Thursday, February 8, 2018

တိမ်တောင်ညို ပြိုမှာစိုး အပိုင်း ( ၁ )

တိမ်တောင်ညို ပြိုမှာစိုး အပိုင်း ( ၁ )

ရေးသားသူ - ငွေလမင်း @ အချစ်တက္ကသိုလ်

အပိုင်း ( ၁ )

အခန်း ( ၁ )

၁၉၉၈ ခုနှစ်၊ ဇွန် လ။

ကျနော့် နံမည် နေသွေး။ အသက်က ၁၈ နှစ်။ စက်မှု တက္ကသိုလ်မှာ မြို့ပြ အင်ဂျင်နီယာ အထူးပြုနဲ့ ဒုတိယနှစ် တက်နေတယ်။ ငွေကြေးအားဖြင့် မချမ်းသာလှပေမယ့် မုဆိုးမ အမေ နဲ့ ကျနော်၊ နှစ်ယောက်တည်း ရှိတဲ့ မိသားစုလေးမှာ ကျနော့် ဘဝက လိုတရ သလောက် နီးနီးပါပဲ။ တစ်ဦးတည်းသောသား ပီပီ ကျနော့် အကျင့်က အင်မတန် အပေါင်းအသင်း မက်တာကလား။ အခုလည်း ဘော်ဒါ တစ်ပွေ မိန်းမ ခိုးဘို့ ကျနော်တို့ တစ်သိုက် ကောင်မလေး ရှိရာ သူများ ရပ်ကွက်ကို ညကြီး အချိန်မတော် ရောက်နေကြတာဗျ။ ဝါ ဝင်ခါနီး မိုးသည်းတွေ ရွာနေတဲ့ ညကြီးပေါ့ဗျာ။ အလုပ်အကိုင် မရှိသေးတဲ့ တက္ကသိုလ် ကျောင်းသားတွေ ဆိုတော့ မိန်းမကို ရန်ပုံငွေနဲ့ ခိုးရတာဗျို့။ ကာယကံရှင်က ရင်တွေ အခုန်လွန်ပြီး မိုးရေထဲမှာ ငုတ်တုတ်။

ဝိုင်းဝန်း ပံ့ပိုးတဲ့ ကျနော်တို့တတွေ ကောင်မလေးကို ငါနဲ့လည်း ဆိုင်တယ်၊ သူလည်း ပိုင်တယ်နဲ့ လောင်စိန် လုပ်နေတုန်း ခပ်လှမ်းလှမ်းကနေ ဒုန်း ကနဲ အသံ နဲ့ ကားဘရိတ်အုပ်သံ ကျွီ ဆိုတာကြီး ကြားလိုက်ရတယ်။ နောက်တော့ အလောတကြီး မောင်းပြေးသွားတဲ့ ကားနောက်မှာ ခွေခွေလေး လဲကျနေတဲ့ လူ တစ်ယောက်။ ကျနော်တို့ အဖွဲ့လည်း သွားပြေးကြည့်တယ်ပေါ့ဗျာ။ လဲကျနေတာ အမျိုးသမီး တစ်ယောက်ဗျ။ ဒဏ်ရာ ဘာညာ မရှိဘူး။ လန့် ပြီးပဲ မေ့သွားသလား၊ အတွင်းပဲ ကြေသွားလား မသိဘူး။ ကျနော်တို့တွေ သူ့ကို ဆေးရုံ ပို့ဘို့ လုပ်ကြတယ်။ မိန်းမ ခိုးမယ့်ကောင်ကတော့ ကျန်ခဲ့တယ်ပေါ့ဗျာ။

ဆေးရုံသာ ပို့မယ်ပြောတာ အချိန်က ည ကိုးနာရီ။ မိုးကလည်း ကောင်းနေတော့ လမ်းပေါ်မှာ ကျနော်တို့ကလွဲလို့ လူ တောင် မရှိဘူးဗျ။ ကျနော်လည်း ကားငှား မရသေးခင် သူ့ကို နီးစပ်ရာ အမိုးအောက်၊ အစောက ကျနော်တို့ အုပ်စု ရပ်နေတဲ့ ဆိုင်လေးရှေ့ကို နေရာရွှေ့ဘို့ စိတ်ကူး ရလိုက်တယ်။ ဒါနဲ့ပဲ ပွေ့ ချီပြီး အမိုးအောက် ရောက်တယ်ပေါ့ဗျာ။ ပိတ်ထားတဲ့ ဆိုင်လေးရဲ့ အမိုးအောက်မှာ မီးရောင်က ခပ်မှိန်မှိန်။ ကျနော် ဒူးတစ်ဘက် ထောက်ထိုင်ပြီး သူ့ ကိုယ်အောက်ပိုင်းကို အောက်ချလိုက်တယ်။  အပေါ်ပိုင်းလေးကတော့ ကျနော့် ရင်ခွင်ထဲမှာ။ အဲ့ဒီအချိန်မှာ ငြိမ်နေတဲ့ သူ့ မျက်နှာလေးကို စေ့စေ့ ကြည့်မိသွားတယ်။ ခေါင်းတွေ ဘာတွေများ ထိ သွားလားလဲ ကြည့်ရင်းပေါ့လေ။ မိုးရေတွေ စိုရွှဲနေတဲ့ မိန်းမလှတစ်ယောက်ရဲ့ မျက်နှာက ကျနော့်ကို ဖမ်းစား သွားတယ်ဗျာ။

အထူး သဖြင့် ကျနော် မရှောင်နိုင်အောင် ငေးမိသွားတာက သူ့နှုတ်ခမ်းပဲ။ အထူအပါး ညီညီညာညာနဲ့ ပြေပြစ်တဲ့ နှုတ်ခမ်းလေးတစ်စုံ။ မိုးရေကြောင့် ပြာနှမ်းနှမ်း ဖြစ်နေတာကိုကပဲ တစ်မျိုး လှနေတာဗျ။ နှုတ်ခမ်းပေါ်မှာ ဒေါင်လိုက် မျဉ်းလေးတွေ ထင်ထင်ရှားရှား ပေါ်နေတယ်။ နှုတ်ခမ်း ပြည့်ပြည့်ပေါ်က အရစ်လေးတွေပေါ့။ ဒါ သိပ်ဆန်းတဲ့ အလှ မဟုတ်ပေမယ့် မိန်းကလေးတိုင်းတော့ ဒီလိုနှုတ်ခမ်းမျိုး မဟုတ်ဘူးလေ။ ပါးချိုင့် ရှိတဲ့သူတွေ၊ သွားတက် ပါတဲ့ သူတွေ၊ စံပယ်တင်မှဲ့လေးနဲ့ ချစ်စရာ ကောင်းတဲ့သူတွေလိုပေါ့။ သူ့ နှုတ်ခမ်းလေးတွေက ကျနော့် မျက်စိထဲမှာ လိမ္မော်သီးလေး နှစ်မွှာကို မျက်နှာချင်းဆိုင် ကပ်ထားသလိုပဲ။

မှိတ်ထားတဲ့ မျက်လုံးလေးမှာ မျက်တောင် စိပ်စိပ်လေးတွေက နက်မှောင်ပြီး ထင်းနေတယ်။ ဆေးဆိုးထားတာ မဖြစ်နိုင်ဘူးဗျ။ သူ့မျက်နှာ စိုနေတာလေ။ မျက်ခုံး နှစ်ဘက်က ထူ ပြီး ထိပ်ချင်း ဆက်လုနီးပါး အမွေးနုလေးတွေနဲ့။ နောက်ထပ် ထင်းနေတဲ့ အလှတစ်ခုက နှဖူးလေး။ ကကြီးပုံ ခေါ်မလား၊ မဟာ နှဖူး ပြောရမလား။ ပြန့်ပြူးနေတဲ့ နှဖူးပြင်လေးက တလင်း သေသေချာချာ ညှိထားတဲ့ မြေပြင်လိုပဲ။ ရင်ခွင်ထဲက မျက်နှာလှလှလေးကို ငုံ့ ငေးရင်း ကျနော် မြိုချမိတဲ့ ပင့်သက်တွေ သိပ် များသွားပြီ။ ကဗျာ ဆန်ဆန် ပြောရရင် သူ ကျနော့် ရင်ခွင်ထဲမှာ သတိ လစ်နေခဲ့သလို ကျနော်လည်း သူ့မျက်နှာပေါ်မှာ ခဏ အိပ်ပျော်သွားတယ်ဗျာ။

“ အေးဆေးလား ငနေ.. အသက်တော့ ရှူသေးတယ် မှတ်လား..”

“ ဟမ်.. အမ်း.. ဘာပြောလိုက်တာလဲ ဟရောင်..”

“ ငိုးမသား.. လဂွ လိုပဲ.. မင်း ပွေ့ထားတဲ့ စော်ကြီး မသေသေးဘူး မှတ်လားလို့ ပြောတာ ဟ..”

“ ချီးထဲမှပဲ.. သေစရာလား ဟ.. နိမိတ်မရှိ နမာ မရှိ..”

“ စော်ကြီး မသေဘူး.. သေ နေတာ ဒင်း..”

ဟိုကောင်တွေ ကျနော့်ကို တစ်ယောက်တစ်ပေါက် ဝိုင်း ချီးမြှောက် ကုန်ကြတာလေ။ ကျနော်လည်း နည်းနည်း ရှက်သလိုလို ဖြစ်သွားလို့ ဖိနပ်တစ်ဘက် ချွတ်ပြီး နီးတဲ့ ဘော်ဒါ တစ်ကောင်ကို ကောက်ပေါက် လိုက်တယ်။ အဲ့အချိန်မှာ ကျနော့် ရင်ခွင်ထဲက နတ်သမီးရုပ်တုလေး အသက် ဝင်လာတာပဲဗျ။ မျက်လုံးလေး ပွင့်လာပုံက အနှေး ရုပ်ရှင် ပြကွက်လိုပဲ။ ငုံ့ကြည့်နေတဲ့ ကျနော့် မျက်နှာကို သေသေချာချာ မြင်သွားတော့ ရုန်းတယ်ဗျ။ ကျနော်လည်း အသာလေး လွှတ်ပေးလိုက်ပါတယ်။ လက်တွေ လွှတ်ပေးလိုက်ပေမယ့် ကျနော့် အကြည့်တွေက သူ့မျက်နှာပေါ်မှာ ခြေချုပ် မိနေတုန်း။

“ ဘယ်.. ဘယ်သူတွေလဲ ဟင်.. တို့ ဘာဖြစ်သွားတာလဲ..”

“ ကားတစ်စီးနဲ့ တိုက်မိတာ အမ.. အမျိုးကောင်းသားက မောင်းပြေးသွားတယ်.. ကျနော်တို့ အမကို ဆေးရုံ ပို့ပေးမလို့လေ..”

“ အို.. ဟုတ်.. သိပြီ.. ကျေးဇူး တင်ပါတယ် မောင်လေးတို့ရယ်.. သူတော်ကောင်းတွေနဲ့ တွေ့ပေလို့သာပေါ့..”

“ အခု ဘယ့်နှယ်နေလဲ အမ.. ကြည့်ရတာ ဆေးရုံထိတော့ သွားဘို့ မလိုလောက်ဘူး.. ဒီနားမှာ ဆေးခန်းဘာညာ ရှိလား.. ကျနော်တို့က ဒီရပ်ကွက်က မဟုတ်တော့ မကျွမ်းဘူး ခင်ဗျ..”

“ ရတယ် မောင်လေး.. အမ အိမ်ပဲ ပြန်ချင်ပါတယ်.. ဆေးခန်းတွေက ရှိပေမယ့် ပိတ်ကုန်ပြီလေ.. အမကို အိမ်ပြန်ဘို့ပဲ ကူညီပေးကြပါလားဟင်.. ကူညီလက်စနဲ့လေ နော်..”

“ ရတယ်လေ အမ.. ဟရောင် ငနေ.. မသာ သေချင်းဇိုး.. အသက်လေးဘာလေး ရှူအုန်း ဟ.. ငါ လခွီးထဲမှပဲ..”

“ ဟမ်.. အမ်း.. အေးလေ.. လုပ်လေ..”

ကျွန်တော့် သူငယ်ချင်းက သူနဲ့ အပြန်အလှန် မေးရင်းပြောရင်း ထိုင်ငေးနေတဲ့ ကျနော့်ကို ဆဲ ပါလေရော။ အဲတော့မှ ကျနော်လည်း ရှက်ရှက်နဲ့ ဖင်ကုတ် ခေါင်းကုတ်ပေါ့ဗျာ။ ဒီလိုနဲ့ သူ့ကို အိမ်လိုက်ပို့ဖြစ်ကြတယ်။ ဖြစ်ချင်တော့ အိမ်က ဒီလမ်းထဲတင်။ ခြေထောက် နဲ့ ခါး နဲနဲ နာတယ် ပြောတာနဲ့ ကျနော်ပဲ သူ့ကို တွဲ လျှောက်ရတယ်။ အိမ်ရောက်တော့ စိတ်ပူနေတဲ့ အဘွားကြီးတစ်ယောက် (သူ့အမေ) နဲ့ သုံးနှစ်လောက် ရှိမယ့် ကလေးမလေးတစ်ယောက် ထပ်တွေ့ရတယ်။ ကလေးမလေးက သူ့ကို တွေ့တွေ့ချင်း ညိုညို ပြန်လာပြီ အမေကြီးရေ ဆိုပြီး အတင်း ပြေးဖက်တော့တာပဲ။ ဆံပင် ရှည်ရှည်လေးကို ကျစ်ဆံမြီး နှစ်ဘက်ကျစ်လေးနဲ့ ကောင်မလေးက ကော်ပတ်ရုပ်လေးလိုပဲ ချစ်စရာလေးဗျ။ သူ အိမ်ထဲဝင် အဝတ်လဲနေတုန်း ကျနော်တို့က ဧည့်ခန်းမှာပေါ့။ ကျနော် အပါဝင် သုံးယောက်။ အားလုံးက ကိုယ်တစ်ပိုင်း မိုးကာတွေ ဝတ်ထားကြလို့ အကျီတွေ မစိုပေမယ့် ဘောင်းဘီတွေက ရွဲနေပြီ။ သူ့အမေက ကျနော်တို့ကို ကော်ဖီတွေ ဖျော်ပြီး ဧည့်ခံနေသေးတယ်။

အကျီလဲပြီး အတွင်းခန်းကနေ ခြေထောက်လေး ထော့ထော့နဲ့ ပြန်ထွက်လာတဲ့ သူ့ပုံစံလေးက ကျနော့် မျက်စိထဲ ညကြီးကြောင်တောင် နေမင်းကြီး လင်းလာသလိုပါပဲဗျာ။ ဖြန့်ချလာတဲ့ ဆံပင်ရှည်တွေ ရေသုတ်ရင်း ကျနော်တို့နား လာထိုင်တယ်။ ဒီတော့မှ ထပ် သတိထားမိသွားတာ ဆံပင်တွေက ပေါင်လည်လောက်ထိ ရှည်တယ်ဗျ။ ကျနော်လည်း အမ ဆံပင်က သုတ်ရုံနဲ့ ခြောက်ပါ့မလား ဒရိုင်ရာ မရှိဘူးလားလို့ မေးမိတယ်။ သူက ခေါင်းလေး ငြိမ့်ပြရင်း နဲနဲ သွေ့သွားမှ မှုတ်မယ် မောင်လေး တဲ့။ ကော်ပတ်ရုပ်မလေးက သူ့ပေါင်ပေါ် လာထိုင်တယ်။ ကလေးကို ငုံ့နမ်းရင်း ကျနော်တို့ကို မိတ်ဆက် ပေးတယ်။ ဒါ အမ သမီးလေးလေ တဲ့။ အဲ့ဒီအချိန်မှာ မိုးကြိုးသံ ဂျိန်း ကနဲ ကြားလိုက်ရတယ်ဗျာ။ ကျနော် တစ်ယောက်တည်းကို ကွက်ပြီး ပစ်သွားတဲ့ မိုးကြိုးပါ။ ဟိုကောင်တွေကတော့ ကော်ဖီတွေ သောက်လိုက် အဘွားကြီးနဲ့ စကားတွေ ပြောလိုက်နဲ့ ဟုတ်လို့ပဲ။ ဒီလိုနဲ့ ကျနော်တို့ ပြန်လာတော့ အချိန်က ည ဆယ့်တစ်နာရီ ထိုးပြီးနေပြီ။ ပြန်တဲ့အထိ မတွေ့မိတော့ သူ့ယောင်္ကျားက အိပ်ပဲနေလား အိမ်မှာ မရှိတာလားပေါ့လေ။သူ့ အိမ်ကနေ ပြန်ထွက်လာတဲ့ အချိန်မှာ ကျနော့် ခြေထောက်တွေက ကိုယ်ကို သယ်လာနိုင်ခဲ့ပေမယ့် စိတ်ကတော့ သူ့နား ကျန်ခဲ့တယ်။

................................................................................

အခန်း ( ၂ )

“ ငိုင် မနေနဲ့ သားကြီး.. မင်း တွေ့ချင်တယ်မှတ်လား.. သွားတွေ့လိုက် ဟရောင်..”

“ ဖြစ်ပါ့မလားကွာ.. တော်ကြာ သူ့ယောင်္ကျားက ဘာလား ညာလား လုပ်နေရင်..”

“ လုပ်စရာလား ဟ.. သူ့မိန်းမကို ငါတို့ ကူညီထားတာ ဟာကြီး.. ညကြီး ချိန်မတော် မိုးထဲရေထဲ လမ်းပေါ် ဒီတိုင်း လဲနေရင် ဘွားတော် ဂန့်ရင် ဂန့်.. မဂန့်ရင် ဆန့် ပြီပဲ..”

“ နေဦးဟ.. ငါ တွေးမိတာတော့ သူ့မှာ ယောင်္ကျား ရှိပုံ မရဘူး..”

“ ဘဲလေးကလည်း.. လုပ်ပြီ.. ယောင်္ကျား မရှိဘဲ ကလေး မွေး မလား.. အေဘေးရ..”

“ အာ.. မင်းကလည်း ညက အဘွားကြီး ပြောတာ မကြားလိုက်ဘူးလား.. လူလေးတို့ ဘောင်းဘီတွေ စိုနေတယ်.. လဲဝတ်စရာ ပေးရအောင်လည်း အိမ်မှာ ယောင်္ကျား အဝတ်အစားက မရှိ ဆိုပြီး..”

“ အမ်.. ဘယ်လို ဘယ်လို..”

“ သဒေါင်းဇား.. တရေးလာ နိုးနေပြန်ပြီ.. ညတုန်းကတော့ အာရုံ ငါးပါးလုံး လေဒီကြီးဆီ ရောက်နေပြီး.. မင်းပဲ ပြောပြလိုက် ဟရောင်..”

“ ပြောဘူးဟာ.. သတ်ရင် သတ်..”

“ လုပ်ပါကွ.. ယောက်ဖကလည်း.. မင်းနှမ မျက်နှာ မငယ်စေရပါဘူး..”

“ ငိုးမသား.. ဒေါင်းဇား.. အေဘေး.. ကန်တီးသွားမယ်ကွာ.. ဟိုကျမှ ပြောမယ်.. ဖျက် ဒီတစ်ချိန်.. သိမ်း ဟရောင်.. မင်း ဆွဲတာလည်း မဟုတ်ဘဲနဲ့.. ဟန်လုပ် မနေနဲ့..”

