Monday, February 25, 2013

မီးကြောင့် သင်မလောင်ပါစေနှင့် အပိုင်း ( ၈ )

မီးကြောင့် သင်မလောင်ပါစေနှင့်  အပိုင်း ( ၈ )

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ -  Jin kaleat 

“ မင်းသွားတာကလဲ ကြာလိုက်တာကွာ”

လက်ထဲက အထုပ်တွေကို စားပွဲပေါ်တင်နေသည့် ရဲထက်ကို ရင်ဦး မကျေမချမ်းပြောလိုက်သည်။ ရဲထက် ကတော့ ရင်ဦးကို ခြေဆုံးခေါင်းဆုံး တချက်ကြည့်လိုက်ပြီး

“ မင်း ငါ့စကား နားထောင်သားပဲ”

“ ဘာဆိုင်လို့ လဲ၊ အိမ်မှာဆိုလည်း ငါတနေ့ နှစ်ခါ ရေချိုးနေကျ၊ အဝတ်အစားဆိုလဲ တရက်ပဲဝတ်တယ်”

မနက်က အိမ်ကမထွက်ခင် ပြန်လာရင်အမောပြေအောင် ရေချိုးအဝတ်လဲ အလှပြင်ထားဟု ရဲထက်က မှာခဲ့သည်။ ပြန်ရောက်တော့ ရင်ဦးကို သူပြောသည့် အတိုင်းတွေ့ရသည်။ 

“ အဲဒီ အင်္ကျီ ငါ့အမ ဝတ်တာမြင်ဖူးပါတယ်၊ ဒါပေမယ့် မင်းလိုကြည့်မကောင်းဘူးသိလား”

လိမ္မော်ရောင် လက်ပြတ်အင်္ကျီနှင့် အနက်ရောင်ပေါ်တွင် အဖြူလုံးလေးတွေပါသည့် ထမိန်ကို ဝတ်ထားသည့် ရင်ဦး က တကယ်ပင် ရဲထက်ကို အမောပြေစေပါသည်။ မြောက်ပင့် စကားအတွက်နှုတ်ခမ်းကိုက်ပြသော်လည်း ရဲထက်၏ အနမ်းကိုတော့ ကြည်ကြည်သာသာ ခေါင်းလေးမော့ပေးပြီးခံယူသည်။ ခေါင်းပေါ်က ဘီးကုပ်က လေး ကတော့ မနေ့က ဟာလေးပင် ဆက်ထိုးထား၏။

“ ဘယ်တွေ ရောက်နေလို့ မင်းက ဒီလောက်ကြာနေတာလဲ”

စားပွဲပေါ်က ပစ္စည်းတွေကို ဆွဲယူကြည့်ရင်း မေးသည်။ ဖီးကြမ်းငှက်ပျောသီး အလုံးလှလှကြီးကြီး တဖီးလည်းပါ သည်ကိုတွေ့ရသော အခါ ရင်ဦး မျက်နှာ တဖက်ကို လှည့်ပြီး မဲ့ လိုက်၏။ 

“ စက်ဘီး လည်း ဘီးဖာရတယ်၊ မင်းတို့ အိမ်ဖက်က သတင်းလဲ လဘက်ရည်ဆိုင်မှာ သွားစနဲနာရသေးတယ်”

“ ဘာသံကြားသေးလဲ”

“ မောင်မောင် သိန်းနဲ့ ခင်ဇော်ပဲ ရှိတယ်၊ သူတို့ ဘာမှ သိပုံမရဘူး၊ မင်းအိမ်ပြန်မလာတာ သူတို့သိရင်ငါ့ကိုပြော မှာပဲ၊ မင်းနဲ့ ငါက သိပ်ချစ်တယ်ဆိုတာ အားလုံးသိတယ်လေ”

“ အပိုတွေ ပြောမနေနဲ့ ဘာသံမှ မကြားခဲ့ဘူးပေါ့၊ ငါပြန်မလာလဲ အေးတယ် ဆိုပြီးနေကြတာထင်တယ်၊အဲဒါဆို လဲ ကောင်းတာပါပဲ”

“ ဒီကောင်တွေ ကမင်းတို့ နဲ့ဝေးတာပဲ၊ ဖိုးသားမတွေ့ ခဲ့လို့၊ ဖိုးသားနဲ့ တွေ့ရင်တော့သိနိုင်တယ်၊စက်ဘီးလဲကောင်း သွားပြီ ဆိုတော့ နေ့ခင်းဖက် တခေါက်ပြန်ထွက်ကြည့်လိုက်ဦးမယ်”

ဖိုးသားက ရင်ဦး နှင့် တပိုင်းထဲ နေသူဖြစ်သည်။

“ ဘယ်သူ့ မှမေးမနေ ပါနဲ့တော့၊ ဖြစ်ချင်ရာဖြစ် နောက်မှ ရှင်းတော့မယ်” 

ရင်ဦး မျက်နှာကို ကြည့်လိုက်တော့ ခပ်တည်တည်ခပ်အေးအေး ပင်။ ရင်ဦး နောက်မဆုတ်တော့ဟုပြတ်ပြတ် သားသား ဆုံးဖြတ်ထားပုံရသည်။

“ ဈေးလဲ ရောက်သေးတယ် မဟုတ်လား၊ ဒါကြောင့်ကြာနေတာ”

“ ဘယ်လိုလုပ်သိလဲ”

“ ဒီအနီး တဝိုက်မှာ ဒီလို ငှက်ပျောသီးမျိုး အဖီးလိုက် ဘယ်ဝယ်လို့ရမလဲ၊ မင်းဈေးကို သွားရမှာပေါ့”

“ လို မလားလို့ပါ၊ ဟီး ..ဟီး”

“ မင်းကိုတော့ ကြာလေ အမြင်ကပ်လေပဲ၊ ကဲပါ၊ ငါဆာလှပြီ သွားစားရအောင်၊ မင်းဟာကြီးတော့ မင်းပဲ ယူ ခဲ့တော့”

ငှက်ပျောဖီး ကို ထားခဲ့၍ ကျန်တဲ့ အထုပ်တွေဆွဲပြီး ရင်ဦး ထမိန်လေး မပြီးနောက်ဖေး ကိုဆင်းသွားသည်။ငှက် ပျောဖီး ဆွဲကာနောက်က လိုက်သွားရင်း မေမေတို့ ပြန်လာဖို့ကလည်း ရက်လိုသေးသည် ဖြစ်ရာ နောက်ထပ် နှစ် ဖီးလောက်တော့ လိုမည်ဟု ရဲထက်တွေးနေမိ၏။ထမင်းစား စားပွဲဘေးက တိုင်မှာ ရဲထက် ငှက်ပျောဖီး ကြီးကို ချိတ်နေစဉ် ရင်ဦး က ရဲထက်ဝယ်လာသည့် နန်းကြီးသုတ်တွေကို ပန်းကန်ထဲ ထည့်နေသည်။

“ ငါ တယောက်ထဲ အတွက်မဟုတ်လား”

“ နှစ်ထုပ်လေ မင်းတထုပ်ငါတထုပ်”

“ မသိပါဘူး၊ မင်းက ကြာနေလို့ စားခဲ့ပြီလားလို့”

ပြုံးစိစိ နှင့် ရဲထက် ရှေ့ကို ပန်းကန်လာချပေးသည်။

“ မင်း စားနိုင်ရင် နှစ်ပွဲလုံး စားလိုက်လေ၊ ငါက ငှက်ပျောသီးပဲ အ၀ စားလိုက်မယ်၊ ပြီးမှ ကြောက်ပါပြီမလုပ်နဲ့”

ပြုံးနေသည့် မျက်နှာလေး ရဲပြီးတည် သွားသည်။

“ စောစော စီးစီး မဟုတ်တာ လာမပြောနဲ့ နော် ဇက်ပိုးကို အုပ်ထည့်လိုက်မယ်၊ ဘာမှတ်လဲ”

ရင်ဦး တကယ်စိတ်မဆိုးကြောင်း သူ့ပန်းကန်သူယူကာ ရဲထက်နှင့် ဘေးချင်းကပ်လာထိုင်ခြင်းကပြနေသည်။ ရဲ ထက် က ပြုံးပြလိုက် တော့မှ သာနှုတ်ခမ်းကိုက်ပြ၏။

“ ရင်ဦး”

“ ဘာလဲ၊ မင်းက အစားစားရင် စကားသိပ်များတာပဲ”

“ မင်း ဘာလို့ ထမိန်မ ပြီးလမ်းလျှောက်တာလဲဟင်”

“ ဒါလား”

ရုတ်တရက် မဖြေသေးပဲ ဟင်းချို တဇွန်းခပ်သောက်ရင်း ပြုံးနေသည်။ 

“ မင်း ငါလုပ်သမျှ လိုက်ကြည့်ပြီး သိချင်နေတာပဲလား”

“ အင်း”

“ ကလေး ကျနေတာပဲ၊”

“ မပြောချင်ဘူးလား”

“ ဒီလိုကွာ၊ အထက်တန်းတုန်းက ထမိန်ဝတ်ပေမယ့် ငါခပ်တိုတိုပဲ ဝတ်တယ်၊ မနေ့က ထမိန်ပြန်ဝတ်တော့၊ငါပုံစံ ပြောင်းကြည့်ချင်လို့ တမင်ရှည်ရှည်ဝတ်တော့လမ်းလျှောက်ရတာတမျိုးကြီးပဲ၊ တက်နင်း မိမှာလဲ စိုးရသေး တယ်၊ မင်းပြန်မလာခင် ငါလမ်းလျှောက် ကြည့်နေတာ၊ ဒီလိုလေးမလိုက်မှ အဆင်ပြေသွားတယ်၊ ငါ့ ပုံစံက ရယ်စရာ ကောင်း နေလို့လား”

“ မဟုတ်ဘူး၊ ငါသဘောကျလို့မေးနေတာ”

“ တကယ်ပြောတာလား၊ ဒါမှ မဟုတ် မင်းထုံးစံ အတိုင်းဖောနေတာလား”

“ တကယ်ပါ၊ အဲဒီ လိုလျှောက်တော့ မင်းယောက်ျားပုံစံ ဘောက်ဆတ်ဆတ် လမ်းလျှောက်တဲ့ပုံပျောက်သွားတာ ပေါ့၊ ငါတကယ်သဘောကျတာ၊ ရင်ထဲမှာ ကျလိကျလိ နဲ့ အသည်းတွေ ယား ကျေးဇူးတွေ တင်”

“ ဟိုး ဟိုး တော်ပြီ၊ ဒီလောက်ဆိုရပြီ၊ စားစရာ ရှိတာ စားတော့၊ လဘက်ရည် မပါဘူး မဟုတ်လား၊ ကော်ဖီမစ်သောက်မလား ငါဖျော်ပေးမယ်”

“ စားပြီးမှဖျော်ပါ”

“ ရတယ်၊ လောလောဆယ် မင်းနားမှာ နေရမှာကြောက်လို့”

ကြောက်တယ် ဆိုပေမယ့် ကော်ဖီဖျော်ယူလာပြီး ရဲထက်နားမှာပဲ ပြန်ထိုင်ပါသည်။ရဲထက် ဗလရွှတ်တ တွေလျှောက် နောက်နေတာကိုလည်း ပြုံးပြုံးလေး နားထောင်ပေးသည်။ စားပြီးကြတော့ လည်း မီးဖို ထဲ မှာပဲဆက် ထိုင် နေသည်။ အပြင်က မြင်မှာစိုးလို့ ရင်ဦးက ဧည့်ခန်းအစပ်နားလောက် အထိပဲသွားသည်။ အိပ် ခန်းထဲ ဝင်နေဖို့ကလည်း ရဲထက်ကို စိတ်ချဟန် မတူ။

ဖီးကြမ်းငှက်ပျောသီး အဖီးလိုက်ကို ဈေးအထိ တကူးတ သွား ဝယ်ခြင်းသည် ကြိုတင်ကြံစည်မှုမြောက်ကြောင်း ရင်ဦး လည်း သိပါလိမ့်မည်။ ထို့ကြောင့် ပန်းကန်တွေ ဆေး ပြီးတော့ ထမင်းစားစားပွဲမှာပဲဆက်ထိုင်နေသည်။ 

ရဲထက်က တော့ ဘောလုံးပွဲကြည့်တာ ရုပ်ရှင်ကြည့်တာက လွဲရင် တနေရာထဲမှာ သိပ်ကြာကြာထိုင်တတ် သူမဟုတ်။ ဒါကြောင့် အိပ်ခန်းထဲ သွားရအောင်ဟု ခေါ်မိသည်။

“ ရဲထက်၊ မင်းကလဲ” 

ရိုးရိုး ခေါ်တာပါကွာ၊ ထိုင်ရတာ ခါးညောင်းလို့၊ ဟိုမှာ ဆိုရင် လှဲနေလဲရတယ်”

“ မင်းဖာသာ သွားလှဲလေ”

“ မင်း တယောက်ထဲဖြစ်နေမှာပေါ့၊ လာပါ”

အတင်းဆွဲခေါ်တော့မှ ပါလာသည်။ အခန်းထဲ ရောက်တော့ ရဲထက် ခြေရင်းက ပြတင်းပေါက် ကိုဖွင့်လိုက်သည်။ မိုးအေး နေလို့ မနေ့က တနေ့လုံး ပိတ်ထားရသည်။ ဒီနေ့ လည်း မိုးသားတွေ ရှိသော်လည်းမနေ့ကထက်စာရင် နေရောင် မြင်ရသေး၏။

ပြတင်းပေါက် ဖွင့် ပြီး နောက်ရဲထက် အိပ်ယာပေါ် လှဲချလိုက်သော်လည်း ရင်ဦး က အိပ်ယာပေါ်မှာတင်ပါးလွှဲ လေးပဲ ဝင်ထိုင်သည်။ ဒီနေ့ ရင်ဦး ဝတ်ထားသည့် ထမိန်က အရောင်ပြောင်သည်။အလင်းပြန်သည့် အနက် လည်း ဖြစ်ရာ ရဲထက် မျက်လုံးထဲမှာ တင်ပါးလေးက တင်းပြောင်နေ၏။

“ တွေ့ လား ဘယ်လောက်သက်တောင့် သက်သာရှိလဲ၊ လင်မယား ချင်း စကားပြောတယ် ဆိုတာ အိပ်ခန်းထဲမှာ ပြောရတယ်”

“ ဟာ ..ဟ၊ လင်မယားတဲ့၊ လက်မှ မထပ်ရသေးပဲ”

“ လက်မထပ်ရသေးပေမယ့် မနေ့က တနေ့လုံးငါတို့ ဒီပေါ်မှာ ဘာလုပ်ကြတာလဲ”

“ ရဲထက် မင်းစကား အကောင်းပြောရင်ပြော၊ မပြောရင်တော့ ငါ နောက်မှာပဲ သွားထိုင်နေတော့မယ်”

“ စတာပါ ရင်ဦးရာ၊ ငါ့မှာ မင်းနဲ့ တိုင်ပင်စရာ တခုရှိတယ်၊ ကိုအောင်ကျော်မိုးသိတယ် မဟုတ်လား”

“ သိတယ်လေ၊ မင်းအကို သူငယ်ချင်း စာအုပ်ဆိုင်ကလူ၊ ငါ့ကို ပြန်ချဖို့ မင်းကို မြှောက် ပေးတဲ့သူ”

ကြည့်ရတာ ကိုအောင်ကျော်မိုးကို ရင်ဦး အစာကျေပုံမရပါ။ ကိုအောင်ကျော်မိုး ဆိုင်နားတွင် ဆိုင်ခန်းလွတ်နှစ် ခန်းတွဲ တခုရှိသည်။ ကျောင်းပြီး သွားသည့် နောက် ဘာလုပ်ရင် ကောင်းမလဲဟု ယောင်လည်လည်ဖြစ်နေသော ရဲ ထက် ကို ကိုအောင်ကျော်မိုးက ထိုနေရာ မှာဂိမ်းဆိုင်ဖွင့် မလားဟုမေးဖူးသည်။ အရင်က စိတ်မဝင်စားခဲ့ သော် လည်း အခုတော့ ရဲထက် စိတ်ပါလာသည်။ 

လိုအပ်သည့် တီဗွီ နှင့် ဂိမ်း စက်တွေ ဝယ်ဖို့ကိုလည်း သူ့မှာအဆက်အသွယ်ကောင်း ရှိသည်ဟု ဆို၏။ ဒီလောက် အရင်း အနှီးကတော့ ရဲထက် အိမ်ကလည်းတတ်နိုင်သည်။ ကိုရဲထွဋ် ပြန်အလာကိုစောင့် ပြီး သင်္ဘောတက်ဖို့ပဲလုပ်တော့ မလိုလို၊ ရှိုးဂျော့ပဲ ထွက်လုပ်တော့ မလိုလို နှင့်ယောင်နေ မည့် အစားစီးပွားရေး တခုခု ကောက်လုပ်ရင် အိမ်ကလည်း သဘောကျမှာသေချာ၏။

“ ကိုက်နိုင်တယ်ကွ၊ တို့ရပ်ကွက်မှာ ဂိမ်းဆိုင်မှ မရှိတာ”

အားတက်သရောပြောနေသည့် ရဲထက်ကို ရင်ဦး ပြုံးကြည့်နေသည်။ ပြီးတော့မှ

“ မင်းက PS2 အကြောင်းဘယ်လောက်သိလို့ ဆိုင်ဖွင့်မှာလဲ”

ရင်ဦးပြောတာမှန်သည်။ ဆိုင်ဖွင့်မည့်သူက အနည်းအကျဉ်းတော့ နားလည်သင့်သည်။ ရဲထက်ကဂိမ်းကိုလုံး၀ စိတ်မ ဝင်စားပါ။ သိလည်း မသိ။

“ ဟုတ်တယ်လေ၊ ငါမသိပေမယ့် မင်းသိတာပဲ၊ မင်းအားကိုးနဲ့ စဉ်းစားတာ”

ဒါက တကယ်ပင် ရင်ဦးကျွမ်းသည့် ကိစ္စဖြစ်သည်။ ဂိမ်းတော်တော်များများဆော့နိုင်၏။ ရင်ဦး အကျွမ်းဆုံးကဘော လုံးကန်ခြင်းဖြစ်သည်။ ဒီမြို့မှာ ရင်ဦးကို ယှဉ်နိုင်သူတော်တော် ရှားသည်။ ရင်ဦး မျက်တောင် တဖျပ်ဖျပ် နှင့် စဉ်းစားနေသည်။

“ မင်း ကူမယ်ဆိုရင်တော့ ငါလုပ်ရဲတယ်၊ ဒီဖက်မှာမင်း ကဆရာကြီးပဲ ဥစ္စာ”

“ တကယ်လုပ်ဖြစ်မယ် ဆိုရင်တော့ပါရတော့မှာပေါ့၊ ဒါပေမယ့် ငါက ဆရာကြီး မဟုတ်ပါဘူး”

“ ဆရာကြီး မဟုတ်ရင် ဘာလဲ၊ မင်းဒီလောက်ကျွမ်းတာကို”

“ အရင်က ဆရာကြီး၊ အခု ဆရာမကြီး ဖြစ်သွားပြီလေ၊ မင်းမသိဘူးလား”

အိပ်ယာပေါ်မှာ ထောက်ထားသည့်ရင်ဦး လက်ကို ညှစ်လိုက်မိသည်။ ဒါက သူ့ကိုယ်သူ မိန်းမသားတဦးအဖြစ် ရင်ဦး ပထမဆုံးနှုတ်က ထုတ်ပြောခြင်းဖြစ်၏။ 

“ ဟုတ်ပါရဲ့၊ တလောကလုံးမှာ ငါတယောက်ပဲ သိသေးတဲ့ ကိစ္စကို ငါမေ့သွားတယ်”

“ တကယ်လို့ ဆိုင်ဖွင့်ဖြစ်တဲ့ အခါ ငါဂိမ်းတွေချည်းပဲ ဆော့နေရင် မင်းပြောမှာလား”

လက်ကိုဆွဲ လိုက်သောအခါ ဒီတကြိမ်တော့ရင်ဦး ကြည်ကြည်သာသာပင် ရဲထက်ဘေးမှာ လှဲချလိုက်သည်။ပုခုံး ကို ဖက်ထားတာကိုလည်း မကန့်ကွက်ပါ။

“ ပြောလေ”

“ စက်အားရင်တော့ ဆော့ပေါ့၊ ဒါပေမယ့် ငါ့ကို ပစ်ထားပြီး ဆော့နေတာမျိုးတော့ မလုပ် နဲ့ ပေါ့”

“ ငါစိတ်ကူးထားပါတယ်၊ ဘောလုံးမကန်တော့ဘူးလို့၊ မန်နေဂျာပဲ ဆော့တော့မယ်လေ၊ အဲဒီကောင်ကအေးအေး ဆေးဆေးဆော့လို့ရတယ်၊ ဖီးလ်ပဲ”

ရင်ဦးခါးကို ဖက်ပြီးပြောင်စပ်စပ် မျက်နှာလေးကို တည်သွားအောင်နမ်းလိုက်မိသည်။ ပါးဖြူဖြူ လေးကရှင်းပြီးသန့် နေ၏။ ရင်ဦးလည်း ရဲထက် အနမ်းတွေ နှင့် တဖြေးဖြေးနေသား ကျလာပုံရသည်။ ကန့်ကွက်တာတွေ ရှောင် တာတွေ သိပ်လုပ်မနေတော့ပါ။ 

“ ရင်ဦး”

“ ဘာလဲ”

“ သနပ်ခါးလေး ဘာလေးလိမ်းဖို့ အစီအစဉ် မရှိဘူးလား”

“ လောလောဆယ်တော့ အစီအစဉ် မရှိသေးဘူး”

ဖက်ထားသည့် လက်ကို အားစိုက်ဆွဲလိုက်၍ ရဲထက် ကိုယ်ပေါ်ကို ရင်ဦး မှောက်ကျလာသည်။တင်းရင်းသည့် ရင်သား တွေက ရဲထက် နံစောင်းကို လာဖိကြ၏။ အောက်ကို ကျလာသည့် ဆံပင်တွေကို နားရွက်ပေါ် ပြန်တင် ပေးလိုက်ရင်း 

“ အခုအစီ အစဉ်မရှိဘူးဆိုတော့ နောက်ဆိုရင်ရှိချင်ရှိမယ့် သဘောလား”

“ ဒါကတော့ မင်း အပေါ်မှာတည်တယ်”

“ ဘယ်လို ...”

“ မင်းက တခြားမိန်းမ တယောက်နဲ့ ရှုပ်ဦးမယ် ဆိုရင်တော့ လိမ်းရမှာပေါ့၊ အဲဒီကျရင် ငါ သနပ်ခါးတောင်မကဘူး မိတ်ကပ် လဲလိမ်းမယ်၊ နှုတ်ခမ်းနီလဲ ဆိုးမယ်၊ အတိုတွေ အကွဲတွေ အဟိုက်တွေဝတ်မယ်”

“ ငါ ကို သူများလက်ကိုပါမသွားအောင်ပြန်ဆွဲဆောင်ဖို့လား”

“ မဟုတ်ဘူး၊ ငါနောက်တယောက် အသစ်ရအောင်လို့”

“ တော်တော် တတ်နေတယ် ဟုတ်လား”

အတင်းဖျစ်ညှစ်ပြီး ဖက်လိုက်ရုံမျှမကဘဲ ရင်ဦး ကိုယ်ကိုပါ ခြေထာက်နှင့် ခွထားရင်းမေးလိုက် မိသည်။တွန့်ကာ လိမ်ကာရုန်းရင်း ရင်ဦးက

“ အဲဒီလိုပေါက်ကရတွေ မင်းဆီကနေတတ်တာလေ”

“ ဒါဆိုလဲ နောက်ထပ်သင်ပေးစရာ တွေ အများကြီး ရှိသေးတယ်”

နဖူးနှင့် ပါးပြင်ပေါ် အနမ်းမိုးဆက်တိုက်ရွာချလိုက်သောအခါ ရင်ဦး ငြိမ်သက်သွားသည်။ နှုတ်ခမ်းပါးလေးတွေကို တယုတယ ဖြေးဖြေးချင်း စုပ်နမ်းမိသည့် အချိန်မှာတော့ ရင်ဦးကလည်း ရဲထက်ခါးကို ပြန်ဖက်ထားသည်။

“ ရဲထက်၊ မင်း လွန် လွန်းပြီနော်”

ရင်ဦး ကိုယ်လေးကို အားပါးတရခွကာ နမ်းရသည့် အရသာကို အညှာလွယ်သည့် ရဲထက်၏ ညီလေးကဘယ်လို မှ သည်းခံနိုင်ခြင်း မရှိပါ။ တရိပ်ရိပ်နဲ့ တင်းကာထောင်တက် လာပြီး ရင်ဦး ဆီးခုံပေါ်တည့်တည့်ထောက်သည်။ ချက်ချင်းသိလိုက်သည့် ရင် ဦးက ထအော်လိုက်ပြီး ရဲထက်လက်ကနေရုန်းထွက်ဖို့ကြိုးစားသည်။ ကျောပြင်ကို မိမိရရ ဖက် ထားသည့်အပြင် အောက်ပိုင်းကိုပါ ခွထားသောကြောင့်ရင်ဦး ရုန်းရခက်နေသည်။

“ ရဲထက် ဒီတိုင်းဆိုရင် မင်းသေရင်သေ၊မသေရင် ငါသေလိမ့်မယ်” 

“ ဒီလိုဖြစ်လို့ သေတဲ့ မသာ မင်းကြားဖူးလို့လား”

ရဲထက်ကလည်း မလျှော့ပါ။ မနေ့က နေ့ခင်းရောညပါ ချစ်ခဲ့သော်လည်း သူ မကျေနပ်နိုင် သေးဘဲ ဒီနေ့အတွက် တက်ကြွနေမိသည်။ 

“ ငါတို့မှာ လွတ်လွတ်လပ်လပ် ဆိုလို့ ဒီရက်ပိုင်းပဲ ရှိမှာ၊ မေမေ တို့ပြန်ရောက်လာရင် ငါတို့လွတ်လွတ်လပ်လပ် နေ ရတော့မှာမဟုတ်ဘူး၊ နော်”

မလွတ်တမ်းဖက်ထားရင်း ရဲထက်ပြောမိသည်။ ရင်ဦး ငြိမ်ကျသွားသည်။ ရဲထက် ရင်ခွင်မှာ ခေါင်းတင်ထားသည့် အတွက် အတွင်းက ဝုန်းဒိုင်းကျဲ နေသည့် ရင်ခုန်သံတွေကို သူကောင်း ကောင်းကြားပါလိမ့်မည်။

“ နော်..ရင်ဦး”

ကျောပြင်ကို သပ်ပေးရင်း ထပ်ပြောရာ နှုတ်ခမ်း ကိုက်ပြီးရဲထက်ကိုစိုက်ကြည့်၏။ ခုလို နှုတ်ခမ်းကိုက်ပြီးကြည့် တာ ရင်ဦး အကျင့်ဖြစ်သည်။ ဒါပေမယ့် အခြအနေ အချိန်အခါ လိုက်ပြီး ကြည့်ပုံကြည့်နည်း ကွာကြောင်း ဒီ နှစ် ရက် အတောအတွင်းမှာပင် ရဲထက် နားလည်ဖတ်တတ်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ခွထားသည့် ခြေထောက်ကို ဖယ်ပြီး ရင် ဦးကို ပက်လက်လှန်လိုက်သည်။ 

အချိန် မဆိုင်းချင်တော့သဖြင့် ရင်ဦး ထမိန်ကို မချွတ်တော့ဘဲ ဆွဲလှန်လိုက်သည်။ အဝတ် အစားဆိုထာလုပ်ရင်း နှင့်လည်း ချွတ်သွားလို့ရပါသည်။

“ အိပ်ယာ ထတုန်းက ကျိန်းနေတာပဲ”

ရဲထက်ကို စိုက်ကြည့်ရင်း ခပ်တိုးတိုးလေး ပြောသည်။

“ သွေးပူရင် ပျောက်သွားမှာပါ”

ရင်ဦးကို နှစ်သိမ့်ရင်း ခပ်ဖြေးဖြေးလေး ထိုးသွင်းလိုက်ရာ ရဲထက် လက်ဖျံတွေကို ရင်ဦး အားနှင့် ညှစ်ထား၏။အ ဆုံး ထိအောင် ထည့်လိုက်ပြီး ရင်ဦးကိုယ်ပေါ် ရဲထက်မှောက်ချလိုက်သည်။ နှုတ်ခမ်းပါး လေးတွေကိုတရွရွ လိုက် နမ်းရင်း အနီးကပ် တချက်ချင်း မှန်မှန်ဆောင့်ပေးနေသည်။ 

ရင်ဦးက လည်းရဲထက်ကျောပြင်ကို ခပ်ဖွဖွ လေးပြန် ဖက်ထားသည်။ တစထက် တစ မိမိနှင့် ရင်ဦးကြားမှာ အလွှာတခု ကွာကျသွားပြီမှန်းရဲထက် သိလိုက်သည်။ မနေ့က ဒီအိမ်ကို ရောက်သည်မှစပြီး ရဲထက် ဆန္ဒ ကို ရင်ဦး မငြင်းဆန်ခဲ့သော်လည်း သူ့ပုံစံ က ရွံ့တွန့်တွန့် ဖြစ် နေသည်။ ခုတော့ သူတို့နှစ်ယောက်ကြားမှာ လိင်ကိစ္စသည် ရှက်ရွံ့စရာ မဟုတ်တော့ဟု ရင်ဦး ခံယူလိုက်ပုံရ သည်။ တကယ်တော့ လိင်ကိစ္စ ဆိုသည်မှာလည်း အချစ်၏ အစိတ်အပိုင်းတခုသာဖြစ်ပါ၏။

ထို့ကြောင့် ရဲထက်ဖက်က အလိုရှိလို့ လုပ်ရခြင်းသဘော မဆောင်တော့ဘဲ၊ ချစ်သူချင်း၊ လင်မယားချင်းသဘာ၀ တရား အလျှောက် ချစ်တင်းနှောကြသည့် အသွင်မျိုးဆောင်လာသည်။ တယောက်၏ ခန္ဓာကိုယ်၏ လိုအင်ကို နောက်တယောက်၏ ကိုယ်ခန္ဓာက သိပြီးအပြန်အလှန်ဖြည့်ဆည်းကြသည့် သဘောဆောင်လာသည့် အခါ နား လည်မှုကြောင့် ရမ္မက်၏ အရသာကို ပိုပြီး နားလည်လာနိုင်ကြသည်။

တချက်ချင်း မှန်မှန်လုပ်ရင်း ရင်ဦးထံတွင် အရည်တွေ တစိမ့်စိမ့် နှင့်ရွှဲလာသည့် အခါ ရဲထက်ပြန်ထလိုက်၍ရင် ဦးက လည်းဖက်ထားသည့် လက်တွေကို ဖြေလျှော့ပေးလိုက်သည်။ လိမ္မော်ရောင် အင်္ကျ ီလေးကို လှန်ချွတ်လိုက် သည့် အခါ မနေ့က ဘရာစီယာကိုပင် ရင်ဦးဝတ်ထားတာတွေ့ရသည်။ ရဲထက် အကြည့် ကိုရင်ဦး နားလည် သည်။

“ ငါနဲ့ တော်တာ ဒီတထည်ပဲ ရှိတယ်”

“ နောက်မှ အများကြီးဝယ်ပေးမယ်”

ရင်ဦး က သရော်သလိုပြုံးလိုက်ပြီး

“ ငါ မဝတ်လေ မင်း အဆင်ပြေလေ မဟုတ်ဘူးလား”

“ အပြင် ထွက်ရင်တော့ဝတ်ရမှာပေါ့”

ရင်ဦး ကိုယ်ပေါ်က အဝတ်တွေ ကုန်သည့်အခါရဲထက် လည်း ချွတ်ပစ်လိုက်သည်။

“ ပြတင်းပေါက် ပွင့်နေတယ်လေ”

“ အရပ် ဆယ်ပေလောက်ရှိတဲ့ သူမှ လာချောင်းလို့ရမယ်”

မိုးနံ့ ပါသည့်လေအေးအေး က တချက်တချက် အခန်းထဲဝင်လာသည့် အခါ ရဲထက် ရင်ထဲအေးပြီး အမောလည်း ပြေရသည်။ ဒီနေ့ လည်း မနေ့ ကလိုပင် ရင်ဦး စိတ်ကျေနပ်မှုကို အဓိက ထားပြီးလုပ်သည်။ ထို့ကြောင့် ခါတိုင်း ထက် ကြာတာကိုတောင် ရင်ဦး မသိသလို ဖြစ်နေသည်။ သူပြီးသွားသည့် အချိန်တွင် ရင်ဦး နှစ်ကြိမ်သုံးကြိမ် လောက် ပြီးသည်ဟု ရဲထက် ထင်မိသည်။ ရဲထက် ပြီးသွားသည့် အချိန်တွင် ရင်ဦး ပျော့ခွေနေပြီ ဖြစ်သည်။ ရဲ ထက်လည်းဒူးတွေတောင် မခိုင်ချင်လောက်အောင် ပင်ပန်းနေ၏။

“ ကောင်းလား ရင်ဦး”

“ မယုတ်မာနဲ့ နော်”

မောပန်းနေသည့် ရင်ဦး အသံက တိုးတိုးလေး ဖြစ်နေသည်။ ရဲထက် ရင်ခွင်မှာ ခေါင်းအပ်ပြီး ငြိမ်နေတာအကြာ ကြီးပင်။ ရဲထက်ကလည်း အသာအယာပွေ့ ပိုက်ထားပြီး ရင်ဦးကျောပြင်လေး ကိုပွတ်ပေးရင်း အမောဖြေနေရ၏။ 

“ ရင်ဦး”

“ ဟင်”

“ နောက် ဆိုရင် ငါ့ကို မရှက်နဲ့တော့နော်”

“ ငါ့မှာ ရှက်စရာကော ရှိသေးလို့ လား”

ရဲထက် ရင်ဘတ်ကို လက်သဲ နှင့် ဖွဖွ ကုပ်ရင်း ရင်ဦး ပြောလိုက်သည်။ အမောပြေတော့ ရဲထက်ရင်ခွင်ကနေ ရုန်းထွက်သွားပြီး သူ့ ခေါင်းအုံး မှာ သူပြန်အိပ်သည်။ ဒါပေမယ့် ရဲထက် ဖက်ကို ကိုယ်ကို စောင်းထားပြီး ရဲထက် ကိုလည်း စိုက်ကြည့်နေ၏။

“ မင်းကိုငါမေးစရာရှိတယ် ရဲထက်”

“ မေးလေ၊ ဘာလဲ”

“ ဟိုတနေ့ က စခန်းသာကို မင်းနဲ့ တူတူပါလာတဲ့ မိန်းမက ဘယ်သူလဲ”

ရင်ဦး အမူအရာကပေါ့ပေါ့ ပါးပါးရှိနေလို့ ဒီမေးခွန်း မေးလိမ့်မည်ဟု မထင်မိပါ။ တခြားအ ကြောင်းအရာတခုပဲဖြစ် လိမ့်မည်ဟုထင်ခဲ့သည်။

“ မင်းက ဘယ်လိုတွေ့တာလဲ”

“ မင်းတို့ နောက်က ဝိုင်းမှာ ငါထိုင်နေတာလေ၊ ငါ့ကိုမမြင်ဘူး မဟုတ်လား”

ဒီတိုင်းဆိုရင် ရဲထက်တို့ပြောတာတွေ ရင်ဦးကြားကောင်းကြားနိုင်သည်။ ခုလောက်ဆိုရင် တော့ မမ၏နီနီကိစ္စ ပြီး သွားလောက်ပြီ။ မမလည်း ရဲထက်ကို မျှော်နေမည်လား မသိပါ။ ခါတိုင်း ရဲထက်က ဒါမျိုးဆိုရင်တက်ကြွ နေတတ် သည်မဟုတ်ပါလား။

“ ဘာငြိမ်နေတာလဲ၊ ပြောလေ”

“ ဘယ်က စပြောရင်ကောင်းမလဲ စဉ်းစားနေတာပါ”

ရင်ဦး ပြုံးသည်။ ပြီးတော့မှ လှဲနေရာက ထပြီး သူ့အဝတ်အစားတွေကို ပြန်ကောက်စုနေသည်။ ရဲထက်လည်း ထ ထိုင်လိုက်ပြီး ရင်ဦးကို နောက်ကျောကနေ သိုင်း ဖက်ထားလိုက်သည်။ ရင်ဦး မရုန်းပါ။ ကိုယ်ပေါ်မှာ စွပ်ချလုလု ဘ ရာစီယာကို ဘေးပြန်ချ လိုက်ပြီး ရဲထက်ကိုနောက်ပြန်မော့ကြည့်၍

“ မင်းတို့ ဇာတ်လမ်းတွေ ရှိခဲ့တယ် ဆိုတာလောက်တော့ငါရိပ်မိပါတယ်၊ ငါနဲ့ အခုနေသလို မင်းတို့ နေခဲ့မယ်ဆိုတာ လည်း မှန်းတတ်ပါတယ်”

အားလုံး အမှန်အတိုင်းပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ရင်ဦး နှင့် တဘဝလုံးလက်တွဲသွားဖို့လည်းဆုံးဖြတ်ထားပြီး ဖြစ်ရာ ရင်ဦးသိသင့်သည်ဟုလည်းထင်ပါသည်။ ထို့ကြောင့် ရင်ဦး ကိုမလွတ်တမ်းဖက်ထားရင်း ဖြစ်ခဲ့တာတွေ အကုန်ပြောပြလိုက်သည်။ မင်္ဂလာဆောင်ခါ နီး မှာတောင် မမသူ့ထံလာသေးသည် ကိုပါ မချန်တော့ပေ။

“ ယုံပါတယ်၊ မင်းက ဒါမျိုးဆိုလက်မနှေးဘူးဆိုတာ၊”

“ သူလက်ထပ်မယ် ဆိုတာမှမပြောတာ၊ အဲဒီထဲက ကွဲသွားတာ အခုပြန်တွေ့တယ် အဲဒါပါပဲ၊ ဒါပေမယ့်အခုငါ့မှာ မင်းရှိနေပြီ၊ ငါဘယ်တော့မှ သူနဲ့ ပတ်သက်မှာ မဟုတ်တော့ဘူး၊ ငါကတိပေးတယ်ကွာ၊” 

“ အဲဒီ အမက လှတယ်နော်၊ ဘော်ဒီကလဲ ရှယ်ပဲ၊ မင်းကိုလဲ ကြွေပုံရတယ်”

“ အခုငါက အရင်ရဲထက်မှ မဟုတ်တော့ပဲ၊ သူ့ဖာသာဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်တော့ဘူးလေ၊ ငါနဲ့ ဆိုင်တာကမင်းပဲ ရင်ဦး၊ ငါမင်းကိုချစ်တယ်၊ မင်းကို ချစ်မိတော့မှ တကယ်ချစ်တဲ့ အချစ် ကို ငါနားလည်ခဲ့တာ”

“ အဲဒီလောက် မလိုပါဘူးကွာ၊ အခုလဲ မင်း ငါ့ကိုရနေပြီပဲ၊ မင်းအရင်က ကိစ္စတွေကိုလည်း ငါစိတ်မဝင်စားဘူး၊ တခုပဲရှိတယ် အဲဒီမိန်းမ နဲ့ နောက်ကိုဘယ်တော့မှ မပတ်သက်ပါနဲ့”

ရင်ဦး အသံက တုန်နေသလို မျက်လုံးမှာလည်း မျက်ရည်တွေဝိုင်းနေ၏။ 

“ အေးပါ၊ ငါကတိပေးပါတယ်၊ ငါ့မှာ မင်းရှိနေပြီးသားဆိုရင် သူလဲ ဆင်ခြင်မှာပါကွာ”

ပါးချင်းအပ်ကာပွတ်ရင်း ရဲထက်ချော့ရသည်။ အစပိုင်းတုန်းက ဘာမှမဖြစ်သလိုမေးနေသော် လည်း ရင်ဦးဒီကိစ္စ အပေါ်မှာစိုးရိမ် စိတ်ရှိတာသိလာရသည်။ ဒီအတွက် စိတ်ထဲမှာကျေနပ်သလိုလိုဖြစ်မိသည်။ ရင်ဦးကို မျက် နှာ ချင်း ဆိုင် ဆွဲလှည့်လိုက်ပြီး ငိုမလိုမျက်နှာထား နှင့် ရင်ဦး၏ပါးပြင်၊ နဖူး ပြင်တွေကို နမ်း မိသည်။ နမ်းနေရင်း ရင်ဦးပါးပြင် ပေါ်မှာမျက်ရည် တွေစီးကျလာတာကို သိလိုက်ရ၏။

“ ရင်ဦး၊ ဘာဖြစ်တာလဲ၊ မင်းကို ငါအရမ်းချစ်တယ်၊ ငါတကယ်ပြောတာ၊ မင်းကိုဘယ်တော့မှ မခွဲဘူး၊ငါပြောမယ် ဂိမ်းဆိုင်ဖွင့် ဖို့စဉ်းစားတာ မင်းကိုခွဲသွားရမှာစိုး လို့ ဒီမှာပဲ ဝင်ငွေရအောင်ရှာမယ် ဆိုပြီး ငါလုပ်တာ၊ မင်းနားက ငါဘယ်မှ မသွားဘူး၊ မင်းလဲ ငါ့ကို ထားမသွားရဘူး၊ငါတိ့ တူတူနေကြမယ်၊ ကလေးတွေ မွေးကြမယ်၊ မင်းရော အဲဒီလိုနေချင်တယ် မဟုတ်လား”

မျက်ရည်တွေကျရင်း ရင်ဦးခေါင်းညိတ်သည်။ ပြီးတော့ ရဲထက် ရင်ခွင်ထဲကို အတင်းတိုးဝင် ဖက်သည်။ရှိုက်ကြီး တငင်ငင် ငိုနေသည့် ရင်ဦး၏ တသိမ့်သိမ့် တုန်နေသောကျောပြင်လေး ကို ပွတ်ပေးရင်း ဘာကြောင့် ရင်ဦး ဝမ်း နည်း နေရသည်ကို မတွေး နိုင် အောင်ပင်ရှိသည်။

“ ဒါပေမယ့် ..တကယ်လို့ ငါက မင်း အပေါ် အပြစ်တခုခု လုပ်မိရင်ကော၊ မင်း ဘယ်လိုဆုံးဖြတ် မလဲ”

“ ရင်ဦး မင်းငါ့ကို ချစ်လားဟင်”

မေးရသည့် မေးခွန်းက အခြေအနေအရ အူကြောင်ကြောင် နိုင်သော်လည်း ရဲထက် မေးမိသည်။ 

“ ရဲထက်၊ ငါမင်း ကို အမှန်တရားတခုပြောစရာ ရှိတယ်”

ကိုယ်ဝန်ကြောင့် မချစ်ပါဘဲ နှင့် ရဲထက်ကို လက်ခံခဲ့သည်ဟု ရင်ဦးပြောမှာကြောက်မိသည်။ ထို့ကြောင့်

“ ငါ့ကို မချစ်ဘူး ဆိုတာကလွဲရင် မင်းကြိုက်တာပြောလို့ရတယ်”

“ ငါ့မှာ ကိုယ်ဝန်ရှိနေတယ် ဆိုတာညာတာ၊ ငါမင်း ကိုတမင်လိမ်ပြောခဲ့တာ၊ မင်းစိတ်ကို စမ်းချင်ရုံသက်သက်ပဲ”

ရဲထက် ခေါင်းထဲမှာ ဝုန်းကနဲမြည်သွားသည်။ အလန့်တကြားဖြင့် ရင်ဦးကို တွန်းဖယ်ထုတ် လိုက်မိသည်။ရင်ဦး ကလည်း အတင်းပြန်တိုးဝင်ပြီးဖက်သည်။ 

“ ငါ့ကို ရိုတ်ချင်ရိုတ်သတ်ချင်သတ်ပါ။ ဒါပေမယ့် ငါပြောတာအရင်နားထောင်ပါ၊ တိုက်ပျက်မှာ မင်းကအနိုင်ကျင့်ခဲ့ ပေမယ့် ငါမင်း ကို မုန်းသွားရမယ့် အစား ....ငါ ...မင်းကို .....ရဲထက် ....မင်း ငါညာခဲ့တာကို ခွင့်လွှတ်ရင် ငါ .. ...မင်း အတွက်...ကလေး..တကယ်မွေးပေးချင်ပါတယ်”

မျက်ရည်လည်ရွဲ နှင့်တောင်းပန်နေသည့် ရင်ဦးကို ကြည့်ရင်း ရဲထက် ဘာပြောရမှန်းမသိအောင်ဖြစ်သွားရသည်။ 

“ ငါ့ကိုခွင့် လွှတ်ပါရဲထက်၊ ခွင့် မလွှတ်ဘူးဆိုလဲ ငါထွက်သွားပါမယ်”

“ မင်း ငါ့ကို ချစ်လားရင်ဦး”

မျက်ရည်တွေ နှင့် စိုက်ကြည့်ရင်း ရင်ဦး နှုတ်ခမ်းပါးလေး တွေ တဆတ်ဆတ်တုန်နေသည်။ တော်တော် ကြာအောင် စိုက်ကြည့် နေပြီးမှ ခေါင်းညိတ်ပြသည်။ 

“ ဒါဆိုလဲ ပြီးပြီလေ”

“ ငါ့ကို ခွင့်လွှတ်တယ်ပေါ့” 

“ မင်း က ခေါင်းပဲ ညိတ်ပြနေတာ၊ ပါးစပ် ကပြောဦးလေ”

“ ငါရှက်တယ်၊ နောက်ကျရင်တော့ ပြောမှာပါ၊ ခုတော့ ငါလဲ မင်းလိုပဲလို့ပဲ နားလည်ပေးပါ”

မျက်ရည်တွေ နှင့်ပါးပြင်ကို နမ်းလိုက်ပြီး နားမလည်သေးသည့် အပိုင်းတွေကိုပြန်တွေးကြည့် နေမိသည်။ငိုရတာ မောသွားပုံရသည့် ရင်ဦးကတော့ ရဲထက် ရင်ခွင်မှာ ငြိမ်သက်နေသည်။ ရဲထက် ကို ချစ်သည်ဟု မပြောသော် လည်း ရင်ဦး ဝန်ခံခဲ့သည်။ ရဲထက် လည်း ချစ်ပါသည်။

ဒါပေမယ့် ဒီချစ်စိတ်က ဘယ်လိုပေါ်လာသလဲ ဆိုတာ တွေးလို့ မရပါ။ မနေ့က ရင်ဦး ဒီအိမ်ကို ရောက်မလာခင် အထိ ရဲထက် ရင်ဦးကို မချစ်သေးတာ ကျိန်းသေသည်။ရင်ဦးလည်း ဒီလိုပဲ လားသိချင်သည်။ ရင်ဦးကတော့ သူ့ကို အနိုင်ကျင့် ပေမယ့် မမုန်းခဲ့ဟု ဆို၏။ အဓမ္မ အကျင့် ခံရသည့် မိန်းကလေးက အဓမ္မ ကျင့်သည့်ယောက်ျားကို ချစ်သွားသည် ဆိုတာကတော့ ဆန်း၏။

“ ရင်ဦး”

“ ဘာလဲ”

“ မင်း ငါ့ကို ချစ်တယ်ဆိုတာ ဘယ်တုန်းက သိတာလဲ”

“ အိမ်ပေါ်ကို မင်းစက်ဘီးကြီးထမ်းတက်လာတုန်းက၊ မင်းဒီလို လုပ်လိမ့်မယ်လို့ လုံး၀ မျှော်လင့်မထားခဲ့ဘူးလေ၊ ငါ့ကို မင်းခေါ်ထားတော့မယ် ဆိုတာလဲ မင်းမပြောခင်ကထဲက ငါသိနေတယ်၊ ငါညာတာပါဆိုပြီး ပြန်ဖို့ စဉ်းစား သေးတယ်၊ ဒါပေမယ့် ပြောလို့ကို မထွက်ဘူး၊ အဲဒါနဲ့ပဲ ငါလဲ မင်းဆီမှာ သောင်တင်သွားတာ”

“ မင်း ငါ့ကို ဘာလို့ ညာတာလဲ”

“ ဟာ ရှက်တယ်ကွာ၊ နောက်မှ ပြောပြမယ်”

“ ရှက်တဲ့ သူကလည်း ကိုယ်တုံးလုံးကြီးနဲ့”

ရဲထက်ရင်ခွင် ထဲကနေ အတင်းတိုးထွက်သွားပြီး အဝတ်အစားတွေကို ဇိုးဇိုးဇတ်ဇတ် ဖြင့်ပြန်ဝတ်နေသောရင်ဦး ကိုကြည့်ပြီး ရဲထက်ပြုံးမိသည်။

“ ဘာပြုံးတာလဲ၊ မင်းလဲ အင်္ကျ ီပြန်ဝတ်တော့”

“ မင်း နဲ့ ငါ နှစ်ယောက်ထဲပဲ ရှိတာ ဘယ်လိုနေနေ ပေါ့၊ မေမေ တို့ ပြန်မလာခင် အထိတော့ ငါနေချင်သလိုနေမှာ”

“ မင်း မျက်နှာပြောင်တယ် ဆိုတာတော့ သိတယ်၊ ဒီလောက် အရှက်နဲ လိမ့်မယ်တော့ မထင်ဘူး၊ အင်းလေရန် ဖြစ်တာတောင် လှန်ပြတဲ့ ကောင်စားဆိုတော့”

“ ဒါပေမယ့် မင်း အဲဒီထဲက ငါ့ကို ခိုက်သွားတာ မဟုတ်လား”

ရင်ဦး မျက်နှာ ရဲကနဲ ဖြစ်သွားပြီး လက်သီးဆုပ်ကာ ရဲထက်ဆီ ပြေးလာ၏။ အနားရောက်တော့ မှ သက်ပြင်းချ ကာ ပြန်လှည့်သွား၏။ တော်တော် ရှက်သွားမှန်း သိလို့ ဘယ်လို ပြန်ချော့ ရင်ကောင်း မလဲ စဉ်းစားနေခိုက် ရင် ဦး ကောက်ကာငင်ခါ ပြောချလိုက်သည့်စကားကြောင့် ရဲထက် မျက်လုံးပြူးသွားရသည်။

“ အခုငါ့မှာလဲ ကိုယ်ဝန်ရှိနေတာမဟုတ်ဘူးဆိုတော့ အလောတကြီး လက်ထပ်ဖို့မလိုသေး ဘူး၊ ကိုယ့်အိမ်ပဲကိုယ်ပြန်ရင်ကောင်းမလားလို့ ငါစဉ်းစားနေတယ်”

ရင်ဦး စကားကြောင့် ရဲထက်ငိုင် သွားသည်။ ကောက်ခါငင်ခါ ဒီလိုထပြောမည်ဟု လုံး၀ ထင် မထားမိခဲ့ပါ။ခုလေးတင် ငိုကြီးချက်မ နှင့် တောင်းပန်နေခဲ့သူကစိတ်ပြောင်းချင်တော့ လည်း ချက်ချင်းပင်။

“ အိမ်ပြန်ရင် မင်းအဆူခံရမှာပေါ့”

“ တညတလေ လောက်နဲ့ တော့ နည်းနည်းပါးပါး နားပူခံလိုက်ရင်ပြီးပါတယ်၊”

“ ဒါဆိုရင် ငါတို့က ဘာလဲ”

“ ငါက မင်းရည်းစားလေ၊ အိမ်ကို တဖြည်းဖြည်း အသိပေးပြီးတော့မှ ဆက်လုပ်ကြတာပေါ့”

ရင်ဦး ဒီလောက်စိတ်အပြောင်းအလဲမြန်မည်ဟု ရဲထက်မထင်ပါ။ ဒါကလည်း ရင်ဦး မိန်းမ ပိုဆန် လာတာဖြစ်ချင် ဖြစ်နိုင်သည်။ မိန်းမတွေက စိတ်အပြောင်းအလဲမြန်တတ်သည် မဟုတ် ပါလား။ ဒီလို မိန်းမဆန်ခြင်း မျိုးကိုတော့ လက်မခံ နိုင်ပါ။ လက်နှစ်ဖက် နှင့် ခါးကိုကျကျနန ထောက်ပြီး ပြောနေသည့်ဟန်ကတကယ့်ချစ်စရာ မိန်းက လေး တယောက်၏ အသွင်အပြင် ဖြစ်သည်။ ရဲထက် ပြန်မလွှတ်နိုင်ပါ။ ရင်ဦးကိုဘယ်လိုမှ မခွဲနိုင်တော့တာ ကိုယ့်ဖာသာ သိ၏။ ရဲထက် အဖြေစကားကို စောင့်နေသော ရင်ဦးကိုဂရုမထားသလို နှင့် အဝတ်အစားပြန်ဝတ် ရင်း အကြံထုတ်ရသည်။ 

“ ဒါဆိုလဲ ရည်းစားလေး လာပါဦး” 

လက်ယပ်ခေါ်လိုက်တော့ တရွေ့ရွေ့ နှင့် အနားကိုရောက်လာသည်။ ဖက်လိုက်တော့လည်း ပျော့ပျော့ လေးပါလာ၏။ ရင်ဦး ကိုယ်တိုင်လည်း စိတ်ကူးရရာလျှောက်ပြောနေသော်လည်း စိတ်ထဲမှာ တွေတွေဝေေ၀ ရှိပုံရ သည်ဟု ကောက်ချက်ချလိုက်မိသည်။

“ မင်းစိတ်ချပါ၊ ငါ ပြန်သွားလည်း မိန်းကလေးလိုပဲ နေမှာပါ၊ မင်းနဲ့ လည်း နေ့တိုင်းတွေ့နေမှာ ပါ၊ အားလုံးကငါ မိန်းကလေး ပြန်ဖြစ်သွားတာကို သိသွားကြပြီးရင် လက်ထပ်ပြီးတူတူ နေကြ မယ်လေ၊ နော်”

ရဲထက် ခါးကိုဖက်ပြီး ညင်ညင်သာသာပြောသည်။

“ အဲဒီစိတ်ကူးတွေ ဘယ်တုန်းက ဝင်လာတာလဲ”

“ ခုလေးတင်ပဲ၊ ဒီမနက် အထိငါတွေ ဝေနေတာ၊ မင်းကိုလည်း အမှန်အတိုင်းပြောချင်ပေမယ့် ပြောမထွက်ဘူး၊ခုပြောလိုက်ရပြီဆိုတော့ ငါ့ရင်ထဲပေါ့သွားတယ်”

“ တို့ ဒီမှာ တူတူနေခဲ့တာပဲ၊ မင်းတကယ်ကိုယ်ဝန် ရှိသွားရင် ဘယ်လိုလုပ်မလဲ”

“ မဖြစ်နိုင်ပါဘူး”

“ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ကံကြမ္မာ ဆိုတာ ဘယ်သူမှကြိုတွေးလို့ မရဘူး၊ တို့ ဒီအခြေအထိရောက်လိမ့်မယ်လို့ မင်းလဲ မထင်ဘူး၊ ငါလဲ မထင်ခဲ့ဘူး၊ဒါပေမယ့် မထင်တာတွေ ဖြစ်လာရ တယ် မဟုတ်လား”

“ အဲဒီ အတွက် ငါကျေနပ်ပါတယ်၊ အဲဒါကိုတော့ မင်းယုံပါ”

ရဲထက် ယုံပါသည်။ ရင်ဦး၏ မယုံနိုင်စရာ အပြုအမူတွေက သူ့ကို ယုံကြည်စေခဲ့ပါသည်။ တိုက်ပျက်ကြီးကကိစ္စ မှာ အလိုမတူခဲ့သော်လည်း မနေ့က ဒီအိမ်ကိုရောက်လာသည်မှ စပြီး ရင်ဦး သူ့ကို အရာရာကြည်ဖြူခဲ့သည်။ လို လိုလားလားပုံအပ်ခဲ့သည်။ ရဲထက် အလိုကျအတိုင်း ယောက်ျားရှာတယောက် အသွင်ကို လုံးဝဖျောက်ပစ်ဖို့ ကြိုး စားခဲ့သည်။ ဒါကြောင့် လည်း တခါမှ မချစ်ဖူးသည့် အချစ်မျိုးဖြင့် ရင်ဦးကို ရဲထက် ချစ်မိသွားခဲ့သည်။

“ မင်း တကယ်ပြန်မှာပေါ့”

“ အင်း”

“ ဒါဆိုရင်တော့ ငါက မမစောကလျာလှိုင် နဲ့ပြန်ပတ်သက်မိရင် ဘယ်လိုလုပ်မလဲ”

“ ရဲထက်၊ မင်း ယောက်ျားမဟုတ်လား”

“ နွေးနွေး ကလည်း ပြန်လာတော့မယ်”

“ ဘာပြောတယ်”

ဒီတခါတော့ ရင်ဦး မျက်လုံးတွေ မီးဝင်းဝင်းတောက်သွားသည်။ ရဲထက် လက်ထဲကနေရုန်းထွက် သွား၏။ရဲထက် ကလည်း အသာလွှတ်ပေးလိုက်သည်။

“ မင်း နွေးနွေး နဲ့ ဘာမှ ပတ်သက်စရာအကြောင်းမရှိဘူး၊ ကုန်ကုန်ပြောမယ် မင်းသူ့ကိုကြည့်လဲမကြည့်ရဘူး၊ စကားလဲ မပြောရဘူး၊ သူနဲ့ ဝေးဝေးမှာနေပါ”

“ နွေးနွေးက မင်းရည်းစားလား၊ မင်းပြောတော့ မင်းရည်းစားက ငါဆို”

“ ဟုတ်တယ်လေ၊ ဒါကြောင့်ပြောတာ၊ နွေးနွေးကလည်း ...မင်း ...မင်း ..ကိုချစ်နေတယ်၊ မင်း က ဖွင့် မပြောသေးလို့သာ။ သူ့ကို ငါအရမ်းခင်ပါတယ်၊ ဒါပေမယ့် မင်းကို သူ့လက်ထဲ မထည့် နိုင်ဘူး”

ရင်ဦး၏ အညှာကိုရဲထက်သိသွားသည်။

“ နွေးနွေး က ငါ့ကိုချစ်တယ်လို့ မင်းက ဘာလို့ပြောနိုင်ရတာလဲ”

“ ရန်ကုန် မသွားခင်နေ့က ငါအတင်းမေးလို့ သူဝန်ခံတယ်၊ မင်းကငါ့ကိုငဲ့ပြီးရှေ့တက်မလာတာလို့လဲပြောတယ်၊ အဲဒီအချိန်မှာ ငါကလဲ မင်းကို .....၊ ငါ ...ငါ ... အရမ်းစိတ်ဆင်းရဲခဲ့ရတယ်၊ နွေးနွေး မရှိတုန်း ဟိုမိန်းမက မင်းကို ပြန်ချိတ်ဖို့ လုပ်လာတော့ နွေးနွေး ဘက်ကနေ ကူဖို့ငါလာခဲ့တာ၊ ဒါပေမယ့် အမှတ်မထင် မင်းစိတ်ကို စမ်းလိုက် တာကနေ ..ငါ မခွာနိုင်အောင်ဖြစ်သွားရတယ်၊ မင်းကို ငါသူ့လက်ကနေလုခဲ့မိပြီ၊ ထပ်ပြီး အနိုင်မကျင့် ချင်တော့ဘူး၊ မင်းငါ့ကို တကယ်ချစ်တယ် ဆိုရင် သူနဲ့ ရှေ့ဆက် မပတ်သက်ပါနဲ့တော့”

ပြောရင်း ရင်ဦးငိုသည်။ ရဲထက် လည်း သူ့ အခြေအနေကို နားလည်လိုက်ပါသည်။ ဒါပေမယ့် ဒီဟာတွေထက်အ ရေးကြီးတာက ရင်ဦး အိမ်မပြန်ဖို့ ဖြစ်သည်။ 

“ ဟုတ်ပြီ၊ ဒါဆိုရင် ငါ မစောကလျာလှိုင်နဲ့ လည်း မပတ်သက်ဘူး၊ နွေးနွေး နဲ့လည်းဝေးဝေး နေ မယ်၊ဒါပေမယ့် မင်းငါ့ကို ခွဲမသွာရဘူး၊ ဘယ်လိုလဲ”

ရဲထက် ရင်ခွင်ထဲသို့ ရင်ဦးပြိုကျလာပြန်သည်။

“ မင်းတကယ် ငါနဲ့ မခွဲနိုင်တာလား”

မျက်ရည်တွေကြားက အပြုံးနှင့် မေး၏။ မိနစ် ပိုင်းလောက်အတွင်းမှာပင် ငိုလိုက် ရယ်လိုက်၊ အမျိုးမျိုးစဉ်းစား ဆုံးဖြတ်လိုက် လုပ်နေသောရင်ဦးကို ကြည့်ရင်း 

“ သူတို့လိုလူတွေက စိတ်နေ စိတ်ထားသူများနဲ့တူတာ မဟုတ် ဘူး” ဟု မမနီနီ ပြောဖူးတာပြန်သတိရသည်။

ချစ်မိသည့် နောက် တော့လည်း သည်းခံခွင့်လွှတ်ရပေမည်။ 

“ တကယ်ပေါ့၊ ခွဲနိုင်ရင် မင်းပြန်မယ် ဆိုကထဲက လွှတ်ပေးလိုက်တော့မှာပေါ့”

“ တိုက်ပျက်မှာ မင်းငါ့ကို အနိုင်ကျင့်တုန်းက ငါအရမ်းစိတ်ဆိုးခဲ့တာ၊ ဒါပေမယ့် အဲဒါကိုပဲ အမြဲသတိရနေတယ်၊ ငါ အဲဒီအချိန်ထဲက ရူးသွားတယ် ထင်တာပဲ၊ ငါ တို့ ဂိမ်းဆိုင်မြန်မြန် ဖွင့် ကြရအောင် နော်”

..........................................................................................................

ရင်ဦး ညက အိမ်ပြန် မအိပ်ပါ ဆိုသည့် စကားကြောင့် နွေးနွေး အံ့သြသွားရသည်။ ခါတိုင်းဆိုရင် နွေးနွေးဆီမှာ တခါတလေ အိပ်တတ်သည်မှ အပ ဒီလို မလုပ်တတ်ပါ။ နွေးနွေး ဆီမှာ အိပ်သည်ဆိုလျှင် သူ့ အိမ်ကလည်း စိတ် ချ၏။ 

“ အန်တီ တို့လဲ သမီး ဆီမှာပဲထင်တာ၊ သမီး ရန်ကုန်သွားနေတာကို မေ့နေကြတယ်။ မနက်ရောက်မှ သမီး မရှိ တာ သတိရလို့ အခု ဟိုဟိုဒီဒီ လျှောက်စုံစမ်းနေကြတာပဲ၊ ခုထိသတင်း မရသေးဘူး”

အန်တီခင့် စကားကြောင့် နွေးနွေးလည်း စိတ်ပူသွားသည်။

“ သမီး တို့ က လမ်းမှာ ကားပျက်နေလို့ သန်းခေါင်ကျော် မှ အိမ်ပြန်ရောက်တယ် အန်တီ”

“ သူ့ယောက်ျားလေး အပေါင်း အသင်းတွေဆီ လိုက်မေးနေတာပဲ၊ သတင်းမရရင်တော့ ရဲတိုင်တော့မယ်”

“ သမီး လဲ လိုက်စုံစမ်းပေးပါ့မယ် အန်တီ”

ဖုန်းနံပါတ်ပေးထားတာ တောင်မှ တကြိမ်မှ မဆက်သည့် ရဲထက်ကို အမြင်ကပ်ကပ် နှင့် ရင်ဦး ဆီ အရင်လာခဲ့ ခြင်းဖြစ်သည်။ ရင်ဦး အတွက် နွေးနွေး တကယ်စိတ်ပူပါသည်။ ဟိုမေး ဒီမေး လိုက်မေးဖို့ကလည်း နွေးနွေး တ ယောက်ထဲ မဖြစ်ပါ။ ရဲထက် ကို အဖေါ်ခေါ်မှ ဖြစ်တော့မည်။

ရဲထက်က ရင်ဦးကို ကြည့်မရပေမယ့် နွေးနွေး အ ကူ အညီတောင်းရင်တော့ လုပ်ပေးလိမ့်မည် ထင်ပါသည်။ နွေးနွေး စက်ဘီး ခြင်းကလေး ထဲမှာ ရဲထက် အတွက်လက်ဆောင်ပါသည်။ အဲဒါ နှင့် ချော့ပြီး အကူ အညီတောင်းဖို့ စိတ်ကူးရ၏။ရန်ကုန် ရောက်နေတုန်းက ဖုန်းမ ဆက်သည့် ကိစ္စ ကိုတော့ နောက်မှပဲ ရန်တွေ့တော့မည်။လောလောဆယ် ရင်ဦး ကိစ္စ က ရှိသေး၏။

ရဲထက် တို့ ခြံတံခါး က ချိတ်ကလေး ကို ဖြုတ်ပြီး အထဲသို့ ဝင်လာပြီး ရပ်လိုက်မှ အိမ်ရှေ့သံဆန်ကာတံခါးကို သော့ခတ် ထားသည်ကို တွေ့ လိုက်ရသည်။ အခုန ရင်ဦးတို့ အိမ်မသွားခင် ခါတိုင်းရဲထက် ရှိတတ်သည့် ဆိုင်ရှေ့ မှာ မ ယောင် မလည် ကြည့်ခဲ့သေးသည်။ ရဲထက် မရှိပါ။အိမ်ကလည်း သော့ခတ်ထားသည် ဆိုတော့ ရဲထက် လည်း ရင်ဦး ကို ဝိုင်းရှာပေး နေသလားဟု တွေးရင်းနွေးနွေး ပြုံးလိုက်မိသည်။

“ ဘာပြောတယ်”

အိမ်ထဲက ကြားလိုက်ရသည့် အသံက ရင်ဦး အသံလို့ ထင်သည်။ ခြေရင်း ဖက်ကလို့ ထင်ပြီးပြေးအကြည့်မှာ နောက်ထပ် ကြားလိုက်ရသည့် အသံကြောင့် ရင်ဦး ဆိုတာသေချာသွားသည်။

“ မင်း နွေးနွေး နဲ့ ဘာမှ ပတ်သက်စရာအကြောင်းမရှိဘူး၊ ကုန်ကုန်ပြောမယ် မင်းသူ့ကိုကြည့်လဲမကြည့်ရဘူး၊ စကားလဲ မပြောရဘူး၊ သူနဲ့ ဝေးဝေးမှာနေပါ”

အိမ်မပြန်ဘဲ ရဲထက်ကို ရန်လာလုပ်နေသလား ဟုတွေး လိုက်မိသေးသော်လည်းနောက်ထပ်ကြားလိုက်ရသည့် ရဲထက် ၏ စကား ကြောင့် နွေးနွေး ရင်ဘတ်ကို ဖိလိုက်မိ၏။ ရဲထက် အသံ အဆုံးမှာ ရင်ဦး ပြန်ပြောသည့် စကား တွေကို ခေါင်းလေး မော့ကာ နားစွင့်ရင်း နွေးနွေးခေါင်းတွေ နောက်ကျိရီ ဝေလာ၏။

“ နွေးနွေးက မင်းရည်းစားလား၊ မင်းပြောတော့ မင်းရည်းစားက ငါဆို”

“ ဟုတ်တယ်လေ၊ ဒါကြောင့်ပြောတာ၊ နွေးနွေးကလည်း ...မင်း ...မင်း ..ကိုချစ်နေတယ်၊ မင်း က ဖွင့် မပြောသေးလို့သာ။ သူ့ကို ငါအရမ်းခင်ပါတယ်၊ ဒါပေမယ့် မင်းကို သူ့လက်ထဲ မထည့် နိုင်ဘူး”

“ နွေးနွေး က ငါ့ကိုချစ်တယ်လို့ မင်းက ဘာလို့ပြောနိုင်ရတာလဲ”

“ ရန်ကုန် မသွားခင်နေ့က ငါအတင်းမေးလို့ သူဝန်ခံတယ်၊ မင်းကငါ့ကိုငဲ့ပြီးရှေ့တက်မလာတာလို့လဲပြောတယ်၊ အဲဒီအချိန်မှာ ငါကလဲ မင်းကို .....၊ ငါ ...ငါ ...အရမ်းစိတ်ဆင်းရဲခဲ့ရတယ်၊ နွေးနွေး မရှိတုန်း ဟိုမိန်းမက မင်းကို ပြန်ချိတ်ဖို့ လုပ်လာတော့ နွေးနွေး ဘက်ကနေ ကူဖို့ငါလာခဲ့တာ၊ ဒါပေမယ့် အမှတ်မထင် မင်းစိတ်ကို စမ်းလိုက် တာက နေ ..ငါ မခွာနိုင်အောင်ဖြစ်သွားရတယ်၊ မင်းကို ငါသူ့လက်ကနေလုခဲ့မိပြီ၊ ထပ်ပြီး အနိုင်မကျင့် ချင်တော့ ဘူး၊မင်းငါ့ကို တကယ်ချစ်တယ် ဆိုရင် သူနဲ့ ရှေ့ဆက် မပတ်သက်ပါနဲ့တော့”

“ ဟုတ်ပြီ၊ ဒါဆိုရင် ငါ မစောကလျာလှိုင်နဲ့ လည်း မပတ်သက်ဘူး၊ နွေးနွေး နဲ့လည်းဝေးဝေး နေ မယ်၊ဒါပေမယ့် မင်းငါ့ကို ခွဲမသွားရဘူး၊ ဘယ်လိုလဲ”

ဘာတွေ ဖြစ်ကုန်ပြီနည်း။ ရင်ဦးက နွေးနွေးလက်ကနေ ရဲထက်ကိုလုယူသည်။ ရဲထက်ကလည်း ရင်ဦးကို ချစ်သည် တဲ့။ ကိုယ့်နားပင် ကိုယ်မယုံ နိုင်ပါ။ ရင်ဦး ဘာကြောင့်ပျောက်နေသည် ဆိုသည့် အဖြေကိုသိလိုက်ရ သော် လည်း နွေးနွေး ရင်ထဲ ဆို့သွားသည်။

ရက်ပိုင်း လောက် အချိန်လေးအတွင်း မှာ ဘယ်လိုမှ အစပ်အဟပ်မတည့် သူ နှစ်ယောက်က ချစ်သူတွေ ဖြစ်သွားကြသည် ဆိုတာ ယုံနိုင်ဖွယ် မရှိပါ။ ဒါပေမယ့် ရင်ဦး အသံကအရင်လို ယောက်ျားသံ ဖြစ်အောင် တမင်လုပ်ပြောသည့် အသံ မျိုးမဟုတ်တော့ဘဲ သဝန်တိုသည့် မိန်းမ တယောက်၏ ခါးသီး စူးရှ သောအ သံ ဖြစ်နေတာကို နွေးနွေးခံစားမိသည်။

စက်ဘီး ဆီ ခေါင်းငိုက်စိုက် နှင့် ပြန်လျှောက်လာရင်း ခြင်းထဲက အထုပ်လေး နှစ်ထုပ်ကို မျက်စိရောက်သည်။မတည့်ကြသည့် ရင်ဦး နှင့် ရဲထက်ကို စချင်လို့ တယောက် တထည်စီပေးဖို့ တီရှပ်ဆင်တူ နှစ်ထည် ဝယ်လာ သည်။ နွေးနွေး ပေးသည့် တီရှပ် ဆင်တူဖြင့် လမ်းမှာ သူတို့နှစ်ယောက် မျက်နှာ ချင်းဆိုင်တွေ့ရင် အတော် ရယ် စရာကောင်း လိမ့်မည် ဟု နွေးနွေး ထင်ခဲ့ပါသည်။ အခုတော့ ဒါသည်ပင် နိမိတ် တခုလိုဖြစ်ခဲ့ ရပြီ။ 

ကျွပ်ကျွပ် အိတ်နှင့် ထည့်ထားသည့် အထုပ်နှစ်ထုပ် ကို သော့ခလောက်မှာ ချိတ်ပေးခဲ့ပြီး လေးကန်သောခြေလှမ်းတွေ နှင့် စက်ဘီးတွန်းကာ ထွက်လာသော နွေးနွေး ခြံဝအရောက် တွင် ဆိုင်ကယ်လေး တစီး ထိုးဆိုက် လာ ၏။

“ ညီမ ရေ၊ ဒါ ရဲထက်တို့ အိမ်လား”

ဆိုင်ကယ်ပေါ်ကဆင်းလာသည့် လုံးကြီးပေါက်လှ ခပ်ချောချော အမ တယောက်က မေးလာသည့် အခါနွေးနွေး သော့ခတ်ထားသည့် တံခါးဆီ ညွှန်ပြလိုက်ပြီး

“ ဟုတ်ကဲ့ မမ၊ ဒါပေမယ့် ဘယ်သူမှ မရှိဘူး၊ သော့ခတ်ထားလို့ သမီးတောင်ပြန်တော့ မလို့”

“ အော် …ကျေးဇူးပဲ နော်”

အိမ်ဖက်ကို တချက်လှမ်းကြည့်ပြီး ဆိုင်ကယ်ပေါ်ပြန်တက် ပြီး မောင်းထွက်သွားသည်။ နွေးနွေးပြန်ရမည့်လမ်းက သူမ ထွက်သွားရာနှင့် ဆန့်ကျင်ဖက်ဖြစ်၏။ အိမ်ဖက် သို့ မကြည့်မိအောင် စိတ်ကိုတင်း ပြီး နွေးနွေးလည်း စက် ဘီး လေးပေါ်သို့ တက်ကာ နင်းထွက်လာခဲ့သည်။ ပြီးပါပြီ။ 

ကျွန်တော် လေးစားနှစ်ချိုက်တဲ့ ကွယ်လွန်သူ စာရေးဆရာ နီကိုရဲ က ယောက်ျားရှာ ဝတ္တု နှစ်အုပ်ရေးခဲ့ပါတယ်။

နှစ် အုပ် လုံးမှာ ဇာတ်သိမ်း ခန်းရောက်တဲ့ အခါ ယောက်ျား ရှာမလေးတွေ ဟာ သူတို့ ချစ်တဲ့သူ နဲ့လက်တွဲခွင့် မရဘဲ ကျန်ခဲ့ကြပါတယ်။ 

ဆရာနီကိုရဲ စာအုပ်တွေဖတ်ရင်း စိတ်ထဲက နေ သနား မိခဲ့တာကြောင့် တပုဒ်လောက်တော့ ရေးမယ် ဆိုတဲ့စိတ်နဲ့ ဒီဇာတ်လမ်း ကို ရေးဖြစ်ပါတယ်။


ဖတ်ရှုသူများ အားလုံး ကျေးဇူးပါ။ 

Jin kaleat (ကိုဂျင်)  



........................................💚💛💖💝💙........................................

ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment