Wednesday, May 7, 2025

သုံးရောင်ခြယ်လက်စွပ် အပိုင်း ( ၉ )

သုံးရောင်ခြယ်လက်စွပ် အပိုင်း ( ၉ ) 

ရေးသားသူ - Takuya Khun

{ ဂမ္ဘီရအင်းစက် ဝတ္ထုရှည်ကြီး }

(41)     

ဘွားတော်နန်းရွှေကြာက နယ်မြေခြားခရီးဝေးလံရာမှာ ရှိနေသော အထက်လမ်းပညာရှင် ဆရာကြီးများကို အဆက်အသွယ်ပြု၍ ရောက်ရှိလာရန်အထိ၊ အချိန်ကတစ်ပတ်ဆယ်ရက်မက ကြာမြင့်ခဲ့ပေသေးသည်။

ထိုသို့ စောင့်ဆိုင်းနေရသည့်အတွင်း ဟော်နန်းအတွင်းဆောင်အတွင်း ကျွန်ပ်တို့ ဇာတ်လိုက်ကျော် ရဲနောင်တစ်ယောက်၊ မူရင်းသိစိတ်သတိပြန်မလည်နိုင်သေးသော မိခင်ဖြစ်သူ အိမ့်ကြာဖြူနှင့် မထူးဇာတ်ခင်းကာ၊ ဒေဝီမယားအဖြစ် ကြည်ကြည်နူးနူး ဆက်လက်ပေါင်းဖော်နေလေသည်။

နဂိုက ကြည်ဖြူရင်းစွဲ အစ်မဖြစ်သူ အိမ့်နန္ဒာနှင့်လည်း မလပ်စေရသည့်အပြင်၊ ထူးဆန်းစွာတစ်ခုပိုလာသည်ကား ဆိတ်ငြိမ်လျှို့ဝှက်သော အခွင့်အရေးရသည့်ကာလမျိုးတွင်၊ အိမ်တော်စိုးဘွားတော်ကြီး နန်းရွှေကြာကပါ လိုလိုလားလားနှင့် ရဲနောင်၏ ဆောင်နန်းသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်လာတတ်ခြင်းပင်တည်း။

သူမ၏အကြောင်းပြချက်ကတော့ ရှေ့ဆက်ရမည့်နတ်ဆိုးနှင် ပရောဂအစီအစဥ်များ၏ အခြေအနေတိုးတက်မှုများ၊ ဖြစ်နိုင်ခြေများကိုလျှို့ဝှက်တိုင်ပင်ရန်ဟူ၍ဖြစ်သည်။ သို့သော် နန်းရွှေကြာတစ်ယောက် ရဲနောင် အခန်းမှလက်ချည်းသက်သက် ပြန်လာခဲ့ရသည်ဟုမရှိပါ။ ပွဲတော်စာကိုဝအီအောင်စားခဲ့ရသည်ချည်းပင်။

ရက်သတ္တနှစ်ပတ်လောက် အကြာတွင်တော့ ဘွားတော်ကြီးနန်းရွှေကြာ ဆက်သွယ်ပင့်ဆောင်ထားသော အထက်ပထမံဂိုဏ်းဝင် စိုင်းနွံဖဆိုသူရှမ်းဆရာကြီးသည် တပည့်တစ်ယောက်နှင့်အတူ၊ မိုင်းပုလဲစံအိမ်တော်သို့ရောက်ရှိလာခဲ့သည်။ ထိုရှမ်းဆရာကြီးသည် ယောင်တစောင်းထုံးကာသေသပ်စွာ ဖြီးသင်ထားသောဆံပင်ကို ယောဂီသဘက်တစ်ထည်ဖြင့်သေချာစွာပတ်ပေါင်းထားသည်။ ကိုယ်ပေါ်တွင် အဖြူရောင်ရှမ်းသင်တိုင်းတစ်ထည်ကို၎င်း၊ ယောဂီရောင်ဆိုးထားသော ရှမ်းဘောင်းဘီပွကြီးကို၎င်းခါးစည်း၍ ဝတ်ဆင်ထားလျက် အညိုရောင်ဆေးလွယ်အိတ်ကိုလည်းလွယ်ထားသည်။ လည်ပင်းတွင်ကား ဆီးဖြူသီးခန့်အလုံးရှိသောသစ်နက်သားပုတီးကြီးတစ်ကုံးကိုဆွဲထားသေးသည်။

ဆရာကြီး၏ နောက်တွင်လည်း အင်္ကျီအဖြူကော်လံကတုံးဝတ်လျက် ယောပုဆိုးကို တိုတိုစည်းထားသောအသက် ၂၀ကျော်ကျော်အရွယ် လူငယ်တစ်ဦးပါလာလျက်၊ အညာဖျင်စပ်ကြားလွယ်အိတ်ကြီးတစ်လုံးကိုလည်းသူကလွယ်ထားသေးသည်။ ကြည့်ရတာဆရာကြီး၏လက်ရင်းတပည့်တစ်ဦးဟုမှတ်ယူရသည်။

ဆရာကြီးနွံဖကို ဘွားတော်ကြီးနန်းရွှေကြာကိုယ်တိုင် ခရီးဦးကြိုပြု၍ ဟော်နန်းဦးရှိဘုရားဆောင်တော်သို့လမ်းပြပင့်ဆောင်လာခဲ့သည်။ နန်းရွှေကြာကလူလွှတ်၍ ရဲနောင်အားအသိပေးကြွချီခိုင်းလိုက်ပြီး ဘုရားဆောင်တွင် ဆရာကြီးနွံဖနှင့် တွေ့ဆုံပေးလေသည်။ ပုံမှန်အသိနှင့်မဟုတ်သော အိမ့်ကြာဖြူကိုကို၎င်း အစ်မဖြစ်သူအိမ့်နန္ဒာကို၎င်း အဆောင်တော်ထဲတွင်ပင်ထား၍ ပေးမတွေ့တော့ပေ။ အခုဆရာကြီးနှင့်တိုင်ပင်ပြီး စံအိမ်ကြီးရှိ ပယောဂများကိုနှင်ရန်မှာလည်း နန်းရွှေကြာနှင့်ရဲနောင်တို့သာ အဓိကစီစဥ်သူများဖြစ်သည်မဟုတ်လော။

ရဲနောင် ရောက်လာသည်၌ ဆရာကြီးနွံဖက ဘုရားကျောင်းဆောင်ရှေ့တွင် ဝတ်ပြုနေဆဲဖြစ်၏။ ခဏကြာမှဆရာကြီးကပြန်လှည့်လာကာကျောင်းဆောင်ကိုကျောပေးပြီး တင်ပလ္လင်ခွေထိုင်လိုက်ကာ ရဲနောင်တို့ထံသို့ပြုံးပြနှုတ်ဆက်လေသည်။

ဘွားတော် နန်းရွှေကြာက စကားပလ္လင်ခံ၍ ရဲနောင်အားဆရာကြီးနှင့် မိတ်ဆက်ပေးသည်။ ရဲနောင်ကဆရာကြီးနွံဖကိုအကဲခတ်လိုက်သည်။ ဆရာကြီးသည် အရပ်အမောင်းမနိမ့်မြင့်နှင့် မျက်နှာသွယ်သွယ် မေးရိုးခိုင်ခိုင်နှင့်ဖြစ်သည်။ မျက်ခုံးမျက်လုံးများက ထူထဲထင်ရှားသည်။ အသားအရေကတော့ ရှမ်းလူမျိုးပီပီ ဖြူဆွတ်ဝင်းဝါနေ၏။ ဆရာကြီး၏ မျက်နှာမှာတည်ကြည်၍ မာနပညာနမောက်မာပုံ မပေါ်ပဲကြည်လင်အေးမြနေသည်။ ဖြူစင်၍စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ကြောင်း ဥပဓိကိုကြည့်ပြီးသိလိုက်နိုင်ပေပြီ။ ပညာပြည့်ဝ၍ စိတ်ချယုံကြည်အားကိုးထိုက်သူဖြစ်ကြောင်းရဲနောင်စိတ်ထဲမှအသိအမှတ်ပြုလိုက်မိသည်။ စကားပြောကြည့်တော့လည်း အသံကအေးဆေးညက်ညောသော်လည်း၊ ပီသပြတ်သားသည်။

ဘွားတော်နန်းရွှေကြာက ဆရာကြီးအား ဤဟော်နန်းစံအိမ်ကြီးတွင်လက်ရှိဖြစ်ပျက်နေသော ထူးဆန်မှုများ၏ အခြေခံအချက်အလက်များကို စတင်ရှင်းပြပြီး။ ရဲနောင်အားလည်း သူ ဤဒေသသို့လာရာခရီးတစ်လျှောက်တွင်တွေ့ကြုံခဲ့ရသည်များကို၎င်း၊ ကပ်ပါလာသည်ဟုယူဆရသောပယောဂကို၎င်းအကြောင်းစုံဆက်လက်ပြီးပြောပြခိုင်းလေသည်။

ဆရာကြီးနွံဖက ရဲနောင် ပြောပြသမျှအလုံးစုံကို လိပ်ပတ်လည်အောင်နားထောင်ပြီးမှ ကွမ်းစားရင်း ခေါင်းတညိတ်ညိတ်ပြုနေ၏။ ဘာမှတော့မှတ်ချက်မပေးသေးပေ။ ပြီးမှသူ၏ မျက်လုံးများကိုမှိတ်လျက် ဆယ်မိနစ်ခန့်မျှငြိမ်သက်ပြီးအာရုံခံနေလေသည်။ အာရုံခံ၍ပြီးတော့ဆရာနွံဖ၏မျက်လုံးများပွင့်လာပြီး။

" အင်း..တော်ဖုရားကိုယ်တော်လေး မောင်ရဲနောင်၊ ဒီရှေ့ဆရာကြီးအနားတိုးလာခဲ့ပါဦး။ မောင်ရင့်ရဲ့ ရတနာလက်စွပ်ဝတ်ထားတဲ့(ညာ)ဘက်လက်ကိုရှေ့ဆန့်ဆန်းပြီးဆရာ့ကိုပြစမ်း.."