ဒီလိုနဲ့ ဆွဲလက်စ drawing paper တွေ၊ T တွေ၊ set တွေ ကောက်သိမ်းပြီး ကန်တီး ရောက်တော့ ဆက်ပြောဖြစ်ကြတယ်။ သူ့အိမ်မှာ အမျိုးသား ရှိပုံ မရတဲ့အကြောင်း။ သာမန် ခရီးဘာညာ သွားနေတာ ဆိုရင်တောင် ပုဆိုး သုံးထည်လောက်တော့ အိမ်မှာ ကျန်ဖြစ်မှာပဲ ဆိုတာရယ်။ ဒါမှ မဟုတ် နိုင်ငံခြားတွေ ဘာတွေများ ရောက်နေတာလား။ လက်ရှိ ပေါင်းနေတာရော ဟုတ်ရဲ့လားနဲ့ ထင်မြင်ချက်တွေ အစုံပေါ့ဗျာ။ နောက်ဆုံးတော့ သုံးယောက်သား ညနေပိုင်း ကျောင်းလစ်ပြီး သူ့အိမ်ရှေ့ ရောက်သွားပါလေရော။ လက်ထဲမှာလည်း လူနာ လာမေးသူတို့ ထုံးစံ စားစရာ ဘာဘာညာညာလေးတွေနဲ့ပေါ့။ အဖွဲ့ထဲက တစ်ယောက်က အကြံပေးလို့ ကလေးမလေးအတွက် အမွေးပွ ယုန်ရုပ်လေး တစ်ရုပ်တောင် ဝယ်ခဲ့လိုက်သေးတယ်။ သူ့အိမ် အသွား လမ်း တစ်လျှောက်လုံး ကျနော် ဘာ ဆုတောင်းနေခဲ့မိမလဲ ခင်ဗျားတို့ မှန်းမိတယ် မဟုတ်လား။ သေချာတာပေါ့ဗျာ။ တစ်ခါမှ မချစ်ဘူးသေးတဲ့ ကျနော့် နှလုံးသားကို မိုးကြိုး ပစ်ချသွားတဲ့ မိုးရေထဲက နတ်သမီး မှာ လက်ရှိ ယောင်္ကျား ရှိမနေပါစေနဲ့၊ တစ်ခုလပ် ဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လည်း မုဆိုးမပေါ့ဗျာ။ တတ်နိုင်ဘူးလေ။ ကျွန်တော့် နေရာမှာ ခင်ဗျားတို့ ဆိုလည်း ဒီလို ဆုတောင်းရုံအပြင် ဘာလုပ်လို့ ရမှာမို့လဲ။

သူ့အိမ်ရောက်တော့ ကျနော် ဆုတောင်း ပြည့်ခဲ့ပါတယ်။ သူ့နံမည်က ညိုလဲ့ရည်၊ အသက် ၃၀၊ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှာ ဒါရိုက်တာရဲ့ အတွင်းရေးမှုး လုပ်နေတယ်။ သမီးလေးက အသက် ၂ နှစ်ကျော် ၃ နှစ်ထဲမှာ၊ ခင်ပွန်း ဆုံးတာ တစ်နှစ်တောင် မပြည့်သေးဘူးတဲ့။ အသက် ၃၀ ဆိုလို့ မရယ်ကြနဲ့ဗျ။ ကျနော့် မိုးနတ်သမီးက ဆယ်ကျော်သက်တွေ ရှုံးအောင် လှတာ။ မဟာဆန်တဲ့ မျက်နှာနဲ့ မပိန်လွန်း၊ မဝလွန်း၊ အချိုးကျကျ လှတဲ့ ကိုယ်ခန္ဓာ၊ အရပ်ကလည်း မနိမ့်လွန်း၊ မမြင့်လွန်း။ ကျနော့် အရပ် ငါးပေကိုး ရှိတာတောင် သူနဲ့ တွဲရပ်ရင် ခြောက်လက်မလောက်ပဲ ကွာမယ်။ အပိုင်သဘောထားပြီး ပြောရရင် ကျနော်နဲ့သူ ရှေ့သွားနောက်လိုက် ညီတယ်ဗျ။ အသက် ကွာ ဘာဖြစ်လဲလေ။ အဓိကက အချစ်ချင်း ညီမျှဘို့ပဲ လိုတာ။ အဲ.. ကျနော့် အတွေးတွေ တော်တော်များ ရှေ့ရောက်သွားသလားပဲ။

ဒီလိုနဲ့ပဲ သူ့အိမ်ရောက်၊ အဘွားကြီးဆီ စားစရာတွေ အပ်၊ ခါးနာနေလို့ အလုပ်မသွားနိုင်သေးတဲ့ သူ နဲ့ ကျနော့် သူငယ်ချင်း နှစ်ကောင်က စကားတွေ ဖောင်ဖွဲ့၊ ကျနော်ကတော့ ခင်ဗျားတို့ သိတဲ့အတိုင်း သူ့မျက်နှာပေါ် အိပ်ပျော် ပေါ့ဗျာ။ တစ်နေ့တော့ သူရင်ခွင်ထဲ ခေါင်းထိုးအိပ်ဘို့ ဖြစ်လာတန်ကောင်းပါရဲ့။ မျှော်လင့်ချက်တွေနဲ့ ကျနော်၊ အရင်ဆုံး လုပ်မိတာက ကော်ပတ်ရုပ်လေးနဲ့ မိတ်ဆွေဖွဲ့ဘို့ပေါ့လေ။ ကျနော်က စကားနည်းတယ်။ ဘော်ဒါတွေနဲ့ လေပေးဖြောင့်နေတဲ့ သူ့မျက်နှာကို ငေးနေရတာ ကြည်နူးမိပေမယ့် ဘေးကကောင်က ကျနော့် ခြေဖမိုးကို ကျိတ် နင်းပြီး အချက်ပြနေပြီလေ။ သဘောက မင်း ငမ်းလွန်းတာ သိသာနေပြီ ဆိုတဲ့ အဓိပ္ပာယ်။ ဒီတော့ ကျနော်လည်း အိန္ဒြေ ဆည်စရာ လမ်းရှာရင်း ကလေးကို ဝင်ရောဘို့ အကြံရသွားတာ။ ဒါ အရေးကြီးတယ် မဟုတ်လား။ ကျနော်တို့ နှစ်ယောက် ဘဝခရီး သာယာဘို့ ဒီကလေးက အခရာလေ။ သူလေးကို တည့်အောင် ပေါင်းထားမှ ကျနော်တို့ နှစ်ယောက်၊ ဟဲ ဟဲ … သည်းခံကြဗျာ။ ကျနော် အင်ဂျင်နီယာ မဖြစ်သေးခင် လေထဲ တိုက်အိမ် ဆောက်နေမိတယ်။

“ သမီးလေး နံမည် ဘယ်လို ခေါ်လဲ ကွ..”

“ …..” 

ကလေးက ဘာမှ ပြန်မပြောဘဲ လက်ထဲက ယုန်ရုပ်လေး မြှောက်ပြတယ်။

“ ကြိုက်လား သမီး.. ဒီ ယုန်ရုပ်လေး..”

“ ဟုတ်..” 

ဆိုပြီး ခေါင်းလေး ငြိမ့်ပြ၊ အရုပ်လေးကို ဖက်ထားတယ်။

“ ဒါဆို ဦးကို နံမည်လေးတော့ ပြောပြလေ ကွာ..”

“ ယုန်လေး..”

“ ဟမ်..”

“ ယုန်လေး လေ.. ဒီလို ယုန်လေး..”

“ သမီးနံမည်က ဖြူစံပယ်ရုံ မောင်လေး.. စံပယ်ပန်းရုံ ဆိုတဲ့သဘော.. အိမ်မှာ ရုံလေး လို့ အဖျားဆွတ် ခေါ်တာ.. တကယ်က ရကောက်နဲ့ ရုံတာပေမယ့် ကလေးက နားမလည်တော့ rabbit ယုန် ဖြစ်နေတော့တာလေ.. အမလည်း ယုန်ကောင်လေးတွေ ချစ်တတ်တော့ သမီးကို ပြင်ပြောမနေတော့ဘူး.. အာ့နဲ့ပဲ စပယ်ပန်းရုံကနေ မုန်လာဥနီ စားတဲ့ ယုန် ဖြစ်သွားပါလေရော.. ဟင်းဟင်း..”

ခင်ဗျားတို့စိတ်ထဲ ဘယ်လိုနေလဲ။ ကျနော်ကတော့ ပျော်လွန်းလို့ ကျွမ်းတောင် ထ ထိုးလိုက်ချင်တယ်။ ရူးတယ်ပြောပြောဗျာ။ ဒါ ကလေးနဲ့ ကျွန်တော့်ကြားက နိမိတ်ကောင်းပဲ။ ကျနော် ဝယ်သွားတဲ့ အရုပ်က သူ့နံမည် ဖြစ်နေတာ တိုက်ဆိုင်မှု သက်သက် မဟုတ်ဘူးလေ။ အဲ့ဒါ ရေစက်။ ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ယုံကြည်ထားတဲ့ ဘဝဟောင်းက ရေစက်။ ဒီလိုနဲ့ပဲ မမညိုနဲ့ ကျနော် ရေစက် ပွင့် သွားခဲ့တယ်။ ကျနော့်ကျောင်းနဲ့ သူ့အိမ် တူးမြောင်းကြီး ဖြစ်သွားတယ်ပေါ့ဗျာ။ လစ်ရင်လစ်သလို ကျောင်းပြေးပြီး သူ့အိမ် ရောက်တတ်တဲ့ ကျနော်၊ သူ အလုပ်သွားနေတဲ့ အချိန်တွေ ယုန်လေးနဲ့ ဆော့၊ အမေကြီးနဲ့ စကားပြော၊ ကံကောင်းပြီး သူ့အားရက်နဲ့ တိုးရင်တော့ အတိုင်းထက် အလွန်ပေါ့။ ကျောင်းပိတ်ရက် ဆိုတဲ့ အပိုင်းတော့ မေးမနေနဲ့တော့။ အိမ်မှာ အမေနဲ့ ကျနော် အိပ်ခါနီးမှပဲ တွေ့ရတော့တယ်။ ဒီလိုနဲ့ပဲ တိုတိုပြောရရင် ဒုတိယနှစ်ရဲ့ ဖိုင်နယ် စာမေးပွဲ ပြီးတဲ့ နောက်ဆုံးနေ့မှာ မမ နဲ့ ကျနော် ခင်မင်မှုတွေ တဆင့်တိုးပြီး ချစ်ကြိုး သွယ်ဖြစ်ခဲ့တယ်ဗျာ။

................................................................................................

အခန်း ( ၃ )

“ ဘာ ကြည့်နေတာလဲ.. မှိတ်ထား မျက်စိ..”

“ ညိုကလည်းဗျာ.. အဲ့လို လုပ်ပေးနေတုန်း နှုတ်ခမ်းလေးကို ကြည့်နေချင်တာ..”

“ မလုပ်ပေးဘဲ နေလိုက်မှာနော်..”

“ နေဗျာ.. ရတယ်.. လာခဲ့ အဲ့နှုတ်ခမ်းလေး..”

“ လုပ်ပြီတွေ့လား သူများ မနေတတ်တော့အောင်..”

“ ဟမ်.. ဘာလုပ်လို့လဲ.. ကျနော့်ဘာသာ လိမ္မော်သီးစိတ်ပေါ် လက်ညှိုးနဲ့ လမ်းလျှောက်တမ်း ကစားတာ..”

“ တော်တော့.. ဖယ် အဲ့လက်..”

“ ………”

“ ………”

“ အားးးး… ရှီးးးး.. ကောင်းလိုက်တာ ညိုရယ်..”

“ ………”

“ ညို့.. ထ ဗျာ.. ကျနော် လုပ်ချင်ဘီ..”

“ အွမ်း..”

ကျနော့်ပေါင်ကြားမှာ ခေါင်းဖွက်ပြီး ပုလွေ ပညာ ပြနေတဲ့ ကျနော့် မမလေ။ ချစ်သူ မဖြစ်ခင် ရင်းနှီးစမှာ မမ လို့ ခေါ်ခဲ့တော့ ချစ်သူဘဝရောက်တဲ့ချိန် စကားလုံး အသစ်က ရှာမရဘူးဗျ။ ကျွန်တော့် ဘော်ဒါတွေကလည်း သူ့ကို မမ လို့ပဲ ခေါ်ကြတာ။ ကျနော်က အလှူ့ရှင် ပီပီ နဲနဲတော့ သာချင်သေးတာ။ ဒါနဲ့ပဲ ဆွေမျိုးတော်ပြီ ဘယ်လို ခေါ်မလဲ ဆိုတဲ့ ဆွေးနွေးပွဲ စ ဖြစ်ခဲ့တယ်။ ဖြစ်ချင်တော့ ယုန်လေးက မမ ကို ညိုညိုလို့ ခေါ်တယ်လေ။ တကယ်က မေမေလို့ ခေါ်ရတယ် ဆိုပြီး သင်တယ်ဗျ။ ကလေး ကိုယ်တိုင်က မရတာ။ မွေးကတည်းက အချိန်ပြည့် အတူရှိခဲ့တဲ့ အဘွားကို အမေကြီး တဲ့။ ကျနော်လည်း သိပ်စဉ်းစားရ ခက်နေမယ့်တူတူ ယုန်လေး ခေါ်သလို လိုက်ခေါ်မယ် ဆိုပြီး ဆုံးဖြတ်ရင်းက ညို လို့ ခေါ်ဖြစ်ခဲ့တယ်။

ညိုက ကျနော့်ရဲ့ အချစ်ဦး ဖြစ်ရုံမကဘူး၊ ရှင်လောင်း ဒါယိကာမ ပါ ဖြစ်ခဲ့တာဗျ။ ညိုနဲ့ မတွေ့ခင်ကအထိ ကျနော်က လက်သမား လုံးလုံးလေ။ ရည်းစားလည်း မထားဖြစ်။ ဘော်ဒါတွေ မြှောက်ပေးပေမယ့် ရောဂါကြောက်လို့ ဝယ်လည်း မစားရဲဘူး။ အပြာကားတွေ ကြည့်၊ အပြာဇာတ်လမ်း စာတွေဖတ်၊ မျက်စိ ပြာလာရင် ဂွေ ထိုင်လှိမ့်နဲ့ပဲ ကျနော့် ချာတိတ် လူလားမြောက်ခဲ့တာ။ ခုတော့ ညို့ ပညာခန်းတွေကြောင့် ကျနော်လည်း ဆရာတစ်ဆူ ဖြစ်ခဲ့ပြီလေ။ ကျနော်တို့ တွေ့ကြတိုင်း ညိုက အရင်ဆုံး ပလွေ မှုတ်တယ်။ အဲ့လိုမှ မဟုတ်ရင် ကျနော် ချာတိတ်ကို ဂူအောင်းခွင့် မပေးဘူးလေ။ ခုလည်း သူ့ ပလွေသံ သီချင်းတစ်ပုဒ် မဆုံးခင် ကျနော် ကီး ပြောင်းလိုက်လို့ ထ သာ လာရတယ် မျက်စောင်း တခဲခဲနဲ့။

ကုတင် ခေါင်းရင်းဘောင်မှာ ခေါင်းအုံးတစ်လုံး ခုပြီး မှီ ထိုင်နေတဲ့ ကျနော့် ပေါင်ပေါ် အသာ ခွထိုင် လိုက်တယ်။ ညိုက ဘယ်တော့မှ ပက်လက် အလုပ်မခံဘူးဗျ။ မြင်းစီးရင် စီး၊ ဒေါ့ကီ ဆွဲချင်ဆွဲ၊ ဒါမှ မဟုတ် ခုလို နှစ်ယောက်သား မျက်နှာချင်းဆိုင် ခွ ထိုင်လျက်ပေါ့။ ကျနော့် ချာတိတ်ကို ကုတ်ဆွဲပြီး ဂူ၀ တေ့ ပေးတယ်။ သူက ခါးလေး အသာ ကော့ပြီး ဖြည်းဖြည်းချင်း ဖိ အချ၊ ကျနော်က ဆန့်ထားတဲ့ ခြေနှစ်ချောင်းကို အသာ ကွေး၊ ဖနောင့် အားစိုက်ပြီး ချာတိတ်ကို ပင့်တင်ပေးလိုက်တယ်။ ဖျဉ်း ကနဲ နွေး ပြီး စီးစီးပိုင်ပိုင်နဲ့ ဟန်ချက်ညီတဲ့ လှုပ်ရှားမှုပေါ့ဗျာ။ သူရော ကျနော်ပါ ဒီ ဖီလင်ကို အရမ်း ကြိုက်လို့ စည်းဝါး ကိုက်အောင် သေချာ ကျင့်ထားတာ။ ဂူထိပ် နံရံနဲ့ ကျနော့် ချာတိတ်ခေါင်း ထုတ် ကနဲ တိုက်မိသွားတဲ့ အချိန်မှာ သူ့ နှုတ်ခမ်းတွေကို ကျနော် ငုံ လိုက်တယ်။ ဆယ် စက္ကန့်လောက် ကြာတဲ့ထိ ကျနော်တို့ နှစ်ယောက် ကိုယ်လုံးတွေ မလှုပ်ဘဲ လျှာဖျားချင်း စိန်ပြေးတမ်း ကစားကြတယ်။ ဖမ်းမိတဲ့သူက အနိုင်။ အောက်ပိုင်းကို စိတ်ကြိုက် ဆက်ကစားခွင့် ရပြီလေ။

အပြေးကောင်းတဲ့ ကျနော့် လျှာကို သူ မမိတာများပါတယ်။ ဒါပေမယ့် ဒီနေ့ အဘို့တော့ ကျနော် ရှုံးသွားတယ်ဗျ။ ကျနော့် လျှာကို ဆွဲ စုပ်ထားပြီး ခါးကို မွှေ့တော့ပဲ။ စက်ဝိုင်း တစ်ပတ်ပြည့်တိုင်း ဆီးခုံလေး ကော့ပြီး အင့် ကနဲ နင့် ကနဲ နေအောင် ကလော်တင်၊ ကျနော့်ကောင်ကို ပညာ ပြတော့တာ။ ကျနော့် ချာတိတ်ရဲ့ ကိုယ်လုံး ပတ်လည်က သွေးကြောတွေ အိစက် ညက်ညောနေတဲ့ လှိုဏ်ဂူ နံရံကြောင့် မီး ပွင့် ကုန်တယ်။ ကျနော့် ညိုက ပညာရှင်ပီပီ တစ်ချက်တစ်ချက် ကော့သွင်းလိုက်တိုင်း အားပါ လွန်းလို့ သူရော ကျနော်ရော အသက်ရှုသံတွေ ဇောက်ထိုးမိုးမျှော်ပေါ့။ ကျနော့် ဆံပင်တွေကို ဆောင့်ဆွဲ ထားတာလည်း ဦးရေပြား အုံလိုက် ကျွတ်ထွက်မတတ်ပဲ။ တကယ်ဗျ။ ကျနော့် မမ ညိုက ပုံမှန် အချိန်တွေမှာ နူးညံ့ သိမ်မွေ့သလောက် ကာမ နပန်း သတ်ပြီ ဆိုရင်တော့ ကျားရိုင်း တစ်ကောင်လို ကြမ်းတမ်းတယ်။ ခုလည်း အနိုင်ရသူ ပီပီ စိတ်ကြိုက် ကြမ်းသမျှ ကျနော် အမှီလိုက်နေရတယ်လေ။ သူ ခရီး ဆုံးခါနီးတော့ ဆွဲစုပ်ထားတဲ့ ကျနော့်လျှာကို လွှတ်ပြီး ခေါင်းလေး မော့ အံကျိတ်ပြီး အားယူတယ်။ အဲ့လို အချိန်တွေမှာ ဝမ်းခေါင်းထဲကနေ ညှစ်ထွက်လာတဲ့ အသံ တအစ်အစ်လေးနဲ့ ပုံမှန်ထက် ရှေ့ကို စူ ထွက်ပြီး မပွင့်တပွင့် ဟ နေတဲ့ သူ့နှုတ်ခမ်း၊ ဒီနှစ်ခုက ကျနော့်အတွက် အကောင်းဆုံး နောက်ခံတေးနဲ့ အလှဆုံး ပန်းချီကား တစ်ချပ်ပဲ။

ကျနော်လည်း သူ့မျက်နှာပေါ် ကဗျာ စပ်ရင်း လက်ကတော့ ဝင်းဝါနေတဲ့ နို့အုံ နှစ်ခုကို ရဲတွတ်လာအောင် အရောင် ပြောင်းပေးနေမိတယ်။ ကျနော့် ချာတိတ်ကိုလည်း အချစ်နတ်သမီးရဲ့ ကကျိုးနဲ့ နရီ ကိုက်အောင် ပံ့ပိုးရင်းပေါ့ဗျာ။ အောက်ပိုင်းက ပစ္စည်း နှစ်ခုရဲ့ အနေအထားက သားစားကျူးတဲ့ ပန်းပွင့်လေး၊ မြွေတစ်ကောင်ကို အငမ်းမရ မြိုချနေသလိုပဲ။ မြိုချ ခံနေရတဲ့ မြွေကလည်း ပန်းပွင့်ရဲ့ အတွင်းပိုင်းက ဝတ်ရည်အိတ်ကို အတင်း ထိုးနှိုက်ပြီး ချစ်ဝတ်ရည်တွေ ချူထုတ်နေလေရဲ့။ ဒီလိုနဲ့ပဲ ရမ္မက်ရဲ့ တမ်ပိုတွေ ပြင်းထန် လာခဲ့တယ်။ လူသားနှစ်ဦးရဲ့ အသက်ရှုသံနဲ့ လိင်အင်္ဂါ နှစ်ခုရဲ့ ပွတ်တိုက် ထိုးမွှေသံ၊ ဘယ်ဟာက ပိုကျယ်လဲ မှန်းမရနိုင်ခင်မှာပဲ သူရော ကျနော်ပါ အကြော ဆွဲသလို တဆတ်ဆတ် တွန့်လိမ်ပြီး ကကျိုး နိဂုံး ချုပ်ခဲ့တယ်။ တာထွက်မှာ ကတည်းက ညီခဲ့တဲ့ ကျနော်တို့ နှစ်ယောက်ရဲ့ ကကွက်ခြေလှမ်းတွေ ပန်းဝင်တော့လည်း တပြိုင်တည်းပါပဲ။

.......................................................................................

အခန်း ( ၄ )

“ ညို.. ဘာ ပြောလိုက်တာလဲ.. ကျနော် မရှင်းဘူး..”

“ ………..”

“ ဟမ် လို့ ညို.. လက်ထပ်တော့မယ် ဟုတ်လား.. ဘယ်လိုကြီးလဲ ညို.. ဘာလို့ ခင်ဗျား လက်ထပ်မယ့်သူက ကျနော် မဟုတ်တဲ့ တစ်ခြားတစ်ယောက် ဖြစ်နေရတာလဲ..”

“ ညို့ကို နားလည်ပေးပါ မောင်..”

“ …………”

“ အားလုံးအတွက် အကောင်းဆုံးလမ်းကို ညို ရွေးတာပါ..”

