေ၊ လက်တို့အားဖြင့် ၎င်းအဖက်ဖက်ကစုစည်းဆွဲဆောင်နေတော့ရာ၊ ရဲနောင်မှလုံးဝထိမ်း၍မရအောင်ကာမအမှောင်ဖုံးလွှမ်းခဲ့ပေပြီ။

ဒီတော့သူစိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးကိန္နရီမလှလှလေးထံလှမ်း၍အော်လိုက်သည်။

" ဟေး..ဒွေးမယ်နော်..ငါ..ဒီမှာ၊ နင့်ဆီဆင်းလာခဲ့မယ်နော်.."


```````````````````````````````````````````````````````````


အပိုင်း (၂) ဆက်ရန် >>>>>



Print Friendly and PDF

No comments:

Post a Comment