ရဲနောင်ကဆရာကြီးပြောသည့်အတိုင်းရှေ့သိုတိုးလာပြီး သူ၏လက်စွပ်ဝတ်ထားသေ ာလက်ကို ဖြန့်ပြလိုက်၏။ ဆရာကြီးကလက်စွပ်ကိုလက်မ လက်ညှိုးဖြင့်ညှပ်ကာကိုင်ကြည့်လိုက်ရုံဖြင့်စွပ်ထားသောလက်ချောင်းမှာ သိသိသာသာကြီ းတင်းကြပ်လာလေသည်။ လက်စွပ်မှာလည်းဖျတ်ခနဲ တစ်ချက်ကျောက်တစ်လုံးလျှင်တစ်လှည့်စီ တောက်စားသွားသော်လည်း၊ ပုံမှန်ဖြစ်နေကျကဲ့သို့ အတန်ကြာစဥ်ဆက်မပြတ်တောက်စားမနေပဲတစ်လှည့်ထဲနှင့်ရပ်သွားသည်ကိုရဲနောင်သတိထားလိုက်မိသည်။ ပြီးတော့လက်ကတိုး၍တင်းကြပ်လာကာ လက်စွပ်ဝတ်ထားသည့်နေရာ၌ တဇတ်ဇတ်ခုန်ပြီးတုန်ခါနေသည်။

ဆရာနွံဖကလက်စွပ်ကိုဆက်လက်ဆုပ်ကိုင်ရင်း ဂါထာတစ်အုပ်ကိုခပ်တိုးတိုးရွတ်ဆိုလိုက်မှ ခုန်နေတာတွေရပ်သွားပြီးပုံမှန်ပြန်ဖြစ်သွားသည်။

ဆရာကြီးနွံဖက ရဲနောင်လက်ကိုပြန်လွှတ်ပေးလိုက်ပြီး မိမိနေရာတွင်ပြန်ထိုင်ခိုင်းလိုက်ပြီးမှအေးဆေးညင်သာသောအသံဖြင့် အကြောင်းစုံကိုရဲနောင်တို့မြေးအဖွားသဘောပေါက်အောင်စတင်သုံးသပ်ရှင်းပြတော့သည်။

" ဒီလိုကွဲ့ကိုယ်တော်လေးမောင်ရဲနောင်ရဲ့၊ အသူရတ္ထဒေဝဆိုတဲ့ နာမည်ကိုက သူ့ရဲ့မျိုးရိုးအနွယ်အမည် (family name) လို့ယူဆရမှာပေါ့။ အသူရတ္ထဆိုတဲ့နာမည်ကိုက သူဟာအသူရာနတ်ဆိုးတွေရဲ့အမျိုးအနွယ်ထဲကဆင်းသက်လာတာကို ပြဆိုနေတယ်။ သူက သိကြားမင်းမြင်းမိုရ်တောင်ပေါ်ကမောင်းပြီးနှင်ချခဲ့လို့ တောင်ခွတ်လပ်မှာဘုံပေါ်ခဲ့ရတဲ့အသူရာဘုံက အသူရာနတ်မင်းကြီးရဲ့မျိုးနွယ်ဆက်တစ်ယောက်ပဲ။  ဒါကိုဆရာ့ရဲ့ဆရာတွေကတဆင့် အထက်လမ်းပညာစဥ်အရအသိပေးအကြောင်းကြားလာလို့ဆရာသိလိုက်ရပြီ"

ဆရာကြီနွံဖက အနားကတည်ထားသော ထွေးခံထဲသို့ ကွမ်းတံတွေးကို ပျစ်ခနဲထွေးလိုက်ပြီးမှဆက်ပြောသည်။

" ဆရာတို့အထက်ဂိုဏ်းမှာအဓိကပူဇော်ဆည်းကပ်ကြတာက၊ သိကြားမင်းမှအပ တန်ခိုးကြီးနတ်မင်းကြီးတွေဖြစ်တဲ့ ပဇာပတိနတ်မင်းကြီးနဲ့ဝေသဝဏ်နတ်မင်းကြီးတို့ပဲလေ။ ပဇာပတိက သိကြားမင်းရဲ့နတ်စစ်သူကြီးအချုပ်။ 

ဝေသဝဏ်က စတုလောကပါလနတ်မင်းကြီးလေးပါးမှာအပါအဝင်ဖြစ်တဲ့ ကုဝေရနတ်မင်းကြီးရဲ့နောက်ထပ်အခေါ်အဝေါ်တစ်မျိုးပဲ။ ဒီနတ်မင်းကြီးတွေရဲ့အစောင့်အရှောက်တွေဆရာ့ဆီမှာပါလာလို့ အခု မောင်ရဲနောင်ရဲ့လက်စွပ်ကိုထိကြည့်ကိုင်ကြည့်တာနဲ့ ဒါတွေအကုန်လုံးဆရာမြင်ပြီးသွားပြီကွဲ့.."

" ဟုတ်ကဲ့နားလည်ပါပြီဆရာကြီး"

" အိမ်းအခုဝင်ရောက်နှောက်ယှက်နေတဲ့ ပယောဂ အမှောင့်က၊ စုန်းမဟုတ်၊ အောက်လမ်းမဟုတ်၊ မြေဘုတ်ဘီလူးလည်းမဟုတ်ဘူးကွဲ့၊ သူကနည်းနည်းအဆင့်မြင့်ပြီး ကမ္မဇိဒ္ဓိရှိတဲ့ မကောငိးဆိုးဝါး နတ်မိစ္ဆာ က​ဝေတစ်ကောင်ဖြစ်တယ်။ အဲဒီလိုကဝေတပိုင် မိစ္ဆာနတ်ဆိုးကိုပညာခန်းနဲ့ နှင်ထုတ်ပြီး​နေရာ​ရွှေ့ အပြစ်​ပေးရမှာဖြစ်တယ်"

ရဲနောင်ကဆရာကြီးမိန့်ကြားသမျှကိုအာရုံစူးစိုက်၍နားထောင်နေ၏။ ဆရာကြီးကဆက်ပြောသည်။

" အခုဒီလက်စွပ်ကိုစီးနေတဲ့အသူရာက၊ ကာမရာဂ၊ တဏှာမီးနဲ့ပတ်သက်ပြီးအုပ်စိုးနိုင်ခွင့်ရှိတဲ့ အသူရာအမျိုးအစားပဲကွဲ့။ ပြီးတော့သူလာခဲ့တဲ့အချိန်ကာလနဲ့အလွှာကလည်း အခုလက်ရှိခေတ်ကာလနဲ့အလွှာမဟုတ်ဘူး၊ သူကျင်လည်ကျက်စားခဲ့တဲ့နေရာနံဲ့အလွှာက တကောင်းခေတ်၊ ပျူခေတ်၊ ကာလကပဲ။ ဒီရှေးဟောင်းလက်ဝတ်ပစ္စည်းဟာအကြောင်းတခုခုကြောင့် တနည်းနည်းနဲ့၊ ဒီခေတ်မှာပြန်ပေါ်လာတာဖြစ်လိမ့်မယ်။ 

သူတို့အသူရာနဲ့ မာရ်နတ်ဆိုတဲ့နတ်မျိုးဆိုတာတွေက အဆိုးအညစ်ပိုင်းမှာပဲ တန်ခိုးအာဏာသုံးပြီးပျော်မွေ့နေကြတဲ့ နတ်ဆိုးအမျိုးအစားတွေမဟုတ်လား။ ဒါကြောင့်သူလိုနတ်ဆိုးမျိုးစီးနေတဲ့ကာမကရော၊ ဘယ်လိုကောင်းတဲ့အမျိုးအစားမျိုးဖြစ်နိုင်တော့မှာလဲ။ မထော်မနန်းနဲ့သွေးရင်းသားရင်းချာချင်းမရှောင်၊ ကာမအမိုက်မှောင်ဖုံးပြီးကာမသံဝါသအမှုတွေကို လွဲမှားစွာကျင့်သုံးကြအောင်လှုံ့ဆော်တိုက်တွန်းတာ၊ လွှမ်းမိုးချယ်လှယ်နေရတာကိုပဲသူတို့ကကျေနပ်နေတဲ့နတ်ညစ်တွေပေါ့ကွယ်.."

" ကြောက်စရာကောင်းလှချည်လားဆရာကြီးရယ်"

နန်းရွှေကြာကဝင်ထောက်သည်။

" မယ်တော်ကြီးနဲ့ မောင်ရဲနောင်တို့ဘာမှမပူနဲ့ မောင်ရင်ရဲ့ချွတ်လို့မရ၊ ခွာလို့မရအောင်စီးနေတဲ့၊ အတင်းအကြပ်ချုပ်ကိုင်ပြီးသူကြိုးဆွဲရာကနေရတဲ့ဘဝကလွတ်အောင် ဆရာကူညီဆောင်ရွက်ပေးမယ်။ ဒီလက်စွပ်ကျွတ်သွားမှ မောင်ရင်လွတ်မှာကွယ့်။ 

ဒီတော့ ဒီလက်စွပ်ကို နတ်မင်းရာဇာနတ်စစ်သူကြီးတွေအမိန့်နဲ့ပြန်ပြီးရအောင်ချွတ်ပေးမယ်။ ပြီးတော့အချိန်ကာလ၊အလွှာ၊ နေရာ၊ မှားရောက်လာပြီးသောင်းကျန်းနေတဲ့ ဒီအသူရာ ရာဂနတ်ဆိုးကို သူ့ရဲ့မူရင်း အတိတ်ခေတ်ကကာလအလွှာဖြစ်တဲ့ တကောင်းခေတ်၊ပျူခေတ်ကိုပြန်ပို့ပြီး၊ နောက်တစ်ခါထပ်လာလို့မရအောင်အပြီးအပြတ်ဟန့်တားတားလိုက်မယ်"

" ကောင်းပါလေ့ဆရာကြီး"

" အင်းနောက်ပြီးတော့၊ ရာဂနတ်ဆိုးကပုံမှန်အတိုင်းဆိုရင် လက်စွပ်ရှိတဲ့နေရာနဲ့အနီးအနားမှာပဲရှိနေတာ၊ စီးနေတာ။ ဒါပေမယ့်အခုသူက ဒီဟော်နန်းပိုင်နက်ထဲကိုရောက်ရင်၊ ဒီလက်စွပ်နဲ့သူအမြဲအတူနေလို့မရတော့ဘူးဆိုတာကိုဆရာမြင်နေရတယ်။ ဒီဟော်နန်းကြီးကလည်းအစောင့်အရှောက်နတ်ကြီးတယ်ကွဲ့ ဝေဿဝဏ်နတ်မင်းကြီးရဲ့လက်အောက်ကစွမ်းအားရှိနတ်တွေစောင့်ရှောက်ပေးနေတာ။ 

ဒီလက်စွပ်စောင့်တဲ့ အသူရတ္ထဒေဝ နတ်ဆိုးကလဲ. ကမ္မဇိဒ္ဓိရှိပေမယ့်လည်း၊ ဒီစံအိမ်ထဲကို အမြဲမဝင်နိုင်ဘူး၊ သူ့စွမ်းအားဖြစ်တည်ရာလက်စွပ်ကတောက်စားပြီး ပါဝါမြင့်တဲ့အချိန်တစ်ခုကျမှသာ၊ ယာယီဝင်လာနိုင်တာ။ အဲဒီဝင်လာတဲ့အချိန်မှာသူဖြစ်ချင်တာတွေမောင်ရင့်ကိုလုပ်ခိုင်းသွားတာပဲ။ ကျန်တဲ့အချိန်သူဒီစံအိမ်ထဲမဝင်နိုင်ဘူး။ ဒီတော့သူဘယ်မှာခိုအောင်းနေသလဲဆိုတာသိရမှလည်းသူ့ကိုလာခဲ့ရာခေတ်ဆီကိုပြန်နှင်နိုင်မှာ.."

" ကဲ..အခုတော့သူဒီနားမှာမရှိ၊ မလာနိုင်တုန်း။ မောင်ရဲနောင်လက်ကလက်စွပ်ကိုချွတ်ရအောင်။ ဆရာနည်းနည်း အစီအမံလေးတွေပြင်ဆင်မှုလုပ်ပါရစေဦး"

ရဲနောင်တို့ကအလိုက်သိစွာနောက်ဆုတ်ထိုင်ပေးလိုက်ကြသည်။   

" ကဲ..မောင်ဖိုးတေက ဟောဒီက ဘုရားသောက်တော်ရေ ကိုမန်းပြီး ဂုဏ်တော်တစ်ထောင်နဲ့နတ်စစ်သည်တစ်ထောင်ဂါထာအုပ်ထားတဲ့ ရေမန်းကိုယူပြီး ကိုယ်တော်လေးမောင်ရဲနောင်ကိုသောက်ခိုင်းလိုက်၊ ပြီးတော့ဟောဒီလက်ဖွဲ့ချည်မန်းကွင်းတစ်ခုစီကို မောင်ရဲနောင်နဲ့မယ်တော်ကြီးတို့ရဲ့လက်ကောက်ဝတ်တွေမှာချည်ပြီးပေးလိုက်။ မမြင်ရတဲ့အမှောင့်တွေကိုအဟန့်အတားပေါ့ကွယ်"

ဆရာနွံဖနှင့်အတူပါလာသူတပည့်ဖြစ်သော ဖိုးတေဆိုသူလူငယ်က ဆရာကြီး၏ညွှန်ကြားချက်အတိုင်း၊ ရဲနောင်နှင့်ဘွားရွှေကြာကိုအရံအတားလက်ဖွဲ့များစွပ်ပေး၊ ဂုဏ်တော်ရေမန်းများတိုက်ပေးခြင်းကိုပြုသည်။ မောင်ဖိုးတေဆိုသူမှာအသက်ခပ်ငယ်ငယ်သာရှိပုံရသေး၍ သွက်သွက်လက်လက်နှင့်ဖြတ်လတ်ပုံရလေသည်။

ဆရာနွံဖက ဘုရားဆင်းတုတော်ရှေ့တွင် ၁၅ မိနစ်မျှထိုင်၍ အဓိဌာန်ပြုတရားထိုင်ပြီးရဲနောင်တို့မသိနိုင်သောဂါထာများဖြင့်မတိုးမကျယ်ရွတ်ဖတ်သရဇ္စျယ်နေလေသည်။ ပြီတော့အချို့သောအင်းချပ်များနှင့်ဝတ္ထုပစ္စည်းများကိုပြင်ဆင်နေသည်။ အဆင်သင့်ဖြစ်တော့ရဲနောင်အား ဘုရားခန်းလယ်မှကော်ဇောပေါ်တွင်အထိုင်ခိုင်းပြီး သူနှင့်ဆရာနွံဖတို့နှစ်ဦးထိုင်နေရာကိုစည်းနှစ်ထပ်တားလိုက်ပြီးလျှင်။ ရွတ်ဖတ်သရဇ္ဈယ်နေသည်မှာအတန်ကြာသည်။

ဆရာကြီးက သိကြားမင်း၊ စတုလောကပါလ နတ်မင်းကြီးများ၊ ဂိုဏ်းစောင့်နတ်မင်းကြီးများနှင့် ပိုင်ရာဆိုင်ရာနတ်များကိုပင့်ဖိတ်ခြင်းအမိန့်ပြန်ခြင်းများ ပြုသည်။ အသေးစိတ်ကို ရဲနောင်တို့လို လူသာမန်များနားမလည်နိုင်သလို၊ ကျွန်ပ်တို့စာဖတ်သူများလည်းနားလည်နိုင်မှာမဟုတ်ပေ။

အတန်ကြာသောအခါ၊ အစီအရင်ချ ရွတ်ဖတ်မှုများအပြီး ဆရာကြီးနွံဖက ကမ္ဗလာကူရှင်ခံထားသောခုံပုလေးပေါ်၌ ကတ္တီပါစအနက်ခင်းကာရဲနောင်၏လက်ကိုတင်စေသည်။ ထို့နောက်ရွှေဝါရောင်တောက်ပသော ကြုတ်ကလေးတစ်ခုကို ဖွင့်ပြီးလျှင် အတွင်းမှပျားရည်ကဲ့သို့ခပ်ပျစ်ပျစ်ဆေးရည်များကိုကော်၍ ရဲနောင်၏လက်စွပ်စွပ်ထားသောလက်ပေါ်တွင်သုတ်လိမ်းလိုက်သောအခါ၊ လက်တစ်ခုလုံးကဆတ်ဆတ်ခါမျှတုန်ခါလာသည်။

ထိုအခိုက်မှာပင် ဆရာနွံဖက အင်းတွေရေးထားသောပုဝါနီပိတ်ပါးစကိုလျှပ်တပြက်အလျင်အမြန်ထုတ်ပြီး လက်ချောင်းကိုရောလက်ဖမိုးကိုပါအုပ်ကိုင်ဆွဲထုပ်၍ အဝတ်စပေါ်မှဖိစမ်းပြီး၊အားထည့်၍ဆွဲချွတ်လိုက်ရာ၊ လက်စွပ်မှာအုပ်ကိုင်ထားသောအင်းချပ်အဝတ်စနှင့်အတူကျွတ်ထွက်သွားတော့သည်။

ဆရာနွံဖက ရဲနောင်၏လက်ကိုရုပ်စေပြီး၊ ကူရှင်ပေါ်မှကတ္တီပါစအနက်နှင့်ပါထပ်ထုပ်လျက် အနီးတွင် အသင့်ဖွင့်ထားတဲ့ မည်သည့်လောဟာသတ္တုမျိုးနှင့်လုပ်ထားသည်မသိရသော၊ တစ်ထွာသာသာကျည်တောက်ရှည်တစ်ခုထဲသို့အမြန်ထည့်လိုက်ကာ အဖုံးဖြင့်ပိတ်လိုက်သည်။ ထိုသို့ပြုလပ်နေသည့်လုပ်ငန်းစဥ်အတွင်း ဆရာနွံဖ၏နှုတ်မှမရပ်တန်း မန္တန်များကိုရွတ်ဖတ်လျက်ရှိသည်။ ဆရာနွံဖက ကျည်တောက်အဖုံးကိုပါနောက်ထပ်အင်းတစ်ရွက်ဖြင့်ထပ်အုပ်ကာချည်မန်းကြိုးဖြင့်စည်းရင်းမှ၊ ရဲနောင်ကို..

"ကဲ..ကိုယ်တော်ဖုရားလေး မောင်ရဲနောင်၊ မောင့်ရင့်ကိုချုပ်ကိုင်ထားတဲ့အမှောင့်တွေ၊ အနှောင်အဖွဲ့တွေ အခုကစပြီးလွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားပြီကွ၊ ဒီအသူရာနတ်ဆိုးဘယ်တော့မှနောက်ထပ်မနှောင့်ယှက်နိုင်တော့ဘူး။ ဒီလက်စွပ်ကိုလည်းအစောင့်အရှောက်အင်းတွေနဲ့ အထပ်ထပ်ချုပ်ထားပြီးပြီ။ ဒါကိုဆရာယူသွားပြီး ဂိုဏ်းတော်ကြီးကဆရာကြီးတွေထံလိုအပ်သလို စီမံဖျက်ဆီးပစ်ဖို့အပ်လိုက်မယ်။ အခုဆို အပြင်မှာရောက်နေတဲ့နတ်ဆိုးကတော့ ယောက်ယက်ခတ်ပြီးဒေါသူပုန်ထနေလောက်ပြီ။ သူခိုအောင်းတဲ့နေရာကိုရှာပြီး သူ့နေရပ်မှန်ကိုပြန်နှင်ဖို့ဆရာတို့ဆက်စီရင်ရဦးမယ်ကွဲ့"

`````````````````````````

(42)                           

ဆရာကြီးနွံဖကဆက်၍အမိန့်ရှိပြန်သည်။

" ကဲ..မောင်ရဲနောင်ရေ လက်စွပ်ကိုလည်းချွတ်ပြီး၊ ထိမ်းချုပ်လို့လဲပြီးသွားပြီကွဲ့။ တို့တတွေတစ်ခုအားသာသွားတာက စီးနေတဲ့ရာဂနတ်ဆိုးအနေနဲ့ဒီအိမ်ကြီးထဲအချိန်မရွေးဝင်ပြီး လက်စွပ်ကိုဝင်ကပ်ချင်တိုင်းကပ်လို့မရဘူး၊ သူသိနေပြီးအပြင်မှာဒေါသူပုန်ထလို့အတင်းဝင်နှောက်ချင်ပေမယ့်၊  တို့တတွေကလက်ဦးသွားလို့အစီအမံတွေနဲ့ချုပ်လိုက်ပြီးပြီဆိုတော့ သူနဲ့လက်စွပ်ကကွင်းဆက်ပြတ်သွားပြီ။ သူ့ပါဝါတွေလဲကျသွားပြီးသာမန်နတ်ဆိုးတစ်ကောင်အဆင့်ပဲရှိတော့တယ်။ သူ့ကိုသူလာရာမူရင်းခေတ်ဆီကိုပြန်နှင်လိုက်ဖို့ကလွယ်ကူသွားပြီပေါ့ကွာ။ တစ်ခုပဲရှိတယ် သူဒီစံအိမ်ကြီးထဲဝင်မရတဲ့အချိန်တွေမှာ တခြားမှာသွားပြီးယာယီခိုအောင်းနေရလိမ့်မယ်။ အဲဒီနေရာက ဘယ်မှာလဲဆိုတာသိအောင်လုပ်ဖို့လိုတယ်ကွဲ့.."

" ဟုတ်ကဲ့ပါ ဆရာကြီး"

" ဒီလိုကွဲ့..၊ သူကအချိန်မရွေးသူ့ပါဝါတွေကိုထိမ်းချုပ်နိုင်အောင်သူ့အနေနဲ့ ဝေးဝေးကြီးမှာလည်းသွားနေမှာမဟုတ်ဘူး။ ဒါဆိုသူနေနိုင်တာ ဘယ်နေရာဖြစ်နိုင်မလဲ။ ရာဇဝင်အရ သိကြားမင်းနတ်မူးတွေကိုနှင်ချတော့ တာဝတိံ့သာက ဒလိမ့်ခေါက်ခွေးကျပြီးအသူရာဘုံပေါ်လာခဲ့တယ်၊ သူတို့ဘုံနဲ့တန်တဲ့နတ်သစ်ပင်လည်းပေါ်လာတယ်။ အဲဒီအပင်ကသခွတ်ပင်ပဲ။ အသူရာတွေနဲ့အစပ်ဟပ်ဆုံးနေလို့ရနိုင်မယ့်နေရာက သခွတ်ပင်ပဲဖြစ်လိမ့်မယ်။ ဒေါ်နန်းရွှေကြာ၊ ဒီမြို့ဒီအနီးအနားတဝိုက်မှာအထင်ကရသခွတ်ပင်မျိုးရှိလား၊ ဘယ်နေရာမှာရှိလဲ.."

" အင်း..သခွတ်ပင်လားဆရာကြီး၊ ဒီနယ်မှာတော့ရှားတော့အရှား သားပဲ။ အဲ..ဟုတ်ပြီ..စဥ်းစားလို့ရပြီဆရာကြီး၊ ဒီမိုင်းပုလဲရဲ့အနောက်မြောက်ဘက်သိပ်မနီးမဝေးမှာ မဲ့နမ်ဖူးဆိုတဲ့ရွာလေးရှိတယ်။ အဲဒီရွာနားက တောင်ထိပ်ပေါ်မှာ အထင်ကရသစ်ပင်ကြီးတစ်ပင်ရှိနေတယ်။ ကျမအမှတ်မမှားရင် အဲဒီ အပင်ကြီးကသခွတ်ပင်ဖြစ်ဖို့များတယ် ဆရာကြီးရဲ့.."

" အင်း..ဒီလောက်သိရရင် ရပါပြီဒေါ်နန်းရွှေကြာ..၊ ကျုပ်တို့သေချာအောင်စုံစမ်းပြီး ဆက်လုပ်ပါ့မယ်.."

````````````````````````````````````````````````````````````````

ဆရာစိုင်းနွံဖနှင့် တပည့်ဖြစ်သူ ဖိုးတေတို့နှစ်ယောက် မဲ့နမ်ဖူးရွာထိပ်နှင့်မလှမ်းမကမ်း တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီးအနားသို့ရောက်လာခဲ့ကြသည်။

" အေး..မောင်ဖိုးတေရေ၊ ဟိုမှာကြည့်စမ်းကွဲ့။ ဒေါ်နန်းရွှေကြာပြောတာမမှားဘူး။ အဲဒါ သခွတ်ပင်ကြီးပဲကွဲ့.."

ဖိုးတေလည်း ဆရာနွံဖညွှန်ပြလိုက်တဲ့ သခွတ်ပင်ကြီးကိုကြည့်လိုက်တော့ လူကြီးနှစ်ဖက်စာလောက်ပင်စည်ရှိပြီး ပေ၆၀-၇၀ လောက်မြင့်တဲ့အပင်ကြီးဖြစ်နေသည်ကိုတွေ့ရသည်။ တောစိုးသစ်ပင်လို့ခေါ်နိုင်လောက်တဲ့အပင်ကြီးမျိုးဖြစ်၏။ ပင်စည်မှနေ၍အပေါ်ကို တစ်ဖြောင့်ထဲတက်နေသည်။ ပေ ၃၀ လေက်ကျမှကိုင်းမကြီးနှင့်အခက်အလက်များခွဲထွင်နေသည်။ နောက်တစ်ခုထူးဆန်းတာက သခွတ်ပင်အောက်ခြေပတ်လည်မှာတော့ ဝါးကပ်တွေနဲ့ ကားထားပြီး ဝါးကပ်တွေပေါ်မှာတော့ ရှမ်းဘာသာနဲ့စာရေးထားတာကိုတွေ့လိုက်ရသည်။ ဖိုးတေအဖို့တော့ရှမ်းဘာသာနဲ့ရေးထားတဲ့အတွက် နားမလည်ဖြစ်နေတဲ့အချိန်၊ ဆရာကြီးနွံဖက။

" မောင်ဖိုးတေရေ၊ ဒီစာတွေက ဒီတောဒီတောင်မှာ ဒီအပင်ကြီးကနတ်ကြီးပြီးကြမ်းတမ်းတယ်။ ပူဇော်ပသမှု၊ ကြိုတင်တောင်းပန်မှုမလုပ်ပဲ ဒီအပင်ကြီးရဲ့အရိပ်အာဝါသအောက်ကို မည်သူမှဝင်လို့မရဘူးဆိုပြီးရေးထားတာပဲကွဲ့"

" ဘာဖြစ်လို့လဲဆရာကြီး တစ်ခုခုများအကြောင်းရှိလို့လား" ဖိုးတေ၏အမေးကြောင့် ဆရာနွံဖကအဝေးတစ်နေရာကိုကြည့်လိုက်ပြီး

" ဒီနေရာကပတ်ဝန်းကျင်မှာ အမြင့်ဆုံးဖြစ်တဲ့တောင်ကုန်းဖြစ်ပြီး အပင်ကြီးကလည်းအထင်ကရလိုဖြစ်နေတယ်။ မိုင်းပုလဲမြို့ကနေမြောက်ပိုင်းတောနက်ထဲကိုဝင်တဲ့ ဧရိယာရဲ့အစပ်လည်းဖြစ်တယ်။ ဒီအနီးအနားတဝိုက်မှာလူသူနေတဲ့ရွာလေးတစ်ရွာရွာတော့ရှိလောက်တယ်။ မဲ့နမ်ဖူးဆိုတာဖြစ်လိမ့်မယ်။ ဒီပတ်ဝန်းကျင်အကြောင်းကို အရင်စနဲနာကြည့်ရအောင်။ ရွာခံလူတွေနဲ့တွေ့ရင် မင်းနားလည်သွားမှာပါ လာသွားကြစို့"

လို့ပြောပြီး ဆက်ထွက်ခဲ့ကြလေသည်။ သူတို့နှစ်ယောက် သုံးလေးဖာလုံခန့်မျှ ဆက်လျှောက်လာခဲ့တော့ အိမ်ခြေအစိတ်ခန့်သာရှိသောရှမ်းရွာလေးတစ်ရွာကိုတွေ့လိုက်ရသည်။    

" ဆရာ ဒီရွာက လူနည်းလိုက်တာနော်။ အိမ်ခြေတွေလည်းသိပ်မရှိဘူး.."

" ဒီရွာမျိုးက ဒီလိုပါပဲ တပည့်ရ၊ လူတွေက တောခြံတွေ၊ တောင်ယာတွေထဲမှာပဲ အနေများပြီးရွာကအိမ်တွေမှာအိမ်စောင့်လောက်ပဲရှိတတ်ကြတာ. " 

ဆရာတပည့်နှစ်ယောက် ရွာလမ်းမကြီးအတိုင်း လမ်းလျှောက်လာခဲ့လိုက်ရာ ကျွန်းလုံးတွေကို မခုတ်ထွင်ပဲ အိမ်တိုင်အဖြစ်စိုက်ထားတဲ့ အိမ်မြင့်မြင့်တစ်လုံးရှေ့ရောက်တော့ ဆရာနွံဖကဆက်မသွားတော့ပဲ အိမ်ရှေ့တွင်မတ်တပ်ရပ်ကြည့်နေလိုက်သည်။ ဆယ်မိနစ်နီးပါး ရပ်ပြီးအကဲခတ်ပြီးတဲ့အချိန်မှာ အိမ်ထဲကနေ တဘက်ခေါင်းပေါင်းထားတဲ့ ရှမ်းအမျိုးသမီးအမယ်အိုတစ်ယောက်ထွက်လာတာကိုတွေ့ရသည်။ သူမကစိုင်းနွံဖတို့ဆရာတပည့်ကိုအတန်ကြာစူးစမ်းကြည့်နေပီးမှ ဝမ်းသာအားရအမူအရာနဲ့။

" ဟေး..အဖိုးကြီးခွန်ပေါ့ရေ၊ ဒီမှာထွက်ကြည့်ပါဦး။ ညကအိပ်မက်နဲ့တထေရာထဲပဲတော့.."

အမယ်အိုရဲ့စကားအဆုံးမှာ အိမ်ထဲကနေ အပေါ်ပိုင်းအင်္ကျီချွတ်ထားပြီး လုံချည်ခါးတောင်းကျိုက်ထားတဲ့ ရှမ်းအမျိုးသားကြီးတစ်ယောက်ပြေးထွက်လာပြီး

" ဟာ!..ညက ကျုပ်အိမ်မက်မက်တာ မှန်နေပြီဝေ့ လာကြ လာကြ အိမ်ထဲဝင်ဦး"

ရှမ်းအဖိုးကြီး၏ဖိတ်ခေါ်မှုကြောင့် ‌‌ဆရာနွံဖတို့လည်းအိမ်ဝိုင်းထဲကိုဝင်လာခဲ့လိုက်ကြသည်။

" အဖွားကြီးရေ ဧည့်သည်တွေအတွက်ရေနွေးချပေးဦး"

" လာပြီ လာပြီ "

အိမ်ထဲကနေ ထန်းလျက်ပန်းကန်နဲ့ရေနွေးဗန်းကိုင်ပြီး ထွက်လာတဲ့ရှမ်းအမယ်ကြီးက ဆရာနွံဖတို့နဲ့မလှမ်းမကမ်းမှာ ဗန်းကိုချလိုက်ပြီး 

" ညကအိမ်မက်မက်တာမှန်နေတယ်နော့"

" ဟုတ်တာပ..၊  ညက ကျုပ်တို့အိမ်မက်ထဲမှာ တွေ့တာလဲ ဒီပုံစံအတိုင်းပဲ"

ရှမ်းအဖိုးကြီးရဲ့စကားကို အမယ်ကြီးကထောက်ခံပြီး

" ဟုတ်တယ် ဟုတ်တယ် အိမ်ရှေ့မှာရပ်နေတာခြင်းလဲတူတယ် ဝတ်ထားတာလဲတူတယ် အမေတို့ဖြင့်အံ့ဩလို့ ရုတ်တရက်ဘာလုပ်ရမှန်းမသိဖြစ်သွားတာ"

အိမ်ရှင်တို့ရဲ့စကားကြောင့် ဆရာစိုင်းနွံဖက

" ခွန်ပေါ့ ခွန်မဲ့တို့နဲ့ဆုံရတာ ရှေးဘဝကရေစက်ပါလာခဲ့လို့ပဲ။ ခွန်မဲ့တို့အခုကြုံတွေ့နေရတာတွေကိုလဲ အခွင့် အခါကြုံလို့ ကူညီခွင့်ရတော့မယ် အဲဒီအတွက် ဒီရွာမှာဖြစ်ပျက်နေတာတွေကို အစအဆုံးကျုပ်ကိုပြောပြပါလား"

ဆရာကြီးနွံဖရဲ့အဖွင့်မေးခွန်းကြောင့် ရှမ်းအမျိုးသမီးကြီးက ဘေးဘီကိုလိုက်ကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်နေတုန်း ဆရာနွံဖကပဲဆက်ပြီး။

" ခွန်မဲ့ (အမေ) ပြောတတ်သလိုသာပြောပါ""

" အေး..ဒီလိုကွဲ့.. ခွန်မဲ့တို့ရွာမရောက်ခင်တောင်ကုန်းပေါ်မှာ ဝါးကပ်တွေနဲ့ကာထားတဲ့သခွတ်ပင်ကြီးကိုတွေ့ခဲ့တယ်မဟုတ်လား။ အဲဒီအပင်ကြောင့် တစ်ရွာလုံးစိတ်ဒုက္ခရောက်နေကြတာ"

ရှမ်းအမယ်ကြီးရဲ့စကားကြောင့် ဖိုးတေက

" ဘယ်လိုဖြစ်တာလဲအမေ၊ ဝါးကပ်မှာလဲ အထဲမဝင်ရဘူးလို့ရေးထားတယ်ပြောတယ်"

" ဟုတ်တယ် ဟုတ်တယ် အဲဒီထဲကိုခွင့်မ‌တောင်းပဲဝင်တဲ့ ကျွဲတွေနွားတွေတိရစ္ဆာန်တွေအကုန်သေတယ်။ လူတွေဝင်မိရင်လဲအပြင်းအထန်ဖျားနာတယ်။ တခါတလေ သေတဲ့အထိဖြစ်တယ်။ အဲဒီအပင်ကအစောင့်ကရုက္ခစိုးကောင်းတော့မဟုတ်နိုင်ဘူး။ တကူးတကပူဇော်ပသနေတာတောင်၊ မထင်ရင်မထင်သလိုဒုက္ခပေးနေတာ။ အဲဒါကြောင့်ဘယ်သူမှဝင်မရအောင် ရွာကကြောက်ကြောက်နဲ့ခြံကာထားလိုက်ကြတာ"

" ဘာကြောင့် သေကြတာလဲခွန်မဲ့၊ နောက်ပြီး အဲဒီအပင်မှာကဘာရှိလို့လဲ"

" ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှမသိဘူး ဒါပေမယ့် တစ်ချို့လူတွေပြောတာက အဲဒီအပင်မှာ  လုံထီး နေတယ်လို့ပြောတယ်"

" အဲဒီလုံထီးက ဘယ်သူလဲခွန်မဲ့ "

" လုံထီးဆိုတာကအရင်က ဒီနယ်နဲ့ဒီရွာရဲ့တပွဲစားမုဆိုးကြီးပဲ၊ စရိုက်အရမ်းကြမ်းတယ်။ တောကောင်ပစ်လို့ ရလာတဲ့အသားတွေနဲ့အရိုးအရေတွေဆိုသူ့ဆီကပဲယူကြရတာ။ တောမပစ်တဲ့အခါလည်းရွာမှာဝက်တွေ၊ နွားတွေပေါ်ရင်၊ သူ့ကိုပဲလုပ်ခိုင်းရတာ လက်ကလဲယဉ် အကုသိုလ်အလုပ်နဲ့လဲအကျိုးပေးတယ် တစ်နေ့ တော့ရွာမှာအလှူလုပ်ဖို့ တောဝက်သုံးကောင်ပေါ်ခိုင်းတာ သူက အလှူအတွက်ဆိုရင် ပိုက်ဆံမယူဘူးအလကားပေါ်ပေးမယ်ဆိုပြီး ဝက်ကိုသတ်တာ အဲဒီသခွတ်ပင်တောင်ကုန်းပေါ်မှာပေါ့။ ဘာကြောင့်လဲတော့မသိဘူး သေနေတဲ့ဝက်ကထပက်လို့ အဲဒီနေရာမှာပဲ လုံထီးသေပါလေရော"

" ဆက်ပြောပါဦး ခွန်မဲ့"

" သူသေပြီးနောက်ပိုင်း အဲဒီသခွတ်ပင်အောက်ကနေဖြတ်တဲ့သူတိုင်းကိုခြောက်လှန့်တော့တာပဲ အသားစိမ်းငါးစိမ်းတွေများ အပင်အောက်ကိုယူသွားလို့ကတော့ အပေါ်ကနေ လက်အမဲကြီးနဲ့ လှမ်းနှိုက်တာ အဲဒီနောက်ပိုင်းတစ်ဖြေးဖြေး အတင့်ရဲလာပြီး သူ့အပင်အောက်ကို ခွင့်မတောင်းပဲဝင်ရင် ပြုစားတော့တာပဲ အသားစိမ်းငါးစိမ်းနဲ့မဆက်သရင် အဲဒီလူသေတာပဲ လူကြီးပဲလားဆိုတော့မဟုတ်ဘူး ကျွဲနွားတွေဝင်ရင်လဲ အတူတူပဲ။ သူ့ကြောင့် ရွာထဲကလူတွေအကုန်နီးပါး မနေရဲတော့ဘူး တောထဲ ခြံတွေထဲမှာပဲနေနေရတာ"

ရှမ်းအမယ်အိုရဲ့စကားကိုနားထောင်ပြီးဆရာနွံဖက၊၊

" ခွန်မဲ့ပြောပုံအရဆိုရင်အဲဒီသခွတ်ပင်ကိုအဲဒီလုံထီးသရဲကအပိုင်ရထားတာဖြစ်မယ် သူနဲ့အဲဒီသခွတ်ပင်ကတခြားဘာအဆက်အစပ်ရှိသေးလို့လဲ.."

" ငါတော့ဒီထက်ပိုပြီး မသိဘူးဝေ့၊ ခွန်ပေါ့ အဖိုးကြီး ရှင်ရောသိလား"

ရှမ်းအမယ်အိုကသူ့ ဘေးမှာထိုင်နေတဲ့ သူ့ယောင်္ကျားအဖိုးကြီးကိုလှမ်းမေးလိုက်တယ်။

" ငါသိတာကတော့ လကွယ်လမိုက်ညတွေမှာဆိုရင်သူ့အပင်အောက်မှာ သားစိမ်းငါးစိမ်းတွေနဲ့ သွားသွားဆက်ကြရတာပ၊ အကိုင်မခံရအောင်လို့တဲ့။ ကျန်တာတော့ငါတောင်နင့်လောက်မသိဘူးအဖွားကြီးရ.."

အဖိုးကြီးကကွမ်းတမြုံ့မြုံ့ဖြင့်တဟဲဟဲရယ်ရင်းပြန်ပြောသည်။

" အိမ်း ..ဒီရွာကလူတွေဒုက္ခကလဲ မသေးပါလား ပြိတ္တာတစ်ပိုင်း နတ်စိမ်းတစ်ပိုင်းကို ကြောက်လန့်နေကြရရှာတယ် ခွန်ပေါ့၊ ခွန်မဲ့တို့ ရွာကလူတွေရဲ့ဆန္ဒကရော ဘယ်လိုရှိကြလဲ"

ဆရာနွံဖရဲ့စကားကြောင့် လင်မယားနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး

" လုံထီးမသေခင်က ရွာမှာရော  ဒီအပင်ကြီးမှာရောဘာဒုက္ခမှမရှိခဲ့ဖူးဘူး။ အရင်ရုက္ခစိုးကြီးကတော့ မတယ်လို့ပြောကြတယ်၊ ရွာကလူတွေသီးနှံအောင်မြင်အောင်ပသကြတယ်။ မိန်းမတွေကသားဆုတောင်းကြတယ်။ အခုဆို အရင်လိုမဟုတ်တော့ဘူး။ ဒီအပင်စောင့်နတ်ဆိုးကိုနှင်ထုတ်လို့ရရင်နှင်ချင်တယ်။ နတ်ကောင်းတွေပြန်စောင့်စေချင်တယ်"

ဆရာနွံဖဆို့လည်းတို့လဲ အခြေအနေကိုသိရပြီမို့ ။

" ဒါဆိုရင်မပူနဲ့တော့ခွန်ပေါ့ ခွန်မဲ့တို့၊ လကွယ်နေ့တွေမှာ အဲဒီအစိမ်းသရဲကမြူးတယ်မဟုတ်လား။ကျွန်ပ်တို့သန်ဘက်ခါလကွယ်နေ့မှာပြန်လာပြီးစီရင်ပေးပါ့မယ်"

ဆရာနွံဖစကားကြောင့် ရှမ်းအမယ်အိုလင်မယားနှစ်ယောက် မျက်နှာညိုးသွားပြီး...

" တကယ်ပြန်လာကြနော် အမေတို့ရွာကိုကူပေးပါဦး"

သူတို့ဆရာတပည့်လည်း ရှမ်းလင်မယားနှစ်ယောက်တို့အား နှုတ်ဆက်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်သည်။ အိမ်အောက်ရောက်တော့ ဖိုးတေက..

" ဆရာ ကျွန်တော်တို့ ဘယ်သွားကြမလဲ"

" သခွတ်ပင်ရဲ့ရာဇဝင်ကိုသိပ်သဘောမတွေ့ဘူး မောင်ဖိုးတေ။ ဘာကြောင့်ဆိုတော့ ဒီလိုဒုက္ခပေးနေတာ လုံထီးလား ဒါမှမဟုတ်သူ့နာမည်ကိုအသုံးချပြီး၊တစ်ယောက်ယောက်က လုပ်နေတာလားဆိုတာ သိရဖို့လိုတယ် ဒါကြောင့် ရွာထိပ်က နတ်ကွန်းဆီသွားရအောင်"

စိုင်းနွံဖတို့ ဆရာတပည့်နှစ်ယောက်ရွာထိပ်နားမှာမြင်ခဲ့တဲ့ နတ်ကွန်းဆီသို့ဦးတည်ခဲ့ကြသည်။ ဆရာကြီးနွံဖက..

" မောင်ဖိုးတေရေ ဒီရွာတဝိုက်ကအစောင့်အရှောက်တွေနဲ့ ပရလောကသားတွေအကြောင်း သိချင်ရင်တော့ သူတို့လောကသားအချင်းချင်းဆီမှာပဲစုံစမ်းရလိမ့်မယ်။ အကုန်သိနိုင်မှာကတော့ ရွာကိုအပိုင်စားပေးခံထားရတဲ့ ရွာစောင့်နတ်ပဲရှိမှာ။ သူ့ကိုခေါ်ပြီး အကျိုးအကြောင်း မေးရမှာပဲ "

ဆရာစိုင်းနွံဖက စကားဆုံးတာနဲ့ ရွာထိပ်က သစ်သားစင်လေးနဲ့လုပ်ထားတဲ့ နတ်ကွန်းကို ကိုင်ပြီး၊

" ဤရွာကိုစောင့်ကြပ်ပါသော ရွာစောင့်နတ်အား ကျွန်ုပ်ပင့်ဖိတ်ပါသည် မြန်မကြာကြွရောက်ပါစေသား" 

ဟု ပြောလိုက်သည်နှင့် သစ်သားစင်နောက်မှ ရှမ်းဘောင်းဘီ နီညိုရောင်ဝတ်ထားပြီး အထက်ပိုင်းကိုယ်ဗလာ၊ ရှမ်းပတ်ပေါင်း ပေါင်းထားတဲ့ ရှမ်းအဖိုးကြီးတစ်ယောက်ရုတ်တရက်ဆိုသလို ထွက်လာလေသည်။ ရှမ်းအဖိုးအိုရဲ့ ရင်အုပ်၊ လက်မောင်းနဲ့ တစ်ကိုယ်လုံးမှာ ရှမ်းစာတွေနဲ့အင်းတွေ စမတွေ အရုပ်တွေ အပြည့်ထိုးထား၏။ ရှမ်းအဖိုးအိုက ဆရာနွံဖကိုတူရူကြည့်ပြီး...

" ခုနက ကျုပ်ကိုခေါ်တာ ဆရာလား"

" ဟုတ်ပါတယ် ခွန်ပူ (အဖိုး) ကျုပ်ခေါ်လိုက်တာပါ ဒီရွာနဲ့ပတ်သက်ပြီးနည်းနည်းမေးစရာလေးရှိလို့ပါ" ရှမ်းအဖိုးကြီးက ဘောင်းဘီခါးကြားထဲက ကွမ်းတစ်ရာကိုထုတ်၍ ပါးစပ်ထဲထိုးထည့်လိုက်ပြီး။

" မေးလေ ကျုပ်သိရင်ဖြေမယ် မသိရင်မဖြေဘူး"

" ရွာပြင်ကုန်းထိပ်က သခွတ်ပင်မှာ အခုလက်ရှိနေတာ ဘယ်သူလဲဆိုတာ အဖိုးသိလား"

ဆရာနွံဖအမေးစကားကြောင့် ရှမ်းအဖိုးအိုကြီး ခဏငြိမ်သွားပြီး။

" အဲဒီအပင်မှာ အရင် သက္ကဒိသ ရုက္ခစိုးကြီးနေတယ်။ အရင်နှစ်ပေါင်း နှစ်ရာကျော်က ဒီနယ်ကိုအုပ်စိုးခဲ့ဖူးတဲ့ နယ်စားကြီးပဲ။ နယ်စားရုက္ခစိုးကြီီးက အကျင့်အရမ်းဖြူစင်တယ်။ နှစ်ပေါင်း ၁၀၀ကျော်လာတော့တရားဓမ္မအရမ်းလိုက်စားလာတယ်။ နောက်ပိုင်းအပင်မှာအမြဲမနေဘူး ဟိမဝန္တာဘက်ကိုနစ်ရှည်လများတရားသွားအားထုတ်နေတတ်တယ်။ 

သူမရှိတဲ့နောက်သိပ်မကြာခင်ကမှ အသစ်တစ်ယောက်ရောက်လာတယ်။ သူရောက်လာတဲ့အချိန်ကစပြီး သခွတ်ပင်လဲသွေးနံ့တွေလှိုင်သွားတာပဲ။ သူကရုက္ခဘုံဗိမ္မာန်ရသင့်တဲ့နတ်မျိုးမဟုတ်ဘူး။ အစိမ်းနတ်သာသာပဲရှိတယ်။ ပိုင်နက်လဲရိုင်းစိုင်းသွားတာပေါ့"

" အဖိုး အသစ်ရောက်လာတဲ့တစ်ယောက်က တပွဲစားမုဆိုးဖြစ်ခဲ့တဲ့လုံထီးဆိုတာမဟုတ်လား၊ သူကလူ့ဘဝက အကုသိုလ်တွေလုပ်ခဲ့တာ ဘယ်လိုကြောင့် ဒီလိုနေရာတစ်ခုရခဲ့တာလဲ"

" လူ့ဘဝကလဲ ပြောရရင်ခက်သကိုး သူ့အကုသိုလ်ကံဘယ်လောက်များများ သူလုပ်ခဲ့တဲ့ ကုသိုလ်လေးတစ်ခုကြောင့် အခုလိုနေရာရလာတာပဲ ဒီကုသိုလ်ကုန်ရင် ငရဲကိုကျမှာအမှန်ပဲ"

" အခုလက်ရှိရွာမှာဖြစ်နေတာတွေ အဖိုးသိရဲ့လား"

" ကျုပ်သိတာပေါ့ ကျုပ်ကဒီရွာစောင့်နတ်ဆိုပေမယ့် သူ့အပိုင်နယ်ထဲကိုဝင်ရှုပ်လို့မရဘူးလေ ဒီလိုမျိုးလုပ်တာကိုလဲ ကျုပ်မကြိုက်ဘူး ဒါပေမယ့် ကျုပ်ဘာမှလုပ်မရဖြစ်နေတာ"

" ဒါ့အပြင်ဒီအပင်နဲ့ပတ်သက်ပြီးတခြားဘာတွေထူးသေးလဲအဖိုး"

" အခုတလော ဧည့်နတ်တစ်ဦးရောက်နေတာကို သတိထားမိတယ်။ တစ်လတောင်မပြည့်ချင်သေးဘူ။ သူကလည်းနတ်မိစ္ဆာတစ်ကောင်ပဲ။ ဒီနယ်ကမဟုတ်ဘူး။ သူက တောစိုးစတုမဟာရာဇ်နတ်တွေထက် တစ်ဆင့်မြင့်လိမ့်မယ်။ဒါကြောင့်သူလာနေနေတာကို အစိမ်းနတ် လုံထီးကလည််း မတားနိုင်ဘူး။ တပည့်ခံပြီးသူတော်ချင်းချင်းသီတင်းလွေ့လွေ့နဲ့ လက်ခံထားတယ်"

" အခုလိုပြောပေးတာ ကျေးဇူးတင်ပါတယ် အဖိုး၊ ကျုပ်တို့သခွတ်ပင်ပင်ဘက်သွားကြည့်ပြီးလို့ဦးမယ် လိုအပ်ရင် လှမ်းခေါ်လိုက်ပါမယ်"

" အင်းလေ..ကောင်းပါပြီ"

`````````````````````````````````````````````````````

(43)

စိုင်းနွံဖတို့ဆရာတပည့်လဲ  ရွာစောင့်နတ်ဆိုတဲ့ ရှမ်းအဖိုးကြီးကိုနှုတ်ဆက်ပြီး တည်းခိုရာမိုင်းပုလဲစံအိမ်ကြီးဆီ ပြန်လာခဲ့လိုက်ကြသည်။ နှစ်ရက်အတွင်းဆရာနွံဖက ပုတီးစိပ်၊ သမထထိုင်၍သာနေသည်။ နားချိန်တွင် ဆေးများ၊ အင်းများကိုဂါထာများရွတ်၍နှိုးနေ၏။

နှစ်ရက်အကြာ လကွယ်နေ့နေဝင်ရီတရောရောက်ချိန်တွင်တော့ဆရာတပည့်နှစ်ယောက်သား သခွတ်ပင်ကြီးဆီသို့ဦးတည်လာခဲ့ကြသည်။ သခွတ်ပင်အနားရောက်တော့ ဆရာနွံဖက

" အပင်ပေါ်မှာ နေစရာမရှိလောက်အောင် နာနာဘာဝတွေပြည့်နှက်နေကြပါလား ဒီလောက်များတဲ့အပင်တစ်ခါမှမမြင်ဘူးဘူး"

" ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ"

ဖိုးတေ၏စကားကြောင့် စိုင်းနွံဖက သခွတ်ပင်ကိုမော့ကြည့်ပြီး

" သွေးညှီနံ့တွေပျောက်အောင် နှင်ထုတ်ရမှာပေါ့"

ဆိုပြီးဖြေးညှင်းစွာပြောလိုက်လေ၏။ ဆရာနွံဖရဲ့စကားအဆုံးမှာ သခွတ်ပင်ကြီးက လေမတိုက်ပဲယိမ်းထိုးလှုပ်ရှားလာခဲ့ပြီး ကညင်ပင်ပေါ်ကနေ တဘုတ်ဘုတ်နဲ့ခုန်ဆင်းလာတဲ့ နာနာဘာဝများစွာကိုတွေ့လိုက်ကြရလေသည်။ ဆရာနွံဖ ကြိုပေးပြီးသွေးလိမ်းခိုင်းထားတဲ့မျက်ကွင်းဆေးကြောင့် ဖိုးတေမှာလည်း မကောင်းဆိုးဝါးတွေကိုမြင်နေရလေသည်။

သခွတ်ပင်ပေါ်ကခုန်ဆင်းလာတဲ့နာနာဘာဝများက ဝါးကပ်ကာထားတဲ့ နေရာကနေအပြင်ကိုမထွက်ပဲ သူတို့နေရာပိုင်နက်နားသို့ကျူးလာသူဆရာတပည့်တို့အား စားမတတ်ဝါးမတတ်စိုက်ကြည့်နေကြ၏။ ဆရာစိုင်းနွံဖလည်း အခြေအနေကို သဘောပေါက်လိုက်ပြီးနောက် ဝါးကပ်ကာထားတဲ့ နေရာတစ်ဝိုက်ကို နောက်ထပ်စည်းတစ်ထပ်ရစ်၍တားလိုက်လေသည်။ ဆရာနွံဖ စည်းတားပြီးတဲ့အချိန်မှာ အထဲမှာ ရှိနေသည့်နာနာဘာဝများလှုပ်လှုပ်ရှားရှားဖြစ်လာကိုလည်းမြင်လိုက်ကြရသည်။

ဆိုးဝါးပုံပျက်သောပုံစံအမျိုးမျိုးနှင့်အကောင်ဗလောင်များက သာမန်လူတွေနားမလည်နိုင်တဲ့ဘာသာစကားနဲ့ အော်ဟစ်ပြီး ဝါးကပ်စည်းအထဲမှာပြေးလွှားနေတာကိုမြင်တော့ ဖိုးတေက

" ဆရာကြီး သူတို့နေလို့မရတော့ဘူးထင်တယ်၊  လွှတ်ပေးပြီးမှဖမ်းမလား"

" ခဏနေဦး မောင်ဖိုးတေရဲ့..မလောနဲ့၊ သခွတ်ပင်ကိုအပိုင်စားရတဲ့သူ ထွက်မလာမချင်း ဘာမှမလုပ်နဲ့ဦး"

ဖိုးတေလည်း ဆရာနွံဖ စကားကိုနားထောင်ပြီး စည်းဝိုင်းအပြင်ကနေ ရပ်ကြည့်နေလိုက်သည်။ သိပ်မကြာခင်မှာပင် သခွတ်ပင်ရဲ့ထိပ်ဖျားမှအသံတသံထွက်လာသည်။

" ငါ့နေရာကိုလာပြီး ငါ့ကိုအံတုဝံ့တာဘယ်သူလဲ"

ဆရာကြီးစိုင်းနွံဖကလည်း လိုချင်တဲ့အခြေအနေရောက်ပီမို့။

" သင့်ကိုပဲစောင့်နေတာ အခုသင်ရောက်လာပီဆိုတော့ ကျုပ်လုပ်စရာရှိတာလုပ်ရတော့မယ်"

လို့ပြောပြီး စည်းဝိုင်းထဲကို အင်းတစ်ရွက်ပစ်ထည့်လိုက်သည်။ ဆရာနွံဖပစ်ထည့်လိုက်တဲ့အင်းက စည်းဝိုင်းထဲသို့ မကျပဲ အပြင်ဘက်ကိုပြန်ဝိုက်ပြီးထွက်လာခဲ့သည်။ ဆရာနွံဖက ဒုတိယအကြိမ်ထပ်၍ ပစ်ထည့်ပေမယ့်လဲ အပြင်ကိုပဲ ပြန်ထွက်လာပြန်သည်။ အဲဒီအချိန်တွင် ဆရာနွံဖ၏နားထဲ၌..၊

" သူ့ကို ယခုနှင်ထုတ်လို့မရသေးဘူး လူအသက်မသေအောင်ပဲ သူ့ကိုသင်တားပါ။ သူ့ကုသိုလ်မကုန်သေးတဲ့အတွက် သင်မောင်းထုတ်လို့မရဘူး"

ဆိုတဲ့အသံကိုကြားလိုက်ရသည်။ ဆရာကြီးစိုင်းနွံဖလဲ ဆရာသခင်တို့ဆီက အမိန့်ကိုရလိုက်တဲ့အတွက် နည်းလမ်းတစ်ခုကိုပြောင်းပြီး ရင်ဆိုင်ဖို့ပြင်ဆင်လိုက်တယ်။

" သခွတ်ပင်ပေါ်ကပုဂ္ဂိုလ် သင့်နေရာကို ကျုပ်မထိခိုက်စေလိုဘူး ဒါကြောင့် ကျုပ်ရှိရာကို ဆင်းလာပြီး အပြစ်တွေကိုဝန်ခံပါ"

" အဟား ဟား.. သင်ခေါ်တိုင်းလာရအောင် ငါကသင့်အစေခံမဟုတ်ဘူး ဒီနေရာကနေ ငါ့ကိုမောင်းထုတ်ဖို့မစဉ်းစားနဲ့၊ ငါ့ဟာငါနေချင်သလိုနေမယ် သင်အမိန့်လာပေးစရာမလိုဘူး"

" ကောင်းပြီလေ သင်ကခေါင်းမာနေတော့လဲ ကျုပ်ကဘာလဲဆိုတာပြရတာပေါ့ သင့်ကိုအပင်ပေါ်ကနေ နှင်မချဘူး သင်ကိုယ်တိုင်မနေနိုင်အောင် လုပ်ပြမယ်"

ဆရာကြီးနွံဖလည်း သခွတ်ပင်ပေါ်က ပုဂ္ဂိုလ်ကို ကြိမ်းဝါးပြီး ဝါးကပ်ကာထားတဲ့နေရာရဲ့အပြင်ပတ်လည်စည်းမှာ အင်းစာရွက် ၂၄ ရွက်တိတိနဲ့ စိုက်ချလိုက်သည်။ အင်းစာရွက်တွေနေရာကျတာနဲ့ မျက်စိကိုစုံမှိတ်ပြီး နှုတ်ကနေ ဂါထာတစ်ပုဒ်ကို မရပ်မနားရွတ်နေသည်။ ဆရာကြီးရဲ့နှုတ်ဖျားကထွက်လာတဲ့ ဂါထာမန္တာန်တွေကြောင့် အင်းစာရွက်တွေကမတိုက်ပဲ တဖျတ်ဖျတ်လှုပ်ခါလာခဲ့ကာ ရုတ်တရက်ဆိုသလို တစ်ရွက်ပြီးတစ်ရွက် အပင်ထိပ်ဖျားဆီသို့ ပျံတက်သွားပြီး အပင်ထိပ်ဖျားမှာ အင်းစာရွက် ၂၄ရွက်က တစ်ရွက်နဲ့တစ်ရွက် ယှက်ကာ အုပ်မိုးထားတဲ့ပုံစံလိုဖြစ်သွားခဲ့သည်။

သခွတ်ပင်အပိုင်အောက်ကစည်းဝိုင်းထဲမှာရှိနေတဲ့ နာနာဘာဝတွေရော သခွတ်ပင်ပင်ထိပ်ဖျားမှာရှိနေတဲ့ ပုဂ္ဂိုလ်ရော အင်းစာရွက်များကိုအထူးအဆန်းသဖွယ်ကြည့်နေတဲ့အချိန်၊ အင်းစာရွက်တွေထဲမှ ရွှေရောင်ကြိုးမျှင်လေးများတစ်ချောင်းချင်းစီကျလာခဲ့သည်။ ရွှေရောင်ကြိုးမျှင်လေးတွေက သခွတ်ပင်ပိုင်နယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွားချိန်ရောက်တော့မှ ဆရာကြီးနွံဖ မျက်လုံးအစုံကိုဖွင့်လိုက်သည်။ ပြီးမှထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး။

" ဒီရွှေမျှင်တွေကာထားတဲ့အတွက် အထဲမှာဘာဖြစ်ဖြစ်အပြင်ကိုထွက်‌လို့မရတော့ဘူး သင်ခေါင်းဆက်မာနေဦးမယ်ဆိုရင် ကျုပ်အဆိုးမဆိုပါနဲ့"

" ဒီနေရာက ကျုပ်ကိုအပိုင်စားခွင့်ပေးထားတာ ကျုပ်ကိုနှင်ထုတ်ဖို့ဆိုရင်သင်မှားလိမ့်မယ်"

" ကျုပ်သင့်ကိုနှင်ထုတ်ဖို့ဆိုတာထက် သင်သတ္တဝါတွေကို သတ်ဖြတ်ပြုစားနေတာတွေကို ရပ်တန်းကရပ်ဖို့အတွက်လုပ်နေတာ သင်အဲဒီလုပ်ရပ်တွေကိုရပ်မယ်ဆိုရင် ကျုပ်ပညာတွေကိုရုပ်သိမ်းပေးမယ်။ ပြီးတော့ သင့်ရဲပိုင်နက်ထဲမှာ အထက်နတ်မင်းကြီးတွေခွင့်ပြုချက်မရပဲ အခြားကလာတဲ့မျက်နှာစိမ်းနတ်မိစ္ဆာကိုလည်းလက်ခံပြီး နေခွင့်ပြုထားတယ် သူ့ကိုလည်းလက်မခံပါနဲ့"

" ဟား..ဟား......ဟား.. ကျုပ်ရဲ့ပိုင်နက်ထဲမှာ ကျုပ်လုပ်ချင်တာလုပ်မယ် ဒီနေရာက ကျုပ်အပိုင်စား ရထားတဲ့နေရာ ခင်ဗျားပြောတာတွေကို မလိုက်နာနိုင်ဘူး။ အပြင်ကရောက်လာတဲ့ နတ်မိစ္ဆာကိုလည်း ကျုပ်မနှင်နိုင်ဘူး။ ခင်ဗျားအစွမ်းရှိရင် ခင်ဗျားဖာသာနှင်ပေတော့။ ကျုပ်ကတော့ ခင်ဗျားအမိန့်ပေးသလို မလုပ်နိုင်ဘူး"

" ဒါဆိုလဲ ကျုပ်အလွန်မဟုတ်တော့ဘူး "

ဆရာကြီးနွံဖရဲ့ စကားအဆုံးမှာ ရွှေမျှင်ရောင် အတန်းတွေထဲကနေ မီးတောက်မီးလျှံတွေ ထွက်လာပြီး သခွတ်ပင်တစ်ပင်လုံးကို ဖုံးအုပ်သွားတော့သည်။

" အားးး..ပူတယ် ပူတယ် လွှတ်ပေးစမ်း ငါ့ကိုလွှတ်ပေး ငါဆိုတဲ့ကောင်က နင့်အမိန့်ကိုမနာခံဘူး ငါကသေပြီးသားလူ နှစ်ခါထပ်မသေဘူး ငါပြန်လွတ်လာရင် တစ်ရွာလုံးကို သတ်ပစ်မယ် ငါ့ကိုလွှတ်ပေး"       

အသံနက်ကြီးနဲ့အော်သံက သခွတ်ပင်ထဲကနေ ပေါ်ထွက်လာပြီး အဲဒီအသံကိုတော့ ဆရာကြီးနွံဖ တစ်ယောက်ပဲကြားနေရသည်။

" အမလေး ပူတယ် ပူတယ် ငါ့ကိုလွှတ်ပေး "

" သင်သတ္တဝါတွေကိုထပ်မသတ်တော့ဘူးဆိုရင် လွှတ်ပေးမယ်"

" ငါလုပ်ချင်တာလုပ်မယ် ငါကတိ‌မပေးနိုင်ဘူး ငါ့ကိုလွှတ်ပေးစမ်း"

" ဒီလောက်ခေါင်းမာနေတဲ့ကောင်ရဲ့တစ်ကိုယ်လုံးကိုကြိုးအထပ်ထပ်ရစ်လိုက်စမ်း"

ဆရာကြီးရဲ့စကားအဆုံးမှာ သခွတ်ပင်ထိပ်ဖျားမှနေ၍ တစ်စုံတခုသည် ‌ကြိုးတွေအထပ်ထပ်ရစ်ပတ်ခံရပြီး မြေကြီးပေါ်သို့ပြုတ်ကျလာလေသည်။ အပင်အောက်ရောက်သောအခါ တစ်ကိုယ်လုံးအမွှေးအမျှင်တွေထူထပ်စွာပေါက်နေပြီး ရင်ဘတ်မှာအနီရောင်ပိတ်စတစ်ခုစည်းထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရလေ၏။ ဆရာနွံဖက ထိုပုဂ္ဂိုလ်၏ရင်ဘတ်မှာစည်းထားတဲ့ ရှာပန်းစကြိုးကိုတွေ့တော့..

" ဒီလိုနာနာဘာဝက ရင်ဘတ်စည်းကြိုးနဲ့မထိုက်တန်ဘူး နတ်စိမ်းတွေကိုအစိုးရတဲ့ ပုဂ္ဂိုလ်ယခုရောက်စေ အထက်ဆရာကြီးများနှင့်ငါဆရာနွံဖအမိန့်" ဟုခပ်မာမာပြောလိုက်သည့်အချိန်တွင် သခွတ်ပင်ထိပ်ကောင်းကင်မှ တင်းပုတ်ကြီးကိုင်ထားသော ယက္ခဘီလူးတစ်ကောင်ပေါ်လာလေသည်။ သူကဆရာနွံဖကိုမေးလိုက်၏။

" ကျွန်ပ်ကိုဘာကြောင့်ခေါ်တာလဲ"

" ဒီနာနာဘာဝအဆင့်ပဲရှိတဲ့ကောင်ကို ဘာကြောင့်နတ်စိမ်းအဖြစ်သတ်မှတ်ပြီး ဒီအပင်ကိုအပိုင်စားပေးထားတာလဲ သူကလူ့ဘဝတစ်လျောက်မကောင်းတဲ့သတ်ဖြတ်ခြင်းနဲ့ပဲကုန်လွန်ခဲ့တာ သင်တို့အသိပဲမဟုတ်လား"

ဆရာစိုင်းနွံဖရဲ့စကားကိုကြားတော့ ယက္ခက..

" ဟုတ်ပါတယ် ဒါပေမယ့် သူအသက်ရှိစဉ်တုန်းက ဒီသခွတ်ပင်အောက်မှာ သောက်ရေအိုးစင်တစ်ခုဆောက်လှူခဲ့ဖူးတယ် အဲဒီကုသိုလ်ကြောင့် ဒီနေရာကိုသူခေတ္တအပိုင်ရခဲ့တာ ယခုလို သတ္တဝါတွေကို သတ်ဖြတ်ပြုစားနေတာကို ကျွန်ုပ်တို့မသိရှိခဲ့တဲ့အတွက် သူ့ကိုထိန်းချုပ်တဲ့ ကျွန်ုပ်အနေနဲ့လဲ အပြစ်ရှိပါတယ် ဒါကြောင့် သူ့ကိုအပြစ်ပေးဖို့ ကျုပ်ထံအပ်နှံပါ"

" ဟုတ်ပါပြီ၊ သင့်ရဲ့စကားကိုကျုပ်ယုံကြည်လိုက်မယ်။ ဒီနာနာဘာဝကို ဒီအပင်ပေါ်မှာထပ်မမြင်ချင်ဘူး ဒါကြောင့် ကျုပ်အရှေ့ကနေအမြန်ခေါ်သွားပြီးဆုံးမပေးပါ သူ့ကုသိုလ်ကံမကုန်သေးရင်လဲ နောက်ထပ်သတ္တဝါတွေအသက်ကိုမသတ်နိုင်အောင် သင်တို့ကြည့်ရှုပေးပါ "

" ကောင်းပါပြီ ကျွန်ုပ်ကိုသွားခွင့်ပြုပါ"

တင်းပုတ်ကိုင်ယက္ခကပြောလိုက်ရာတွင်၊ ဆရာနွံဖက

" ခဏနေပါဦး အခုကျုပ်တို့လာတဲ့ကိစ္စက ဒါတင်မကသေးဘူး။ အခုသူက ခေတ္တအပိုင်စားရတဲ့ နေရာကို အခြားအချိန်ကာလကလာတဲ့ ဧည့်သည်နတ်ဆိုးမိစ္ဆာအသူရာကိုပါ ဒီအပင်မှာနေနိုင်ကအောင်လက်ခံခွင့်ပြုထားသေးတယ်။ အဲဒီနတ်မိစ္ဆာဆိုးက အတိတ်တစ်ချိန်က အလွှာမှာပဲ နေနေရမှာကို အခုပစ္စုပန်ကာလမှာ အချိန်နေရာမှားပြီးလာရောက်သောင်းကျန်းပြီး လူတွေကိုဖျားယောင်းဒုက္ခပေးနေတယ်၊ အဲဒါလည်းမဖြစ်သင့်ဘူး။ ဒါကြောင့်သူ့ကိုပါတားဆီးပြီးနေရပ်ကိုပြန်ပို့ရမယ်"

ထိုအခါတင်းပုတ်ကိုင်ယက္ခကပြန်ပြောလေသည်။

" အသူရာနတ်မိစ္ဆာ အဆင့်ကိုတော့ ကျွန်ပ် တားဆီးချုပ်ကိုင်နိုင်စွမ်း မရှိပါ အရှင်.."

" ဒါဆိုကျုပ် အထက်နတ်စစ်သူကြီးတွေရဲ့ကိုယ်စားလှယ်တော်ကို တခါထဲ ပင့်ဖိတ်ခေါ်လိုက်ပါ့မယ်။ ဒီကနေ့ ဒီနတ်ဆိုးနှစ်ကောင်ကိစ္စ အပြတ်ဖြတ်မှဖြစ်လိမ့်မယ်။ အခုတော့အထက်ကို အကူအညီမတောင်းခင် အသူရာနတ်မိစ္ဆာကို သူ့ဘာသူ သူ့ပိုင်ဆိုင်ရာအရပ်ကိုပြန်သွားအောင်အရင်တောင်းဆိုမေတ္တာရပ်ခံပါမယ်၊ မရရင်တော့အထက်နတ်မင်းကြီးတွေလက်ထဲအပ်ရလိမ့်မယ်"

ဆရာကြီးနွံဖစကားဆုံးသည်နှင့်သခွတ်ပင်ထက်ဖျားနားမှအကိုင်းကြီးဆတ်ဆတ်ခါလှုပ်ရမ်းလာပြီး ကိုယ်ခန္ဓာကြီးမားအောင်ဖန်ဆင်းထားသော နတ်မိစ္ဆာတစ်ကောင် ဝုန်းခနဲပေါ်လာကာ အပင်အောက်မြေပြင်သို့ခုန်ဆင်းလာခဲ့သည်။

" ဟား..ဟား..ဟားး..ငါပဲကွ အသူရတ္ထဒေဝဆိုတာ၊ သင်လိုဆရာစုတ်က ငါ့လိုအသူရာနတ်မင်းကြီးရဲ့မြေးကို လွယ်လွယ်နဲ့ဖမ်းလို့၊ နှင်လို့ရမယ်ထင်နေတာလား၊ ဟား..ဟား..။ သင့်အကြံဦးသွားလို့ ကျွန်ုပ်ရဲ့မှော်ဝင်လက်ဝတ်ရတနာကို အစွမ်းဖျက်ပြီး ဓါးစာခံဆီက ချွတ်ပေးနိုင်ရုံနဲ့ သင်ကျွန်ုပ်ကိုနိုင်ပြီမထင်နဲ့။ ကျွန်ုပ်ကနှယ်နှယ်ရရမဟုတ်ဘူး။ အသူရာထဲမှာမှ၊ အသူရာကဝေဖြစ်တယ်။ တော်ရုံတန်ရုံဘယ်နတ်မှကျွန်ုပ်ကိုမယှဥ်နိုင်ဘူး ကျွန်ပ်ရဲ့နှစ်၂၀၀၀ကျော် ကဝေအစွမ်းနဲ့သင်ပဲကမ္ဘာမြေကလွင့်ထွက်ပျောက်ကွယ်မသွားချင်ရင် ကျွန်ုပ်ရဲ့အလုပ်တွေကိုထပ်မံ မနှောက်ယှက်ပါနဲ့.."

ခုန်ဆင်းကိုယ်ထင်ပြလာသော အသူရတ္ထဒေဝကပြောသာအခါ ဆရာကြီးနွံဖက..

" ဩ..နောက်ဆုံးတော့ သင်မနေနိုင်ပဲ မူရင်းခန္ဓာကိုပြလာရပြီပဲ၊ ကျုပ်က သင် သူရဲဘောကြောင်ပြီး သစ်ပင်ထဲဆက်ပုန်းနေဦးမယ်ထင်နေတာ.."

ဆရာနွံဖ၏ဆွပေးလိုက်သောစကားကြောင့် အသူရတ္ထဒေဝဆွေ့ဆွေ့ခုန်သွားပြီး..။

" သယ်..ငါက ဘယ်တော့မှရန်သူကိုကြောက်ရွံ့ပြီးပုန်းကွယ်နေမယ့် အမျိုးအစားမဟုတ်ဘူး၊ သင်မကြာခင်ငါ့အစွမ်းသိစေရမယ်.."

" ကျွန်ုပ် သင့်ရဲ့သတ္တိ၊ မျိုးရိုးနဲ့ ဂုဏ်သိက္ခာကိုလေးစားပါတယ်၊ ကျွန်ုပ်တစ်ခုပဲမေတ္တာရပ်ခံချင်ပါတယ်။ ယခုသင်ပြုစားလွှမ်းမိုးထားတဲ့ ဓါးစာခံတွေကို ဆက်လက်ဒုက္ခမပေးတော့ပဲ သင့်ရဲ့မူရင်းလာရာ ကာလနဲ့ ဖြစ်တည်ရာဒေသဘုံဘဝသို့ အေးဆေးစွာပြန်လည်ကြွမြန်းပေးဖို့တောင်းဆိုပါတယ်။ ယခုခေတ်နဲ့ သင့်ရဲ့အတိတ်ကာလခေတ်ကလဲ အများကြီးကွာဟပါတယ်၊ သင်ရဲ့လက်စွပ်ကို ရှေးဟောင်းပစ္စည်းတူးဖော်တဲ့သိုက်မုဆိုးတွေကြောင့် သင်ခေတ်မှားပြီး ဒီကိုရောက်လာတာမို့၊ သင့်ရဲ့ မူရင်းအရပ်ကိုပြန်ကြွဖို့ကျွန်ုပ် မေတ္တာရပ်ခံပါတယ်"

" ငါပြောတာ နားမလည်ဘူးလား။ ငါသင့်စကားနားမထောင်နိုင်ဘူး။ ဘယ်ခေတ်ကိုမဆိုငါစိုးမိုးနိုင်ရမယ်။ငါ့လုပ်ငန်းတွေကိုဆက်မနှောက်ယှက်နဲ့။ သင်အစွမ်းရှိလျှင်ငါ့ကိုတိုက်လော့.."

စကားဆုံးတာနဲ့အသူရတ္ထဒေဝဆီကလွှတ်လိုက်သောအနီရောင်စက်ပန်းများကစူးရှစွာထွက်ပေါ်လာပြီး ဆရာနွံဖတို့ဆီသို့ ဦးတည်ဝင်လာသည်။ သို့သော် အပင်ကြီးကိုလွှမ်းခြုံထားတဲ့ရွှေရာင်ကြိုးမျှင်တန်းများကိုဖောက်၍ထွက်လာနိုင်စွမ်းမရှိပေ။ ယင်းကိုမြင်လိုက်သောအခါ၊ ရာဂနတ်ဆိုး အသူရတ္ထဒေဝမှာ တုန်လှုပ်သွားလေသည်။ ဆရာနွံဖက..

" သင်ကြိုးစားလည်းအချီးနှီးပါပဲ။ သင့်စက်တွေက နတ်တို့ သနင်းသိကြားမင်းရဲ့ စစ်သေနာပတိ နတ်မင်းကြီးတွေထံ ကောင်းမွန် တရားမျှတမှုကိုပြုလုပ်ရန် တိုင်တည်ခွင့်ပြုချက်ရခဲ့ပြီးစီမံထားတဲ့ ဒီအရံအတား အချုပ်စည်းရိုးကိုမထွင်းဖောက်နိုင်ပါဘူးလေ" 

အသူရတ္ထဒေဝက အလျှော့ပေးလိုဟန်မပြသေး။  သူကသူ့တွင်ရှိနေသောကဝေစက်များကိုပို၍အင်အားကြီးစေရန်ဖျစ်ညှစ်စုစည်းလိုက်ပြီးရောင်စုံဖြာသော စက်ဝန်းအထပ်ထပ်ကို ဖြစ်စေလျက် နောက်ထပ်တစ်ကြိမ်အားအင်သုံး၍လွှတ်လိုက်ပြန်သည်။

ဒီတစ်ကြိမ်တွင် ရွှေရောင်ကြိုးမျှင်အရံအတာများ ဆတ်ဆတ်ရမ်းခါလျက် ပေါက်ကွဲထွက်လုမတတ်ရှိနေစဥ် ဆရာကြီးနွံဖက မျက်စေ့မှိတ်လျက် ဘုရားကိုအာရုံပြုပြီး ၂၄ပစ္စည်းအပိတ် (စည်းပိတ်) ဂါထာတော်ကြီးကိုရွတ်ဆိုလိုက်သည်တွင် သခွပ်ပင်ထိပ်တွင်အုပ်မိုးလျက်ရှိသောအင်းချပ် ၂၄ချပ်မှ ပြိုးပြိုးပြက်သော အနီရောင်အခိုးအငွေ့များ အလုံးလိုက်ဖုံးအုပ်လာစဥ် မန္တန်တစ်ခုကိုရွတ်လျက် ကဝေသက်ဖျက်အင်းကို အခိုးအငွေ့များကြားထဲသို့ပစ်ပေါက်ထည့်လိုက်လေသည်။

အခိုးအငွေ့များပြယ်သွားသောအခါ စောစောကလိုကြီးမားထွားကျိုင်းသောနတ်မိစ္ဆာဘီလူးကြီးမရှိတော့ပဲ ၎င််းနေရာတွင် ခန္ဓာကိုယ်အစိမ်းရောင်သန်းနေ၍ အဖျားချွန်သော နားရွက်ရှည်များဖြင့်မျက်လုံးပြူးပြူး၊ နှာခေါင်းတိုတို၊ ပုပုကွကွ အရပ်လေးပေ မပြည့်တတ်သောမကောင်းဆိုးဝါးလိုလိုသတ္တဝါတစ်ကောင်အားသာတွေ့ရတော့သည်။ ၎င်းသတ္တဝါမှာအားအင်မရှိပျော့ဖတ်ဖတ်နှင့်မြော့နေသော်လည်း ၎င်း၏ခြေနှစ်ချောင်းကြားမှ အထီးလိင်အင်္ဂါကြီးကမူကြီးထွားလှသည်ကို ဖိုးတေတို့တွေ့လိုက်ရသည်။ ထိုအခါမှဆရာကြီးနွံဖသည် မျက်လုံးမှိတ်၍ နတ်ပင့်ဂါထာကိုရွတ်ဆိုပြီး ဖိတ်ကြားမှုတစ်ခုပြုလိုက်သည်။

" ကျွန်ုပ် ပထမံဂိုဏ်းဝင်ဆရာနွံဖမှပင့်ဖိတ်ပါသည်။ သက္ကရာဇာသိကြားမင်း၏နတ်စစ်သူကြီးမင်းများမှတာဝန်ပေးအပ်ထားသော အသူရာနတ်မိစ္ဆာဆိုးမျိုးကိုထိမ်းကွပ်သူအစောင့်ကိုယ်စားလှယ်တော်ကိုဤနေရာသို့ကြွချီ၍ နတ်ဆိုးအကျဥ်းသားအားလက်လွှဲရယူပေးပါရန် ဖိတ်ကြားပါသည်"


```````````````````````````


အပိုင်း (၁၀) ဆက်ရန် >>>>>>>




Print Friendly and PDF

No comments:

Post a Comment