“ ဘာလို့ အဲ့လို ပြောနိုင်ရတာလဲ..”

“ …………”

“ ကျနော်နဲ့ လမ်းခွဲဘို့က ခင်ဗျားအတွက် အကောင်းဆုံးလမ်းလား ညို.. ဟုတ်လား..”

“ ညို့ အနေအထားကို မောင့် မေမေ လက်ခံနိုင်လိမ့်မယ် ထင်လား..”

“ ကျွတ်..”

“ ညိုလည်း မိခင်တစ်ယောက်ပါ မောင်ရယ်.. ကိုယ့်သား လူပျိုလေးကို အသက် ဆယ်နှစ်မက ကြီးတဲ့ မုဆိုးမတစ်ယောက်နဲ့ သဘောတူဘို့ ဆိုတာ..”

“ အဲ့ဒါ အရေးကြီးလားဗျာ.. ကျနော်တို့ နှစ်ယောက်ကြားမှာ ဒါ အရေးကြီးတဲ့ကိစ္စလား..”

“ အတွေး မလွယ်ချင်စမ်းပါနဲ့ မောင်ရယ်.. ညိုတို့နှစ်ယောက် ဘယ်လိုမှ ပေါင်းစပ်ဘို့ မလွယ်မှန်း ညို ခုမှ သိခဲ့တာ မဟုတ်ဘူး.. ခုမှ  ဆုံးဖြတ်ခဲ့တဲ့ ကိစ္စလည်း မဟုတ်ပါဘူး..”

“ ဘာ.. ဒါဆို ခင်ဗျား ကျနော့်ကို ချစ်ပါတယ် ဆိုတာကရော.. ဒီ အခြေနေထိ ရောက်ခဲ့တာကရော.. ဟားးး.. ဘာလဲဗျာ.. ညို.. ခင်ဗျား.. ဟူးးး..”

“ ဟုတ်တယ်မောင်.. ညိုက အဲ့လို မိန်းမမျိုးပဲ.. ဒီတော့ ကြိုးစားပါ.. ညို့ကို မမုန်းနိုင်ရင်တောင် မေ့နိုင်ရမယ်.. မေ့နိုင်အောင် ကြိုးစားပါ..”

ကမ္ဘာကြီးပဲ ချာချာ လည်သွားသလား။ ကျနော့် ခေါင်းကပဲ သွက်သွက် ခါသွားသလား မသိဘူးဗျာ။ နှစ်နှစ်ကျော် သုံးနှစ် နီးပါး ချစ်ခဲ့ကြပြီးမှ၊ အသွေးအသားတွေ၊ ချိုမြိန်ကြည်နူးခြင်းတွေ တစ်ထပ်တည်း ကျခဲ့ကြပြီးမှ ကျနော် သူ့ကို မေ့လိုက်ရမယ်တဲ့။ သူ့အလုပ်ရှင် သူဌေးနဲ့ လက်ထပ်မယ်တဲ့ဗျာ။ ရင်နာတယ် ဆိုတဲ့ ခံစားချက် ဘာဆိုတာ ကျနော် ကောင်းကောင်း သိသွားခဲ့တယ်။ ယောင်္ကျားကြီးတန်မဲ့ မျက်ရည်တွေ ကျခဲ့ရတယ်။ ရူးမတတ် ခံစားရတယ် ဆိုတာ ဒါများလား။ နှလုံးသားတစ်ခုလုံး အရက်အိုးထဲ နှစ်ထားမိတဲ့အထိ ကျနော် ရူးသွပ် သွားခဲ့တယ်။ အသည်းမာတဲ့ မမညိုကတော့ တကယ်ပဲ သူဌေး ဆိုသူနဲ့ လက်ထပ် သွားခဲ့တယ်လေ။ မှတ်မှတ်ရရ အဲ့ဒီနေ့က မိုးတွေ သည်းကြီးမဲကြီး ရွာခဲ့တယ်။

ကျနော် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီး တစ်ပတ်အကြာမှာ အမေ ဆုံးတယ်။ သံယောဇဉ် တွယ်စရာ ဘာမှ မကျန်တော့တဲ့ ကျနော့်ကို ဆရာတစ်ယောက်က သူ့ အလုပ်ထဲမှာ တစ်နေရာပေးခဲ့တယ်။ ကျနော့်ရင်ထဲက ဒဏ်ရာ မကျက်သေးဘူးလေ။ နေ့တစ်နေ့ရဲ့ စက္ကန့်များစွာကို အလုပ်ထဲ နှစ်ထားရင်း ဆရာ့ လူယုံ ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ ဆရာ့အိမ်ကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခွင့် ရခဲ့တယ်။ တစ်ရက် အလုပ်ကိစ္စနဲ့ ဆရာ့အိမ်ကို ကျနော် သွားဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က ရွာလိုက်တဲ့ မိုးတွေ ဆိုတာ ဆောက်လက်စ ဆိုဒ် တစ်ခုလုံး အနားပေးလိုက်ရတဲ့အထိပဲ။ ကျနော်လည်း အချိနိ မဖြုန်းချင်တာနဲ့ နောက်ထပ် ဆောက်မယ့် အဆောက်ဦးတွက် ဒီဇိုင်းပုံကြမ်းတွေ ဆရာ့အိမ်မှာ သွားယူမယ် ဆိုပြီး ထွက်လာခဲ့တာ။ ဆိုဒ်နဲ့ အိမ်က သုံးမှတ်တိုင်စာလောက် ဆိုတော့ မိုးရေထဲ ဒီတိုင်းပဲ လမ်းလျှောက် လာခဲ့တယ်။ အဲ့နေ့က ကျနော့် ဘ၀ အတွက် အပြောင်းလဲ တစ်ခုကို ဖြစ်စေခဲ့တယ်လေ။ တစ်ဘဝလုံး အတွက် အရေးအကြီးဆုံး အပြောင်းအလဲပေါ့။ ဒီအပြောင်းအလဲအတွက် ကျနော် နောင်တရပိုင်ခွင့် မရှိခဲ့ပေမယ့် အဲ့နေ့က မိုးတွေ ရွာနေခဲ့တာကိုတော့ ဘဝင် မကျမိတာ အမှန်ပဲ။

ကိုယ်တစ်ပိုင်း မိုးကာအကျီနဲ့ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ခပ်ငိုက်ငိုက် လျှောက်လာတဲ့ ကျနော်။ ဆရာ့ အိမ်ဘက် ရောက်ခါနီး နှစ်လမ်းကျော်လောက် အလိုမှာ နောက်ကနေ ဝုန်းကနဲ ဆောင့်တွန်းလိုက်လို့ လဲကျ သွားခဲ့တယ်။ ဒေါနဲ့မောနဲ့ ပြန်လှည့်ကြည့်တော့ အနားမှာ ခွေခွေလေး လဲနေတဲ့ ကောင်မလေး တစ်ယောက်။ ကျနော်နဲ့ အသက် တူတူလောက်တော့ ရှိမှာပါ။ မိုးရေတွေ ရွှဲစိုနေတဲ့ ဂါဝန်စ ပါးပါးက သူ့ကိုယ်ပေါ်မှာ ပေါင်တစ်ဝက်ထိ လန် တက်နေသေးတယ်။ စကိတ်ဖိနပ်က ဘီးတွေ လည်နေသေးတာ ကြည့်ရင် ဒီကောင်မလေး စီးလာတဲ့ အရှိန် မသေးတာအမှန်ပဲ။ ဒီရပ်ကွက်က သူဌေးရပ်ကွက်။ လမ်းတွေက ကွန်ကရစ် ခင်းထားတယ်။ ဘတ်စ်ကား ဘာညာလည်း အဝင်အထွက် မရှိတဲ့ နေရာဆိုတော့ လမ်းက အချိန်တိုင်းလိုလို ရှင်းနေတယ်လေ။ ဒီတော့ ရပ်ကွက်နေသူ ကလေး လူငယ် လူရွယ်တွေ စကိတ်စီးလေ့ ရှိကြတယ်။

“ Sorry.. Sorry.. အောင်မလေး နာလိုက်တာ.. ရှီးး..”

“ ………”

“ ဟေ့လူ.. ဒီမှာ လဲ နေတာ နည်းနည်း ကူပါဦးလား.. နေစိမ့်တယ်တော့် တကယ်ပဲ..”

မတ်တပ် ထ ရပ်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားမလို့ ပြင်လိုက်တဲ့ ကျနော့်ကို လှမ်းအော်လိုက်တယ်။ ကျနော်လည်း မကောင်းပါဘူးလေ ဆိုပြီး ထူပေးဘို့ ပြန်လှည့်လိုက်ရတယ်။ ကျေးဇူးရှင်က လန်နေတဲ့ ဂါဝန်စကို ဆွဲမဖုံးတဲ့အပြင် ပြဲသွားတဲ့ သူ့ဒူးတစ်ဘက်ကို ထောင်ပြီး တအီးအီး ညည်းနေသေး။ ချိုင်းကနေ ဆွဲမပေးဘို့ ခါးကုန်းလိုက်တဲ့ ကျနော်၊ မထိတထိ မြင်နေရတဲ့ ပေါင်တွင်းသားလေးက လျှပ်စီးရောင်နဲ့ အပြိုင် လင်းကနဲ။ တတ်နိုင်သလောက် မျက်နှာလွှဲပြီး ဆွဲထူပေးလိုက်တယ်။ ချော်လဲ ထားလို့ ခြေနာနေတဲ့အပြင် ဖိနပ်က ဘီးတွေနဲ့ ဆိုတော့ သူ ဘယ်လိုမှ မတ်မတ် မရပ်နိုင်ဘူးလေ။ ကျနော်ကလည်း ဆွဲထူပြီးတာနဲ့ လက်ကို လွှတ်အချ၊ ယိုင်သွားတဲ့ သူ့ကိုယ်လုံးက ခွေကနဲ ထပ်လဲမယ်ကြံတော့ မှီရာဆွဲပြီး ထိန်းလိုက်တာ ရင်ခွင်ထဲ ပွေ့လျက်သား ဖြစ်သွားပါလေရော။

စူးလက် တောက်ပနေတဲ့ မျက်ဝန်းတစ်စုံနဲ့ လှတယ် ဆိုတာထက် ညှို့ဓာတ် ပါနေတဲ့ မျက်နှာ။ ကျနော့်ကို မော့်ကြည့်နေတဲ့ သူမျက်နှာပေါ်က မိုးရေတွေက ကျနော့် ရင်ကို ပိုပြီး ခြောက်သွေ့သွားသလိုပဲ။ မိုးရေတွေ ရွှဲနေတဲ့ မျက်နှာ လှလှလေး တစ်ခုကို ပြန်မြင်သွားမိလို့လေ။ ဟုတ်တယ်။ ညို့မျက်နှာက လှတယ်၊ ယဉ်တယ်၊ ငြိမ်သက်တယ်။ အခု ကျနော့်ရင်ခွင်ထဲက မိန်းကလေးရဲ့ မျက်နှာပေါ်မှာ မြင်နေရတဲ့ အရိပ်တွေက ညို နဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမယ့် သူတို့ နှစ်ယောက်မှာ တူနေတဲ့ အချက်က မျက်နှာပေါ်က မိုးရေတွေ။ တိုက်ဆိုင်မှု သက်သက် လို့ ကျနော် တွေးလိုက်ပေမယ့် နောက်ထပ် တစ်နှစ်လောက်မှာ ဒီမိန်းကလေးက ကျနော့် ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပြန်တယ်ဗျာ။

......................................................................................................................

အပိုင်း ( ၂ )

အခန်း ( ၁ )

၂၀၀၄ ခုနှစ်၊ ဇူလိုင် လ။

ကျမနံမည် မေသရဖီကျော်။ မြန်မာစာ အဓိကနဲ့ ဘွဲ့ရထားတယ်။ အလုပ်ကတော့ အိပ်တယ်၊ စားတယ်၊ ရှော့ပင်ထွက်တယ်၊ အပျင်းပြေ ရည်းစား ထားတယ်။ ကျမ အဖေက စက်မှုတက္ကသိုလ်ရဲ့ ဆရာတစ်ယောက် ဘဝကနေ အငြိမ်းစား ယူပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ တည်ထောင်ထားတဲ့သူ။ ကျမမှာ အမေ မရှိတော့ဘူး။ အဖေက နောက်အိမ်ထောင်နဲ့ သားလေး တစ်ယောက် ထပ်မွေးထားတယ်။ မောင်လေးကို သံယောဇဉ် ဖြစ်ချင်ချင်ရှိပေမယ့် မိထွေးနဲ့ မျက်နှာကြော သိပ်မတည့်တဲ့ကျမ၊ အဖေ့ မိသားစု အသစ်နဲ့ အတူ မနေဘူး။ အဖေ့ အမေ၊ ကျမ အဘွားကလည်း နောက်ချွေးမကို ကြည့်မရဘူးလေ။ ကျမတို့ မြေးအဘွား သီးသန့် နေကြတာ။ တစ်ခါတစ်လေ အဘွားက တရားရက်ရှည် ဝင်တတ်တယ်။ ခုလို မိုးရာသီ ဝါတွင်း သုံးလ အချိန်ပေါ့။ အဲ့လိုအခါ ကျရင်တော့ အဖေ့ အိမ်မှာ မနေချင်လည်း နေရတာပဲ။

ခုလည်း အဖေ့အိမ်ကို ကျမ ရောက်နေတာ သုံးရက် ရှိပြီ။ သူငယ်ချင်း အတော်များများက အလုပ်ကိုယ်စီနဲ့။ လောလောဆယ် တွဲနေတဲ့ ရည်းစားကလည်း ပြတ်သွားတ တစ်လကျော်ကျော် ဆိုတော့ ကျမမှာ အဖော် မရှိဘူး။ ဒီကြားထဲ မနေချင်တဲ့အိမ်မှာ လာနေ နေရတော့ တနေ့တနေ့ ပျင်းတာနဲ့ပဲ စကိတ်စီး လေ့ကျင့်မယ် ဆိုပြီး ထွက်လာခဲ့တာ။ လမ်းခုလတ် မိုးတွေ ရွာလာလို့ ပြန်ကွေ့တုန်း ခုလို ဖြစ်တာပဲ။ ကိုယ်တိုင်က မကျွမ်းကျင်ပါဘူးဆိုမှ ရှေ့ကနေ စလိုးမိုးရှင်းနဲ့ လျှောက်နေတဲ့ လူသား လေ။ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ခြေလှမ်းက တစ်လှမ်းချင်း။ ခပ်လှမ်းလှမ်းကနေ မြင်ရကတည်းက သူ့ပုံစံက ပဲ တစ်တင်းလောက်နဲ့။ အရပ် အမောင်းနဲ့ လမ်းလျှောက်ပုံက ကြည့်ကောင်းလွန်းတော့ ကျမလည်း ငေးမိတယ်။ ငေးမိတော့ တိုက်မိရော။ တိုက်မိတော့ နှစ်ယောက်လုံး လဲ ကျ။ ကျမကို ထူမပေးဘဲ လှည့်ထွက်မယ် လုပ်လို့ အော်ပလိုက်တယ်။ ဘယ့်နှယ် ဒီလောက် တာဝန်မဲ့တဲ့လူ ကြုံ မကြုံဘူးပေါင်။

ကျမ လှမ်းအော်တော့ ကိုပဲများက ကျမကို မထူချင့်ထူချင်နဲ့ ဆွဲထူတယ်။ စိတ်အိုက်နေတဲ့ သူ့ မျက်လုံးတွေက ကျမ ရင်ထဲကို ခံစားချက်တစ်မျိုး ပေးစွမ်းတယ်ရှင့်။ ကျမဘဝမှာ အဲ့လို မျက်လုံးမျိုး မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ အထူးသဖြင့်တော့ သူက ကျမ မျက်လုံး အကြည့်တွေကို လစ်လျူရှုနိုင်တဲ့ ပထမဆုံး ယောင်္ကျား ဖြစ်နေတယ်။ ထူပြီးတော့ လက်ကို ချက်ချင်း လွှတ်ချတယ်။ ကျမလည်း ရပ်နိုင်လျက်နဲ့ တမင် ခွေ လဲ ပြလိုက်တယ်။ မှတ်ကရော။ သူ ချက်ချင်း လှမ်း ဖမ်းပါရဲ့။ ကျမ မျက်နှာကိုလည်း ငုံ့ကြည့်ပါရဲ့။ ဒါပေမယ့် ကျမ ဖြစ်စေချင်သလို သူ ဓာတ်လိုက် မသွားဘူး။ ဟုတ်တယ်။ ကျမ ရဲ့ ညှို့မျက်ဝန်းတွေကို ယုံကြည်စွာ အသုံးချရင်း ယောင်္ကျား အတော်များများနဲ့ အပျင်းပြေ ချစ်တမ်း ကစားခဲ့ဖူးတယ်။ အားလုံးက ကျမ အကြည့်အောက်တင် ထွန့်ထွန့်လူးကုန်ကြတာချည့်ပဲ။ အမှန်ပြောရရင် ဒီလို လူတွေချည်း မြင်နေရတော့ ကျမ ပျင်းနေတာလေ။ ခုတော့ ကျမအတွက် ကစားဖော် ကောင်းကောင်း ရပြီလို့ တွေးမိတယ်။ ဘာသားနဲ့ ထု ထားသလဲ ကိုလူချော။ ရှင့်ရဲ့ မှုန်တေတေ မျက်လုံးတွေကို မီး ဝင်းဝင်း တောက်လာအောင် ကျမ လုပ်ကြည့်စမ်းချင်တယ်။ ရှင့်ကို စိတ်ဝင်စားလို့တော့ မထင်လိုက်လေနဲ့။ ကျမ အရည်ချင်း ကျမ သိချင်လို့ ကွဲ့။

“ မေ ဘယ်လိုမှ ဆက်မလျှောက်နိုင်ဘူးလေ.. ယူ့ အနေနဲ့ မိန်းကလေး တစ်ယောက်ကို ဒီလောက် လေးတောင် မကူညီချင်ဘူးလား..” ကျမ နံမည်ကို တကူးတက ထည့်သုံးပြီး ပြောလိုက်တယ်။ ကိုလူချောက ကျမ နောက်ထပ် ပစ်လွှတ်လိုက်တဲ့ သဒ္ဒါရုံ မြှားချက်ကိုလည်း မမှုသေးဘူးရှင့်။ ကျမကို ခပ်တည်တည် ပြန်ပြောပုံက “ကျုပ်က မင်းကို ဘယ်လို ကူညီရမှာတုန်း၊ မင်းကြောင့် ကျုပ်ပါ လဲရတာလေ..” တဲ့။ ဖြစ်မှ ဖြစ်ရလေ။ ကျမလို မိန်းမလှလေးကြောင့် ချော်လဲရတာများ သူက နာရသေး။ ကျမလည်း နှုတ်ခမ်းလေး စူ၊ မူမူလေး လုပ်ပြီး “မတော်လို့ပေါ့.. မေ လည်း လဲ တာပဲလေ.. ယူက မေ တမင် အနာခံပြီး တိုက်တယ် ထင်လို့လား.. ရပါတယ်.. အာ့ဆိုလည်း ဟိုရှေ့က အုတ်ခုံလေးဆီတော့ တွဲပို့ခဲ့ပါ.. အနာသက်သာမှပဲ ကိုယ့်ဘာသာ လျှောက်ကြည့်တော့မယ်.. ဖြစ်တယ်မှတ်လား အဲ့လောက်တော့.. ဟင်..”။ ရွှေကိုယ်တော်က ကျွတ်ကနဲ စုတ်သပ်ပြီး ခေါင်းကို ရမ်းတယ်။

“ မိုး ဒီလောက် သည်းနေတာ.. လမ်းဘေး ထိုင်နေမလို့လား ဒီပုံစံနဲ့..”

“ အွန်.. မထိုင်လို့ မတ်မတ်မှ မရပ်နိုင်ပဲ.. ကူညီမယ့်သူ တစ်ယောက်ယောက် တွေ့ကောင်း တွေ့နိုင်ပါတယ်..”

“ ဘယ်ထိ ပြန်ရမှာလဲ အိမ်က..”

“ ဒီလမ်းထဲတင်ပါ.. အမှတ် (…..) ..”

“ ……….”

“ ကျွတ် ကျွတ်.. လုပ်ပါရှင်.. မေ ထိုင်ပါရစေတော့.. နာ လာ လို့ပါ..”

“ ဒီတိုင်း တွဲလျှောက်ရင် အဆင် ပြေနိုင်လား.. အိမ်က ဝေးမှ မဝေးတော့ဘဲ..”

“ ခုန ကတည်းက အာ့လို ပြောသင့်တာ..”

“ ဒီဖိနပ်ကြီးတော့ ချွတ်ဦးလေ.. ဘီးတွေနဲ့ ဘယ်လို လျှောက်မလဲ..”

“ အင်းပါ.. သိပါတယ်..”

....................................................................................................................

ဒီလိုနဲ့ ကျမ အိမ် ခြံရှေ့ရောက်တယ်။ တံခါး လာဖွင့်ဘို့ ဘဲလ် တီးပြီး လူ လှမ်းခေါ်လိုက်တယ်။ သူ့ကို အိမ်ထဲဝင်ထိုင်အောင် ဖိတ်ခေါ်ဘို့ စကားလုံး ရွေးနေတုန်း ကျမ မောင်လေး တံခါး လာဖွင့်တယ်။ မောင်လေးက ကျမကို တစ်ချက် သူ့ကို တစ်ချက် ကြည့်ပြီး အံ့သြ သလို ပုံစံနဲ့။

“ ဟင်.. ကိုနေ.. ပါပါ မရှိဘူး.. မမမေနဲ့က ဘယ်မှာ ဆုံလာတာလဲ..”

“ ဒီနားတင်ပါပဲ.. နောက်ဆောက်မယ့် တိုက်အတွက် sketch တွေ လာယူတာ ညီ.. ဆရာ့ဆီ ဖုန်းဆက်ထားတယ်.. ကိုယ် ခဏ စောင့်ရုံပဲ..”

“ အင်.. သားငယ်နဲ့ အသိတွေလား.. ဟုတ်သေးပါဘူး.. ပါပါနဲ့ပါ သိနေတာလား..”

“ ကိုနေက ကမ္ဘာကျော် construction group ရဲ့ တာဝန်ခံ အင်ဂျင်နီယာလေ မမ.. နံမည် အပြည့်စုံ ကိုနေသွေး.. ပါပါ့ တပည့်ရင်းပေါ့..”

“ အော ဟော်..”

ကျမ ရင်ထဲ အပျော်မြစ်လေး စီးဆင်းသွားလေရဲ့။ ကျမ အတွက် ပြင်းပြင်းရှရှ ရသကို ပေးနိုင်မယ့် ကိုလူချောက (ပါပါလို့ ကျမတို့မောင်နှမ ခေါ်လေ့ရှိတဲ့) ကျမအဖေရဲ့ တပည့် ဆိုပဲ။

.............................................................................

အခန်း ( ၂ )

“ ကိုနေသွေး ရဲ့ ဖုန်းလား ခင်ဗျာ..”

“ ဟုတ်ကဲ့ ကျနော် နေသွေးပါ..”

“ (…..) စားသောက်ဆိုင်ကပါ.. ဒီမှာ ကိုနေသွေးရဲ့ အသိ မိန်းကလေးတစ်ယောက် အတော်လေး မူးနေလို့ခင်ဗျ.. လာခေါ်ပေးဘို့ပါ..”

“ ဗျာ.. ဘယ်လို ဘယ်လို..”

ညကြီး အချိန်မတော် စားသောက်ဆိုင်မှာ မူးနေလို့ လာခေါ်ပေးပါတဲ့။ ကျနော့် အသိထဲမှာ ဒီလို မိန်းကလေး ရှိမှ မရှိဘဲ။ အမှန်တော့ ကျနော်လည်း အိမ်မှာ တစ်ယောက်တည်း သောက်နေတာဗျ။ အရက်ကြောင့် မမူးဘဲ ကြားလိုက်ရတဲ့ စကားကြောင့် မူးသွားတယ်။ သေသေချာချာ မေးတော့မှ ကျနော့်ကို လာခေါ်ခိုင်းတဲ့ မိန်းကလေး ဆိုတာ မေသရဖီကျော် ဖြစ်နေရော။ သူ နဲ့ ကျနော် စ တွေ့ပြီး နောက်ပိုင်း သူ့ အနေအထိုင်တွေ ရဲတင်းတာ ကျနော် သိခဲ့ရတယ်။ ခေတ်ဆန်ပြီး သွက်လက် လှပတဲ့ မိန်းကလေး တစ်ယောက်က ပေါ်တင်ကြီး ပေးနေတဲ့ အခွင့်အရေးဗျာ။ ကျနော်လည်း ဘာသားနဲ့ ထု ထားတာမို့လဲ။ ဒါပေမယ့် ဆရာ့သမီး ဆိုတဲ့ စည်းက ခံနေတော့ ကျနော့်ဘက်က အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ်။ ခုတော့ မဖြစ်မနေ ပတ်သက်ရဘို့ အကြောင်း ဖန်လာသလိုပဲ။

စားသောက်ဆိုင်ကို ရောက်သွားတော့ ထောင့်ကျကျ ဝိုင်းတစ်ဝိုင်းမှာ သူ နဲ့ ကောင်မလေး တစ်ယောက် ထိုင်နေတယ်။ ကျနော် ရောက်သွားတော့ အတူ ထိုင်နေတဲ့ကောင်မလေးက သူ့ကိုရော ကျနော့်ကိုပါ နှုတ်ဆက်ပြီး ထ ထွက်သွားတယ်။ ဆိုင်က ဝန်ထမ်း ကောင်မလေးတဲ့။ မိန်းကလေး တစ်ယောက်တည်း ထိုင် မူးနေလို့ ခေါ်တဲ့လူ မလာခင် အဖော် စောင့်ပေးနေတာ။ ဆိုင်က အရက် ဘီယာတွေ အစုံ ရတယ် ဆိုပေမယ့် အများအားဖြင့် မိသားစုတွေ လာကြပုံပဲ။ စည်းစနစ်ကောင်းတဲ့ နေရာ မို့လို့ပေါ့ဗျာ။ မဟုတ်ရင်တော့ တစ်ယောက်တည်း ဘီယာ သောက်ပြီး မှောက်နေတဲ့ မိန်းကလေး ဆက်တွေး နေစရာတောင် မလိုတော့ဘူး။ ကျနော်လည်း သူ့ကို ခေါ်ပြီး အိမ်ပြန်ပို့မယ် စီစဉ်တယ်။ ငှားလာတဲ့ ကားကို အိမ် လိပ်စာ ပြောနေတုန်း..

“ မေ အဲ့ အိမ် မပြန်ချင်ဘူး နေသွေး.. ညနေက မိထွေးနဲ့ စကားများပြီး ထွက်လာတာ..”

“ အင်.. အိမ် မပြန်လို့ ဘယ်သွားမယ် စိတ်ကူးတုန်း..”

“ ……..”

“ အဘွားအိမ် ပို့ပေးရမလား..”

“ အာ.. ဘွားမှ မရှိတာကြီး.. အိမ် ခိုင်းတဲ့ အဒေါ်ကြီးကလည်း အဘွား ရိပ်သာဝင်ရင် သူ့ရွာ ပြန်နေကျ.. မာလီ အဘကြီးကလည်း ခြံထောင့် တန်းလျားမှာ အိပ်တာ.. သူ့ကို အိမ်ပေါ် ခေါ်အိပ် လို့တော့ မပြောနဲ့နော်.. မပြန်ဘူး.. အိမ် အကျယ်ကြီးထဲ တစ်ယောက်တည်း မအိပ်ရဲဘူး ကြောက်တယ်..”

“ ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲဗျ.. ဆရာ့ဆီ ဖုန်းဆက်ပေးမယ် နေဦး..”

“ အာ.. ဟင့်အင်း.. အာ့က လုံး၀ မဖြစ်ဘူးလေ.. မိထွေးနဲ့ ပြဿနာတက်တာ ပါပါ သိရင် မေ့ အလွန် ဖြစ်ပြီပေါ့..”

“ ကျွတ်..”

“ ရတယ် နေသွေး.. ယူ မကူညီနိုင်လည်း ကိစ္စ မရှိဘူး.. မေ့ ဘာ မေ ကြည့်စီစဉ်မယ်..”

“ ဘယ်လို စီစဉ်မှာလဲ..”

“ ဟိုတယ် သွားအိပ်ရုံပေါ့..”

“ အာာာ..”

“ မအာနဲ့လေ.. မေ လုပ်နိုင်တာ ဒါပဲရှိတာ.. နောက်မနက်ကျ.. ပါပါ မေးခဲ့ရင် သူငယ်ချင်းအိမ် အိပ်တယ် ပြောလိုက်ယုံပဲ..”

“ အာ.. အဘွားအိမ်ပဲ ပြန်.. အဖော် စောင့်အိပ် ပေးမယ့်သူ ရှိရင် အိပ်ရဲမလား..”

“ ဘယ်သူက လာ စောင့်အိပ်ပေးမလဲ.. ဒီအချိန် မေ့ကို ဘယ်သူငယ်ချင်းမှ မကူညီနိုင်ဘူးနော်..”

“ ကျနော် စောင့်ပေးမယ် ဗျာ.. လာ ထ.. သွားမယ်..”

စိတ်ရင်းအမှန်က သူ့ကို တကယ် ကူညီဘို့ဗျ။ သူ့အဘွားအိမ် ဆိုတာကို အလှူလုပ်လို့ ဆရာနဲ့အတူ သွားရင်း တစ်ခါ ရောက်ဖူးတယ်။ ခြံဝန်းကျယ် အိမ်ကျယ်ကြီး။ အိပ်ခန်း အပိုတွေ ဘာတွေ မရှိဘဲ မနေဘူးလေ။ နောက်ဆုံး ဧည့်ခန်းထဲ စောင့်အိပ် ပေးလိုက်ရင်တောင် တစ်ညလောက်က ပြသနာမှ မဟုတ်ဘဲ။ ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် သူ့အဘွားအိမ် ရောက်သွားတယ်။ တိတ်ဆိတ်တဲ့ ညရယ်။ လူပို မရှိတဲ့ အိမ်ရယ်။ အရက်မူးနေတဲ့ သူရယ် ကျနော်ရယ်။ သိပ်လှပြီး အခွင့်အရေးပေးချင်နေတဲ့ မိန်းမ တစ်ယောက်နဲ့ နှစ်ယောက်တည်း ရှိတဲ့ ည မှာ စည်းစောင့်နိုင်တဲ့ ယောင်္ကျားနဲ့ ကျူးလွန် မိတဲ့ ယောင်္ကျား၊ ခင်ဗျားတို့ စိတ်ထဲ ဘယ်သူက ပုံမှန် စိတ်လို့ ထင်မလဲ။ ရူးတယ်ပဲ ပြောပြော၊ စောက်ကျင့် မကောင်းဘူးပဲ ဆိုဆို၊ အဲ့ဒီညက မေ နဲ့ ကျနော် တိမ်စိုင်တွေဆီ အလည် ရောက်သွားခဲ့တယ်။

..........................................................................................

အခန်း ( ၃ )

“ ယူ သိလား နေ.. မေ့ ဘ၀ ဘယ်လောက် အထီးကျန်နေတယ် ဆိုတာ.. ယူ သိနိုင်လား..”

“ အင်းပါ..”

“ ဘာ လဲ.. အင်းပါ က..”

“ ….”

“ ယူ့ကို မေ အကြောမတည့်တာ အဲ့ဒါပဲ.. ပြောလိုက်ရင် အေးတိအေးစက်နဲ့..”

“ အာ.. အသားလွတ်ကြီး.. ကဲပါ.. အကြောတည့်တာတွေ မတည့်တာတွေ နောက်မှပြော.. ခုတော့ ခင်ဗျား တော်သင့်ပြီ.. ဆိုင်မှာလည်း ကျွမ်းပြန်လာပြီးပြီ..”

“ ကျွတ်.. နားစမ်းပါ.. ဒီပုလင်းကို နှယ်နှယ်ရရမှတ်နေလား.. ဒါ မေ့ တတိယမြောက် ရည်းစားကိုယ်တိုင် ပေးခဲ့တဲ့လက်ဆောင်..”

“ အွန်..”

“ မအံ့သြနဲ့.. တကယ်.. သူက သူနဲ့ ပြတ်ရင် မေ အသဲ ကွဲမယ်ထင်လို့နေမှာပေါ့.. စိမ်စရာအရက်ပါ လက်ဆောင် တစ်ခါတည်းပေးတာ.. အဟက်ဟက်..”

“ ဟဟ.. ဖြစ်ရမယ်..”

“ ယူရော.. ကွဲ ဖူးလား..”

“ ဆိုပါတော့..”

“ ခုထိ ခံစားရတုန်း မှတ်လား..”

“ ဟဟ.. အရွှီး..”

“ မယ်.. ဝန်ခံလိုက်စမ်းပါ.. မေ မှန်းရင် လွဲခဲတယ်.. ထည့်ပေးအုန်း နဲနဲ..”

တိတ်ဆိတ်သွားတဲ့ အခန်းထဲမှာ မေ နဲ့ ကျနော်။ အိမ်ပြန်ရောက်တဲ့အထိ အရှိန်မပြေချင်သေးတဲ့ မေက အိပ်ခန်းထဲ တွဲ ဝင်ရတာတောင် ထပ်သောက်ချင်နေသေးတယ် တဲ့လေ။ ကျနော်လည်း အမူး ဓာတ်ခံ ရှိနေတာကတစ်ကြောင်း၊ အရက်မူးနေတဲ့ မိန်းမလှတစ်ယောက်ကို သဘောကျနေမိတာက တစ်ကြောင်းပေါ့ဗျာ။ တကယ်တော့ အရက် ဆိုတာ အကြောင်းပြချက်ပါပဲ။ ကြေးစား မဟုတ်တဲ့ မိန်းကလေး တစ်ယောက်ဆီက လိင်သာယာမှု တစ်ခုကို အလိုတူ ဖလှယ်ဘို့ဆိုတာ မြန်မာပြည်မှာ ရခဲတဲ့ အခွင့်အရေးပါ။

“ ….”

“ ခစ်ခစ်.. မူးတာက မေ နော်.. ယူ့လက်တွေ တုန်နေတယ်.. ခစ်ခစ်ခစ်..”

“ တကယ့် ကြွက်တွင်း ပဲ.. အံ့သြတယ်..”

“ ဘာ.. ကြွက် တွင်း လဲ.. ဟိဟိ.. ယူ နော်.. မေက အတွေးနက်တယ်.. စကားပြောရင် ရှင်းရှင်းပြော..”

“ ဟဟ.. မနိုင်ဘူး.. တကယ်..”

“ ခစ်ခစ်ခစ်.. အင့်.. ကူ သောက်..”

“ နိုးးး.. ခင်ဗျားဆီ မလာခင် သောက်ထားသေးတာ.. ကျနော်က လစ်မစ်နဲ့..”

“ ကျန်းမာရေးကြောင့်လား.. မဖြစ်နိုင်လိုက်တာ..”

“ အွန်း.. ကျန်းမာနေလွန်းလို့.. ဟာဟ.. ကဲပါ.. ဒီတစ်ခွက် ကုန်ရင် တော်တော့ အမိ..”

“ ကျန်တာ ယူ သောက်ပေး..”

“ ဇွတ်..”

“ မဇွတ်နဲ့လေ.. ဖွင့်တုန်းက ဖွင့်ပြီး ကုန်အောင် မသောက်ဘဲ ထားရမှာလား.. ဒါဆို ပုလင်းကို မလေးစားရာ ရောက်သွားပြီ..”

“ အမိ.. တကယ် မူးနေပြီပဲ..”

“ အာာာ.. လေရှည် ထာ.. Come on.. လုပ် စမ်းပါ ကွာ.. တစ်ရက်တစ်လေလေး လစ်မစ် ကျော်ရုံနဲ့ ယူ ဘာမှ ဖြစ်မသွားနိုင်ပါဘူး.. အင့်.. သောက်.. သောက် ဆို သောက်..”

“ အာ.. ဟေ့ ဟေ့.. ကျွတ်..”

“ အယ်.. ဆောရီး.. ဆော ရီး.. ခစ်ခစ်ခစ်.. ပြန် လုပ် လေ.. ယူလည်း ပြန်လောင်းချလိုက် မေ့ပေါ်.. ခစ်ခစ်ခစ်.. ဒီလို.. ဒီ လို..”

“ မေ..”

“ အွမ်း..”

သူ့လက်ထဲက ရှန်ပိန်ခွက်ကို ကျနော့်ပါးစပ်ထဲ အတင်းလောင်းထည့်ရင်း နှစ်ယောက်သား ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ကုန်တယ်။ ကျနော့် အကျီတွေ စိုကုန်တော့တစ်ခါ မကျေနပ်ရင် ပြန်လုပ် ဆိုပြီး သူ့ကိုယ်ပေါ်သူ ပြန်လောင်းချပြန်ရော။ နှစ်ယောက်လုံး ကိုယ်ပေါ်မှာ စိုရွှဲကုန်တဲ့ ရှန်ပိန်တွေက အဝတ်တွေ ချွတ်ပစ်ဘို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်သွားသလား။ တကယ်တမ်း အခြေအနေတစ်ခုဆီ တွန်းပို့လိုက်တာက ကျနော်တို့ နှစ်ယောက်ကြားက ဆာလောင်မှု ရမ္မက်ဇောတွေပါ။ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေဖြစ်ကြတဲ့ မျက်ဝန်းနှစ်ခုကြားမှာ ရမ္မက်ကလွဲပြီး ဘာမှ မပါဘူး။

“ kiss me နေ..”

“ …….”

“ kiss me..”

တုန်ရီနေတဲ့ မေ့ အသံလှိုင်းတွေက ကျနော့် မေးဖျားနားမှာ။ ဝိုင် နဲ့ နှုတ်ခမ်းနီ ရော နေတဲ့ အနံ့က ကျနော့် စိတ်တွေကို နှိုးဆွနေတယ်။ ဖြစ်သင့်ရဲ့လား ဆိုတာတွေ သတိတရား ဆိုတာတွေ ကျနော်တို့ နှစ်ယောက်လုံး မေ့ သွားကြတယ်။ မေ့ နှုတ်ခမ်းတွေကို ကျနော် နမ်းလိုက်မိတယ်။ တုန့်ပြန်အနမ်းတွေရဲ့ ပြင်းထန်နှုန်း အရ မေ့ စိတ်တွေ ဆာလောင်နေပြီမှန်း ကျနော် သိလိုက်တယ်။ နမ်းနေတာ ခဏ ရပ်ပြီး မေ ဝတ်ထားတဲ့ အကျီလေး ကို ခါးကနေ ဆွဲမ ချွတ်လိုက်တယ်။ ကျနော့်ကို ပြန်ကြည့်နေတဲ့ မေ့ မျက်ဝန်းတွေထဲမှာ ရဲရင့်မှု အပြည့်ပဲ။ နှုတ်ခမ်းလေးကိုတော့ ခပ်ဖွဖွ ကိုက်ထားတယ်။ ကျနော့် လက်တွေ ရပ်တန့်လို့ မရတော့ဘူး။ သူ့ကို ပြန် နမ်းလိုက်ရင်း ဘရာချိတ်ကို ဖြုတ်ချလိုက်တယ်။ ည မီးရောင်အောက်မှာ ဝင်းဝါ နေတဲ့ ရင်စိုင် နှစ်ခု။ ညို နဲ့ လမ်းခွဲပြီးနောက်ပိုင်း ကျနော် ပတ်သက်ခဲ့တာတွေက အရောင်းအဝယ် သဘောနဲ့ မိန်းကလေးတွေ။ ဘာကြောင့်မှန်း မသိပေမယ့် သူတို့တွေရဲ့ ရင်သားတွေကို ကျနော် မနမ်း ဖြစ်ခဲ့ဘူးဗျ။ ခုတော့ မေ့ ရင်စိုင် အိအိတွေကြားမှာ ကျနော် မျက်နှာကို နှစ် ထားလိုက်ချင်စိတ်တွေ ဖြစ်လာတယ်။ မေ့ ကို အိပ်ရာဆီ ချီခေါ် သွားလိုက်တယ်။ သူလည်း မငြင်းဘူးလေ။ ကျနော့် ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနဲ့ အလိုက်သင့် ပါလာတယ်။

ရမ္မက်ရဲ့ ဆန်းကြယ်မှုကို ခင်ဗျားတို့လည်း မသိဘဲမနေပါဘူး။ ကျနော့်ဘဝမှာ အချစ်ကြောင့် ဖြစ်လာတဲ့ ရမ္မက်ကို မြိန်ရည်ယှက်ရည် ကြုံခဲ့ပြီးပြီ။ အရောင်းအဝယ် သဘောနဲ့ ရယူခဲ့တဲ့ ရမ္မက်တွေလည်း မနည်းဘူး။ အခု မေ နဲ့ ကိစ္စကိုတော့ ဘယ်လို ခေါင်းစဉ် တပ်ရမလဲမသိဘူး။ သေချာတာတော့ ကျနော်တို့ နှစ်ယောက်လုံး ကြားမှာ အချစ် မရှိပေမယ့် အပြန်အလှန် အပေးအယူတွေရှိတယ်။ သာယာမှု အပြည့်အ၀ ရစေချင်တဲ့ စေတနာတွေ ရှိခဲ့တာတော့ အမှန်ပဲ။ အိပ်ရာပေါ် ပုံ့ပုံ့လေး ကျ နေတဲ့ မေ့ ပုံစံလေးက ကျနော့်ကို မူးယစ် ရီဝေသွားစေတယ်။ မေ့ ရင်သားတွေကို ကျနော် နမ်းလိုက်တယ်။ ခပ်ကြမ်းကြမ်း ဖိ ပြီး နမ်းပစ်လိုက်တာ။ မာဆတ်ဆတ်လေး ဖြစ်နေတဲ့ သီးလုံးလေးတွေက ကျနော့် ပါးနဲ့ ဝှေ့လိုက်တိုင်း ထောင် ထွက်လာနေသလိုပဲ။ တန်ဘိုးကြီး ရေမွှေးတစ်ခုကြောင့် သင်းသင်းလေး မွှေးနေတဲ့ ကိုယ်နံ့ကို ကျနော် ရနေတယ်။ ဒီအထဲမှာ ရမ္မက်ရည်တွေရဲ့ အီလည်လည် အနံ့လေး ပါ နေသလိုလည်း ခံစားရတယ်။ မေ လည်း ကျနော့်ကို လိုချင်နေရောပေါ့။

ဝတ်ထားတဲ့ တီရှပ်နဲ့ ဘောင်းဘီကို မြန်မြန် ဆွဲချွတ်လိုက်တယ်။ ကျနော့် ချာတိတ်က အတွင်းခံဘောင်းဘီ ရှေ့မှာ မြင်မကောင်းအောင် ဖုဖောင်းနေပြီ။ ကျနော် အချိန် မဆွဲတော့ဘူး။ အတွင်းခံပါ ချွတ်လိုက်ပြီးတဲ့ ကျနော့်ကို ကြည့်နေတဲ့ မေ့ မျက်လုံးတွေ။ ဝိုင်းစက်နေတဲ့ မေ့ မျက်လုံးစူးစူးတွေထဲမှာ ကျနော် မြင်နေရတာ ဆာလောင်မွတ်သိပ်မှု အပြည့်ပဲ။ သူ့ မျက်နှာကို သိပ် အကြာကြီး စိုက်ကြည့် မနေတော့ဘဲ ဝတ်ထားတဲ့ စကဒ် ကို ချွတ်ဘို့ ကျနော် ကြိုးစားတယ်။ အလိုက်တသိနဲ့ပဲ ခါးလေး ကော့ ပေးတယ်။ သားရေကြိုးနဲ့ စကဒ်လေးက ချွတ်ရတာ မခက်ဘူး။ အလိပ်လိုက် ပါ လာတဲ့ စကဒ်လေးကို ပစ်ချပြီး ပင်တီဆီ လက်လှမ်း လိုက်တယ်။ ဖောင်းမို့ နေတဲ့ ဆီးခုံလေး နဲ့ အောက်ဘက် အကွဲကြောင်းမှာ သိသိသာသာကြီး စို ကွက် နေတယ်။ ကျနော် ဘာ လုပ်လိုက်မိတယ် ထင် လဲ..

“ အိုးး.. နေ.. နေ ရယ်.. အင်း ဟင်း..” 

ညည်းသံလေး သဲ့သဲ့ နဲ့အတူ ပေါင်ကြားနှစ်ဘက် ကားပြီး တင်ပါး ကော့လိုက်တာ။ မေ့ ချာတိတ်မက ကျနော့် မျက်နှာနဲ့ ကပ် သွားတယ်။ မေ့ လက်တွေ ကျနော့် ခေါင်းပေါ် ရောက်လာတယ်။ ဆံပင်ကြားထဲ ထိုးဖွဝင်လာတဲ့ လက်ချောင်းတွေက အေးစက် ပြီး တုန်နေတယ်လေ။ ကျနော်လည်း သူ့ ပစ္စည်းလေးကို ပင်တီပေါ်ကနေပဲ စုပ် ပေးနေမိတယ်။ ဖောင်းအစ်နေတဲ့ နှုတ်ခမ်းသားလေး နှစ်ဘက်ကိုလည်း ခပ် ဖွဖွ ကိုက်ပေးမိတယ်။ အီလည်လည် ဝတ်ရည်တွေရဲ့ ရနံ့အောက်မှာ ကျနော် မိန်းမော နေမိတာ 

“ နေ ရယ်.. fuck me.. please..” 

ဆိုတဲ့ စကားကို သူ့ နှုတ်က ဖွင့်ပြောလာရတဲ့ အထိပဲ။ “အွန်းး..” ပင်တီကို ဆွဲချွတ်ပြီး ကုတင်ဘေးကို ပစ်ချလိုက်တယ်။ မေ တစ်ယောက် ထန် နေလိုက်တာ သူ့ ပေါင်ကြားမှာ ကျနော် နေရာ ယူနေတုန်း ညီမလေးကို ဖွဖွ ပွတ်ပေးနေတယ်လေ။ ကျနော် ထိုင်လိုက်တော့ အ၀ ကို သူ့လက်နဲ့ ဖြဲထားပေးတယ်။ အကာအကွယ် တစ်ခုခု ယူသင့်တယ်လို့ စိတ်က တွေးလိုက်မိပေမယ့် လက်ကတော့ ညီမောင်ကို ကိုင်ပြီး တေ့ မိပြီ။

စိုရွဲ နေတဲ့ တွင်းလေးက ချော ကျိကျိနဲ့ စီးစီးပိုင်ပိုင်လေး။ အလိုက်သင့် တိုးဝင်သွားတဲ့ ကျနော့်  ကောင်ကို တစ်ရစ်ချင်း မြိုချ နေတယ်။ ငြိမ့်ငြိမ့်လေး လှုပ်သွင်းနေတဲ့ ကျနော့် ချာတိတ်က လှိုဏ်ခေါင်း အတွင်းထဲမှာ နူးအိနေလိုက်တာ ဆီလူးထားတဲ့ ဝါဂွမ်းစိုင်နဲ့ ဆုပ်ကိုင် ရစ်ပတ် ခံထားရသလိုပဲ။ ကျနော့် ကောင် အဆုံးထိ ဝင်သွားတော့ မေ့ ခြေထောက် နှစ်ဘက်က ကျနော့် ခါးပေါ် လာ ချိတ် တယ်။ ကျနော်လည်း အသာ စိမ်ပြီး လှုပ်ပေးနေရင်းနဲ့ တစ်ဖြည်းဖြည်းချင်း ဆောင့် ပေးမိတယ်။ “fuck.. fuck me..” မေ့ အသံလေးက တိုးတိုးလေး။ ကျနော့် လက် နှစ်ဘက်ကို သူ့  ချိုင်းအောက် လျှိုလိုက်တယ်။ ရင်ချင်းက စေ့ နေအာင် ကပ် လို့။ ခပ်သွက်သွက် ထိုးသွင်းပေးနေရင်း အချက် နှစ်ဆယ်လောက် မှာ မေ့ ဆီက ဝမ်းခေါင်းသံလေး တအစ်အစ် ထွက်လာတယ်။ ကျနော့် ကျောကို လက်သည်းချွန်တွေနဲ့ စူး နေအောင် ကုတ်ထားရင်း.. 

“ နေ.. ကြမ်းကြမ်းလေး.. please.. ဆောင့် ပေး.. fuck နေရယ်.. fuck me..” 

မေ့ တောင်းဆိုသံလိုပဲ ကျနော့် တစ်ကိုယ်လုံး အကြောတွေလည်း တစ်နေရာတည်းကနေ ပေါက် ထွက်ဘို့ အသင့် ဖြစ်နေပြီ။

“ အင်းး.. ဟင်းး.. ဟင်းး..”

“ ကြိုက်တယ်.. fuck.. fuck me.. အိုး.. ရှီးး.. အားး.. နေ.. နေ ရယ်..”

..........................................................................................................................

အခန်း ( ၄ )

“ ကိုယ် ဝန်.. ဟုတ်လား မေ..”

“ ……….”

မေးလိုက်တဲ့ သူ့ လေသံတွေ တုန် နေတယ်။ ကျမ ခေါင်းငြိမ့်ပြလိုက်တော့ သူ ကျမကို စိုက်ကြည့်နေတယ်။ ကျမ ရင်တွေ အရမ်း ခုန်နေသလို သူ လည်း စိတ်တွေ လှုပ်ရှားနေမှာပဲ။ တကယ်တော့ ကျမ သူ့ကို ဒီအကြောင်း ပြောပြဘို့ စိတ်ကူး မရှိခဲ့ပါဘူး။ ကျမ ကိုယ်ဝန်က သူနဲ့လည်း မဆိုင်ဘူးလေ။ ရှင်တို့ မျက်စိ လည်ကုန်ပြီလား။ ဒီလိုပါ။ ကျမ မှာ အပျင်းပြေ ရည်းစားတွေ အပြင် ဘဝခြင်းထပ်ပြီး ချစ်ရတဲ့သူ တစ်ယောက် ရှိတယ်။ သူက နည်းနည်း နွမ်းပါးတယ်လေ။ ချမ်းသာ သလောက် ငွေဂုဏ် မက်တဲ့ ကျမ အဘွားက ဆင်းရဲတဲ့ သူ့ကို သဘော မတူဘူး။ ကျမတို့ ထွက်ပြေးကြတယ်။ အဘွားက သူ့ လူတွေ အင်အားနဲ့ ကျမတို့နောက် လိုက်လာပြီး ခွဲ ခဲ့တယ်။ အလုပ်အကိုင် အတည်တကျ ဖြစ်ရင် ပေးစားမယ် ဆိုတဲ့ ကတိနဲ့ပေါ့။ အဘွားရဲ့ စကားကြောင့် ကျမ ချစ်သူလည်း နယ်စပ်က မှောင်ခို စီးပွားရေးသမားတွေနဲ့ နောက်လိုက် လုပ်ပြီး ပိုက်ဆံရှာမယ် ဆိုပြီး ထွက်သွားတယ်။ သာမာန် ဘွဲ့လေး တစ်ခုနဲ့ အချိန်တိုအတွင်း စီးပွားဖြစ်အောင်လုပ်နိုင်ဘို့ ဆိုတာ မြန်မာပြည်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလေ။ ပါပါ့ အကူညီ ယူရင်တော့ နီးစပ်တာပေါ့။ ဒါပေမယ့် ကျမ ကြည့်မရတဲ့ မိထွေးဆီမှာ ကျေးဇူးစား မဖြစ်ချင်ဘူး။ သူ ကိုယ်တိုင်ကလည်း အဘွားရှေ့မှာ အရည်ချင်း ပြချင်တယ်။ ဒီလိုနဲ့ပဲ ကျမလည်း သူ သွားမယ့်လမ်းကို သဘောမတူချင်ပေမယ့် လွှတ်လိုက်ရတယ်။

ကျမ မှာ သူနဲ့ ရတဲ့ ကိုယ်ဝန် ကျန်ခဲ့မှန်း သူ ထွက်သွားပြီး နှစ်လ လောက်မှ သိတာ။ မှတ်မှတ်ရရ နေသွေးနဲ့ ဆုံတဲ့ မိုးညနေလေ။ အဲ့ဒီနေ့က စကိတ်စီးရင်း လဲ ခဲ့တော့ ည အိပ်တဲ့ထိ ခါးထဲက တဆစ်ဆစ်နဲ့။ သွေးဆင်းချင် သလိုလို ဖြစ်လာသေးတယ်။ ကျမလည်း ရာသီလာချင်လို့ ဖြစ်တယ် ထင်တာပေါ့နော်။ တညလုံး နေလို့ မကောင်းလို့ နောက်နေ့ ဆေးခန်းပြတော့မှာ ကျမ မှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတာ။ ကျမ ရင်ထဲ နေဆယ်စင်း တပြိုင်တည်း မွန်းတည့် သွားသလိုပဲ။ ဆရာဝန်ကတော့ တအံ့တသြ ပြောလေရဲ့။ သမီး ဗိုက်ထဲက ကလေး အရမ်း ကံကောင်းတယ်.. ကိုယ်ဝန် ပျက် မသွားဘူး တဲ့လေ။ သွေးပျက်သွားတဲ့ ကျမ အတွက်တော့ ရှေ့ဆက်ရမယ့် ခရီးက မှောင်မိုက် နေပြီ။ ကျမ ဘာ လုပ်ရမလဲ မသိတော့ဘူး။ ဆရာဝန်ပေးတဲ့ အားဆေးတွေ ယူလာပြီး ယောင်လည်လည်နဲ့ အိမ်ပြန်။ အိမ်ရောက်တော့မှ ဒီကလေးကို ကျမ မမွေးချင်ဘူး ဆိုပြီး ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ဆိုတဲ့ အတွေးကဝင်။ နောက်တစ်ခါ ဆရာဝန် ပြောလိုက်တဲ့ သမီးရဲ့ ကလေး ကံကောင်းတယ် ဆိုတဲ့စကားကို ပြန်ကြား။ ကျမ အာရုံတွေ ရှုပ်ထွေး နောက်ကျိနေခဲ့တယ်။

ပြောရမယ် ဆိုရင် ကျမက ပွင့်လင်းတဲ့ မိန်းမ၊ ရဲတင်းတဲ့ မိန်းမ၊ လိင်ကိစ္စနဲ့ ပတ်သက်ရင် ခေတ်မီတယ် ဆိုတာထက်ကို ပိုတဲ့ မိန်းမ ပါ။ ဒါပေမယ့် ကျမ ရင်ထဲမှာ မိခင်စိတ်တော့ ရှိနေတာ သေချာတယ်။ ဘေးလူ တစ်ယောက်တောင် ကံကောင်းတယ်လို့ သတ်မှတ်လိုက်တဲ့ ကျမ ရင်သွေးကို ကျမ လက်နဲ့ ပြန် သတ်ပစ်ဘို့ ဘယ်လိုမှ မရက်စက်နိုင်ခဲ့ဘူး။ ဒါဆို ဘာ လုပ်မလဲ။ ကျမ ဘာ ဆက်လုပ်ရမလဲ။ ဆိုးတာ တစ်ခုက ဒီသတင်းကို မောင် မသိသေးဘူး။ ထွက်သွားပြီးကတည်းက မဆက်သွယ်သေးလို့ ဘယ်ဆီ ရောက်ပြီး ဘာတွေ ဖြစ်နေမှန်း မသိ။ ကျမ စိတ်တွေ ရှုပ်ထွေး နေတော့ မိထွေးနဲ့လည်း နေ့ရှိသရွေ့ ပြသနာတက်။ တစ်ရက်တော့ ကျမလည်း စိတ်ပေါက်ပေါက်နဲ့ ဘီယာဆိုင် သွားပြီး အမူး သောက် ပစ်လိုက်တယ်။ နေသွေး လာ ကြိုတဲ့ ည။ ကျတို့ချင်း စည်းပေါက် သွားတဲ့ ည ပေါ့။ ဒီည နောက်ပိုင်း ကျမ မကြံကောင်း မစီရာ ကြံမိလိုက်တယ်။ ကျမ ဗိုက်ထဲက ကလေးကို နေသွေး ဆီ ခေါင်းလှည့် ပေးလိုက်ရမလားပေါ့။

နေသွေးက ရိုးတယ်၊ တည်ကြည်တယ်၊ အရည်အချင်းရှိတယ်၊ အေးဆေး ငြိမ်သက်တယ်။ ကျမတို့ချင်း ခုလို ဖြစ်သွားတယ် ဆိုတာလည်း တရားခံက ကျမ လေ။ တမင်လုပ်ယူတာတော့ လုံး၀ မဟုတ်ပေမယ့် ကျမ စ တဲ့ ဇာတ်လမ်းပဲ မဟုတ်လား။ ဒီ့ ရှေ့မှာ ကျမဘက်က မထိတထိ အပြုအမူတွေ သူ အခွင့်ရေး ယူခဲ့တာမှ မဟုတ်ဘဲ။ အဲ့ဒီညက မူးမူးရူးရူးနဲ့ နှစ်ယောက်တည်း ရှိနေလို့ သူ လည်း လွတ်ထွက်သွားတာ ကျမ သိတာပေါ့။ ကျမ သူ့ကို အပြစ် မမြင်ပါဘူး။ ဒီလို အခြေအနေမှာ ဆင်ခြင်နိုင်တဲ့ ယောင်္ကျား ဆိုရင်လည်း ပန်း သေ နေလို့ပဲ ဖြစ်မှာ။ နောက်ဆုံး တိုတို ပြောရရင် ကံကြမ္မာက ကျမ ဘက် အလိုလိုရောက်လာတယ်ပဲ ပြောရမှာပေါ့။ နေသွေးကို ခုတုံး လုပ်ဘို့ ကျမ မိုက်မဲစွာပဲ ကြံစည်လိုက်မိတော့တယ်။ ကျမ ရဲ့ လုပ်ရပ်အပေါ် မျက်နှာပူ မိပေမယ့် ကျမ နောင်တ မရမိဘူး။ ကလေး အတွက်ပါ။ ကျမ ဗိုက်ထဲက ကလေးလေးကို ကာကွယ်ဘို့ ကျမ တစ်ယောက်တည်း အင်အားနဲ့ ဖြစ်ကောင်း ဖြစ်မယ် ဆိုရင်တောင် သူလေး အသက်ရှင်နေသရွေ့ အနှိမ်ခံဘဝနဲ့ နေရမှာ။ ကျမ မျက်နှာကို စိုက်ကြည့်နေတဲ့ နေသွေးကို ကျမ ပြန်မော့ကြည့်နေမိတယ်။ ရင်ထဲကနေလည်း အထပ်ထပ် တောင်းပန်ရင်းပေါ့။

ကျမ ပြန်ဆပ်မှာပါ နေ ရယ်.. ဒီကျေးဇူးတွေကို ကျမ ပြန်ဆပ်ပါ့မယ်.. ခုလောလောဆယ်တော့ ကျမကို ယုတ်မာခွင့် ပေးပါ.. ကျမကို သနားပါနော်.. ကျမ ဗိုက်ထဲမှာ ကလေးလေး ရှိနေတယ်.. ရှင်နဲ့ ဘာမှ မဆိုင်ပေမယ့် အသက် တစ်ချောင်း ကယ်တယ်ပဲ သဘောထားပြီး ကျမ ရင်သွေးလေးကို.. မဟုတ်ဘူး.. ကျမတို့ သားအမိကို စောင့်ရှောက် ပေးပါ နေ ရယ်.. နော်..

“ ဆေးခန်း ပြ တာလား..”

“ ဟင့်အင်း.. ရက်ကျော် နေလို့ ဆီး စစ် ကြည့်တာ..”

“ ………”

“ ……….”

တိတ်ဆိတ်သွားတဲ့ ခဏက အရမ်းကြီး ကြာသလိုပဲ။ နေ က ကျမကို စိုက်ကြည့်နေတုန်း။ ကျမ သူ့မျက်နှာကို ဆက် မကြည့်ရဲတော့လို့ ခေါင်းငုံ့ ထားလိုက် မိတယ်။ ကျမ မှားသွားပြီလား။ ဟုတ်တယ်။ ကျမ မှားသွားပြီ ထင်တယ်နော်။ ရိုးသား အေးဆေးတဲ့ ယောင်္ကျား တစ်ယောက်ကို လှည်းကျိုးမှာ တံပိုး တပ်လိုက်မိသွားပြီ။ တစ်ခါလေး ယူမိတဲ့ အခွင့် အရေးကြောင့် သူ့ တစ်ဘဝလုံး လူစင်စစ်က နွား ဖြစ်အောင် ကျမ လုပ်မိပြီ။ ခေါင်းငုံ့ ရင်းက ကျမ နှာသီးဖျားတွေ ထူပူလာတယ်။ လက်ခုံပေါ် ပေါက်ကနဲ ကျလာတဲ့ ကျမ မျက်ရည် တွေ ပူ နေတယ်။ မျက်နှာတွေလည်း နောင်တ တရားကြောင့်ရော၊ အရှက် ကြောင့်ရော ရှိန်းရှိန်းထအောင် ပူ နေတယ်။

“ လက်ထပ်ကြစို့ မေ..”

“ ဟင်..”

“ ……”

“ ……”

“ လက်ထပ်ကြစို့ လို့ ပြောလိုက်တာလေ..”

“ နေ သွေး ရယ်.. မေ.. မေ လေ.. ဟင့်.. ဟင့်..”

“ …….”

ကျမ ငို ချလိုက်မိတယ်။ ဘာမှလည်း ထပ် မပြောတတ်တော့ဘူး။ ဘာမှလည်း မစဉ်းစားချင်တော့ပါဘူး။ နေ က ကျမကို ဖက် ထားတယ်။ သူ့ ရင်ခွင်က နွေး နေတယ်။ နှလုံးခုန်သံတွေ ကြားနေရပေမယ့် သူ့ နှလုံးခုန်သံတွေက စီးချက် မှား မနေဘူး။ သူ လုံး၀ မတုန်လှုပ်ဘူး။ ဆောက်တည်ရာမရ ဖြစ်နေခဲ့တာက ကျမပါ။ ကျမကိုယ်ကျမ ဝမ်းလည်း နည်းတယ်။ နာ လည်း နာကျည်းတယ်။ ကျမ အရမ်း ယုတ်မာတယ် မဟုတ်လား။ ကျမ ဆီက သူ ကျူးလွန်မိတဲ့ တစ်ညလေး အပေါ်မှာ အခွင့်အရေး ယူမိတာ။ ကျမ တကယ့် မိန်းမယုတ်ပါ။ ကျမကို မုန်းကြပါ။ ကိုယ့်ကိုယ်ကိုယ် မလုံ စိတ်နဲ့ ရင်ထဲကနေ ဗြောင်းဆန်အောင် အော် နေမိတယ်။

ကျမ ကို မုန်း ပါ နေရယ်.. ဒါပေမယ့် အခုတော့ မဟုတ်ဘူး.. တစ်နေ့ ကျရင် ပေါ့ နော်.. ကျမ ဝန်ခံမယ့် တစ်နေ့ ကျရင်ပေါ့.. အဲ့ဒီအချိန် ကျရင် နေ ကျမ ကို မုန်းပါ.. သတ်ချင်လည်း သတ်ပစ်ပါ.. ခုတော့ ကျမကို သနားပါ နေ ရယ်.. ဗိုက်ထဲက ကလေးကို ကာကွယ်ဘို့ လုပ်မိလုပ်ရာ လုပ်လိုက်တဲ့ အမေ တစ်ယောက်ကို သနားပါ.. သနားပါ နော်..

............................................................................................

အခန်း ( ၅ )

“ မေ တစ်ခုခု လုပ်ပေးရမလား ဟင်.. ယူ လိုချင် နေတယ် မဟုတ်လား နေ..”

အိပ်ရာထဲမှာ လှဲနေရင်း ကျမ ကို ဖက်ထားပြီး စာအုပ် ဖတ်နေတဲ့ သူ့ကို ကျမ မေးလိုက်တယ်။ အခုဆို ကျမတို့ လက်ထပ်တာ သုံးလ ပြည့်ပြီ။ ကျမ ဗိုက်ကတော့ ငါးလ ပေါ့။ ကျမ တို့ ကိစ္စကို ပါပါ့ ဆီ ဖွင့်ပြောတော့ ပါပါ ဆိုတာ မျက်နှာကြီးကို ဝင်းလို့ ထိန်လို့လေ။ မင်းကို ငါ သားမက်တော်ချင်နေတာ ကွ ဆိုပြီး ရှက်နေတဲ့ သူ့ ပုခုံးကို ပါပါ ဖက် လိုက်သေးတယ်။ နေသွေးက တကယ့် ယောင်္ကျားကောင်းပါ။ ပင်ကိုယ် စကားနည်းသူ ပီပီ အပို စကား သိပ်များများ မပြောပေမယ့် ကျမ အပေါ် အရမ်း တာဝန် ကျေ ရှာတယ်။ အဘွားလည်း သူ့ကို သဘောကျတယ်။ ကျမတို့ အတွက် လက်ဖွဲ့ဆိုပြီး အိမ်ကြီးရော အတွင်း ပစ္စည်းတွေပါ အမွေ ပေးတယ်လေ။ ပြီးတော့ တရားစခန်းမှာ ရာသက်ပန် ယောဂီ အဖြစ်နဲ့ နေတော့မယ်တဲ့။ အခု ဒီ အိမ်ကြီးမှာ နေ ရယ်၊ ကျမရယ်၊ အိမ်မှုကိစ္စတွေ အတွက် ပါပါ စီစဉ်ပေးထားတဲ့ ကြီးမေ တစ်ယောက်ရယ်၊ အဲ ကျမ ဗိုက်ထဲက ကလေးလေးရယ်ပေါ့။

လက်ထပ်ပြီးကတည်းက ကျမ နဲ့ နေ လင်မယားလို မနေဘူး။ အစကတော့ ကျမ စိတ်ထဲ ကိုယ့်ဘာကိုယ် မလုံတဲ့ အတွေးတွေ ဝင်ပြီး ဟိုတွေး ဒီတွေးပေါ့။ ကျမ အပေါ် သံသယ ရှိလို့ပဲ မဆက်ဆံတာလား ဆိုပြီး ထင်ခဲ့မိတယ်။ နကိုကတည်းကလည်း အချစ်ပါတဲ့ အိမ်ထောင်ရေးက မဟုတ်ပြန် ဆိုတော့။ ဒါပေမယ့် သူ ကျမအပေါ် နွေးထွေးတာတော့ အမှန်ပဲ။ ကိုယ်ဝန်ဆောင် လက်စွဲ ဆိုတဲ့ စာအုပ်တွေ၊ ကလေး စောင့်ရှောက်နည်းတွေ၊ ဗိုက်ဖုံး အကျီ လှလှလေးတွေ မကြာမကြာ ဝယ်လာတတ်တယ်။ အလုပ်က အပြန်တိုင်းလည်း ဘာစားချင်လဲ လှမ်းမေးပြီး ကျမ မှာသမျှ စားစရာတွေ မရရအောင် ဝယ်လာပေးတယ်။ တကယ် လုံခြုံ နွေးထွေးပြီး ပြည့်စုံတဲ့ ဘဝလေးပါ။ ဒါပေမယ့် ကျမ စိတ်ထဲမှာ စိုးထိတ် နေမိတယ်။ ကိုယ်က အပြစ်ရှိသူလေ။ သူ့အပေါ် ကျမ တကိုယ်ကောင်းဆန်ဆန်  ယုတ်မာထားတဲ့ ကိစ္စ ဘယ်နေ့များ အလိမ် ပေါ်သွားမလဲ ဆိုပြီး၊ သူ့မျက်နှာကို အရိပ်လို ကြည့် နေမိတဲ့ အထိပါပဲ။

တော်သေးတာ အိုဂျီရက်ချိန်း တစ်လမှ တစ်ကြိမ်ပဲ သွားရသေးတဲ့ ကျမ ဆေးခန်းချိန်တွေက သူ့ အလုပ်ချိန် ဖြစ်နေတယ်။ တကယ်တော့ ကျမ တမင်စီစဉ်တာပါ။ တခြားကိစ္စတွေ အသေးစိတ် ဂရုစိုက်ပေးနေတာပဲ ဆိုပြီး ဆေးခန်း အတူ လိုက်မပေးနိုင်တာကို ကျမဘက်က နားလည် ပေးထားသလိုလို လုပ်မိသေးတယ်။ အခုဆို ကျမ ကိုယ်ဝန်က ငါးလ။ သူ သိထားတာတော့ သုံးလ ပေါ့ နော်။ ကြားထဲက ကွာ နေတဲ့ နှစ်လ အတွက် ဘယ်လို ကြံစီ ရမလဲ ကျမ ဉာဏ်နီ ဉာဏ်နက် ထုတ်နေတာ နေ့တိုင်းပဲ။ အမှန်အတိုင်း ဝန်ခံရရင် တစ်နေ့ သူ့ဆီမှာ အမှန်ကို ဝန်ခံပါ့မယ် ဆိုတဲ့ စိတ်ကူးလည်း တဖြည်းဖြည်း ဝေးလာမိခဲ့ပါတယ်။ အရည်အချင်း ရှိပြီး အေးဆေး တည်ကြည်တဲ့ ယောင်္ကျား တစ်ယောက်ရဲ့ အရိပ်မှာ ကြင်စဦး ဘ၀ ရဲ့ သာယာမှုတွေကို ကျမ မက်မောနေမိပြီ။ ဒါတွေ ဆုံးရှုံး သွားရမှာကိုလည်း နှမြော နေမိတယ်။ တကယ်ပါ။ မေ ဆိုတဲ့ ကျမက သိပ်ကို တကိုယ်ကောင်းဆန်တဲ့ မိန်းမ ပါပဲ။

အခုလည်း သူ့ကို ကျမ မြူစွယ် နေမိပြန်ပြီ။ ဒါကတော့ တကယ့် စေတနာပါ။ ကျမ သူ့ကို ပြုစု ချင်တယ်။ ယောင်္ကျား တစ်ယောက်ကို တော်ရုံနဲ့ အထင်ကြီးခဲတဲ့ ကျမ၊ သူ့ကို သခင်လို သဘောထားပြီးတော့ကို ပြုစု ချင်တာပါ။ “ဟင် လို့ နေ.. မေ တစ်ခုခု လုပ်ပေးရမလား..” ကျမ မေးတော့ သူ ကျမ ကို ပြုံး ပြီး ကြည့်တယ်။ အိပ်ရာထဲမှာ ကျမ ခေါင်းလေးကို ဖက်ထားရင်းနဲ့ ကျမ ဆံပင်တွေ ထိုး ဖွ ပြီးလေ။ စကားနည်းတဲ့ သူမို့ပဲလား။ သူ့ အပြုံးတွေက အရမ်း နူးညံ့တယ်။ သူ အဲ့လို ပြုံးလိုက်တိုင်း ကျမ စိတ်ထဲ ငိုချင်သလိုလို၊ ဆွေးဆွေး မြေ့မြေ့ ဖြစ်သွားမိတာ ဘာကြောင့်လဲ မသိဘူး။

“ ဘာ လုပ် ပေးမလို့ လဲ.. ပြောကြည့်..”

“ တစ်ခုခုပေါ့.. ယူ ဘာ ခိုင်းခိုင်းလေ..”

“ ဟဟ..ထိုင်ထ လုပ်ခိုင်းရ ကောင်းမလား..”

“ ……….”

“ ဟေ့.. ဘာ ဖြစ်သွားတာတုန်း..”

“ ………”

“ ဟောဗျာ..”

“ ……..”

“ ငိုစရာလား မေ ရယ်.. စ မှန်း မသိဘူးလား..”

“ ……….”

“ ဟဟ.. ကောင်မလေး လင်ကို လာ ချွဲ နေတယ်..”

“ ဟင်..”

“ ဘာ ဟင် လဲ.. မဟုတ်လို့လား..”

ကျမ လေ.. ဝမ်းသာ လွန်းလို့ မျက်ရည်တွေ မထိန်းနိုင်တော့ဘူး။ ကျမ သူ့ ဆီက ဒီထက်ပိုပြီး ဘာမှ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ဒါ သေချာရဲ့လား ဆိုတာ ကျမကိုယ်ကျမ မသိတော့ဘူး။ 

“ ကိုယ်လည်း မလိုချင်ဘဲ နေမလား မေ ရဲ့..” 

ကျမ မျက်ရည်တွေ သုတ်ပေးရင်း သူ ပြော တယ်။ ကိုယ် တဲ့..။ လက်ထပ်ပြီးနောက် သူ့ကိုယ်သူ ပထမဆုံး ပြောင်းသုံးလိုက်တဲ့ နာမ်စားပဲ။ ကျမ ရင်တွေ ကြွေပြီးရင်း ကြွေ နေရပြီ။ သူ ဆက် ပြောတယ်။

“ ချာတိတ်က ထောင် နေတာ ည တိုင်း..”

“ ……….”

“ မေ့ ဆီက တစ်ဘက်သတ်ကြီး တော့လည်း မတောင်းရက်ဘူးလေ..”

“ ……….”

“ နှစ်ယောက် အတူ ခံစားဘို့ ကျတော့လည်း..”

“ ……….”

“ မေ လန့် နေမှာ စိုးတယ်..”

“ ……….”

“ စာတွေထဲ ဖတ်ဖူးတာတော့ ကလေး အတွက် မထိခိုက်ဘူး တဲ့ မေ ရဲ့.. ဟီး..”

“ ……….” 

ကျမ ဘာစကားမှ ပြန်မပြော နိုင်ပေမယ့် သူ့ ရင်ခွင်ထဲ ထပ် တိုး ဝင်မိတယ်။

“ စမ်း ကြည့် မလား..”

“ ……….”

သူ့ကို မော့ ကြည့်ရင်း ခေါင်း ငြိမ့် ပြလိုက်တယ်။ အမှန် ပြောရရင် ကျမ ပျော် သွားတယ်။ လင် ကို ကပ်ချွဲ နေတယ် ဆိုတဲ့ စကားလေး ရယ်။ သူ နဲ့ ဒုတိယအကြိမ် လိင်ဆက်ဆံ ရမှာ ရယ်။ ကိုယ်ဝန်ကို မထိခိုက်ဘူး ဆိုတာ ကျမ အသိဆုံးပေါ့ နေ ရယ်.. လို့လည်း စိတ်ထဲက ပြောမိတယ်။ ဟုတ်တယ်လေ။ ကျမ နဲ့ သူ ဖြစ်သွားတဲ့ ညက ကျမ ဗိုက်ထဲမှာ ကလေး ရှိနေနှင့်ပြီပဲဟာ။ ပျက် သွားမှဖြင့် ခုလို အခြေအနေတွေတောင် ဖြစ်လာမှာ မဟုတ်ဘူးပဲ။ စူ ပုံ့ပုံ့လေး ဖြစ်နေတဲ့ ကျမ ဗိုက်လေးကို သူ ဖွဖွ ပွတ် နေတယ်။ “ချာတိတ်ကို အရင် သိပ် ထားရမယ်..” ပြောရင်း ကျွတ် ကျွတ် ကျွတ် ကျွတ် လုပ်ပြီး ဗိုက်ကို ပွတ် ပေး နေတာ။ တကယ်ပါ ကျမ အရမ်း ကြည်နူးမိတယ်။ သူ့ ရှပ်အကျီ ကျယ်သီးတွေ ဖြုတ်ပြီး ရင်အုပ်ကျယ် ကြီးကို နမ်းမိတယ်။ နေ ရယ်.. ကျမ ယူ့ကို ချစ် များ ချစ်မိနေပြီလား မသိဘူး..။

ကိုယ်ဝန်ဆောင် ကိုတောင် မရှောင်ဘူးလို့များ ကျနော့် ကို အပြစ်ပြောကြမလား။ မေ နဲ့ လက်ထပ် ပြီးကတည်းက ကျနော့် ချာတိတ် အထီးကျန် နေခဲ့တာ။ မိန်းမ ရှိပြီပဲ။ ဝယ် မစားချင်ဘူးလေ။ မိန်းမ ကို တောင်း ရအောင်လည်း သူ့ ခမျာ မပေါ့မပါးနဲ့။ ကျနော် ချိုး နှိမ် နေရတဲ့ အရှိန်တွေကို မေ ကိုယ်တိုင် အစ ပျိုးပေးလာတော့ ပျော်သည် ပေါ့။ ဗိုက်ဖောင်းဖောင်းလေးကို ပွတ် ရင်း မေ့ ဆံပင်တွေကို နမ်း နေမိတယ်။ ဆီးခုံဆီ လက်ကို ရွှေ့လိုက်တော့ မေ့ ပစ္စည်းလေးက နူးညံ့ပြီး ဖောင်းကား နေလိုက်တာ ဗျာ။ အက်ကွဲကြောင်းလေးကို လက်ထိပ်နဲ့ ဆွ ပြီး ဖြည်းဖြည်းချင်း မွှေ ပေးမိတယ်။ စိုစို နွေးနွေး ပစ္စည်းလေးက အိစက် နေတာပဲ။ 

“ နောက်ကနေ လုပ်မယ် နော် မေ..” 

နားရွက်ဖျားလေးကို ငုံ ပြီး ပြောလိုက်တယ်။

“ ဟိုဘက် စောင်းလိုက်..” 

နောက်ကနေ သိုင်းဖက်ထားရင်း မေ့ ပေါင်လုံးလေး နှစ်ခုကြားကို ကျနော့် ခြေတစ်ဘက်နဲ့ ကန့်လန့် ခွ လိုက်တယ်။ ပြီးတော့ ညီတော်မောင်ကို သက်ဆိုင်ရာ နေရာဆီပို့ ပြီး အကွဲကြောင်းလေးထဲ အသာလေး ထိုးထည့်။ သွေးသားရဲ့ အပြောင်းအလဲ ကြောင့်ပဲလား။ စူဖြိုးအိစက်နေတဲ့ မေ့ ပစ္စည်းလေးက နူးညံ့လွန်းနေတာ ကျနော် သိလိုက်ရတယ်။ မေ နာ မသွားအောင်ရယ်၊ အထဲက ကလေး မထိခိုက်အောင်ရယ် သတိထားနေတဲ့ကြားကပဲ ကျနော့် စိတ်တွေ တစ်ချက်တစ်ချက် လွတ်ထွက်သွားတယ်။ မေ့ ဆီကနေလည်း ညည်းသံ သဲ့သဲ့လေး ကြားနေရတယ်။ ခပ်ဆဆ ဆောင့်သွင်းပေးရင်း လက်တွေကလည်း မေ့ ရင်သားတွေကို ဖွဖွ ပွတ်သပ်ပေးနေမိတယ်။ သဘာဝတရားက ချိုချို စို့မယ့် ကလေးအတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပေးထားပြီမို့ထင်ရဲ့။ တင်းရင်း နေတဲ့ ရင်သားတွေက ကိုင်လို့ညှစ်လို့ မ၀ နိုင်အောင်ပဲ။

“ ရ ရဲ့လား မေ..”

“ အင်းး ကျွတ်ကျွတ်.. ကောင်းတာ အရမ်းပဲ..”

“ အွန်းး.. ရှီးး.. ကိုယ်ရောပဲ..”

“ fuck.. fuck me..”

“ အင်းး..”

“ အိုးး.. ကျစ်ကျစ်.. နေ.. နေရယ်.. လုပ်ပါ..”

“ ……”

“ မေ.. ကျဉ် လာပြီ အထဲက..”

“ …….”

“ ညှစ်ချင်လာတယ် အရမ်းပဲ.. ဟူးး.. ကျစ်ကျစ်ကျစ်..”

“ …….”

ဗိုက်ပူ စူစူလေးကို ပွတ်လိုက်၊ ရင်စိုင်တွေဆီ ချေညှစ်လိုက်နဲ့ မေ့ကို ကျနော် ငြိမ့်ငြိမ့်လေး ချစ်ပေး နေလိုက်တယ်။ စုဗူးလေးကြောင့် နောက်ဘက်ကို ပို ကော့ နေတဲ့ မေ့ ခါးလေးက ကျနော့် အတွက် နေရာ ကျလွန်းနေလေရဲ့။ တင်ဆုံတွေကို အနောက်ဘက် ပစ်ပြီး ကော့ပေးထားသလို ဖြစ်နေတယ်လေ။ အိဖောင်းနေတဲ့ မေ့ ညီမလေးကလည်း ကြိတ်ထိုးလေး ညှောင့်ပေးနေတဲ့ ကျနော့်ချာတိတ်ကို အတင်း တွယ်ဖက်ထားတယ်။ မေ့ နဖူးမှာ ချွေးလေးတွေ စို့လာတယ်။ တအင်းအင်း ညည်းသံလေးတွေ စိပ် လာတယ်။

“ အိုးဟိုး.. နေ.. fuck.. fuck..”

မေ့စကားသံ အဆုံးမှာ ကျနော် ပန်းထုတ်လိုက်တဲ့ အရည်တွေ တစ်ချက်ပြီးတစ်ချက်ပဲ။ အောင်းထားရလို့ပဲလား ဒါမှမဟုတ် မေ့ ကိုယ်ထဲမှာလည်း ကျနော့်လို အရည်တွေ အိုင် နေသလား။ နှစ်ယောက်သား အမော ဖြေနေတုန်းမှာ မေ့ ပေါင်ကြားကနေ စီးကျလာတဲ့ အရည်တွေ မနည်းမနောပဲ။ မေ့ကို နောက်က ဖက်ထားရင်းပဲ အနမ်းတွေ ပေးနေမိတယ်။ ကျနော့် ချာတိတ်ကတော့ အထဲမှာ စိမ် ထားတုန်း။ မေ့ ကိုယ်လေးက ကတုန်ကရီလေး ဖြစ်နေတယ်။ လက်မောင်း ဖြူဖြူလေးမှာ ကြက်သီးဖု လေးတွေ ထ လို့။ ညီမလေးကတော့ စိမ် ထားတဲ့ ကျနော့်ကောင်ကို ဆက် ညှစ် ပေးနေသေးတယ်။ ကျနော့် ရင်ခွင်ထဲမှာ မေ၊ မေ့ ညီမလေးထဲမှာ ကျနော့် ချာတိတ်။ သိပ်လှတဲ့ ည လေးပါပဲဗျာ။

လူ့စိတ် ဆိုတာလည်း အခက်သားလား။ ကောင်းမှန်းသိ အခါခါ ဆိုတာလိုပေါ့။ မေ နဲ့ ကျနော် စုဗူးလေး ပိုက်ပြီး ရက်ခြား တစ်ခါလောက်ကို နေဖြစ်ကြတယ်။ စုဗူးလေးနဲ့ မိန်းမကို ချစ်ရတာ သည်လောက် ကောင်းမှန်း ကျနော် သိလိုက်ရတယ်။ ဟိုးတုန်းက လူကြီးတွေ သားသမီး များကြတာ၊ ကလေးတွေ ဆက်တိုက် မွေးကြတာ ဒါကြောင့်များလား လို့တောင် တွေးမိတဲ့အထိပဲ။

...................................................................................................

အခန်း ( ၆ )

“ မေ..”

“ ဟင်..”

“ ………”

“ ………”

ဆေးခန်းက ပြန် အထွက်မှာ စူပါမာ့ကတ်ထဲ ခဏ ဝင်ပြီး ဈေးဝယ်နေတဲ့ ကျမ၊ ရှေ့တည့်တည့်မှာ ရပ် နေတဲ့ လူ တစ်ယောက်ကြောင့် မျက်လုံးတွေ ပြာ ေ၀ သွားခဲ့တယ်။ မောင်.. ကျမ သိပ်ချစ်ခဲ့ရတဲ့ မောင် ပါလား။ အရင်ထက် တော်တော်လေး ညိုသွားတဲ့ အသားအရေ နဲ့ ကျမကို စိုက်ကြည့်နေတဲ့ မောင့် မျက်လုံးတွေကလည်း မှိုင်း ညို့ လို့။ ကျမ နှုတ်ခမ်းတွေ သိသိသာသာကြီး ထူ ပူ လာတယ်။ တွန်းလက်စ လှည်းကလေးရဲ့ လက်ကိုင်ကို ကျစ် နေအောင် ဆုပ်ထားရင်း လူက ယိုင် ချင်လာတယ်။ ဘေး တစ်ဘက်တစ်ချက်စီက ပစ္စည်းတွေ တင်ထားတဲ့ စင်ကြီးနှစ်ဘက်က ကျမ ရှိရာဆီ ယိုင်လာ သလိုပဲ။ ခေါင်းတွေလည်း ချာချာလည်အောင် မူးနောက်လာတယ်။ ကျမ ဆက် ရပ်နေဘို့ ဘယ်လိုမှ မဖြစ်တော့ဘူး။ မျက်လုံးတွေ ခဏလေးမှိတ်ပြီး စိတ် လျှော့လိုက်တဲ့ အချိန်၊ တစ်ယောက်ယောက်ကို မှီလိုက်ရတယ် ဆိုတာကို သိပြီးနောက်မှာ ကျမ အာရုံတွေ မှောင်အတိ ကျ သွားခဲ့တယ်။

“ သတိရလာပြီလား မေ..”

“ …………”

“ နေသာရဲ့လား မေ လေး.. ဟင်..”

အကြင်နာ အပြည့်နဲ့ မောင့် စကားသံက ဟိုတုန်းကလို နွေးနေဆဲပါ။ ထူးခြားတဲ့ အားအင် တစ်ခုလည်း ပျော်ဝင်နေသေးတယ်။ ကျမ နှဖူးက ဆံပင်တွေကို ဖွဖွ သပ်တင်ပေးရင်း ကျမကို ပြုံး ပြီး ကြည့်နေတယ်။ ကျမ ငိုချင်လာတယ်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ဘာတွေ ဆက် ဖြစ်လာမလဲ။ စဉ်းစားလိုက်တိုင်း ခေါင်းထဲ မီးတောက်လာတယ်။ မောင့်မျက်နှာကို ကြည့်ပြီး ကျမ မျက်ရည်တွေ ကျ လာတယ်။ မောင်က ကျမ လက်လေးကို ဆုပ်ကိုင်ထားရင်း လက်တစ်ဘက်က စီးကျနေတဲ့ ကျမ မျက်ရည်တွေကို သုတ်ပေးတယ်။ မငိုပါနဲ့လို့ တစ်ခွန်းမှ မပြောဘူး။ ကျမကို ရင်ထဲ ပေါ့သွားတဲ့ထိ ငို ဘို့ မောင် စောင့်နေပေးတာလေ။ ကျမ လက်ခုံလေးကို သူ့ နှုတ်ခမ်းတွေနဲ့ ဖိကပ် ထားတယ်။ ကျမ မျက်လုံးတွေ ေ၀ဝါး နေခဲ့ပေမယ့် မောင့် မျက်ရည်တွေကိုတော့ သေသေချာချာကြီးကို မြင်နေရတယ်။ ဟုတ်တယ်။ မောင်လည်း ငို နေတာပဲ။ ကျမရဲ့မောင် မျက်ရည်တွေ ကျ နေတာပဲ။

တအောင့်လောက် နေတော့ မောင် ကျမကို နမ်းတယ်။ ဝေးကွာခဲ့တာ ကြာပေမယ့် မောင့် အနမ်းတွေက အရင်လို နွေးထွေးဆဲပါပဲ။ ကျမလည်း ငိုနေတာ ရပ်လိုက်တော့တယ်။ တကယ်တမ်း ဒီအချိန်က ငိုနေလို့ ပြီးမှာလားလေ။ မောင်က ကျမဆီ ပြန်လာတာတဲ့။ အလုပ်တွေ အဆင်ပြေတယ် ပြောတယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ အခြေကျတဲ့ ဘဝလေးတစ်ခုရဘို့ အများကြီး ရုန်းကန် ခဲ့ရတယ်တဲ့။ ကျမတို့ ကွဲသွားကြတဲ့ ငါးလကျော် ခြောက်လ အတွင်း မောင် ရင်ဆိုင်ခဲ့ရတာတွေ ကျမကို ပြောပြတယ်။ ခုချိန်မှာလည်း မောင့် အနေအထားက ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲကလို အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် သေချာတာ မောင် ကျမကို မမေ့သေးဘူး။ ထားခဲ့တာ မဟုတ်ဘူး။ ကျမတို့ ရှေ့ရေးအတွက် ကြိုးစားရင်း ထိုက်သင့်တဲ့ လမ်းလေးတစ်ခုပေါ် ရောက်ကာစ။ အခု ကျမ နားကို မောင် ပြန်လာပြီ။ ကျမ ဘာလုပ်သင့်လဲ။ ဘာ လုပ်ရမလဲ။ ကျမ တွေဝေနေပြီ။ သေချာတာတော့ ကျမ မောင့်ကို ချစ်နေဆဲပဲ။ နေသွေးကိုလည်း တွယ်တာနေမိပြီ။ အထူးသဖြင့် သူ့ အပေါ် မရိုးသားခဲ့တာကို ရင်ထဲမှာ အနာမိဆုံးပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် အခု ကျမ ဆုံးဖြတ်ရတော့မယ်။ ပြတ်သားရတော့မယ်။ ကျမ ဗိုက်ထဲက ကလေးက သူ့ သွေးသားပါ ဆိုတာ မောင် သိ သွားတယ်လေ။ ကျမ မူးလဲသွားတော့ သူပဲ ဆေးရုံပို့၊ အခုလည်း အနားမှာ သူ ရှိနေတာ။ ဆေးစာအုပ်ထဲက ကိုယ်ဝန်သက်တမ်းကို ကြည့်ရင် အသိသာကြီး မဟုတ်လား။ ကျမ ကိုယ်ဝန် ဘယ်နှစ်လ ဆိုတာကို ဒီနေ့အထိ ဆေးခန်း အတူလိုက်မပေးဘူးသေးတဲ့ နေသွေး မသိပေမယ့် မောင် သိ သွားတယ်။ ကျမ လက်ထပ်လိုက်ပြီမှန်း သိပေမယ့် ဗိုက်ထဲက ကလေးက သူ့ သွေး ဆိုတာ မောင် သိသွားတယ်လေ။ ဒါက ကျမ ရှင်းမပြလည်း သိသာနေပြီးသား ကိစ္စကြီး မဟုတ်လား။ အရာရာကို အမှန်တိုင်း ရင်ဆိုင်ဘို့ ဆိုတဲ့ သတ္တိနဲ့ အခြေအနေအားလုံး ဆီကနေ ရှောင်ထွက်ပြေးဘို့ ဆိုတဲ့ အကြောက်တရား၊ သည် နှစ်ခုက ကျမ နှလုံးသားကို ဓားနဲ့ တလှည့်စီ မွှမ်းနေသလိုပါပဲ။

“ နေ.. အရေးကြီး ကိစ္စ တစ်ခု ပြောချင်လို့..”

“ အင်း..”

“ …….”

“ အခန်းထဲ သွားမယ်လေ.. ဒီမှာ အေးကအေးနဲ့..”

“ …….”

“ လာ.. ထ..”

“ …….”

ညစာ စားပြီးလို့ ခြံထဲမှာ လမ်းဆင်းလျှောက်ရင်း နေ့ ဆီ ကျမ ခွင့်တောင်း လိုက်တယ်။ မောင် နဲ့ ပြန်တွေ့ပြီး တစ်ပတ်တိတိ ပြည့်တဲ့နေ့ပေါ့။ ရှေ့လဆို မောင်က အလုပ်ရှိရာဆီ ပြန်ရတော့မယ်တဲ့။ ကျမကို သူနဲ့အတူ လိုက်ခဲ့ဘို့ ခေါ်တယ်လေ။ မောင် ကျမကို ဒူးထောက် တောင်းပန်တယ်။ သူ့ ရင်သွေးလေးကို မဆုံးရှုံး ပါရစေနဲ့တဲ့လေ။ ကျမ တကယ်ပဲ ရင်ဗလောင် ဆူခဲ့ရတယ်။ အဆိုးဆုံးက နေသွေးဆီ သွားတောင်းပန်မယ် ဆိုတဲ့ မောင့် စကားပဲ။ မောင် ကျမကို အကြပ်ကိုင်တာ မဟုတ်မှန်း ကျမ ကောင်းကောင်း သိပါတယ်။ ကျမ အတွက် ကြိုးစားရှာတဲ့ မောင်၊ ကျမ ဗိုက်ထဲက ရင်သွေးလေးရဲ့ ဖခင် အစစ်။ လက်ရှိ အချိန်မှာ ဥပဒေအရ မောင့်မှာ ဘာအခွင့်အရေးမှ မရှိပေမယ့် အခွင့်အရေး ရှိလာအောင် ကြိုးစားပိုင်ခွင့်တော့ ရှိနေတယ်လေ။ အနည်းဆုံးတော့ သူ့မှာ နေသွေးကို ဖွင့်ပြောပိုင်ခွင့် ရှိနေတယ်။

ရိုးသားစွာ ဝန်ခံရရင် ကျမ ဒီနေ့ကို သိပ်ကြောက်နေခဲ့တာပါ။ ဖြစ်နိုင်ရင် နေ့ကို ရင်မဆိုင်ချင်ဘူး။ ဒါပေမယ့် မောင်ကများ တစ်ခုခု သွားပြောခဲ့ရင်… ကျမရဲ့ တကိုယ်ကောင်း လုပ်ရပ်ကို တခြားတစ်ယောက် အပြောနဲ့ သိသွားတာမျိုး မဖြစ်ချင်ဘူး။ ကျမ ရင်ဆိုင်ပါ့မယ်။ ဒီအတွက် ဘာပဲ ကြုံလာကြုံလာ ကျမ ရင်ဆိုင်မယ်။ အိပ်ခန်းထဲ ဝင်သွားတဲ့ နေ့ ကျောပြင်က ကျမ နဲ့ ဝေးသွားလိုက်၊ နီးလာလိုက် ဖြစ်နေသလိုပဲ။ ကျမ လေ.. စိတ်တွေ ခြောက်ခြားရလွန်းလို့ မူး မိုက် ကျ သွားမတတ်ပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံး စိတ် တင်းထားတယ်။ အပြစ် လုပ်ပြီးနေမှတော့ ဘာအကြောင်းပြချက်နဲ့မှ ကရုဏာ ခံရဘို့ မမျှော်လင့်ချင်ဘူးလေ။ မေ ဆိုတဲ့ ကျမက အဲ့ဒီလို မိန်းမစားမျိုးပါ။

“ ပြောလေ.. မေ..”

“ ………..”

“ စကား စ ရ ခက်နေလား..”

ကုတင်ပေါ် ထိုင်လိုက်တဲ့ ကျမဘေးကို နေ ဝင်လာထိုင်တယ်။ ကျမ ဘာက စ ပြောရမှန်း မသိဘူး။ သူ့မျက်နှာကို ကြည့်သင့်လား၊ ခေါင်း ငုံ့ထားရမလား ဆိုတာကို အရေးလုပ်ပြီး တွေးနေမိသေးတယ်။ နေက ကျမ ပုခုံးကို လာ ဖက်တယ်။ သူ့ ရင်ခွင်ကို မှီလိုက်မိပေမယ့် ကျမ ကိုယ်ထဲမှာ အေးစက် တောင့်တင်းနေတဲ့ ခံစားချက်က ပျောက် မသွားဘူး။ ကျမ လက်ကို သူ ကိုင်လိုက်တယ်။ လက်ထဲမှာ စေးကပ်ကပ် ချွေးစေးတွေ ချက်ချင်း စို့ လာတယ်။ သူ့လက်က နွေး နေတယ်လေ။ အကြင်နာ အနွေးဓာတ် အောက်မှာ အေးစက်တဲ့ မိုက်မဲမှုတစ်ခု အရည်ပျော်ကျလာတာ မဆန်းဘူးပဲ။ ကျမလက်တွေကို ဖွဖွချင်း ဆုပ် ညှစ်ပေးနေတဲ့ နေ.. ကျမ နှလုံးသားထဲက မျက်ရည်တွေကို သိများ နေမလား။ ကျမ ရင်ထဲမှာ မွန်း သထက် မွန်းကြပ် လာခဲ့တယ်။ ဒါပေမယ့် ကျမ မငို ပါဘူး။ ခုချိန်မှာ ချက်ချင်း အသက် ထွက်သွားရမယ် ဆိုရင်တောင် မငိုမိအောင် ကျမ ကြိုးစားမှာ။

“ ကိုယ် အားလုံး နားလည်ပါတယ် မေ..”

“ ………..”

“ ပင်ပန်းမယ်.. ပြောရခက်နေရင် မပြောနဲ့တော့..”

“ နေ..”

“ အင်း..”

“ မေ ဘာပြောမယ် ဆိုတာ..”

“ ………..”

သူကျမကို ပြုံးပြီး ကြည့်တယ်။ ကျမ ဆံပင်တွေကို သပ်တင်ပေးပြီး နှဖူးကို ဖွဖွလေး နမ်းတယ်။ အံ့သြမှုတွေနဲ့ တုန်လှုပ်နေတဲ့ ကျမကို သူ့ ရင်ခွင်ထဲ ဆွဲ သွင်းလိုက်ပြီး ကျောပြင်ကို ပွတ်သပ်ပေးနေတဲ့ သူ့လက်တွေက နှစ်သိမ့်မှု အပြည့်.. နားလည်မှု အပြည့်.. ခွင့်လွှတ်မှုတွေ အပြည့်နဲ့ ပါလား…။ ကျမ.. ကျမ တင်းထားပါတယ်။ မငိုမိအောင် ထိန်းထားပါသေးတယ်။ ဒါပေမယ့် မျက်ရည်တွေက.. …. ။ ဝသန်ဦးရဲ့ မိုးစက်တွေလို တပေါက်ပြီး တစ်ပေါက် ကျ လာတဲ့ ကျမ မျက်ရည်တွေ။ ခေါင်း တစ်ခုလုံးလည်း ချာချာလည်အောင် ထူပူ မူးနောက် နေပြီ။ ရှိုက်သံ မထွက်အောင် တင်းထားရင်း ကျမ တကိုယ်လုံးက တဆတ်ဆတ် တုန်နေတယ်။ နှလုံးသားထဲမှာလည်း ပေါက်ထွက်မတတ် ပူလောင် နေခဲ့ပါတယ်။

“ မေ.. မေ့ မှာ တခြား နည်း.. တခြား အားကိုးစရာ လူ..”

“ ………”

“ မေ.. မေ့ ကို.. ခွင့်လွှတ်ဘို့..”

“ ရှုးးး.. ဘာမှ မလိုဘူး.. အိုကေ.. Relax.. Relax မေလေး.. နေမကောင်း ဖြစ်မယ်လေ..”

“ ဟင့် အင်း..”

“ ………”

“ ………”

“ ကိုယ် အားလုံး နားလည်တယ်လို့ ပြောပြီးပြီပဲ မေ ရယ်..”

“ နေ.. ဘယ်လို ဆုံးဖြတ် မှာလဲ ဟင်..”

“ အင်..”

“ မေ နာခံပါ့မယ်..”

“ ………”

“ နေ့ ဆုံးဖြတ်ချက် အတိုင်း..”

“ ………”

“ နေ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ်..”

“ ………”

“ မေ နာခံပါ့မယ်.. နော်..”

“ မေ ဘာကို ဆိုလိုတာလဲ.. ကိုယ်က ဘာကို ဆုံးဖြတ်ရမှာလဲ..”

“ မေတို့ ရှေ့ဆက်ရမယ့် ခရီးကိုပါ..”

“ ………”

“ သူ ဘာပဲ ပြောခဲ့ ပြောခဲ့.. နေ ပဲ ဆုံးဖြတ် ပါနော်..”

“ ………”

“ တစ်ခုပဲ တောင်းဆိုချင်တာ..”

“ ………”

“ မေ.. မေ အခုလို ကြံစည်မိတာ.. နေ့ အပေါ် ခုလို ကြံစည်လိုက်မိတာ.. အဓိက က…”

“ ………”

“ အဓိက က.. ကလေးကို ကယ်တင်ချင်လို့ပါ နေရယ်.. ဒါ.. ဒါကို.. သူ လည်း သိပါတယ်…”

“ ………”

“ မေ.. သူ့အပေါ် သစ္စာ ဖောက်ခဲ့တာ မဟုတ်ဘူး.. နေ့ အပေါ်လည်း .. … … …”

“ ………”

“ နေ့ အပေါ်တော့ ယုတ်မာလွန်းသလို ဖြစ်သွား.. .. …”

“ ဟင်းးး…”

“ မေ.. မေ အရမ်း…”

“ ကဲပါ မေရယ်.. သိပ်ပင်ပန်းနေပြီ.. နားလိုက်ပါလား ခဏ.. နော်.. အိပ်ချင်လည်း အိပ်လိုက်…”

နင့်နင့်သီးသီး ရှိုက်သံတွေနဲ့ လုံးထွေးနေတဲ့ မေ့ စကားတွေထဲမှာ ဘာတွေ ပျော်ဝင် နေလဲ။ ကျနော် စိတ်အိုက် လာမိတယ်။ တစ်နေ့နေ့ ဒီကိစ္စကို မေ ဖွင့်ပြောလိမ့်မယ် ဆိုတာ တွေးထားမိပြီးသားပါ။ ဒါကြောင့်လည်း သူပြောလာမယ့် အချိန်မှာ သူ့အတွက် အကောင်းဆုံး ဖြစ်အောင် နေပေးဘို့ ကျနော် ပြင်ဆင် ထားနှင့်ခဲ့တာ။ ခုလောက် စောပြီး ပြောမယ်တော့ မထင်ထားဘူး။ တကယ်တော့ ဒီကိစ္စက ကျနော့် အတွက် ဘာမှ အပန်းမကြီးပေမယ့် မေ့ နေရာကကျတော့ အရမ်း ပင်ပန်းစရာ ဖြစ်နေတာ။ နားထောင်ပေးမိတာကပဲ မှားသွားလား မသိပါဘူး။ တကယ်ဆို သူ မပြောတော့ရင်တောင် ရနေတဲ့ ကိစ္စပဲလေ။ အခုတော့ နေရင်းထိုင်ရင်း ပင်ပန်းရပြီပေါ့။ ကျနော့်ခေါင်းထဲလည်း နားမလည်နိုင်တဲ့ အတွေးတွေ ဝင်လာတယ်။ “မေတို့ ရှေ့ဆက်ရမယ့် ခရီးကို.. နေ့ ဆုံးဖြတ်ချက် အတိုင်း နာခံပါ့မယ်..” ဆိုတဲ့ စကားကြောင့်ပါ။ မေ ဘာလို့ ဒီလို ပြောရတာလဲ.. မဟုတ်မှ လွဲရော..။ သူ့ ချစ်သူများ သူ့နား ပြန်လာနေလို့လား ဆိုတဲ့ အတွေး ကျနော့် ခေါင်းထဲ ဝင်လာတယ်။

ကျနော့်ရင်ခွင်ထဲမှာ သည်းသည်းထန်ထန် ငို နေရှာတဲ့ မေ..။ ကျနော် တွေးမိတာ မှန်နေပြီ ထင်တယ်။ မဟုတ်ရင် သူ့ အနေနဲ့ ဒီကိစ္စကို ခုလိုအချိန်ကြီးမှာ ပြောစရာ အကြောင်း မှ မရှိတာ။ ကျနော် မေးလိုက်ရမလား..။ မေး သင့်ရဲ့လား..။ စဉ်းစားနေတုန်းမှာပဲ ကုတင်ဘေး စားပွဲပေါ် တင်ထားတဲ့ မေ့ ဖုန်းလေးက အသံ မြည် လာတယ်။ သီချင်းသံ ငြိမ့်ငြိမ့် လေးနဲ့ ဖုန်းသံကြောင့် ကျနော့် ရင်ခွင်ထဲက မေ့ ကိုယ်လုံးလေး ရုတ်တရက် တောင့် သွားတယ်။ ကျနော့် မျက်နှာကို မော့ကြည့်နေတဲ့ မျက်လုံးလေးတွေက ဝိုင်း စက် လို့။ သူ့ကိုယ်လေးကို ပွေ့ထားလျက်ကပဲ ဖုန်းလေး လှမ်း ယူပေးလိုက်တယ်။ ဖုန်း စကရင်မှာ ပေါ်နေတဲ့ နံမည်၊ မောင် တဲ့..။ မေ ဘာကြောင့် ပြောတာမှန်း ကျနော် ထင်လိုက်တာ သေချာ သွားပြီပေါ့။ ကျနော့် မျက်စိတွေ ပြာသလိုလို ဖြစ်သွားပေမယ့် လူကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ မေ့ လက်ထဲ ဖုန်း ထည့်ပေးလိုက်တယ်။ ကျနော့်ကို တလှည့်၊ ဖုန်းကို တလှည့်ကြည့်ရင်း တုန်ရီ နေရှာတဲ့ မေ။ အငို ကတော့ ရုတ်တရက် ရပ် သွားတာပေါ့လေ။ ခပ်တောင့်တောင့်လေး ဖြစ်သွားတဲ့ မေ့ကိုယ်လေးကို အသာ တွန်း ခွာလိုက်တယ်။ စားပွဲပေါ်က ရေတကောင်းကို ထယူ၊ ရေတစ်ခွက် ငှဲ့ပြီး တိုက်လိုက်တယ်။ ဖုန်းလေးက ဇွဲကောင်းကောင်းနဲ့ မြည်နေတုန်း။ အေးစက်နေတဲ့ လက်ဖျားလေးတွေကို တစ်ချက် ညှစ်လိုက်ပြီး

“ ချိုရည်လေး တစ်ခွက်လောက် သွားယူလိုက်ဦးမယ်.. မေ ဖုန်းပြောနေတုန်း..”

“ ဟင့်အင်း.. နေ.. နေ ရှိနေလို့ ရပါတယ်..”

ကျနော် ဘာ လုပ်သင့်လဲ။ ခဏ ထွက်သွားပေးတာ ကောင်းမလား။ သူပြောသလိုပဲ ဆက်ထိုင်နေ ပေးရမလား။ မေ့ အတွက် ဘာက အသက်သာဆုံး ဖြစ်မလဲ။ စဉ်းစားနေတုန်း ဖုန်းသံ ရပ် သွားတယ်။ “ပြန်ခေါ်ချင် ခေါ်လေ..” ကျနော် ပြောလိုက်တော့ မေ ခေါင်းခါ ပြတယ်။ ဟင်းးးး.. အခြေအနေက မေ့ အတွက် ရှုပ်ထွေး နေပြီပဲ။ မေ့ကို အသာ ပြန် ဖက်ထားလိုက်ရင်း သက်ပြင်းတစ်ချက် ခိုးချ မိတယ်။ နားထဲ ထပ်တလဲလဲ ရောက်လာတာက “မေတို့ ရှေ့ဆက်ရမယ့် ခရီးကို.. နေ့ ဆုံးဖြတ်ချက် အတိုင်း နာခံပါ့မယ်..” ဆိုတဲ့ စကားလေး။ ကျောလေးကို ခပ်ဖွဖွ ပွတ်ပေးရင်း ထိုင်နေမိတယ်။ မေ မငိုတော့ဘူး။ သူလည်း စဉ်းစား နေမှာပေါ့လေ။ ခဏ ကြာတော့ လူချင်း အသာ ခွာလိုက်ပြီး

“ နို့အေးလေး ဖြစ်ဖြစ် တခွက်လောက် သောက်လိုက်ပါလား မေရယ်.. နော်..” 

ကျနော် ပြောလိုက်တော့ ခေါင်းငြိမ့် ပြတယ်။ “ကိုယ် သွားယူပေးမယ်.. အိုကေ..” ဆိုပြီး ထ ထွက်လာခဲ့တယ်။ မီးဖိုထဲ ရောက်တော့ ရေခဲသေတ္တာ ဖွင့်၊ နို့ ပုလင်း ထုတ်ပြီး ဖန်ခွက်ထဲ ထည့်၊ အိပ်ခန်းဆီ ပြန်အရောက်မှာ…

“ မေ အဆင်ပြေပါတယ်.. ခုတော့ နားချင်ပြီ.. မနက်မှ ဆက်လိုက်မယ်လေ နော်..”

“ ……..”

“ ဟင့်အင်း.. ဘာ ပြသနာမှ မဖြစ်ပါဘူး.. နဲနဲ ပင်ပန်းနေလို့..”

“ ……..”

“ ဟုတ်.. ခု အိပ် တော့ မှာ..”

မေ ဖုန်းချပြီးမှပဲ ကျနော် ဝင်သွားလိုက်တယ်။ နို့အေး ဖန်ခွက်လေး လက်ထဲ ထည့်ပေးပြီး 

“ သောက်လိုက်ဦး.. ကိုယ် ဆေးလိပ် သောက်ချင်လို့ ခဏနော်..” 

ခေါင်းလေး ငြိမ့်ပြရင်း ကျန်ခဲ့တဲ့ မေ့ကို အသာ ပြုံးပြလိုက်ပြီး အိပ်ခန်း အပြင်ဘက် ဝရန်တာကို ထွက်လာခဲ့လိုက်တယ်။ ညခင်းရဲ့ လေအေးက ကျနော့် ရင်ကို မအေးမြစေနိုင်ပေမယ့် ပိန်းပိတ်မှောင်နေတဲ့ ကောင်းကင်ကတော့ ကျနော့် ခေါင်းထဲက ရှိသမျှ အလင်းတွေကိုပါ ပျောက် သွားစေတယ်ဗျာ။ ကျနော် ဘာ လုပ် ရမလဲ။ ဘာ လုပ်သင့်လဲ။ မေက ကျနော် ဆုံးဖြတ်သမျှ နာခံပါ့မယ် တဲ့။ သူက သူ့ချစ်သူနဲ့ ကျနော် ဆုံပြီးကြပြီ ထင်နေရှာတာ။ သူ့ ကိုယ်ဝန်ကိစ္စကို သူ့ချစ်သူ ပြောလို့ ကျနော် သိတယ် ထင်နေရှာတာ။ တကယ်က ကျနော် ဒီကိစ္စကို သိနေခဲ့တာ သူနဲ့ ကျနော် လက်ထပ်ကြဘို့ စီစဉ် ကတည်းကပါ။ ခင်ဗျားတို့ရော အံသြ သွားလား။ အဲ့ဒီနေ့က သူ့မှာ ကိုယ်ဝန် ရှိနေပါတယ်လို့ ပြောတဲ့ အချိန်၊ သူ့မျက်ဝန်းတွေရဲ့ မလုံခြုံမှုကို ကျနော် ကောင်းကောင်း သိတယ်။ မေက အနေအထိုင် ရဲတင်း သွက်လက် သလောက် ပွင့်လင်း ရိုးသားတဲ့ မိန်းကလေး၊ မညာ တတ်တဲ့ မိန်းကလေးပါ။ သူ ကျနော့်ကို ညာ ဘို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့တာ သူကိုယ်တိုင်တောင် မသိရှာဘူးလေ။

ကျနော် သူ့ကို မချစ်ခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် လွန်ကျူးမိတယ်။ သူ ကျနော့်ကို ချည်နှောင်ဘို့ ကြိုးစားတာ သိလိုက်တဲ့ အချိန်၊ သူ့ကို မုန်းဘို့ ရွံရှာ ဘို့ထက် အရမ်း သနား သွားမိတယ်။ ရဲရင့် ဟန် ဆောင်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရင်ထဲက အကြောက်တရားကို ကျနော် မြင်တယ်လေ။ ကျနော့် ဘဝကို သူ့အတွက် ကျေကျေနပ်နပ် ပေးခဲ့တာပါ။ ဒီအတွက် ကျနော် ဘာမှ ပြန်မျှော်လင့် မထားဘူး။ ဟုတ်တယ်.. ကျနော် ဘာမှ မျှော်လင့် မထားပါဘူး။ ဒီလို ခေါင်းအေးအေး တွေးလိုက်တော့လည်း ဖြစ်သင့်တဲ့ ဆုံးဖြတ်ချက် တစ်ခု ရလိုက်သားပဲ။ အိပ်ခန်းဆီ ပြန်လှည့် ဝင်လာလိုက်တယ်။ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော် နေရှာတဲ့ မေ..။ ပင်ပန်းနွမ်းလျ နေတဲ့ မေ့ မျက်နှာလေးကို ကြည့်ရင်း ကျနော့် ရင်ထဲက စကား တစ်ခွန်း ပြောလိုက်မိတယ်။

ကလေး တစ်ယောက်မှာ အဖေရင်း ရှိပါလျက်နဲ့ သူစိမ်း တစ်ယောက်ကို အဖေ လို့ ခေါ်ရတဲ့ ဘ၀ မဖြစ်သင့်ဘူး မဟုတ်လား မေ..

........................................................................................................

အပိုင်း ( ၃ )

အခန်း ( ၁ )

၂၀၁၅ ခုနှစ်၊  ဒီဇင်ဘာလ။

မေ့ အတွက် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးခဲ့ပြီး နောက်နေ့ မနက် မလင်းခင်မှာပဲ ရန်ကုန် အပါအဝင် အရာ အားလုံးကို ကျနော် စွန့်လွှတ်ခဲ့တယ်။ ကျနော် ဦးစီးလက်စ ဆရာ့ လုပ်ငန်း တချို့ အနည်းနဲ့အများ ကသီ သွားနိုင်တယ် ဆိုပေမယ့် အဲ့ဒီ နှစ်တွေမှာ သားငယ် (မေ့ မောင်လေး)က လုပ်ငန်းထဲ ရောက်နေပြီ။ ဆရာ ကိုယ်တိုင်လည်း ကျန်းကျန်းမာမာ ရှိတုန်းဆိုတော့ လုပ်ငန်းတွေ အားလုံး သူ့နည်း သူ့ဟန်နဲ့ ဆက်လက် လည်ပတ်သွားမှာပဲ။ မေလည်း အဆင် ပြေမှာပါ။ ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ပစ်ထားခဲ့တဲ့ ကျနော်ကတော့ သူတို့ အသိုင်းဝိုင်းကြားမှာ ပြောစရာ ဖြစ်နေမှာ မလွဲဘူးပေါ့။ ကျနော့် ဆုံးဖြတ်ချက်က မေ နဲ့ ကလေး အတွက် အကောင်းဆုံး ဖြစ်နိုင်ခဲ့ပေမယ့် ဆရာ့ အနေနဲ့တော့ ကျနော့်ကို စိတ်နာသွားနိုင်မယ် ထင်တယ်။ အခု ကျနော် မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံ တစ်ခုမှာ။ ရောက်စက တစ်နှစ်လောက် ပေတေ နေခဲ့ပြီး စုဆောင်းထားတဲ့ ပိုက်ဆံ ကုန်လုနီးပါး အချိန်မှာ ကျရာ အလုပ် တစ်ခု ဝင်လုပ်တယ်။ တကိုယ်ရည်သမားပီပီ နေချင်သလို နေလာရင်း အလုပ်လည်း တစ်ခုပြီးတစ်ခု ပြောင်းရင်းပေါ့။ အခုတော့ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ ထိုက်သင့်တဲ့ ရာထူးနဲ့ အခြေတကျ ဖြစ်နေပါပြီ။

အချစ်ရေးလား..။ ရှိတာပေါ့ဗျာ။ လူတစ်ယောက်မှာ အသက် မသေမချင်း အကြိမ်ကြိမ် ပြန်ရှင်သန် နိုင်တာ အချစ် ပဲ မဟုတ်ဘူးလား။ ပုံစံ အနေအထား၊ အတိုင်းအတာ ပမာဏ ကွာကောင်း ကွာမယ်။ အချစ် ဆိုတဲ့ အရာကတော့ လူ့ဘဝရဲ့ မကုန်ဆုံးနိုင်သော အရင်းမြစ်ပဲ။ တစ်ခုတော့ ရှိတယ်။ နှလုံးသားမှာ ချစ်မိတဲ့သူ အသီးသီးကို သင်္ချာ သဘောနဲ့ နှိုင်းဆ ပြမယ် ဆိုပါတော့။ ကျနော့် ဘ၀ ရဲ့ အချစ်ဦး.. ညို..။ ကျနော့် နှလုံးသားရဲ့ တစ်ဝက်တိတိ သူ့ဆီ ပါသွားခဲ့တယ်။ ဒုတိယ တစ်ယောက်က မေ..။ သူ့ကိုလည်း ကျနော် မချစ်ခဲ့ပေမယ့် လေးနက်တဲ့ သံယောဇဉ်တွေနဲ့ တွယ်တာ ခဲ့တာပဲ။ ဒီတော့ ကျန်နေတဲ့ နှလုံးသား တစ်ဝက်ရဲ့ တစ်ခြမ်းက မေ ပါ ဆိုရင် မမှားဘူး။ ဒါဆို အခု ကျနော့် ရင်ထဲမှာ ရှိနေတဲ့ မိန်းကလေးကရော..။ ကျနော့် နှလုံးသားရဲ့ နောက်ဆုံး အစိတ်အပိုင်းပေါ့ဗျာ။ ပမာဏအားဖြင့် တိုင်းတာရင်တော့ သူ ရလိုက်တဲ့ ကျနော့် နှလုံးသားက အသေးငယ်ဆုံး အစိတ်အပိုင်းလေးပါ။ ဒါပေမယ့် ဒီအစိတ်ပိုင်းလေးထဲမှာ ကျနော့် အသက် ပါ တယ်။ မှန်ပါတယ်။ သူလေးကမှ ကျနော့် အသက်နဲ့ ထပ်တူ ချစ်ရတဲ့ မိန်းကလေး အစစ်ပါပဲ။

ကျနော်တို့ ဆုံဖြစ်ကြပုံလား။ သိပ်တော့ မဆန်းပါဘူး။ ထွန်းကားလာတဲ့ နည်းပညာနဲ့ လူမှု ကွန်ယက်တွေက တဆင့်ပေါ့။ အားလပ်ချိန်တွေ အွန်လိုင်းမှာ အချိန်ဖြုန်းရင်း သူ နဲ့ ကျနော် ဆုံဆည်းခဲ့တာ။ အစက သူ့ကို မိန်းကလေးလို့ မထင်မိဘူးဗျ။ အကောင့် နံမည်ကလည်း PSY တဲ့ (ရင်းနှီးသွားပြီးနောက်မှာ စပ်စုကြည့်တော့ ကိုရီးယား အဆိုတော် PSY ကို ကြိုက်လို့ ပေးထားတာ ဆိုပဲ)။ ဝင်ကြည့်တတ်၊ like လုပ်တတ်တာတွေက 18+ တွေ ချည့်ပဲ။ သူနဲ့ ကျနော် ဆုံဖြစ်တာတောင် ၁၈+ စာရေးဆရာ တစ်ယောက်ရဲ့ page လေးကနေ တဆင့်လေ။ တစ်ရက်တော့ စပ်စပ်ဆော့ဆော့နဲ့ hi လိုက်မိရာကနေ သူ နဲ့ ကျနော် စကားလက်ဆုံ ကျ သွားတယ်။ တောင်ပြော မြောက်ပြော ပြောကြရင်းကနေ မိန်းကလေး ဆိုတာ သိလိုက်ရတယ်။ မှတ်မှတ်ရရ.. ကျနော် သူ့ကို မိန်းကလေးမှန်း စ သိတဲ့နေ့က မိုး မရွာဘူးဗျ။ အဲ့ဒီနေ့က ပြောဖြစ်သမျှ မှတ်မိနေသေးတဲ့ စကားလေးတွေ…

Me : သိပါဘူး.. ကျနော်က ခင်ဗျားကို ယောင်္ကျားလေး ထင်နေတာ..

PSY : အော.. ဘာ လို့..

Me : ပြောရင်စိတ်ဆိုးမှာပေါ့..

PSY : ဆိုးပါပူး.. ပြောကြိ..

Me : ခင်ဗျား ဝင်ဖတ်နေတဲ့ နေရာတွေက..

PSY : အွမ်း..

Me : ဟီးးး..

PSY : ဆက်ပြောလေ..

Me : အော်.. ဒီလိုပါပဲ..

PSY : ဟဟ.. ဘာ လဲ

        18+ တွေ ဖြစ်နေလို့ ဟုတ်..

Me : ဟီး..

PSY : မိန်းမလည်း လူပဲ လေ..

Me : အင်းပါ..

PSY : လူတချို့က ထူးဆန်းတယ်..

Me : အမ်..

PSY : ဟုတ်တယ်လေ.. မိန်းခေးတျောက် 18+ ဖတ်တယ် ဆိုတာနဲ့ပဲ ဘာလိုလို ညာလိုလို..

         အင်တာနက် ဆိုတာ.. သုံးတတ်ရင် မိတ်ဆွေ.. မသုံးတတ်ရင် ရန်သူ..

         အွန်လိုင်းပေါ်မှာ ဘဝသစ်တစ်ခု ဖန်တီးပြီး နိုင်ငံရေး ယောင်ယောင် ဘာယောင်ယောင်နဲ့..

         ကိုယ်ဝင်ပြောလိုက်လို့ပဲ တိုင်းပြည်ကြီး ဘာ ဖြစ်လာသလိုလို ညာဖြစ်လာသလိုလို..

         ဟိုလူ့ ဝေဖန်.. ဒီလူ့ စောင်းပြော.. ကိုယ့် ဘယ်သူသိတာမှတ် ဆိုပြီး အသားလွတ် ဆဲလိုဆဲ..

         အဲ့လိုဟာတွေထက် စာရင်တော့ အောစာအုပ်ဖတ်ပြီး ထိုင်ဖီးလ် နေတာကမှ အရသာ ရှိအုန်းမယ်..

ကဲ.. သူ့ စိတ်ကလေးက အဲ့ဒီလိုပါဗျာ။ သူ့ အသက်က (၂၀)၊ ကျောင်းပြီးစ အလုပ်မဝင်ဖြစ်သေးဘူး။ ကျနော့် အသက်နဲ့ ယှဉ်ရင်တော့ တကယ့် ကလေးပေါ့။ ဒါပေမယ့် ကျနော့် ရင်ထဲမှာတော့ သူက လူကြီးလေးဗျ။ စကားကြီး စကားကျယ်တွေ ပြောပြီး အလိုမကျရင် စိတ်ကောက်တတ်တဲ့ လူကြီးပေါက်စလေး ဆိုပါတော့။ ဒီလိုနဲ့ပဲ နှစ်ယောက်သား ရင်းနှီးသည်ထက် ရင်းနှီး၊ ပွင့်လင်း သည်ထက် ပွင့်လင်းခဲ့တယ်။ လူချင်း မမြင်ရ၊ အသံလည်း မကြားရဘဲ တွယ်တာလာတဲ့ သံယောဇဉ်။ လူတိုင်းအတွက် လက်ခံဘို့ ခက်မယ့် ဆက်နွယ်မှု ဆိုပေမယ့် ကျနော်တို့ချင်း ကြားက ကြိုး၊ မြဲသည်ထက် မြဲလာခဲ့တယ်။ တစ်ရက်တော့

PSY : အူးလေးရီး.. မီးကို တစ်ခု ကူညီပါ..

Me : အွမ်း.. ပြော..

PSY : မီးလည်း သူများတွေလို အော စာရေးမို့..

Me : ဟဟ.. အားပါ သွားပြီပေါ့လေ..

PSY : အပျင်းပြေ ပါ..

Me : အင်းပါ.. ဘာလုပ်ပေးရမလဲ.. (အဲ့ဒီတုန်းက ကုန်ကြမ်း ပေးစေချင်တာလားလို့ မေးလိုက်ချင်တာ..               ကောက်သွားမှာ စိုးလို့ဗျ)

PSY : ပေ့ချ် လုပ်ပေး..

Me : အွန်..

PSY : ပေ့ချ် လုပ်ပေးလို့.. သူများတွေလိုလေ..

Me : အွန်းး.. ပေ့ချ် ထက် ကောင်းတာ တစ်ခု ပြောကြည့်ရမလား..

PSY : ဟုတ်..

Me : ကိုယ် ဝင်နေကျ ၁၈+ ဖိုရမ် တစ်ခု ရှိတယ်.. မန်ဘာ ဝင်လိုက်

PSY : ဘာကွာလို့တုန်း ပေ့ချ် နဲ့

Me : ကွာတာပေါ့..

        ပေ့ချ်တွေ ကျတော့ ကိုယ်တိုင် အက်မင်လုပ်.. အလုပ်ရှုပ်တယ်..

        နောက်တစ်ခုက ညည်း ဒီစာတွေ ရေးမယ် ဆိုရင်..

        မိန်းကလေး အဖြစ်နဲ့ပဲ ရေးမှာလား..

        လာ ကြလိမ့်မယ် အဲ့မှာ..

        ဒုတ်တွေ ခဲတွေ.. လက်ဆောင်..

        အာရုံနောက်တာပေါ့..

PSY : ဖိုရမ်ကျ ရှိပူးပေါ့ အာ့မိုးတွေ..

Me : အွန်း.. ရှိလာလည်း အကာအကွယ် ယူလို့ ရတယ်လေ..

        အနည်းဆုံးတော့ ညည်း ရေးချင်ရာရေး ရီပို့ ထိဘူးပေါ့..

        ပေ့ချ်တွေက အဲ့လိုစာတွေ ရေးရင် မမြဲဘူးလေ ကွာ..

PSY : ပေါက် ပီ.. အိုခေး.. လုပ်ပေး..

Me : အမ်.. ဘာလုပ်ပေးရမှာတုန်း.. အကောင့် ဖွင့်လေ.. ခု ဖဘလိုပဲ ဂျီမေးနဲ့..

        နံမည်တော့ လှတပတ ပေးပါဟ.. စာရေးမယ် ဆိုရင်..

PSY : ဟီးးး.. ဘို ပေးရင် ကောင်းမဲ..

Me : သဘော..

PSY : ဖိုရမ် နံမည် အရင်ပြောလေ.. ဘာမှ သိဘဲ.. ဘိုလို ရှာရမှာတုန်း..

Me : ဟဟ.. http://achittatkatho.net/index.php?action=forum

        အဲ့မှာ.. နံမည် စဉ်းစားပြီးရင် ရီဂျစ်စတာ လုပ်လိုက်..

PSY : အိုခေး..

        ကျေးဇူး အယ်စတုံ..

        တာ့တာ..

        ဆီးယူ..

        အီးရှူ..

        ခိခိ



အပိုင်း (၂ ) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment