Monday, February 25, 2013

မီးကြောင့် သင်မလောင်ပါစေနှင့် အပိုင်း ( ၁ )

မီးကြောင့် သင်မလောင်ပါစေနှင့် အပိုင်း ( ၁ )

ရေးသားသူ - Jin kaleat 

Credit - အချစ်ရွာ (http://mmachitywar.com)

အချစ်ရွာသစ် ပထမအကြိမ်ပြန်စတုန်းက ဒီနာမည်နဲ့ ဇာတ်လမ်း တပုဒ်ရေးမယ် လို့ ပြောပြီး ကျွန်တော်ရေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် နဲနဲ ချရေးပြီးတဲ့ နောက် နာမည်နဲ့ ဇာတ်လမ်း မကိုက်ဘူး ထင်တာကြောင့် ဆက်မရေးဖြစ် တော့ပါဘူး။ ဒီခေါင်းစဉ် လေးကို သဘောကျတာကြောင့်ရေးမယ်လို့ တေးထားခဲ့ပါတယ်။ ဟိုတလောလေး တုန်း ကမှ ခေါင်းထဲ ဝင်လာတဲ့ စိတ်ကူးလေး တခုကြောင့်ကျွန်တော် ထရေးဖြစ်ပါတယ်။

ရထားတာလေး ပြန်ပျောက် သွားမှာ စိုးတာကြောင့် လက်စ တွေကို ခနရပ်ပြီးဒါကိုပဲ ကိုင်လိုက်တော့ တော်တော် လေး ရေးဖြစ်သွားပါတယ်။ ဒါကြောင့် ဒီတခုကိုတော့ ပြီးတဲ့ အထိအမြန်ဆုံးဆက်တိုက် တင်နိုင်မယ် ထင်ပါတယ်။ ပထမရွာသစ်မှာ တင်ခဲ့ တဲ့ အကြွေး ကိုပြန်ဆပ်တာပေါ့ဗျာ။

တခုရှိတာက ဒီဇာတ်လမ်း ကို အခြေအနေအရ ဝင်းအင်း၀ နဲ့ ရိုတ်ခဲ့ရပါတယ်။ ဝင်းအင်း၀ ကိုတောင်မှဘေးကလူ တွေ မြင်မှာစိုးလို့ အင်္ဂလိပ်စာလုံး နဲ့ ရိုတ်ပြီး လူလစ်မှ ပြန်ပြောင်းပြီး စစ်ရပါတယ်။ ပြီးတော့မှဇော်ဂျီ ပြန်ပြောင်း ပြီး အချောသပ်ရပါတယ်။ ဒါကြောင့် ကျွန်တော် မမြင်လိုက်တဲ့ ချို့ယွင်းချက်များပါလာရင်သည်းခံပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်။

ဒီ အပတ် အတွင်းမှပဲ အပြီးတင်ပေး နိုင်လိမ့်မယ် လို့လဲထင်ပါတယ် ခင်ဗျ။ အချစ်ရွာအမှတ်တံဆိပ် နဲ့ PDF ပြုလုပ် ပေးမယ့် သူများရှိရင်လည်း ကြိုတင်ပြီး ကျေးဇူးတင်ပါရစေခင်ဗျ။

Jin kaleat 

...................................................................................................

ရဲထက် ခေါင်းကိုစိတ်ပျက်လက်ပျက်ကုပ်လိုက် မိသည်။ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲဆိုတာလို ကာယကံရှင် နွေးနွေးက ဘာမှ မပြောဘဲ ရင်ဦးက ဆွေ့ဆွေ့ခုန်နေလို့ ဖြစ်ပါသည်။ စကား လေးတခွန်း လောက် ပြောပါရစေ ဆိုရုံရှိသေးသည် ရင်ဦးက သူတို့ နှစ်ယောက်ကြားကို ဝင်ရပ်လိုက်၏။

“ ရင်ဦး၊ ငါက နွေးနွေးကိုပြောနေတာနော်၊ မဆိုင်ဘဲဝင်မပါနဲ့”

“ ဘာလို့ မဆိုင်ရမှာလဲ နွေးနွေးက ငါ့အချစ်ဆုံးသူငယ်ချင်းကွ၊ မင်းလမ်း မင်းသွားပါ ဟေ့ ကောင်ရာ၊ ဒီထက်လွန် လာရင် ငါလက်ပါမိတော့မယ်”

ဘောင်းဘီ အိတ်ထဲလက်နှိုက်ရင်း ဟန်ပါပါ ပြောလိုက်သည့် ရင်ဦး အမူအရာကြောင့် ထောင်းကနဲဒေါသထွက် သွား လို့ ရဲထက် လုံချည်ကို ခပ်တင်းတင်း ပြင်ဝတ်လိုက်ရင်း

“ မင်းက ဘာလုပ်ချင်လို့လဲ”

“ အို”

ရဲထက် လုံချည်ဖြန့် အဝတ်တွင် နွေးနွေး မျက်နှာလေး ရဲပြီး တဖက်သို့ လှည့်သွားသည်။ ရင်ဦးကတော့ ရဲထက် လုပ်သမျှ ကိုခပ်တည်တည် စိုက်ကြည့်နေပြီးနောက်

“ မင်းတော်တော် အသားနာချင်ပြီထင်တယ်”

ရင်ဦး ကာရာတေး တတ်တာသိပေမယ့် ခုချိန်မှာ ရဲထက်မကြောက်ပါ။ ကိုယ်ချစ်နေ သည့် မိန်းကလေးရှေ့တွင် ယောက်ျားတယောက်အနေနဲ့ ဒီလို အပြောအဆိုမျိုးကို ငုံ့ခံနေရန် အ ကြောင်း မရှိပါ။ ရင်ဦးက ဘာတတ်တတ် ရဲထက် ရင်ဆိုင်တော့မည်သာဖြစ်ပါသည်။ ဒါပေမယ့် ရင်ဦးနှင့်ရဲထက် ရင်မဆိုင်မိခင် နွေးနွေး က ကြားဝင် လာ သည်။ ရင်ဦး လက်ကို အတင်းဆွဲပြီး..

“ တော်ကြတော့၊ တော်ကြတော့ တရပ်ကွက်ထဲသားချင်းတွေပဲ၊ ရင်ဦးလဲ တော်တော့၊ ရဲထက် ကလည်းသွားတော့၊ လူတွေလဲ ကြည့်နေကြပြီ ရှက်စရာကြီး”

“ ဒီကောင်လူပါးဝတာ နွေးနွေး ရဲ့”

နွေးနွေး ဆွဲကာမှ ရင်ဦးက ပိုကဲလာသည်။

“ လူပါးဝတယ် ပြောရအောင် ငါက မင်းကိုဘာလုပ်နေလို့လဲ”

“ တော်ကြတော့လို့ ပြောနေတယ်လေ၊ သွားပါတော့ရဲထက်ရယ်၊ ရန်မဖြစ်ချင်ပါနဲ့ဟာ”

နွေးနွေး မျက်ဝန်းတွေထဲမှာ သူ့ အတွက်စိုးရိမ်မှုတွေ ပါသည်ဟု ရဲထက်ထင်လိုက်မိသည်။ တရပ်ထဲသားချင်း ရင်ဦး၏ လက်စလက်န ကိုသိနေသည့် အတွက် လူချင်းချရင် နိုင်ဖို့ မသေချာတာလည်းရဲထက်သိပါသည်။ ခံရဖို့ များ၏။ ဒါမေယ့် နွေးနွေး ရှေ့မှာ သိက္ခာကျလို့ မဖြစ်ပေ။

“ ရင်ဦး သွားမယ်လာ၊ ရဲထက် နေခဲ့ နော်”

ရင်ဦးလက်မောင်း ကိုဆွဲပြီး ရဲထက်ကို စိတ်မချသလိုမှာရင်း ထွက်သွားသည့် နွေးနွေး နောက်ကျောပြင်ကိုငေးပြီး ရဲထက်ငေါင်ကျန်ခဲ့သည်။ မိန်းမသားမီသသည့် နွေးနွေး၏ အနောက်ပိုင်းအလှ မက်မက်မောမောလိုက်ကြည့် နေ မိရင်း ဘေးမှာ ဆောင့်ကြွား ကြွားနှင့် ပါသွားသည့် ရင်ဦး ကို အစိမ်းလိုက် ဝါးစားချင်စိတ်ပေါက်လာပါသည်။ 

“ နေ နှင့်ဦးပေါ့ကွာ”

အဝါနုရောင် ထမိန်စကပ်အောက်တွင် လုံးဝန်းလှပသည့် နွေးနွေး၏ တင်ပါးတွေက ရဲထက်ကို နိမ့်တခါမြင့်တ လှည့်ဖြင့် ကျီစယ်သွားကြ၏။ တင်ပါးတွေက ပြည့်တင်းလွန်း သည့် အပြင် ထမိန်စကပ်ကလည်းတင်းကျပ် နေ သည့် အတွက် အတွင်းခံပင်တီ အရစ် ဖေါင်းဖေါင်း လေးကို တင်ပါး အောက်နားတွင်ကြွကြွရွရွ မြင်နေရ၏။ ခါး ကျင်ကျင် လေးဆီက နေ ရေအိုးလေးတလုံးလို စွင့်စွင့် မို့မို့ မောက်တက်သွားသည့် တင်ပါးတွေ အောက်က ပေါင် တံ တွေကလည်း အချိုးအစား ကျလွန်းပါ၏။ 

မချင့်မရဲဖြင့် သက်ပြင်းချလိုက်ရင်း တနေ့တွင် ဒီအလှ အပတွေ ကို မလွဲမသွေ ပိုင်ဆိုင်နိုင်ရအောင်ကြိုးစား မည်ဟု စိတ်ကိုအခိုင်အမာဆုံးဖြတ် လိုက်ပါသည်။ နွေးနွေး နား တွင် ရင်ဦး အတွက်နေရာ မရှိစေရပါ။

.........................................................................................................

ရဲထက် စိတ်တိုနေသည်။ နွေးနွေးကို လိုက်စကားပြောရင်း ရင်ဦးကြောင့် စိတ်ရှုပ်ခဲ့ရသည့် အပြင် လဘက်ရည် ဆိုင်ရောက်တော့ သူငယ်ချင်းတွေက ဝိုင်းပြီး ပြောင်လှောင်လိုက်ကြတာ ကြောင့်ဖြစ်သည်။ရဲထက်ကလည်း မနေနိုင်မထိုင်နိုင် သူတို့ကိုသွားပြောပြလိုက် မိသည်။ 

“ ဒီဗုံမဟုတ် ပတ်မဟုတ်နဲ့ မှ မင်းကခံရတယ်လို့ကွာ၊ နွေးနွေးကတော့ ချစ်စရာကောင်းပါတယ်၊ ဒါပေမယ့်သူတို့ ချင်း စလောင်းဖုံး နှစ်ချပ် ပွတ်လို့ အဆင်ပြေနေပြီပဲ၊ မင်းဝင်ရှုပ်လဲ အလကားပါပဲ”

ရင်ဦး ဆိုသည့် ရင်ဦးမေက တကယ်တော့ ယောက်ျားရှာမလေး တယောက်သာဖြစ်ပါသည်။ ဒီလို ယောက်ျားရှာက သူလို ယောက်ျားစစ်စစ် ကိုပြောဆိုကြိမ်းမောင်းလိုက်သည်က ခံရဆိုး ပါသည်။ နွေးနွေး က သာကြားဝင် မဖြေရှင်းရင် ဖြစ်ချင်ရာဖြစ် ရင်ဆိုင်ပစ်လိုက်မိမည် ထင် သည်။ဒီလိပြောမိပြန်တော့လည်း ဝိုင်းပြီး သြဘာ ပေး ကြပြန်သည်။

“ အဲဒီဘောပြားနဲ့ ဖက်ဖြစ်ရင် မင်းနိုင်လဲ မကောင်း ရှုံးလဲ လူကြားမကောင်း ဖြစ်မှာ၊ အေးအေး နေစမ်းပါကွာ”

“ ဒါဆိုငါက ဒီတိုင်းထိုင်ကြည့်နေရမှာလား”

“ မိန်းမတွေ ပေါပါတယ်ကွာ၊ နွေးနွေးမှ နွေးနွေး ဖြစ်နေရင်လည်း စိတ်ရှည်ရှည်ထား တချိန်ကျ ရင် အတုနဲ့အစစ် ဘယ်ဟာ ပိုကောင်းတယ် ဆိုတာ ကောင်မလေးသိလာမှာပဲ၊ အဲဒီကျမှ ရအောင် ယူပေါ့၊ တခုတော့ရှိတယ်ကွာ၊ မင်းက ဘောပြေားလို လျှာလေးဘာလေးတော့ ကျွေး ရမှာပေါ့”

ရင်ဦး နှင့် နွေးနွေးကို အချစ်တော်တွေဟု လူတိုင်းက သတ်မှတ်ထားသည်။ ရိုးသားပြီး အေးဆေး သည့်နွေးနွေး က မိန်းမချင်း ချစ်လိမ့်မည်ဟု တော့ ရဲထက် မထင်ပါ။ 

“ သူတို့ အဲဒီလောက် အဆင့်လို့တော့ ငါမထင်ပါဘူးကွာ”

“ မပြောနိုင်ဘူးလေ၊ မင်း နွေးနွေးက မှုတ်ချင်စရာလေး၊ မင်းတောင်မှ အခွင့် အရေးရရင် မှုတ်ချင် မှုတ်မိမှာ၊ဟို ဘောပြားမ ဆိုရင်ပြောမနေနဲ့တော့”

“ တော်ပါကွာ”

ဆက်ပြောနေရင် ပေါက်ကရတွေပဲဖြစ်နေမှာသိလို့ အိမ်ပြန်လာခဲ့သည်။ စိတ်ထဲမှာတော့ သူငယ်ချင်း တွေကိုလည်း မကျေနပ်၊ ကိုယ့်ကိုယ်ကို လည်းမကျေနပ်၊ ရင်ဦး ကိုတော့ မကျေနပ်ဆုံးဖြစ်သည်။ သဘာ၀ တရားကိုနားမလည်ဘဲ အဟုတ်ကြီးထင်နေသည့် အဖြစ်ကို ရယ်လဲ ရယ်ချင် အသည်းလဲ ယားမိသည်။

“ လိုက်လဲ လိုက်တဲ့ မောင်နှမတွေ”

ရင်ဦး ၏ အကို ချစ်ဦးမောင်က ရဲထက်၏ သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သည်။ ချစ်ဦး ကျပြန်တော့မိန်းမ ရှာဖြစ်နေသည်။ ချစ်ဦးမောင် နှင့် ရင်ဦးမေ အမြွှာ မောင်နှမ နှစ်ယောက်က ကမ ္ဘာ့အံ့ဖွယ်ထဲထည့်မည် ဆိုရင် ထည့်လို့ရသည်ဟု ရဲထက် စိတ်အချဉ်ပေါက်စွာ တွေးနေမိပါသည်။

ချစ်ဦးမောင် ကတော့ အခု ရဲထက်တို့ မြို့လေးမှာ မရှိတော့ပါ။ ရန်ကုန်မှာ နတ်ကတော်လုပ်နေ သလိုလို၊ဆံပင် မိတ်ကပ် အလှဖန်တီးရှင်လုပ်နေသလိုလို သတင်း သာကြားရ၏။ မွေးစကထဲက ဖြူဖြူစင်စင်ချောချောသန့်သန့်လေးတွေ ဖြစ်သည့် သူတို့ မောင်နှမက ငယ်ငယ် တုန်းကဆိုလျှင် မောင်နှမလို့ ဘယ်သူမှမထင်ကြ။ အမြွှာညီအကို ထင်သူထင်၊ ညီအမ ထင်သူထင်ရှိကြသည်။ တဖြည်းဖြည်းအရွယ်ရောက်လာတော့မှ စရိုတ်လက္ခဏာ တွေက သိသာထင်ရှားလာကြသည်။ 

ချစ်ဦးမောင်က အိမ်မှာ အိုးပုတ်ချိုးရုပ်တွေနှင့် ထမင်းချက်တန်း ကစားရင်း အမေကို ကူညီနေစဉ်မှာ ရင်ဦးမေကတော့ လမ်းပေါ်မှာယောက်ျားလေးတွေ နှင့် ဘောလုံးကန်။ ဂေါ်လီရိုတ် စွန်လွှတ်နေ၏။ ရုပ်ချင်းကလည်း ခပ် ဆင်ဆင် ဖြစ်ရာအ ကြောင်းမသိသူတွေက ယောက်ျားလေး လိုဝတ်ထားသည့် ရင်ဦးမေ ကို ချစ်ဦးမောင်ဟု ထင်ကြသည်။

ရဲထက် နှင့် ချစ်ဦးမောင်က ဆယ်တန်းအထိ တခုံထဲတူတူထိုင်ခဲ့ကြသူတွေဖြစ်သည်။ ရင်ဦး နှင့်က အတန်းတူ သော်လည်း ဆက်ရှင်မတူပါ။ သို့သော် သူငယ်ချင်း၏ ညီမအနေနှင့် ရဲထက် နှင့် ရင်ဦးရင်းနှီးပါသည်။ရင်ဦးက လည်း အခုလို နွေးနွေးကိစ္စ မပေါ်ခင်အထိ ရဲထက်ကို ခင်ခင် မင်မင် ဆက်ဆံသည်။ နွေးနွေးကတော့ နောက်မှ ပြောင်းလာသူဖြစ်သည်။ ဆယ်တန်း အထိ ချစ်ဦးမောင်က နွဲ့တဲ့တဲ့ နှင့်မိန်းမဆန်သော်လည်း လုံးလုံးလျားလျား မိန်းမရှာ မဟုတ်သေးပါ။ 

ရဲထက် အပါအဝင်အပေါင်းအသင်းတွေက သူ့ကို ယောက်ျားလေး တယောက်လိုပဲ သဘောထား ဆက်ဆံကြ ခြင်းကြောင့်လည်းပါမည်။ ရဲထက် က ဆယ်တန်းကို နှစ်ချင်းပေါက် အောင်သွားသော်လည်း သူတို့ မောင်နှမ ကကျကျန်ခဲ့သည်။ နောက်တနှစ် ကျတော့ ရင်ဦး အောင်ပြီး ချစ်ဦးမောင် က ကျပြန်သည်။ အပြင်ဖြေ တနှစ်ဖြေပြီး ထပ်ကျသည့် အခါ ချစ်ဦးမောင် ပညာရေးကို ကျောခိုင်းသွားပြီး နောက် ဟိုယောင်ယောင်ဒီယောင်ယောင် လေ လွင့်ရင်း မိန်းမရှာ အသိုင်း အသိုင်းထဲ ရောက်မှန်း မသိရောက်သွားတော့သည်။

ရဲထက်က GTC တက်သည့်အတွက် ကျောင်းသွားတက်နေပြီး ကျောင်းရက်ရှည်ပိတ်မှ ပြန် ဖြစ်သည်။ ချစ်ဦးမောင်ကတော့ လိုင်းကွဲသွားပြီဖြစ်၍ သူနှင့် မတွေ့တော့သလောက် ဖြစ်သွား သည်။ ရဲထက် B Tech ဒုတိယနှစ်ပြီး၍ ပြန်ရောက်ချိန်မှာတော့ ချစ်ဦးမောင်ကို မိန်းမရှာတ ယောက်၏ အသွင်အပြင်ပီပီပြင်ပြင် နှင့် မြင်တွေ့လိုက်ရတော့သည်။

“ ဟေ့ ရဲထက်”

တီရှပ်ပွပွ နှင့် အောက်က မိန်းမတွေလို ထမိန်စကပ်ဝတ်ထားသည့် ချစ်ဦးမောင်ကို ရဲထက် ကြောင်ပြီးကြည့်နေမိသည်။ ရင်ဦးမေ များလားဟုလည်း ဇဝေဇဝါဖြစ်ရ၏။ အသံက ချစ်ဦးအသံ ဖြစ်နေသည့် အပြင် ရင်ဦးကလည်း မိန်းမလို ဝတ်သည့်တိုင် ဒီလောက် နွဲ့မှာမဟုတ် ဟု တွေးမိသည့် အတွက် စိတ်မသက်မသာဖြင့် ပြန်နှုတ်ဆက်လိုက်ရသည်။

“ ဟာ ချစ်ဦး၊ မတွေ့တာတောင်ကြာပြီကွာ”

“ မင်းကိုတွေ့တယ်လို့ ရင်ဦးပြောတယ်၊ ဟိုတခေါက် မင်းပြန်လာတုန်းက ငါအိမ်လာသေးတယ်၊ ကိုရဲထွဋ်ကအော်ထုတ်လိုက်လို့” 

ရဲထက်၏ အကိုကြီး ကိုရဲထွဋ်က မိန်းမရှာဆိုရင်တစက်မှ ကြည့်မရသူဖြစ်သည်။ ကြည့်ရတာ ဒီလိုအပြင်အဆင် နှင့် ချစ်ဦး အိမ်ကိုလာ ခြင်းဖြစ်လိမ့်မည်။ ယောက်ျားလိုသာလာလျှင် ကိုရဲထွဋ် ဘာမှပြောလိမ့်မည် မဟုတ်ပါ။

“ ငါ့ဆီ လာတာလို့ မင်းက မပြောဘူးလား”

“ မမနီနီ ပြောတော့ မင်းအိမ်မှာ မရှိဘူးတဲ့”

“ ဆောရီးကွာ”

“ ရပါတယ်၊ ကိုရဲထွဋ်ကို ငါစိတ်မဆိုးပါဘူး၊ မမနီနီ ကလည်း အိမ်အထိလာတောင်းပန်တယ်”

မမနီနီဟု ချစ်ဦးမောင်ပြောသူက ရဲထက်၏ အမလတ် မနီနီထွန်း ဖြစ်သည်။ မောင်နှမ သုံးယောက်မှာရဲထက်က အငယ်ဆုံးဖြစ်သည်။ ကိုရဲထွဋ် ရောမနီနီထွန်းပါ အိမ်ထောင်မပြုကြသေးဘဲ လူပျိုကြီး အပျိုကြီးတွေ ဖြစ်၏။ ကိုရဲ ထွဋ်ကတော့ အခုသင်္ဘော လိုက်နေသည်။ ကိုရဲထွဋ် ကချစ်ဦးကို ကြည့်မရ လို့ ရဲထက် နှင့် အဆက်အဆံ မလုပ် စေချင်၍ ချစ်ဦး အိမ်လာကို ပြန်ပြောမပြတာဖြစ်လိမ့်မည်။

ထိုနေ့က လမ်းမှာပဲ ခန ရပ်စကားပြောပြီး ချစ်ဦးမောင် လမ်းခွဲသွားသည်။ ရဲထက် ကျောင်းပြန်သည်အထိပြန်မ တွေ့တော့ပါ။ သူငယ်ချင်း တွေနှင့် စကားစပ်လိုက်မိတော့မှ ချစ်ဦးမောင်က ချစ်ချစ် အမည်ခံပြီး အခြောက်စစ် စစ်ဖြစ်နေတာကိုသိလိုက်ရသည်။ 

“ အခြောက်တောင် ရိုးရိုးအခြောက် မဟုတ်ဘူးကွ၊ လင်ရနေပြီ”

“ ဟုတ်ရဲ့လားကွာ”

“ ထာဝရစတိုးက ကိုစိုးမိုး မင်းသိလား”

“ မြင်တော့မြင်ဖူးတယ်၊ ဘဲကြီး က နှစ်ဖက်ချွန်ဆိုလား၊ ချစ်ဦးက သူနဲ့ ညားတာလား”

“ သူက ချစ်ဦးကို စဖွင့် လိုက်တယ် ထင်တာပဲ၊ နောက် သူ့မိန်းမက ကွိုင်ရှာတယ် ဆိုလားပဲ၊ သူနဲ့ ခွာပြဲ ပြီး မှချစ်ဦးက အခု လူတယောက်နဲ့ တွဲနေတယ်၊ လူကတော့ ခပ်ချောချောပဲ ၊ တို့ထက်တော့ အသက်ကြီးမယ်၊ တ နေကုန် ဒီ လူ့ အိမ်မှာပဲ၊အရင်လို နတ်ကန္နားတွေဘာတွေတောင်သွားတာ မတွေ့ဘူးကွ၊ ညတောင်ပြန်ရဲ့လား မ သိဘူး”

လမ်း မှာတွေ့တုန်းက အခြေအနေကို ရိပ်စားမိသည့် အတွက်သိပ်ပြီး အထူး တလည် အံ့သြမနေတော့ပါ။အိမ်က မိဘတွေ မပြောကြတော့ဘူးလား ဟု မချင့်မရဲဖြစ်နေစဉ် ရင်ဦး ကို ယောက်ျားလေး အသွင်ဖြင့် မြင်လိုက်ရသည်။ သူတို့ မောင်နှမကို မိဘတွေလက်လျှော့ထားလိုက်ကြပုံရသည်။ သူငယ်ချင်းတွေကို ပြန်မေးမိတော့

“ ရင်ဦးက ရည်းစားတောင် ရနေပြီဥစ္စာ”

“ ဘယ်ကတုန်း”

“ တို့ အပိုင်းကပဲလေ၊ နွေးနွေး တဲ့၊ နောက်မှ ပြောင်းလာတာ၊ ရင်ဦးနဲ့ အဝေးသင်တက်ရင်း တွေ့ ကြတာပြောတာပဲ”

ကြားစတုန်းကတော့ ရင်ဦး၏ ရည်းစား နွေးနွေး ဆိုတာ ရဲထက်အတွက် အမှတ်တမဲ့ နာမည်တခုသာဖြစ်ပါသည်။ ဒါပေမယ့် လူကိုယ်တိုင်မြင်တွေ့ လိုက်ရသည့် အခါမှာတော့ အမှတ်တရ နာမည်တခုဖြစ်သွား၏။ ရဲထက် အကဲ ခတ် ကြည့်မိသလောက် နွေးနွေး ဖက်က ရင်ဦးကိုရည်းစားလို သဘောထားပုံမရပါ။ မိန်းကလေး သူငယ်ချင်း တွေ ခင်ခင်မင်မင် ဖက်လှဲ တကင်းနေသည့် အမူအရာမျိုးသာဖြစ်ပါသည်။ ရင်ဦး၏ အမူအရာတွေကသာ ရည်း စား ပမာဖျပ်ဖျပ်လူးနေခြင်းဖြစ်သည်။

ရဲထက် နွေးနွေး ကိုချစ်သွားသည်ကို မသိသည့် အတွက်သူတို့ နှစ်ယောက်ကို ရင်ဦးကိုယ်တိုင် မိတ်ဆက်ပေး ခဲ့ခြင်းဖြစ်သည်။ အခုတော့ ဒါကိုပဲ ရင်ဦး နောင်တရနေမည်ထင်ပါသည်။ ရင်ဦး က သူ့ရည်းစားပမာ လုပ် ပြနေ သည့် တိုင် နွေးနွေး၏ အကြည့်တွေက ရဲထက်အပေါ် တွင် တမျိုးဟုထင်သည်။ဒါကြောင့်လည်း ရဲထက် ရှေ့ ဆက်တိုးဖို့ ဆုံးဖြတ်လိုက်သည်။ BE ပြီးသွား ၍ ပြန်ရောက်လာချိန်မှာတော့ ထိုစိတ်ကူးကို အကောင်အ ထည်ဖေါ် လိုက်သည့် အခါ ရင်ဦး နှင့်ထိပ်တိုက်တိုးတော့ခြင်းဖြစ်သည်။

ချစ်ဦးမောင် က မိန်းမရှာ လုံးလုံး ဖြစ်သွားပြီးနောက် တွင် ရဲထက် တို့ နှင့် လိုင်းကွဲ ထွက်သွားပြီးနောက်ရဲထက် နှင့် ပိုအထိအတွေ့ များသည်က ယောက်ျားစိတ် ပေါက်နေသည့် ရင်ဦးမေ ဖြစ်သည်။ သူကလည်း ယောက်ျား လေးတွေ နဲ့ သာပေါင်းချင်သူဖြစ်ရာ တရပ်ကွက်ထဲ နေ၊တကျောင်းထဲ ထွက်ကြသည့် သက်တူရွယ်တူတွေ က လည်း ဖြစ်လို့ ရဲထက်နှင့် ရင်ဦးမေ တို့ အရင်ကထက်တောင် ပိုရင်းနှီးလာ သည်။ နွေးနွေးကို ချစ်နေကြောင်း ရင်ဦး ကိုဖွင့်ပြောပြလိုက်တဲ့ နေ့က စပြီး ရင်ဦးမေ က ရဲထက်ကို ခပ်တန်းတန်း ဖြစ်သွားသည်။ 

“ မင်း က ဘာကိစ္စ နွေးနွေးကို ကြိုက်ရတာလဲ”

“ မသိဘူးလေကွာ၊ သူ့ဟာသူ ရင်ထဲက ဖြစ်လာတာ၊ ရင်ဦး မင်းလဲ ဝိုင်းပြောပေးပါလား”

“ မင်းဖာသာ ဖြစ်ချင်ရင် တခြားတယောက်ကို သွားဖြစ်၊ နွေးနွေးကိုတော့ မဖြစ်နဲ့၊ ငါပြောမပေး နိုင်ဘူး”

“ ဘာလဲ မင်းက နွေးနွေး ကိုကြိုက်နေလို့လား၊ ဒါမှ မဟုတ် ငါ့ကို ကြိုက်နေလို့ သဝန်တိုတာ လား”

“ ရဲထက်၊ မင်း ..ငါ လုပ်ထည့်လိုက်ရရင် သေတော့မယ်နော်”

ဒေါသတကြီး ထွက်သွားသည့် ရင်ဦး ကိုကြည့်ရင်း အဲဒီတုန်း ကတော့ ရဲထက်ရယ်နေခဲ့ မိသည်။ နောက်ပိုင်းနွေး နွေး နှင့် ရဲထက်ကြားမှာ ကဖျက် ယ ဖျက်တွေ လုပ်လာတော့မှ ရင်ဦးစိတ်ဓါတ် မှန်ကို သိလာရတော့သည်။

နွေးနွေး သူ့ အပေါ်မှာ စိတ်ဝင်စားမှု ရှိသည်ဟု ရဲထက်ယုံကြည်ပါသည်။ ရဲထက် ကိုယ်တိုင် လည်း ရည်းစားမ ထားဖူးသူမဟုတ်ပါ။ အထက်တန်းကျောင်း တုန်းက ရည်းစားတယောက် ရှိ ခဲ့ ဖူးသလို GTC တက်တော့လည်း ရည်းစားတယောက်ရှိခဲ့သည်။ ထိုရည်းစား နှင့်က သမီးရည်းစား အဆင့်ကိုတောင် ကျော်လွန်ပြီး နေလာခဲ့ပြီး ဖြစ်သည်။ 

ထိုရည်းစား နှင့် လင်မယားလို နေလာသည့် သက်တန်းက သုံးနှစ်လောက် ရှိသည်။ကျောင်းတုန်းက ရည်းစားနှင့် နေလာခဲ့တာတွေကို ပြန်တွေးလိုက်မိချိန်တွင် နွေးနွေး၏ လုံးလုံး တင်းတင်းတင်ပါး လေးကို မျက်စိထဲပြန်မြင်ယောင်လာ၏။ နွေးနွေး၏ တင်ပါးတွေက ကျောင်း က မမ လောက်တော့ မပြည့်ဖြိုးပါ။ မမ၏ တင်ပါးတွေက ကျောင်းသားတိုင်းသဘောကျနှစ် ချိုက်ကြသည့် တင်ပါးတွေ ဖြစ်သည်။ 

ဒါပေမယ့် နွေးနွေး လို ကျစ်လစ် တင်းမာနေခြင်းမဟုတ်။ ဘာပဲဖြစ်ဖြစ် မမကြောင့် ရဲထက်ပျော်ခဲ့ရသလို အတွေ့ အကြုံသစ်တွေလည်းရခဲ့သည်။ 

ရဲထက် ထက် အတန်းကြီးပြီး ကျောင်းအရင် ပြီးသွားသည့် မမ က ကျောင်းပြီလို့ မကြာမှီပင် အိမ်ကပေးစားသည့် သူနှင့် ယူသွားသည်။ ထိုသတင်းကိုကြား ချိန်မှာရဲထက်ထင်သလောက် အသည်းမကွဲပါ။ မမ တိုက်ခဲ့သည့် ဆား ငန်ရေတွေကိုသာ သတိရလွမ်းဆွတ်မိ၏။ 

မမ နှင့်ခွဲ ခွာရပြီး နောက်ပိုင်း ဘယ်မိန်းမ နှင့်မှ ခန္ဓာကိုယ်ချင်း မပတ် သက်ဖြစ်တော့ပါ။ တွက်ကြည့်လျှင် နှစ် နှစ်လောက်တော့ရှိပြီထင်၏။ နွေးနွေးသည်လည်း မမ လို သဘောကောင်း ပြီးရက်ရောမှာလား ဟု တွေးနေမိစဉ်မှာပင် ရင်ဦး မျက်နှာကပေါ်လာသော ကြောင့် ရဲထက် စိတ်မသက် သာ စွာ သက်ပြင်းချလိုက်မိပါတော့သည်။

................................................................................................................

အတန်း နှစ်တန်းကြီးသည့် မမနှင့် ဘယ်က ဘယ်လိုရည်းစား ဖြစ်သွားမှန်းတောင် ရဲထက် သေသေချာချာမသိ ပါ။ စောကလျာလှိုင် ဟုခေါ်သည့် မမက ကျောင်းမှာ နာမည်ကြီးလို့ ဆိုနိုင်ပါသည်။ မမထက်ချောသူလှသူတွေ ရှိ သော်လည်း မမလောက်လူသိမများကြပါ။ 

တင်ပါးအထိဖုံးသည့်ဆံပင်ရှည်ရှည်တွေ နှင့် သမင်မလို မျက်လုံးလှ သည့် မမ၏ အမှတ် တံဆိပ်က ၃၈ လက်မရှိသည့်တင်ဖြစ်သည်။ မမလမ်းသွားတိုင်း စည်းချက်ကျကျ တုန်ခါ သွားတတ်သည့် တင်ပါးတွေက တခြားကျောင်းသားငယ်တွေလိုပင် ရဲထက်ကိုလည်း ဖမ်း စားသည်။ 

အရပ် ငါးပေ သုံးလက်မမြင့်သည့် မမသည် ရင်သားတော့သိပ် မဖွံ့ဖြိုးပါ။ တင်က ၃၈လက်မရှိသော်လည်းရင် က တော့ ၃၃ လက်မလောက်ပဲ ရှိပါသည်။ ဒီ အတိုင်းအထွာတွေက သမီးရည်းစားဖြစ်ပြီးနောက်မှ ရဲထက်သိခဲ့ ရ ခြင်း ဖြစ်ပြီးရဲထက် အရင် ဆုံး မမကိုမြင်မြင်ချင်းစိတ်ဝင်စားမိသည်က သမင်မလို မျက်လုံးညိုညို တွေဖြစ် သည်။ ထိုမျက်လုံးညိုညို တွေ၏ အကြည့်က ရဲထက်ကို ဖမ်းစားခဲ့သည်။ အရင်က မမ မှာရည်းစားရှိသည်။ ကျောင်း က ပင်ဖြစ်၏။ရဲထက် နှင့် ဆုံဆည်း ချိန်မှာတော့ ထိုရည်းစား နှင့် ပြတ်စဲခဲ့ပြီဖြစ်သည်။

မမ က ရဲထက်လိုပင် အဆောင်နေ ကျောင်းသူဖြစ်သည်။ ရဲထက် တို့ အဆောင်မှ အကိုကြီးတယောက်၏ရည်း စားနှင့် မမက သူငယ်ချင်းတွေ ဖြစ်သည်။ ကျောင်းမှာလည်း တွေ့၊ အပြင်မှာလည်း ဟိုနားဒီနား ခနခန တွေ့ရာ ကနေ ရဲထက် နှင့် မမ မျက်လုံးချင်း တိုက်မိကြသည်။ ဆံပင်ရှည်ကြီးတွေ နှင့် ညှို့မြူသောမျက်လုံးတွေ၏ ပိုင် ရှင် မမ ကြောင့်ရဲထက် ရင်ခုန်သံတွေ မြန်ရသည်။ မမ၏ တင်ပါးကြီးတွေက လည်း ရဲထက်၏ စိတ်ကို တရွရွဖြစ် အောင် ဆွသည်။

ရဲထက်က ချစ်ပါသည်ဟု ဖွင့်ပြောချိန်မှာ မမရယ်နေခဲ့ သော်လည်း တပတ်လောက်အကြာ မှာတော့ မမကချစ် ပါသည်ဟု အဖြေပြန်ပေးခဲ့၏။ ချစ်သူ သက်တန်း နှစ်လ ကျော်ကျော်လောက်မှာ ရဲထက်နှင့် မမ နယ်ကျော် မိ ကြတော့သည်။

ထိုအချိန်မှာ ရဲထက်ကလည်း အရိုင်းမဟုတ်တော့ပါ။ ရဲထက်နေသည့် အပြင်ဆောင်က လည်းလွတ်လပ်သည်။ အပြင်ဆောင်လို့ သာအမည်တပ်သော်လည်း သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေကြခြင်းသာဖြစ်လို့ လုပ်ချင်ရာ လုပ်လို့ ရနိုင်သည်။ တအိမ်ထဲ နေသူငါး ယောက်တွင် တယောက်မဟုတ်တယောက်ကငွေစရွှင်ရင် မိန်းမ ခေါ် ခေါ်လာတတ်သည့် အတွက်ရဲထက်လည်းပါဝင် ဆင်နွှဲရင်း လူပျို ဘဝကို စွန့် လွှတ်ခဲ့ရပြီးဖြစ်ပါသည်။

ထို့ ကြောင့် အခြေအနေ ပေးလာသည့် တနေ့မှာ မမကလည်း အပြင်းအထန် မငြင်းဆန်သည်ကိုမကြောင်းပြု ပြီး ရသည့် အခွင့်အရေး ကို အမိအရ ဖမ်းဆုပ်လိုက်တော့သည်။ မမ၏ အထိအတွေ့က ရဲထက် ကြိုထင်ထား တာ ထက် ပိုပြီး အိစက်၏။ အပြင်မှာ အသားအဖြူလှသည်

မဟုတ်သော်လည်း မမ အသားတွေက အတွင်းမှာ တော့ ဝင်းဝင်း ဝါနေကြသည်။တောင့်တင်း ပြည့်ဖြိုးသော ကိုယ်ခန္ဒာ ကြောင့် မမ ကိုယ်ပေါ်မှာ ရှိနေရခြင်းသည် နူးညံ့ အိစက်သည့်ထိုင်ခုံကြီးတလုံးပေါ် မှာ ရှိနေရသလိုပင် ခံစားရသည်။ မမ၏ တုန့်ပြန်မှုတွေကလည်း နွေးထွေး ၏ လှိုက်လှဲ၏။ 

မမ နှင့် ဒီလို ချစ်ခွင့်ရခြင်းက ရဲထက် အရင်တွေ့ခဲ့ ဖူးသည့် ကြေးစားမတွေနှင့် ဘာမှမဆိုင်သည့် ခံစားမှု ပင်ဖြစ်သည်။ မမနှင့် ဆုံးစွန်တိုင်အောင် ချစ်မိကြပြီးချိန်တွင် မမက မေးသည်။

“ မမ ကို မှန်မှန်ပြော၊ မောင်အရင်က မိန်းမနဲ့ တွေ့ဖူးတယ် မဟုတ်လား”

မေးကြစတမ်းဆိုရင် ရဲထက်ကလည်းပြန်မေးချင်ပါသည်။ အခုန ချစ်နေကြစဉ်က မမ၏ အပြုအမူတွေ အရမမ လည်း အတွေ့အကြုံရှိကြောင်းရဲထက် ရိပ်မိနေပါသည်။ ဒါပေမယ့် ခုချိန်မှာ ဒါတွေပြောလိုက်လျှင်နောင်ငတ်ဖို့ ရှိတာကိုကြိုမြင်သောကြောင့် 

“ မမ ဘယ်လိုလုပ်သိသလဲ”

“ ဘယ်လိုသိသိပေါ့၊ မမ မေးတာမှန်မှန်ဖြေ”

“ ဆယ်တန်း တုန်းက ရည်းစားနဲ့ပါ၊ ခုတော့ ပြတ်သွားပါပြီ”

“ တော်တော် ဆိုးတဲ့ ကောင်လေး၊ ဆယ်တန်းနဲ့ သူက လူပျို မဟုတ်တော့ဘူး”

မမက ရဲထက် နဖူးကို မနာအောင်ထုပြီးပြောသည်။ ကြေးစားမိန်းမ တွေနှင့် ဖြစ်ခဲ့တာကို ပြောလို့ မဖြစ်ဟုရဲထက် နားလည်ပြီးပါးစပ်ထဲ တွေ့ရာပြောလိုက်တာကို မမလက်ခံသွားပုံရ သည်။

“ အခုပြတ်သွားတာသေချာရဲ့လား”

“ သေချာပါတယ် မမရယ်၊ သူနဲ့ ပြတ်ပြီးထဲက မမ တယောက်ပဲ ချစ်မိတာပါ”

“ ချစ်တော့လဲ ယုံရတာပေါ့ မောင်ရယ်”

ရဲထက်လည်း မမကိုချစ်သည်ဟု ထင်ပါသည်။ မမကလည်း ရဲထက်ကို ချစ်ပုံရသည်။ ရဲထက် ကိုမမ ချစ်ပုံကတမျိုးဖြစ်သည်။ သူမ၏ ကိုယ်ခန္ဓာကို ရဲထက် အလိုရှိတိုင်း အငြူအစူ မရှိပေးသည်။ အစရှိ အနောင်နောင် ဆို သလိုပင် မမ၏ ရက်ရောမှု ကြောင့် ရဲထက်သောက်လေသောက်လေ ငတ်မပြေဖြစ်ခဲ့ ရသည်။

“ ဗိုက်ကြီးရင်တော့ မောင်တာဝန်ယူရမှာနော်”

စသလို နောက်သလိုနှင့် ဒီလောက်ပဲပြောသည်။ ကိုယ်ဝန်ရှိမှာ တော့ ရဲထက်လဲ ကြောက် သည်။ပညာတပိုင်း တစ နှင့် မဖြစ်သင့်တာ မဖြစ်လိုပေ။ ဒါပေမယ့် ရင်ထဲက အာသာဆန္ဒ ကိုလည်း တားဆီးမရသည့် အခါ ကွန်ဒွန် သုံးရတော့သည်။ ကွန်ဒွန်သုံး၍ ဆက်ဆံရသည် ကိုရဲထက်အားမရသလို မမ လည်းစိတ်တိုင်းမကျပုံပေါ်သည်။

“ တမျိုးကြီးပဲ မောင်ရယ်၊ အဲဒါကြီး မစွပ်ပါနဲ့လား”

“ မမပဲ ကိုယ်ဝန်ရှိမှာ ကြောက်တယ်ဆို၊ ကျွန်တော်လဲ မသုံးချင်ပါဘူး မမရယ်၊ အားမရဘူး၊ မမနဲ့ ကျွန်တော်နဲ့ကြားမှာ နံရံတချပ်ခြားနေတယ် လို့ ခံစားရတယ်”

“ တော်တော် အပြောကောင်းတယ်၊ ဒါကြောင့် လည်းမောင့်ကို ဒီအပြောတွေနဲ့ ချစ်နေရတာ ကဲပါမောင်ရယ်၊ချွတ်ပစ်လိုက်ပါ၊ ဖြစ်လာရင်လည်း ကိုယ့်ဖာသာပဲ ရှင်းရတော့မှာပေါ့”

မမခွင့်ပြုလိုက်သည် နှင့် ရဲထက်ကကွန်ဒွန်ကို ဆွဲချွတ်ပြီး ဒီတိုင်းပြန်ထိုးထည့် လိုက်သည်။ အခုမှ နူးညံ့ပြီး စိုစွတ်သည့် မမ၏ အတွင်းသားတွေဆီက အထိအတွေ့ကို ပြန်အရသာခံနိုင်တော့သည်။ ခနရပ်လိုက်ရသည့် တွက်ကို ကာမိစေရန် ရဲထက်ကခပ်သွက်သွက်ဆောင့်ပေးလိုက်သောအခါ မမမျက်လုံးတွေ မှေးစင်းသွားပြီး သူမ၏ ခြေထောက်တွေနှင့် ရဲထက် ကို ချိတ်ယှက်ပြီး ခပ်တိုးတိုးလေး ညည်းညူနေတော့သည်။

ကိုယ်အောက်ပိုင်းက တောင့်တင်းပြည့်ဖြိုးသလို မမ၏ မ သဘာ၀ ရတနာကလည်း ဖေါင်းတင်းပြီး မို့မောက်နေသည်။ မမက အမွှေးအမြင်တော့ နည်း၏။ သူမ၏ ရတနာရွှေကြုပ်လေး၏ အထက်နားတွင် ကျပ်ပြားဝိုင်း သာသာလောက် နက်မှောင်လိမ်ကောက်သည့် အကွက်ကလေးတခုသာရှိ၏။ တမင်ဝိုင်းဝိုင်း လေး ဖြစ်အောင် ညှိထားတာ လားဟု ရဲထက် ကမေးလျှင် မမ အသံသာသာဖြင့်ရယ်တတ်သည်။

“ နောက်ဆို ဘယ်လိုလုပ်ကြမလဲ မမရယ်၊ ကျွန်တော်က မမ ကိုမချစ်ရရင် မနေနိုင်ဘူး”

“ မောင် တော်တော် ဆိုးပါလား၊ ဒီလိုပဲ ခနခန နေချင်တာလား”

“ ခနခန မဟုတ်ဘူး အမြဲတမ်း”

“ သိပ် ပိုတာပဲ၊ ဒါဆိုလဲ ကျောင်းပြီးရင် မြန်မြန်လက်ထပ်နိုင်အောင်လုပ်ပေါ့”

“ အဲဒါတော့ စိတ်ချ မမ၊ အမြန်ဆုံးလက်ထပ်မယ်”

အဲဒီတုန်းကတော့ ရမ္မက်၏ ဆွဲအားကြောင့် ရဲထက် မမကို တကယ်ပင်ပိုင်ဆိုင်ယူချင်စိတ် တွေပေါက်ခဲ့မိသည်။ သဘောကောင်းသော၊ အလိုက်သိသောမမနှင့် အိပ်ယာပေါ်တွင် တသက်လုံးနေမလား ဟုမေးလာလျှင် နေမည် ဟု ဖြေမိမှာသေချာ၏။ဖေါင်းကားတင်းအိ နေသည့် မမ၏ကိုယ်လုံးနှင့် မက်မောဖွယ် အထိအတွေ့တွေက ချစ်သက်တန်း တလျှောက် လုံးရဲထက်ကို ဖမ်းစားချုပ်နှောင်ထား၏။ အနည်းဆုံးတပတ် မှာ တခါလောက်ချစ်လိုက်ရမှ မမ နှင့်ချစ်လိုက်ရမှ နေသာထိုင်သာရှိသည်။ 

သူများတွေ ကျောင်းတက်နေချိန်တွင် ရဲထက်နှင့်မမက ကျောင်းပြေးပြီး ရဲထက် ငှားနေသည့် အိမ်သို့သွားကြသည်။ ပြီးတော့ ရဲထက် အိပ်ယာပေါ်မှာ ချစ်ဗိမ္မာန်ဆောက် ကြ၏။ မမက နားလည်မှု ရှိသလို ရဲထက် ထက်လိင် ကိစ္စမှာ အသိအမြင်ပိုများသည်။ အ စွပ်သုံးခြင်းကိုနှစ်ယောက်လုံးသဘော မတွေ့သည့်အခါ အပြင်မှာထုတ်ပြီး ပြီးခိုင်းသည်။ 

ထိုနည်းကမမအတွက် အဆင်မပြေသော်လည်း ရဲထက် အတွက်အဆင်မပြေပါ။ ခံစားချက် တို့ အမြင့်ဆုံးအချိန်မှာမမကိုယ်ထဲမှာသာ ထားချင်သည်။

“ အဲလိုကြီးက မမိုက်ဘူး မမရာ”

“ ဖြစ်ရပြန်ပြီ၊ ဘာဖြစ်လို့လဲ”

“ ဟာ .အဲဒါက ဖီးလ် အမြင့်ဆုံးအချိန် မမရဲ့၊ အထဲမှာပြီးမှ ဖီးလ်ရှိတာ၊ အခုကျတော့ တ လျှောက်လုံးမောကြီးပန်းကြီးလုပ်ခဲ့ရသမျှ အလကားပဲ”

“ ကိုယ်တော်လေးက ဘယ်လိုမှသဘောကျတာလဲ၊ စိတ်ညစ်လာပြီကွာ၊ ဒါဆိုလဲ ဘယ်လိုမှ မလုပ်နဲ့တော့သူများ သမီးရည်းစားတွေလို ရိုရိုးပဲ နေကြရအောင်” 

ဒါကိုတော့ ရဲထက် လက်မခံနိုင်ပါ။ အပြင်းအထန် ကန့်ကွက်ရင်း မမကိုလည်း ချော့ရသည်။ အပျိုမဟုတ်မှန်းသိနေသော်လည်း မမ၏ အထိအတွေ့နှင့် လိုက်လျောမှုက ပိုက်ဆံပေးရသည့် ကြေးစားတွေ နှင့် ဘာမှမဆိုင် အောင်ကွာခြားသည်။ ဟိုမိန်းမတွေ ဆို လျှင်တခါတရံရွံရှာစိတ်ဖြစ်ရသော်လည်း မမနှင့် ကျတော့ စိတ်သန့်သန့် နှင့် ထို့ကြောင့် မမရင်ခွင်ကိုခေါင်းနှင့် ခွေ့၍ လက်တဖက်က မမ ပေါင်ကြားကိုနှိုက်၍ အစိလေးကို လက် နှင့် ကစားရင်း မမကိုချော့ရသည်။

“ မရက်စက်ပါနဲ့ မမရယ်၊၊ ဒီတိုင်းကြီးတော့ ကျွန်တော်မနေတတ်ဘူး”

“ ဒါဆို ဘယ်လိုလုပ်ရမှာလဲ၊ ဘယ်နေ့ ဗိုက်ကြီးမလဲ ဆိုတာ ရင်တထိတ်ထိတ် နဲ့ စောင့်နေ ရမှာလား၊ မမကမိန်း ကလေး လေ၊ မောင်ထည့်စဉ်းစားဦး”

“ ကျွန်တော်တို့ နည်းလမ်းရှာကြတာပေါ့ နော်”

ရဲထက် မမ၏ရင်သားထိပ်ဖျားကို သွားနှင့် မထိတထိလေး ကိုက်ပေးရင်းပြောလိုက်သည်။ အစိကိုကစားနေသည့် လက်ကို အပေါက်ထဲ အသာအယာထိုးသွင်းလိုက်သည့် အခါ မမ ရဲထက် ကိုယ်ပေါ်သို့ ယိုင်အိကျလာ၏။ မမ၏ တန်ဆာလေးထဲမှာလည်း အရည်တွေရွှဲနေ ပြီဖြစ်သည်။

မမစိတ်ပါနေပြီဆိုတာသိ၍ လက်ခလယ်ကို ခပ်သွက် သွက် အသွင်းအထုတ် လုပ်ပေးရင်း တိုက်စစ်အရှိန်ကိုမြှင့်ပေးလိုက်ပါသည်။

“ မောင် သိပ်နှိပ်စက်တာပဲ၊ ကဲ ...မောင့် သဘောကွာ၊ မောင့် သဘော”

မမ စိတ်လျှော့လိုက်ပြီဆိုတာ သိသော်လည်း ရဲထက်က ရုတ်တရက် မလှုပ်ရှားသေးပဲ ခနက တချီဆွဲထား၍အဆုံး တိုင်အောင် တင်းမာလာခြင်းမရှိသေးသည့် ဖွားဖက်တော် ပေါ်သို့ မမလက်ကို ဆွဲယူတင်ပေးလိုက်သည်။ အလိုက်သိစွာဖြင့် မမက သူမ၏ လက် ဖဝါး နုနုလေးဖြင့် ဆုပ်ကိုင်ပြီးဂွင်းတိုက်ပေးနေစဉ် ရဲထက်ကလည်း မမ၏ အပေါက်လေးထဲမှ လက်ချောင်းကို ခပ်သွက်သွက် အသွင်းအထုတ်လုပ်ကာ ဟိုဟိုဒီဒီလည်း မွှေနှောက်ကစား ပေးလိုက်သည်။

“ အား ..အား..”

ပန်းနုရောင်ပျယ်လုလု နှုတ်ခမ်းလွှာတွေကြားက အော်သံလေးတွေထွက်ကျလာပြီး မမလက်တွေကလည်းမြန်သ ထက်မြန်လာလေရာ ရဲထက်၏ ဖွားဖက်တော်လည်း သံ ချောင်းကြီးတမျှ မာထန်လာလေတော့မှ ရပ်ခိုင်းလိုက်ပြီး

“ အဲဒါကြောင့် မမ ကိုချစ်နေရတာ သိလား”

“ တော်ပါတော့ အဲဒါတွေနဲ့ပဲ လူကို အနိုင်ကျင့်နေတာ”

မမ၏ မျက်စောင်းမှာ ဒေါသတွေမပါပါ။ ဒါကိုပန်းနှင့် ပေါက်သည်ဟု သဘောထားပြီး ရဲထက် ပြုံးဖြီးဖြီး နှင့်မမ ခြေတံတွေကို ပုခုံးပေါ်ထမ်းတင်လိုက်ရာ မမက အလိုက် သင့် လေး ကော့ပေးပါသည်။ နှစ်ယောက်လုံးနေရာတ ကျဖြစ်သွားပြီးသည် နှင့် မကြာခင် မှာပင် မမ၏ မို့မို့ဖေါင်းဖေါင်း အသားအိအိပေါ်မှာအနီရောင်အကွက်လိုက် ရဲကနဲရဲကနဲဖြစ်သွား အောင်ရဲထက်က ခပ်ကြမ်းကြမ်းလုပ်တော့သည်။ 

တအိမ်လုံးမှာကလည်း သူတို့ နှစ်ယောက်သာရှိသဖြင့် အသံဗလံကို ဂရုစိုက်စရာမလိုသည့် အတွက်နှစ်ယောက် လုံး စိတ်လွတ်လက်လွတ် ဖြင့် အချစ်၏ အရသာကို ချိုမြန်စွာခံစားခွင့် ရကြ၏။ ရရှိသည့် ခံစားမှုတွေ အတွက် ရဲ ထက် လည်း ကျေနပ်ရသလို မမလည်း ကျေနပ်မည်ထင်ပါသည်။ အိမ်မှာအတူနေသည့် သူငယ် ချင်းတွေ ပြန် လာချိန်နီးမှ မမကိုပြန်ပို့ရသည်။ 

“ တို့ကိုတော့ ဒီလမ်းထဲက လူတွေက ဘယ်လိုထင်မယ် မသိဘူး”

“ မမက ကျောင်းဝတ်စုံနဲ့ ပဲ၊ GTC ကျောင်းသူလို့ပဲထင်မှာပေါ့”

“ အဲဒါပြောတာ မဟုတ်ဘူးလေ၊ မောင်နဲ့ ခနခန လိုက်လိုက်လာလို့”

“ ကျွန်တော့် အိမ်လာလည်တာပဲ မမရယ်၊ သူများတွေ လိုတည်းခိုခန်းသွားတာမှ မဟုတ်တာ၊ ကျွန်တော့်ဆီလာ တော့ ကျွန်တော်ကလဲ ဧည့်ဝတ်ကျေတယ် မဟုတ်လား၊ ဒါ ကြောင့်ခနခန လာတာ၊ ဘာဖြစ်လဲ”

“ ဧည့်ဝတ်ကျေတယ်တဲ့၊ ရေတောင် ကိုယ့်ဟာကိုယ် ခပ်သောက်ရတဲ့ ဟာကို”

“ အချစ်တွေနဲ့ အားကျိုးမာန်တက်ဧည့်ခံတယ်လေ၊ မမကို ဧည့်ခံရတာ အခုထိတောင် အမော မပြေသေးဘူး”

ရဲထက်ခါးကို မမဆွဲလိမ်သည်။ 

“ သူ့ဟာသူ ဗူးကျတာများ ဧည့်ခံတယ်တဲ့၊ တော်ပြီ နောက်မလာဘူး”

“ ဒါဆိုရင်လည်း မမ အဆောင်ကို ကျွန်တော် လာမယ်လေ”

“ ရပါလိမ့်မယ်..ဟွန်း၊ အဆောင်ပိုင်ရှင် အန်တီကြီးက သိပ်စည်းကမ်းကြီးတာ၊ ကျောင်းပြန်ချိန် နောက်ကျရင်တောင် မျက်နှာက ကြည်တာမဟုတ်ဘူး”

မလာတော့ဘူးဆိုသော်လည်း မမ ကိုယ့်စကားကိုယ်မတည်နိုင်ခဲ့ပါ။ အခွင့်သင့်သည်နှင့် ရဲထက် နှင့် အတူမမလိုက် လာမြဲဖြစ်သည်။ နောက်ပိုင်းကျတော့ မမစည်းကမ်းတခုတော့ ထားသည်။ ကိုယ်ဝန် ရှိစေရန် ရက်တွက်ပြီး ဆက် ဆံသည့်နည်းကို သုံးဖို့ အဆိုပြုလာ၏။ 

စိတ်ချရသည်ဆိုသည့်နေ့တွေတွင် ရဲထက်ခေါ်ရာသို့ မမလိုက် သည်။ စိတ် မချရသည့်နေ့ တွေဆိုလျှင် မလိုက်ပါ။ အရင်က ကြားဖူးရုံကြားဖူးသည့် ထိုနည်းကို ရဲထက် အား မမက သေသေချာချာရှင်းပြခဲ့သည်။ 

ဘာမှ မရတာထက်စာလျှင် တော်သေးသည်ဟု သဘောထားကာ ရဲထက်ကလည်း မမစီမံ သလိုနာခံခဲ့သည်။ ဒီနည်းက ရာနှုံးပြည့်စိတ်မချရဟု ဆိုသူကဆိုသော်လည်း မမနှင့် ရဲထက် ကတော့ မမကျောင်းပြီးသွားသည်အထိ အန ္တရယ်ကင်းစွာဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြ သည်။

“ သုံးနှစ်လောက် ရှိပြီ၊ မောင်မငြီးငွေ့သေးဘူးလား”

သူမ နှင့်ချစ်ဖို့ အမြဲလိုတက်ကြွနေတတ်သော ရဲထက်ကို မမကမေး၏။

“ ဒါလောက်ကောင်းတာကို ဘာလို့ငြီးငွေ့ရမှာလဲ”

“ အပိုတွေ၊ ကောင်းတယ် ဆိုတာဘာလဲ”

“ အဲဒါတော့ မသိဘူး၊ မမနဲ့ မချစ်ရရင် မနေနိုင်တာတော့သိတယ်၊ ဒါတောင်မှ ခုချက်ချင်း လက်ထပ်ဖို့အဆင်မ ပြေ သေး လို့၊ ယူပြီးလို့ကတော့ နေ့တိုင်းလုပ်မှာ”

“ ဟုတ်မှလဲ လုပ်ပါဆရာလေးရယ်၊ နောက်မှ မမကိုငြီးငွေ့ပြီး မထားခဲ့ပါနဲ့”

“ ဘာလို့ ထားခဲ့ရမှာလဲ မမရဲ့”

“ အော် .. ဒီလောက် အကြာကြီး မင်းကိုအလိုလိုက်ခဲ့ရတော့ တို့ကဖွတ်ဖွတ်ကြေနေပြီလေ၊ မမထက်ပိုငယ်တဲ့ ပိုလှတဲ့ မိန်းကလေး မျိုးကို မောင်တွေ့ လာရင် မမကို ထားခဲ့တော့မှာလဲ”

“ မမရဲ့ ဖွတ်ဖွတ် က မကျေပါဘူး၊ အရင်ကထက်ကို ဖေါင်းပြီးကားလာ ကျွန်တော် အသိဆုံးပဲ လို့”

“ လူဆိုးလေး ပြောလိုက်ရင်ဒါပဲတွေးနေ ဟုတ်လား”

“ ကြိုက်တာကိုးမမရဲ့”

“ ဒါဆို မောင်က လူကိုချစ်တာ မဟုတ်ဘူး၊ အဲဒါကိုကြိုက်တာပေါ့ ဟုတ်လား”

“ ဟာ ..မမကလဲ၊ ကျွန်တော်က မမ တကိုယ်လုံးကို ချစ်တာ၊ မမတကိုယ်လုံးကျွန်တော် မနမ်းဖူးတဲ့ နေရာရှိလို့လား”

“ အင်းပါ၊ အင်းပါ၊ ဘယ်လောက်အထိချစ် နိုင်မလဲ စောင့်ကြည့်သေးတာပေါ့”

မမက ရဲထက်ကို စောင့်ကြည့်မည်ဟု ဆိုသော်လည်း စ၍ စွန့်ခွာသွားသူက မမဖြစ်နေသည်။ ကျောင်းပြီးသွား ပြီးနောက် အောင်စာရင်းကိစ္စ၊ အောင်လက်မှတ် ကိစ္စ တွေ နှင့်ပြန်လာသည့် အခေါက်တွေ လောက်ပဲ ရှိပြီး မမနှင့် အနေဝေးသလို ဖြစ်သွားသည်။

မမကလည်းရဲထက်လိုပင် တမြို့တရွာက လာတက်သူဆိုတော့ တွေ့ဖို့ မလွယ်ကူတော့။ အိမ်နားက ဖုန်းဆိုင်ကနေ တဆင့်တော့ မမ မကြာမကြာဖုန်းဆက်ပါ သည်။ ရဲထက်ကလည်း စာသုံးလေးကြိမ်လောက်တော့ ရေးပို့ဖြစ်ပါသည်။

လက်မထပ်မှီ ဆယ်ရက် အလိုလောက်မှာ မမ ကျောင်းသို့ ကိစ္စ မရှိဘဲရောက်လာသည်။ ရဲထက်က လည်းကျောင်း လစ်ပြီး အပြင်မှာဘီယာသွားသောက်ဖို့ သူငယ်ချင်းတွေ နှင့် ထွက်လာစဉ် လမ်းမှာသွားတိုးခြင်း ဖြစ် သည်။ မမရောက်လာ၍ ရဲထက်က လိုက်မသွား တော့ဘဲနေရစ်ခဲ့သည်။

“ တော်သေးတာပေါ့၊ ကျွန်တော်က အပြင်ထွက်တော့မလို့၊ မမ ကထူးထူးဆန်းဆန်းပါလား၊ အကြောင်းမကြားဘာမကြားနဲ့ ရောက်လာတယ်”

“ မောင့်ကို လွမ်းလို့” 

မချိုမချဉ်မျက်နှာထားနှင့် ပြောလိုက်သည့် မမကိုကြည့်ပြီးစိတ်တွေထကြွ လာသောကြောင့် မမကိုကျောင်းကင် တင်း မှာ ထမင်းလိုက်ကျွေးပြီးသည် နှင့် အိမ်ကိုခေါ်လာခဲ့သည်။ မမက လည်းမငြင်းမဆန်လိုက်လာ၏။

“ ဒီနေ့ စိတ်ချရရဲ့လား”

အိမ်တံခါးကို သော့ဖွင့်ရင်း ရဲထက်ကမေးလိုက်တော့ မမ မျက်စောင်းထိုးသည်။

“ မတွေ့တာမှ ဘာမှမကြာသေးဘူး ရက်တွေ မေ့ကုန်ပြီလား” 

“ ပြောလို့ မရဘူးလေ၊ အပြောင်းအလည်းဆိုတာ ရှိတယ်မဟုတ်လား”

“ ဘာမှ မပြောင်းဘူး၊ အရင်အတိုင်းပဲ၊ ဒီနေ့ဆို နည်းနည်းတော့ရှော့ရှိတယ်”

“ ဒါဆိုရင် ...”

ပါးစပ်ထဲရောက်လုလု ထမင်းလုပ်ကို ပုတ်ချခံလိုက်ရသည့် ပမာနင်သွားသည့် ရဲထက်မျက်နှာကိုကြည့်ပြီးတော့ မမရယ်သည်။

“ တခါတလေပဲ မောင်ရယ်၊မောင်နဲ့ က အမြဲတွေ့ရတာမှမဟုတ်တာ”

မမ၏ ဆိုလိုချက်ကို သဘောပေါက်သွားပြီးနောက် ကိုယ်ထဲက သွေးတွေ တဖျင်းဖျင်းထလာ၍ ရဲထက်တံခါးဖွင့် သည့် လက်တွေတောင်တုန်နေသည်။ အိမ်ထဲ ရောက်သည်နှင့် တံခါးကို အတင်းပြန်ပိတ်ကာ မမကိုရင်ခွင်ထဲ အ တင်းဆွဲသွင်းပြီး နမ်း မိသည်။

“ စိတ်လေးဘာလေး ထိန်းပါဦးမောင်ရယ်၊ ဖြစ်နေလိုက်တာ”

“ မမကို အရမ်းသတိရနေတာ”

“ မောင်ဘာသတိရတာလဲ သိပါတယ်နော်၊ လူကိုသတိရတာမဟုတ်ပါဘူး”

“ လူကိုလဲ သတိရတယ်၊ အားလုံးကို သတိရတယ်၊ ဘယ်လောက်အထိသတိရတယ် ဆိုတာ ဒီမှာကြည့်”

မမလက်ကို ဆွဲယူပြီး ပေါင်ကြားဆီကို ဖိကပ်ပြလိုက်သည်။ အတွင်းခံဘောင်းဘီအောက် က တဆတ်ဆတ်တုန်ပြီးရုန်းထွက်ဖို့ ကြိုးစားနေသည့် ဖွားဖက်တော်ကို မမစမ်းမိသွားသည်။ 

“ သူ့စိတ်ကြီးပဲ”

အဲဒီအချိန်က ရဲထက် တကယ်ပင်စိတ်ကြီးနေခဲ့ပါသည်။ မမ မရှိကထဲက ငတ်နေသည့် ဆန္ဒ တွေကို ဖြည့်ဖို့အိပ်ယာထဲတောင် ခေါ်မသွားနိုင်တော့ဘဲ ဧည့်ခန်းအလည်ခေါင်မှာတင် အလုပ်စလိုက်သည်။ ကြမ်းပြင်ပေါ်သို့ မမကို ဆွဲလှဲ လိုက်သောအခါ

“ အထဲသွားမယ်လေ၊ ထွက်မပြေးပါဘူး မောင်ကလဲ”

မမက ရှက်ရွံ့စွာတားသေးသော်လည်း ရဲထက်အဲဒီလောက် အချိန်ပိုင်းလေးကိုတောင်မှ မအောင့်နိုင်တော့ပါ။

“ ပြီးမှ အခန်းထဲမှာ နောက်တခါလုပ်မယ်၊ အခုကျွန်တော် မရတော့ဘူး”

အရေးထဲမှ မမ၏ တင်ပါးထွားထွားတွေကို ထမိန်စကပ်ထဲက ထုတ်ဖို့ခက်နေသည်။ မမဝင်ကူလို့တော်သေး၏။ မမြင်တာကြာသည့် မမ၏ လျှို့ဝှက်သောအလှတွေ ထွက်ပေါ် လာသည့် အခါ ရဲထက်ဘာကိုမှ ဂရုမမူနိုင်တော့ ဘဲ ဧည့်ခန်းထဲမှာပင် မမကို လေးဖက်ကုန်း ခိုင်းပြီး စိတ်ကြိုက်ဆွဲပစ်လိုက်သည်။အင်္ကျီကို တောင် ချွတ်ခိုင်းဖို့ သတိမရ တော့ပါ။ 

အားကုန်ဆောင့်နေသည့် ရဲထက်ကြောင့် မျက်နှာဘေးကနေကျနေသည့် မမ၏ဆံပင်ရှည် ရှည်တွေကကြမ်းပြင် ကို တံမျက်စည်း လှည်းသည့်ပမာ စုန်ဆန်လှုပ်ရမ်းနေ၏။ မမ အမှတ်စာရင်းထုတ်ဖို့တခေါက်ပြန်လာစဉ်က စ ၍တွက်လျှင် မတွေ့တာ သုံးလကျော်လောက်ရှိနေ လို့ ရဲထက် ငတ်နေသည်ဟုပြောလျှင်ရပါသည်။

မမ လို အ ကောင်းစားကို စိတ်တိုင်းကျ ရ ပြီးသည့် နောက်မှာတော့ ကြေးစားတွေ နှင့်အာသာဖြေဖို့လည်း ရဲထက် ဘယ် လိုမှ စိတ်မပါတော့။ ထို့ကြောင့် လနှင့် ချီ၍ အောင့်အီးခဲ့ရသမျှ အခုမှအတိုးချနေမိခြင်းဖြစ် သည်။ 

ခါးအစ်အစ် ကလေးကို လက်နှစ်ဘက်ဖြင့် ဆွဲပြီး မမ၏ တင်ပါး ကားကားကြီး တွေ ခွက်ဝင်သွားသည်အထိအောင် စိတ် ကြိုက် ဆောင့်၏။ ဧည့်ခန်းထဲမှာ ရဲထက်၏ ဆောင့်သံ တဖန်းဖန်း နှင့် မမ၏နာနာကျင်ကျင် အော်သံတွေက ဆူ ညံ လို့နေသည်။ မမလည်း ရဲထက်လိုပင် တောင့်တနေကြောင်းရဲထက်လုပ်သမျှ မငြင်းမဆန် လက်ခံဖြင်းနှင့် စိတ်လွတ်လက် လွတ် အော်ဟစ်ငြီးငြူနေသည့် မမ၏အသံလေးတို့က သက်သေခံနေပါသည်။ 

ရဲထက်လည်း စိတ်က အလွန် အမင်းထက်သန် နေ၍သိပ်အကြာကြီး မလုပ်နိုင် ဆယ်မိနစ်လောက်ကြာသည် နှင့်ဘယ်လိုမှ ထိန်းချုပ်မရ တော့ ဘဲပြီးသွား သည်။ ပုံစံတောင်မပြောင်းဘဲ ဒီအနေ အထားအတိုင်း ဆက်တိုက်တရှိန်ထိုးလုပ်လိုက် ခြင်းကြောင့် မမလည်းတော်တော်ထိသွားပုံရပါသည်။ ရဲထက်လိုပင် မမ လည်း အသက်ရှု မမှန် မောဟိုက်နေ၏။

လက်ဖဝါးနှင့် ဒူးမှာ ကြမ်းပြင်နှင့် ပွတ်တိုက်မှု ကြောင့် အနည်းငယ်ပွန်းပဲ့ပြီး နီရဲနေသော်လည်းမမစိတ်ဆိုးပုံမရပါ။ 

“ ဘယ်လိုဖြစ်နေတယ် မသိဘူး၊ ဇွတ်ပဲ၊ ဒီမှာ အခုမှ ထမင်းစားလာတဲ့ လူကို သူမို့လို့ ဟွန်း၊၊ စားထားသမျှလည် ချောင်းထဲက ပြန်ခုန်ထွက်တော့မလားထင်ရတယ်”

“ မမ စိတ်ဆိုးလား”

“ စိတ်ဆိုးတဲ့ ပုံပေါက်နေလို့လား”

“ ဟီး၊ ဟီး၊ ဒါဆိုလဲ အခန်းထဲ သွားကြမယ်လေ”

“ တွေ့လိုက်ရင် ဒါပဲ၊ နေကောင်းလား၊ အဆင်ပြေလား၊ မေးဖေါ်မရဘူး”

“ နေကောင်းလို့ မမ လာတာသိနေတာပဲ မမရယ်၊ နောက်ပြီး မမမှာဘာ အဆင်မပြေတာရှိ လို့လဲ၊ကျောင်းလဲပြီး ပြီ၊ အိမ်ကလဲ ချမ်းသာတယ်၊ မမရည်းစား လေး ကလဲ မမကို အရမ်းချစ်တယ်၊ ကဲ ဘာလိုသေးလဲ”

“ ကဲပါရည်းစားလေးရယ်၊ အခန်းထဲသွားမှာဖြင့်လဲ သွားရအောင် တယောက်ယောက် များအခုနေတက်လာရင် ခက်မယ်”

ကြမ်ပြင်ပေါ်မှာကျနေသည့် သူမ၏ ထမိန်စကပ်နှင့် ပင်တီဘောင်းဘီလေးကို ကောက်ယူပြီး မမကရှေ့ဆောင်၍ အခန်းထဲဝင်သွားသည့် အခါ ရဲထက်လည်း မမ လက်ကိုင် အိတ်လေးကို ဆွဲပြီး နောက်နေလိုက်သွားရ၏။ အခန်း ထဲ ရောက်သည် နှင့် တံခါး ကိုချက်ထိုးလိုက်ပြီး

နောက် ရဲထက် ကိုယ်ပေါ်က အဝတ်တွေကို အကုန်ချွတ်ချ လိုက် သည်။ အခုတိုင် မချွတ်ရသေးသည့် မမ၏ ကိုယ်အပေါ်ပိုင်းကိုလည်း ဗလာကျင်း ပစ်လိုက်သည်။ မမ မကန့်ကွက်ပါ။

“ သူများတွေ မလာခင်ပြန်မယ်နော်၊ မမ အရင်အဆောင်မှာပဲ ဒီညအိပ်မယ်၊ မနက်အစောကြီးပြန်မှာ၊မောင်စော စော ထလာခဲ့၊ မောင်နဲ့ တွေ့ပြီးမှ ပြန်မှာ”

အဝတ်မဲ့ မမ၏ ကိုယ်လုံးကို အခုမှမြင်ဖူးရသူပမာ ကိုင်တွယ်စစ်ဆေးနေသော ရဲထက်ကိုမမပြောလိုက်သည်။ အချိန်ရှိခိုက်လုံ့လစိုက်ရမည် မှန်းသဘောပေါက်လိုက်သည့် ရဲထက်ကအမောပြေတာနှင့် လုပ်ငန်းပြန်စ လိုက် သည်မှာ ညနေစောင်းလုလု အထိပင်ဖြစ်သည်။ဘယ်နှစ်ကြိမ်လုပ်မိသလဲ ဆိုတာကိုတောင် မမှတ်မိတော့။ အိမ် က သူငယ်ချင်းတွေ ပြန်လာချိန်နီးမှလုပ်ငန်းသိမ်းသည့် အချိန်တွင် ခြေထောက်တွေတောင် မခိုင်ချင်တော့ မမ လည်း နွမ်းလျနေပုံရသည်။

“ မမ ဝရဲ့လား”

အဝတ်အစားပြန်ဝတ် ပြီးနောက် မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီ ပြန်ဆိုးနှင့် အလုပ်ရှုပ်နေသော မမ ကိုရဲထက်လှမ်း မေးလိုက်သည်။

“ ဝလာလို့လား၊ မဝပါဘူး၊ ပိန်တောင်ပိန်သွားသေးတယ် မသိဘူးလား”

“ မဟုတ်ပါဘူး၊ ကျွန်တော် ဧည့်ခံလိုက်တာတွေ စားရတာဝရဲ့လားလို့၊ နောက်လည်း လာ လည်ဦးနော်”

မမ ရဲထက်ကို မျက်စောင်းထိုးပြန်သည်။

“ ပြောလိုက်ရင် ပေါက်ကရချည်းပဲ၊ တော်ပြီ နောက် မလာတော့ဘူး”

အဲဒီတုန်းကတော့ ရဲထက်ကို မမ တမင်နောက်ပြောသွားသည်ဟု ထင်ခဲ့ မိသည်။ နောက်နှစ်ပတ် လောက်အကြာတွင် မမ၏ လက်ထပ်ပြီးစီးကြောင်း မင်္ဂလာသတင်းကို သတင်းစာမှာ တွေ့ရတော့မှအံ့သြတကြီးဖြစ်ရသည်။ မမကို နားမလည် နိုင်အောင်လည်း ဖြစ်ရသည်။မမနှင့် လက်ထပ်သွားသူကသင်္ဘောသား အရာရှိတယောက်ဖြစ်သည်။ ပထမ အရာရှိဟု ဆိုသည့် အတွက် ဝင်ငွေ အတော်ကောင်းမည်မှာသေချာပါသည်။ ရဲထက်၏ သူငယ်ချင်း များကတော့ ခိုင်တာကို ရွေးသွားခြင်းဟု မှတ်ချက်ပြုကြ၏။ 

“ မင်းက အခုမှ ကျောင်းသားပဲရှိသေးတယ်။ ဟိုမှာက အားလုံးပြည့်စုံပြီးသားကွ၊ တချို့ မိန်းမ တွေက ဒါမျိုးတွက် တတ်တယ်၊ ဒါပေမယ့် မင်း မရှုံးပါဘူးကွာ၊ ငါတို့က အကြောင်း သိတွေပါ” 

အချစ်၊ မေတ္တာတရား ဆိုသည့်အရာတွေ ထည့်သွင်းမစဉ်းစားလျှင် သူတို့ပြောကြသလိုပင် ရဲထက် မရှုံးပါ။လက်မ ထပ်မှီ အချိန်လေးမှာပင်လျှင် မမက သူမ၏ ခန္ဓာကိုယ်ကို ရဲထက် ကို လာအလှုပေးသွားသေး၏။ ဒီတချက်ကို တော့ ရဲထက်နားမလည်ပါ။ ပြတ်ပြတ်သားသား လုပ်မည်ဆိုလည်း မမဒီကို လုံးပြန်မလာဘဲ နေလိုက်လို့ ရပါ သည်။ ဘာကြောင့် တကူးတ က လာသွားတာလဲ ဆိုတာစဉ်းစားလို့ မရ။ 

နောက်ပြီး မမအမူအရာတွေက နောင် ပြန် မတွေ့နိုင်တော့သည့် အခြေအနေ မှာရှိနေသူတယောက်လို မဟုတ် အားလုံးပုံမှန် အတိုင်းဖြစ်သည်။ မည် သို့ ဖြစ်စေ မမ က လက်ထပ်သွားသည့် အတွက် ရဲထက်နှင့် စောကလျာလှိုင် တို့၏ဇာတ်လမ်း ပြီးဆုံးခဲ့ပြီ ဟုသာ ဆိုရတော့မည် ဖြစ်သည်။

ဒီအတွက် ရဲထက်ရင်ထဲမှာ ဟာတာတာ နှင့် ဘာလိုလို ခံစားရသည်မှအပ ဆိုးဆိုးဝါးဝါး မခံစားရပါ။ မမကိုသတိ ရမိသည့် အချိန်တွေ ရှိသော်လည်း ကြေကြေကွဲကွဲ သတိရခဲ့ ခြင်း မဟုတ်။ မမနှင့် စိတ်တူကိုယ်တူ ချစ်ပွဲဝင်ခဲ့ကြ သည့် အချိန်တွေကို ပြန်လိုချင်နေမိတာ ကို တော့ ရဲထက်ကိုယ့်ကိုယ်ကိုဝန်ခံ မိပါသည်။ 

ကျောင်းပြီးဖို့ကလည်း တနှစ်ကျော်သာ ကျန်တော့သည်ဖြစ်ရာ တခြားရည်းစားလည်းထပ်ပြီးမထားဖြစ်တော့ပါ။ ထပ်ပြီး ရရန်လည်း အကြောင်းမရှိ။ မမ ရှိစဉ်က ရဲထက်တို့ လူမြင်ကပ်လောက်အောင် တတွဲတွဲလုပ်ခဲ့ကြတာကို ကျောင်းက မိန်းကလေးတွေ လည်း မျက်မြင်ဆိုတော့ရဲထက်ကို ဘယ်သူမှ လက်ခံကြမည် မထင်ပါ။ ဒါကြောင့် ယောင်လည် လည်နှင့်ပဲ ကျောင်းပြီးခဲ့ရသည်။ စာမေးပွဲ နောက်ဆုံးနေ့က သူငယ်ချင်းတွေ ခေါ်လာသည့် မိန်း ကလေး နှင့်တခါအိပ်မိသည်မှ အပ မိန်းမကိစ္စ နှင့်လည်းကင်းပြတ် ခဲ့သည်။ 

ရဲထက် ၏ ခန္ဓာကိုယ် နှင့် အသွေး အသားတွေက ချစ်ရေးကိစ္စ ကိုမေ့ နေသယောင်ယောင် ရှိနေရာမှ နွေးနွေး နှင့်တွေ့တော့မှပြန် နိုးကြားလာ ရ သည်။နွေးနွေးသည် သူ့အတိုင်းအတာနှင့်သူ လှပချောမောပြီး ချစ်စရာကောင်းသူလေး ဖြစ်ပါ သည်။ မြင်သူတိုင်းငေး ရမှိုင်ရလောက်အောင် ထူးထူးခြားခြားလှပ နေသည့် မိန်းကလေးမျိုးတော့ မဟုတ်ပါ။ 

ကုန်ကုန်ပြောရလျှင် ရင်ဦး အကို ချစ်ဦးမောင် မိန်းမလို ဝတ်ထားလျှင် ပင်နွေးနွေးလောက်တော့ အသာလေးလှပါသည်။ ဒါပေမယ့် ရဲထက် နွေးနွေးကို မြင်လျှင် မမစောကလျာလှိုင်ကို ပြန်မြင်ရသလို ရင်ထဲမှာနွေးထွေးစွာ ခံစားရသည်။

တကယ်တော့ နွေးနွေး နှင့် မမ က အရပ်အမောင်း မတိမ်းမယိမ်းရှိသည်က လွဲပြီး ရုပ်ရည် နှင့် ကိုယ်လုံးကိုယ် ပေါက်က ကွဲပြားခြားနားပါသည်။ မမက တင်ထွားပြီး ရင်သားက သာမန်သာဖြစ်သည်။နွေးနွေးကျတော့ တင်ပါး က မမလောက်မထွားသော်လည်း ရင်သား ဖွံ့ဖြိုးလှပသည်။ သူတို့ နှစ်ယောက်မှာတူသည်ဟု ရဲထက်ခံစား ရ သည့် အရာက သမင်မ လို မျက်လုံးညိုညို တွေ နှင့် အကြည့်ဖြစ်သည်။ 

နွေးနွေး သူ့ကိုကြည့်သည့် အကြည့်တွေ ကမမကြည့်ဖူးသည့် အကြည့်တွေ နှင့် တထပ်ထဲ တူသည်လို့ ခံစားရသည်။ ဒါကြောင့်လည်း ရဲထက် နွေးနွေးကို ချစ်သူဖြစ်ခွင့်ရဖို့ ကြိုးစားမိခြင်းဖြစ်သည်။နွေးနွေး နှင့် ရင်းနှီးသိကျွမ်းရသည့် အချိန်မှာ ရဲထက်ကလည်း ကျောင်းပြီးလို့ အလုပ်အကိုင် မယ်မယ်ရရ မရှိသေး ဘဲ အိမ်မှာသာ ၁၀၉/၁၁၀ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေချိန် မို့ အချိန်တွေပိုနေတာ ကြောင့်လည်း ဒီလောက်ဝီရိယ စိုက်မိခြင်း ဖြစ်သည်။ နွေးနွေးကရဲထက်ကို ဆက်ဆံပုံနှင့် ကြည့်ပုံတွေက အလားအလာ ကောင်းတွေ ဟု လည်းယုံမှတ် ထားမိသော်လည်း အခုတော့ ဟိုမရောက် ဒီမရောက် ရင်ဦးကြောင့် ရဲထက် ငုတ်တုတ်မေ့ရမလိုဖြစ်နေသည်။

နွေးနွေး အပြင်ထွက်တိုင်း ရင်ဦးက အနားမှာကပ်လျှက်ပါနေ၍ အခက်တွေ့နေရာမှ အရဲစွန့်ပြီး ရင်ဦးရှိလျှက်နှင့် စကားလိုက်ပြောမိတော့ ပြဿနာတက်ရသည်။ ရင်ဦး နှင့်က လည်း အရင်ထဲက ချစ်ဦးမောင် နှင့် ပတ်သက်ပြီး ခင်မင်ခဲ့ရသူတွေ ဖြစ်လို့ ရဲထက်ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ဖို့ စိန်ခေါ်လာလိမ့်မည်ဟု လုံး၀ ထင်မထား မိခဲ့ပါ။

ရဲထက်သိသလောက်ဆိုလျှင် အရင်က ရင်ဦး သဘောကောင်းပါသည်။ ရဲထက်နှင့်လည်း ခင်ခင်မင်မင်တရင်း တနှီး ဆက်ဆံ၏။ မိန်းမရှာသူငယ်ချင်း၏ ညီမ ယောက်ျားရှာလေးကို ရဲထက် မကြာခန စတတ်နောက်တတ် တာတွေ လည်းရှိသည်။ စတာလွန်သွားလျှင် တော့ ရင်ဦးစိတ်ဆိုးသွားတတ်သော်လည်း နောက်တခါ ပြန် တွေ့လျှင်ပြုံးပြုံးရွှင်ရွှင် နှင့် ဘာမှ မဖြစ်တော့သလို ဆက်ဆံတတ်၏။ 

တခါတုန်းကဆိုလျှင် ရဲထက်လူကြားထဲမှာ စလိုက်လို့ ရင်ဦး အကြီးအကျယ်စိတ်ဆိုးသွား ဖူးသည်။အဲဒီတုန်းက ရဲထက်တို့ သူငယ်ချင်းတွေ လဘက်ရည်ဆိုင်မှာ ရှိနေကြစဉ် ရင်ဦး ရောက်လာပြီး ဝိုင်းမှာဝင်ထိုင်၏။ ယောက်ျား ရှာ ပီပီ ရင်ဦးက ယောက်ျားလေး တွေနှင့်လဘက်ရည်ဆိုင် ထိုင်ရတာ သဘောကျ၏။ 

ဟိုပြောဒီပြော နှင့် ရင်ဦး ကို စချင်လာသော ကြောင့် လက်ထဲမှာ ကိုင်ထားသည့် မဂ္ဂဇင်း တနေရာကို လှန်ပြလိုက်သည်။ ထိုနေရာတွင် အ မျိုးသမီး လစဉ်သုံး ပစ္စည်း ကြော်ငြာ နှစ်ခုက မျက်နှာချင်းဆိုင်ရှိ၏။

“ ရင်ဦး ဒီ Flora နဲ့ Eva နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲကွ”

ရဲထက်ကို မျက်ထောင့်နီကြီးဖြင့် ရင်ဦး စိုက်ကြည့်ပြီး

“ ငါဘယ်သိမှာလဲကွ”

ရင်ဦး အမူအရာကြောင့် ရဲထက်ပို၍ စချင်သွားသည်။

“ မဟုတ်ဘူးလေ၊ မင်းက ဒါတွေမသိဘူး ဆိုတော့ ဘယ်တံဆိပ်သုံးတာလဲ၊ အထူလား၊ အပါးလား၊အတောင်ပံ နဲ့လား”

“ မင်း အမ သွားမေးပါလားကွ၊ တောက် ... ရဲထက်၊ မင်းတော်တော် မိုက်ရိုင်းတဲ့ ကောင်ပဲ”

ဒေါသတကြီးဖြင့် ဆိုင်ထဲကထွက်သွားသည့် ရင်ဦးမေကို ကြည့်ပြီး ရဲထက်တို့ ရယ်မိကြသည်။ ရင်ဦး သောက်လက် စ လဘက်ရည်ဖိုးကိုတော့ ကိုယ့်အပြစ်နှင့် ကိုယ် ရဲထက် ရှင်းပေးလိုက်ရသည်။ နောက်တနေ့မောင်နှမ နှစ် ယောက်လုံးနှင့် လမ်းမှာတွေ့တော့ ရဲထက်ကို ရင်ဦးခပ်တည်တည် နှင့်ကြည့်သည်။ ရဲထက်အနားကပ်သွား တော့ လေသံတင်းတင်း နှင့်

“ နိုင်ငံရေးတွေ မပါနဲ့နော်”

ရဲထက်က အရှုံးပေးသည့် သဘောဖြင့် လက်နှစ်ဖက်မြှောက်ပြပြီး ကြောက်ရွံ့ဟန်လုပ်ပြလိုက် ရာ ရင်ဦးသဘော ကျပြီး ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်သွားသည်။ အကျိုး အကြောင်း ဘာမှမသိသည့် ချစ်ဦးမောင် က

“ ဘာတွေတုန်း၊ ငါ့လဲ ပြောပါဦး” 

ဟု မေးသည်ကိုပင် ရင်ဦးပြန်မဖြေတော့ဘဲ၊ သူ့အကိုကို ထားခဲ့၍ ရဲထက် နှင့် လဘက်ရည် ဆိုင် လိုက် လာသည်။ ဟိုတနေ့က သူစိတ်ဆိုးပြီး ထွက်သွား၍ ရဲထက် လဘက်ရည်ဖိုးရှင်း ပေးလိုက်ရကြောင်း သိ သည့်အခါရယ်ရယ် မောမော နှင့် လဘက်ရည်ပြန်တိုက်၏။ 

ယောက်ျားလေးလိုဝတ်ပြီး ယောက်ျားလေး တွေနှင့် လဘက်ရည်ဆိုင် ထိုင်နေသော ရင်ဦးကို ကြည့်ရင်းသူလစဉ် ဓမ္မတာလာချိန်တွင် ရော သူမိန်းမ ဆိုတာ ရင်ဦး သတိရရဲ့ လားဟုရှာရှာပေါက်ပေါက်တွေးနေမိသည်။ ထိုအ ချိန်မှာ အသုံးပြုဖို့ ဂွမ်းထုပ် ကိုတော့ ရင် ဦးကိုယ်တိုင်ဝယ်လိမ့်မည် မထင်ပါ။ မိန်းမစိတ် ပေါက်နေသော ချစ်ဦး ကများဝယ်ပေး သလားဟုတွေးရင်းပြုံးမိတော့ ရင်ဦးက မလုံမလဲ နှင့် ရဲထက်ကို ဘုကြည့်ကြည့်သည်။

အခုအချိန်မှာ ချစ်ဦးမောင် သာရှိခဲ့လျှင် အထိုက်အလျောက် အကူအညီရနိုင်သည်။ ရင်ဦး ကို ဖျောင့်ဖျပေးနိုင် လိမ့်မည်။ အချို့ကတော့ ချစ်ဦးက ရဲထက်ကို ကြိုက်နေသည်ဟု ဆိုကြ သည်။ ဒါကိုတော့ ရဲထက် လက်မခံနိုင် ပါ။ သူ့ဖာသာ ဘယ်လိုခြောက်ခြောက် ချစ်ဦး က ရဲ ထက်ကိုတော့အရင်က အတိုင်း ပုံမှန်ဆက်ဆံပါသည်။ မရိုး မသား တခုမှ မပြုခဲ့ပါ။ 

ဘယ်သောင်ဘယ်ကမ်း ဆိုက်နေပြီ မသိသည့် သူငယ်ချင်းကို အရေးကြုံမှ ရဲထက် တမ်း တနေမိသည်။ ချစ်ဦးဘယ်နေရာရောက်နေကြောင်း အိမ်က လူတွေလည်း တယောက်မှ မသိကြောင်း ရဲထက် နှင့် အဆင်ပြေစဉ်က ရင်ဦးပြောဖူးသည်။

ချစ်ဦးမောင် အိမ်ကထွက်သွားရသည်မှာလည်း သူ၏ မိန်းမဖြစ်ချင် စိတ်ကြောင့်ဖြစ်သည်။ သူ့လိုပင်ယောက်ျား လေး ဖြစ်ချင်သည့် ရင်ဦး၏ ပယောဂ လည်း အနည်းငယ်ပါသည်။ သို့ သော်အဓိက တရားခံက ချစ်ဦး ဖြစ်နေလို့ သူရှက်ပြီး အိမ်က ထွက်သွားခြင်း ဖြစ်ပါသည်။ထိုအဖြစ်တွေဖြစ်စဉ်က ရဲထက်ကလည်း ကျောင်းပြီးလို့ ပြန်ရောက်စဖြစ်သည်။ မိတ်ကပ် ယောင်ယောင်နတ်ပွဲ ယောင်ယောင် လုပ်ရင်း ချစ်ဦး အထက်လမ်းဆရာ ဆိုသူတယောက်နှင့် ဆုံသည်။ ထိုဆရာ ပြောသည့် အချက် တွေ က လက်တွေ့ နှင့် အလွန်နီးစပ်သည် ဟု ချစ်ဦးပြောသည်။

ဆရာကြီး အဆိုအရ ချစ်ဦး နှင့် ရင်ဦးက အရင် ဘ၀ ကလည်း မောင်နှမတွေဖြစ်သည်။ အညာဒေသ နှင့် ရှမ်းပြည်နယ် စပ်ကြားနေရာတခုရှိ သိုက်နန်းမှ လာကြ သည် ဟူ၏။သိုက်နန်းရှင် ဘဝတွင် ရင်ဦးက အကို ဖြစ်၍ ချစ်ဦးက ညီမ ဖြစ်သည်။

လူ့လောကသို့ အလည်အပတ်လာချင်သဖြင့် ဆိုင်ရာပိုင်ရာများထံတွင် ခွင့်တောင်းပြီး အခုလက်ရှိဘ၀ သို့ဝင် စား ခါနီးတွင် လူ့ဘ၀ သို့ မြန်မြန်ရောက်ချင်ဇောကြီးပြီး အမှားအယွင်း တချို့ လုပ်ခဲ့သောကြောင့် သိုက်ချုပ် ဘိုးတော်ကြီးက အမျက်ထွက်ပြီး အမိ ဝမ်းတွင်း အရောက်တွင်လူချင်းပြောင်းပစ်လိုက်၏။ ထို့ကြောင့် ချစ်ဦးက မိန်းမစိတ် နှင့် ယောက်ျား ကိုယ်ဖြစ်သွားပြီး ရင်ဦးက ယောက်ျားစိတ် နှင့် မိန်းမကိုယ် ဖြစ်သွားရသည် ဟု ပြော သည့် စကားကို ချစ်ဦးအယုံကြီး ယုံမိသွားသည်။

ဆက်လက်ပြီးထိုဂိုဏ်းဆရာက သူ့မှာ သိုက်ချုပ်ကို ပြန်လည်ပြောဆိုခွင့်ပန်ပြီး ဝိဉာဉ် များကို ပြန်လည်နေ ရာချ လွှဲပြောင်း ပေးနိုင်စွမ်းရှိကြောင်း ပြောလိုက်သည့် အခါ ချစ်ဦး ရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်သွားတော့ သည်။ ထို့ကြောင့် ထိုဆရာ၏ အစီအမံ အတိုင်း လုပ်ဖို့ အိမ်ကို နားပူနားဆာတိုက်တော့၏။သူတို့ မိဘတွေက သိပ်ပြီး မယုံချင်ကြ သော်လည်း ယောက်ျားလေး ဖြစ်ချင်နေသည့် ရင်ဦးကပါချစ်ဦးနောက် သို့ပါသွားသည့် အခါ နဂိုထဲက သားသမီးကို လက်မြှောက်ထားပြီးသား ဖြစ်နေသည့် အပြင် တကယ်ဟုတ် ရင်လည်း အေးတာပဲဟု စိတ်လျှော့ပြီးခွင့်ပြုပေးလိုက်သည်။

မိသားစုက ခွင့်ပြုသည် နှင့် နေ့ကောင်းရက်သာရွေးပြီး ဂိုဏ်းဆရာကို ချစ်ဦး အိမ်သို့ပင့် ချလာ၏။အိမ်ဦးခန်းတွင် သဲဖြူခင်းရာဇမတ်ကာပြီး ငှက်ပျောပင်တွေလည်းစိုက်ရ၏။ ငှက် ပျောပင်တွေ၏ အလယ်တွင် သိုက်ချုပ်ဘိုး ဘိုး ကြွလာပါက ယာယီစံရန် လိုက်ကာတွေ ပတ် လည်ပိတ်ထားသော ဆယ်ပေပတ်လည်ခန့် အခန်းတခုလုပ်ပြီး ဓါတ်ခန်းသို့ခေါ်သော ထို အခန်းထဲသို့ ချစ်ဦးတို့ မောင်နှမ နှင့် ဆရာမှ အပ ဘယ်သူမှ မဝင်ရပေ။ 

ညနေခင်းတွင် ရဲထက်တို့တောင် မယောင်မလည်နှင့် သွားကြည့်ကြသေး၏။ အိမ်ပေါ်သို့ သူ စိမ်းမတက်ရဆို သောကြောင့် အောက်ကနေသာကြည့် ပြီးပြန်ခဲ့ရသည်။ တအိမ်လုံး လျှပ်စစ်မီး မသုံးရသည့် အတွက် ဖရောင်း တိုင် နှင့် ဆီမီးတိုင် အနည်းငယ်၏ အလင်းအောက် တွင်မှောင်ကုပ်ကုပ် ဖြစ်နေပြီး အမွှေးတိုင်နံ့တွေ မွှန်ထူ နေ တာကိုသာ သတိထားမိခဲ့သည်။ 

နောက်တနေ့ မနက်ရောက်သောအခါ ချစ်ဦးနှင့် ရင်ဦးက ဘာမှ မပြောင်းလဲသော်လည်း အထက်ဆရာကြီးက တော့ ပျောက်ချင်းမလှ ပျောက်သွားသည်။ သူတို့ အိမ်မှာရှိသည့် ချမ်းသာ သမျှ ငွေကြေးနှင့်အဖိုးတန်ရွှေငွေ ရတနာ အားလုံးလည်း ဆရာကြီး နှင့်အတူ ပျောက်ဆုံးသွားသည်။ ထိုညက တအိမ်သားလုံး

အစောကြီးအိပ် ပျော်သွားကြသည် ဟု သိရသည်။ ဓါတ်ခန်းထဲမှာ ရှိနေသည့် ရင်ဦးလည်းဆရာကြီးရွတ်ဖတ်နေသံတွေကို နား ထောင်ရင်း အိပ်ပျော်သလိုဖြစ်သွားသည် ဆိုတာလောက်ပဲ မှတ်မိ၏။ချစ်ဦးလည်း ထို့ အတူပင်ဖြစ်သည်။

တအိမ်လုံး ရှိတာအကုန်ပြောင်ရသည့်အတွက် အလွန်ကျပ်တည်း ဒုက္ခရောက်ရသည့် အတွက် ပြဿနာကိုစ တင် သယ်ဆောင်လာသူ ချစ်ဦးကို ရင်ဦးမှ အပ အိမ်သားတွေ က အပြစ်ဆိုကြသည့် အပြင် ရင်းနှီးသည့်မိတ် ဆွေတွေနှင့် အိမ်နီးချင်းတွေကလည်း ဝိုင်းပြော ကြသည့် အခါ ချစ်ဦး ရှက်ပြီးအိမ်ကနေထွက်သွားတော့သည်။

ပိုဆိုးသည့် တချက်က ထိုဆရာကြီးကို ချစ်ဦးထံ ခေါ်ဆောင်လာခဲ့သူမှာချစ်ဦး၏ ရည်းစား ခေါ်မလား၊ လင်တော် မလား မသိသည့် သူဖြစ်နေသည်။ တသက်လုံးနေထိုင်လာ သည့်မြို့ကိုပါ စွန့်ခွာသွားခြင်းဖြစ်သည်။ အရင်လောက် မဟုတ်တောင်မှ လူတန်းစေ့ကလေး နေနိုင်ဖို့ လက်ဖဝါးခြေဖဝါးဘ၀ ကနေ သူတို့မိဘတွေမှာ ပင်ပန်းကြီးစွာ ပြန်လည်ထူထောင်ကြရသည့် တိုင် ချစ်ဦးတို့ မောင်နှမ က အချိုးမပြောင်းပါ။

ချစ်ဦးက မိန်းမရှာ ဘ၀ နှင့် အိမ်ကထွက်သွားသလို ရင်ဦးကလည်း ယောက်ျားလေး ပုံဖမ်းနေဆဲပင်ဖြစ်သည်။ ဒါပေမယ့် သူတို့တွေ ဘယ်လို နေနေ ရဲထက် နှင့် ဘယ်လိုမှ မပတ်သက်ပါ။ ယောက်ျားစိတ်ပေါက်နေသည့် ရင်ဦးက ရဲထက်ကို နွေး နွေး နှင့် ပတ်သက်ပြီး ရည်းစားလုဖက်လို၊ သူ့ရည်းစားကြောင်တောင်ဝင်နှိုက်သူလို လုပ်နေ ခြင်းကိုသာ ရဲထက် မခံချိမခံသာဖြစ်မိပါ၏။


 အပိုင်း ( ၂ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment