Sunday, June 23, 2024

ဘုံစံနန်း အပိုင်း ( ၅ )

ဘုံစံနန်း အပိုင်း ( ၅ )

ရေးသားသူ - ကိုဇန်

အခန်း (၃၀)

ဧကရီရဲ့ အကြည့်များကို ထင်ရှားအောင် ဘယ်လိုမှ မျက်နှာမလွှဲနိုင်တော့ဘူး။ စူးရှမှုနဲ့အတူ တောက်ပလင်းလက်နေသော အကြည့်တွေ။

ဧကရီ ခန္ဓာကိုယ်ပေါ်က တက်တူး အလှများကလဲ ထင်ရှားအောင်ကို ဆွဲဆောင်နေသည်။ တက်တူးတွေထဲမှ ဧကရီရဲ့ ဘယ်ဘက် ရင်ဘတ်မှာ ထိုးထားတဲ့ တက်တူးကို မြင်တော့ ထင်ရှားအောင် စိတ်လှုပ်ရှားသွားရသည်။

တက်တူးက စာသား သုံးလုံးဖြစ်သည်။ “ HSA ” ဆိုသည့် စာလုံးသုံးလုံးကို ကနုတ်ပန်းလှလှများဖြင့် ထိုးထားလေသည်။

လတ်တလော ထိုးထားပုံရသည်။ ကောက်ကြောင်းတွေ မကြပ်သေး။

“ ဒါက ငါ့နာမည် အတိုကောက်လား .. ဘယ်တုန်းက ထိုးထားတာလဲ ”

“ မနေ့ကမှ ထိုးလိုက်တာ .. သဘောကျလား ”

“ ဧကရီ .. မင်းက ငါထင်တာထက် ပိုဆိုးတဲ့ ကောင်မလေးပါလား .. ဘာလို့ ငါ့အပေါ် အဲ့လောက် ခံစားလိုက်တာလဲ ”

“ ရှင်းရှင်းလေးပါ .. ချစ်လို့ပေါ့ .. ဧကရီ ကိုယ်ပေါ်က တက်တူးတွေက ဘဝရဲ့ အမှတ်တရတွေချည်းပဲ .. ဒါက ဧကရီ အရမ်းချစ်တဲ့ မေမေ့ နာမည် အတိုကောက် .. ဒါက မောင်လေးရဲ့ နာမည် .. ပြီးတော့ .. ဒါက ဧကရီ ပထမဆုံး သတ်ခဲ့တဲ့သူရဲ့ နာမည် .. ခစ် .. ”

“ မင်း အဖေနာမည်ရော မထိုးဘူးလား ”

“ မထိုးချင်သေးဘူး .. ဘာလို့လဲဆိုတာတော့ နောက်မှ ပြောပြမယ် .. သိပ်မစပ်စုနဲ့ အချိန်ကုန်တယ် .. ကို .. ဧကရီကို စိတ်တိုင်းကျ လုပ်ပါနော် .. ကို စိတ်ထင်တိုင်း ကြမ်းတာကို ဧကရီ လိုချင်တယ် ”

“ ငါ မလုပ်ချင်ဘူး .. မင်းက ငါ သဘောကျတဲ့ မိန်းကလေးမျိုးထဲမှာ ပါတာကို ဝန်ခံပါတယ်။ ဒါပေမယ့် မင်း ခန္ဓာကိုယ်ကို အသုံးချပြီး ငါ စိတ်ဖြေဖျောက်ဖို့ဆိုတာ မင်းကို တန်ဖိုးမထားရာ ကျ ... ”

“ ကိုရယ် .. ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ .. အခု ကို့စိတ်ထဲမှာ ဧကရီကို လိုအပ်နေပြီမလား .. စိတ်ထဲရှိတဲ့အတိုင်း လုပ်စမ်းပါကွာ .. အပိုတွေ ပြောမနေနဲ့ .. ဧကရီ ကိုလုပ်တာကို ခံချင်တယ် .. ချစ်ပေးစမ်းပါ ကိုရယ် ”

ဧကရီက ထင်ရှားအောင် လည်ပင်းကို နေရာအနှံ့ နမ်းစုပ်လိုက်သည်။ ထင်ရှားအောင် တင်းထားသော စိတ်များကို လျော့လိုက်ကာ ဧကရီခါးကို ပွေ့ကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။ ဧကရီက ကျားမလေးတစ်ကောင် သားကောင်ကို ခဲထားသလိုမျိုး အလွှတ်မပေးပဲ နမ်းတော့သည်။

ထင်ရှားအောင် ဧကရီရဲ့ နို့အုံ နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ကိုင်နယ်ရင်း ဧကရီရဲ့ နှုတ်ခမ်းများကို အငမ်းမရ နမ်းလိုက်တော့သည်။ ဧကရီက နမ်းနေရင်း သူ့အဝတ်စားများကို ချွတ်လိုက်သည်။ နှစ်ယောက်စလုံး အနမ်းများ ဖလှယ်ရင်း အဝတ်စားများ ကုန်သည်အထိ ချွတ်လိုက်ကြသည်။

ဧကရီက အလိုက်သင့် ဖင်ကို အောက်လျောဆင်းလိုက်ကာ ကြမ်းပြင်ပေါ် ဒူးထောက်ရင်း ထင်ရှားအောင်ရဲ့ လိင်တံကို စုပ်ပေးလိုက်သည်။

ထင်ရှားအောင် ခေါင်းမော့ကာ လက်ရှိဖြစ်နေတဲ့ သောကများကနေ အဝေးတစ်နေရာသို့ သူ့ကိုယ်သူ တွန်းပို့လိုက်ရတော့သည်။

ဧကရီက လိင်တံအဆုံးထိ ဝင်အောင် ဖိစုပ်ရင်း ထင်ရှားအောင်ကို မနားတမ်း ပြုစုတော့သည်။ ထင်ရှားအောင်က ဧကရီခေါင်းလေးကို အလိုက်သင့် ကိုင်ကာ ခါးကို ကော့ပေးလိုက်သည်။ တစ်ချက် တစ်ချက် ဧကရီ သီးသွားပြီး အနေခက်သွားသည်။ 

ဒါပေမယ့် ကျားမလေးမှာ ဘယ်လောက်ပဲ သီးသီး သူ့သားကောင်ကို အလွှတ်မပေးပဲ ခဲထားဆဲ .. ထင်ရှားအောင် ဧကရီကို ကြည့်ရင်း ကြည်နူးမှုတစ်ချို့ ရလိုက်သည်။ ဧကရီ .. မင်းက ငါ့ကို အတော် သည်းခံရှာတာပဲ .. ဘာလို့ ငါ့ကိုမှ လာချစ်ရတာလဲ .. ငါက မင်းထင်တာထက် ပိုရှုပ်ထွေးတဲ့ ကောင်ဆိုတာ မင်းသိသားနဲ့ကွာ။

“ ကို .. ရပြီလား .. စုပ်ပေးရဦးမလား ”

“ တော်ပြီ .. လာ .. ကို့အပေါ် ထိုင်ပြီး ဆောင့်ပေး .. ဟိုဘက်က စားပွဲအံဆွဲထဲမှာ ကွန်ဒုံးရှိတယ် ယူလိုက် .. ”

“ ဟင့်အင်း .. ဒီအတိုင်းလုပ် .. ပြီးတော့မယ်ဆို အထဲမှာ ပြီးလိုက် .. မွေးနေ့လက်ဆောင်လေ .. မေ့နေပြီလား ”

“ အာ .. တော်ကြာ ... ”

“ ဗိုက်ကြီးတော့ ဘာဖြစ်လဲ .. ကို့ပုံတူလေး မွေးပြီး နှစ်ဆတိုးပြီး ချစ်လိုက်မယ် .. ဟိ .. ”

“ ဧကရီ .. ငါ အတည်ပြောနေတာ .. ”

“ ခစ် .. မကြီးပါဘူးကိုရဲ့ .. စိတ်ချ .. ဧကရီ ဆေးကြိုသောက်ထားတယ် .. ”

“ သြော် .. အကြံနဲ့ကို ရောက်လာတာပဲ .. ”

“ ဒါပဲလေ .. ဒီညတော့ ကို့ကို ဘယ်လိုနည်းနဲ့မှ အလွှတ်မပေးနိုင်ဘူး .. ရအောင်ယူပြီးမှ ပြန်မယ်လို့ ဆုံးဖြတ်ပြီးမှ လာခဲ့တာ ”

“ မင်းက ငါတွေ့ဖူးသမျှ မိန်းမတွေထဲမှာ အထူးခြားဆုံးနဲ့ ခန့်မှန်းရ အခက်ဆုံး မိန်းမပဲ ဧကရီ .. ”

“ ဒါဆိုလဲ ခန့်မှန်းမနေနဲ့တော့ .. ဆောင့်တော့မယ်နော် .. အ .... ကြပ်တယ် .. ”

“ နာသွားလား .. ”

“ နာလဲ ဂရုမစိုက်ဘူး .. အ ... ”

ကျားမလေးမှာ တကယ်ပဲ ဂရုမစိုက်ပဲ အဆုံးထိ ထိုင်ချလိုက်တော့သည်။ ဖင်ကို အသာလေး ပြန်ကြွပြီး သူ့သားကောင်ကို လေ့လာနေပုံရသည်။

ထင်ရှားအောင် တစ်ချက် ပြုံးလိုက်ပြီး ဧကရီ ခါးကို ကိုင်ကာ အောက်ကနေ အလိုက်သင့် ပင့်ဆောင့်ရင်း ခပ်သွက်သွက်လုပ်လိုက်တော့သည်။

ကျားမလေးမှာ အခုတော့ မျက်နှာလေး ရှုံ့မဲ့ပြီး သနားစရာလေး ဖြစ်နေသည်။ ထင်ရှားအောင် ဧကရီ နို့အုံများကို တစ်ဖက်စီ နမ်းစုပ်ရင်း အောက်ကနေ အဆက်မပြတ် ပင့်ကာ လုပ်လိုက်သည်။ ဧကရီက နှုတ်ခမ်းကိုက်ကာ အံကြိတ် ခံနေသည်။ အဝင်အထွက်များက တဖြေးဖြေး သွက်လာလေသည်။

“ ဧကရီကို လုပ်ရတာ အရသာရှိရဲ့လား ”

မမျှော်လင့်ပဲ ကြားလိုက်ရတဲ့ စကား။ ကျားမလေးက အတင့်ရဲစွာ မေးနေပြန်သည်။ ထင်ရှားအောင် ဧကရီခါးကို တင်းတင်းကိုင်ကာ ထိုင်ရာကနေ ထ လိုက်သည်။ ဧကရီက ကွေးကွေးလေး အလိုက်သင့် ပါလာလေသည်။ အနားမှာရှိတဲ့ မှန်တင်ခုံပေါ်မှာ ဧကရီကို တင်လိုက်ကာ ပေါင်ရင်းနှစ်ဖက်ကို ဖိကိုင်ကာ ကားလိုက်ပြီး လုပ်လိုက်သည်။ ဧကရီက လက်နှစ်ဖက်ကို ထင်ရှားအောင် လည်ပင်းမှာ သိုင်းဖက်ထားသည်။

“ စောက်ရမ်း ကောင်းတယ် .. မင်း လိုချင်တာ ဒါမလား ဧကရီ ”

“ ဟုတ်တယ် .. အားရပါးရ လုပ် ကို .. ကို့ရဲ့ မွန်းကြပ်နေတဲ့ စိတ်တွေ ပြေသွားတဲ့အထိ လုပ်စမ်းကွာ .. ”

ထင်ရှားအောင် သောက်ထားတဲ့ အရှိန်က အမြင့်ဆုံးသို့ တွန်းပို့လိုက်လေပြီ။ ခပ်ကြမ်းကြမ်း ဆောင့်ရင်း သူ့မွန်းကြပ်မှုတွေကို ထွက်ပေါက်ပေးလိုက်သည်။

“ အ  .. ဧကရီကို ချစ်လား .. ”

“ ချစ်တယ်ကွာ .. စောက်ရမ်းချစ်တယ် .. ကောင်းလား ငါ လုပ်တာ .. ”

“ ကောင်းတယ် .. စောက်ရမ်းကောင်းတယ် .. အ .. ကိုရယ် .. ”

မြန်မြန် နဲ့ ကြမ်းကြမ်းလုပ်လိုက်တာမို့ ထင်ရှားအောင် မောသွားပြီး အရှိန်ကျသွားသည်။ ဧကရီက ထင်ရှားအောင်ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။

“ မောသွားပြီလား .. ကုတင်ပေါ် သွားရအောင် ”

ထင်ရှားအောင်က ဧကရီကို ပွေ့ချီကာ ကုတင်ပေါ်မှာ နှစ်ယောက်သား လှဲလိုက်သည်။ ဧကရီက အရှိန်ကျနေတဲ့ ထင်ရှားအောင် လိင်တံကို မှုပ်ပေးလိုက်သည်။

ခဏကြာ မှုပ်ပေးပြီးတော့ ထင်ရှားအောင်ကို အပေါ်စီးကနေ တက်ဆောင့်ပေးသည်။ ဖင်လေးကို အနောက်သို့ ပစ်ကာ အရှိန်ယူရင်း အရှေ့သို့ ညင်သာစွာ တိုးကာ လိင်တံကို သူ့ဟာလေးနဲ့ ဖိတိုက်ရင်း ပွတ်ဆွဲလေး လုပ်နေသည်။ 

ခဏနေတော့ ဒူးနှစ်ဖက် ထောင်လိုက်ပြီး ဆောင့်ညှောင့်ထိုင်ကာ အပေါ်ကနေတစ်ချက်ချင်း အဆုံးထိဝင်အောင် ဆောင့်တော့သည်။ ထင်ရှားအောင် ဧကရီဖင်လေးကို အောက်ကနေ အလိုက်သင့်ထိန်းရင်း ပင့်ပေးလိုက်သည်။

အတန်ကြာ ဆောင့်ပြီးသွားတော့ ကျားမလေးမှာ ခဏရပ်လိုက်ပြီး ........

“ ကို .. ဧကရီ ပြီးချင်နေပြီ .. ဖင်ကုန်းပေးမယ် အနောက်ကနေ ဆောင့်ပေးပါလား ”

“ အိုကေ .. ”

ဧကရီက လေးဘက်ထောက်ကာ ဖင်ကို အတတ်နိုင်ဆုံးကော့ပေးထားသည်။ ထင်ရှားအောင် လိင်တံကို ချက်ချင်း မသွင်းသေးပဲ ပွတ်တိုက်လိုက်သည်။

“ အားရပါးရ ဆောင့်ပေးကွာ .. အရမ်း ပြီးချင်နေပြီ .. ”

ထင်ရှားအောင် လိင်တံကို ထည့်လိုက်ပြီး ဖင်လုံးလေး တစ်ဖက်ကို “ ဖြန်း ” ကနဲ ရိုက်ကာ လုပ်လိုက်သည်။

“ ကြိုက်တယ် .. ထပ်ရိုက်ဦး .. ”

“ ဖြန်း .. ”

နောက်တစ်ကြိမ် ရိုက်လိုက်သည်။ ဧကရီက အိပ်ယာခင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ထင်ရှားအောင် ဆောင့်သမျှ ဖင်ကော့ ခံလေသည်။

ဖင်လေးကို တစ်ဖက်ဆီ တဖြန်းဖြန်းရိုက်ရင်း အားရအောင် လုပ်တော့သည်။ ရိုက်လွန်းသဖြင့် ဧကရီ ဖင်လေးမှာ နီရဲနေတော့သည်။

“ အ .. ကို .. မရတော့ဘူး .. ပြီးတော့မယ် .. အ ... တောက်စ် ........... ”

ဧကရီ ကိုယ်လုံးလေး တဆတ်ဆတ်တုန်ခါသွားပြီး ပြီးမြှောက်သွားလေသည်။ ထင်ရှားအောင်က လုံး၀ မညှာတာပဲ ဆက်တိုက် လုပ်နေတော့သည်။

ဧကရီမှာ ပြီးသွားလို့ အနားယူချင်သော်လဲ ထင်ရှားအောင်ရဲ့ ဆန္ဒတွေ ပြီးမြှောက်သည်အထိ ဖင်ကို ကော့ပေးထားရင်း တင်းခံပေးနေသည်။

ကျားမလေးမှာ သားကောင်ကို စားပြီးလို့ အနားယူချင်သော်လဲ အနားမရသေး .. ဧကရီရဲ့ ဆံပင်များကို အနောက်ကနေ စုကိုင်ရင်း ထင်ရှားအောင် တစ်ခါမှ မလုပ်ဖူးသော ကြမ်းတမ်းမှုများနဲ့အတူ အမုန်း ကြဲနေတော့သည်။ 

တစ်ချက်မှာ အားရအောင် ဆောင့်သွင်းရင်း အပြင်ကို ထုတ်လိုက်တော့ ဧကရီမှာ ဒူးမခိုင်တော့ပဲ ဘုန်းကနဲ မှောက်လှဲသွားတော့သည်။ ထင်ရှားအောင် ဧကရီ အနောက်မှာ လှဲလိုက်ကာ ပေါင်တစ်ဖက်ကို အပေါ် မြှောက် ကိုင်ပြီး အနောက်ကနေ လှဲလျက် လုပ်လိုက်သည်။ ဧကရီမှာ လက်သီးစုပ်ကာ တ အင်း အင်း နဲ့ ထင်ရှားအောင် လုပ်သမျှကို အံကြိတ်နေရသည်။

ဘေးတစောင်း အနေထားဖြင့် အားရအောင် လုပ်ပြီးတော့ ထင်ရှားအောင်လဲ ပြီးချင်လာသည်။ ဒီပုံစံနဲ့တော့ မပြီးချင်ဘူး။ ဧကရီကို ပက်လက်လှန်ခိုင်းကာ ပေါင်နှစ်ဖက်ကို ကိုင်ဖြဲရင်း ပြီးတဲ့အထိ စိတ်နှစ်ကာ လုပ်လိုက်သည်။ 

ဧကရီမှာတော့ အားကုန်ခမ်းပြီး အရုပ်လေးလို ဘာမှ ပြန်မပြောနိုင်တော့ပဲ .. ထင်ရှားအောင် လုပ်သမျှ အလိုက်သင့် ခံ နေတော့သည်။ ထင်ရှားအောင်ရဲ့ လုပ်နိုင်စွမ်းကို စိတ်ထဲကနေ သဘောကျ ကျေနပ်ကာ ပြုံးတောင် ပြုံးလိုက်သေး။

“ ကို ပြီးတော့မယ် .. ”

ထင်ရှားအောင် စကားကို ကြားတော့ ဧကရီက ထင်ရှားအောင်ရဲ့ ခါးကို ကိုင်ကာ နာနာလေး ဆောင့်ခိုင်းရင်း ပြီးမြှောက်အောင် ကူညီပေးသည်။

ထင်ရှားအောင် သွက်လက်စွာ မြန်မြန် ဆောင့်ရင်း နောက်ဆုံး (၅)ချက်လောက် အားထည့်ကာ ဆောင့်ရင်း ဧကရီ ကိုယ်ထဲမှာပဲ သုတ်ရည်များကို ခါးကော့ပြီး အားရပါးရ ထုတ်လိုက်တော့သည်။ ဧကရီက ထင်ရှားအောင် ခါးကို တင်းနေအောင် ကိုင်ပြီး သူ့ကိုယ်နဲ့ ဖိကပ်ထားလိုက်သည်။

ထင်ရှားအောင် မောပန်းသွားပြီး ဧကရီ ကိုယ်ပေါ်မှာ မှောက်လှဲကာ တ အင်း အင်း နဲ့ အရသာ ခံနေသည်။ ဧကရီက ထင်ရှားအောင်ကို ဖက်ထားသည်။

ထင်ရှားအောင် အရက်အရှိန်နဲ့ ထင်တိုင်း ကြဲလိုက်တာမို့ တစ်ကိုယ်လုံး ရိုက်ချိုးလိုက်သလို ခံစားနေရပြီး ဧကရီကို ဘာမှ ပြန်မပြောနိုင်တော့ပေ။

ဧကရီက ထင်ရှားအောင် အခြေနေကို ရိပ်မိသည်။ သူလဲ ဘာမှ မပြောတော့ပဲ ထင်ရှားအောင်ကို ဘေးမှာ အသာလေး လှဲချလိုက်သည်။ ထင်ရှားအောင် အလွန် မောပန်းနေတာမို့ မျက်လုံးမှိတ်ကာ အသက်ကို ပုံမှန် ရှူရင်း ငြိမ်သက်နေသည်။ ဧကရီက ထင်ရှားအောင် ခေါင်းကို အသာလေး ပွတ်သပ်ရင်း ...။

“ ကို .. အရမ်းမောသွားပြီ .. အိပ်တော့နော် .. ”

ထင်ရှားအောင် စကားပြန်မပြောနိုင်ပဲ ခေါင်းပဲ ငြိမ့်ပြလိုက်သည်။ ဧကရီက ထင်ရှားအောင် လိင်တံကို တစ်ရှူးဖြင့် သန့်ရှင်းရေးလုပ်ပေးလိုက်သည်။

သန့်ရှင်းရေး လုပ်ပေးပြီးတော့ ထင်ရှားအောင်ကို စိုက်ကြည့်ကာ ....။

“ အရမ်းချစ်တာပဲကွာ .. ”

ထင်ရှားအောင် ဧကရီကို ကြည့်ကာ ပြုံးပြပြီး ပြောလိုက်သည်။

“ Thanks you .. ”

ဧကရီက ထင်ရှားအောင်ကို စောင်ခြုံပေးရင်း နှာဖူးကို အသာလေး နမ်းကာ အိပ်ယာပေါ်ကနေ ထ လိုက်သည်။ သူ့အဝတ်စားကို ပြန်ဝတ်မယ် အလုပ် ......

“ ဧကရီ .. ”

“ ရှင် .. ”

“ ဒီည ကို နဲ့အတူတူ နေပေးပါလား ”

ထင်ရှားအောင် သူ့ကိုယ်ပေါ်က စောင်ကို အနည်းငယ် ဟ ပေးလိုက်သည်။ ဧကရီက နှုတ်ခမ်းလေးကိုက်ကာ ထင်ရှားအောင် ရင်ခွင်ထဲ ပြေးဝင်သွားတော့သည်။

ထင်ရှားအောင် အရက်လဲမူး လူလဲ ပန်းနေပြီမို့ ခဏလေးနဲ့ အိပ်ပျော်သွားတော့သည်။ ထင်ရှားအောင် အိပ်ပျော်သွားတော့မှ ဧကရီက ထင်ရှားအောင်ကို မော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ ရှင့်ကို အဲ့ဒီမိန်းမလက်ထဲကနေ ရအောင် ယူပြမယ် .. သိလား .. ”

.........................

“ ဟိုတယ်က ခေါ်ပေးတဲ့ ကောင်မလေးလား ”

“ မဟုတ်ဘူး မမ .. သူ့ဘာသာ ဖုန်းဆက်ခေါ်တာဖြစ်မယ် ”

“ ကောင်မလေး ဝင်သွားတာ ဘယ်လောက် ကြာပြီလဲ .. ”

“ ၂နာရီလောက်တော့ ရှိပြီ .. ခုချိန်ထိ ပြန်ထွက်မလာသေးဘူး ”

“ အင်း .. မင်းတို့ စောင့်ကြည့်မနေနဲ့တော့ .. သေချာတယ် သူ ပြန်ထွက်မလာတော့ဘူး။ မနက်ကျရင် သူ ဘယ်ချိန် ပြန်ထွက်လာလဲ .. ဘယ်ကို သွားလဲ .. ဘယ်မှာနေလဲ ..

သူ့အကြောင်း အားလုံး ရသလောက် စုံစမ်းပြီး ငါ့ကို ပြန်ပြောစမ်း ”

“ ဟုတ် .. မမလေး .. ”

“ ထင်ရှားအောင် .. မင်းပြောတော့ တစ်ယောက်တည်းနေချင်တယ်ဆို .. အခုတော့ စော်ခေါ်ပြီး မင်းစိတ်တွေကို ကုစားနေတာပေါ့လေ ..မင်းတော့ကွာ .. အင်း .. မင်း အဆင်ပြေရင် ပြီးတာပဲ .. ဟင်း ...... ”

မေချို ဖုန်းချလိုက်ပြီး ဆေးလိပ်ကို မီးညှိကာ တစ်ချက် ရှိုက်လိုက်သည်။ ဆုံလည်ထိုင်ခုံကို အနောက်သို့လှည့်ကာ စကားပြောလိုက်သည်။

“ ပြောစရာရှိတယ်ဆို .. ”

“ ........................... ”

“ သေချာလား .. ”

“ ........................... ”

မေချို မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။

...........................................................................

အခန်း (၃၁)

“ Morning ကိုထင်ရှားအောင် ”

“ Morning မေဘယ်လ် ”

“ ကျွန်မ မနေ့ညက စာရေးလွန်ပြီး ညနက်သွားလို့ နည်းနည်းနောက်ကျသွားတယ် ”

“ ကိစ္စမရှိပါဘူး .. ကျုပ်က ဒီထဲမှာ အားနေတဲ့သူပါ ”

“ လုပ်ငန်းမစခင် ကျွန်မ သိချင်တာလေးတစ်ခုလောက် မေးလို့ရမလား ”

“ မေးပါ ”

“ ကိုခိုင်ကြီး ဆုံးသွားပြီးတဲ့နောက်ပိုင်း ပန်းလေးကို ရှင်က ဒူဘိုင်းကို ခဏရှောင်ခိုင်းခဲ့တယ်နော်။ မကြည်ပြာနဲ့အတူ ပန်းလေးက ဒူဘိုင်းမှာ နေခဲ့တယ်။ ကိုခိုင်ကြီးကို သတ်လိုက်တာ ပန်းလေးမှန်း သူ့တပည့်တွေ သိကြလားဆိုတာ ကျွန်မ သိချင်မိတယ် ”

“ ကိုကြီးကို သတ်လိုက်တာ ကျုပ် ပါ။ ပန်းလေးက ကျုပ်ကို ကာကွယ်ချင်လို့ စိတ်ပူပြီး ပစ်လိုက်တာပဲ။ ဒါကြောင့် ကိုကြီးကို သတ်လိုက်တဲ့သူက ကျုပ်ပဲလို့ သတင်းလွှင့်ခဲ့တယ်။ အဲ့တုန်းက အဖြစ်ပျက်ကို သေချာသိတာဆိုလို့ ပန်းလေး နဲ့ ကျုပ် နှစ်ယောက်တည်း ရှိတာလေ။ ဒီတော့ ကိုကြီးကို သတ်တဲ့သူက ကျုပ်ပဲလို့ သူ့တပည့်တွေက ယုံကြည်သွားတယ်။ ကျုပ်ကလဲ အဲ့ဒီအတိုင်းပဲ ဖြစ်စေချင်ခဲ့တယ် ”

“ ဒါဆို ကိုခိုင်ကြီးတပည့်တွေက ရှင် နဲ့ မမေချိုကို ဘာမှ မတုန့်ပြန်ခဲ့ဘူးလား .. သူတို့ ဆရာ အသတ်ခံရတဲ့ ကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြတာလား ”

“ မလုပ်ပဲ ဘယ်နေမလဲ .. ကျုပ်တို့အဖွဲ့ထဲမှာရှိတဲ့ ကိုကြီး တပည့်တွေက တစ်ယောက်ပြီးတစ်ယောက် .. ခြေရာ ဖျောက်ကုန်တယ်။ တစ်ချို့က ခေါင်းဆောင်မရှိတော့လို့ တစ်ခြားကို ပြောင်းသွားတယ် .. တစ်ချို့ကတော့ ဆရာ့အတွက် လက်စားချေမယ်ဆိုပြီး ကျုပ် နဲ့ မမ ကို လုပ်ကြံဖို့ ကြိုးစားကြတယ် ”

“ သြော် .. ဒါဆို ရှင်တို့ တော်တော် အန္တရာယ် ကြုံခဲ့မှာပဲ .. ပြောရရင် ကိုခိုင်ကြီး တပည့်တွေက ရှင်တို့အဖွဲ့ထဲမှာ တစ်ဝက်လောက် ရှိနေတယ်လို့ သိထားတယ်။ အဲ့ဒါကို ရှင်တို့ ဘယ်လို ကျော်ဖြတ်ခဲ့လဲဟင် ”

ထင်ရှားအောင် ပြုံးလိုက်မိပြီး ဆေးလိပ်ကို တစ်ချက်ဖွာကာ ......။

“ အင်း .. အဲ့ဒီချိန်တုန်းကဆို ကိုပေါ်ရာကို ကျေးဇူးတင်ရမှာပဲ။ သူ့ကြောင့် ကျုပ်တို့ ဘာမှ မဖြစ်ခဲ့တာ .. ပြောရရင် ကျုပ်တို့ အဖွဲ့စည်းမှာ ကိုကြီးတပည့်တွေက အများဆုံးရှိပြီး ကိုပေါ်ရာမှာလဲ တပည့်တွေရှိတယ်။ အဖွဲ့နှစ်ခု ကွဲနေတယ်ဆိုပါတော့။ 

ကိုကြီးက သူ့အဖွဲ့မှာ ခေါင်းဆောင်ဖြစ်သလို ကိုပေါ်ရာကလဲ ခေါင်းဆောင်တစ်ယောက်ပဲ။ ကိုကြီး ဆုံးသွားတော့ သူ့တပည့်တွေရဲ့ ရန်ကို ကိုပေါ်ရာက အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့တယ် ”

“ ကျွန်မ သိချင်တာ အဲ့ဒါပါပဲ .. ကဲ .. ဇာတ်ကြောင်းလေး ဆက်ပြောရအောင် ”

“ မေဘယ်လ် .. ကျုပ်လဲ မင်းကို တစ်ခုလောက် ပြန်မေးချင်တယ် ”

“ ဘာလဲဟင် ”

“ မင်း .. ကိုခိုင်ကြီးကို သစ္စာဖောက်လို့ ထင်လား .. မထင်ဘူးလား ”

“ ရှင် .. ”

မမျှော်လင့်သော မေးခွန်းကြောင့် မေဘယ်လ် မျက်လုံးပြူးသွားသည်။ သူ့အနေနဲ့ တိကျတဲ့အဖြေကို မဖြေနိုင်သေးဘူး။

သူ့စိတ်ထဲမှာ ခိုင်ကြီးကို သစ္စာဖောက်တစ်ယောက်လို့ လက်ခံလို့မရသလို သစ္စာဖောက်မဟုတ်ဘူးလို့လဲ .. အကြွမ်းမဲ့ မယုံနိုင်သေးဘူးလေ။ ထင်ရှားအောင်က မေဘယ်လ်ကို သေချာစိုက်ကြည့်ကာ ........။

“ မင်း မဖြေနိုင်ဘူးမလား .. အေး .. တစ်ချိန်က ကျုပ်လဲ မင်းလို ဖြစ်ခဲ့တယ် .. ”

................................................

ထင်ရှားအောင် အိပ်ရာနိုးလာတော့ အနားမှာ ဧကရီ ရှိမနေတော့ပါ။ သွေးစွန်းနေတဲ့ ပုဝါလေးက သူ့ဘေးနားမှာ ရှိနေသည်။ ဧကရီ တမင် ထားခဲ့မှန်း ထင်ရှားအောင် သိသည်။ ထင်ရှားအောင် ပုဝါကို ကိုင်ထားရင်း ဧကရီကို သတိရနေမိသည်။ သူ့ဆီကို မမျှော်လင့်ပဲ ရောက်လာတဲ့ ကောင်မလေးတစ်ယောက်။

ရောက်လာတိုင်းလဲ သူ့ရင်ထဲ တစ်ခုခု ကျန်အောင် လုပ်သွားတတ်တဲ့ လူဆိုးမလေး။ အခုလဲ လုံး၀ မပက်သက်ဘူးလို့ တားနေတဲ့ကြားကနေ သူ့ကို ရအောင် ခြူသွားတယ်။ ဘာပဲဖြစ်ဖြစ် သူအရမ်းခံစားနေရချိန် ဧကရီက သူ့ဝေဒနာတွေကို အကောင်းဆုံး ကုသပေးခဲ့ပါတယ်။

“ ကိုရှား .. နိုးပြီလား ”

“ နိုးနေပြီ ကိုပေါ်ရာ .. ဝင်ခဲ့လေ ”

“ မမလေးက မင်းနိုးရင် သူ့ရုံးခန်းကို လာခဲ့ဖို့ ပြောသွားတယ် .. ”

“ အင်း .. ဒါနဲ့ မနေ့ညက ကောင်မလေး ကျွန်တော့် အခန်းထဲရောက်လာတာ မမ သိလား ”

“ မသိလောက်ဘူးထင်တယ် .. ဒါပေမယ့် ပြောမရဘူး .. မမလေး က နေရာတိုင်းကို မြင်နိုင်တာ မင်းသိသားနဲ့ ”

“ သူ သိလောက်မှာပါ .. ထားပါ .. ကျွန်တော် ရေချိုးပြီး ဆင်းခဲ့မယ် .. ခင်ဗျားရော လိုက်မှာမလား ”

“ မင်း ဘယ်သွားသွား ငါ့ကို လိုက်သွားဖို့ မမလေး မှာထားတယ် ”

“ ဒါဆိုလဲ အောက်မှာ စောင့်နေဗျာ .. ခဏနေ ဆင်းခဲ့မယ် ”

..............................................

ရုံးခန်းထဲရောက်တော့ မေချိုက ထင်ရှားအောင်အတွက် Black Coffee တစ်ခွက် အသင့်ဖျော်ထားပြီး ကော်ဖီခွက်ကို ကိုင်ကာ ...။

“ ဘယ်လိုနေသေးလဲ ညက တော်တော်မှ မူးလိုက်ရဲ့လား ”

ညက တော်တော်မှ ပင်ပန်းလိုက်ရဲ့လားလို့ မမ မေးချင်နေတာလား မသိဘူး။ ထင်ရှားအောင် ခပ်တည်တည်ဖြင့်သာ ......။

“ အမှောက်သောက်ပြီး အိပ်ပျော်သွားတယ် .. မမ ကျွန်တော့်ကို တွေ့ချင်တယ်ဆို .. ဘာများလဲ ”

ထင်ရှားအောင် မေချိုပေးတဲ့ ကော်ဖီကို သောက်ရင်း စိတ်ထဲမှာတော့ မလုံမလဲဖြင့် ....။

“ ခိုင်ကြီး မရှိတဲ့နောက် ငါတို့အတွက် ဘယ်သွားသွား မလုံခြုံတော့ဘူးဆိုတာ မင်း အသိပဲ .. ပေါ်ရာကြောင့် ငါတို့ ခုချိန်ထိ အသက်ရှင်နေတာ။ ဒီလိုဖြစ်အောင် သူတို့ တမင် လုပ်ခဲ့တာ ထင်ရှား။ ခိုင်ကြီးကို ထိုးကြွေးပြီး သူ့တပည့်တွေကို ပွဲဆူအောင်လုပ်လိုက်တယ်။

သူတို့အစီစဉ်က ခိုင်ကြီးကို အသုံးချလိုက်တာနဲ့သူ့တပည့်တွေ အများကြီးပါ အသုံးချပြီးသား ဖြစ်သွားတယ်။ ငါတို့ ခိုင်ကြီးကို သစ္စာဖောက်မှန်း သိသွားရင် သေချာပေါက် သတ်ပစ်မယ်လို့ သူတို့ဘက်က တွေးပြီးသား။ ဒီတော့ ခိုင်ကြီးကို သစ္စာဖောက်ဖြစ်အောင် သူတို့ အရင်ဖန်တီးတယ်။

ချူး ဆိုတဲ့ကောင်မလေးကို ခိုင်ကြီးနား ပို့ခဲ့ပြီး ခိုင်ကြီးကို သိမ်းသွင်းခဲ့တယ်။ ခိုင်ကြီးက ချူးကို အရမ်းချစ်သွားတော့ သူတို့အတွက် လက်နက်တစ်ခု ရသွားတာပေါ့။ ခိုင်ကြီး သစ္စာဖောက်မှန်း သိသွားရင် ငါတို့က ခိုင်ကြီးကို အပြတ်ရှင်းမယ်။ ခိုင်ကြီးကို ရှင်းလိုက်ရင် ခိုင်ကြီးတပည့်တွေက ငါတို့ကို ပြန်လက်စားချေလိမ့်မယ်။ ဒီလောက်ဆို သူတို့ အကွက်ကို မင်း မြင်သွားပြီမလား .. ငါတို့ရင်ဆိုင်နေရတဲ့ရန်သူတွေက အကွက်ကျကျ ကောက်ကျစ်တဲ့လူတွေပဲ .. ဟင်း ... ”

“ သူတို့ ဘယ်သူတွေလဲ .. ဘာကြောင့် အခုလို လုပ်နေတာလဲ .. ကျွန်တော် သိသလောက် မမမှာ ကြီးကြီးမားမား ရန်သူ မရှိပါဘူး။

ဘယ်ကနေ ဘယ်လို အဲ့ဒီ အဖွဲ့က ပေါ်လာရတာလဲ .. သူတို့ ဘာလိုချင်တာလဲ .. မမ အသက်ကိုလား မမ ပိုင်ဆိုင်မှုကိုလား ”

“ နှစ်ခုစလုံးပဲ ထင်ရှား .. ငါ့အသက်ရော ငါ့ပိုင်ဆိုင်မှုရော သူတို့ လိုချင်နေတာ။ မင်း သိတဲ့အတိုင်းပဲ ငါတို့အဖွဲ့က တဖြည်းဖြည်းနဲ့ အင်အားကြီးလာတယ်လေ။ အပင်မြင့်လေ လေတိုက်ခံရလေပေါ့ကွာ။ ရန်သူ ပေါ်လာတာ မဆန်းပါဘူး ”

“ အခု ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတာကရော ”

“ သူတို့ နောက်ထပ် အကွက်သစ်တစ်ခု မရွှေ့ခင် ငါတို့ လက်ဦးမှ ဖြစ်တော့မယ် .. သူတို့ဆီကို လူတစ်ယောက် ပူးပေါင်းလာတယ်လို့ ငါ သိထားတယ်။ အဲ့ဒီလူက သူတို့ကို ငွေအားနဲ့ ကူညီပေးလိမ့်မယ်။ နောက်ထပ် အကွက်သစ်အတွက် ငွေအားဖြည့်ပေးမယ်ပေါ့။

ငါ့အထင် သူတို့ လက်နက်တွေ ဝယ်ဖို့ ငွေလိုနေပုံပဲ။ ဒီတော့ သူတို့ဆီ ငွေမရောက်အောင် ငါတို့က ငွေရှင်ကြီးကို အပြတ်ရှင်းမှ ဖြစ်တော့မယ် ”

“ အဲ့ဒီလူက ဘယ်သူလဲ မမ ”

“ ဝဏ္ဏကျော် .. ”

“ ဒီနာမည်ကို ကျွန်တော် သိသလိုပဲ ..ဟာ .. အဲ့ဒီလူက မမကို ငယ်တုန်းက အဓမ္မကျင့်ခဲ့တဲ့ မမဦးလေးရဲ့ သား ဆိုတဲ့လူမလား ”

“ ဟုတ်တယ် .. မမ ဘဝကို ဇောက်ထိုးဖြစ်အောင် ဖျက်ဆီးခဲ့တဲ့သူပဲ .. ”

“ နေပါဦး .. မမ ပြောတော့ သူ့ကို ကပ်ကြေးနဲ့ ထိုးပြီး ထွက်ပြေးခဲ့တာဆို .. သူ မသေသေးဘူးပေါ့ ..ဒါနဲ့များ ဘာလို့ ခုချိန်ထိ မသတ်ခဲ့တာလဲ .. မမ အခြေနေနဲ့ဆို အစောကြီးကတည်းက သူ့ကို သတ်လို့ရနေတာပဲ .. ”

“ ဟုတ်တယ် .. မမ သတ်ချင်ရင် သူ သေနေတာ ကြာပြီ .. ဒါပေမယ့် ကျေးဇူးရှင် ဦးလေး မျက်နှာရှိနေလို့ မမ သူ့ကို လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် အခုတော့ သူက မမတို့ရဲ့ ရန်သူအဖွဲ့နဲ့ ပူးပေါင်းပြီး မမကို လက်စားချေဖို့ လုပ်နေပြီလေ။ ဒီတော့ မသတ်ချင်လဲ သတ်ရတော့မယ် ထင်ရှား ”

“ ကျွန်တော် မရှင်းတာ တစ်ခုရှိတယ်။ မမ ပြောနေတဲ့ ရန်သူဆိုတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မမက ဘာလို့ တိတိကျကျ ကြိုသိနေရတာလဲ .. ရန်သူ အဖွဲ့ခေါင်းဆောင်ကို မမ သိနေတယ်မလား .. ဒါဆိုလဲ ခေါင်းဆောင်ကို အမြန်ရှင်းလိုက်ရင် ပြီးရောမလား ”

“ သူတို့ခေါင်းဆောင် ဘယ်သူဆိုတာ မမ မသိသေးလို့ပေါ့ ထင်ရှားရယ် .. သိလို့ကတော့ ချက်ချင်း ရှင်းပြီးပြီ။

ဒါပေမယ့် ခုချိန်ထိ ဘယ်သူ ဦးဆောင်နေလဲ မသိရသေးဘူး။ သူတို့အဖွဲ့ လှုပ်ရှားမှုတွေကို မမ ဘာလို့ကြိုသိနေလဲဆိုတော့ ရန်သူတွေ အကြောင်းကို မမကို သတင်းအမြဲပေးနေတဲ့ လူတစ်ယောက်ရှိတယ်။ အဲ့ဒီလူကြောင့် သတင်းတွေကြိုသိနေတာ။

ဒါပေမယ့် အဲ့ဒီလူကလဲ သူတို့ရဲ့ ခေါင်းဆောင် ဘယ်သူဆိုတာ ခုထိ မသိသေးဘူး ”

“ ကျွန်တော်တို့ကို သတင်းပေးနေတဲ့သူက ဘယ်သူလဲ .. ကျွန်တော် သိချင်တယ် ”

“ နောက်တော့ သိမှာပေါ့ .. ခိုင်ကြီး ကိစ္စတုန်းကလဲ သူ့ကြောင့် မမ သိခဲ့ရတာ။ မဟုတ်ရင် မလွယ်ဘူး ထင်ရှား ..သူ့ရဲ့ သတင်းပေးမှုတွေက အရမ်းတန်ဖိုးရှိတယ်။ အခုလဲ ဝဏ္ဏကျော် ဘာတွေ ကြံစည်နေတယ်ဆိုတာ သူပြောလို့ သိလိုက်ရတယ်။ ဒါကြောင့် သူတို့ဘက်က မလှုပ်ရှားခင် မမတို့ လက်ဦးမှု ရမှဖြစ်မယ်  ”

“ နေပါဦး .. ဝဏ္ဏကျော် ဆိုတဲ့လူက ဘယ်လောက်များ ချမ်းသာလို့လဲ .. ကျွန်တော် သိထားသလောက် အရင်တုန်းက သူ အဲ့လောက် မချမ်းသာပါဘူး ”

“ အဲ့ဒါတော့ ငါ သေသေချာချာ မသိဘူး။ ဘဝဆိုတာ အလှည့်အပြောင်းတွေနဲ့မလား။ မထင်မှတ်ပဲ ချမ်းသာသွားပုံပဲ .. သူ ဘယ်လိုချမ်းသာသွားလဲဆိုတာထက် သူ့ကြွယ်ဝမှုကို ငါတို့ကို ဒုက္ခပေးဖို့အတွက် အသုံးချတော့မယ်ဆိုတာ သိနေဖို့က ပိုအရေးကြီးတယ် ”

“ မမကို သတင်းပေးနေတဲ့သူက ဘယ်သူလဲဆိုတာ သိချင်တယ်ဗျာ။ မမက ကျွန်တော့်ကို အရာတိုင်း အကုန် ပေးမသိသေးဘူးနော် .. ဘာလို့လဲ မယုံလို့လားဗျာ ”

“ မလိုအပ်လို့ မပြောတာပါ ထင်ရှားရယ် .. အရာရာတိုင်းကို သိနေရင် ပိုပင်ပန်းရတယ် .. မသိသင့်သေးတာကို မသိသေးတာ အကောင်းဆုံးပါ ..ကဲ .. ရော့ ဒါ ဝဏ္ဏကျော် ရဲ့ လက်ရှိတည်နေရာပဲ .. သူ့လှုပ်ရှားမှု အသေးစိတ်လဲ ဒီထဲမှာ ရေးထားတယ်။ မင်း လေ့လာပြီးရင် လုပ်ငန်းစလို့ရပြီ ..

ခြေရာလက်ရာတော့ ဘာမှ မကျန်ခဲ့စေနဲ့ .. ပေါ်ရာနဲ့အတူ လှုပ်ရှားလိုက် .. နောက်ပြီး သူ မသေခင် မမ သူ့ကို ပြောချင်တာတစ်ခုရှိတယ် ..အဲ့ဒီစကားကို သူ မသေခင် ကြားသွားစေချင်တယ် ”

“ ဘာလဲ ”

“ အနှစ် ၂၀ကျော် ကြာခဲ့ပေမယ့် မမက ခုချိန်ထိ သူ့ကို သတိရနေတုန်းပဲလို့ ပြောလိုက် ”

ရုံးခန်းအပြင်မှာစောင့်နေတဲ့ ပေါ်ရာကို ထင်ရှားအောင်က အရက်ဘားမှာရှိတဲ့ သီးသန့်ခန်း တစ်ခုကို ခေါ်သွားပြီး အစီစဉ် အသေးစိတ်ကို ပြောပြလိုက်တယ်။ ပေါ်ရာနဲ့ ထင်ရှားအောင်တို့ အရက်သောက်ရင်း ဝဏ္ဏကျော်ကို ရှင်းမယ့်ကိစ္စ သေချာတိုင်ပင်ခဲ့ကြတယ်။

.........................................................

အချိန်က ည (၁၁)နာရီ။

လမ်းပေါ်မှာ လူသွားလူလာ နည်းသွားသော အချိန်ဖြစ်သည်။ ဝဏ္ဏကျော် တည်ရှိရာ နေအိမ်မှာ သူဌေးရပ်ကွက်တစ်ခုမှာ ဖြစ်ပြီး လူသွားလူလာ နည်းသော ရပ်ကွက်တစ်ခုမို့ လမ်းဘေးခွေးများမှ အပ ဘယ်သူမှမရှိပဲ ရှင်းနေတော့သည်။

“ ကိုပေါ်ရာ .. ဒီအိမ်ဆိုတာ သေချာလား ”

“ သေချာတယ် ကိုရှား .. ”

“ တစ်ခုခုတော့ လွဲနေသလိုပဲ .. ဒီအိမ် သေချာတယ်ဆိုရင် ဘာ အစောင့်မှလဲ မရှိဘူး။ ပုံမှန် ရပ်ကွက်တစ်ခုလိုပဲ။ အားလုံး တိတ်ဆိတ်ပြီး အိပ်နေကြပုံပဲ .. ”

“ အေး .. ငါလဲ သတိထားမိတယ်။ သာမန် အိမ်တစ်လုံးလို ဖြစ်နေတယ်။ အထဲမှာ ဝဏ္ဏကျော် သေချာပေါက် ရှိတယ်လို့ သတင်းပေးက ပြောထားတယ် .. လာကွာ .. အိမ်ထဲ ဝင်ရအောင် ..ဟေ့ .. မင်းတို့ကောင်တွေ ဒီနားမှာပဲ စောင့်နေခဲ့ .. ငါတို့ အထဲဝင်ကြည့်မယ်။ အခြေနေ မဟန်လို့ ငါတို့ လှမ်းခေါ်ရင် ချက်ချင်းလိုက်လာကြ .. မခေါ်ပဲ မဝင်ခဲ့နဲ့ ”

ပေါ်ရာက သူ့တပည့်တစ်ချို့ကို မှာခဲ့ပြီး ထင်ရှားအောင်နဲ့အတူ အုတ်တံတိုင်းကို ကျော်ကာ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။ ခြံထဲရောက်တော့လဲ ဘာ အစောင့်မှ မတွေ့ရပေ။ အိမ်ရှေ့မီးများမှ အပ အိမ်ထဲရှိ မီးအားလုံး ပိတ်ထားသည်။ ထင်ရှားအောင် သတိကြီးကြီးထားပြီး အိမ်တံခါးရှိရာသို့ လာခဲ့သည်။ တံခါးနားရောက်တော့ ပေါ်ရာက အသင့်ပါလာသော သော့ဖွင့်တဲ့ ပစ္စည်းများနဲ့ အိမ်တံခါးကို ဖွင့်လိုက်သည်။ တံခါးမှာလဲ လွယ်လွယ်ပဲ ပွင့်သွားသည်။ အိမ်ထဲကြည့်လိုက်တော့ တစ်အိမ်လုံး ငြိမ်သက်နေပြီး ဘယ်သူမှ မရှိပေ။

“ ကိုပေါ်ရာ အရမ်းအတင့်မရဲနဲ့ .. မူသိပ်မမှန်ဘူး .. ထောင်ချောက်များလား ”

“ ထောင်ချောက်ဆိုရင် ခုချိန်လောက်ဆို ငါတို့ မိနေလောက်ပြီ။ ထောင်ချောက် မဖြစ်နိုင်ဘူး .. ပုံစံကြည့်ရတာ သာမန် အိမ်တစ်လုံးလိုပဲ .. သူ့မှာ အန္တရာယ်မရှိလောက်ဘူးထင်ပြီး အေးဆေး အိပ်နေတာဖြစ်မယ် .. လာကွာ .. သူ့အခန်းနားထိ သွားကြတာပေါ့ .. ထောင်ချောက်ဆိုလဲ မြင်သမျှ .. အကုန် ပစ်သတ်ကွာ .. သတိတော့ ရှိနေပလေ့စေ ”

ထင်ရှားအောင်တို့ အိမ်ထဲကို ဝင်သွားကြပြီး အပေါ်ထပ် ဝဏ္ဏကျော် အခန်းရှိရာကို တက်သွားလိုက်သည်။ အောက်ထပ်မှာ အိပ်ခန်း ၂ခန်း ရှိနေပြီး နှစ်ခန်းစလုံး မီးများ ပိတ်ထားသည်။ အခန်းထဲမှာ လူရှိနေတာတော့ သေချာသည်။ တစ်ခန်းဆိုရင် အိပ်နေရင်း ဟောက်သံပါ သဲ့သဲ့ကြားနေရသည်။

အပေါ်ထပ်ရောက်တော့ အခန်းကျယ် တစ်ခန်း ရှိသည်။ ထိုအခန်းသည် ဝဏ္ဏကျော် ရဲ့ အခန်းဖြစ်လိမ့်မည်။ ထင်ရှားအောင် ခါးကြားမှ သေနတ်ကို ထုတ်ကာ အခန်းတံခါးလော့ကို ဆွဲလှည့်လိုက်သည်။ လော့ချမထားလို့ တံခါးမှာ အလိုက်သင့်ပဲ ပွင့်သွားသည်။

“ အိမ်ထဲမှာလဲ ပုံမှန်အတိုင်း အိပ်ပျော်နေကြတယ် .. ကိုရှား အခန်းထဲကို မင်းဝင်မှာလား ”

“ ခင်ဗျား အခန်းအပြင်ကနေ စောင့်နေ .. အခြေနေ မဟန်ရင် အပြင်ကနေ ကျွန်တော့်ကို ကာပစ်ပေးဗျာ .. ကျွန်တော် ရအောင် ပြန်ထွက်ခဲ့မယ် .. ဒီအခြေနေထိ ရောက်နေမှတော့ ဝင်ကြည့်ရတော့မှာပဲ ”

ပေါ်ရာမှာ နားမှာတပ်ထားတဲ့ ဆက်သွယ်ရေး နားကြပ်ကို တစ်ချက်နှိပ်ကာ ...။

“ အပြင်က ကောင်တွေ .. သေနတ်သံကြားမှ အင်အားသုံးပြီး ချက်ချင်း ဝင်လာခဲ့ .. ဘာသံမှ မကြားရင် အခြေနေစောင့်ကြည့်နေလိုက် .. ကဲ ကိုရှား  .. ဝင်ပြီး သေချာရင် အပြတ်ရှင်းခဲ့ကွာ .. အသံတိတ်တော့လုပ်နော် .. ငါ အပြင်ကနေ စောင့်ကြည့်ပေးထားမယ် ”

ထင်ရှားအောင်က ခေါင်းငြိမ့်ပြကာ အခန်းထဲ ဝင်လိုက်သည်။ အခန်းထဲမှာ နံရံကပ်မီး မှိုင်းပြပြ ဖွင့်ထားသဖြင့် တစ်ခန်းလုံးကို သေချာမြင်နေရသည်။

အိပ်ယာပေါ်မှာ စောင်ခြုံကာ လူတစ်ယောက် အိပ်နေသည်။ သူ့ကို ကျောပေးထားတာမို့ ဝဏ္ဏကျော် ဟုတ် ၊ မဟုတ် သေချာမမြင်ရဘူးဖြစ်နေသည်။

ထင်ရှားအောင် အိပ်ယာနားထိ အသံလုံအောင် တိုးသွားပြီး အသံတိတ်ပြောင်း တတ်ထားတဲ့ သေနတ်ကို သေချာချိန်ကာ စောင်ကို မ လိုက်သည်။

“ ဟင် .. မင်း .. မင်း .. ”

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထင်ရှားအောင် တစ်ကိုယ်လုံး ပူထူသွားတော့သည်။

.............................................................................................

အခန်း (၃၂)

လုံး၀ မျှော်လင့်မထားတဲ့သူကို ရုတ်တရက်မြင်လိုက်ရတာမို့ ထင်ရှားအောင် သတိလက်လွတ်ဖြစ်ကာ ငေးကြည့်နေမိသည်။

ဘယ်လိုဖြစ်ပြီး ဝဏ္ဏကျော်နေရာမှာ ဧကရီက ရောက်နေတာလဲ။ ထင်ရှားအောင် သတိပြန်ကပ်ကာ လက်ထဲက သေနတ်ဖြင့် ဧကရီကို ချိန်လိုက်ပြီး ....

“ ဧကရီ မင်းက ဘာလို့ ဒီရောက်နေတာလဲ .. ”

“ ဧကရီ မတားရင် ကိုက ဦးဝဏ္ဏကျော်ကို သတ်မှာလေ .. ဒါကြောင့် ဧကရီ ဒီနေရာကို ရောက်နေတာပေါ့ ”

“ ဘာဆိုင်လို့လဲ .. မင်း နဲ့ ဝဏ္ဏကျော်က ဘယ်လိုပက်သက်နေတာလဲ .. ဘာတွေလဲကွာ .. တောက်စ် ”

“ ကို .. စိတ်ငြိမ်ငြိမ်ထားပြီး ဧကရီ ပြောတာကို နားထောင်ပေးပါနော် ”

ထင်ရှားအောင် စိတ်ငြိမ်ငြိမ်ထားလို့မရ .. လက်ထဲက သေနတ်ကို ဧကရီကို ချိန်ထားဆဲ .. တစ်ခုခု အကြီးကျယ် မှားယွင်းနေပြီဆိုတာ အိမ်ထဲ ဝင်ကတည်းက သတိထားနေမိတယ်။ ဒါပေမယ့် ဧကရီကို ဒီမှာ တွေ့ရလိမ့်မယ်လို့ လုံး၀ ထင်မထားခဲ့ဘူး။ ဧကရီ မင်းက ဝဏ္ဏကျော်နဲ့ ဘယ်လို ပက်သက်နေတာလဲ ...။

“ ငါ ဒီည ဝဏ္ဏကျော်ကို လာသတ်မယ်လို့ မင်း ဘယ်လိုလုပ် သိတာလဲ .. ဒီကိစ္စကို မင်း ကြိုသိနေစရာ အကြောင်းကို မရှိဘူး ”

“ ဘာလို့သိနေတာလဲဆိုတော့ .. အပြင်မှာစောင့်နေတဲ့ ကိုပေါ်ရာ .. အခန်းထဲ ဝင်ခဲ့ပါဦး .. ”

ဧကရီ ခေါ်လိုက်သဖြင့် ပေါ်ရာမှာ ညိုးနွမ်းနေသော မျက်နှာထားဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။

“ ဘာ .. ဘာတွေလဲ .. ကိုပေါ်ရာ .. ခင်ဗျားက ဘာလဲ .. ဟာ ... ”

“ စောစောက အချိန်ထိ ငါ ဟန်ဆောင်ခဲ့မိတာကို တောင်းပန်ပါတယ်ကွာ။ ဧကရီ ပြောသလိုပဲ မင်းစိတ်ကို ငြိမ်ငြိမ်ထားပြီး ဧကရီ ပြောသမျှ နားထောင်လိုက်ပါ။ အားလုံးက မင်းအတွက်မို့ပါ .. ကျန်တာ ငါ မပြောတတ်တော့ဘူး ”

“ ကိုထင်ရှားအောင်ကို ဒီထိ ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် ကိုပေါ်ရာ .. ကို .. ထိုင်ပါဦး .. ဧကရီ ရှင်းပြပါမယ် ”

ထင်ရှားအောင် သေနတ်ကို လက်ကနေ မချနိုင်သေးဘူး။ အခြေနေက သူနားမလည်လောက်အောင် ရှုပ်ထွေးနေတယ်။

“ ဒီအိမ်က ဧကရီ ဦးဝဏ္ဏကျော်အတွက် ဝယ်ပေးခဲ့တဲ့ အိမ်တစ်လုံးပါ။ ဒါပေမယ့် ဦးဝဏ္ဏကျော်က ဒီမှာ မနေတော့ဘူး။

ကို့ကို ဒီထိ ခေါ်လာရတာက ကို မသိသေးတဲ့ အကြောင်းရာတစ်ခုကို သေချာ ရှင်းပြချင်လို့ပါ။ နောက်ပြီး ဦးဝဏ္ဏကျော်ကို ကို သတ်လို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ... ဘာလို့လဲဆိုတော့ ..... ”

“ မြန်မြန်ပြောစမ်းပါ .. ငါ စိတ်မရှည်တော့ဘူး .. မင်းတို့အားလုံးက ဘာတွေလဲ .. ”

“ ဘာလို့လဲဆိုတော့ ဦးဝဏ္ဏကျော်က ဧကရီရဲ့ အဖေ မို့ပါ .. ”

“ ဘာ .. ဘာတွေလာပြောနေတာလဲ .. မင်း အဖေက မမ နဲ့ စီးပွားရေးလက်တွဲလုပ်ဖူးတဲ့သူပါ ..ဝဏ္ဏကျော်က ဘယ်လိုလုပ် မင်းအဖေ ဖြစ်ရတာလဲ .. ”

“ မမေချိုထွဋ်ခေါင်နဲ့ စီးပွားရေးတွဲလုပ်ဖူးတယ်ဆိုတဲ့ ဧကရီ အဖေက အဖေအရင်း မဟုတ်ပါဘူး။ ဧကရီရဲ့ ပထွေးပါ။ ဧကရီ အဖေအရင်းက ဦးဝဏ္ဏကျော်ပါ .. အတိုဆုံးရှင်းပြရရင် ဖေဖေက မေမေနဲ့ လက်ထပ်ပြီးနောက်ပိုင်း အမြဲတမ်း .. သောက်စားနေပြီး မိသားစုအပေါ် ဘာမှ လုပ်မပေးခဲ့ဘူး။ 

ကြာတော့ မေမေ သည်းမခံနိုင်တော့ပဲ ဖေဖေ နဲ့ ကွာရှင်းလိုက်ပြီး အခု လက်ရှိ ဧကရီ ပထွေးဖြစ်သူနဲ့ အိမ်ထောင်ပြုလိုက်တယ်။ နောက်တော့ မောင်လေး ဇွဲသန့် ကို ထပ်မွေးခဲ့တယ်။

မောင်လေးနဲ့ ဧကရီက မအေတူ ဖအေကွဲ မောင်နှမတွေပေါ့။ ကို ဧကရီကို တက်တူးနဲ့ပက်သက်ပြီး မေးဖူးတယ်လေ .. အဖေ့နာမည်ကို ဘာလို့ မထိုးတာလဲဆိုတာ .. ဧကရီကိုယ်တိုင် အဖေ့ကို မုန်းနေသူမို့ မထိုးခဲ့တာပါ ”

ထင်ရှားအောင် ကြားသမျှ မယုံနိုင်ဖြစ်နေတယ်။ ဧကရီမျက်ဝန်းများကို သေချာစိုက်ကြည့်နေမိတယ်။

“ ကို ဖေဖေ့ကို မသတ်ပါနဲ့နော်။ ဖေဖေ မမေချို အပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ ဧကရီ သိပါတယ်။ ဒါပေမယ့် ခုချိန်မှာ ဖေဖေက အပြောင်းလဲကြီး ပြောင်းလဲနေပါပြီ။ သူ မေမေ့ကို ဆုံးရှုံးပြီးတဲ့နောက်ပိုင်း အသိတရားရပြီး အခုဆို တရားစခန်းမှာပဲ ရာသက်ပန် တရားအားထုတ်ရင်း နေထိုင်နေပါတယ်။ 

ကို့ကို သိစေချင်တာက ဖေဖေက မမေချိုရဲ့ ရန်သူတွေနဲ့ ပူးပေါင်းတယ်ဆိုတာ လုံး၀ မဟုတ်ဘူး။ ဖေဖေ့မှာ ဘာငွေကြေးမှလဲ မရှိသလို သူ ဘာသာရေးပဲလုပ်နေတာ နှစ်အတော် ကြာနေပါပြီ ”

“ မဖြစ်နိုင်တာကွာ .. မင်းအဖေ သေချာပေါက် ပူးပေါင်းနေတယ်ဆိုတာ ငါတို့ သတင်း အတိကျ ရထားတယ် .. ဘာလဲ .. မင်းကလဲ သူတို့အဖွဲ့ထဲကလား .. ကိုပေါ်ရာ ခင်ဗျားကလဲ သစ္စာဖောက်ပဲလား .. ခင်ဗျားတို့အားလုံး ကျုပ်ကို လိမ်နေတာမလား .. ”

“ မင်းကို လိမ်နေတာ သူတို့မဟုတ်ဘူး လူလေး .. ”

အနောက်ကနေ ကြားလိုက်ရတဲ့ အသံကြောင့် ထင်ရှားအောင် လှည့်ကြည့်လိုက်သည်။

“ ဟင် .. ဦးနိုင် .. ခင်ဗျားလဲ ဘယ်လိုလုပ် ဒီရောက်နေတာလဲ .. ”

အခြေနေက ပိုပြီး ရှုပ်ထွေးသွားလေပြီ။ ထင်ရှားအောင် လက်က သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဘယ်သူ့ကို ချိန်ရမလဲ နားမလည်နိုင်တော့ပြီ။ ဦးနိုင်နဲ့အတူ လူတစ်ယောက်ပါ အခန်းထဲ ဝင်လာသည်။

“ လူလေး .. စိတ်အေးအေးထား .. ဦးနိုင် ဆက်ရှင်းပြမယ် .. တကယ်တော့ လူလေးက အထင်မှား အမြင်မှားတွေနဲ့ မေချို ကြိုးဆွဲရာ က နေရတဲ့ လူတစ်ယောက်ဖြစ်နေပြီ။ ဒါကို ဦးနိုင်တို့ မကြည့်ရက်တော့ဘူး။ 

ဦးနိုင်လဲ အစတုန်းက မင်းတို့နဲ့ တစ်ဖွဲ့တည်းပါကွာ .. ဒါပေမယ့် တစ်နေ့မှာ အမှန်တရားတစ်ခုကို ဦးနိုင် သိလိုက်ရတော့ အံ့သြခဲ့ရတယ်။

ဒီမှာ လူလေး ..  မင်း နဲ့ မေချို ပြောနေတဲ့ ရန်သူအဖွဲ့ဆိုတာ တကယ်တော့ လုံးဝကို မရှိဘူး .. မရှိခဲ့ဘူး .. ”

“ ဘာ .. ဘာလို့မရှိရမှာလဲ .. ဘာတွေလာပြောနေတာလဲဗျာ ”

“ လူလေး .. သူ့နာမည်က ဒေါက်တာထွန်းမင်း ပါ။ ဆရာ .. သူ့ကို ရှင်းပြပေးပါဦး ”

ဦးနိုင်က သူနဲ့အတူ ပါလာတဲ့ လူကို မိတ်ဆက်ပေးသည်။ ထင်ရှားအောင်အတွက် ပတ်ပတ်လည်မှာ သူ ခင်ရတဲ့သူတွေရှိနေပြီး အားလုံးက သူ့ကို သနားတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို ခံနေရသည်။ ဘာတွေဖြစ်နေတာလဲ .. ။

“ ကျွန်တော် ဒေါက်တာထွန်းမင်းပါ။ စိတ်ရောဂါ အထူးကု ဆရာဝန်တစ်ယောက်ပါ။ ဒီလိုပါ ကိုထင်ရှားအောင် .. မမေချိုနဲ့ ပက်သက်ပြီး ကိုထင်ရှားအောင် မသိသေးတဲ့ အချက်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကို ကျွန်တော် ရှင်းပြချင်လို့ ကိုထင်ရှားအောင်ဆီ ရောက်လာတာပါ ”

“ မမ နဲ့ပက်သက်ပြီး ကျုပ် မသိတဲ့အချက် ဟုတ်လား .. ဘာများလဲ .. ခင်ဗျားတို့အားလုံး ဘာတွေဖြစ်နေတာလဲ .. ကျုပ်လက်ထဲက သေနတ်က ကျည်အပြည့်နော် .. ကျုပ်သေရင် ခင်ဗျားတို့အားလုံးကို အပါခေါ်သွားမှာပဲ ”

“ ကိုထင်ရှားအောင် .. စိတ်အေးအေးထားပြီး နားထောင်ပေးပါဗျာ .. ကျွန်တော် လိုရင်းပဲ ပြောပါ့မယ် ..  မမေချိုမှာ Delutional Disorder လို့ခေါ်တဲ့ ထင်ယောင်ထင်မှား စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါ ဖြစ်နေပါတယ်။ ဆေးပညာအခေါ်အရ အဲ့ဒီလို လူနာမျိုးကို Psychosis လို့လဲ ခေါ်ပါတယ် ”

“ ဘာ .. ”

“ ဆက်နားထောင်ပေးပါဦး .. ဒီရောဂါက စိတ်ရောဂါ အမျိုးစားထဲမှာ အတော်လေး ကုသရ ခက်တဲ့အထဲမှာပါတယ်။ ရောဂါ ခံစားနေရသူက လက်တွေ့ဘဝမှာ အမှန်တကယ် မဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေကို တကယ်ဖြစ်ပျက်သလို ခံစားနေတယ်။ 

အမှန်တကယ် မရှိတဲ့လူတွေကိုလဲ တကယ်ရှိနေတယ်လို့ မြင်နေရတယ်။ တကယ် မဟုတ်ပါဘူးလို့ သူ့ကို ဘယ်လောက်ပဲ ပြောပြော လက်မခံနိုင်ကြဘူး။ ရောဂါ ရင့်လာပြီဆိုရင် လူ(သို့)အရာဝတ္ထုတစ်ခုခုကို တကယ်မရှိပဲ ရှိတယ်လို့ မြင်လာတယ်။ ဘယ်သူမှ ပြောမနေတဲ့ အသံတွေလဲ ကြားလာတဲ့အထိ ပြင်းထန်လာတယ်။

စိတ်ပညာ အဆိုရ ဒါကို Delutional Disorder ရဲ့ လက္ခဏာတွေဖြစ်တဲ့ Hallucinations and Schizophrenia (တကယ်မရှိတဲ့ ပုံရိပ်များ၊ အသံများ မြင်နေ ကြားနေခြင်း) ရှိနေပြီလို့ သတ်မှတ်ပါတယ်။ အခု မမေချိုက လက္ခဏာ နှစ်မျိုးစလုံးကို ခံစားနေရပြီ ”

ကြားလိုက်ရတဲ့ စကားတွေကြောင့် ထင်ရှားအောင် သေနတ်ကို အားပြု မကိုင်နိုင်တဲ့အထိ လက်များ တုန်လာတော့သည်။

“ ဒီရောဂါ ဘာလို့ သူ့မှာဖြစ်လဲဆိုတာကို ကျွန်တော် လေ့လာကြည့်တော့ သူ့မှာ စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့တယ်။

မဧကရီကိုတော့ အားနာပေမယ့် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ .. ပထမဆုံး အဓမ္မကျင့်ခံရတဲ့အချိန်မှာ သူ အရမ်းနာကျဉ်းခဲ့တယ်။

နောက်တော့ ဒေါ်နီလာစိန်ဆီမှာ ပြည့်တန်ဆာအဖြစ် ရောက်သွားတော့ သူ့ဘဝကို အကြိမ်ကြိမ် ဖျက်ဆီးခံလိုက်ရတာမို့ .. သူ့စိတ်တွေ ထပ်မံ နာကျင်ခဲ့ပြန်တယ်။ မူလတုန်းက သူဟာ မိန်းမဆန်ပြီး စိတ်ထားနုညံ့တဲ့ Gay တစ်ယောက်ပါ။ 

မိန်းမတစ်ယောက် အနေနဲ့ ဘဝကို အေးဆေးစွာ ဖြတ်သန်းချင်ပေမယ့် သူ့ဘဝက သူဖြစ်ချင်သလို ဖြစ်မလာခဲ့ဘူး။ ဒီလိုနဲ့ အတိတ်ဆိုးကြီးက သူ့ကို အမြဲခြောက်လှန့်နေတော့တယ်။ မခံနိုင်တဲ့အဆုံး သူ့ကို ခြောက်လန့်နေတဲ့ အတိတ်ကို သူ ပြန်တိုက်ခိုက်တော့တယ်။

ဘယ်လို တိုက်ခိုက်လဲဆိုတော့ သူ့နာကျဉ်းချက်တွေကို လက်စားချေတဲ့အနေနဲ့ သူ့စိတ်ထဲမှာ တကယ်မရှိတဲ့ ပုံရိပ်တွေကို စတင် ဖန်တီးတော့တယ်။ သူ မကျေနပ်တဲ့သူတွေကို အုပ်စုတစ်ခုအနေနဲ့ သူ့စိတ်ထဲမှာ ဖွဲ့စည်းလိုက်တယ်။ 

အဲ့ဒီ အုပ်စုက သူ့ကို သတ်ဖို့ ကြံစည်နေတယ်ပေါ့။ ဒါကို သူက ပြန်ပြီး တိုက်ခိုက်မယ်။ ဒီလိုနည်းနဲ့ သူ့စိတ်ဒဏ်ရာကို သူ ပြန်တိုက်ခိုက်တော့တာပဲ ”

“ ကို .. သေနတ်ကို ချထားလိုက်ပါ။ ဒီမှာရှိတဲ့လူတွေကို ကို့ကို ဒုက္ခပေးမယ့်သူတွေ မဟုတ်ပါဘူး ”

ဧကရီက ထင်ရှားအောင်လက်ကို ကိုင်ကာ သေနတ်ကို ချခိုင်းလိုက်သည်။ ထင်ရှားအောင် ဧကရီကို ကြည့်လိုက်သည်။ ဧကရီက ထင်ရှားအောင်ကို ပြုံးပြကာ ....။

“ ဆရာပြောတာကို ဆက်နားထောင်ပေးပါနော် .. ”

“ မမေချိုရဲ့ ရောဂါ လက္ခဏာတွေကတော့ သူ့ကို တစ်စုံတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုက သတ်ဖို့ကြံစည်နေတယ်လို့ သူယုံကြည်နေတယ်။ ဥပမာ ဘယ်သွားသွား တစ်ယောက်ယောက်က နောက်ယောက်ခံ လိုက်နေတယ်လို့ ထင်တာမျိုး .. သူ့ကို လုပ်ကြံဖို့ တစ်ယောက်ယောက်က အမြဲရှိနေသလိုမျိုး .. အဲ့ဒီလို မရှိတာကို ရှိနေသလို သူ ခံစားနေတယ်။ 

ဒီရောဂါက ..လူနာကျင်လည်ရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ရောဂါလက္ခဏာ ကွဲပြားတယ်။ တစ်ချို့က ကိုယ့်မိန်းမ (သို့) ကိုယ့်ယောက်ျားက အိမ်ထောင်ရေး ဖောက်ပြန်နေတယ်လို့ ထင်နေတာမျိုး .. တစ်ချို့ကျ ကိုယ်အရမ်းချစ်တဲ့သူ ဆုံးရှုံးသွားတာကို လက်မခံနိုင်ပဲ အသက်ရှင်နေတုန်းပဲလို့ ထင်ပြီး ကိုယ့်အနားကို ရောက်လာတယ်လို့ မြင်နေတာမျိုး .. အပြင်မှာ တကယ်မရှိပဲ သူတို့စိတ်ထဲကနေ တကယ်ရှိနေတယ်လို့ အကြွမ်းမဲ့ လက်ခံနေကြတယ်။ 

ဘဝမှာ ကြီးကြီးမားမား စိတ်ဒဏ်ရာ ရခဲ့သူတွေက ဒီရောဂါ ဖြစ်တတ်ကြတယ်။ ကုသဖို့လဲ အတော် ခက်ခဲတဲ့ ရောဂါအမျိုးစားပါ။ အကြွင်းမဲ့ ယုံကြည်နေမှုကို ဖျက်ဆီးဖို့ဆိုတာ မလွယ်ဘူးမလား။

သောက်ဆေးတွေနဲ့ကုသလို့ ရနိုင်ပေမယ့် လူနာကိုယ်တိုင် ကြည်ကြည်ဖြူဖြူ ပူပေါင်းပါဝင်မှသာ ထိရောက်စွာ ကုသလို့ရမယ်။

ကုသရာမှာလဲ အချိန်ယူရတယ်။ မဟုတ်ရင် ဘယ်လောက်ပဲ သူ့ကို ရှင်းပြပေမယ့် သူလက်မခံနိုင်ရင် ကုသမှုက အရာထင်မှာ မဟုတ်ဘူး ”

“ ဦးနိုင် .. အခုပြောနေတာတွေက တကယ်လားဗျာ .. ကျွန်တော် မယုံနိုင်ဖြစ်နေတယ် .. ”

“ တကယ်ပါ လူလေး .. ဦးလေးလဲ အစက ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ မင်း ယုံအောင် ဦးလေး သက်သေပြပါ့မယ် ”

ဦးနိုင်က Laptop တစ်လုံးကို ထင်ရှားအောင် ရှေ့မှာ ချပြလိုက်သည်။ Laptop ထဲကနေ video တစ်ခုကို ဖွင့်ပြလိုက်သည်။ video ထဲမှာ မေချိုတစ်ယောက်တည်း စကားတွေ ပြောနေသည်။ အနားမှာ ဘယ်သူမှ မရှိဘူး။ ဒါပေမယ့် မေချို ပြောနေတဲ့ ပုံစံက အနားမှာ လူတစ်ယောက်နဲ့ အပြန်လှန် ပြောနေသလိုမျိုးဖြစ်သည်။

“ အဲ့ဒီနေ့ညက ဦးနိုင် အိပ်မပျော်တာနဲ့ အပျင်းပြေ ခြံထဲ လမ်းလျှောက်ဖို့ အခန်းထဲကနေ ထွက်လာတယ်။ ဧည့်ခန်းနားရောက်တော့ မေချို စကားပြောနေသံကို ကြားလိုက်ရတယ်။ အစက တစ်ယောက်ယောက်နဲ့ ပြောနေတယ် ထင်ပြီး ဒီအတိုင်း ကျော်သွားမလို့ပဲ ..

ဒါပေမယ့် ဧည့်ခန်းဘက်ကို ကြည့်လိုက်တော့ မေချိုတစ်ယောက်တည်း စကားပြောနေတာ။ အခု မင်းမြင်ရတဲ့အတိုင်း လူတစ်ယောက်နဲ့ အပြန်လှန်ပြောနေသလိုမျိုးဖြစ်နေတယ်။ ဒါနဲ့ ဦးနိုင်လဲ သူမမြင်နိုင်တဲ့ နေရာကနေ သေချာနားထောင်လိုက်တယ် ”

.......................

“ ချူး .. ဟုတ်လား .. သြော် .. သူက အကြံနဲ့ ရောက်လာတာပဲ .. ”

“ ......................... ”

“ ဒါကြောင့် သူ့ကိုကြည့်ပြီး ငါ့စိတ်ထဲမှာ တစ်ခုခု ခံစားနေတာကိုး .. နေပါဦး .. ခိုင်ကြီးက ဘယ်လိုဖြစ်ရတာလဲ ”

“ ......................... ”

“ ဟင်း .. ခိုင်ကြီးပါ သူတို့အဖွဲ့ထဲ ရောက်သွားပြီလား .. ဒါဆိုရင်တော့ ငါတို့ ငြိမ်နေလို့ မဖြစ်တော့ဘူး။ ခိုင်ကြီးကို လွှတ်ထားလိုက်ရင် ငါတို့အတွက် အန္တရာယ် အရမ်းကြီးသွားပြီ ”

“ .......................... ”

“ အေး ဟုတ်တယ် .. ချူးကို အရင်းရှင်းပစ်ရမယ်။ နောက်မှ ခိုင်ကြီးကို ရှင်းတာပေါ့ .. ဒီကိစ္စကို ထင်ရှား သိလို့မဖြစ်ဘူး .. သူက ကောင်မလေးကို သူ့အနားခေါ်ချင်နေတာ .. တောက်စ် .. မိုက်ရိုင်းလိုက်တာ .. ဒင်းတို့အကြံ ဒါအကုန်ပဲလား .. ”

“ ......................... ”

“ စိတ်ချ .. ဘယ်သူမှ မလွှတ်စေရဘူး .. ငါ့ဘဝကို ဖျက်ဆီးချင်နေတဲ့သူတွေကို တစ်ယောက်မကျန် ငါ အရင်ဖျက်ဆီးပြမယ် ”

........................

“ ဦးလေးလဲ အံ့သြလို့ ငေးကြည့်နေမိတယ်။ ဘယ်သူမှ မရှိပဲ မေချိုက တစ်ယောက်ယောက်နဲ့ စကားတွေ အပြန်လှန်ပြောနေတယ်။

အဝေးကနေ နားထောင်ရတာမို့ အားလုံးကို သေချာမကြားခဲ့ရဘူး။ နောက်တော့ အကြံတစ်ခု ရတာနဲ့ မေချို အိမ်မှာ မရှိတုန်း .. သူ့အခန်းထဲက CCTV Record တွေကို ဦးလေး ရှာကြည့်ခဲ့တယ်။ ဧည့်ခန်းကို ရိုက်ထားတဲ့ CCTV video တွေမှာ မေချိုတစ်ယောက်တည်း စကားပြောနေတဲ့ video ဖိုင်တွေ ရှာတွေ့ခဲ့တယ်။ video တွေကို copy ကူးပြီး တစ်ခုချင်း ပြန်ကြည့်တော့ အားလုံးက အဓိပ္ပါယ် မရှိဘူး ..

ဘယ်သူမှ ရှိမနေတာပဲ မေချို စကားတွေ ပြောနေတာချည်းပဲ။ ဘာတွေဖြစ်နေတာလဲ စဉ်းစားနေတုန်း .. ချုး အသတ်ခံရတဲ့ ညကို ရောက်သွားတော့တာပဲ။ နောက်တော့ သေချာစဉ်းစားကြည့်ပြီး ဦးလေး သဘောပေါက်သွားတယ်။ မေချို တစ်ခုခုဖြစ်နေပြီ။

ဒါပေမယ့် ဒီကိစ္စကို မင်းကိုလဲ အသိမပေးချင်ခဲ့ဘူး။ ဦးလေး မှားသွားတယ်။ အမှန်ဆို မင်းကို အစောကြီးကတည်းက ဖွင့်ပြောလိုက်ရမှာ .. မထင်မှတ်ပဲ ခိုင်ကြီးပါ ဆုံးသွားပြီဆိုတဲ့ သတင်းကြားတော့ ဦးလေး တုန်လှုပ်သွားတယ်။ နောက်ထပ် ဘယ်သူတွေ သေဦးမှာလဲ ..

မဖြစ်တော့ဘူးဆိုပြီး ဒီက ဒေါက်တာထွန်းမင်း ကို အကြောင်းစုံ ရှင်းပြပြီး အကူညီတောင်းခဲ့တယ်။ ဒီလောက်ဆို မင်းနားလည်မှာပါ ”

“ ဒါ .. ဒါ .. ဒါဆို .. ကိုကြီးက သစ္စာဖောက် မဟုတ်ဘူးပေါ့ .. ဘာလို့လဲ .. ဘာလို့ ကိုကြီးကို မမက သစ္စာဖောက်လို့ထင်ခဲ့တာလဲ ”

“ ဒီလိုပါ ကိုထင်ရှားအောင် .. ကျွန်တော် ချူး ကိစ္စကို အရင်ပြောပါမယ်။ မမေချိုက ကိုထင်ရှားအောင်ကို အရမ်း ချစ်တဲ့သူပါ။

ချူး ကိုထင်ရှားအောင်ကို သဘောကြသွားမှာ သူမကြိုက်ဘူး။ ဒါကြောင့် ချူးကို သူ့စိတ်ထဲကနေ မနာလိုဖြစ်ခဲ့တယ်။

မနာလိုတဲ့စိတ်ကနေ ချူးကို ရန်သူအဖြစ် ပြောင်းလဲ မြင်လိုက်တော့တယ်။ ဒါကြောင့် ချူးကို သူ အရင်ရှင်းလိုက်တာပါ။

နောက် .. ကိုခိုင်ကြီး ကိစ္စက ကျွန်တော့်အထင် ကိုခိုင်ကြီးရဲ့ တပည့်တွေက တဖြည်းဖြည်းများလာပြီး ခင်ဗျားတို့ အဖွဲ့စည်းမှာ ကိုခိုင်ကြီးက သြဇာ ကြီးလာတယ်။ ဒါကို မမေချိုက စိတ်ထဲကနေ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ တစ်ချိန်ချိန်မှာ ကိုခိုင်ကြီးက သူ့ကို ဒုက္ခပေးပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းမယ်လို့ ခံယူလိုက်ပုံပဲ။ ဒါကြောင့် ကိုခိုင်ကြီးကိုလဲ သူ မလိုလားတော့ဘူး။

အဲ့ဒီမှာ ချူး နဲ့ ကိုခိုင်ကြီးကို တစ်ဖွဲ့တည်းအဖြစ် သူ့စိတ်က ဖန်တီးလိုက်တယ်။ အားလုံးက သူ့စိတ်က ပုံဖော်တဲ့အတိုင်း လုပ်နေတာ။

နောက်ပြီး သူ့ကို စကားလာပြောတဲ့သူဆိုတာ တစ်ခြားသူမဟုတ်ဘူး .. သူကိုယ်တိုင်ပါပဲ။ ပြောရရင် .. သူ့ရဲ့ ထွက်ပေါက်စိတ်ပေါ့ဗျာ .. အဲ့ဒီစိတ်က သူ့ကို ပြန်ခိုင်းနေတာပါ။ အဲ့ဒီစိတ်ကို လူတစ်ယောက်အဖြစ် သူ မြင်လိုက်တာပါ။ ဒါကြောင့် မရှိတဲ့သူကို ရှိတယ်ထင်ပြီး သူ စကားတွေ ပြောနေခဲ့တယ်။ သူ့ကို ဒုက္ခပေးမယ့် အဖွဲ့ဆိုတာလဲ သူ့စိတ်ထဲမှာ မလိုလားတဲ့ သူတွေကို မြင်ယောင်ပြီး ဖွဲ့စည်းလိုက်တာ ..

အဲ့ဒီအထဲမှာ ချူး .. ကိုခိုင်ကြီး နဲ့ နောက်ဆုံး ကျွန်တော် သိရသလောက် ဒေါ်နီလာစိန် ပါနေတယ် ”

“ သွားပြီ .. သွားပြီဗျာ .. ကျွန်တော် ကိုကြီးကို အထင်မှားခဲ့ပြီ .. ဟာ .. သွားပြီ .. မမ .. ခင်ဗျား ... တောက်စ် ..... ”

ဧကရီက ထင်ရှားအောင် လက်ကို ဆုပ်ကိုင်ကာ ငေးကြည့်နေသည်။ ထင်ရှားအောင် ရင်ဘတ်တစ်ခုလုံး ရစရာမရှိအောင် ပူလောင်သွားသည်။

“ နေ .. နေပါဦး .. မမ သတ်ချင်နေတဲ့အထဲမှာ ဒေါ်နီလာစိန်က ဘယ်လိုလုပ်ပြီး ပါသွားတာလဲ ..  ”

“ အတိတ်ကြောင့်ပါ .. မမေချို ဒေါ်နီလာစိန်ဆီ စရောက်တဲ့အချိန်တုန်းက ဒေါ်နီလာစိန်က မမေချိုကို မနားတမ်း ခိုင်းခဲ့တယ်။

မမေချိုကို သူ့ဖောက်သည်တွေက သဘောကျတော့ ငွေတွင်းတစ်ခုလို သဘောထားပြီး ခိုင်းခဲ့တယ်။ ဒါကို မမေချို မကျေနပ်ခဲ့ဘူး။

နောက်တော့ မမေချို သူဌေးတစ်ယောက်ဆီကနေ အမွေရလိုက်မှ ဒေါ်နီလာစိန်က အချိုး ပြောင်းသွားတယ်။ အစတုန်းက မမေချိုကို သူ့ရဲ့ ငွေထုတ်စက်လို သတ်မှတ်ခဲ့တာပဲ။ ဒါကြောင့် သူ လက်စားချေချင်တဲ့သူစာရင်းမှာ ဒေါ်နီလာစိန်လဲ ပါသွားတယ်။

စိတ်မကောင်းစွာနဲ့ ဒေါ်နီလာစိန်လဲ မမေချိုလက်ချက်နဲ့ အသက်ပျောက်ခဲ့ရတယ် ”

“ ဘာ .. ဒေါ်နီလာစိန် သေပြီ ဟုတ်လား ”

“ ဟုတ်တယ် လူလေး .. မင်းနဲ့ခိုင်ကြီး ပြဿနာဖြစ်တဲ့နေ့မှာပဲ မေချိုက ဒေါ်နီလာစိန်ကို လုပ်ကြံလိုက်တယ်။ ဒေါ်နီလာစိန် သူ့အိမ်ကို ပြန်လာတဲ့လမ်းမှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ တကယ်တော့ မတော်တဆ ကားတိုက်တာမဟုတ်ပဲ တမင်သက်သက် လုပ်ကြံလိုက်မှန်း ဦးလေး နောက်မှ သိခဲ့တယ်။ 

ဒါပေမယ့် ဒေါ်နီလာစိန် သေသွားတဲ့ ကိစ္စကို မေချိုက မင်းကို ပြန်မပြောဖို့ ဦးလေးကို မှာခဲ့တယ်။ ဦးလေးလဲ သူနဲ့ အလိုက်သင့် ဆက်ဆံရတာမို့ မင်းကို မပြောဖြစ်ခဲ့ဘူး။ အခုတော့ ဒါတွေအားလုံးကို မင်း သိမှဖြစ်မယ်။ ဘာလို့လဲဆိုတော့ မေချို နောက်ထပ် သတ်မယ့်သူက ဘယ်သူမှန်း ဦးလေးတို့ မသိနိုင်ဘူး။ 

ဒါပေမယ့် ..သေချာတာက သူ နောက်ထပ် သတ်ဦးမှာပဲ .. အသတ်ခံရမယ့်သူတွေက မင်းချစ်တဲ့သူတွေပဲ ဖြစ်လိမ့်မယ် ”

“ ဟင်း .. သူ နောက်ထပ် သတ်ချင်တဲ့သူက ကျွန်မ ဖြစ်မှာ သေချာပါတယ် ”

ဧကရီ စကားကြောင့် ထင်ရှားအောင် သက်ပြင်းချလိုက်သည်။

“ ဟုတ်တယ် .. မင်း နဲ့ ငါ ဘယ်လို ပက်သက်ခဲ့လဲ မမ သိနေလောက်ပြီ။ သေချာတာပေါ့ .. မင်းကို သေချာပေါက် ..သူ သတ်ချင်နေမှာပဲ .. မမ .. ခင်ဗျား တော်တော် ရက်စက်ပါလား .. ဘာလို့ အဲ့လိုဖြစ်သွားရတာလဲ .. ခင်ဗျားကြောင့် ကိုကြီး သေရတာ .. ကိုကြီး ........ ”

ထင်ရှားအောင် ဆက်မပြောနိုင်တော့ပဲ မျက်ရည်များ ကျလာတော့သည်။ ဦးသက်နိုင်က စိတ်မကောင်းစွာ ကြည့်ရင်း .......။

“ သူ နောက်ထပ် သတ်မယ့်သူက ဧကရီ လဲ ဖြစ်နိုင်သလို .. ပန်းလေးလဲ ဖြစ်နိုင်တယ် ထင်ရှားအောင် ”

“ ဗျာ .. ”

“ ဟုတ်တယ် .. မင်းနဲ့ပန်းလေး ဘယ်သွားသွား .. သူနောက်ယောင်ခံ လိုက်ကြည့်ခိုင်းနေတာ ငါ သိတယ်။

ဒီမှာ .. သူ့အခန်းထဲမှာ မင်း မမြင်အောင် ဝှက်ထားတဲ့ နေရာကနေ ရခဲ့တဲ့ ဓါတ်ပုံတွေပဲ။ ဦးလေးက သူနဲ့အချိန်အကြာကြီးနေခဲ့သူမို့ သူ့အခန်းကို အသေးစိတ် သိနေခဲ့တယ် ”

ထင်ရှားအောင် ဓါတ်ပုံတွေကိုကြည့်လိုက်တော့ သစ်ပင်ကြီးအောက်မှာ သူနဲ့ပန်းလေးတို့ စကားပြောနေတုန်းက ပုံတွေဖြစ်သည်။

ပုံတွေထဲမှာ ပန်းလေးက ထင်ရှားအောင် ပုခုံးကို မှီရင်း စကားပြောနေသော ပုံတွေ ဖြစ်သည်။

“ မေချိုက မင်းကို သိပ်ချစ်ရှာတယ်။ ချစ်လွန်းတော့ မင်းကို ဘယ်သူ့ကိုမှ မပေးနိုင်တော့ဘူး။ နောက်ပြီး သူ့မှာက စိတ်ဝေဒနာလဲ ရှိနေတော့ သူ့စိတ်က ပုံမှန်မဟုတ်တော့ဘူး။ ဒါကြောင့် မင်းချစ်တဲ့သူတွေကို သူ တစ်ယောက်ပြီးတစ်ယောက် သတ်မှာပဲ။

ဒါမှ မင်းအနားမှာ သူ တစ်ယောက်တည်း နေလို့ရမှာလို့ ခံယူထားပုံပဲ။ ဒါကြောင့် နောက်ထပ် ဘယ်သူမှ မဆုံးရှုံးခင် မင်းကို သိအောင် အခုလို ခေါ်ပြောရတာပဲ။ ဦးဝဏ္ဏကျော်ကိုလဲ ခွင့်လွှတ်လိုက်ပါ။ တစ်ချိန်က သူ့အမှားတွေကို နောင်တရလို့ ငြိမ်းချမ်းစွာ နေထိုင်နေပါပြီ။ အခု ငါတို့ ရှေ့ဆက် မေချိုကို ဘယ်လို ထိန်းချုပ်မလဲဆိုတာပဲ အဓိက ဖြစ်နေပြီ ”

“ ဟုတ်ပါတယ် ကို .. တကယ်တော့ ဧကရီ ကို့ကို သိနေခဲ့တာ ကြာပါပြီ။ မမေချို နဲ့ ဖေဖေ တို့ရဲ့ ကိစ္စကို သိသွားပြီးတဲ့နောက်ပိုင်း မမေချိုကို သတိကြီးကြီးနဲ့ ဧကရီ စောင့်ကြည့်ခဲ့တယ်။ အဲ့ဒီမှာ မမေချိုအနားမှာ ကို ရှိနေတာကို စ သိခဲ့ရတယ်။ ကို့အကြောင်းကိုပါ စုံစမ်းရင်း ဧကရီ ကို့ကို စိတ်ဝင်စားလာတယ်။ နောက်ပြီး ကို့ကို မမေချို လက်ထဲကနေ လွှတ်မြောက်စေချင်တယ်။ 

တကယ်တော့ ..

ကိုက မမေချို ပြောသမျှ တကယ်ထင်ပြီး သူ့ဘဝထဲမှာ ပိတ်မိနေတဲ့ လူတစ်ယောက်ပါ။ ဒါကို ဧကရီ လက်မခံနိုင်ဘူး .. ဒါကြောင့် ..

ကို့အနားကို ဧကရီ ရောက်လာတာပဲ။ ကို့ကို မမေချို လက်ကနေ ဧကရီ ရအောင် ပြန်ယူချင်တယ်။ အခု ဦးဝဏ္ဏကျော်က ဧကရီ အဖေရင်းမှန်း မမေချိုသိသွားတော့ အရင်တုန်းက အနာဟောင်းက ပြန်နာလာပြီး ဧကရီတို့ သားအဖကို သူ သတ်ချင်သွားတယ်။

ဧကရီ ကို့အနားရှိနေတာကိုလဲ သူ လုံး၀ မကြိုက်ဘူးလေ ”

“ နေပါဦး .. မင်း နဲ့ ဦးနိုင်နဲ့က ဘယ်လိုလုပ် တစ်ဖွဲ့တည်းဖြစ်သွားတာလဲ ”

“ ဦးလေးအနေနဲ့ ဒီကိစ္စတွေကို သိပေမယ့် မင်းကို ကူညီနိုင်မယ့် အင်အား မရှိဘူးလေ .. ဒါကြောင့် မင်းကို ကူညီနိုင်မယ့်သူကို ရှာကြည့်တော့ ဧကရီကို သတိထားမိခဲ့တယ်။ မင်း နဲ့ ဧကရီ စတွေ့ခဲ့တဲ့ အဖြစ်ပျက်တွေကို ပေါ်ရာကနေ တဆင့် ဦးလေး သိခဲ့ရတယ်။

ဧကရီက မင်းကို စိတ်ဝင်စားနေတော့ ဦးလေးတို့ကို ကူညီနိုင်တာ ဧကရီပဲလို့ တွေးမိပြီး ပေါ်ရာကနေ တဆင့် ဧကရီကို ဆက်သွယ်ခဲ့တယ် ”

တစ်ချိန်လုံး ဘာမှမပြောပဲ ငြိမ်နေသော ပေါ်ရာက ထင်ရှားအောင် ပုခုံးကို ကိုင်ကာ .....။

“ မင်းအနားမှာ ဟန်ဆောင်ပြီး နေခဲ့မိလို့ ငါတောင်းပန်ပါတယ် ကိုရှား .. ငါ့အနေနဲ့ မင်းကို ညီတစ်ယောက်လို ခင်တာမို့ မေချို့လက်ကနေ မင်းကို လွှတ်မြောက်စေချင်တယ်။ ဒါကြောင့် ဧကရီကို ကူညီပေးဖို့ ငါ ဆုံးဖြတ်လိုက်တယ် ”

ထင်ရှားအောင် ဆိုဖာပေါ် ကျောမှီလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်တော့သည်။ သူ့စိတ်တွေ အရမ်း ရှုပ်ထွေးနေတယ်။

ရုတ်တရက် သိလိုက်တဲ့ အကြောင်းရာတွေက သူ့ကို တုန်လှုပ်ခြောက်ခြားစေတယ်။ မမ .. ဘာလို့ ဒီလိုဖြစ်ရတာလဲဗျာ။

“ လူလေး စိတ်တွေ အရမ်းရှုပ်သွားလား .. လူလေး လက်ခံရခက်မှန်း သိပေမယ့် ဒါ အမှန်တရားတွေပဲ။ ဦးလေးတို့ မေချိုကို ဒီထက် ပိုဆိုးမလာခင် တားဆီးမှဖြစ်မယ်။ သူ့အခြေနေက နောက်ဆုံးအဆင့်ကိုရောက်နေပြီ။

ဒီကမ္ဘာမှာ မေချို ယုံကြည်တဲ့သူက မင်းကလွဲပြီး ဘယ်သူမှမရှိဘူး။ မင်းတစ်ယောက်ပဲ မေချိုကို တားဆီးနိုင်မယ်။

ဖြစ်ပြီးတာတွေလဲ ပြီးခဲ့ပြီ .. ခိုင်ကြီး နဲ့ ချူးအတွက် ဦးလေး တကယ် စိတ်မကောင်းပါဘူး။ ဦးလေးက မေချိုနဲ့ အတူနေလာတဲ့သူမို့ သူ ဘယ်လောက် နာကျင်ခံစားခဲ့ရလဲ နားလည်တယ်။ ဒါကြောင့် မဖြစ်သင့်တာတွေ မဖြစ်အောင် မင်းက သူ့ကို ကူညီပေးပါနော် ”

“ ဦးနိုင် .. ကျွန်တော် မမကို ရင်ဆိုင်ရမှာ ကြောက်နေတယ်။ ကျွန်တော် ပြောတာကို မမ လက်မခံဘူးဆိုရင် .. ဟာ .. ဘာတွေ ဖြစ်ဦးမှာလဲ .. စိတ်ရှုပ်လိုက်တာဗျာ .. ”

“ အကောင်းဘက်ကို မျှော်လင့်ထားသလို အဆိုးဆုံး အခြေနေကိုလဲ ကြိုတွေးထားရမှာပဲ လူလေး ..မေချိုသာ သူ့ရောဂါ အခြေနေကို လက်မခံဘူးဆိုရင်တော့ ဦးလေးတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတွေ .. ဝမ်းနည်းစရာတွေ နောက်ထပ် ကြုံရလိမ့်ဦးမယ် .. 

မင်းဘက်က ကြည့်ရင်တော့ ..မေချိုက မင်းကို အရမ်းချစ်တဲ့သူပဲ။ ဒါပေမယ့် တစ်ခြားသူတွေဘက်ကနေ ကြည့်ရင်တော့ မေချိုက ကြောက်စရာကောင်းတဲ့ လူသတ်သမား ဖြစ်နေပြီ။ ဦးလေး မင်းကို ယုံကြပါတယ်။ မင်း အကောင်းဆုံး လုပ်နိုင်မှာပါ .. ”

မမရယ် .. ဘယ်လောက်တောင် နာကျင်ခဲ့လို့ အခုလို ဖြစ်သွားတာလဲ။ ကျွန်တော် မမကို သနားမိသလို .. ကြောက်လဲ ကြောက်နေမိတယ်။

ကျွန်တော့်ကို မမ ဘဝထဲ ဘာလို့ဆွဲခေါ်ခဲ့တာလဲဗျာ။ ကျွန်တော်သာ မမနဲ့ မတွေ့ခဲ့ဘူးဆိုရင် ခုချိန်ထိ ဘုံစံနန်းမှာ ဘဝကို ဖြစ်သလို .. ဖြတ်သန်းနေမယ်ထင်တယ်။ အဲ့ဒီဘဝကမှ အခုထက် အများကြီး ပိုကောင်းပါဦးမယ်ဗျာ။

ချူး နဲ့ ကိုကြီး .. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် .. ကျွန်တော် .. သူ့ကို ယုံကြည်ခဲ့မိလို့ ... သူ့ကို ချစ်ခဲ့မိလို့ .....။

“ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ မမေချိုကို အလွယ်တကူနဲ့တော့ သိမ်းသွင်းလို့ မရနိုင်ဘူးဗျ။ သူ့စိတ်ရောဂါ အခြေနေကို သူကိုယ်တိုင် နားလည်လက်ခံနိုင်သွားမှ ကုသပေးလို့ရမယ်။ Psychosis လူနာတွေက ကြည့်လိုက်ရင်တော့ လူကောင်းအတိုင်းပါပဲ။ 

ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ကျွန်တော်တို့ မမြင်ရ မကြားရတဲ့ အရာတွေနဲ့ တစ်ချိန်လုံး ရှင်သန်နေထိုင်နေတယ်။ ဒါတွေကို တကယ်မဟုတ်ပါဘူးလို့ သူကိုယ်တိုင် လက်ခံနိုင်အောင် ကြိုးစားရမှာပဲ ”

ထင်ရှားအောင် တင်းထားသော စိတ်များကို လျော့ချလိုက်တော့သည်။ လက်ခံနိုင်အောင် ကြိုးစားရမှာပဲ ဆိုတဲ့ စကားက ဖြစ်နိုင်ပါ့မလား။ မေချိုလို စိတ်ဓါတ်ပြင်းထန်တဲ့ သူမျိုးကို သူဘယ်လို ရှင်းပြရမှာလဲ။ အရာအားလုံးက ခဏတာ တိတ်ဆိတ်သွားတော့သည်။ အခန်းထဲက လူများက ထင်ရှားအောင်ကို ငေးကြည့်နေသည်။

ထင်ရှားအောင် ဆေးလိပ်တစ်လိပ် မီးညှိကာ အားရအောင် ရှိုက်သွင်းလိုက်သည်။ ခါးကြားမှာ အမြဲစောင်ထားလေ့ရှိတဲ့ ဓါးမြှောင်ကို ထုတ်ကာ သူ့ဘယ်ဘက်လက်မောင်းကို တစ်ချက်တည်း အားသုံးပြီး လှီးလိုက်တော့သည်။ ဧကရီက ထိပ်လန့်သွားပြီး သူ့လက်ထဲက ဓါးကို အတင်းဆွဲယူလိုက်သည်။

“ ကို .. ”

“ ဘာမှမဖြစ်ဘူး ဧကရီ .. မမ ယုံကြည်အောင် ဒီလောက်တော့ ငါ့ဘက်က ပြင်ဆင်မှဖြစ်မယ်။ ဦးနိုင် ကျွန်တော် မမ ဆီ ပြန်တော့မယ်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ် ”

သွေးများ စီးကျနေတဲ့ သူ့လက်မောင်းကို ကိုင်ကာ ထင်ရှားအောင် အားလုံးကို ကျောခိုင်းကာ ထွက်လာခဲ့သည်။ အခန်းထဲက လူများက သူ့ကို ငေးကြည့်ရင်း ကျန်ခဲ့တော့သည်။

........................................................................

အခန်း (၃၃)

အိမ်ရှေ့ကို ပြန်ရောက်တော့ ပေါ်ရာက ကားတံခါး ဖွင့်ပေးလိုက်သည်။ ထင်ရှားအောင် လက်မောင်းမှ ဒဏ်ရာကို အဝတ်ဖြင့်စည်းကာ ကားပေါ်ကနေ အေးဆေးပဲ ဆင်းလာခဲ့သည်။ မေချိုက ဧည့်ခန်းထဲမှာ သူ့ကို အသင့်ထိုင်စောင့်နေတာ တွေ့လိုက်ရသည်။ လက်မောင်းမှ ဒဏ်ရာကိုမြင်တော့ မေချို ထင်ရှားအောင်နား ပြေးလာသည်။

“ ထင်ရှား .. မင်း ဒဏ်ရာ ရလာတယ် .. ”

“ မနက်ပါဘူး .. ခြစ်မိရုံလေးပါ .. မမ မအိပ်သေးဘူးလား ”

“ ငါ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ .. မင်း ပြန်မရောက်သေးလို့ ဒီမှာ ထိုင်စောင့်နေတာ ..ဦးနိုင်က သူ့အမျိုးတွေဆီ အလည်သွားလို့ ငါ့မှာ စကားပြောဖော်လဲ မရှိဘူး ”

“ မမ .. ဝဏ္ဏကျော် ကို ကျွန်တော် သတ်ခဲ့ပြီ .. ထုံးစံအတိုင်း အလောင်းကို မြစ်ထဲမှာ ခဲဆွဲလိုက်တယ်။ မမ ပြောစေချင်တဲ့ စကားကိုလဲ သူမသေခင် ကြားသွားတယ်။ သူက ရန်သူဆိုတာရော သေချာရဲ့လား မမ ”

“ ဘာလို့လဲ .. ”

“ သူ့ပုံစံက ကျွန်တော့်ကိုတောင် မသိဘူးဖြစ်နေတယ်။ သူ့ကို သတ်ခါနီး ကျွန်တော့်ကို ကြည့်ပြီး မေးခဲ့တယ်။ မင်း ဘယ်သူလဲ .. ဘာလို့ ငါ့ကို သတ်ချင်တာလဲတဲ့ ... မမ .. သူဘာလို့ ကျွန်တော့်ကို မသိရတာလဲ ”

ထင်ရှားအောင် သူရဲ့ ပြန်လည်တိုက်ခိုက်မှုကို စတင်လိုက်ခြင်းဖြစ်သည်။ မေချို ဘာပြန်ဖြေမလဲ သူ စိတ်ဝင်စားနေသည်။

“ သူ ဟန်ဆောင်နေတာပါ .. သူ မင်းကို မသိပဲ ဘယ်နေမလဲ .. သိသိနဲ့ ဟန်ဆောင်ပြီး မေးလိုက်တာဖြစ်မယ် ”

“ သူ ဟန်ဆောင်နေတယ်ဆိုရင် တော်တော် သရုပ်ဆောင်ကောင်းတယ်ဗျာ .. ကျွန်တော်တောင် မသတ်ခင် ကြောင်သွားတယ်။ အခု ရန်တစ်ခု ရှင်းပြီးပြီဆိုတော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ .. ”

“ နားလိုက်ဦးကွာ .. မင်း အရမ်းပင်ပန်းလာတယ် .. ဒီည မမနဲ့အတူတူ အိပ်မလား .. ငါ့ချစ်သူလေး မမကြောင့် ပင်ပန်းနေပြီ .. ”

မေချိုက ထင်ရှားအောင် မျက်နှာကို ကိုင်ကာ ပြောနေသည်။ ထင်ရှားအောင်မှာတော့ မေချိုကို ကြည့်ကာ သနားစိတ်ရော ခံပြင်းတဲ့စိတ်ပါ ဖြစ်နေသည်။

မေချိုက သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်သလို တစ်ချိန်လုံး သူ ယုံကြည် လေးစားခဲ့ရတဲ့ မမ က အခုတော့ လူသတ်သမားဖြစ်နေပြီ။ သူ ချစ်ရတဲ့ ခိုင်ကြီးကို သတ်ခဲ့သော တရားခံဖြစ်နေသည်။ ထင်ရှားအောင် အတတ်နိုင်ဆုံး စိတ်ကို ထိန်းကာ မေချို့လက်များကို ကိုင်ကာ ပြန်ပြောလိုက်သည်။

“ မမရော မပင်ပန်းဘူးလားဗျာ .. ”

“ ဟင့်အင်း .. ဖြစ်နိုင်ရင် မမ ကိုယ်တိုင် လုပ်ချင်တာ .. ဒါပေမယ့် အဲ့ဒီလူရဲ့ မျက်နှာကို မမ ဘယ်တော့မှ ထပ်မမြင်ချင်တော့ဘူး .. ”

မမ သူ့ကို ရင်မဆိုင်ရဲဘူးဆိုတာ ကျွန်တော် သိပါတယ်။ မမရဲ့ မသိစိတ်က သူ့ကို ကြောက်နေတာကိုး။ မမရဲ့ ဘဝကို ပထမဆုံး ဖျက်ဆီးခဲ့တဲ့သူကို မမ ဘယ်ရင်ဆိုင်ရဲပါ့မလား။ မမရယ် .. ကျွန်တော် မမကို ဘယ်လို တားဆီးရမလဲ .. မမမှာ စိတ်ရောဂါ ဖြစ်နေပါတယ်ဆိုတာ ဘယ်လိုပြောရပါ့မလဲ။

“ မမ ကို ပြောစရာ ရှိသေးတယ် ”

“ ဘာလဲ ”

“ ဝဏ္ဏကျော် မသေခင် ကျွန်တော့်ကို ပြောသွားတာ ရှိတယ်။ သူ ဘာပြောသွားလဲဆိုတော့ ..ကျွန်တော်တို့ကို သတင်းပေးနေတဲ့သူက ဘယ်သူလဲဆိုတာ ပြောသွားတယ်။ နောက်ပြီး ..သတင်းပေးနဲ့ပက်သက်ပြီး အရေးကြီးတဲ့ ကိစ္စတစ်ချို့လဲ သူ မသေခင် ပြောသွားတယ် ”

“ ဘာ .. ”

“ ဟုတ်တယ် မမ .. ဘယ်သူလဲဆိုတာ ကျွန်တော် သိသွားပြီ။ ကျွန်တော် သူနဲ့တွေ့ချင်တယ်။ ဘာလို့လဲဆိုတော့ သူ မမကို မပြောပဲ ဝှက်ထားတဲ့ ကိစ္စတွေ ရှိနေတယ် .. ကျွန်တော်တို့အတွက် အရေးကြီးတယ် မမ .. ကျွန်တော် သူနဲ့ မျက်နှာချင်းဆိုင် မေးချင်တယ် ”

မေချို မတ်တပ်ရပ်ရာကနေ ထိုင်ချလိုက်သည်။ ထင်ရှားအောင် မေချို့ကို တစ်ချိန်လုံး အကဲခတ်ကြည့်နေမိသည်။

“ မင်း ဘာတွေသိထားလဲဆိုတာ မမကို ပြောပြစမ်း ထင်ရှား ”

“ ဆောရီး မမ .. ကျွန်တော် အခု မပြောနိုင်သေးဘူး။ သတင်းပေး ဆိုတဲ့လူနဲ့တွေ့မှ မမကို ပြောပြနိုင်မယ်။ တကယ်လို့ မမသာ သူနဲ့ကျွန်တော့်ကို ပေးမတွေ့ဘူးဆိုရင် မကြာခင် ကျွန်တော် အသတ်ခံရနိုင်တယ် ”

“ ဟင် .. မဖြစ်နိုင်ဘူး .. သူက ငါ့ကိုပဲ တွေ့ပြီး သတင်းပေးနေတာ .. နောက်ပြီး သူက ငါ့အပေါ် သစ္စာရှိတဲ့လူ .. ငါ သူ့ကို ယုံ ... ငါ ... ”

မေချို စကားပြောနေရင်း ရပ်တန့်သွားသည်။ မေချို ထိပ်လန့်ခြောက်ခြားသွားပုံကို မြင်ရတာ ဒါ ပထမဆုံးပဲ။ လက်တွေတုန်နေပြီး တစ်ခုခုကို အလေးနက် တွေးနေပုံရသည်။

“ မမ .. ဘာတွေ စဉ်းစားနေတာလဲ .. ကျွန်တော့်ကို တွေ့ပေးမှာလား .. ”

“ ငါ .. ငါ .. မင်းကို သူနဲ့ တွေ့မပေးချင်သေးဘူး ”

“ မမ သဘောပါပဲ .. ဦးဝဏ္ဏကျော် ပြောသလို ကျွန်တော် အသတ်ခံရနိုင်တယ်ဆိုတာကို မမက မစဉ်းစားတော့ဘူးပေါ့ .. တကယ်လို့ ကျွန်တော်သာ သေခဲ့ရင် ........... ”

“ ဆက်မပြောနဲ့ .. မင်း မသေရဘူး .. ”

“ ဒါကတော့ မမပေါ်ပဲ မူတည်နေတယ်။ ကျွန်တော်ကတော့ မမ သဘောအတိုင်း နေပေးမှာပါ။ ကျွန်တော် သေမှာကို မကြောက်ပါဘူး။ မမအတွက်ပဲ ကျွန်တော် စိုးရိမ်မိတယ် ”

“ မင်း သတင်းပေး ဘယ်သူလဲဆိုတာ သိတာ သေချာလား ”

ထင်ရှားအောင်ကို အကြပ်ရိုက်စေတဲ့ မေးခွန်းဖြစ်သည်။ မရှိတဲ့လူကို ရှိအောင် ဖန်တီးလိုက်ရပြီး မသိတဲ့သူကို သိနေပါတယ်ပြောရတာ ထင်ရှားအောင်အတွက် အတော်ခက်ခဲသည်။ မေချို ဒီမေးခွန်းကို ပြန်မပေးပါစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် ဆုတောင်း မပြည့်ခဲ့ဘူး။

ဒါပေမယ့် ထင်ရှားအောင်မှာ အဖြေက ရှိနေပြီးသားပါ။

“ ဘယ်သူလဲဆိုတာ ကျွန်တော် သိပေမယ့် .. သေချာလားဆိုတာတော့ ကျွန်တော် မပြောတတ်ဘူး ..ဘာလို့လဲဆိုတော့ မမ ပြောတဲ့သူနဲ့ ကျွန်တော် ပြောတဲ့သူက လွဲနေရင် ဘယ်လိုလုပ်မလဲ .. ကျွန်တော် မမကို ယုံကြည်သလို မမလဲ ကျွန်တော့်ကို ယုံမှဖြစ်မယ်။ ဒါကြောင့် သူနဲ့ ကျွန်တော့်ကို မမ တွေ့ပေးပါ။

ကျွန်တော် သူ့ကို မေးစရာတွေရှိတယ်။ သူနဲ့တွေ့ရရင် ကျွန်တော် သိချင်နေတဲ့ အဖြေတွေ ထွက်လာလိမ့်မယ်။ အခုတော့ ကျွန်တော် မပြောပါရစေနဲ့ ”

“ ဝဏ္ဏကျော် မင်းကို ဘာတွေပြောလိုက်တာလဲကွာ .. တောက်စ် .. ဒီလူကြီး သေခါနီးထိ ငါ့ကို ဒုက္ခပေးသွားတာပဲ ”

ထင်ရှားအောင်မှာ ဘာမှမဖြစ်ခဲ့တာတွေ ဖြစ်ခဲ့သလို ပြောဖို့ အိမ်အပြန်လမ်းမှာ အချိန်ယူ စဉ်းစားခဲ့သည်။ မေချိုကို တားဆီးဖို့ဆိုတာ သူ ယုံကြည်နေတာကို အမှန်တကယ် မဟုတ်ပါဘူးလို့ ပြောရုံလောက်နဲ့ မရမှန်း သိနေသည်။ ဒါကြောင့် မေချိုရဲ့ ယုံကြည်မှုအပေါ် အလိုက်သင့် ဆက်ဆံရင်း သူ့ယုံကြည်မှုများကို တစ်ခုချင်း အမှန်တကယ်မဟုတ်မှန်း သူလက်ခံနိုင်အောင် လုပ်ရလိမ့်မည်။

“ ကူညီသွားတာပါ မမ .. သေခါနီး လူတစ်ယောက်ရဲ့ နောင်တရချိန်ပေါ့ .. မမ အပေါ် သူလုပ်ခဲ့တာတွေကိုလဲ ..ခွင့်လွှတ်ပေးပါလို့ အကြိမ်ကြိမ် တောင်းဆိုသွားတယ် .. ကျွန်တော်တို့ ရန်သူအဖွဲ့ရဲ့ လှုပ်ရှားမှု တစ်ချို့ကိုလဲ သူ ကျွန်တော့်ကို ပြောပြသွားခဲ့တယ် .. ဒါတွေအားလုံး သတင်းပေးတဲ့သူနဲ့ တွေ့လိုက်ရင် ရှင်းသွားမှာပါ ”

“ ခွင့်မလွှတ်နိုင်ဘူး .. လုံး၀ ခွင့်မလွှတ်ဘူး .. ငါ့ဘဝကို ငါကိုယ်တိုင် တန်ဖိုးမထားနိုင်တဲ့အထိ ဖျက်ဆီးခဲ့တဲ့လူကို ငါ ဒီတစ်သက် ခွင့်မလွှတ်နိုင်ဘူး ထင်ရှား .. ”

မေချို မျက်ရည်များ စီးကျနေသည်။ ထင်ရှားအောင် မေချိုကို ဖက်လိုက်ကာ ...။

“ စိတ်လျော့လိုက်ပါတော့နော် .. ဒီည မမနဲ့အတူ ကျွန်တော် အိပ်ချင်တယ်။ အရင်လို မမ ရင်ခွင်ထဲမှာ ခေါင်းတိုးဝှေ့ရင်း ..မမ ပြောမယ့် စကားတွေကို နားထောင်ချင်တယ်။ ကျွန်တော်တို့ အားလုံးကို ခဏလောက်မေ့ထားရအောင်လား မမရယ် ”

“ ထင်ရှား .. မမ မင်းကို အချိန်တန်ရင် သတင်းပေးသူနဲ့ တွေ့ပေးမှာပါ။ ဒါပေမယ့် မင်း သူ့ကိုတွေ့တဲ့အခါ ဘာပဲဖြစ်နေနေ မမ အပေါ် ယုံကြည်ပေးပါနော် .. ”

ကျွန်တော် ယုံကြည်ချင်ပါတယ် မမ ..  မမကို ယုံကြည်ခဲ့လို့လဲ ကျွန်တော့် နှလုံးသားတွေ တစ်စစီ ကွဲအက်နေပါပြီ။

အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားတဲ့အထိ ယုံလိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ချစ်ရတဲ့သူတွေ ရှိသေးတယ်။

ကျွန်တော်သာ မမကို မတားဘူးဆိုရင် ကျွန်တော့် အနားက ကျွန်တော့်ကို ချစ်တဲ့သူတွေ အားလုံး ဆုံးရှုံးရလိမ့်မယ်။ ကျွန်တော် မယုံကြည်ပါရစေနဲ့တော့ .. သေသွားတဲ့သူတွေ ကျွန်တော့်ကို စောင့်ကြည့်နေကြပြီ .. သူတို့အတွက် .. ကျွန်တော် မမကို မယုံကြည်ပါရစေနဲ့တော့ဗျာ ........။

................................................................

တစ်ပတ်ခန့်ကြာသော် ...။

“ ဘာတွေ အတွေးလွန်နေတာလဲဗျ .. ”

“ ကိုရှား .. လာကွာ .. ငါ တစ်ယောက်တည်း သောက်ရတာ ပျင်းတာနဲ့အတော်ပဲ ”

“ ပြောပါဦး ”

“ ငါ့စိတ်ထဲ မရှင်းတာ တစ်ခုရှိတယ်။ အရင်တုန်းက မင်းနဲ့ငါ လမ်းတစ်ခုမှာ တိုက်ခိုက်ခံရတာ မှတ်မိလား။ မင်းနဲ့ငါ ပထမဆုံး ခင်မင်သွားတဲ့ အချိန်လေ .. ငါတို့နောက်ကို ကားတစ်စီးလိုက်ပြီး ပစ်ခဲ့တာ မှတ်မိလား ”

“ မှတ်မိတယ် .. ဘာလို့မေးတာလဲ ”

“ အဲ့ကိစ္စ ဘာလို့ဖြစ်ခဲ့တာလဲ .. မေချိုက ဘာလို့ ငါတို့ကို တိုက်ခိုက်ခဲ့တာလဲ .. အဲ့ဒါ မေချို့လက်ချက်ဆိုတာ အခုမှ ပြန်တွေးမိတယ်။ ဒါပေမယ့် မင်းကို မေချိုက ဘာလို့ တိုက်ခိုက်တာလဲ .. မင်းကို သူ ဒီလောက်ချစ်နေတာကို .. ငါ အဲ့ဒါ စဉ်းစားမိပြီး အဖြေရှာ မရဖြစ်နေတာ ”

ထင်ရှားအောင် ပေါ်ရာ ပုခုံးကို တစ်ချက်ပုတ်လိုက်ပြီး အရက်ခွက်ကို မော့ကာ ပြောလိုက်သည်။

“ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လဲ အဲ့ဒီကိစ္စကို မနေ့ညက စဉ်းစားမိနေတာ။ ကျွန်တော့်အထင်တော့ အဲ့တုန်းက ကျွန်တော်တို့ကို တိုက်ခိုက်ခိုင်းတာ မမ ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် မမ မဟုတ်ဘူး ကိုပေါ်ရာ ”

“ မင်းဟာက ဘာကြီးလဲကွ .. ”

“ မမက တစ်ယောက်တည်း မဟုတ်ဘူးဗျ .. သူ့ဘေးနားမှာ သူ့ကို တစ်ချိန်လုံး စကားလာပြောနေတဲ့သူရှိတယ်လေ ..အဲ့ဒီလူက အပြင်မှာ တကယ် မရှိပေမယ့် သူ့စိတ်ထဲမှာတော့ အမြဲတိုင်းရှိနေတယ်မလား .. ”

“ ဒါဆို .. ”

“ ဟုတ်တယ် .. ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ခိုင်းခဲ့တာ မမ ဖြစ်ပေမယ့် သူ့စိတ်ရင်း မဟုတ်ဘူး ..သူမြင်ပြီး ကျွန်တော်တို့ မမြင်ရတဲ့ သူ့ရဲ့နောက်ထပ် စိတ်တစ်ခုပဲ .. တိုက်ခိုက်ခံရတုန်းက ကျွန်တော့်ကို မပစ်ပဲ တစ်ခြားသူတွေကိုပဲ ပစ်နေတယ်လို့ ကျွန်တော် ပြောခဲ့တယ်နော် .. အဲ့ဒါ မမရဲ့ စိတ်နှစ်ခုကြောင့်ပဲ။

တစ်ယောက်က ကျွန်တော့်ကို သေစေချင်တယ်။ နောက်တစ်ယောက် ကျွန်တော့်ကို ရှင်စေချင်တယ်။ ဒီတော့ တိုက်ခိုက်မယ့်သူတွေကို တစ်ခြားသူတွေကိုပစ်ပြီး ကျွန်တော့်ကို အရှင်ဖမ်းဖို့ မှာလိုက်ပုံပဲ။

စိတ်နှစ်ခုစလုံး ခိုင်းတဲ့အတိုင်း တိုက်ခိုက်ခဲ့တယ် .. ဒါပေမယ့် ကျွန်တော့်ကို မပစ်ခိုင်းခဲ့ဘူး။ တိုက်ခိုက်ခိုင်းတာက မမရဲ့ ရောဂါဖြစ်နေတဲ့စိတ် .. ကျွန်တော့်ကို မပစ်ဖို့တားခဲ့တာက မမရဲ့ စိတ်ရင်းအမှန် .. ရှင်းသွားပြီလား ”

“ မင်းပြောမှ သဘောပေါက်တယ် .. ငါ ဘယ်လိုမှ စဉ်းစားမရဘူးဖြစ်နေတာ .. ငါတို့ မမြင်ရတဲ့ မေချို့ရဲ့ စိတ်အခွဲက တော်တော် ကြောက်ဖို့ကောင်းတာပဲ .. မေချို ဘယ်လိုပုံစံမျိုးနဲ့ အဲ့ဒီစိတ်ကို မြင်နေရလဲဆိုတာ ငါ သိချင်မိတယ်။ ကိုရှား .. မင်းလဲ ဂရုစိုက်ကွာ .. ခုချိန်က ငါတို့ သတိကြီးကြီးနဲ့ နေရမယ့်အချိန်ရောက်နေပြီ။အန္တရာယ်က အချိန်မရွေး ရောက်လာနိုင်တယ် ”

“ ဟုတ်တယ် ကိုပေါ်ရာ .. မမ ပုံစံကတော့ ပုံမှန်အတိုင်းပဲ .. တစ်ခါတစ်လေ စကားလမ်းကြောင်း မညီတာတွေကလွဲပြီး ကျန်တာက လူကောင်းပကတိအတိုင်းပဲ။ ဒါကြောင့်လဲ သူ ဘာဖြစ်နေလဲဆိုတာ ကျွန်တော်တို့ မရိပ်မိခဲ့တာပေါ့ ”

“ အေးကွာ .. သူဘာဖြစ်နေလဲဆိုတာ သူကိုယ်တိုင် လက်ခံဖို့ မင်း တော်တော်ကြိုးစားယူရမယ်ထင်တယ် .. တကယ်လို့ သူ လက်မခံဘူးဆိုရင်ရော .... ”

ပေါ်ရာ မေးခွန်းကို ထင်ရှားအောင် ပြန်ဖြေဖို့ စိတ်တွေ လေးလံသွားသည်။ ထင်ရှားအောင် အရက်တစ်ခွက် ငှဲ့ကာ တစ်ချိုက်တည်း သောက်လိုက်ရင်း ...။

“ သူ လက်မခံဘူးဆိုရင်တော့ ကျွန်တော်နဲ့မမ ကြားကို သေမင်းက အချိန်မှီရောက်လာလိမ့်မယ် ”

“ ဟင်း .. ဆောရီးကွာ .. ငါ မမေးသင့်တာတွေ မေးမိပြီ။ ဘာပဲဖြစ်ဖြစ် အားတင်းထားပါကွာ .. ခုချိန်မှာ သူ့သြဇာ နဲ့ အင်အားက တောင့်နေသေးတယ်။ ငါလဲ ရသလောက် သူ့လူတွေကို ငါတို့ဘက်ပါအောင် စည်းရုံးနေပါတယ်။ အချိန်တန်ရင် သူ အားနည်းလာမှာပါ။ အဲ့ဒီခါကျမှ သူနားလည်အောင် မင်းလုပ်ကြည့်ပေါ့ ”

“ ခင်ဗျားပြောသလို ဖြစ်လာရင်တော့ ကောင်းတာပေါ့ .. ဒါပေမယ့် ကျွန်တော်တို့ မအောင်မြင်ခင် သူ့စိတ်တွေ ဖောက်သွားမယ်ဆိုရင် ... ကဲဗျာ .. သောက်နေတုန်း စိတ်ညစ်စရာတွေ မပြောတော့ဘူး ..လာဗျာ .. Cheers ”

( ................... )

ဖုန်းနံပါတ်ကြည့်လိုက်တော့ တစ်ခါမှ မမြင်ဖူးတဲ့ ဖုန်းနံပါတ်ဖြစ်သည်။ ထင်ရှားအောင် ဖုန်းကိုင်လိုက်သည်။

“ ဟယ်လို .. ”

“ အခုပြောနေတာ ကိုထင်ရှားအောင်လား ”

“ ဟုတ်တယ် .. ဘယ်သူလဲ ”

“ ................................................................. ”

“ တောက်စ် ... ငါ အခုချက်ချင်း လာခဲ့မယ် .. မင်း အဲ့ဒီမှာပဲ စောင့်နေ .. ”

“ ကိုရှား .. ဘယ်သူလဲကွ .. မင်းပုံစံက ချက်ချင်း ဒေါသထွက်သွားတယ် ”

“ ကိုပေါ်ရာ .. ကားအသင့်ပြင်ထား သွားစရာရှိတယ် ”

ထင်ရှားအောင် သောက်လက်စ အရက်ခွက်ကို ကုန်အောင် မော့လိုက်ပြီး ဘားကောင်တာကနေ ဒေါသတကြီး ထ ထွက်သွားတော့သည်။

.........................................................................

အခန်း (၃၄)

Club ရဲ့ VIP အခန်းထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ အရက်သောက်ရင်း ဇွဲသန့် ဖုန်းပွတ်နေသည်။ အသံလုံအောင် သေချာပြုလုပ်ထားသော အခန်းဖြစ်သောကြောင့် အထဲမှ အသံလဲ အပြင် မထွက်သလို အပြင်က ဆူညံသံများလဲ အထဲကနေ သိပ်မကြားရပေ။

“ ငဇွဲ .. ဒီစော်လေး မမိုက်ဘူးလား .. ရုပ်ရှိ ရေလျှံလေးဟ .. မာနလေးတော့ တင်းတယ် .. ဘယ်လိုလဲ ”

“ တော်ပါကွာ .. ငါ ပန်းကိုပဲ ချစ်တယ် .. တောက်စ် .. သူ့အစ်ကိုဆိုတဲ့ အဲ့မအေဘေး မရှိရင် သိပ်ကောင်းမယ်ကွာ ..အဲ့လူသာ မရှိရင် ခုချိန် ငါ့ရင်ခွင်ထဲ ပန်း ရောက်နေလောက်ပြီ။ တောက်စ် .. ပြောရင်း ဒေါသထွက်လာပြီ ..ခုထိ မကျေနပ်ဘူး အဲ့ဘဲကြီးကို .. မမ ကလဲ ဘာမှ လုပ်မပေးတဲ့အပြင် သူကပါ အဲ့ဘဲကို ကြွေနေပုံပဲ .. လီးပဲကွာ .. ”

“ မေ့လိုက်စမ်းပါကွာ .. မိန်းမ ပေါပါတယ်ဟ .. မင်း အခြေနေနဲ့ဆို ပန်းထက် မိုက်တာတွေ အများကြီး ကပ်လို့ရတယ်။ အဲ့ဘဲတွေက ဇာတ်ရှုပ်တွေ .. မင်း ဝင်သွားရင် နစ်သွားမယ် .. အေးဆေး နေစမ်းပါကွာ ”

“ မသိဘူးကွာ .. ငါ ပန်းကို စောက်ရမ်း သတိရနေတယ်။ အခုနောက်ပိုင်း ကျောင်းကိုလဲ မလာတော့ဘူး။ စာမေးပွဲ နီးနေတာတောင် မလာဘူးဆိုတော့ ဘာဖြစ်နေလဲ မသိဘူးကွာ .. ”

ဇွဲသန့် စကားပြောရင်း စိတ်ညစ်လာသဖြင့် အရက်ကို တစ်ချိုက်တည်း မော့ကာ သောက်လိုက်သည်။ ဘေးမှ သူငယ်ချင်းကလဲ အဖော်ပြုကာ အပြိုင်လိုက်သောက်နေသည်။ Waiter တစ်ယောက် အခန်းထဲ ဝင်လာသည်။

“ အစ်ကိုလေး .. အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ”

“ ဘာလဲကွာ .. ”

“ ကောင်မလေးတစ်ယောက်က အစ်ကိုလေးနဲ့ တွေ့ချင်လို့တဲ့ .. ”

“ မတွေ့ချင်ဘူးလို့ပြောလိုက် .. စောက်ရေးထဲ ဘာလဲဟ ”

“ ဟုတ် .. ကျွန်တော်လဲ တွေ့လို့မရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူက ပန်းနွေငြိမ်းနဲ့ ပက်သက်ပြီး ပြောစရာရှိတယ်လို့ .. အစ်ကိုလေးကို ပြောခိုင်းလိုက်တယ် ”

“ ဘာ .. ဒါဆို ခေါ်လိုက် .. ဒီအခန်းထဲကို မြန်မြန်လာခိုင်းလိုက် ”

“ ငဇွဲ .. ဘယ်သူလဲ ”

“ မသိဘူးလေ .. ပန်းနဲ့ပက်သက်ရင်တော့ ငါ တွေ့မှဖြစ်မယ် ”

အခန်းထဲသို့ ကောင်မလေးတစ်ယောက် ဝင်လာသည်။ ဇွဲသန့် နဲ့ သူ့သူငယ်ချင်းမှာ ပန်းနဲ့ပက်သက်နေတယ်ဆိုလို့ စိတ်ဝင်စားနေသည်။

“ ကိုဇွဲသန့်ဆိုတာ .. ”

“ ကျွန်တော်ပါပဲ .. ထိုင်ပါဦး .. ပန်းနဲ့ ပက်သက်ပြီး ဘာပြောစရာရှိလို့လဲ ”

“ ကျွန်မက ပန်းရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ပန်းအတွက် စိုးရိမ်လို့ ကိုဇွဲသန့်ဆီ ရောက်လာတာပါ ”

“ ပြောပါဦ်း ”

“ ထင်ရှားအောင် ကို သိတယ်မလား။ တကယ်တော့ သူက ပန်းရဲ့ အစ်ကိုအရင်း မဟုတ်ဘူး .. ”

“ ဘာ .. အစ်ကိုရင်း မဟုတ်ဘူးလား ”

“ ဟုတ်တယ် .. အစ်ကိုရင်း မဟုတ်ဘူး .. သူက ပန်းကို ညီမတစ်ယောက်လို ဆက်ဆံနေပေမယ့် တကယ်တော့ ပန်းကို အပိုင်ကြံချင်နေတာပါ။ ပန်းလဲ အစက သူ့ကို အစ်ကိုလို ချစ်ခင်နေပြီး အခုနောက်ပိုင်း ထင်ရှားအောင်က အတင့်ရဲလာတယ်။

ပန်းကို နည်းမျိုးစုံနဲ့ အပိုင်ရအောင် ကြံစည်နေတယ်။ ပန်းက သူ့အချစ်ကို လက်မခံတဲ့အတွက် ပန်းကိုလဲ ကျောင်းမတက်ခိုင်းတော့ဘူး။

ပန်းက သူနဲ့နေရတာ မလုံခြုံတော့ဘူး။ အရှက်ကြီးတဲ့ ကျွန်မ သူငယ်ချင်းက ဒီကိစ္စကို ဘယ်သူ့ကိုမှလဲ မပြောရဲဘူးလေ။

ကျွန်မကို သူ့အချစ်ဆုံး သူငယ်ချင်းမို့ ဖွင့်ပြောခဲ့တယ်။ ကျွန်မလဲ သူ့ကို ကူညီချင်ပေမယ့် ထင်ရှားအောင်က ဘယ်လိုလူလဲဆိုတာ ကိုဇွဲသန့် သိမှာပါ။ ဒါကြောင့် ပန်းကို ကူညီနိုင်တာ ရှင်ပဲ ရှိတယ်။ ကျေးဇူးပြုပြီး ကျွန်မ သူငယ်ချင်းကို ကူညီပေးပါနော်။ သူ့ဘဝက အချိန်မရွေး ဖျက်ဆီးခံရနိုင်တယ် ”

“ တောက်စ် .. အဲ့ဒါကြောင့် အစကတည်းက ငါ့စိတ်ထဲ တစ်မျိုးဖြစ်နေတာ။ ရုပ်ချင်းလဲ မတူပါဘူးလို့တွေးမိနေတာ .. ပန်းကို ဒုက္ခပေးမယ့်သူဆိုလို့ကတော့ ဘာကောင်ကြီးပဲဖြစ်နေနေ စောက်ဂရုမစိုက်ဘူး .. ကျွန်တော် ကူညီပေးမယ်။ အခု ပန်း ဘယ်မှာလဲ .. ထင်ရှားအောင် နားကနေ ပန်းကို အမြန်ဆုံး သွားခေါ်မှဖြစ်မယ် ”

“ ပန်း ရှိတဲ့နေရာကို ကျွန်မ သိပါတယ်။ ထင်ရှားအောင်က ပန်း ထွက်ပြေးမှာစိုးပြီး လူသိပ်မသိတဲ့ ဟိုတယ်တစ်ခုမှာ ခေါ်ထားတယ်။ ပန်းက အဲ့ဒီနေရာက အစောင့်တစ်ယောက်နဲ့ ခင်နေတာမို့ အဲ့လူကနေတဆင့် ကျွန်မဆီ ..အကူညီလှမ်းတောင်းခဲ့တာ။ ကျွန်မတို့ အခု လိုက်သွားမှဖြစ်မယ်ထင်တယ်။ အန္တရာယ်တော့ ရှိနိုင်တယ် ..ထင်ရှားအောင်မှာက တပည့်တွေ အများကြီးပဲ .. ”

“ များများဗျာ .. ဟေ့ကောင် .. ငါတို့လူတွေ ရသလောက် အကုန် စုလိုက် .. ခုချက်ချင်း ပန်းဆီကို သွားမယ် .. နေဦး .. ဒီကိစ္စ မမ မသိစေနဲ့ .. သိရင် အာရုံလာနောက်နေဦးမယ်။ အားလုံး လက်နက် အပြည့်စုံပေးလိုက် .. ”

“ ငဇွဲ .. သေချာစဉ်းစားဦးနော် .. ဒီကောင်မလေး ပြောတာ ယုံရပါ့မလား ”

“ ယုံပါရှင် .. ရှင်တို့ မယုံရင် မကြာခင် ပန်းဘ၀ ဖျက်ဆီးခံရတော့မယ် .. မြန်မြန်လေး လိုက်သွားရအောင် ”

“ ပန်း တစ်ခုခုဖြစ်လို့ကတော့ ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး .. ခု လိုက်မယ် .. ”

“ ငဇွဲ .. နေဦး .. အာ .. ဒီကောင် .. ”

ဇွဲသန့်က ခါးကြားမှ သေနတ်ကို ကျည်စစ်ကာ အခန်းထဲကနေ ထွက်သွားတော့သည်။

..........................................................

ကောင်မလေးက ကြောက်ကြောက်နဲ့ ရှေ့မှာတွေ့နေရတဲ့ ဟိုတယ်တစ်ခုကို လက်ညိုးထိုးကာ ...။

“ အဲ့ ဟိုတယ်မှာ ပန်း ရှိတယ် ကိုဇွဲသန့် .. အခန်းနံပါတ်က ၂၀၂ တဲ့ ”

“ သေချာတယ်နော် ”

“ သူပြောခိုင်းတဲ့အတိုင်းဆို သေချာပါတယ်။ ကျွန်မ ရှင့်ကို ဒီလောက်ပဲ ကူညီပေးနိုင်မယ်။ သတိထားပြီး သွားပါနော် .. ထင်ရှားအောင် အစောင့်တွေက အများကြီးပဲ .. ကျွန်မကို သွားခွင့်ပြုပါနော် .. ဒီနားမှာကြာကြာမနေရဲဘူး .. ပန်းလေးကို ကူညီချင်လို့သာ ဒီအထိ အရဲစွန့်ပြီး လိုက်လာတာပါ ”

“ ကောင်းပြီ ကျေးဇူးတင်ပါတယ် ”

ကောင်မလေးမှာ ကားပေါ်ကနေ ခပ်သုပ်သုပ် ဆင်းသွားလေသည်။

“ ငဇွဲ .. ဇွတ်မဝင်နဲ့ဦး .. အစောင့်တွေ များလောက်တယ် ..ငါတို့ လူအင်အားက ၁၀ လောက်ပဲ ပါတယ်။ မလွယ်လောက်ဘူးနော် ”

“ ဒီကောင်တွေ ငါတို့ကို သိမယ့်ပုံမပေါ်ပါဘူး။ ဟိုတယ်ပဲကွာ ဘယ်သူမဆို လာလို့ရတာပဲ ..မင်းနဲ့ငါ နှစ်ယောက်တည်း သွားမယ်။ ကျန်တဲ့သူတွေ ဒီမှာပဲ စောင့်နေကြ ”

“  မမဧကရီကို ဖုန်းဆက် အကူညီတောင်းကြည့်ပါလားကွာ .. သူဆိုရင် ဒီကိစ္စကို အသာလေး ဖြေရှင်းနိုင်မှာ”

“ တော်ပြီကွာ .. ငါ့ဘာသာ ရအောင် လုပ်မယ် .. ပန်းလေးကို ငါကိုယ်တိုင် ကယ်မယ် ..မမက ထင်ရှားအောင်ကို သဘောကျနေတာ .. သူ လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး ..ဇာတ်တွေ ရှုပ်ကုန်မယ် .. ကဲ .. ငါတို့အစီစဉ်အတိုင်း လုပ်မယ်ကွာ ”

ဇွဲသန့်နဲ့ သူ့သူငယ်ချင်းတို့ ဟိုတယ်ထဲ ဝင်လိုက်ကြသည်။ ဟိုတယ်ထဲမှာ လူသိပ်မရှိပေ။ ဧည့်ခန်းမှာ လူ သုံးယောက် ထိုင်နေကြသည်။

အစောင့်များ ဖြစ်ဟန်တူသည်။ ဇွဲသန့်က အေးဆေးပဲ Reception ကို သွားကာ .....။

“ Bro .. ဒီမှာ အေးဆေးနားချင်လို့ဗျာ .. နှစ်ယောက်ခန်း နှစ်ခန်း ယူမယ် ..နောက်ပြီး .. အဟဲ .. စော်ခေါ်လို့ရတယ်မလား .. ချိတ်ပေးပါဦး ”

“ ရတယ် ညီ .. စော်တွေကတော့ နည်းနည်း ကြေးမြင့်တယ် .. အဆင်ပြေလား .. ”

“ ရတယ် .. စော်မိုက်ရင် ပြီးတာပဲ .. မြန်မြန်လေး ခေါ်လိုက်ဗျာ ..ဒီမှာပဲ စောင့်နေလိုက်မယ် .. အမိုက်လေးတွေ လုပ်ပေးနော် ”

“ အိုကေ .. အေးဆေး စောင့်ပါဦး .. ဘာသောက်ဦးမလဲ .. ”

“ ဘီယာပဲ သောက်မယ်ဗျာ .. ဘီယာ ၂လုံး ချပေး ”

ဇွဲသန့်မှာ ဧည့်ခန်းထဲတွင် အစောင့်များနဲ့အတူ ထိုင်လိုက်သည်။ အစောင့်များက သူ့ကို အကဲခတ်နေသည်။ ဇွဲသန့်က အစောင့်များကို တစ်ချက် ပြုံးပြကာ လာချပေးသော ဘီယာကို ဇိမ်နဲ့သောက်နေလိုက်သည်။ ခဏနေတော့ ကောင်မလေးတစ်သိုက် ဧည့်ခန်းထဲရောက်လာသည်။

“ ညီ .. စော်တွေရောက်ပြီ .. ရွေးမယ်ဆို ဒီဘက်အခန်းကို ကြွကွာ ”

ဇွဲသန့်က သူ့သူငယ်ချင်းကို အချက်ပြကာ ဧည့်ခန်းကနေ ထွက်လာခဲ့သည်။ ဧည့်ခန်းမှ အစောင့်များက သာမန် အပျော်လာရှာသော ချာတိတ်များပုံစံမို့ အေးဆေးပဲ ကြည့်နေကြသည်။ စော်တွေရွေးတဲ့အခန်းထဲရောက်တော့ ဇွဲသန့်က အဆင်ပြေရာ စော် နှစ်ယောက်ကို အမြန်ရွေးလိုက်သည်။

“ Bro .. ကျွန်တော် အရင်က ဒီမှာတည်းဖူးတယ် .. အခန်း ၂၀၂ လား မသိဘူး အဲ့အခန်းမိုက်တယ် .. အားလားဗျ ”

“ လောလောဆယ် ၂၀၂ က မအားဘူး ညီ .. ဧည့်သည်ရှိတယ် ”

“ ဒါဆိုလဲ အဲ့အခန်းနဲ့ ဘေးကပ်လျက် ဖြစ်ဖြစ် လုပ်ပေးဗျာ .. အဲ့အခန်းမျိုး သဘောကျလို့ ”

“ အိုကေ .. ဒါဆို ၂၀၃ နဲ့ ၂၀၄ နှစ်ခန်း လုပ်ပေးလိုက်မယ် .. ”

“ အဆင်ပြေတယ် .. ကဲ သွားစို့ .. ”

ဇွဲသန့်က စော်တစ်ယောက်ခါးကို ဖက်ကာ အခန်းဆီ ထွက်လာခဲ့သည်။ အားလုံးက အေးဆေးပဲ ကျော်ဖြတ်နိုင်ခဲ့သည်။

အခန်း ၂၀၂ နားရောက်တော့ အစောင့်များ ရှိနေမယ်ထင်ပေမယ့် တစ်ယောက်မှ ရှိမနေဘူး။ အခန်းလိုက်ပို့သော waiter  ပြန်ထွက်သွားတဲ့အခါ ဇွဲသန့်က သူခေါ်လာသော ကောင်မလေးကို မုန့်ဖိုးပေးကာ အခန်းထဲမှာပဲ နေခဲ့ဖို့ မှာခဲ့သည်။ ဘေးခန်းက သူငယ်ချင်းကိုလဲ ........။

“ ဟေ့ကောင် .. ငါ ၂၀၂ ကို သွားစစ်ကြည့်မယ် .. မင်း ဒီမှာပဲ အခြေနေကြည့်ပြီးနေခဲ့ .. မင်းခေါ်လာတဲ့ စော်ကို ငါ့အခန်းထဲက စော်နဲ့အတူ စောင့်ခိုင်းထားလိုက်။ မင်းက ငါ့အခြေနေကို စောင့်ကြည့်ပေးနေ .. ”

“ အေး .. သတိထားဦး .. တစ်ခုခုဆို ငါ ချက်ချင်းလိုက်ခဲ့မယ် ”

ဇွဲသန့် ခါးကြားမှ သေနတ်ကို တစ်ချက် စစ်လိုက်ပြီး အခန်း ၂၀၂ ရှိရာကို ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အခန်းလော့ကို အသာဆွဲလှည့်လိုက်တော့ အခန်းမှာ လော့မချထားပဲ အလွယ်တကူပဲ တံခါးပွင့်သွားသည်။ ခါးကြားမှ သေနတ်ကို ထုတ်ကာ အခန်းတံခါးကို ဖြေးဖြေးဖွင့်ပြီး အခန်းထဲ ဝင်လိုက်တော့ .....။

“ ဇွဲသန့် .. ရောက်ပြီလား .. ထိုင်ပါဦး ”

မျက်နှာချင်းဆိုင်မှာ ဆိုဖာပေါ်ထိုင်ပြီး အရက်သောက်နေသော မိန်းမတစ်ယောက်ကို မြင်လိုက်ရလို့ ဇွဲသန့် အံ့သြသွားသည်။

“ အပြင်က မင်းသူငယ်ချင်းကို လှမ်းခေါ်မနေနဲ့ဦး .. ငါ သတ်ချင်ရင် မင်းတို့ သေနေတာ ကြာပြီ .. မင်းနဲ့ အေးဆေး စကားပြောချင်လို့ ဒီအထိ ခေါ်လိုက်တာ ... အေးဆေးပေါ့ကွာ ”

“ ခင်ဗျား .. ခင်ဗျားက မေချိုထွဋ်ခေါင် မလား ”

“ ဟုတ်ပ .. တွေ့ရတာ ဝမ်းသာပါတယ် ချာတိတ် .. မမ က မေချိုထွဋ်ခေါင်ပါ .. ”

.....................................................................

ဇွဲသန့်မှာ ပန်းလေးကို မတွေ့ရပဲ မေချိုထွဋ်ခေါင်ကို တွေ့လိုက်ရလို့ ခေါင်းကြီးသွားသည်။ မေချိုထွဋ်ခေါင် ဘယ်လို မိန်းမမျိုးလဲ သူသိနေသည်။ ဘာလို့ သူ့ကို ပန်းလေးနာမည်နဲ့ မျှားခေါ်ရတာလဲ .. ဒီအခြေနေရောက်မှတော့ ရန်သူ့သတ်ကွင်းထဲမှာမို့ ဇွဲသန့် အေးဆေးပဲ မေချို နဲ့ မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောလိုက်သည်။

“ လိုရင်းပဲ ပြောမယ်ကွာ .. မမက မင်းနဲ့ ပန်းလေးကို သဘောတူတယ်ဆိုပါတော့ ”

“ ဘာလဲဗျ .. ခင်ဗျား ဘာပြောချင်တာလဲ ”

“ ထင်ရှားအောင်က ပန်းလေး အစ်ကိုအရင်း မဟုတ်ဘူးဆိုတာ မင်း သိပြီးပြီမလား .. ”

“ အင်း သိတယ် ”

“ မမ ကလဲ ထင်ရှားအောင်ရဲ့ အစ်မအရင်း မဟုတ်ဘူး ”

“ အဲ့ဒါတော့ ကျွန်တော် မသိဘူး .. ဒါပေမယ့် စိတ်ထဲမှာတော့ မဟုတ်လောက်ဘူးလို့ ထင်ထားပြီးသားပါ ”

“ ဘယ်ဆိုးလို့လဲ .. ဒီတော့ တည့်တည့်ပြောရရင် မမက ထင်ရှားအောင်ကို သဘောကျတယ်။ သူ့ကို အပိုင်လိုချင်တယ်။ ဒါပေမယ့် သူက ပန်းလေးကို သံယောဇဉ် မပြတ်နိုင်ဖြစ်နေတယ်။ မင်းကလဲ ပန်းလေးကို သဘောကျနေတယ်။ ဒီတော့ မမ မင်းနဲ့ အပေးယူလေးတစ်ခု လုပ်ချင်တယ် ”

ဇွဲသန့် သူ့ကို ဘာလို့ ဒီနေရာထိ ခေါ်လိုက်လဲ သဘောပေါက်စ ပြုလာသည်။

“ ပန်းလေးက မမ ညီမလေးဆိုလဲ ဟုတ်တယ် .. ဒါပေမယ့် ပန်းလေးကို ထင်ရှားအောင် နဲ့ အတူရှိနေတာကို မမ သဘောမကျဘူး။ သဝန်တိုတယ်ပေါ့ကွာ .. မင်းက ပန်းလေးကို ချစ်နေတယ်ဆိုတာ မမ သိထားတယ်။

မင်းအကြောင်းတွေလဲ သိသင့်သလောက် သိထားတယ်။ ဒီတော့ မင်းနဲ့ပန်းလေးကို မမ သဘောတူတယ်။ မမ မင်းကို တစ်ခုပဲ မေးမယ် .. မင်း ပန်းလေးကို အဆုံးရှုံးခံနိုင်လား ”

“ မခံနိုင်ဘူး .. မခံနိုင်လို့လဲ အသက်စွန့်ပြီး ဒီအထိ ရောက်လာတာပေါ့ ”

“ မမ သိပါတယ်။ ဒါကြောင့် မင်းကို ပန်းလေးနဲ့ သဘောတူတာပေါ့ .. မင်းဆီကို ပန်းလေး သတင်းလာပြောတဲ့ ကောင်မလေးက မမ တပည့်တစ်ယောက်ပါ။ မင်းစိတ်ကိုလဲ စမ်းချင်တာမို့ ဒီလို လုပ်လိုက်တာ။ အခု မင်း ဒီအထိ ရောက်လာတယ်ဆိုတာ့ ပန်းလေးကို မင်း တကယ်ချစ်တာပဲ .. တကယ်ချစ်ရင် ရအောင် ယူရမှာပေါ့ မဟုတ်ဘူးလား ”

“ ဘာကို ပြောချင်တာလဲ .. ကျွန်တော်က ပန်းလေးအချစ်ကို ဘယ်လို ယူရမှာလဲ .. ”

“ အနုနည်းနဲ့ မရရင် အကြမ်းနည်းတော့ သုံးရမှာပဲ ချာတိတ်ရယ် .. မဟုတ်ရင် မကြာခင် မင်း ပန်းလေးကို ဆုံးရှုံးရလိမ့်မယ်။ မမလဲ ထင်ရှားအောင်ကို ဆုံးရှုံးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ထင်ရှားအောင်က ပန်းလေးကို မကြာခင် လက်ထပ်ခွင့်တောင်းတော့မှာ။ ဒါကြောင့် အခုလို မင်း နဲ့ မမ အပေးယူလုပ်ရတာပဲ ”

“ ကျွန်တော် ပန်းလေးကို အတင်း အဓမ္မ မယူချင်ဘူး .. သူ ချစ်နေတဲ့သူက ထင်ရှားအောင်လား ”

“ ချစ်တယ်ဆိုတာထက် ငယ် သံယောဇဉ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ ထင်ရှားအောင်က ပန်းလေးကို ငယ်ကတည်းက စောင့်ရှောက်လာတာဆိုတော့ သူ့မှာ အားကိုးရာက ထင်ရှားအောင်အပြင် တစ်ခြားသူ မရှိဘူးလေ။ 

မင်းသာ သူ့ကို ပိုင်ဆိုင်သွားရင် တဖြည်းဖြည်းနဲ့ သူချစ်လာအောင် လုပ်လို့ရပါတယ်ကွာ။ လောလောဆယ် သူ့ကို ပိုင်ဆိုင်ဖို့က အဓိကပဲ .. မမ ပြောတာ သဘောပေါက်လား .. ထင်ရှားအောင်က လှေလှံနှစ်ဖက် နင်းနေတာ .. မမကိုလဲ သူချစ်ပြပြီး ပန်းလေးကိုလဲ လက်မလွှတ်နိုင်ဖြစ်နေတယ်။ 

ဒီတော့ ဒီဇာတ်လမ်းမှာ အားလုံးကို ဖြေရှင်းပေးမယ့် လူတစ်ယောက် လိုနေပြီ။ အဲ့ဒါ မင်းပဲ ချာတိတ်။ မင်းသာ ပန်းလေးကို ပိုင်ဆိုင်သွားရင် ထင်ရှားအောင် လက်လျော့ပြီး မမဆီ ပြန်လာမယ်။ မင်းလဲ ပန်းလေးကို ရမယ်။ မမလဲ သူ့ကို ပိုင်ဆိုင်မယ်။ ကဲ .. အဆင်မပြေဘူးလား .. ”

ဇွဲသန့် တွေဝေသွားသည်။ ခုချိန်မှာ ပန်းလေး သူ့ကို မချစ်ပေမယ့် နောင်တစ်ချိန် ချစ်လာနိုင်တယ်ဆိုတဲ့ စိတ်က ဇွဲသန့်ကို ဆွဲဆောင်သွားသည်။ ပန်းလေးကို သူ အရမ်းချစ်သည်။ ဒါကြောင့် ဘယ်သူ့ကိုမှ မပေးနိုင်ပေ။

“ အဲ့တော့ ကျွန်တော်က ဘာလုပ်ရမှာလဲ .. ပန်းလေးကို ကားတင်ပြေးရမှာလား ..ထင်ရှားအောင်ကရော ငြိမ်နေမယ်ထင်လို့လား  ”

“ ဟား .. မင်းကလဲ ဇာတ်ကားတွေထဲကအတိုင်း လာပြောနေတယ်။ ကားတင်ပြေးစရာမလိုပါဘူးကွာ ..ပန်းလေးက မင်းကို အသင့်စောင့်နေတယ်။ ထင်ရှားအောင် မင်းကို ဘာမှ မလုပ်စေရဘူးလို့ မမ အာမခံတယ်။ ထင်ရှားအောင်ကို ငါ ရအောင် ထိန်းနိုင်တယ် ..  မင်း လုပ်ရမှာက ..... ”

မေချိုက ဇွဲသန့်နား ကပ်လာကာ တိုးတိုးပြောလိုက်သည်။

“ ပန်းလေးနဲ့ တစ်ညလောက် အတူ နေလိုက်ရုံပဲ .. အတူရှိနေချိန် မင်း ဘာလုပ်သင့်လဲဆိုတာတော့ မင်းဘာသာမင်း ဆုံးဖြတ်ပေါ့ .. ငါတော့ ကူညီနိုင်သလောက် ကူညီပေးပြီးပြီ။ ဒီဟိုတယ်မှာပဲ ပန်းလေး ရှိနေတယ်။ ဆေးတစ်မျိုး သွင်းထားလို့ ဘာမှ မလုပ်နိုင်ပဲ အိပ်နေတယ်။ 

ငါ့ကို မပြစ်မမြင်နဲ့နော် ..မင်းအတွက် ငါ ဖန်တီးပေးထားတာ။ သူ မင်းကို ဆေး မပျယ်ခင်ထိ ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူး။

ကဲ .. မင်း သူ့ကို ရအောင် ယူမှာလား .. ဒါမှမဟုတ် သဘောထားကြီးပြီး ထင်ရှားအောင်လက်ထဲ ထည့်မလား .. မင်း ဆုံးဖြတ်ပေတော့ .. ပန်းလေးကို အပိုင်လိုချင်ရင်တာ့ သူရှိတဲ့နေရာကို အခုပြောပြလိုက်မယ်။ မလိုချင်ဘူးဆိုရင်တော့ မကြာခင် ပန်းလေးရဲ့ မင်္ဂလာသတင်းကို မင်း နားစွင့်နေတော့ပဲ .. ”

ဇွဲသန့် အသည်းသန် စဉ်းစားခန်းဝင်နေသည်။ ပန်းလေးကို ထင်ရှားအောင်လက်ထဲ လုံး၀ မထည့်နိုင်ဘူး။ ထင်ရှားအောင်ကိုလဲ သူ အခုထိ မကျေနပ်သေးဘူး။ တပည့်တွေရှေ့မှာ သူ့ကို အရှက်ခွဲသွားတဲ့လူကို အကောင်းဆုံး လက်စားပြန်ချေဖို့ အခွင့်ရေး ပေးနေတာလား။ ပန်းလေးကရော သူ့ကို လက်ခံနိုင်ပါ့မလား။

“ ဇွဲသန့် .. အချိန်က တန်ဖိုးရှိတယ်နော် .. ပန်းလေးကို ထိုးပေးထားတဲ့ ဆေးက အချိန်တန်ရင် ပျယ်သွားမှာ။ အခုပဲ ပန်းလေးရှိရာကို သွားပြီး သူ့ဘဝကို မင်း အရယူသင့်နေပြီ။ မဟုတ်ရင် ........ ”

“ ပန်း  အခု ဘယ်မှာလဲ ”

မေချို တစ်ချက်ပြုံးလိုက်သည်။ သူ့လက်ကို ဇွဲသန့်ဆီ ဆန့်တန်းကာ .....။

“ Deal .. ”

ဇွဲသန့် ဘာကိုမှ တွေဝေမနေတော့ပဲ ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ ကမ်းပေးနေသော မေချို့လက်ကို ဆွဲလိုက်တော့သည်။

........................................................................

အခန်း (၃၅)

“ Deal .. အခု ပန်းနွေငြိမ်း ဘယ်မှာလဲဆိုတာ ပြောပါဦး ”

“ အရမ်းတွေ့ချင်နေပြီလား .. သူ ဒီဟိုတယ်ထဲမှာပဲ ရှိတယ် .. အခန်းနံပါတ်က ( ... ) ပန်းလေးရှိနေတဲ့အခန်းကို မင်းတို့နှစ်ယောက်အတွက် မမ အားလုံး ပြင်ဆင်ပေးထားတယ်။ ကဲ ... မင်းရဲ့ မင်္ဂလာနေ့ရက်လေးကို အကောင်းဆုံး ဖြတ်ကျော်လိုက်ကွာ ..  မမ သွားတော့မယ်။ သြော် .. မင်း ပန်းလေးကို ပိုင်ဆိုင်ပြီးသွားရင် မမကို ဖုန်းဆက်ပေးနော် .. မမလဲ ပျော်ရအောင်လို့ .. ရော့ .. ဒါ မမ နံပါတ်ပဲ .. Enjoy နော် .. ”

လှည့်ထွက်သွားတဲ့ မေချိုကို ကြည့်ပြီး တော်တော် ကြောက်ဖို့ကောင်းတဲ့ မိန်းမပါလားလို့ ဇွဲသန့် တွေးနေမိသည်။ မေချို ထွက်သွားတော့မှ ပန်းလေးရှိရာ အခန်းသို့ ဇွဲသန့် အမြန်ထွက်လာခဲ့သည်။ အခန်းထဲ အမြန်ဝင်လိုက်တော့ မင်္ဂလာဦးအခန်းလို သေချာ ပြင်ဆင်ပေးထားပြီး အိပ်ယာပေါ်မှာ ဇာအင်္ကျီ ပါးပါးလေး ဝတ်ပြီး အိပ်ပျော်နေတဲ့ ပန်းလေးကို မြင်လိုက်ရသည်။ 

အင်္ကျီအပါးလေးကြောင့် အောက်ခံများကိုလဲ အထင်းသား မြင်နေရသည်။ ဇွဲသန့် ပန်းလေးကို ဒီလိုပုံစံနဲ့မြင်လိုက်ရတော့ စိတ်လှုပ်ရှားသွားပြီး ပန်းလေးဘေးမှာ ထိုင်ကာ ပန်းလေးကို စိုက်ကြည့်နေမိတော့သည်။

“ ပန်း .. ငါ မင်းကို အရမ်းလွမ်းနေတာ .. အခုလို အခြေနေမျိုးနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ လုံး၀ မမျှော်လင့်ခဲ့မိဘူးကွာ ”

ပန်းလေးရဲ့ မျက်နှာပေါ်ကျနေသော ဆံနွယ်များကို အသာလေး ဖယ်ပေးရင်း ....။

“ ငါ မင်းကို အရမ်းချစ်တယ် ပန်းရယ် .. ခုချိန်ထိ ဘယ်သူ့ကိုမှ မင်းနေရာမှာ အစားထိုးလို့ မရခဲ့ဘူး။ မင်းကို ချစ်လွန်းလို့ ငါ ပိုင်ဆိုင်ချင်တယ်။ မင်းဘက်ကတော့ ငါ့ကို လက်မခံနိုင်မှန်း ငါ သိပါတယ်။

ဒါပေမယ့် ငါ့ဘက်က မင်းကို ဘယ်သူ့ကိုမှ မပေး .. မပေးချင်ဘူးကွာ .. အဲ့ဒါ မင်းသိရဲ့လား .. ငါ .. မင်းကို စောက်ရမ်းချစ် ... အာ .. တောက်စ် .. ”

ဇွဲသန့် မျက်နှာကို လက်နဲ့အုပ်ကာ တရှုံ့ရှုံ့နဲ့ ငိုလိုက်တော့သည်။ ပန်းလေးကတော့ ငြိမ်သက်စွာ အိပ်မောကျနေသည်။ ဇွဲသန့် ပန်းလေး မျက်နှာနားကပ်ကာ ပန်းလေးကို သေချာငေးကြည့်ရင်း ...

“ မင်း သူ့ကို အရမ်းချစ်တာပဲလား .. သူ့ကိုချစ်တာ မင်းအတွက် အရမ်းအန္တရာယ်များတယ် ပန်းရယ် ..အခုတောင် မင်း ဒုက္ခရောက်နေပြီ။

မင်း မချစ်တဲ့သူရဲ့ ပိုင်ဆိုင်ခြင်းကို ခံရမယ့် အခြေနေကိုရောက်နေပြီ။ မင်းဘဝကို အချိန်တိုလေးအတွင်းမှာ ငါ သိမ်းပိုက်လို့ရနေပြီကွာ။

မင်း ဘာမှ သိနိုင်မှာ မဟုတ်ပေမယ့် ငါ ချစ်တဲ့ မင်းကို အချိန်မရွေး ယူလို့ရတယ် .. ဒါပေမယ့် မင်း သိလား .. ငါ မင်းကို ဒီလိုနည်းနဲ့ မပိုင်ဆိုင်ချင်ဘူး ပန်း .. မင်း ခန္ဓာကိုယ်ကို ငါ ပိုင်ဆိုင်တာက မင်းအချစ်ကို ငါပိုင်တာမှ မဟုတ်တာ .. မင်း ငါ့ကို တစ်သက်လုံး မုန်းသွားတော့မှာ။

ငါ မင်း မုန်းတဲ့သူ အဖြစ်မခံနိုင်ဘူး ပန်းရယ် .. မင်း ချစ်တဲ့သူ မဖြစ်ရင်တောင် မင်းဘဝကို ကယ်တင်မယ့်သူတော့ ငါ ဖြစ်ခွင့်ရှိတယ်မလား .. ဟမ် .. ပြောပါဦး ပန်း .. ငါ့ကို ကယ်တင်ခွင့် ပေးမှာလား .. ငါ မင်းကို ကယ်ပါရစေ .. မင်းချစ်တဲ့သူလက်ထဲ .. ငါ .. ငါ .. ထည့်ပေးပါရစေ ..

ဒါ .. ငါ မင်းကို ဘယ်လောက်ချစ်လဲဆိုတာ သက်သေပြတာပဲ .. ငါ့ဘဝကတော့ မင်းကြောင့် မှောင်မိုက်တော့မယ် .. ငါ ကျေနပ်ပါတယ်ကွာ .. မင်း ပျော်ရွှင်နေရင် ငါ ကျေနပ်တယ် .. နောက်ဆုံးအနေနဲ့ မင်းမကြားနိုင်ပေမယ့် ငါ ပြောခဲ့ပါရစေ .. ငါ မင်းကို အရမ်းချစ်တယ်ကွာ ”

ဇွဲသန့် ပန်းလေးနဲ့ ပါးတစ်ဖက်ကို ညင်သာစွာ နမ်းလိုက်သည်။ ဇွဲသန့်ရဲ့ မျက်ရည်များက ပန်းလေး ပါးပြင်ထက်မှာ စီးကျသွားတော့သည်။

ဇွဲသန့် ကြိုတင်ဆုံးဖြတ်ထားတဲ့အတိုင်း ဖုန်းထဲမှ နံပါတ်တစ်ခုကို ရှာလိုက်ကာ .....။

( .................... )

“ ဟယ်လို .. အခုပြောနေတာ ကိုထင်ရှားအောင်လား ”

“ ဟုတ်တယ် .. ဘယ်သူလဲ ”

ဇွဲသန့်က ဖြစ်ပျက်ခဲ့တာတွေကို အတိုချုံး ပြောလိုက်ပြီး ဖုန်းချလိုက်သည်။ သူ ချစ်ရသော ပန်းလေးကို ကြည့်ကာ ပြုံးလိုက်ပြီး ...။

“ မင်း ကိုကို လိုက်လာနေပြီ .. မင်း ပျော်လိုက်တော့နော် .. ”

ဇွဲသန့် ပန်းလေးကို ကျောခိုင်းကာ ထင်ရှားအောင် အလာကို ထိုင်စောင့်နေလိုက်သည်။ အိပ်ယာပေါ်မှာ အိပ်ပျော်နေသော ပန်းလေးမှာ မျက်လုံးလေးဖွင့်ပြီး သူ့ကျောပြင်ကို ခိုးကြည့်လိုက်တာကိုတော့ ဇွဲသန့် မသိလိုက်ပေ။

.......................................................

ထင်ရှားအောင် စကားပြောနေရင်း ရုတ်တရက် ရပ်သွားတဲ့အတွက် မေဘယ်လ် မျက်နှာပျက်သွားသည်။

“ ဆက်ပြောလို့ အဆင်ပြေရဲ့လား ကိုထင်ရှားအောင် ”

“ ကျုပ် ဆက်မပြောချင်ပေမယ့် အဆုံးထိ ပြောပေးမယ်လို့ ဦးနိုင်ကို ကတိပေးထားတယ်။ အခု ကျုပ် ပြောမှာတွေက ကျုပ်ဘဝရဲ့ အမြင်ကပ်ဆုံးနဲ့ ပြန်မတွေးချင်ဆုံး အပိုင်းတွေပဲ။

ဒါပေမယ့် ကျုပ် ဆက်ပြောပါမယ် .. ဒါတွေ ပြောပြီးသွားရင် ကျုပ် ရင်ထဲ တော်တော်လေး ပေါ့သွားမှာမို့ ကျုပ် ဆက်ပြောမယ် .. စကားမဆက်ခင် ကျုပ် သိချင်တာလေး တစ်ခုရှိတယ် ”

“ ဘာများလဲ ”

“ မင်း ဘယ်သူလဲ မေဘယ်လ် .. မင်းကို စတွေ့ကတည်းက ရင်းရင်းနှီးနှီးမြင်ဖူးနေသလို ခံစားနေရတယ်။ မင်း ဘယ်သူလဲ .. ဘာကြောင့် ကျုပ် ဇာတ်လမ်းကို သိချင်ရတာလဲ ”

“ ဒီမေးခွန်းကို ဘာလို့ စတွေ့ကတည်းက မမေးခဲ့တာလဲ ”

“ မင်းနဲ့စကားပြောရင်း တဖြေးဖြေး ရင်းနှီးနေသလို ခံစားရတယ်။ မင်းကို မသိပေမယ့် စိတ်ထဲကနေ မင်းကို သိနေသလိုမျိုး ခံစားနေရတယ်။ အစက သတိမထားမိပေမယ့် နောက်ပိုင်း မင်းနဲ့ တွေ့ပါများတော့ အလိုလို ခံစားနေရတယ်။ အဲ့ဒါ ဘာလို့လဲ .. ”

မေဘယ်လ်က အသံသွင်းစက်ကို ရပ်လိုက်ပြီး ထင်ရှားအောင်ကို သေချာစိုက်ကြည့်လိုက်သည်။

“ ရှင့်မေးခွန်းရဲ့ အဖြေကို ရှင့်ဇာတ်လမ်း အပြီးထိ ပြောပြီးသွားရင် ကျွန်မ ပြန်ဖြေပါ့မယ်။ အခုတော့ ကျွန်မ မဖြေပါရစေနဲ့ .. ရှင့်အကြောင်းကို စိတ်ဝင်စားလို့ ရောက်လာတဲ့ စာရေးဆရာမ တစ်ယောက်အဖြစ်နဲ့ပဲ မြင်ပေးပါလို့ ကျွန်မ တောင်းဆိုပါရစေ ”

“ ဒါဆို ကျုပ် ထင်နေတာ အမှန်ပေါ့ .. မင်းမှာ ကျုပ်နဲ့ပက်သက်ပြီး ပြောစရာ ရှိနေပုံပဲ ”

မေဘယ်လ်က ပြုံးလိုက်ပြီး အသံသွင်းစက်ကို ပြန်နှိပ်လိုက်သည်။ ထင်ရှားအောင် မေဘယ်လ်ကို စိုက်ကြည့်ရင်း ဆေးလိပ်သောက်ကာ ........။

“ နောက်ဆုံးတော့ ငါ နဲ့ မမ .. မျက်နှာချင်းဆိုင် ဖြေရှင်းရမယ့် အချိန်ကို ရောက်လာတာပေါ့ကွာ ”

..........................................................

အခန်းတံခါးကို စောင့်တွန်းကာ အပြေးဝင်လာတဲ့ ထင်ရှားအောင်ကို ဇွဲသန့်က အိပ်ယာပေါ်မှာ လှဲနေတဲ့ ပန်းလေးရှိရာကို ညွှန်ပြလိုက်သည်။

ထင်ရှားအောင် ပန်းလေးနား ပြေးသွားပြီး အိပ်ယာပေါ်က စောင်ဖြင့် ပန်းလေးနဲ့ မလုံ့တလုံ ခန္ဓာကိုယ်ကို အမြန် ဖုံးကွယ်ပေးလိုက်သည်။

“ ပန်းလေး .. ညီမလေး .. ”

ထင်ရှားအောင်ရဲ့ ခေါ်သံကိုကြားတာနဲ့ ပန်းလေးက ချက်ချင်းပဲ မျက်လုံးဖွင့်ကြည့်ကာ ထင်ရှားအောင်ကို ဖက်လိုက်တော့သည်။ ပန်းလေး လုပ်ရပ်ကို ဇွဲသန့်မြင်လိုက်တော့ မျက်လုံးပြူးသွားသည်။ ဆေးအရှိန်နဲ့ အိပ်ပျော်နေတယ်လို့ထင်ပြီး ပန်းလေးကို ပြောချင်တာတွေ ပြောခဲ့သည်။ တကယ်တော့ ပန်းလေးက သူ အခန်းထဲ ဝင်လာကတည်းက ဆေးပျယ်ပြီး သတိပြန်ရစ ပြုနေလေပြီ။ သတိရနေမှန်းသိရင် သူ့ကို အန္တရာယ်ပေးမှာစိုးလို့ အိပ်ချင်ယောင် ဆောင်နေခဲ့ခြင်းဖြစ်သည်။

“ ဟင် .. ပန်း .. မင်း သတိရနေပြီလား .. ငါ  .. ငါက မင်း သတိမရသေးဘူးထင်နေတာ ”

“ ညီမလေး .. ဘာဖြစ်သွားသေးလဲ .. ကိုကို့ကို ရဲရဲပြောစမ်းကွာ .. ဘာဖြစ်သွားလဲ ..ဒီကောင် ညီမလေးကို ဘာလုပ်သေးလဲ .. ပြောစမ်း .. ”

ထင်ရှားအောင် ဒေါသတကြီးမေးတာကို ပန်းလေးက ကြောက်ကြောက်နဲ့ ပြန်ဖြေသည်။

“ သူ ညီမလေးကို ဘာမှမလုပ်ပါဘူး။ သူ ညီမလေးကို ကယ်ခဲ့တာပါ။ သူ့ကြောင့် ကိုကို နဲ့ ညီမလေး ပြန်တွေ့ရတာ။ လွန်ခဲ့တဲ့ ၂ရက်က မမကြီးက ပန်းလေးကို ဖုန်းဆက်တယ်။ ဒီမှာ ကိုကို သေနတ်မှန်ပြီး အရေးပေါ် ကုသနေရတယ်လို့ ပြောတယ်။ ကိုကိုက ပန်းလေးကို အရမ်းသတိရနေလို့ အမြန်ပြန်လာခဲ့ပါဆိုပြီး ခေါ်ခဲ့တယ်။ မမကြည်ပြာကိုတော့ ဒူဘိုင်းမှာပဲ နေခိုင်းပြီး ပန်းလေး ပြန်လာရင် အဖော်ပြန်လုပ်ပေးဖို့ မှာခဲ့တယ်။ ဒါနဲ့ ပန်းလေးလဲ ကိုကို့ကို စိတ်ပူပြီး ချက်ချင်း လိုက်လာခဲ့တာ။ 

ဒီရောက်တော့ မမကြီးက ပန်းလေးကို အိမ်ပြန်မပို့ပဲ ဒီဟိုတယ်မှာပဲ ခေါ်ထားတယ်။ ကိုကို့အကြောင်းမေးတော့လဲ ဘာမှ မပြောဘူး။ နောက်တော့ မမကြီးက ပန်းလေးကို တမင်သက်သက် ပြန်ခေါ်ပြီး ဒီဟိုတယ်မှာ ဖမ်းဆီးထားမှန်း သဘောပေါက်လိုက်တယ်။ ပန်းလေး အရမ်းကြောက်တာပဲ .. ကိုကိုလဲ ဘာဖြစ်နေမှန်း မသိတော့ စိတ်လဲ အရမ်းပူခဲ့ရတယ်။ ဒီနေ့ကျ မမကြီးရဲ့ လူတွေက ပန်းလေးကို အတင်းချုပ်ပြီး ဆေးထိုးခဲ့တယ်။

အဲ့ကတည်းက ပန်းလေး သတိမရတာ အခုချိန်ထိပဲ .. ”

“ ပန်းလေးကလဲ .. ဒူဘိုင်းမှာတုန်းက ဒီပြန်မလာခင် ဘာလို့ ကိုကို့ဆီ ဖုန်းမဆက်တာလဲ ”

“ ပန်းလေး ဆက်တယ် ကိုကို .. ဒါပေမယ့် ကိုကို့ဖုန်းက ခေါ်မရဘူးဖြစ်နေတယ် ”

“ ခေါ်မရဘူး .. နေဦး ... ”

ထင်ရှားအောင် သူ့ဖုန်းကို စစ်ဆေးကြည့်လိုက်တော့ ပန်းလေးရဲ့ ဖုန်းနံပါတ်အားလုံးကို block list ထဲ ရောက်နေတာတွေ့လိုက်သည်။

ဒါ မမ လက်ချက်ပဲ။ သူ မသိတုန်း ဖုန်းကိုယူပြီး ပန်းလေး နံပါတ်အားလုံးကို block list ထဲ ထည့်သွားတာပဲ။

“ တော်ပါသေးရဲ့ကွာ ငါ့ညီမလေး ဘာမှမဖြစ်လို့ .. ”

“ ဘာမှမဖြစ်တာ သူ့ကြောင့်ပါ .. ကိုဇွဲသန့် ပန်းလေး ရှင့်ကို ကျေးဇူးတင်ပါတယ်နော် .. ရှင့်နေရာမှာသာ တစ်ခြားတစ်ယောက်ဆို ကျွန်မ ဘ၀ အခုချိန် မတွေးရဲစရာပဲ ”

ထင်ရှားအောင် ဇွဲသန့်ကို လှည့်ကြည့်လိုက်သည်။ ဇွဲသန့်က ပန်းလေးကို ပြုံးပြပြီး ...။

“ လုပ်သင့် လုပ်ထိုက်တာကို လုပ်လိုက်တာပါ ပန်း .. ကိုထင်ရှားအောင်ကို အားနာပေမယ့် ကျွန်တော် ပန်းကို ပြောချင်တာလေး ရှိလို့ ပြောခွင့်ပြုပါ။ ကျွန်တော် ပန်းကို တကယ်ချစ်တာပါ။

ဒါပေမယ့် ပန်းဘဝကို ဒီလိုနည်းနဲ့တော့ မရချင်ဘူး။ နောက်ဆို ကျွန်တော် ပန်းနဲ့ တွေ့ခွင့် ရချင်မှ ရတော့မှာမို့ အခု ပြောလိုက်တာပါ။ ပန်း .. ကို သွားတော့မယ် .. ဂရုစိုက်နော် ”

ဇွဲသန့် ပန်းကို နောက်ဆုံးအကြိမ် ကြည့်ကာ မျက်ရည်များ စီးကျမလာအောင် အတတ်နိုင်ဆုံးထိန်းရင်း လှည့်ထွက်ခဲ့သည်။ အခန်းတံခါးနား အရောက် .......။

“ ဇွဲသန့် .. ”

ထင်ရှားအောင် ခေါ်သံကြောင့် ဇွဲသန့် လှည့်ကြည့်လိုက်သည်။

“ မင်း လက်ထဲကို ငါ့ညီမလေးကို အပ်ခဲ့မယ်။ ငါ မင်းကို သဘောကျသွားပြီ ယောက်ဖ .. ”

“ ဗျာ .. ”

“ အေး .. ယောက်ဖလို့ခေါ်တာ ငါ့ညီမ ပေးချင်လို့မဟုတ်ဘူး .. မင်းအစ်မကို ငါ ယူမှာမို့ .. ”

“ အာ .. ခင်ဗျားကတော့ လုပ်ပြီ ... ”

ထင်ရှားအောင် ရယ်လိုက်ပြီး ......။

“ ဇွဲသန့် .. နောက်ဆို ငါ့ညီမလေးကို မင်း သေချာစောင့်ရှောက်ပေးကွာ .. ဘာလို့လဲဆိုတော့ ငါ့ဘဝက မကြာခင် ဘာဖြစ်မယ်မှန်း မသိနိုင်တော့ဘူး။ ငါ မမ နဲ့ အပြတ်ရှင်းမှ ဖြစ်တော့မယ်။ တကယ်လို့ ငါ ..တစ်ခုခုဖြစ်ခဲ့ရင် ပန်းလေးကို မင်းဆီမှာ အပ်ခဲ့ပါတယ်။ ငါ့ညီမလေးမှာ သူ့ကို စောင့်ရှောက်ပေးနေတဲ့ ကိုခိုင်ကြီးလဲ မရှိတော့ဘူး .. ငါ့မှာလဲ မနက်ဖြန်ဆိုတာ မသေချာတော့ဘူး။ ငါ ပြောတာ မင်းနားလည်မှာပါ ”

“ ဟုတ် .. နားလည်ပါတယ် .. စိတ်ချပါ ကျွန်တော် ပန်းကို အသက်ထက်ပိုပြီး ချစ်တာပါ ”

“ ကိုကို .. ဘယ်သွားမှာလဲ .. ဘာတွေပြောနေတာလဲ .. ကိုကို ဘာမှမဖြစ်ရဘူး .. ”

“ ပန်းလေး .. ကိုကိုတို့ ပြောခဲ့ပြီးပြီလေ .. ညီမလေးနဲ့ ကိုကိုက ဘယ်လိုမှ အတူနေလို့ မဖြစ်နိုင်ဘူးဆိုတာ .. ကိုကိုနဲ့အတူရှိနေရင် ညီမလေး အခုလိုပဲ ဒုက္ခ ရောက်ဦးမှာပဲ .. ညီမလေး ဇွဲသန့်နောက်ကို လိုက်သွားပါ။

ခုချိန်မှာ ညီမလေးကို ကာကွယ်ပေးနိုင်တာ သူပဲရှိတယ် .. တကယ်လို့ ကိုကို ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် ညီမလေးဆီ ပြန်လာခဲ့မှာပါ ”

“ ဟင့်အင်း .. ကိုကို မသွားပါနဲ့ .. ညီမလေးကို မထားခဲ့ပါနဲ့ ”

“ ဇွဲသန့် .. ငါ စိတ်ချမယ်နော် ”

ထင်ရှားအောင် ပန်းလေးရဲ့ စကားများကို မကြားချင်ယောင်ဆောင်ကာ ဇွဲသန့်ပုခုံးကို ပုတ်ပြီး အခန်းထဲကနေ ထွက်လာခဲ့သည်။

ပန်းလေးက ဆေးအရှိန်နဲ့မို့ သူ့နောက်ကို လိုက်ချင်သော်လည်း မလိုက်နိုင်ခဲ့ဘူး။ ဇွဲသန့်က ပန်းလေးအနားသွားကာ ပန်းလေးကို လိုက်မသွားဖို့ တားထားလေသည်။

“ ကိုရှား .. မင်း ဘာလုပ်ချင်လဲ ”

“ အချိန်မဆွဲချင်တော့ဘူး ကိုပေါ်ရာ .. အချိန်ဆွဲနေရင် အားလုံး ဒုက္ခရောက်တော့မယ်။ ကျွန်တော် မမ ဆီ အခုသွားပြီး သူ့ရောဂါအကြောင်းကို ရှင်းပြတော့မယ်  ”

“ သူ လက်မခံဘူးဆိုရင်ရော ... ”

“ လက်မခံဘူးဆိုရင် ကျွန်တော် သူ့ကို သတ်ရလိမ့်မယ် ”

“ ဟေ ... ”

“ တကယ်လို့ သူမသေပဲ ကျွန်တော် သေခဲ့မယ်ဆိုရင် ခင်ဗျားနဲ့ ဦးနိုင် မမ အနားကနေ အမြန်ဆုံး လစ်တော့ဗျာ။

ခင်ဗျား ကျွန်တော့်နောက်ကို မလိုက်နဲ့တော့။ ဒီကိစ္စက ကျွန်တော် နဲ့ မမ နှစ်ယောက်တည်း ရှင်းမှ ဖြစ်မယ်။ ဦးနိုင်ဆီ ဖုန်းဆက်ပြီး အကြောင်းစုံ ရှင်းပြလိုက်ဗျာ။ ကျွန်တော် တစ်ခုခုဖြစ်တာနဲ့ ခင်ဗျားတို့ တစ်နေရာရာကို အမြန်သွားတော့။

ရော့ .. ဒီဓါးကို ယူသွားဗျာ .. ဒါ မမ နဲ့ ကျွန်တော် ချစ်သူဖြစ်တဲ့နေ့က သူ လက်ဆောင်ပေးခဲ့တဲ့ ဓါးပဲ။ ဓါးရိုးထဲမှာ စိန် (၁၀)ပွင့် ရှိတယ်။ လိုအပ်သလို အသုံးချလိုက်ဗျာ ”

“ ငါ မင်းကို စိတ်မချဘူး .. လိုက်ပါရစေကွာ ... ”

“ ခင်ဗျား လိုက်လို့ မဖြစ်သေးဘူး။ ပန်းလေး .. မမကြည်ပြာ .. ဦးနိုင် .. အဲ့ဒီလူတွေ အတွက် ခင်ဗျားရှိမှဖြစ်မယ်။ ခုချိန်ဆို မမလဲ ကျွန်တော့်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေလောက်ပြီ။ ကျွန်တော် ပြောတဲ့အတိုင်းသာ လုပ်ပေးစမ်းပါ ”

“ ပြီးရောကွာ .. ထင်ရှားအောင် .. မသေရင် ပြန်တွေ့မယ်ကွာ .. သေရင်လဲ ငရဲမှာ ပြန်ဆုံမယ်ကွာ ”

“ ဟား .. အဲ့လို လုပ်စမ်းပါဗျာ .. စိတ်ချ .. ကျွန်တော် သေရင် ခင်ဗျားကို ငရဲမှာ မိန့်မိန့်ကြီး ထိုင်စောင့်နေမယ် ”

“ တောက်စ် .. စောက်ကလေး လီးပဲ .. ”

ပေါ်ရာက ထင်ရှားအောင်ကို ဝမ်းနည်းစွာနဲ့ ဖက်လိုက်တော့သည်။

“ အရာအားလုံးအတွက် ခင်ဗျားကို ကျေးဇူးတင်တယ်ဗျာ .. ကဲ .. ကျွန်တော် သွားပြီ ”

ထင်ရှားအောင် မေချိုဆီ ဖုန်းဆက်လိုက်သည်။

( .............. )

“ မမ .. ဘယ်မှာလဲ .. ကျွန်တော် မမ နဲ့ တွေ့ချင်တယ် ”

“ အတော်ပဲ မမလဲ မင်းကို တွေ့ချင်နေတာ။ တောလမ်းက လောင်းကစားရုံကိုလာခဲ့လေ။ ဒီမှာ မမ နဲ့အတူ မင်းကို တွေ့ချင်လို့ စောင့်နေတဲ့သူ ရှိတယ် ”

“ ဘယ်သူလဲ ”

“ မင်း သိပ်တွေ့ချင်နေတဲ့ သတင်းပေးလေ .. ”

“ ဘာ .. ”

“ တွေ့မှ ပြောကြတာပေါ့ .. ”

“ အဲ့သတင်းပေးကိုပြောလိုက် .. ကျွန်တော် ခုချက်ချင်း လာနေပြီလို့ .. ”

မေချိုက တဟားဟား ရယ်ကာ ဘာမှပြန်မပြောပဲ ဖုန်းချသွားလေသည်။ ရယ်လို့ရတုန်း ရယ်နေလိုက်ပါ။ မကြာခင် ခင်ဗျား တစ်သက်လုံး ရယ်နိုင်တော့မှာ မဟုတ်ဘူး။

...............................................................


အပိုင်း ( ၆ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment