Friday, August 30, 2013

ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် အပိုင်း ( ၃ )

ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် အပိုင်း ( ၃ )

ရေးသားသူ - နတ်သား

သီဟစကားကို ကလျာဏီဘယ်လိုဖြေရမည်မှန်းမသိ။ ပြည့်ပြည့်၀၀ပြီးသွားသဖြင့် ကျေကျေနပ်နပ်ကြီး ဖြစ်နေသော အပျော်လေးများပင် ပျောက်သွားမလိုဖြစ်သည်။ တွေဝေနေသည့်ဟန်ပေါက်နေသော သီဟ မျက်လုံးတွေကို တော်တော်လေးကြာသည့်တိုင်အောင် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ ပြီးမှ ..

“ အရမ်းကြီး မတွေးပါနဲ့ သီဟရယ် .. မမတို့ အဆင်ပြေအောင် ကြည့်လုပ်လို့ရမှာပါ .. နောက်ပြီး ယမရာဇာနဲ့တိုက်တဲ့နေရာမှာ သီဟက ဘာဖြစ်လို့ ရှုံးမယ်လို့ တွက်ထားရတာလဲ .. စစ်မရောက်ခင် မြားမကုန်ချင်စမ်းနဲ့ .. မမတစ်ခုပြောမယ် .. မမကတော့ သီဟကိုယုံတယ် .. သီဟ ယမရာဇာကို နိုင်ကိုနိုင်ရမယ် .. ယမရာဇာကို ရှင်းပြီးသွားရင်လဲ သီဟအတွက် မမကတော့ အဆင်သင့်ပဲ .. ”

ကလျာဏီ စကားမဆက်သေးပဲ ခနနားသည်။ သူမလက်တစ်ဖက်က သီဟပေါင်ကြားဆီရောက်လာပြီး လိင်တံကိုဖမ်းကိုင်၍ ရွရွလေးတစ်ချက်ညှစ်သည်။

“ ဟောဒီက သီဟရဲ့ကိုယ်ပွားအတွက်လဲ အဆင်သင့်ပဲ .. ဂူကျဉ်းကျဉ်းလေးတစ်ခုတော့ မမ တတ်နိုင်ပါတယ် .. ခစ် .. ခစ် ..  ”

“ အာ .. မမကလဲ .. ”

“ မမက လဲမနေနဲ့ .. ပင်ပန်းနေပြီမှတ်လား .. အိပ်တော့ .. ”

“ အင်း .. ”

သီဟ ကလျာဏီပြောသည့်အတိုင်း အိပ်ဖို့ကြိုးစားသည်။ တကယ်လဲ သူ အနားယူဖို့ လိုအပ်နေပါသည်။ မျက်ခွံတွေ တစစလေးလံနေပြီမို့ မျက်လုံးတွေက အလိုလိုမှိတ်သွားသည်။ ကလျာဏီက သူ့ရင်ခွင်ထဲတိုးဝင်လိုက်သည်ကိုတောင် သီဟ သတိမထားမိလိုက်။ အိပ်စက်ခြင်းဆီသို့ မဆိုင်းမတွ သူရောက်ရှိသွားသည်။

....................................................................................

အမှောင်ထုထဲသို့ သီဟ ရုတ်ချည်းပြုတ်ကျသွားသည်။ မည်သည့်နေရာက ထွက်လာမှန်း မသိသော လက်မဲမဲကြီးများက သူ့ကို ဖမ်းဆွဲသည်။ ကြောက်အားလန့်အားနှင့် သူရုန်းသည့်တိုင် မလွတ်နိုင်။ ထိုလက်တွေ၏ ချုပ်ကိုင်အားက တစတစကြီးမားလာပြီး သူ့ကိုယ်ကို တစစီ ဆွဲဖြုတ်နေသလို ခံစားရသည်။ သီဟ တကိုယ်လုံးကို တွန့်၍ရုန်းသည်။

သီဟ မျက်လုံးနှစ်ဖက် ရုတ်ချည်းပွင့်သည်။ ပထမဆုံး သတိထားမိသည်က သူ အိမ်မက်ဆိုး မက်နေသည်ဆိုတာကို။ သူ့နှလုံးခုန်သံသည် ဒုန်းစိုင်းပြေးနေသော မြင်းတစ်ကောင်လို တဒုတ်ဒုတ်နှင့်ခုန်နေပြီး နဖူးပေါ်တွင်လဲ ချွေးစေးတွေ စို့နင့်နေသည်။ သီဟ နဖူးကို လက်ဖြင့်အသာသုတ်သည်။ သူ့ကိုယ်က အနည်းငယ် လှုပ်ရှားသွားလို့ထင်သည်။ သူ့ခါးကို ဖက်ထားရင်း အိပ်ပျော်နေသော ကလျာဏီထံမှ “အင်း“ ဆိုသော အသံကိုကြားပြီး ကိုယ်ကလေးတွန့်သွားသည်။ သီဟ အသာငြိမ်နေလိုက်ရသည်။ မျက်လုံးကို ပြန်မှိတ်ပြီး အိပ်ဖို့ကြိုးစားသည်။ သို့သော် ထူးထူးဆန်းဆန်း အိပ်ရေးဝနေသလို၊ မျက်စိကြောင်နေသလို ခံစားရပြီး အိပ်မပျော်တော့။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ ကလျာဏီ မနိုးသွားအောင် ကိုယ်ကိုဖြေးဖြေးချင်း ရွှေ့၍ထသည်။ ကုတင်အောက်တွင် ပြန့်ကျဲနေသော အဝတ်တွေထဲမှ သူ့အင်္ကျ ီနဲ့ဘောင်းဘီကို ရွေးယူသည်။ အသံမထွက်စေရန် သတိထားပြီး ဖြေညင်းစွာ ဝတ်သည်။ အားလုံးပြီးသွားသောအခါ ပစ္စတိုသေနတ်ကို ကျောပိုးအိတ်ထဲမှ ရွေးယူလိုက်ပြီး ခါးကြားထိုးကာ အပြင်ထွက်လာခဲ့သည်။ အညောင်းပြေအညာပြေ လမ်းလျှောက်မည်ဟု သူတွေးထားသည်။ အခန်းထဲမှ ထွက်လိုက်သည်နှင့် စင်္ကြ ံလမ်းရှိ temperature က ပို၍ နိမ့်ကျနေသည်ဟု သတိထားမိသည်။ ညဦးပိုင်းကလို မဟုတ်ပဲ အေးမြမြလေးဖြစ်နေသော အခြေအနေအရ သန်းခေါင်ကျော်လောက်တော့ အသာလေး ရှိပေလိမ့်မည်။

လင်းသဒ္ဒါ၏ အခန်းဘက်သို့ တစ်ချက်လှမ်းကြည့်ဖြစ်သည်။ ဘာသံမှ မကြားရ။ သူမ အိပ်မောကျနေလိမ့်မည်ထင်သည်။ လင်းသဒ္ဒါအကြောင်း စဉ်းစားမိသည်နှင့် သီဟ စိတ်ထဲတွင် လေးလံနေသလို ခံစားရသည်။ ကလျာဏီ သူ့အား ဆွဲခေါ်မသွားခင်တုန်းက လင်းသဒ္ဒါသူ့ကို တစ်ခုခုပြောချင်ဟန် ရှိသည်။ သူမ ဘာများ ပြောချင်တာပါလိမ့်။ သူမနှင့် သူကြားမှ ပြီးပြတ်ခဲ့ပြီဆိုတာ သိသည့်တိုင် ဘာကြောင့်ရယ်မသိ။ သီဟ လင်းသဒ္ဒါကို ရင်ထဲက ထုတ်ပစ်လို့မရပါ။

သီဟ တည်းခိုခန်းအပြင်သို့ ရောက်လာသည်။ ည၏ လေပြည်သည် လူသွားလူလာမရှိသော လမ်းမကိုဖြတ်ကာ သူ့ဆီသို့ ရောက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေပြီး လေတိုက်၍ လှုပ်ခတ်သွားသော သစ်ရွက်များ၏ အသံကသာ ကြီးစိုးထားသည်။ မှိန်ပြပြသာနေသောလ၏ အလင်းရောင်ကို အားကိုးပြီး သီဟ လမ်းလျှောက်ထွက်လာခဲ့သည်။ သူ့ခြေလှမ်းတွေက မရည်ရွယ်ပဲ ညဦးပိုင်းတုန်းက ရောက်ခဲ့သော ဖျော်ဖြေပွဲရှိရာသို့ ဦးတည်မိသွားသည်။

“ ဖတ် … ဖတ် … ဖတ် .. ”

တိတ်ဆိတ်နေသော ညနက်ထဲမို့ သီဟ အသံလာရာဘက်သို့ နားစွင့်မိသည်။ ကြားရသည့်အသံက ခြေသံလိုလိုဖြစ်ပြီး တစစနှင့် သူရှိရာဘက်သို့ နီးလာသည်။ အလိုအလျောက် အနားက အိမ်တံအိမ်၏ တံစက်မြိတ်အောက်သို့ ပြေးဝင်ကပ်မိသည်။ အမှောင်ထဲတွင် ကိုယ်ရောင်ဖျောက်ကာ နေလိုက်ပြီး အသံလာရာဘက်သို့ သေချာစိုက်ကြည့်သည်။ သိပ်မကြာလိုက်ပါ။ မဲမဲသဏ္ဍာန် အရိပ်သုံးခုက ပေါ်လာသည်။ လူသုံးယောက် …။

ခိုးကြောင်ခိုးဝှက်နိုင်လှသော ထိုလူတွေ၏ အမူအယာကြောင့် သီဟ သံသယမကင်းဖြစ်သည်။ သူတွေးသည်က မမှားပါ။ ထိုလူတွေထဲမှ တစ်ယောက်သောသူသည် ရှည်မျောမျောအထုပ်ကြီး တစ်ခုကို မနိုင့်တနိုင်ထမ်းလာသည်ကို တွေ့ရသည်။ ကြည့်ရတာ သူခိုးတွေများလား မသိ။ သီဟ ကြည့်နေစဉ်မှာပင် လူသုံးယောက်က သူပုန်းနေရာ အိမ်ရှေ့မှဖြတ်၍ သွားသည်။ မျက်စိတမှိတ်အတွင်းမှာပင် ညာဘက်ရှိ လမ်းထောင့်ချိုးတစ်ခုအတွင်း ဝင်ကာပျောက်ကွယ်သွားသည်။

သီဟ ပုံမှန်အတိုင်းဆို ဒီကိစ္စကို စိတ်ဝင်စားမိမည် မထင်။ သူခိုးတွေ အိမ်တစ်အိမ်ကို ဖောက်ပြီး ခိုးလာတာပဲ။ သိပ်ထူးထူးဆန်းဆန်းမှ မဟုတ်တာ။ သို့သော် သူ့စိတ်ထဲတွင် မသိုးမသန့်ဖြစ်နေသော ကိစ္စတစ်ခုရှိသည်။ ဒီလူတွေ သူ့ရှေ့က အဖြတ်၌ လူးလွန့်လှုပ်ရှားသွားသော အထုပ်ကြောင့်ဖြစ်သည်။ ထိုလှုပ်ရှားပုံက ထမ်းလာသည့်အရှိန်ကြောင့်ဟု သူ မထင်။ သက်ရှိသတ္တဝါတစ်ကောင်၏ ရုန်းကန်မှုမျိုးနှင့် ပိုတူသည်။ သီဟ မျက်လုံးတွေ ဝိုင်းစက်သွားသည်။ ဟုတ်ပြီ … ဒါပဲဖြစ်ရမည်။ လူတစ်ယောက်ကို သူတို့ဖမ်းခေါ်လာတာပဲ…။  စိတ်ဝင်စားစရာ ကောင်းလှသည့် အခြေအနေ ဖြစ်သွားပြီမို့ သူ့ခြေထောက်တွေက ဟိုလူတွေဝင်သွားရာ လမ်းထဲသို့ အလိုလို ဦးတည်မိပြီးသား ဖြစ်သည်။

သူခိုးတွေ ဘယ်ပျောက်သွားသည်ဆိုတာ ထူးထူးထွေထွေ မှန်းဆစရာမလိုပါ။ မှောင်မည်းနေသော တစ်လမ်းလုံးတွင် ဘယ်ဘက်ခြမ်းရှိ လေးအိမ်မြောက်အိမ်ကပဲ မီးရောင်လင်းနေသည်။ သီဟ သတိကိုကြီးစွာထားပြီး ထိုအိမ်၏ လမ်းမဘက်ခြမ်းရှိ ပြတင်းပေါက်နားသို့ ပြေးကပ်သည်။ အန္တရာယ်ရှိသည်ဆိုတာ သိနေသည်မို့ ခါးကြားက ပစ္စတိုထုတ်၍ အသင့်ပြင်ထားသည်။ မဟတဟလေး ဖြစ်နေသာ တံခါးရွက်ကြားမှ အထဲကို ချောင်းကြည့်လိုက်သည်တွင် သူခိုးသုံးယောက် စားပွဲတစ်ခုနားတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

“ စောမောင်တို့တော့ စားရကံကြုံတော့ နာမည်ကြီးဆပ်ကပ်မယ်နဲ့မှ လာတိုးတယ် .. ”

သူခိုးတွေနှင့် ကွယ်နေသဖြင့် စားပွဲပေါ်တွင် တင်ထားသော အထုပ်ကို သေချာမမြင်ရပေ။ သို့သော် ကြားလိုက်ရသော စကားကြောင့် သီဟ ရင်ထဲ ထိတ်ခနဲဖြစ်သည်။ သူ့မျက်စိထဲတွင် ညတုန်းက ကြည့်ခဲ့ရသော ပွဲထဲမှ ဆပ်ကပ်မယ်ကို ပြေးမြင်ယောင်သည်။ ဒီလူတွေ ဘယ်ဆပ်ကပ်မယ်ကို ဖမ်းခေါ်လာတာလဲ။ ရှည်မျောမျောအထုပ်ထဲမှ မိန်းမတစ်ယောက်၏ ရုန်းကန်အော်ဟစ်နေသံကို ခပ်သဲ့သဲ့ကြားရသည်။

“ ဟေ့ကောင် … အထုပ်ကို ဖြေလိုက်တော့ .. ဟိုမှာ ဝူးဝူးနဲ့ အော်နေတာ မကြားဘူး .. တော်ကြာနေ မွန်းပြီးသေသွားဦးမယ် … ”

ပြောလိုက်သူက စောမောင်ပင် ဖြစ်သည်။ စောမောင်၏ ညာဘက်ဘေးက လူက ခေါင်းရင်းဘက်သို့ တိုးသွားသည်။ ထိုလူနှင့်ကွယ်နေရာမှ လွတ်သွားပြီမို့ သီဟ စားပွဲပေါ်က အထုပ်ကို လှမ်းမြင်လာရသည်။ စားပွဲ ဟိုဘက်ထိပ် ရောက်သွားသူက အထုပ်အစကို ချည်ထားသော ကြိုးကို ဖြေသည်။ ထိုလူဖြေပြီးသည်နှင့် ခြေရင်းဘက်ရှိ စောမောင်က ထုပ်ထားသော ပိတ်စကို အရင်းကနေဆွဲချွတ်သည်။ ထွန်းထားသော မီးရောင်နှင့် မြင်လိုက်ရသည်က …

“ ဝိုး … ရေရေလည်လည် လှတယ်ဟေ့ … ”

“ ရှယ်လေးပဲ .. ”

“ ဒီညတော့ ငမိုးတို့ ထောပြီ .. ”

လူသုံးယောက်၏ စကားသံက မတူညီသော်လဲ အဓိပ္ပါယ်ကမူ တစ်မျိုးထဲ ထွက်နေသည်။ သုံးယောက်စလုံး၏ အကြည့်က ကိုယ်ကိုတွန့်ကာ ရုန်းနေသော စားပွဲပေါ်က အမျိုးသမီးဆီမှာ ရှိနေသည်။ ဘယ်ဘက်ကိုစောင်းကာ ကုန်းရုန်းထမလို ပြုသော အမျိုးသမီးကြောင့် သူမ၏ မျက်နှာကို သီဟ မြင်လိုက်ရသည်။ သူ့အထင် မမှားပါ။ ပိုစတာထဲမှ ဆပ်ကပ်မယ်ဖြစ်သည်။

“ အသည်းလေးက ဘယ်သွားမလို့လဲ … ဟီး .. ဟီး … ”

“ အီး .. ဝူး .. ဝူး… ”

ဆပ်ကပ်မယ် မထနိုင်ပါ။ ခေါင်းရင်းဘက်ရှိလူက သူမခေါင်းကို ဆွဲ၍ ပြန်ဖိချသည်။ မုဒိန်းကောင်တွေသည် သူမကို ရိုးရိုးတန်းတန်း ဖမ်းလာခဲ့သည့်မှမဟုတ်။ လက်ကိုကြိုးနှင့်တုပ်ထားယုံမက ပါးစပ်ကိုလဲ အဝတ်စတစ်ခုနှင့် ထိုထည့်ပြီး ဆို့ထားသည်။ ထို့ကြောင့် သူမဆီမှ ဝူးဝူးဝါးဝါး အသံတွေသာထွက်နေခြင်း ဖြစ်သည်။

“ ဗလကြီး … ပါးစပ်ထဲက အစကို ဖယ်ပေးလိုက်စမ်းပါကွာ … အသည်းလေးရဲ့တီတီတာတာ စကားသံကို မကြားရဘူးကွ … ဟား … ဟား … ”

“ စောမောင် .. မင်း အရစ်ရှည်မနေနဲ့ … ငါက ဒီမှာကြည့်ပြီး စိတ်မထိန်းနိုင်တော့ဘူး … ကောင်မအထဲမှာ ဘာမှခံမထားဘူးကွ ..  ”

“ ဟုတ်လား .. မှန်းစမ်း .. ”

ငမိုးဆိုသောလူ ပြောတာ ဟုတ်သည်။ ဆပ်ကပ်မယ်သည် ညအိပ်အင်္ကျ ီလိုမျိုး အပေါ်အောက် တဆက်တည်း ဂါဝန်ရှည်ကို ဝတ်ထားသည်။ အိတ်ထဲမှ လွတ်လွတ်ချင်း သူမက ရုန်းကန်နေသဖြင့် ဂါဝန်အောက်နားက ပေါင်ရင်းထိ လိပ်တက်နေသည်။ ဖြူဖွေးသွယ်လျသော ပေါင်တံနှစ်ချောင်းက မုဒိန်းကောင်တွေဖို့ သွားရည်ကျစရာပင်။ “မှန်းစမ်း“ ဆိုကာ လက်လှမ်းလိုက်သည့် စောမောင်၏ လက်က ပေါင်ခွကြားဆီသို့ တန်းရောက်သည်။ ဆပ်ကပ်မယ်၏ တကိုယ်လုံး တုန်ခါသွားပြီး စားပွဲပေါ်က ပြုတ်ကျမတတ်ရုန်းသည်။

“ ဟေ့ .. ဟေ့ … မရုန်းနဲ့လေ .. ”

“ ဗလကြီး .. အဝတ်စကို ဖယ်ထုတ်လိုက်စမ်းကွာ … တဝူးဝူးနဲ့ ဘာပြောချင်နေမှန်း မသိဘူး …ဒီကောင်မ ငါတို့လက်ထဲကမလွတ်ပါဘူး .. ”

စောမောင်ပြောသည့်အတိုင်း ဗလကြီးက ပါးစပ်ထဲရှိ အဝတ်စကို ထုတ်ပေးသည်။ ဒါကိုတော့ ဆပ်ကပ်မယ်က မရုန်း။ အသာတကြည်နှင့်ပင် ငြိမ်ကာခံသည်။ အဝတ်စကျွတ်သွားသည်နှင့် ..

“ ရှင်တို့တွေ … ကျမကို အခုချက်ချင်းလွှတ်စမ်း … ”

အမျိုးသမီး၏ စကားသံက ကြောက်လန့်တုန်ရင်မှုမရှိပဲ လေသံမှန်မှန်နှင့် ဖြစ်သည်။ တည်ငြိမ်အေးစက်လွန်းသော သူမအပြုအမူကြောင့် မုဒိန်းကောင်တွေ ကြောင်တောင်တောင်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။ ပြီးမှ တိုင်ပင်မထားပဲ …

“ ဟား .. ဟား .. ဟား .. ”

“ ဟီး .. ဟီး .. ဟီး .. ”

“ ငမိုးကြားလား … အသည်းလေးက သူ့ကိုလွှတ်တဲ့ … ဟား .. ဟား .. ”

လူဆိုးသုံးယောက် သူမကို ဟားတိုက်ကာ ရယ်နေပေမယ့် ဆပ်ကပ်မယ်ကတော့ အမူအယာမပျက်ပါ။ အားလုံးထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသော စောမောင်ကိုသာ ခပ်စိမ်းစိမ်း စိုက်ကြည့်နေသည်။ ကျောချမ်းဖွယ်ကောင်းသော ထိုအကြည့်တွင် စောမောင်မပြောနှင့် ဝင်ကူဖို့ သေနတ်ကိုထုတ်ကိုင်ထားသော သီဟပင် ထိတ်လန့်သလိုဖြစ်သည်။ မဆီမဆိုင် ကြက်သီးမွေးညင်းများတောင် ထလာသည်။

“ ကောင်မ .. နင် ငါ့ကို ဘယ်လိုကြည့်နေတာလဲ … သေချင်လို့လား .. ဟာကွာ .. ကြာတယ် .. ဗလကြီး မရုန်းနိုင်အောင် လက်ကိုမင်းဘက် ဆွဲထားလိုက် .. ငါအရင်  -ိုး မယ် .. ”

ဘေးနားရှိ ငမိုးကို တွန်းထုတ်လိုက်ပြီး စောမောင်ဆပ်ကပ်မယ်၏ ခြေထောက်နှစ်ချောင်းကို အရင်းကကိုင်သည်။ ခြေကျင်းဝတ်ကို မိမိရရဆွဲကိုင်ပြီး ကားလိုက်သည်တွင် ပေါင်တံနှစ်ချောင်းက ကားထွက်သည်။ ဒီလိုအနေအထားတွင် ပေါင်ရင်းထိ လိပ်တက်နေသော ဂါဝန်က ဘာကိုမှ ဖုံးမထားနိုင်တော့။ အမွေးပါးပါးနှင့် ဖောင်းဖောင်းမို့မို့ဆီးခုံက အထင်းသားဖြစ်သည်။ လည်ချောင်းတလျှောက်တက်လာသော တံတွေးကို စောမောင် ဂလုခနဲမြည်အောင် မျိုချလိုက်ပြီး သူ့ဘောင်းဘီကို ချွတ်ဖို့ပြင်သည်။ ထိုအချိန်မှာပင် ထင်မှတ်မထားသော အသံတစ်ခုကို ဆပ်ကပ်မယ်ဆီမှ ကြားရသည်။ ဘယ်လိုဘာသာမှန်း မသိသော အသံမျိုးဖြစ်ပြီး သူမ၏ နှုတ်ခမ်းလှုပ်ပုံအရတစ်ခုခုကို ရေရွတ်သလိုဖြစ်သည်။ ငမိုးရော၊ ဗလကြီးပါ တအံ့တသြနှင့် ကြည့်မိစဉ်တွင် စောမောင်၏ ကိုယ်သည် နတ်ပူးသလိုပင် တုန်တုန်ရင်ရင်ဖြစ်သည်။ မျက်နှာတစ်ခုလုံးက ဝေဒနာတစ်ခုကို အသည်းအသန်ခံစားနေရဟန် ရှုံ့မဲ့တက်သည်။ ဆပ်ကပ်မယ်၏ ရေရွတ်သံက ပိုပိုကျယ်လာပြီး ရုတ်ချည်းဆိုသလို ကျိန်းမောင်းသံလိုလို အသွင်ပြောင်းသည်။ ငမိုးတို့သာမက ချောင်းကြည့်နေသူ သီဟပင် “ဟာ ”ခနဲဖြစ်သည်။ စောမောင်၏ ကိုယ်သည် မမြင်ရသောအရာတစ်ခုက မဆွဲလိုက်သလို အိမ်ကြမ်းပြင်ကနေ ကြွသည်။

ငမိုးရော၊ ဗလကြီးပါ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သည်။ မျက်ဖြူလန်ကာ အကြောဆွဲသလိုဖြစ်နေသော စောမောင်ကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ။ နောက်ထပ်မိနစ်အနည်းငယ်သာ ကြာလျှင် စောမောင်တစ်ယောက် ဘဝပြောင်းဖု့ိ သေချာသလောက်ရှိသည်။ အရင်ဆုံး သတိဝင်လာသူက ခေါင်းရင်းဘက်ရှိ ဗလကြီး။ ခါးနောက်က တစ်စုံတစ်ခုကို လက်ပြန်နှိုက်သည်။ ဖွေးခနဲလက်ပြီး ဓါးမြှောင်တစ်ချောင်းက လက်ထဲရောက်လာသည်။

“ ကောင်မ .. နင့် လည်မပြတ်ချင်ရင် .. ရွတ်နေတာ ရပ်စမ်း .. အခုရပ် !!! … ”

လည်မျိုပေါ်ရောက်လာသော ဓါးသွားကြောင့် ဆပ်ကပ်မယ် ရွတ်ဆိုနေမှုကို ရပ်လိုက်ရသည်။ ကြမ်းပြင်ကနေ နှစ်တောင်နီးပါးခန့် လွတ်ကာလေထဲရောက်နေသည့် စောမောင် ဝုန်းခနဲပြုတ်ကျသည်။ ပုံပျက်ပန်းပျက် ဖြစ်နေသော စောမောင်အား ငမိုး ကမန်းကတမ်း ကုန်း၍ပွေ့ထူသည်။ တဆက်တည်း စားပွဲခြေရင်းတွင် ပုံကချထားသော ကချင်ဓါးလိုမျိုး ဓါးကို ကောက်ဆွဲသည်။

“ သောက်ကောင်မ … ဒီဟာမ အောက်လမ်းအတတ်တွေ တတ်တယ် … တွေ့ .. တွေ့ကြသေးတာပေါ့ .. နင့်ကို လှိမ့်နေအောင်  -ိုး ပစ်မယ် .. ဟင်း .. ”

စောမောင်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် မျက်နှာပြင်တစ်ခုလုံးက ကြောက်စရာကောင်းအောင် နီရဲတက်နေသည်။ ကောင်းကောင်းမတ်တပ် ပြန်ရပ်နိုင်သည်နှင့် ငမိုးကို တွန်းထုတ်သည်။ ချက်ချင်း ဘောင်းဘီကို အောက်သို့တွန်းချပြီး ဆပ်ကပ်မယ်၏ ပေါင်တံနှစ်ချောင်းကြား နေရာယူသည်။ ပက်လက်ဖြစ်နေသူ ဆပ်ကပ်မယ် ရုန်းဖို့ကြိုးစားသည်။ သို့သော် လည်ပင်းပေါ်ရှိ ဓါးသွားကြောင့် သူမ မလှုပ်နိုင်။ ရေတိမ်မှာ နစ်ရမည့်ကိန်းပင်။

သီဟ ဒီထက်စောင့်နေလို့ မဖြစ်တော့ပြီဆိုတာ သိသည်။ လောလောဆယ် လည်မျိုကို ဓါးနှင့်ဖိထားသော ဗလကြီးက ပိုအရေးကြီးသည်မို့ သူ့သေနတ်ပြောင်းအား ဗလကြီး၏ နဖူးဆီသို့ ချိန်လိုက်သည်။

“ ဒိုင်း .. ”

နဖူးတွင် အပေါက်ကလေးဖြစ်ပြီး အသက်မဲ့သွားသော ဗလကြီး၏ ကိုယ်က ရှေ့သို့ငိုက်၍ ပြုတ်ကျသည်။

“ ဟ .. ဘာလဲဟ .. ”

လီးတန်းလန်းနှင့်စောမောင်ရော၊ ဘေးကငမိုးပါ အကြောင်သားလေး ဖြစ်နေသည်။ စက္ကန့်ပိုင်းလောက်မျှသော ထိုအချိန်ကို အပြည့်အ၀ အသုံးချသူက သီဟနှင့် ဆပ်ကပ်မယ်။ လည်မျိုပေါ်ကဓါးလွတ်သွားသည်နှင့် ဗလကြီးလက်မှ ဆွဲယူ၍ ဆပ်ကပ်မယ် စားပွဲပေါ်မှ လှိမ့်ဆင်းသည်။ တပြိုင်တည်းလိုလို သီဟက ပြတင်းပေါက်တံခါးကို ဆွဲဖွင့်ပြီး အထဲသို့ ခုန်ဝင်လိုက်သည်။

သို့သော် စောမောင်နှင့် ငမိုးက အချဉ်မဟုတ်ပါ။ ဝါရင့်လူဆိုးများ ဖြစ်သည်နှင့်အညီ အခြေအနေကို ရိပ်မိသည်။ သီဟလက်က သေနတ်ပြောင်းက သူတို့ဘက်လှည့်မလာခင် ငမိုးက ကိုင်ထားသောဓါးဖြင့် သူ့ကို လှမ်းခုတ်သည်။ “ဒိုင်း“ ခနဲ သီဟ ပစ္စတိုက မီးပွင့်သည်။ သို့သော် ပြတင်းပေါက်က ခုန်ဝင်လာသည့် အရှိန်နှင့် ဟန်ချက်ပျက်နေသဖြင့် ကျည်ဆံက ငမိုးကို မထိ။ သူ့လည်ပင်းဆီ ဝီးခနဲ ရောက်လာသော ဓါးကိုသာ လွတ်အောင် ရှောင်ပေးလိုက်ရသည်။ ငမိုးက လည်သည်။ သီဟကို ဓါးနှင့်အဆက်မပြတ်ခုတ်သည်။ သီဟ ပစ္စတိုကို သုံးလို့မရတော့။

တစ်ဖက်တွင်လဲ ဆပ်ကပ်မယ်နှင့် စောမောင်က သူသေကိုယ်သေ သတ်ပုတ်နေကြသည်။ စောမောင်လက်ထဲတွင် ငမိုးနည်းတူ ကချင်ဓါးပုံစံ ဓါးတစ်လက်ရောက်နေပြီး၊ ဆပ်ကပ်မယ်ကတော့ ဗလကြီးဆီကရသော ဓါးမြောင်နှင့် ဖြစ်သည်။ လက်နက်ချင်း ယှဉ်လိုက်လျှင် စောမောင်၏ ဓါးက အလျားရှည်သဖြင့် ဆပ်ကပ်မယ် အခက်တွေ့နေသည်။ တဖြေးဖြေးနှင့် ဓါးလွတ်အောင် ရှောင်ရင်း သူမ ချောင်ကပ်မိသွားသည်။

“ ကောင်မ .. နင် ဘယ်ပြေးမလဲ .. သေပေတော့ .. ”

ငမိုးနှင့် လူချင်းလုံးနေရင်းမှ ဆပ်ကပ်မယ်၏ အဖြစ်ကို သီဟ လှမ်းမြင်သည်။ ကူညီချင်ပေမယ့် သူ့ခေါင်းပေါ်သို့ ဖိချလာသော ဓါးကို လက်နှင့်တင်းတင်းဆုပ်ကာ တောင့်ခံထားရသဖြင့် မကယ်နိုင်။ ဆပ်ကပ်မယ်ကိုသာ စိုးရိမ်တကြီး ကြည့်နေမိသည်။ သူကြည့်နေစဉ်တွင် ဆပ်ကပ်မယ် နှုတ်က တစ်ခုခုကို ရွတ်လိုက်သံ ကြားရသည်။

“ အား … ”

စောမောင်၏ ထိတ်လန့်တကြားအော်လိုက်သည့် အသံနက်ကြီးအပြင် မထင်ထားသည့် အဖြစ်ကြောင့် လူချင်းပူးနေသူ သီဟရော၊ ငမိုးပါ ခေတ္တခဏမျှ သူတို့အဖြစ်ကို မေ့သွားသည်။ စားပွဲပေါ်တွင် မှောက်ကာ အသက်ပျောက်နေသူ ဗလကြီး၏ ကိုယ်က ရုတ်ချည်းကြွတက်လာပြီး စောမောင်ကို နောက်ကနေ ပြေးဖက်သောကြောင့်ဖြစ်သည်။ စောမောင်တစ်ယောက် ဟန်ချက်ပျက်ပြီး ရှေ့ကိုယိုင်ထိုးသွားချိန်တွင် ဆပ်ကပ်မယ်လက်က ဓါးက သူ့ဗိုက်ထဲတိုးဝင်သွားသည်။

“ ဗလကြီး .. မင်း .. မင်း !!! … ”

“ ဒိုင်း .. ”

သီဟက မြန်သည်။ ငမိုးလက်ရှိ ဖိအား တဒင်္ဂလျော့သွားမှုကို အခွင့်ကောင်းယူ၍ ပစ္စတိုပြောင်းကို ရအောင်လှည့်သည်။ ငမိုး မေးအောက်တွင် အပေါက်ကြီးဖြစ်သွားသည်။ လူဆိုးတွေ အားလုံး အသက်ပျောက်သွားချေပြီ …။

“ ကျေးဇူးပဲ .. ကျမကို ကယ်တဲ့အတွက် .. ”

“ ရ .. ရပါတယ် … ဒါနဲ့ ခင်ဗျားက ဘာလဲ … ”

သီဟ ဗုန်းခနဲ ပြန်လဲကျသွားသော ဗလကြီးကို ကြည့်ပြီး အံ့သြစိတ်ကို မျိုသိပ်မထားနိုင်။ ဆပ်ကပ်မယ်က ..

“ ကျမ နာမည်က စီစီဟန်.. ဒါပေမယ့် စီစီလို့ပဲ ခေါ်ပါ .. စီစီတို့ ဒီနေရာကနေ သွားရင်ကောင်းမယ် .. ”

“ ဟုတ်တယ် .. သွားမှ ဖြစ်မယ် .. တော်ကြာနေ ကျနော့်သေနတ်သံကြောင့် လူတွေ ရောက်လာလိမ့်မယ် .. ဒါနဲ့ ဒီလူက တကယ်သေသွားတာနော် .. ”

“ တကယ်သေသွားတာပါ .. လမ်းရောက်မှ စီစီ ရှင်းပြမယ် .. လာသွားစို့ သီဟ .. ”

“ ဗျာ … ”

သီဟ ပါးစပ်အဟောင်းသားဖြစ်သည်။ စီစီက သူ့နာမည်ကို တန်းခေါ်လိုက်သည့်အတွက်။ သူမ နောက်မှ ကပ်လိုက်လာရင်း ..

“ ခင်ဗျားက … ကျနော့်နာမည်ကို သိနေတယ် .. ”

“ သီဟကလဲ .. ခင်ဗျား ခင်ဗျားနဲ့ .. စီစီနာမည်ကို စီစီလို့ ပြောထားတာကို .. နာမည်သိနေတာအတွက်တော့ အံ့သြမနေနဲ့ .. နောက်ရက်ပိုင်းအတွင်းသီဟနာမည်ကို ဒီမှာရှိတဲ့ လူတိုင်း သိလာကြမှာ .. ”

မဟုတ်တော့။ ဒီအမျိုးသမီး ပုံစံက ထူးခြားနေသည်။ ရှေ့ကခပ်သုတ်သုတ်သွားနေသူ သူမနှင့် မှီအောင် လိုက်လာရင်း စီစီကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ လင်းသဒ္ဒါလိုမျိုး ဝံပုလွေနားရွက်မရှိ။ ကလျာဏီလိုလဲ အသားအရည်က ထူးခြားမနေ။ လူမှန်းတော့ သေချာပါသည်။ လူတောင်မှ တော်တော်လှသည့် လူမလေးဖြစ်သည်။ ည၏အလင်းရောင်က မသဲကွဲသည့်တိုင် ဂါဝန်ပါးပါး၏အောက်မှ အမို့အဝန်းတွေကို မြင်နိုင်၏။ ကြည့်နေရင်းမှ သီဟ စိတ်ထဲတွင် ဖြတ်ခနဲ ဗလကြီး၏ ပုံစံကို ပြေးမြင်သည်။ ကျောချမ်းသလို ဖြစ်သွားပြီး ခြေလှမ်းကို ရပ်လိုက်သည်။ မပြေးယုံတမယ် လျှောက်နေသူ စီစီ တော်တော်လေးလွန်သွားပြီးမှ သီဟ ပါမလာမှန်းသိသည်။

“ ကဲ .. မစီစီ … ခင်ဗျားတစ်ယောက်ထဲ ပြန်လို့ဖြစ်တယ်ဆိုရင် .. ကျနော်တို့ ဒီကနေပဲ လမ်းခွဲကြရအောင် .. ကျနော့်အဖော်တွေ စိတ်ပူနေမှာစိုးတယ် ..“

“ ဟိုနဂါးမနဲ့ ဝံပုလွေမ စိတ်ပူနေမှာကို ပြောတာလား .. သီဟ .. ”

“ အင်း .. ဆိုပါတော့ .. ”

“ ဒါဆိုလဲ ရတယ် .. စီစီက ယမရာဇာနဲ့ ပတ်သက်တဲ့ သတင်းကိုပြောမလို့ … ”

“ ဗျာ !!!  .. ဘာ သတင်းလဲ .. ”

“ သိချင် လိုက်ခဲ့လေ .. လမ်းမကြီးမှာတော့ မပြောချင်ဘူး .. ”

ပြောပြီးသည်နှင့် စီစီက လှည့်ထွက်သည်။ ချီတုံချတုံဖြစ်ကာ သီဟ ကျန်ခဲ့သည်။ ယမရာဇာ၏ သတင်းဆိုသည်က သူ့စိတ်ကို ဖမ်းစားထားသည်။ ယမရာဇာအကြောင်း တကယ်ဆို သူဘာမှ သေချာမသိသေး။ စီစီက သူ့ကို ဘာပြောပြနိုင်မှာလဲ။ သီဟ ကြာကြာမတွေးနိုင်အားပါ။ ယမရာဇာနှင့်ပတ်သက်လျှင် သူကအမှောင်ထဲရောက်နေသူမို့ လမ်းစတစ်ခုပေါ်လာသည့်နောက် လိုက်ဖို့ပြင်သည်။

“ စီစီ .. နေဦး … အခု ဘယ်ကို သွားကြမှာလဲ .. ”

“ စီစီတဲကိုလေ .. ဟိုလူတွေက စီစီအိပ်နေတုန်း ဖမ်းခေါ်လာတာ … သေမင်းကိုပင့်လာကြမှန်း မသိဘူး ဖြစ်သွားတယ် .. ဟင်း.. ဟင်း.. ”

ထို့နောက်တွင် စီစီက စကားထပ်မပြောတော့ပဲ ရှေ့ကနေ ဦးဆောင်ကာသွားသည်။ ဖျော်ဖြေပွဲကျင်းပရာကွင်းထဲသို့ ပြန်ရောက်လာကြသည်။ ထိုကွင်းကိုဖြတ်လာပြီးသောအခါ နောက်ဘက်တွင် မြင်းဇောင်းတစ်ခုတွေ့ရပြီး၊ ထိုမြင်းဇောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရွက်ဖျင်တဲများ ထိုးထားသည်ကို တွေ့ရသည်။ ထိုတဲများထဲမှာ အစွန်ဘက်ခြမ်းရှိ တဲတစ်လုံးက စီစီ၏ တဲဖြစ်သည်။ ရွက်ဖျင်တဲ၏ အနားစတစ်ခုကိုဆွဲ၍ စီစီက အထဲကို ဝင်သည်။ သီဟ လိုက်ဝင်လာချိန်တွင် သူမက တဲအမိုးတွင် ချိတ်ထားသော မီးအုပ်ဆောင်းကို လှပ်ကာ မီးထွန်းလိုက်သည်။ လင်းထိန်သွားသော မီးရောင်ကြောင့် တဲထဲကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ ထင်မှတ်မထားပဲ တဲ၏ အပြင်အဆင်က ခမ်းနားလှသည်။ တဲ၏အခင်းက သီဟတို့ဆီမှာဆို ပါရှန်းပြည်ဖြစ်လို့ ပြောလို့ရသော အကောင်းစားကော်ဇောဖြစ်သည်။ ရွက်ဖျင်တဲ၏ ထောင့်များတွင်တော့ အရောင်အသွေးစုံသော သေတ္တာများရှိနေပြီး ထိုသေတ္တာများပေါ်တွင် သေရည်ခွက်လိုမျိုး ကြေးခွက်များရှိသည်။ စီစီ၏ တဲသည် ရှေးဟောင်းပစ္စည်းများသိမ်ထားရာ စတိုခန်းတစ်ခုလိုနှင့် တူလှသည်။

“ စီစီ .. ခင်ဗျားက ဘယ်သူလဲ .. ဆပ်ကပ်မယ်ပဲလား .. ”

“ သီဟ .. ဟိုအိမ်မှာတုန်းက လူယုတ်မာကောင်ပြောတဲ့ စကားကို ကြားတယ်မှတ်လား .. ”

“ ဟင် .. ဒါဆို … ခင်ဗျားက အောက် .. လမ်း .. ”

“ အောက်လမ်းလို့ မပြောပါနဲ့ .. ဒါတွေက မလိုတမာတဲ့လူတွေက သုံးကြတာပါ .. စီစီက necromancer .. “

“ အဲဒါ ဘာလဲ .. ”

“ သီဟ နားလည်အောင် ပြောရရင်  စီစီရဲ့ပညာက ဝိညာဉ်တွေနဲ့အဆက်အသွယ်ရှိတဲ့ ပညာပါ .. အကြားအမြင်ရတာတော့ မဟုတ်ဘူး .. ပရလောကသားတွေကို စီစီတို့က အသုံးပြုနိုင်တာ .. ”

“ သြော် .. ဒါကြောင့် .. ခင်ဗျားက ဟိုလူသေသွားပေမယ့် အသက်ပြန်ရှင်လာအောင် လုပ်နိုင်တာကိုး .. ”

“ အဲဒီအကြောင်း ပြောရရင် မိုးလင်းသွားမယ် သီဟ ..  သီဟ သိချင်တယ်ဆိုရင်တော့ စီစီ ပြောပြဖို့ ဝင်မလေးပါဘူး .. ”

“ ဟာ … မလိုဘူး !! ... မပြောပြနဲ့ … ရတယ် .. ကျနော့်ကို ယမရာဇာအကြောင်းသာ ပြောပါ .. ”

“ လောလှချည်လား ရှင့် .. နေပါဦး .. စီစီက အလကားပြောပြမယ်လို့ ပြောခဲ့လို့လား .. ”

“ ဗျာ .. ကျနော့်မှာ ဘာမှပါမလာဘူး .. ည အိပ်မပျော်လို့ လမ်းလျှောက်ထွက်လာခဲ့တာ .. ဘာငွေမှ ပါမလာခဲ့ဘူး .. ”

“ အို .. သီဟကလဲ .. ဘယ်သူက ငွေလိုတယ်လို့ ပြောနေလို့လဲ .. စီစီရှင်းရှင်းပဲပြောမယ် .. စီစီတို့ပညာသည်တွေဟာ လူတွေနဲ့ရင်းရင်းနှီးနှီးနေခွင့်မရှိဘူး .. အဲဒီအတွက်ကြောင့် စီစီအနားမှာ ဘယ်ယောကျ်ားမှ ရှိမနေတာတော်တော်ကြာပြီ … အဲဒီတော့ သီဟ စီစီလိုအပ်နေတာတွေ ဖြည့်ဆည်းပေး .. စီစီက ယမရာဇာရဲ့အကြောင်းကို ပြောပေးမယ် .. ဘယ်လိုလဲ .. ”

စီစီ ဒီလိုပြောလိမ့်မည်ဟု သီဟ လုံးဝမျှော်လင့်မထား။ သူမပြောသည့်စကားတွေကို နားလည်သလိုရှိသလို၊ နားမလည်သလိုလိုလဲရှိသည်။ သေချာအောင်တော့ မေးမှဖြစ်မည်။

“ စီစီပြောနေတာ .. ကျနော်က စီစီကို .. ဟို .. ဟို .. ”

“ ဟိုလိုလို ဒီလိုလိုတွေ လုပ်မနေပါနဲ့ … စီစီ ရှင်းရှင်းပဲပြောမယ် .. ဟောဒီက အိပ်ယာပေါ်မှာ စီစီပက်လက်လှန်ပြီး ပေါင်ကားပေးထားမယ် .. စီစီပါးစပ်က အားရပါးရ ကျေကျေနပ်နပ်အော်ညည်းတဲ့အထိ သီဟ စီစီကို -ိုးပေး .. ရှင်းတယ်ဟုတ် .. ”

“ ဟိုက် !!!! .. ”

ရှင်းသည်။ ရှင်းတာမှ သူ့ထက်ရှင်းတာတောင် သူ့လောက်မရှင်းဟု ပြောရမည်။ သီဟ ရုတ်တရက်တော့ ဘာလုပ်ရမှန်းမသိ။ တဒင်္ဂအချိန်လေးအတွင်းမှာ သူ့အတွေးတွေက လင်းသဒ္ဒါနှင့် ကလျာဏီဆီ ပြန်ရောက်သွားသည်။ သူတို့သာ ဒီအကြောင်းတွေသိလျှင် ဘယ်တွေဖြစ်ကုန်မလဲ မသိ။ သို့သော် ထိုအတွေးတွေက သူ့မျက်စိရှေ့မှ မြင်ကွင်းကြောင့် ပီပီပြင်ပြင်ဖြစ်မလာပဲ ဆပ်ပြာဖူးပေါင်းလိုပင် ဖောက်ခနဲ ပျောက်ကွယ်သည်။

စီစီဟန်က ဂါဝန်ရှည်၏ကြိုးစကို ပုခုံးတစ်ဖက်ချင်းမှ ဆွဲချွတ်လိုက်၍ ဖြစ်သည်။ သီဟ မြင်းရိုင်းကပွဲကတည်းက စီစီဟန်ကို မိန်းမချောတစ်ယောက်ဟု သိထားခဲ့သည်။ အခုလို အဝတ်ဗလာနှင့် အနီးကပ်မြင်လိုက်ရသောအခါ စီစီဟန်ကို မိန်းမချောဟုပြောတာထက် “စင်းလုံးချော“ဟု ပြောတာက ပိုသင့်တော်မည်ဟု ထင်မြင်မိသည်။ ဝင်းဝါပြည့်တင်းသောအသားအရည်တွင် လက်ဖက်ရည်ပန်းကန်အကြီးစားအရွယ်လောက်ရှိသော နို့နှစ်လုံးက တင်းတင်းချွန်ချွန်လေးထွက်နေသည်။ ထိုအောက်တွင် ဝမ်းဗိုက်သားလေးက ချပ်ချပ်ရပ်ရပ်ရှိလှပြီး ခါးလေးကမူ သေးကျဉ်လှသည်။ ထွာဆိုင်မျှသော ခါး၏ အောက်ရှိ တြိဂံပုံနေရာလေးတွင် အဖုတ်ဖောင်းဖောင်းလေးက အမွှေးခပ်ရေးရေးနှင့် ချစ်စဖွယ်ရှိနေသည်။ ပေါင်တံတွေကမူ စောမောင်တို့အိမ်ထဲမှာကတည်းက မြင်ခဲ့ရသည်မို့ အထူးပြောစရာမလိုတော့။ ချောမောလှသည့် မျက်နှာသွယ်သွယ်လေးပါ ထည့်ပေါင်းထည့်လိုက်လျှင် စီစီသည် ဘယ်လိုမှ ငြင်းရက်စရာမရှိသော မိန်းမချောလေးပင် ..။

“ မိန်းမ အချောလေးတစ်ယောက်နဲ့ ချစ်ခွင့်ရပြီး ကိုယ့်ရန်သူအကြောင်းသိခွင့်ရမှာလောက် ကောင်းတဲ့ ကမ်းလှမ်းချက်ရှိလို့လား သီဟရယ် .. ဇီဇာကြောင် မနေစမ်းပါနဲ့ .. ”

သီဟမှာ ရွေးချယ်စရာလမ်း မရှိတော့ပါ။ ယမရာဇာနှင့် ပတ်သက်သောသတင်းကို သူကအရအမိ လိုချင်နေသည်မဟုတ်လား။ သက်ပြင်းတစ်ချက်ကို ချရင်း သူ့အင်္ကျ ီကြယ်သီးများကို စဖြုတ်သည်။

“ ဒါနဲ့ .. ခင်ဗျားက ယမရာဇာနဲ့ ပတ်သက်ပြီး ဘယ်လောက်ပြောပြနိုင်မှာလဲ .. ”

“ အဲဒါကတော့ သီဟရဲ့စွမ်းဆောင်ရည်ပေါ် မူတည်မှာပေါ့ .. ”

သီဟ ထပ်မပြောတော့။ ဘောင်းဘီကို ချွတ်ချလိုက်ပြီးသည်နှင့် အိပ်ယာပေါ်တွင် သူမပြောခဲ့သည့်အတိုင်း ပေါင်တံနှစ်ချောင်းကို ကားပေးလျှက်အသင့်ရှိနေသော စီစီဆီသို့ တစ်လှမ်းချင်း တိုးလာခဲ့သည်။ စီစီ ပုံစံက ဖိတ်ခေါ်သည့်အသွင်ဖြစ်နေယုံမက မျက်နှာလေးကလဲ မခို့တယို့နှင့် သီဟကို ကြည့်နေသည်။ တဲခေါင်မိုး၌ ထွန်းထားသောမီးရောင်ကဖြာကြနေသဖြင့် သူမ၏ ရှိုက်ဖိုကြီးငယ်တွေကို မြင်နေရရာ သီဟတစ်ယောက် ဘယ်လိုမှ စိတ်မတက်ကြွပဲ မနေနိုင်။ လိင်တံက တဖြည်းဖြည်း မတ်ထောင်လာသည်။

“ သီဟ လက်နှေးမနေနဲ့နော် … တော်တော်လေးကြာရင် မိုးလင်းလာတော့မှာ .. သူများတွေမနိုးခင် ကိစ္စပြီးတာ စီစီတို့အတွက် ပိုကောင်းမယ်နဲ့တူတယ် .. ”

စီစီစကားက သူမတကိုယ်လုံးကို မျက်စိကစားနေသော သီဟအား တပ်လှန့်သလိုဖြစ်စေသည်။ ချက်ချင်း ပေါင်တံနှစ်ချောင်းကြားတွင် ဒူးထောက်ထိုင်လိုက်ပြီး သူ့လက်က ပေါင်တွင်းသား ဝင်းဝင်းလေးတွေကို ပွတ်သည်။ စီစီနှုတ်က ကျေနပ်သွားသည့်ဟန်နှင့် ညည်းသံသဲ့သဲ့ထွက်ပြီး သီဟ ဝင်လာလို့ရအောင် ပို၍ ကားထုတ်ပေးသည်။ သူမထင်ထားသည်က သီဟကိုယ်ကိုရွှေ့ကာ ရှေ့ဆက်တိုးမည်ကို။ သို့သော် သီဟက သူမခြေဖျားပိုင်းတွင် ထိုင်နေရာမှ ခေါင်းကိုငုံ့ချသည်။ ဘာဖြစ်မည်ဆိုတာ စီစီ ထပ်၍ ခန့်မှန်းနေစရာမလို။ သီဟလျှာက သူမအကွဲကြောင်းလေးပေါ် ရောက်လာသည်တွင် ပေါင်ကြားရောက်နေသောခေါင်းကို အုပ်ကိုင်မိပြီးသားဖြစ်သည်။

“ အိုး .. ရှီး .. ရှီး .. ”

စီစီ ကိုယ်ကလေး ကော့လန့်ကာတက်သည်။ ဘယ်ဘက်လက်နှင့်သာ နောက်သို့အထောက်မမြန်လျှင် သူမ အိပ်ယာပေါ်သို့ ပစ်ကျမှာသေချာသည်။ အကွဲကြောင်းထိပ်မှ အစိလေးကို လျှာဖျားနှင့်အထိုးခံရသော အရသာက အသည်းခိုက်အောင် ကောင်းလွန်းလှသည်။ ယောင်ယမ်း၍ ကားထားသည့် ပေါင်တံတွေက သီဟခေါင်းကို ဖိညှပ်သည်။ ဒါတွင်မက ခေါင်းကိုင်ထားသောညာဘက်လက်ကလဲ သီဟ ခေါင်းကို ချုပ်ထားရင်းထပ်ဖိချသည်။ သီဟ အခြေအနေကို သဘောပေါက်သည်။ ကလျာဏီတုန်းကတည်းက အောက်စီဂျင်ပြတ်မတတ်ခံလိုက်ရပြီးပြီမို့ စီစီနှင့် ဒီလိုအဖြစ်မျိုးထပ်မကြုံချင်။ အကွဲကြောင်းတလျှောက် မြန်မြန်ဆန်ဆန်လျက်ပေးပြီးသည်နှင့် သူ့လျှာကို အပေါ်ပိုင်းသို့ တစတစ ဆွဲခေါ်သည်။ တော်သေးသည်။ စီစီကလဲ အဖုတ်ကို လျက်ပေးဖို့ အသည်းအသန် တောင်းဆိုမနေသဖြင့် သက်သာရာရသည်။

သီဟလျှာက နို့သီးလေးတစ်ခုပေါ်ရောက်လာသည်။ နံနက်ပိုင်းကို ကူးပြောင်းစမို့ အအေးဓါတ်ကကြီးစိုးထားလေရာ နို့တစ်ဖက် မိမိရရအစို့ခံရသည်တွင် စီစီကိုယ်ကလေးတုန်ကာတက်သည်။ ချမ်းလို့ပဲလား၊ ဒါမှမဟုတ် အရသာတွေ့လို့ပဲလားတော့ မသိ၊ နှုတ်ခမ်းဖျားလေးတွေစုကာ တရှီးရှီး  ညည်းလျက်ရှိသည်။ နို့အုံအိအိလေးတွေကို စို့ပေးရတာကောင်းပေမယ့် သီဟ အကြာကြီး အချိန်ဖြုန်းမနေပါ။ အဓိကက အဓိကပဲမို့ စီစီလည်တိုင်ကျော့ကျော့လေးပေါ် သူ့လျှာနေရာရွှေ့သွားသည့်အချိန်တွင် လိင်တံကို အောက်ဖက်တွင်ထောက်၍ နေရာယူစေလိုက်သည်။ လူချင်းဖိကပ်သွားမှုကြောင့် စီစီကိုယ်ကလေးက အိပ်ယာပေါ်တွင် ပက်လက်ကလေး ဖြစ်သည်။ သီဟ ညာလက်ကို ပူးကပ်နေသော ဆီးစပ်နှစ်ခုကြား ထိုးနှိုက်ပြီး လိင်တံကို လမ်းကြောင်းမှန်ရောက်အောင် တေ့ပေးသည်။ နေရာကျပြီဆိုတာ သိလိုက်သည်နှင့် အထဲကို ဖိသွင်းသည်။

“ အိုး …  ”

“ အီး .. ”

သီဟတို့နှစ်ယောက်စလုံး ကိုယ်အသီးသီးတွင် တစ်နေရာစီက နွေးခနဲဖြစ်သွားသည်။ လိင်အင်္ဂါအချင်းချင်း ထိတွေ့မှုမှ ဖြစ်တည်လာသော အနွေးဓါတ်သည် တကိုယ်လုံးသို့ ပျံ့နှံ့သည်။ မျက်လုံးကိုယ်စီ မှိတ်ကျပြီး ရရှိလာသော ကာမအရသာတွင် အခိုက်အတန့်မျှ နစ်မျောပျော်ဝင်သည်။ ကောင်းလွန်းလှသည့် အရသာကြောင့်သီဟ လိင်တံကို ကော့၍ ထပ်ထိုးသည်။ လိင်တံက အတွင်းသားတွေကို ပွတ်တိုက်၍ တိုးဝင်သည်။ အတွင်းသားတွေက တစ်လက်မချင်း ကျူးကျော်လာသူကို နေရာဖယ်မပေးချင်သဖြင့် အတင်းဖျစ်ညှစ်၍ထားသည်။

“ အား .. ကောင်း တယ်ကွာ .. ”

“ ရှင်ကြီးပဲ ကောင်းမနေနဲ့ သီဟ .. စီစီကောင်းဖို့လဲ လုပ်ဦး .. ရှင်ရမယ့် သတင်းက ဘယ်အပေါ်မူတည်တယ်ဆိုတာ သိတယ်မှတ်လား … ”

အတွေ့နောက်မျောပါသွားသော သီဟ ဒီစကားကြားမှ အခြေအနေကို ပြန်သတိရသည်။ ဟုတ်သားပဲ။ သူက သူမကောင်းဖို့ လုပ်ရမှာလေ။ စီစီပေါ်က ကိုယ်ကိုကြွလိုက်ပြီး သူ့ကိုယ်၏ အနေအထားကိုပြင်သည်။ စီစီ၏ တင်ပါးနှစ်ဖက်ကို ကျကျနနဆုပ်ကိုင်ပြီးနောက် အားအရှိန်ပြင်းပြင်းနှင့် ဆောင့်ချသည်။ လိင်တံတချောင်းလုံး အရင်းထိတိုင်အောင် နစ်မြုပ်သွားပြီး အပြင်ဘက်တွင် ဂွေးဥနှစ်လုံးသာ ကျန်ခဲ့သည်။

သီဟ အချိန်ဖြုန်းမနေပါ။ စီစီနှုတ်ဖျားမှ ကျေကျေနပ်နပ်အော်ညည်းသံ ထွက်ကျလာမှ ဖြစ်မည်မို့ အင်းတိုက်အားတိုက်နှင့် ကြိုးစားသည်။ တအားဆောင့် -ိုး နေမှုကြောင့် အချိန်ခနအတွင်းမှာပင် သူ့ကိုယ်၌ ချွေးစေးများပြန်လာသည်။ တဖတ်ဖတ်နှင့် အသားချင်းရိုက်ခတ်သံများကလဲ တိတ်ဆိတ်နေသော တဲထဲတွင် မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လျက်ရှိသည်။ သူ့ကြိုးစားမှုက အရာထင်သည်ဟုပင် ဆိုရမည်။ အချက်ငါးဆယ်လောက် ဆောင့်ပြီးချိန်တွင် စီစီနှုတ်မှ ညည်းသံများက တစတစကျယ်လောင်လာသည်။

“ အာ .. အင့် … ကောင်းတယ် … အင့် .. ဆောင့် …. ဆောင့် .. နာနာလေး … အင့် .. ”

စီစီကို လုပ်ရသည်မှာ ကောင်းလှပေမယ့် သီဟ အပြင်ဘက်က အခြေအနေကိုလဲ မျက်ချည်မပြတ်ပါ။ တစတစ တဲနံရံများက လင်းသထက်လင်းလာသည်ကို သူမြင်နေရသည်။ သူ့အတွက် အချိန်သိပ်မကျန်တော့ပါ။ စီစီတစ်ယောက် အားရပါးရ အော်ညည်းနေသည့်တိုင် ဒီလောက်နှင့် မလုံလောက်သေးမှန်း သိသည်။ သူမ ကောင်းကောင်းကြီး ပြီးမှဖြစ်မည်။ သီဟ အကြံကုန် ဂဠုန်ဆားချက်ရတော့သည်။ ပေါင်တံတွေကို လက်တစ်ဖက်နှင့် ထိန်းကိုင်ထားရင်းမှ ကျန်သည့်လက်တစ်ဖက်ကို သူမဆီးစပ်ပေါ်သို့ ရွှေ့သည်။ လက်မကိုအောက်ဘက်သို့ လှည့်ကာကွေးလိုက်ပြီး အကွဲကြောင်းထိပ်က အစိလေးကို ခပ်ကြမ်းကြမ်းပွတ်သည်။

“ အားးးးးးးး .. သီဟ … ရှင် … ရှင် လူလည်မကျနဲ့ … မ .. မ တရားဘူး .. အားးးး… အင့် .. ”

“ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုတာ စီစီ မကြားဖူးဘူးလား .. ဟင်း … ဟင်း .. ”

စီစီကို တုံ့ပြန်ပြောနေသည့်တိုင် သီဟ အစေ့ကိုဖိကာ ပွတ်နေမှုကို မရပ်။ တအားကုန် ဆောင့်နေမှုကိုလဲ မချ။ စီစီ ဘယ်လိုခံနိုင်တော့မည်နည်း။ သူမခြေထောက်နှစ်ချောင်းက သီဟ၏ ခါးကိုတင်းတင်းချိတ်ထားလိုက်ရင်း “အီး“ခနဲ သံရှည်ဆွဲကာအော်၍ ကော့တက်သည်။ လက်နှစ်ဖက်ကမူ အိပ်ယာလိပ်စကို ကျစ်လိမ်အောင် ဆုပ်ဆွဲရင်း စီစီ ပြီးသွားရှာသည်။ စီစီပြီးဆုံးအောင် စောင့်နေရသောသီဟသည် သူမအထွတ်အထိပ်ရောက်သွားပြီဆိုတာ သိပြီမို့ ထိန်းထားဖို့ မလိုတော့ပါ။ သူ့ဦးနှောက်က ဒါကိုထောက်ပြလိုက်သည်နှင့် လိင်တံကချက်ချင်း နားလည်ပြီး အထဲကိုရောက်နေရာမှ ပြန်ထွက်မလာတော့။ ထွက်သွားသည်က စီစီအတွင်းပိုင်းတစ်ခုလုံး၌ ပြည့်လျှံသွားသော လရည်တွေသာဖြစ်တော့သည် ….။

“ အင်း … သီဟ .. ရှင့်ဘက်က အလုပ်နဲ့သက်သေပြခဲ့ပြီဆိုတော့ စီစီကလဲ ကတိတည်ရမှာပေါ့ .. ”

သီဟ စီစီဘေးတွင် ဝင်လှဲနေပြီး အသက်ကိုပုံမှန်ဖြစ်အောင် ရှူနေရသည်။ စီစီက ဘေးတစောင်းလှည့်လာပြီး ဆက်ပြောသည်။

“ လောလောဆယ် ယမရာဇာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာတော့ စီစီ ပြောမပြနိုင်ဘူး .. စီစီပြောနိုင်တာက သူ ဘာနောက်ကိုလိုက်နေလဲဆိုတာကို .. ”

“ ဟင် … အဲဒါက .. ကျနော့်ကို ဘယ်လိုကူညီနိုင်မှာမို့လို့လဲ .. ”

“ ဒီလိုလေ .. အကယ်၍သာ သီဟ ယမရာဇာလိုချင်တဲ့ ပစ္စည်းကို လိုက်ရှာတယ်ဆိုရင် တစ်နေ့မဟုတ်တစ်နေ့ သူနဲ့ တွေ့မှာပဲ .. ဒီထက်ကောင်းတာက သီဟလက်ထဲကိုသာ သူလိုချင်တဲ့ ပစ္စည်းတွေ ရောက်ခဲ့တယ်ဆိုရင် သူ့အကြံပျက်သွားမှာ ..“

သီဟ လှဲနေရာမှထသည်။ တွေးတွေးဆဟန်နှင့် စီစီကို ကြည့်ရင်း ..

“ ဆက်ပြောပါ .. စီစီ .. ”

“ ဒီလို သီဟ .. ယမရာဇာအနေနဲ့ စီစီတို့လောကကို အနိုင်ယူဖို့ဆိုတာ သူတစ်ယောက်ထဲနဲ့ မဖြစ်နိုင်ဘူး .. သူ့နောက်မှာ သစ္စာခံတွေ ရှိတယ်ဆိုပေမယ့် စီစီတို့လောကက အမျိုးအနွယ်တိုင်းကို ဖျက်ဆီးဖို့တော့ မလုံလောက်သေးဘူး .. အဲဒီတော့ သူရဲ့အကြံက ငရဲပြည်မှာ ကျန်ခဲ့တဲ့ သစ္စာခံတွေကို ဒီခေါ်ဖို့ပဲ … အဲဒီလိုလုပ်ဖို့ဆိုရင် သူ့မှာ ရှေးဟောင်းပစ္စည်းနှစ်ခု ရှိရမယ် .. အဲဒီထဲက တစ်ခုက ကျောက်ပြား .. ဒါပေမယ့် ဒီကျောက်ပြားက သူ့ချည်းပဲသုံးလို့ရတာ မဟုတ်ဘူး .. သူ့ထဲမှာမြုပ်ဖို့ ကျောက်တစ်လုံးလိုတယ် ..power source ပဲဆိုကြပါစို့ .. အဲဒီနှစ်ခုရသွားရင်တော့ ငရဲတံခါးပွင့်ပြီလို့သာ မှတ်ပေတော့ .. ”

စီစီ၏ ရှင်းပြမှုက ဒီမှာရပ်သွားသည်။ သီဟ နောက်ထပ် ဘာရှိသေးလဲဆိုတာကို အကြည့်နှင့်မေးသည်။ စီစီက ခေါင်းခါ၍ အကြောင်းပြန်သည်။ သီဟ အိပ်ယာဘေးရှိ အင်္ကျ ီနှင့်ဘောင်းဘီကို ကောက်ယူသည်။

“ ဒါက ဘယ်သွားမလို့လဲ .. သီဟ .. ”

“ ဟင် .. တည်းခိုခန်း ပြန်ရမယ်လေ .. စီစီပဲ ပြောလို့ ပြီးပြီမဟုတ်လား .. မနက်လင်းတော့မယ် ..  ကျနော်တို့ ခရီးထွက်ရဦးမယ် .. နောက်ပြီး ကျနော့်သေနတ်သံကို ကျနော့်အဖော်တွေ ကြားသွားနိုင်တယ် .. ကြားသွားရင် လိုက်ရှာနေကြမှာ … ”

“ ဒါဆို .. စီစီကို ခနစောင့် .. စီစီလိုက်ခဲ့မယ် .. ”

“ ဝိုး .. ဝိုး … နေ နေပါဦး .. မစီစီ .. ခင်ဗျားက ဘယ်လိုက်မလို့လဲ .. ”

“ ဘယ်လိုက်ရမှာလဲ .. ယမရာဇာနဲ့ ပတ်သက်ပြီး ရှင်ခရီးထွက်လာတာ မှတ်လား .. အဲဒီခရီးမှာ စီစီလဲလိုက်မလို့ပေါ့ .. ”

“ ခင်ဗျားက ကျနော်တို့နဲ့ လိုက်မယ် ..ဒါ .. မ .. မဖြစ် !!!  ”

သီဟ စကားကိုအပြည့်အစုံပြောခွင့် မရလိုက်။ တဲအပြင်ဘက်မှ ကြားရသော လူသံကြောင့် လန့်ဖြတ်ကာ တပိုင်းတစနှင့် ရပ်သွားသည်။

“ မကလျာ … ဒီတဲထဲက အသံကြားတယ် .. ”

ဘယ်သူအော်ပြောလိုက်သည်ဆိုတာ ယုံမှားသံသယ ဖြစ်နေစရာမလိုပါ။ သီဟ မျက်လုံးပြူးကျယ်သွားပြီး လက်ထဲရောက်နေသော ဘောင်းဘီကို ကမန်းကတမ်း စွပ်သည်။ ဘောင်းဘီက ဒူးခေါင်းပဲ ရောက်သေးသည်။ ရွက်ဖျင်စက လှပ်သွားပြီး လင်းသဒ္ဒါ၏ ဦးခေါင်းက ပေါ်လာသည်။ သူမနောက်မှ ကပ်လျက်သား ပါလာသူက ကလျာဏီ ..။

တဲထဲသို့ ဝင်လာသော လင်းသဒ္ဒါ၏ ခြေလှမ်းတွေသည် အထဲက မြင်ကွင်းကြောင့် ရပ်တန့်သွားသည်။ သီဟ .. သူ .. သူမ၏ ချစ်သူဟောင်း။ ဖြစ်နေပုံက ဘောင်းဘီက ဝတ်နေလျက် တန်းလန်း။ တွဲလွဲကျနေသော လိင်တံက အရည်တွေတလက်လက်နှင့်မို့ ဘာဖြစ်ထားသည်ဆိုတာ မေးစရာမလို။ လင်းသဒ္ဒါအကြည့်က သီဟဘေးရှိ ဆပ်ကပ်မယ်ဆီရောက်သည်။ သူမကရော ဘာထူးလဲ။ မိမွေးတိုင်း ဖမွေးတိုင်း။ ဒါ့အပြင် ထိုဟာမ၏ ပေါင်ကြားရှိ အဖုတ်က ပွင့်ဟနေပြီး စီးကျနေသည်က အရည်ဖြူဖြူတွေ။ ဒင်း ... အပျက်မ .. တွေ့မယ်။ လင်းသဒ္ဒါလက်က အမြဲအသင့်ဆောင်ထားသော သူမနောက်ကျောရှိ ဓါးဆီသို့ ရောက်သွားသည်။ စီစီ သူမအခြေအနေကို ရိပ်မိသည်။ လှဲနေရာမှ ဆတ်ခနဲ လိမ့်ထွက်၍ တဲနံရံတွင် ချိတ်ထားသော ဓါးကောက်ကို လှမ်းဆွဲသည်။

...............................................................

“ ရှင် … ခွေး … ခွေး .. ခွေးထက်တောင် ဆိုးလှချည်လား … ”

“ လင်းသဒ္ဒါ စိတ်ထိန်းစမ်း !!! … ”

လင်းသဒ္ဒါ ပုံစံက အရမ်းစိတ်ထိခိုက်ကာ ဒေါသထွက်နေမှန်း သိသာလှသည်။ စီစီ၏ တဲမှနေ၍ တည်းခိုခန်းအထိ ပြန်လာရာလမ်းတွင် စကားတစ်ခွန်းမပြော။ စီစီကို သတ်မလို ဖြတ်မလိုဖြစ်နေမှုကြောင့် အချင်းမများရအောင် ကလျာဏီက တည်းခိုခန်းရောက်မှ ရှင်းပါဆိုပြီး မနည်းဖျောင်းဖြခဲ့ရသည်။ အခု ကလျာဏီအခန်းကို ပြန်ရောက်လို့မှ မဆုံး လင်းသဒ္ဒါဆီမှ ဒေါသသံက ထွက်လာသည်။ ကလျာဏီ ဘာလုပ်ရမှန်းမသိ။ တကယ်စိတ်ဆိုးသင့်တာက သူမဖြစ်သည်။ သို့သော် လင်းသဒ္ဒါပုံစံက သူမထက်ပိုဆိုးနေသည်။ ဒေါသအလျောက် လက်ပါလာမှာစိုးလို့ သူမ လင်းသဒ္ဒါကို အော်ပြောလိုက်ရသော်လဲ သီဟကို ခွင့်လွှတ်ဖို့တော့ သူမကိုယ်တိုင်လဲ မစဉ်းစားထား။ သူမအကြည့်က တည်းခိုခန်းတံခါးဝကို မှီကာရပ်နေရင်း မထီတရီပြုံးနေသာ စီစီဆီသို့ ရောက်သည်။

“ သီဟ ပြောလေ .. ရှင် စကားမပြောတတ်တော့ဘူးလား .. ”

“ သဒ္ဒါ ကိုယ်ရှင်းပြမယ် .. သဒ္ဒါ ထင်သလို မဟုတ်ဘူး .. ဒါ ယမရာဇာရဲ့သတင်းရဖို့အတွက်လုပ်တာ .. စီစီ ကျနော်ပြောတာ ဟုတ်တယ်မှတ်လား … ”

“ နေစမ်းပါဦး .. စီစီက ဘာဖြစ်လို့ ရှင့်ဘက်က လိုက်ပြီးဖြေပေးရမှာလဲ .. ရှင့်ခရီးမှာ လိုက်ဖို့ သဘောတူပြီလား အရင်ပြောစမ်းပါဦး .. ”

“ သီဟ .. ဒီဟာမ ဘာပြောတယ် ..  ”

“ ကျမကို ဟာမနဲ့မခေါ်နဲ့ ကျမမှာ နာမည်ရှိတယ် .. ရှင်ကရော ဘာကောင်မ မှတ်လို့လဲ .. ”

လင်းသဒ္ဒါနှင့် စီစီ၏ ခွန်းကြီးခွန်းငယ် ပြောဆိုလာမှုကြောင့် သီဟ သူတို့နှစ်ယောက်ကြား ကြားဝင် ရပ်လိုက်ရသည်။ စီစီကို ပါးစပ်ပိတ်ထားရန် လက်ဝါးဖြန့်ကာတားပြီး လင်းသဒ္ဒါဘက်သို့ လှည့်သည်။

“ သဒ္ဒါ .. ကိုယ်မေးပါရစေဦး .. မင်းက ဘာဖြစ်လို့ အဲဒီလောက်တောင် ဒေါသထွက်နေရတာလဲ .. ”

“ ရှင် .. ရှင် .. ”

သီဟ စကားက သူမ အသည်းနှလုံးကို ကိုင်လှုပ်လိုက်သလို ခံစားရသည်။ လင်းသဒ္ဒါ အကူအညီရလိုရငြား ကလျာဏီဘက်သို့ လှည့်ကြည့်သည်။ သို့သော် ကလျာဏီကိုယ်တိုင်ကလဲ လင်းသဒ္ဒါ ဘယ်လိုဖြေမည်ဆိုတာကို သိချင်သည့်ဟန်ပေါက်နေသည်။ သူမကို “ဖြေလိုက်လေ“ဆိုသည့် အကြည့်နှင့် မေးငေါ့ပြသည်။

“ ဖြေလေ .. သဒ္ဒါ ..  ကိုယ်မေးတာကို ဖြေပါ .. သဒ္ဒါ ဒီလိုစိတ်ဆိုးတာ အခုမှ မဟုတ်ဘူး .. ကလျာဏီနဲ့ ကိုယ်နဲ့ အိပ်ခဲ့တယ်ဆိုတုန်းကလဲ ဒီလို ဖြစ်ဖူးတယ် .. အခု စီစီနဲ့ကိုယ် အတူအိပ်ခဲ့တယ်ဆိုတော့လဲ ထပ်ဖြစ်ပြန်တယ် .. လင်းသဒ္ဒါ .. မင်း .. ငါ့ကို စိတ်ဆိုးတယ်ဆိုတာ ဘာအတွက်လဲ .. ”

“ ရှင်လုပ်တာ စိတ်ဆိုးချင်စရာ မကောင်းဘူးလား  .. ကျမ .. .. ”

“ မင်း .. ငါ့ကို ချစ်နေသေးတာလားးးးး .. ”

ဖြတ်ကာမေးလိုက်သည့် သီဟ၏ စကားတွင် ကျန်မိန်းကလေးနှစ်ယောက်၏ မျက်လုံးတွေသည် လင်းသဒ္ဒါပေါ်ရောက်လာသည်။ ကလျာဏီ၏ နှုတ်ခမ်းထောင့်က ကွေးသွားသည်။ သူမ ထင်သားပဲ .. ဒီ ဝံပုလွေမနှင့် သီဟသည် အစကတည်းက ဇာတ်လမ်းရှိခဲ့မည်ဆိုတာကို။ သူမသာမက။ သီဟကိုယ်နှင့်ကွယ်ကာ ရှိနေသူ စီစီပါ အံ့အားသင့်သည်။ လင်းသဒ္ဒါနှင့် သီဟကို ရည်းစားဟောင်းတွေ ဖြစ်နေလိမ့်မည်ဟု သူမ တွက်မထား။ လတ်စသတ်တော့ ရည်းစားလူလု အူနုကျွဲခတ်ခံရတာကိုး။ လင်းသဒ္ဒါ ဘယ်လိုဖြေမှန်း သိချင်သဖြင့် သီဟကိုယ်နှင့်ကွယ်နေရာမှ နေရာရွှေ့သည်။

“ ကျ .. ကျမ … ”

“ သဒ္ဒါ .. မင်း ငါ့ကို ချစ်နေသေးတယ် မှတ်လား .. ”

“ မ .. မ ဟုတ် .. ”

“ တော်ပြီကွာ … မင်း မပြောချင်လဲ မပြောနဲ့တော့ .. ”

သီဟ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးသွားသည်။ လင်းသဒ္ဒါ၏ ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေမှုကို သူဘယ်လိုမှ စိတ်မရှည်နိုင်တော့ပါ။ အခန်းထောင့်က စားပွဲပေါ်တွင်တင်ထားသော ရိုင်ဖယ်သေနတ်ကို လှမ်းဆွဲသည်။

“ သီဟ ဒါက ဘယ်သွားမလို့လဲ .. ”

တစ်ချိန်လုံး ငြိမ်ကာနေခဲ့သူ ကလျာဏီက သီဟ အခန်းပေါက်ဝသို့ မရောက်ခင် လှမ်းမေးသည်။

“ အရက်သွားသောက်မလို့ … မင်းတို့သုံးယောက်နဲ့ ဆက်ဆံရတာ ငါ့အတွက် ဂြိုလ်ကြီးကိုးလုံးခေါင်းပေါ်ထမ်းထားရတာထက် ပိုဆိုးတယ် .. ခေါင်းသွားဆေးမလို့ဟေ .. ”

သီဟ စကားက ကလျာဏီဆီမှပင် ရပ်မနေပါ။ လင်းသဒ္ဒါဘက်သို့ လှည့်ကာ ကြည့်သည်။

“ သဒ္ဒါ .. ကိုယ် မင်းကို နောက်ဆုံးတစ်ခုပြောမယ် .. မင်း ငါ့ကို သစ်စိမ်းချိုးချိုးခဲ့ပေမယ့် ငါ့စိတ်ထဲမှာ မင်းအသည်းကိုခွဲဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး .. အဲဒါတော့ မင်းသိထားပါ .. ”

သီဟ ပြောပြီးသည်နှင့် နောက်လှည့်မကြည့်တော့ပါ။ လေပွေတစ်ခုနှယ် အခန်းထဲမှ ဟူးခနဲ ပျောက်ကွယ်သွားသည်။ မိန်းကလေး သုံးယောက်သာ တစ်ယောက်ကိုတစ်ယောက် မေးခွန်းများစွာနှင့်ကြည့်ရင်း ကျန်ခဲ့တော့သည်။

မနက်စောစောစီးစီး ဘားကောင်တာသို့ တန်းလျှောက်လာသော သီဟကြောင့် ဆိုင်ရှင်လူဝကြီးက စူးစမ်းသည့်အကြည့်နှင့် ကြည့်သည်။ သီဟ ဘယ်သူနှင့်မှ စကားပြောချင်စိတ် မရှိပါ။ နွယ်ငြိမ်း၏ တယ်ကီလာကို တစ်ခွက်အပြည့်မှာလိုက်ပြီး ထောင့်စွန်းက စားပွဲတစ်လုံးဆီသို့ လျှောက်လာခဲ့သည်။ စားသောက်ခန်းတစ်ခုလုံးတွင် သူရယ်၊ ဆိုင်ရှင်လူဝကြီးရယ်၊ တံမြက်စည်းလှဲနေသူ အမျိုးသမီးတစ်ယောက်ရယ်သာရှိသည်။ သီဟ တယ်ကီလာကို တစ်ကျိုက်မော့သည်။ ထုံးစံအတိုင်း မီးလိုပူပြင်းသောအရသာက လည်ချောင်းကိုဖြတ်ပြီး အစာအိမ်ထိဆင်းသွားသည်။ သီဟ ခေါင်းတစ်ချက်ခါပြီး နောက်တစ်ကျိုက်ထပ်မော့မည်အပြုတွင် တည်းခိုခန်းဝ၌ လူတစ်ယောက်ပေါ်လာသည်။

ခေါင်းမြီးခြုံ ကုလားမများကဲ့သို့ ခေါင်းအထိရောက်အောင် ဝတ်ရုံအနက်ကို ခြုံထားသော ထိုလူသွယ်သွယ်သည် သီဟဆီသို့ တန်းလျှောက်လာသည်။ ထိုလူ သူ့အနားသို့ မရောက်လာခင်မှာပင် သင်းပျံ့သောရနံ့တစ်ခုကို ရသည်။ ချိုမြထုံရီသော ထိုရနံ့က ဆွဲဆောင်မှု ရှိလွန်းလှသည်။

“ ဒီမှာရှင့် … ကျမကို တစ်ခုလောက် ကူညီပါလား .. ”

စိတ်ရှုပ်လို့ အရက်ထွက်သောက်ပါသည်ဆိုမှ ဒုက္ခသည်နှင့် လာတိုးနေပြန်ပြီ။ သီဟ ပထမတော့ ဘာမှန်းမသိသည့် မိန်းမကို မောင်းထုတ်လိုက်ဖို့ တွေးသေးသည်။ လင်းသဒ္ဒါတို့ ကမ္ဘာတွင်လဲ စားသောက်နေတုန်း လိုက်တောင်းသည့်သူတွေ ရှိနေပါလားဟုတောင် ဖြတ်ခနဲ တွေးမိသေးသည်။ သို့သော် အမျိုးသမီးကခေါင်းစောင်းကို လှပ်လိုက်သည်တွင် မြင်လိုက်ရသော မျက်နှာကြောင့် ထိုအတွေးက ပီပီပြင်ပြင်တောင် မဖြစ်လိုက်။ ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမချောသည့်ပုံမှာ လူနှင့်တောင် မတူပဲ နတ်သမီးတစ်ပါးဟု ပြောလျှင်တောင် ငြင်းရက်စရာ မရှိနိုင်ပေ။ သွယ်လျသည့် မျက်နှာတွင် သူမမျက်ဝန်းတွေက ခရမ်းနုရောင်တောက်နေသည်။ နက်မှောင်သောဆံနွယ်တွေက နံ့သာဆီတစ်ခုဖြင့် လိမ်းသုတ်ထားသလို ပြောင်လက်နေပြီး ဖြူဝင်းသော သူမပခုံးပေါ်တွင် လှလှပပခွေကာရှိသည်။ ထိုဖြောင့်စင်းနေသော ဆံနွယ်တွေကြားမှ နားရွက်နှစ်ဖက်က ချွန်၍ ထောင်တက်နေသည်။ ကလျာဏီပြောခဲ့သည့်ထဲက မျိုးနွယ်တစ်ခုကို ပြန်သတိရသည်။

“ ခင်ဗျားက elf မှတ်လား … ”

“ ဟုတ်ပါတယ် …  ”

“ ပြောပါဦး .. ကျနော်က ခင်ဗျားကို ဘာကူညီရမှာလဲ .. ”

လက်ကျန်အရည်ကို တစ်ကျိုက်မော့သောက်ရင်း သီဟ မေးသည်။ စိတ်ထဲကမူ သူ ဒီရောက်မှ ဘာဖြစ်လို့ မိန်းမချောချောတွေနဲ့ပဲ ဆုံနေရတာလဲဟု တွေးနေမိသည်။ ဒါကပင် သူ့ကံကြမ္မာပဲလား မသိ။

“ ကျမရဲ့သားကလေ အရမ်းအဆော့မက်တယ် .. စူးစမ်းချင်တာကလဲ တအားပဲ .. မနေ့ညနေက အိမ်နားက ကစားဖော်တွေနဲ့ မြို့ပြင်ထွက်ဆော့ကြတယ်လေ .. အဲဒါ ညမိုးချုပ်တော့ ကျန်တဲ့ကလေးတွေ ပြန်ရောက်လာတယ် .. သူကပါမလာဘူး .. သားကို သူတို့လိုက်ရှာကြတာ မတွေ့တော့လို့တဲ့ .. ကျမ ညတွင်းချင်းကြီး လိုက်ရှာသေးတယ် .. ကလေးတွေကစားတယ်ဆိုတဲ့နေရာမှာ မတွေ့ဘူး .. အဲဒါနဲ့ မြို့ထဲတစ်ခေါက်ပြန်လာပြီး အကူအညီပေးနိုင်မယ့် လူကို လိုက်ရှာနေတာ .. ”

ပြောရင်းနှင့် မျက်ရည်ဝဲတက်လာသော အမျိုးသမီး၏အသွင်က သနားဖွယ်ရာပင်။ သီဟ စိတ်က သူငါးနှစ်သားတုန်းက ဖြစ်ခဲ့သော အဖြစ်အပျက်ဆီသို့ ပြန်ရောက်သွားသည်။ သူလဲပဲ ဒီမိန်းမ၏ သားလေးလို ဖြစ်ဖူးသည်။ အဲဒီတုန်းက သူတို့ တစ်ခြားရွာတွင် ပြုလုပ်သော ဘုရားပွဲသို့ သွားတာဖြစ်သည်။ ဆုတောင်းပြည့်စေတီဟု နာမည်ကြီးသည်မို့ ထိုဘုရားပွဲက ကြက်ပျံမကျစည်ကားသည်။ သီဟနှင့် သူ့အမေ ညဈေးတန်းလျှောက်လာရင်း တစ်နေရာအရောက်တွင် လူတွေကျိတ်ကျိတ်တိုးနေသည်ကို တွေ့လို့ သူက ဆက်မသွားပဲ စပ်စုမိသည်။ ယောကျ်ားကြီးတွေ အော်ကြီးဟစ်ကျယ်နှင့် တိုးဝှေ့နေသည့်အရာကား အခြားမဟုတ်။ မိုးပျံချိုကန်းဆိုသော ပိတ်စဆိုင်းဘုတ်ကြီးကိုနောက်ခံထိုးပြီး အကြီးအကျယ် အလျော်အစားလုပ်နေကြသော လေးကောင်ဂျင်ဝိုင်း။ မှုန်ကုပ်ကုပ် မျက်နှာပေးနှင့် တရုတ်စပ်လိုလို ဒိုင်လုပ်သူရှေ့တွင် ငွေပုံကြီးကဟီးနေသည်။ အဲဒီတုန်းက ကလေးပီပီ ပုံထားသည့်ငွေတွေကို ကြည့်ပြီး လေးကောင်ဂျင်ဒိုင် ငနဲကိုတောင် အားကျမိသေးသည်။ သို့သော် သူအားကျမိသည်က မိနစ်ပိုင်းတောင် မခံလိုက်။ ဖြုန်းခနဲ လူအုပ်ကြားထဲတွင် လုံခြုံရေးရဲတွေပေါ်လာပြီး ဒိုင်လုပ်သူကို လိမ်လည်မှုနှင့် ဝင်ဖမ်းသည်။ အဲဒီမှာတင် လူတွေက ရုတ်ရုတ်သဲသဲဖြစ်ကာ ဥပဒဟိုထပြေးကြသည်။ လူအုပ်ကြားထဲညှပ်ပြီး သီဟ ဘယ်ပါလို့ ဘယ်ပါသွားမှန်းမသိ။ ဘုမသိ ဘမသိ လူကြီးတစ်ယောက်နှင့် လိုက်ပြေးရင်း ထိုစဉ်တုန်းက အမေဖြစ်သူနှင့် လူကွဲသွားခဲ့သည်။ ကံကောင်းထောက်မလို့ သီဟ အမေဖြစ်သူနှင့် ပြန်ဆုံတွေ့ချိန်တွင် သူ့အမေသည် မျက်ရည်လည်ရွှဲနှင့်။ အခုလဲ သူ့ရှေ့က အမျိုးသမီးက သားပျောက်လို့ ရတက်မအေးရှာနေသည်တဲ့။ သီဟ စိတ်ဆုံးဖြတ်လိုက်ပြီး အရက်ခွက်ကို ဘေးဖယ်လိုက်သည်။ ထိုင်ခုံဘေးတွင် ထောင်ထားသော ရိုင်ဖယ်ကို ကောက်ကိုက်လိုက်ပြီး ..

“ ကောင်းပြီလေ .. အမေတစ်ယောက်ရဲ့မေတ္တာကို စာနာပြီး ကျနော်ကူညီပါ့မယ် .. ”

“ တကယ် .. ရှင် တကယ်ပြောတာလား .. ”

“ ကျနော့်ပုံက နောက်နေတဲ့ပုံစံပေါက်နေလို့လား ..  ”

“ဟုတ် … ကဲ့ .. ကျေးဇူးတင်လိုက်တာရှင် …“

အမျိုးသမီး၏ ပုံစံက သီဟကူညီမည်ဆိုသည့်အတွက် တကယ်ကို ဝမ်းသာသည့်အသွင်ပေါက်နေသည်။ မျက်ရည်စတွေ ဝဲနေရာမှ ချက်ချင်းရပ်သွားပြီး သီဟရှေ့မှ ဦးဆောင်ကာ ဆိုင်ထဲမှထွက်သည်။ သူမကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီးပြီမို့ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်မှဖြစ်မည်ဟု သီဟ တွေးသည်။ ဘေးချင်းယှဉ်ကာ လျှောက်နေရာမှ ..

“ ရပါတယ် .. ကျနော့်နာမည်က သီဟ .. ခင်ဗျား နာမည်ကရော .. ”

သီဟနာမည်အကြားတွင် အမျိုးသမီး မျက်နှာက ပြုံးယောင်လေး သမ်းသွားပြီး သူ့ကို မျက်စလေးချီကာ ပြန်ဖြေသည်။

“ ကျမနာမည်က မာယာဒေဝီပါ .. ဒါပေမယ့် ခေါ်ရလွယ်အောင် မာယာလို့ပဲ ခေါ်ပါရှင် … ”

...........................................................................................

အခန်း ( ၄ ) 

“ ကလေးတွေက အမြဲတမ်း မြို့ပြင်ထွက်ဆော့တက်ကြတာလား .. ”

မြို့အနောက်ဘက်ရှိ တံခါးဝမှ ထွက်လာရင်း သီဟ ဘေးမှပါလာသူ မာယာဒေဝီကို မေးသည်။ သူမက ခပ်လှမ်းလှမ်းတွင် မြင်နေရသော တောအုပ်ကို လက်ညွှန်းနှင့် ညွန်ပြရင်းမှ ..

“ ဟုတ်တယ် .. မာယာရဲ့အိမ်က ခုနက ကျော်ခဲ့တဲ့ မြို့တံခါးဝနားမှာလေ .. အဲဒါကြောင့် သူတို့က မြို့ပြင် ထွက်ဆော့လေ့ရှိတယ် .. အဲဒီတောအုပ်ထဲမှာ ဂူတွေရှိတယ် .. မာယာစိတ်ပူတာက ဂူတစ်ခုထဲများ ရောက်နေသလားလို့လေ .. မနေ့က တူတူပုန်းတန်းဆော့ကြတယ်တဲ့ .. ”

“ ကောင်းပြီလေ … ရှာကြည့်တာပေါ့ ..  ”

သီဟ သူမနည်းတူ ကလေးအတွက် စိတ်ပူပြီး ရှေ့ကခပ်သုတ်သုတ်နှင့် လျှောက်သည်။ မာယာဒေဝီက သူနှင့် ထပ်ကြပ်မကွာ လိုက်ပါလာသည်။ တောအုပ်နှင့် နီးလာသည်နှင့်အမျှ မာယာဒေဝီက သူ့အနားသို့ တိုးလာပြီး ပုခုံးချင်းထိမိမတတ် နီးကပ်လာသည်။ သူမ၏ အပြုအမူက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရပြီး သီဟ စောင်းငဲ့ကြည့်သည်။ မာယာဒေဝီသည် သူ့ပုခုံးတွင် လွယ်ထားသော ရိုင်ဖယ်သေနတ်ကို ငေးကြည့်နေရာမှ သီဟ ခေါင်းအလှည့်တွင် သူ့ကို ပြုံးပြသည်။

“ သီဟက ဒီနယ်က မဟုတ်ဘူးနော် .. ”

“ မဟုတ်ဘူး .. ကျနော်က တခြားတနေရာက လာတာ .. ”

“ အော် … ဒါနဲ့ .. သီဟ လက်နက်က အဆန်းပဲနော် .. သီဟတို့ဆီမှာ တိုက်ခိုက်ရေးသမားတိုင်းက ဒါမျိုးကိုင်တာလား .. ”

“ အင်း … ဆိုပါတော့ … နေစမ်းပါဦး မာယာ… ခင်ဗျားက ဘာဖြစ်လို့ ဒါကို သိချင်နေရတာလဲ .. ”

“ အို .. ဘာမှ မဟုတ်ပါဘူး … ကျ .. ကျမတို့ elf တွေက စပ်စုတတ်လို့ပါ … ”

သီဟ စိတ်ထဲ မာယာဒေဝီနှင့် ပတ်သက်၍ တစ်မျိုးဖြစ်လာသည်။ နွယ်ငြိမ်းမြို့အလွန်က တောအုပ်ထဲ ဝင်လာသည်နှင့်အမျှ မာယာဒေဝီ၏ ပုံစံက တည်းခိုခန်းမှာ တွေ့ခဲ့တုန်းကလို မဟုတ်။ သားပျောက်လို့ ပူဆွေးသောကဖြစ်နေသော အမေတစ်ယောက်နှင့်မတူပဲ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်နေသော မိန်းမတစ်ယောက်နှင့် တူနေသည်။

သီဟ စိမ်းစိုနေသော သစ်ပင်တွေကြားမှ ဖြာကြနေသော နေရောင်ခြည်ပျောက်တွေကို မော့ကြည့်သည်။ နေမင်းကြီးသည် အရှေ့ဘက်ကောင်းကင်ထက်တွင် ထည်ထည်ဝါဝါနေရာ ယူထားနှင့်ပြီ ဖြစ်သည်။ အချိန် မနည်းတော့။ ၉နာရီနှင့် ၁၀နာရီကြားလောက်တော့ ရှိပေမည်။ လင်းသဒ္ဒါတို့ ဘယ်လိုဖြစ်နေကြလဲ မသိ။ မာယာဒေဝီ၏ ပုံစံကလဲ တစ်မျိုးဖြစ်နေသည်။ သီဟ ပထမတော့ သူမကို ထားခဲ့ပြီး ပြန်သွားရင် ကောင်းမလား စဉ်းစားသေးသည်။ သို့သော် စိတ်ထဲတွင် ဒီလိုလုပ်ဖို့ကြတော့လဲ တောထဲထိတောင် ရောက်လာပြီးမှ ကောင်းပါ့မလားဟု ပြန်တွေးမိသည်။ အတွေးတွေနှင့်နစ်မျောနေသူ သီဟ ရုတ်တရက် သူ့ခေါင်းထဲတွင် ပုံရိပ်တစ်ခုက ဘွားခနဲပေါ်လာသည်။

ထိုပုံရိပ်ပေါ်လာပုံက ဆန်းကျယ်လှသည်။ အနီးစပ်ဆုံး ဥပမာပေးရလျှင် ကိုရီးယားဇာတ်လမ်းတွဲကြည့်နေတုန်း ကောင်းခန်းမှာ ကြေညာဝင်ထိုးသလိုနှင့်တူသည်။ စက္ကန့်ပိုင်းလောက်ပဲ ကြာသည့် ထိုမြင်ကွင်းတွင် သီဟ ကျောရိုးတလျှောက် စိမ့်ခနဲတောင်ဖြစ်သည်။ လမ်းလျှောက်နေရာမှ ရပ်သည်။ မဟုတ်သေးပါဘူးဆိုပြီး ခေါင်းကို ဆတ်၍ ခါလိုက်စဉ်တွင် နောက်ထပ် ပုံရိပ်တစ်ခုက ဖြတ်ခနဲပေါ်ပြန်သည်။ သွေး .. သွေးတွေ။ လူ .. လူသေတွေ။ အပျက်အစီးတွေ ကြားထဲမှာ သေနေကြသော လူတွေ။ သတ္တဝါတွေ။ စစ်သားတစ်ဦးမို့ ဆိုးရွားလှသော မြင်ကွင်းတွေကို သူမြင်ဖူးသည်။ သို့သော် ဒီလောက်ကြောက်စရာကောင်းသော မြင်ကွင်းမျိုးကို သီဟ မမြင်ဖူးချေ။ ကမ္ဘာပျက်သည်ဆိုတာ သူ့အတွေးထဲက မြင်ကွင်းမျိုးကို ပြောတာ ဖြစ်ရမည်။ သီဟ ခေါင်းကို လက်နှစ်ဖက်နှင့် အုပ်ကိုင်လိုက်သည်။

“ သီဟ .. ဘာဖြစ်လို့လဲ .. ”

“ ကျ .. ကျနော် .. တစ်ခုခု မြင်လိုက်သလိုပဲ .. ”

“ မာယာကတော့ ဘာမှ မမြင်ဘူး .. ”

“ အင်း .. ထားလိုက်တော့ … ဒါနဲ့ ဂူတွေက ဘယ်ဘက်မှာ ရှိတာလဲ .. ”

“ ရှေ့နားဆိုရောက်ပြီ .. သိပ်မဝေးတော့ဘူး .. ”

တကယ်လဲ မဝေးပါ။ နောက်ထပ် ငါးမိနစ်ခန့်လျှောက်ပြီးသောအခါ ဂူဝတစ်ခုကို သူတို့နှစ်ယောက် လှမ်းမြင်ရသည်။  ဂူက လူတစ်ယောက်ယောက် ကောင်းကောင်း ဝင်လို့ရနိုင်အောင် ကျယ်ဝန်းသည်။ အဝတွင်မူ ချုံနွယ်၊ ပိတ်ပေါင်းအနည်းငယ်ရှိသည်။ သို့သော် သိပ်ပြီးထူထူထဲထဲမဟုတ်လို့ ဝင်မည်ဆိုက လက်ဖြင့်တွန်းဖယ်ပြီးတော့ပင် ဝင်သွားနိုင်သည်။ သီဟ ဂူရှေ့ကမြေပြင်ကို ဒူးထောက်၍ ကြည့်သည်။ မြေကအပျော့မဟုတ်ပဲ အမာဖြစ်နေသဖြင့် ခြေရာလက်ရာ ဘယ်ဆိုဘာမှ မတွေ့ရ။ မတတ်နိုင်။ သူအထဲကို ဝင်ကြည့်ရပေတော့မည်။ အပြင်ဘက်တွင် လင်းလင်းခြင်းခြင်းရှိသော်လဲ ဂူထဲမှာတော့ မှောင်လွန်းအားကြီးသည်။ သီဟ ရိုင်ဖယ်ကို ပုခုံးထက်မှဖြုတ်ပြီး PEQ box မှ Flashlight ကိုဖွင့်သည်။ စူးခနဲ လင်းသွားသည့် အလင်းရောင်တွင် သူ့ရိုင်ဖယ်ကို မာယာက အံ့သြတကြီး လှမ်းကြည့်နေသည်ကို တွေ့ရသည်။

“ မာယာ ဒီမှာပဲစောင့် .. ကျနော် အထဲဝင်ကြည့်လိုက်မယ် .. တကယ်လို့ တစ်နာရီလောက်ကြာလို့ ကျနော်ပြန်ထွက်မလာရင် မာယာကျနော့်ကို တွေ့တဲ့ တည်းခိုခန်းမှာ လင်းသဒ္ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် .. သူ့ကို အကြောင်းကြားပေး … ”

“ ဟုတ်ကဲ့ .. မာယာ အကြောင်းကြားပေးပါ့မယ် ရှင် .. ”

မာယာဆီမှ ကတိပေးစကားရသည်နှင့် သူမကို ကျောပေးပြီး သီဟ ဂူပေါက်ဝဆီသို့ လျှောက်သွားသည်။ ထို့အတွက်ကြောင့် မာယာဒေဝီ နှုတ်ခမ်းထောင့်ကို လှလှပပကွေးကာ ပြုံးလိုက်သည်ကို မတွေ့လိုက်ရ။ သူမက လင်းသဒ္ဒါကို သွားခေါ်ပေးရမှာတဲ့လား။ ဝေးပါသေးရဲ့။ သီဟကို အပြတ်ရှင်းပြီးလျှင် သူမ ပထမဆုံးလုပ်မည့်အလုပ်က ယမရာဇာဆီသို့ ပြန်ဖို့ပင်။ သီဟအတွက် စိတ်မကောင်းပေမယ့် မာယာဒေဝီတွင် ကြင်နာသနားတတ်သည့် အသည်းနှလုံးမရှိပေ။ မာယာဒေဝီ မလှုပ်မရှားပဲ မိနစ်ပိုင်းမျှ ဂူပေါက်ဝတွင် မတ်တပ်ရပ်နေသည်။ ထို့နောက်တွင်မူ သူမကိုယ်တိုင် နောက်မှ တစ်လှမ်းချင်း လိုက်ဝင်သွားလေသည်။

..........................................................

လင်းသဒ္ဒါ၊ ကလျာဏီနှင့် စီစီဟန်တို့ သုံးယောက် အခုအချိန်ထိ ကလျာဏီ၏ အခန်းထဲမှာ ရှိနေသေးသည်။ သီဟ ထွက်သွားသည်မှာ ဆယ်မိနစ်ခန့်ရှိတော့မည်။ သူမတို့ တစ်ဦးနှင့်တစ်ဦး စကားမဖြစ်သေး။ စကားသာ မပြောဖြစ်သည်။ အကြည့်တွေကမူ ရန်လိုသောအသွင် ဆောင်နေကြသည်။ အခန်းတစ်ခုလုံး၏ လေထဲထုတွင် တင်းမာခက်ထန်မှုက ပြည့်နှက်နေပြီး၊ ဘယ်လောက်တောင်မှ ဆိုးသလိုဆိုလျှင် ဓါးဖြင့်ဖြတ်လို့ရလောက်အောင်ကို ထူထဲလှသည်ဟု တင်စား ပြောလျှင် ရနိုင်သည်။ စကားမပြောပဲ ဒီအတိုင်းဆက်နေလျှင် မဖြစ်တော့ပြီဆိုတာ ကလျာဏီက အရင်ဆုံး သတိရသည်။

“ နေစမ်းပါဦး .. လင်းသဒ္ဒါ .. သီဟ ပြောသွားတဲ့ မင်းအသည်းကိုခွဲဖို့ မရည်ရွယ်ခဲ့ပါဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ …“

အခန်းထောင့်တွင် ရပ်နေသော စီစီဟန်ကို စူးစူးရဲရဲ ကြည့်နေရာမှ လင်းသဒ္ဒါ ကလျာဏီ ဘက်သို့ လှည့်ကြည့်သည်။ သက်ပြင်းတစ်ချက်ကို ချရင်း ..

“ ဒါက သူနဲ့ သဒ္ဒါ ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စပါ .. ”

“ ဒီမှာလင်းသဒ္ဒါ … နင့်ရဲ့ကိုယ်ရေးကိုယ်တာ ဆိုပေမယ့် .. အခုတော့ အဲဒါက တို့တွေနဲ့ လာပတ်သက်နေပြီ .. နင် ရှင်းရှင်းပြောရင် ကောင်းမယ် .. ”

“ ကောင်းပြီ … ကျမပြောမယ် … သီဟနဲ့ ကျမ စတွေ့ခဲ့တဲ့ညက ကျမတို့နှစ်ယောက် အတူအိပ်ခဲ့ကြတယ် .. ဟင့်အင်း .. မဟုတ်သေးဘူး … ချစ်ခဲ့ကြတယ်လို့ပြောမှ ပိုမှန်မယ် .. ဟုတ်တယ် ကျမနဲ့သူ ချစ်သွားခဲ့ကြတယ် .. မြင်မြင်ချင်း ချစ်မိသွားတယ်လို့ပဲ ပြောရမယ် .. ”

“ ဒါဆို .. နင်တို့နှစ်ယောက်က ဘာဖြစ်လို့ ကွဲသွားရတာလဲ … သီဟ နဲ့ တို့နဲ့ ဆက်စ်လုပ်ဖြစ်တုန်းက သူဘာမှ မပြောပါလား .. ”

လင်းသဒ္ဒါ စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းကိုမော့၍ အခန်းမျက်နှာကျက်ကိုကြည့်သည်။ ခနနေမှ ..

“ ကျမ ဘဝတလျှောက်လုံးမှာ ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ သမန်းဝံပုလွေစစ်စစ်တစ်ယောက်လို အသိအမှတ်ပြုမှုကို ဘယ်တုန်းကမှ မရခဲ့ဘူး .. ဝံပုလွေခေါင်းဆောင်ရဲ့သမီးသာ ဆိုတယ် ကျမကို အရာမသွင်းခဲ့ကြဘူး .. ကျမ မကျေနပ်ဘူး .. သမန်းဝံပုလွေတစ်ပိုင်းဖြစ်တာနဲ့တင် ကျမက ဝံပုလွေတွေကို ခေါင်းဆောင်လို့မရတော့ဘူးလား .. ကျမ တစ်နေ့မှာ ဝံပုလွေခေါင်းဆောင်ဖြစ်ကိုဖြစ်ရမယ် .. ဒါပေမယ့် အဲဒီလိုဖြစ်ဖို့အတွက်ဆိုရင် သီဟကို ကျမရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်လို့ရမှာ မဟုတ်ဘူး .. ”

“ ဒါဆို .. နင်က ဘာဖြစ်လို့ ငါနဲ့သူနဲ့ အိပ်တာကို စိတ်ဆိုးရတာလဲ … သီဟက နင့်ချစ်သူမှ မဟုတ်တော့တာ .. ”

“ စီစီ .. နင် အသာနေစမ်း … ”

ရုတ်ချည်းဝင်ပါလာသည့် စီစီဟန်ကို ကလျာဏီက လှမ်းဟန့်သည်။ သို့သော် သူမကိုယ်တိုင်ကလဲ လင်းသဒ္ဒါကို ဆက်မေးမိသည်။

“ ပြောစမ်းပါဦး လင်းသဒ္ဒါ .. နင်နဲ့ သူက မပတ်သက်တော့ဘူးဆိုရင် ဘာဖြစ်လို့ သီဟကိစ္စတွေမှာ နင်က ဝင်ပါနေရသေးတာလဲ .. သူ့ဆုံးဖြတ်ချက်နဲ့သူရှိပါစေလား .. ”

“ ရှိပါတယ် .. တခြား သူဘာဆုံးဖြတ်ဆုံးဖြတ် ကျမ မပြောဘူး .. ဒါပေမယ့် တွေ့သမျှယောကျ်ားတိုင်းကို ပေါင်ဖြဲခံတဲ့ မိန်းမမျိုးနဲ့ အိပ်နေတဲ့ အဆင့်ထိတော့ ကျမ သည်းငြီးမခံနိုင်ဘူးးးးးး .. ”

“ ဟေ့.. နင့်စကားတွေက တော်တော်လွန်လာပြီနော် .. နင့်ဖာသာနင် အသုံးမကျလို့သာ မိန်းမတစ်ယောက်ကို ကောင်းကောင်းကြီး ပြီးအောင်လုပ်ပေးတတ်တဲ့ ဒီလိုယောကျ်ားမျိုးကို လက်လွှတ်တာ .. ငါက ဘာဖြစ်လို့ လက်လွှတ်ရမှာလဲ .. စီစီတို့ကတော့ ဝဲလ်ကမ်းပဲ .. တကယ်ဆို နင်နဲ့ သီဟ တန်တောင် မတန်ဘူး .. ”

“ ကောင်မ .. နင်ဘာပြောတယ် .. ”

“ နင် နားမကန်းဘူးဆိုရင် .. ငါဘာပြောလဲ ကြားမှာပါ .. ”

အခြေအနေက ဘယ်လိုမှ ထိန်းမရတော့။ လင်းသဒ္ဒါ ကုတင်ပေါ်မှ ဝုန်းခနဲ ထပြီး စီစီဟန်ဆီပြေးခုန်အုပ်သည်။ သို့ပေမယ့် စီစီဟန်ကလဲ သတိလစ်သူမဟုတ်။ လင်းသဒ္ဒါကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသည်။ ထို့နောက်တွင်တော့ …။

ကလျာဏီသည် အခန်းတစ်ခုလုံး ဖြောင်းဆန်အောင် သတ်ပုတ်နေကြသော မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ကာနေသည်။ သူမ လင်းသဒ္ဒါဘက်မှ ဝင်မပါချင်သလို၊ စီစီဟန်ဘက်ကလဲ ဝင်မကူညီချင်။ ဖြစ်နိုင်လျှင် ထိုမိန်းမနှစ်ယောက်စလုံး သေသွားတာကမှ အေးဦးမည်။ ကလျာဏီ ခေါင်းကိုခါယမ်းသည်။ မဖြစ်သေး။ သူမတို့၏ အဓိက ဦးတည်ချက်ကဘာလဲ။ ယမရာဇာကို နှိမ်နင်းဖို့တွင် သူတို့တွေအားလုံး စုစည်းဖို့ လိုအပ်သည်။ အချင်းချင်းစိတ်ဝမ်းကွဲပြီး မညီညွတ်ကြလျှင် ယမရာဇာကို ရင်ဆိုင်ဖို့နေနေသာသာ၊ သူ့နောက်လိုက်တွေကိုတောင် ဖယ်ရှားနိုင်ပါ့မလား။ သူမတို့၏ mission သည် စလုံးရေတောင် မစရသေး၊ ပြိုကွဲရပေတော့မည်။

“ တော်ကြစမ်း .. နင်တို့နှစ်ယောက် အခုရပ် !!!!!!!!!!! .. ”

အသံကုန် ကျုံးအော်လိုက်သည့် ကလျာဏီ အသံကြောင့် တစ်ယောက်နှင့်တစ်ယောက် ဖက်တွယ်ထားကြသော လင်းသဒ္ဒါနှင့် စီစီဟန် သူမကို လှည့်ကြည့်ကြသည်။

“ ငါတို့ အခုခရီးထွက်လာတာ ဘာအတွက်ဆိုတာ လင်းသဒ္ဒါ နင်မေ့နေပြီလား .. ”

ကလျာဏီ စကားက ဒေါသနောက်ကောက်ကောက်ပါအောင် လိုက်မိသည့် လင်းသဒ္ဒါကို လမ်းမှန်ပေါ်သို့ ပြန်ရောက်အောင် တွန်းပို့သည်။ စီစီဟန် လည်မျိုကို ညှစ်ထားသော သူမလက်အားကို လျှော့ချသည်။ စီစီဟန်ကိုယ်တိုင်လဲ လင်းသဒ္ဒါနည်းတူ သူမလက်ကို ဖယ်ပေးသည်။ မိန်းကလေးနှစ်ဦး၏ ဖြူဝင်းနေသော လည်တိုင်တွင်ကား လက်ကိုယ်စီ၏ ညှစ်အားကြောင့် အနီကွက်ကြီး ကိုယ်စီနှင့်။

လင်းသဒ္ဒါ စီစီဟန်ကို တွန်းထုတ်လိုက်သည်။ အမှုမှတ်အမှတ်မဲ့မို့ စီစီဟန်ကိုယ်က ယိုင်သွားစဉ်တွင် သူမကို ဖြတ်၍ အပေါက်ဝက ထွက်သွားသည်။ သီဟ ပြောခဲ့သည်မှာ မှန်သည်။ သူမကိုယ်တိုင် ခေါင်းဆေးဖို့လိုအပ်နေသည်။ သူမခြေလှမ်းတွေ၏ ဦးတည်ရာက စားသောက်ခန်း၏ အရက်ရောင်းကောင်တာသို့ …။

.........................................................................................

လက်ထဲတွင် ကိုင်ထားသော ကျောက်စနှင့် ဂူ၏ နံရံတွင် မြားပုံသဏ္ဍာန်ကို သီဟ ခက်ခက်ခဲခဲ ခြစ်ယူလိုက်သည်။ ဂူထဲကို ရောက်နေသည်မှာ အချိန်အားဖြင့် တွက်ကြည့်လျှင် နာရီဝက်လောက် ရှိတော့မည်။ အခုထက်ထိ မာယာ၏ ကလေးကို သူရှာလို့ မတွေ့သေး။ ရိုင်ဖယ်သေနတ်ရှိ ဖလက်ရှ်လိုက်အထိုးတွင် ပျံသန်းထွက်သွားသော လင်းနို့အုပ်တစ်ခုသာ ကြုံခဲ့ရသည်။ တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဆိုတာ သီဟ သံသယဖြစ်မိသည်။ သို့သော် ဘာကြောင့်မှန်း မသိ။ သူနောက်ပြန်လှည့်ဖို့ မတွေးမိ။ သူ့ခြေလှမ်းတွေက တစတစ နက်ရှိုင်းလာသော ဂူအတွင်းပိုင်းသို့သာ တိုးဝင်နေမိသည်။

လင်းသဒ္ဒါသာ ပါလာခဲ့လျှင် အကောင်းသားဟု သီဟ အတွေးရောက်သည်။ ဒါဆိုလျှင် ရှုပ်ထွေးပွေလီနေသော ဤဂူကိုရှာရာတာ ပို၍ ခရီးရောက်ပေမည်။ သို့သော် နောက်ဆက်တွဲ တွေးမိသော အတွေးကြောင့် ထိုအတွေးကို သူခေါင်းထဲက မောင်းထုတ်လိုက်ရသည်။ သူမသာ သူ့ကို နောက်ထပ် မိန်းမချောတစ်ယောက်ဖြစ်သော မာယာဒေဝီနှင့် အတူတွေ့လျှင် ဘယ်လို ပြုမူမည် မသိ။ သူ့အပြုအမူအတွက် ခွင့်လွှတ်မှာလား၊ ဒါမှမဟုတ် စီစီကို တွေ့တုန်းကလို မာယာကို ကမူးထူးရှိုးနှင့် ရန်ပြုမှာလားဆိုတာ သီဟ မတွေးတတ်ပါ။ သီဟ အတွေးက ထိုမှတဆင့် မနက်ခင်းတုန်းက ငြင်းခုန်ခဲ့ရသော အကြောင်းဆီ ပြန်ပြောင်းရောက်သည်။ သူဘယ်သူနဲ့ အိပ်အိပ် လင်းသဒ္ဒါက ဘာဖြစ်လို့ အရေးလုပ်နေရတာလဲ။ သူ့အပေါ်တွင် သူမ မေတ္တာရှိနေဆဲလား။ မနေ့ညတုန်းက လင်းသဒ္ဒါအခန်းထဲတွင် ရှိစဉ်အခါက သူ့လက်ကိုဆွဲလိုက်သော လင်းသဒ္ဒါ၏ အပြုအမူကို မျက်စိထဲပြေးမြင်သည်။ ထိုမျက်ဝန်းတွေက သူ့ကို တစ်ခုခုပြောနေသလို ခံစားရသည်။ မဖြစ်သေး။ မာယာ၏ သားလေးကို ရှာပြီးလျှင် လင်းသဒ္ဒါဆီ ပြန်ရမည်။ သူမဆီမှ သဲသဲကွဲကွဲ အဖြေတစ်ခုကြားအောင်တော့ တောင်းဆိုရမည်။ တကယ်ဆို သူ့ရင်ထဲတွင် လင်းသဒ္ဒါသည် အနက်ရှိုင်းဆုံးနေရာ၌ ရှိနေခဲ့သည်ဆိုတာကို သီဟသာလျှင် အသိဆုံးဖြစ်ပါသည်။

သီဟနောက်ထပ် ရှာဖွေစရာမလိုတော့ပါ။ ခြေလှမ်းငါးဆယ်ခန့် လှမ်းပြီးချိန်တွင် ကျောက်သားနံရံတစ်ခုက ပိတ်ဆို့ကာ ရှိနေသည်။ ဂူ၏ အဆုံးသို့ သူရောက်နေပြီ။ စိတ်ပျက်လက်ပျက်နှင့် ပြန်လှည့်မည်ပြုခိုက် မျက်ဝန်းထောင့်တွင် တစ်ခုခုမြင်လိုက်သလို ဖြစ်သည်။ သီဟ ရိုင်ဖယ်ကိုလှည့်၍ မီးရောင်ဖြင့် ထိုးကြည့်သည်။ အပေါက်ဝတစ်ခု။ သူ့ညာဘက်ခြမ်းရှိ ကျောက်သားနံရံ၏ အောက်ခြေတွင် သတ္တဝါတစ်ကောင် တွားသွား၍ ရနိုင်သော အပေါက်တစ်ခုရှိနေသည်။ သီဟ ရှေ့ကိုတိုးလိုက်ရင်း ဒူးထောက်ထိုင်ချကာ သေချာကြည့်သည်။ သူ့အထင်မမှားပါ။ ထိုအပေါက်ဝနားရှိ မြေပြင်သည် တစ်စုံတစ်ခုနှင့် ပွတ်တိုက်ထားသလို ပြောင်လက်နေသည်။ ဒူးထောက်ထိုင်နေရာမှ ပြန်ထပြီး အပေါက်၀ အပေါ်ဘက်ရှိ ဂူနံရံတွင် မြားပုံသဏ္ဍာန်တစ်ခုကို အောက်ဘက်သို့ စိုက်ကာ ဆွဲသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် လင်းသဒ္ဒါတို့ လိုက်လာခဲ့သော် ရှာရလွယ်အောင်ပင်။ ထို့နောက်တွင်တော့ ဂူကြမ်းပြင်တွင် ဝမ်းလျားမှောက်ကာ အထဲသို့ တိုးဝင်လိုက်သည်။

“ ဟုတ်ပြီ .. လာ .. လာခဲ့ .. ”

သီဟ ခေါင်းထဲမှ အသံတစ်ခုပေါ်လာသည်။

မဟုတ်တော့။ သီဟ ရှေ့ဆက်မတိုးပဲ နောက်ပြန်လှည့်ဖို့ ကြိုးစားသည်။ သို့သော် ထူးဆန်းစွာ သူ့စိတ်ကိုသူမပိုင်။ သူ့ကိုယ်ခန္ဓာသည် ရှေ့သို့တိုးသွားမြဲတိုးသွားနေသည်။ သူ့စိတ်နှင့်ကိုယ်အား မမြင်ရသော စွမ်းအားတစ်ခုက ထိန်းချုပ်ထားသလို ခံစားရသည်။ ယောကျ်ား၊ မိန်းမဟူ၍ ခွဲခြားလို့မရသော အသံက သူ့ခေါင်းထဲတွင် တရံမပြတ်ပေါ်လာပြီး ရှေ့ဆက်သွားဖို့ကိုပဲ ဖိအားပေးနေသည်။ သီဟ အပေါက်ဝ၏ တခြားဘက်သို့ရောက်လာသည်။

ကျောက်နံရံ၏ တခြားဘက်ရှိ မြင်ကွင်းက သီဟကို အံ့အားသင့်စေသည်။ ဝင်လာခဲ့သည့်ဘက်ခြမ်းရှိ လူသူအရောက်ပေါက်မရှိသောပုံနှင့်တခြားစီ။ ချောမွေ့ပြောင်လက်နေသာ ကျောက်နံရံများတွင် ဆီမီးတိုင်များက စီစီရီရီရှိနေသည်။ ထိုမီးတိုင်များ၏ အလင်းရောင်ကြောင့် သူရောက်နေသောအခန်း၏ အသွင်အပြင်သည် လိမ္မော်ရောင်တောက်နေသည်။ ဖိတ်ဖိတ်တောက်လက်နေသော ကျောက်သားခန်းမ၏ အလယ်တွင် ကြီးမားကျယ်ပြန့်သော ရွှေရောင်အိပ်ယာကြီးတစ်ခုရှိသည်။ ထိုအိပ်ယာပေါ်တွင် ရှိနေသူက အမျိုးသမီးတစ်ယောက် ..

“ ဟင် .. ခင်ဗျား .. ခင်ဗျား .. ”

“ ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ သီဟရယ် ..ဟင်း .. ဟင်း .. ”

“ နေ .. စမ်းပါဦး .. ခင်ဗျား က ဘယ်ကဝင်လာတာလဲ .. ”

မာယာဒေဝီသည် အိပ်ယာပေါ်တွင် တစောင်းလေးလှဲနေရာမှ ကနွဲ့ကလျနှင့်ထသည်။ သူမလက်တစ်ဖက် လှုပ်ရှားသွားသည်တွင် ကိုယ်ပေါ်တွင်ခြုံထားသော ဝတ်ရုံစက လွှားခနဲ ခြေရင်းတွင် ပုံကျသည်။ သီဟ မျက်လုံးပြူးသွားရသည်။ အစောပိုင်း သူတို့နှစ်ယောက်အတူရှိနေခဲ့စဉ်တုန်းက ဝတ်ရုံလွှာကြီးကွယ်နေသဖြင့် မာယာဒေဝီ၏ ကိုယ်လုံးကိုယ်ပေါက်မမြင်ခဲ့ရ။ ဒါတောင် မျက်နှာလေးကိုကြည့်ပြီး ဒီအမျိုးသမီး လူမကနတ်တမျှ လှနေပြီဟု ထင်ထားခဲ့သည်။ အခု တကိုယ်လုံးတွင် အဝတ်အစားဆိုလို့ အတွင်းခံသာသာလေးသာရှိသည့်အချိန်တွင် မာယာဒေဝီ၏ အလှက စာဖွဲ့လို့တောင် မရနိုင်။ သဲနာရီလိုမျိုး အချိုးကျလှသည့် သူမကိုယ်လုံးကို ဘိုလိုသာဆိုရလျှင် “Maginificent“ လို့ပင် ပြောရပေမည်။ ရင်သပ်ရှုမောဖွယ် သူမအလှတွင် တိမ်းမူးသွားသည့် သီဟ မာယာဒေဝီနောက်ဘက်မှ ဘွားခနဲ ပေါ်ထွက်လာသော တောင်ပံအနက်တစ်စုံကြောင့် ထပ်မံ၍ အံ့အားသင့်ရပြန်သည်။ elf တွေတင် တောင်ပံရှိသည်ဟု သူ မကြားဖူးခဲ့ …။

“ ခင် .. ခင်ဗျား ဘယ်သူလဲ .. ”

“ မာယာက အရင်တုန်းကတော့ elf ပေါ့ .. ဒါပေမယ့် အခုတော့ succubus ဖြစ်နေပြီ .. ”

“ အဲဒါက ဘာလဲ .. ”

“ သီဟကို အပျော်ရွှင်ဆုံး၊ အကောင်းဆုံး အရသာတွေပေးနိုင်မယ့်သူလို့ သဘောထားလိုက် .. ”

မာယာဒေဝီသည် သွယ်လျသည့် လက်ချောင်းလေးတွေနှင့် သူမ၏ဆံနွယ်လေးတွေကို ခွေကာ ကစားနေရင်းမှ အဖြေပေးသည်။ သူမ၏ အပြုအမူတိုင်းက ညို့ငင်အားအပြည့်နှင့်ဖြစ်သည်။ ရိုင်ဖယ်ပြောင်းဝကို သူမဆီသို့ တန်းတန်းမတ်မတ်ချိန်ရင်း သီဟ ရှေ့တိုးသည်။ သို့သော် ဘယ်လိုဖြစ်မှန်းမသိ၊ သေနတ်ကိုင်ထားသည့် လက်က တဆတ်ဆတ်နှင့် တုန်ခါနေသည်။ မောင်းခလုတ်ကိုဆွဲဖို့ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ မမြင်ရသော စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုအောက် ရောက်နေသလို ခံစားရပြီး သေနတ်မောင်းကို မဆွဲဖြစ်။ မာယာဒေဝီက သူမမျက်နှာရှေ့ရောက်လာသော သေနတ်ပြောင်းကို လက်ဖြင့် အသာဘေးသို့ ဖယ်ထုတ်လိုက်သည်။

“ ပျော်ရွှင်ဖို့ ကောင်းတဲ့အချိန်မှာ ဘာဖြစ်လို့ အာဃါတတွေမွေးနေရာမှာလဲ .. ဒါကြီးကို ဘေးချထားလိုက်နော် .. သီဟ .. ”

မာယာဒေဝီ၏ စကားသံက မိခင်တစ်ယောက် ဆိုးမိုက်သော သားငယ်ကို ချော့မော့နေသည်နှင့်တူသည်။ သီဟ မျက်လုံးတွေက ရီဝေလာပြီး ရိုင်ဖယ်သေနတ်ပြောင်းက အလိုလိုအောက်စိုက်ကျသည်။ မာယာဒေဝီက သီဟနှင့်လူချင်းထိမတတ် တိုးကပ်လာပြီး သူ့ဆံပင်တွေကို အသာကိုင်တွယ်သည်။ သူမနှင့် စတွေ့စဉ်က ရှုရှိုက်မိခဲ့သော သင်းပျံ့ထုံရီသော ရနံ့က သူ့အနား၌ ရစ်ဝိုင်းလာသည်။ အခုတစ်ခါတွင်မူ ထိုရနံ့၏ ဆွဲဆောင်အားက ပို၍ ပြင်းထန်သည်။ သီဟ ကိုယ်တွင်းမှ သွေးလည်ပတ်မှုက တစတစမြန်သထက်မြန်လာသည်။ အိုး .. ရှစ်။ မာယာဒေဝီ၏ ဆွဲဆောင်အားကို သူ မတွန်းလှန်နိုင်။ စိတ်ထဲတွင် သူမနှင့်အားရပါးရ ချစ်ချင်လာသည်။ ယမရာဇာကို နှိမ်နင်းဖို့ကို သီဟ ဂရုမစိုက်တော့။ ယုတ်စွအဆုံး စိတ်ထဲတွင် အမြဲရှိနေသူ လင်းသဒ္ဒါကိုပင် သတိမရတော့။ သီဟ လက်တွေက မာယာဒေဝီ၏ ကိုယ်ကို ဆွဲ၍ ပွေ့ပိုက်သည်။

သူ့ခေါင်းက ဆံပင်တွေကိုဖွနေသူ မာယာဒေဝီက ခေါင်းကိုတင်းတင်းဖိပြီး သူမဆီသို့ဆွဲယူသည်။ မျက်နှာချင်းနီးကပ်သွားပြီးနောက် နှစ်ဦးသား နှုတ်ခမ်းချင်း ထိကပ်သည်။ ချိုမြလှသည့် အနမ်း၏ အရသာတွင် သီဟ သူမနှုတ်ခမ်းတွေကို အငမ်းမရလိုက်နမ်းသည်။ ရင်ခွင်ထဲရောက်နေသော မာယာကိုယ့်လေးအား ပွေ့ဖက်ထားသော သူ့လက်တွေကိုလဲ ငြိမ်ငြိမ်မထားနိုင်တော့ပေ။ အနက်ရောင်တောင်ပံနှင့် ကျောပြင်ထိစပ်ရာ နေရာကို လက်တစ်ဖက်က မိမိရဖိကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ သူမ၏ တင်ပါးဖြိုးဖြိုးကို အုပ်ကိုင်သည်။ မာယာဒေဝီ ကျေနပ်စွာဖြင့် ညည်းညူပြီး အားကျမခံ သူမကလဲ သီဟကို တင်းတင်းပြန်ဆွဲဖက်သည်။ အချိန်တော်တော်ကြာ ထိုကဲ့သို့ ပွေ့ဖက်နမ်းရှုံ့နေကြပြီးမှ မာယာဒေဝီက နမ်းနေမှုကို ရပ်သည်။ သီဟ၏ ခေါင်းကို ရွှေရင်ဖြိုးဖြိုးတစ်ဖက်ပေါ် မှေးကာတင်လိုက်ပြီး သားငယ်ကိုချော့သိပ်သည့်အမေနှယ် ဆံပင်တွေကို ရွရွလေးပွတ်ပေးနေသည်။

“ သီဟ … ဘာမှ စိတ်ညစ်မနေနဲ့တော့နော် .. သောကတွေ မေ့သွားအောင် မာယာ သီဟကို ကူညီမယ် … သီဟတခါမှ မရောက်ဖူးတဲ့ နယ်မြေသစ်တစ်ခုကို မာယာခေါ်သွားမယ် … လိုက်ခဲ့နော် .. ”

မာယာဒေဝီက လူချင်းခွာလိုက်ပြီး သီဟကို ကြည့်သည်။ သီဟ၏ မျက်လုံးတွေသည် အသိဉာဏ်ရှိသည့် လူသားတစ်ယောက်အသွင် မဟုတ်တော့ပဲ ဆေးမိနေသော လူတစ်ယောက်လို ဖြစ်နေသည်။ မာယာဒေဝီက လက်ကမ်းပေးလိုက်သည်တွင် သူမလက်ကို သူဆွဲယူသည်။ ထို့နောက်တွင် သူတို့နှစ်ဦး လက်ချင်းတွဲ၍ လျှောက်လာကြသည်။ ခမ်းနားလှသော ရွှေရောင်အိပ်ယာက သူတို့ကို ဖိတ်ခေါ်နေသည့်အလား ….

........................................

ကလျာဏီသည် တစ်ယောက်ထဲ အရက်ထိုင်သောက်နေသော လင်းသဒ္ဒါဆီသို့ ဖြေးညင်းစွာ လျှောက်လာသည်။ လင်းသဒ္ဒါက သူမကို မော့၍တောင်မကြည့်။ စားပွဲပေါ်ရှိ သစ်သားခွက်ထဲမှ အမြုပ်ထနေသော တယ်ကီလာကို အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေသည်။

“ ခေါင်းကြည်သွားပြီလား .. လင်းသဒ္ဒါ .. ”

“ မကလျာ .. ရှင်ကရော သီဟကို ချစ်နေတာလား .. ”

ကလျာဏီ၏ အမေးကို လင်းသဒ္ဒါက အမေးနှင့်ပင်တုံ့ပြန်သည်။ သက်ပြင်းမောတစ်ချက်ကို ပင့်ရှိုက်ကာချရင်း ကလျာဏီ သူမနားမှာ ဝင်ထိုင်သည်။ စားပွဲပေါ်တင်ထားသော လင်းသဒ္ဒါလက်တစ်ဖက်ကို အသာဆုပ်ကိုင်လိုက်ပြီး ..

“ မမ မငြင်းဆန်ပဲ ဝန်ခံရရင် … ဘဝမှာ ကြုံခဲ့ဖူးတဲ့ ယောကျ်ားလေးတွေထက် ပိုချစ်တယ်လို့ ပြောလို့ရမယ် လင်းသဒ္ဒါ .. ”

အံ့အားသင့်ဖွယ်ရာပင်။ လင်းသဒ္ဒါသည် ဒီစကားကို ကြားပေမယ့် ကလျာဏီကို ရန်လိုသည့်စကား တစ်ခွန်းမှ မဆိုပဲ မျက်လုံးအကြောင်သားလေးနှင့် ငေးကြည့်နေသည်။ ကလျာဏီ သူမအကြည့်ကို နားလည်သလို ခံစားရသည်။ စားပွဲပေါ်ရှိ လင်းသဒ္ဒါ လက်ဖဝါးတစ်ဖက်ကို ဆုပ်ကာဖျစ်ညှစ်လိုက်ရင်းမှ ..

“ ဒါပေမယ့် မမ ဝန်ခံပါတယ် .. မမ အတ္တကြီးခဲ့တယ် .. သဒ္ဒါရဲ့အမှားကို အသုံးချပြီး သီဟကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တယ် .. ပြန်တွေးကြည့်ရင် မမ မတရားဘူး .. သီဟ လိုချင်တာ မမမဟုတ်ဘူးလို့ သိနေတဲ့တိုင် မမ သူ့ကို မစွန့်လွှတ်နိုင်ခဲ့ဘူး .. ”

လင်းသဒ္ဒါ မျက်လုံးတွေက မှုန်ရီနေရာမှ ဝင်းလက်လာသည်။

“ မက ..လျာ .. မမ ဘာတွေပြောနေတာလဲ .. ”

“ အင်း .. ပြောရရင် မမနဲ့သီဟ ချစ်ခဲ့ကြတယ်ဆိုပေမယ့် အဲဒါက မမ အခွင့်အရေးပေးလိုက်တာကြောင့် .. မမ ရှက်ရှက်နဲ့ဝန်ခံရရင် သူ့ကို ဖြားယောင်းခဲ့လို့ .. မနေ့ညကလဲ တကယ်ဆို မမကပဲ စခဲ့တာ .. သီဟက မမစလို့ပါခဲ့ရပေမယ့် တကယ်တမ်းကျတော့ သူ့စိတ်က တခြားရောက်နေတာ မမ အသိသားပဲ .. သူ့နှလုံးသားက မမ ဘယ်လိုပဲ သိမ်းသွင်းသိမ်းသွင်း သဒ္ဒါဆီမှာပဲရှိတယ်ဆိုတာ မမ သဘောပေါက်ပါပြီကွယ် … မမ နောက်ဆုတ်ပေးမယ် …ဒီတော့ သဒ္ဒါသာ သီဟကိုချစ်နေသေးတယ်ဆိုရင် သူ့ကို စွန့်လွှတ်ဖို့ မစဉ်းစားနဲ့ … သွား .. သီဟဆီသွားပြီး ဝန်ခံလိုက် .. မမကို ထည့်မတွက်နဲ့ .. စီစီကိုလဲ ခေါင်းထဲထည့်မနေနဲ့ .. သီဟ စိတ်ထဲမှာ စီစီမရှိဘူးဆိုတာ သဒ္ဒါအသိဆုံးမှတ်လား …“

“ တကယ် .. တကယ်ပြောနေတာလား မကလျာ … ”

ကလျာဏီက ပြုံးကာ ခေါင်းညိတ်ပြစဉ်တွင် လင်းသဒ္ဒါသည် အားရဝမ်းသာစွာ သူမကို ပြေးဖက်သည်။ ကလျာဏီက မျက်ရည်တွေရစ်ဝိုင်းနေသည့် အပြုံးမျက်နှာနှင့် သူမကို ပြန်လည်၍ ဖက်ထားသည်။ သူမရင်ထဲတွင်တော့ မကောင်းပါ။ သို့သော် အမှန်တကယ် ချစ်နေကြသော ချစ်သူနှစ်ဦးကြားတွင် သူမ ဝင်မစွက်ချင်တော့။ သူမဘက်က နောက်ဆုတ်လိုက်ခြင်းသာလျှင် အကောင်းဆုံးနှင့် အဖြစ်သင့်ဆုံးလမ်းဟု ကလျာဏီ ယုံကြည်ပါသည်။

ကလျာဏီကို တော်တော်လေးကြာသည်အထိ တင်းကြပ်စွာပွေ့ထားပြီးမှ လင်းသဒ္ဒါ လူချင်းခွာသည်။ သူမ မျက်လုံးတွေသည် အခုမှ ဘေးဘီဝဲယာကို ကြည့်မိသည်။

“ သီဟ .. သူ ဘယ်မှာလဲ … ”

“ ဟင် .. အရက်ထွက်သောက်မယ်ဆိုပြီး သူပြောသွားတာ မှတ်လား .. ”

သူမတို့နှစ်ဦးစလုံး၏ အကြည့်က အရက်ရောင်းကောင်တာတွင် စာရင်းတွက်နေသော ဆိုင်ရှင်လူဝကြီးဆီရောက်သည်။ ဆိုင်ရှင်ကြီးက သူတို့ပြောဆိုနေမှုကို နားစွန်နားဖြားကြားသည့်ဟန်ရှိသည်။

“ ခင်ဗျားတို့နဲ့လာတဲ့လူဆိုရင်တော့ လွန်ခဲ့တဲ့ တစ်နာရီလောက်က elf အမျိုးသမီးတစ်ယောက်နဲ့ ထွက်သွားတာ တွေ့တယ် .. ”

ထိုစကားတွင် လင်းသဒ္ဒါမျက်နှာရှိ ဝမ်းသာမှုကပျောက်ဆုံးကာ ဒေါသက အစားထိုးဝင်လာသည်။

“ ဒီ .. နှာဘူးကောင် .. တွေ့လို့ကတော့ .. ”

“ နေ … နေဦး .. သဒ္ဒါ .. ”

သူမကို လက်ပြတားသည့် ကလျာဏီကြောင့် လင်းသဒ္ဒါ မကျေမချမ်း ရေရွတ်နေမှုကို ရပ်လိုက်သည်။

“ ဒီမှာရှင့် .. ရှင်တို့မြို့မှာ elf တွေ ရှိလို့လား .. ”

“ အဲဒါကတော့ .. မရှိဘူးလို့ ပြောရမှာပဲ .. ဧည့်သည်အနေနဲ့လဲ တစ်နှစ်လုံးနေမှ တစ်ခါတောင် မရောက်ကြဘူး .. ကျုပ်တောင်မှ ထူးဆန်းနေတယ်လို့တော့ ထင်နေတာ .. ဒီမိန်းမပြောတာက သူရဲ့ကလေးပျောက်သွားလို့ ခင်ဗျားတို့လူကို လိုက်ရှာပေးဖို့ အကူအညီတောင်းတာပဲ .. ”

ကလျာဏီ မျက်လုံးအဝိုင်သား ဖြစ်သည်။ အလောတကြီး ဆက်မေးသည်။

“ ပြော .. ပြောပါဦး .. အဲဒီ elf က ဘယ်လိုပုံစံရှိလဲ .. ”

“ သူက ကျုပ်မြင်ဖူးနေကြ elf တွေနဲ့တော့ မတူဘူး .. ချောတာမှ တော်တော်ချောတဲ့ အမျိုးသမီးပဲ .. မျက်နှာလေးက ဖြူနုပြီး ဆံနွယ်တွေက ကျောက်မီးသွေးလိုပဲ နှက်မှောင်နေတယ် .. အထူးခြားဆုံးကတော့ သူ့မျက်လုံးတွေပဲ .. ခရမ်းနုရောင် တောက်နေတယ် .. ”

ကလျာဏီ၏ နှလုံးသားသည် ရေခဲသမျှ အေးစက်သွားသည်။ ကြောက်လန့်ထိတ်ရွံ့မှုအား သူမ မျက်နှာပေါ်၌ ဘယ်လိုမှ ဖုံးကွယ်မထားနိုင်။

“ မ မ .. မကလျာ !!! . ဘာ .. ဘာဖြစ်တာလဲ .. ”

“ သူတို့ဘယ်ကို သွားတယ် ကြားမိလိုက်လဲ .. ”

“ မြို့အနောက်ဘက်က တောအုပ်ထဲ သွားရှာကြမယ် ပြောတာပဲ .. ”

“ သဒ္ဒါ … စီစီကို သွားခေါ်လာခဲ့ .. မမ သီဟတို့နောက် လိုက်ခဲ့မယ် .. ”

“ မကလျာ နောက်နေတာလား .. အဲဒီဟာမကို သွားခေါ်မယ့်အစား … ”

ဘာဖြစ်မှန်း မသိသေးသည့် လင်းသဒ္ဒါ ကလျာဏီ စကားကို မလိုက်နာချင်။ ကလျာဏီက သူမ အထွန့်တက်နေမှုကို စိတ်မရှည်စွာ အော်ငေါက်သည်။

“ သဒ္ဒါ .. နင် ငါပြောတာ နားထောင်စမ်း !! … ”

“ မကလျာ .. ဘာဖြစ်နေတာလဲ … သဒ္ဒါပဲ သီဟကို သွားရှာပါရစေ .. စီစီကို မကလျာဖာသာ ခေါ်လာခဲ့ .. ”

“ အေး .. ပြီးရော .. ဒါဆို သွားတော့ … မြန်မြန်သွား .. မြန်မြန်ရောက်မှ သီဟ အသက်ကို မှီလိမ့်မယ် … ပြေးးးးးးးး … ”

.............................................

သီဟနှင့် မာယာဒေဝီ အိပ်ယာစွန်းတွင် အတူထိုင်မိကြသည်။

“ အဝတ်တွေ ချွတ်လိုက်နော် သီဟ … လွတ်လွတ်လပ်လပ် နေကြရအောင် .. ”

သီဟ ဝတ်ထားသည့် အင်္ကျ ီကို ခေါင်းပေါ်ကနေ အလိုလို ဆွဲချွတ်ပြီးသား ဖြစ်သည်။ အင်္ကျ ီပြီးတော့ လက်က ဘောင်းဘီဆီ မဆိုင်းမတွရောက်သည်။ သီဟ ကိုယ်ပေါ်တွင် ဘာအဝတ်အစားမှ မရှိတော့။ ယောကျ်ားပီသသော သီဟ၏ ကိုယ်လုံးကို မြင်သည်တွင် မာယာဒေဝီ လှလှပပလေး ပြုံးသည်။ သွယ်လျသည့် လက်ချောင်းလေးများနှင့် ရင်အုပ်ကို ပွတ်သပ်ကာ ကစားပြီးမှ ဆတ်ခနဲ တွန်းထုတ်လိုက်သည်။ သီဟ အိပ်ယာပေါ်ကို ပက်လက်လှန်ကြသည်။ မျက်စချီ၍ မာယာဒေဝီက ညုတုတု တစ်ချက်ကြည့်ပြီး သူမခေါင်းကို အောက်သို့ ငုံ့ချသည်။

“ အိုး … ”

မာယာဒေဝီ သူမလျှာကလေးကို မှိုပွင့်လို့ ထိပ်ခေါင်း၏ အောက်ဘက်သို့ ထိုးကာဆွသည်။ ပြီးလျှင် တုတ်ထိုးသကြားလုံးတစ်ခုကို လျှာနှင့်လျက်ပေးသလို ထိပ်လုံးလုံးကြီးကို ပွတ်ကာဆွဲသည်။ တစ်ချိန်တည်းမှာ လက်သွယ်သွယ်လေးတစ်ဖက်နှင့်လဲ ဥနှစ်လုံးကို ရွရွလေးဆုပ်ကိုင်ပြီး ဆွပေးနေသည်။ ကျွမ်းကျင်လှသည့် သူမ၏ လုပ်ဆောင်ချက်တွင် သီဟ လိင်တံက လေပြည့်သည့်ကျွတ်လိုပင် ချက်ချင်းဖောင်းကား တက်သည်။ လိင်တံကနေတဆင့် ဖိန်းရှိန်းပြီး ပျံ့နှံ့လာသော ကာမအရသာကို သူဘယ်လိုမှ ကြံ့ကြံ့ခံမထားနိုင်။ မာယာဒေဝီ ပါးစပ်ထဲ ပို၍ ထပ်တိုးဝင်အောင်ပင် လိင်တံကို ညှောင့်ပေးမိသည်။ သီဟ သဘောကိုသိနေသည့်အလား မာယာဒေဝီကလဲ တော်တော်လေးကြာအောင်ကို စုပ်ပေးသည်။ လိင်တံက သံချောင်းတစ်ခုလို တင်းမာလာမှ ပါးစပ်ထဲမှ ထုတ်ယူလိုက်သည်။

မာယာဒေဝီ ချက်ချင်းဆိုသလို သီဟပေါ်ရောက်လာသည်။ သီဟ ခါးကို ကျကျနနခွပြီးသည်နှင့် သူမတင်ပါးနောက်တွင် မတ်မတ်ထောင်နေသော သူ့အကောင်ကို လက်ပြန်စမ်းသည်။ သွေးကြောကြီးတွေ ဖောင်းကြွကာ တဆတ်ဆတ်တုန်နေသာ လိင်တံအလည်ပိုင်းကို မိမိရရဖမ်းကိုင်သည်။ ဖမ်းမိသည်နှင့် အပေါ်ဘက်ကို နဲနဲပြန်ကြွပြီး ထိပ်ဖူးကို အရည်တွေရွှဲနေပြီဖြစ်သော အဝနှင့်တေ့သည်။ ဆောင့်ကြောင့်မကြတကြ ထိုင်ထားရာမှ တင်ပါးတွေကို အောက်ဘက်သို့ ဖိချသည်။ လိင်တံမာမာကြီးက အဖုတ်နှုတ်ခမ်းသားများကို ပွတ်တိုက်ပြီး အထဲသို့ ဝင်သည်။

“ အီး .. ”

“ အား .. ”

မာယာဒေဝီ တင်ပါးဖွေးဖွေးတွေက သီဟ ဆီးစပ်ပေါ်သို့ ပိကျလာချိန်တွင် နှစ်ယောက်သား သံပြိုင်ညည်းညူဖြစ်ကြသည်။ သီဟ တစ်ယောက် အချစ်နိဗ္ဗာန်ဘုံကို ရောက်ရှိသွားသည်ဟု ခံစားရသည်။ ကြပ်သိပ်လှသော မာယာအတွင်းပိုင်းက ပြောမပြတတ်လောက်အောင် အရသာရှိလှသည်။ ရှင်းလင်းရေး တိုက်ပွဲတွေတွင် ရန်သူ့စခန်း၏ တံခါးအထပ်ထပ်ကို ကိုယ်လုံးနှင့်ခပ်ကြမ်းကြမ်းတိုက်ကာ ဖွင့်ရသည်နှင့်တောင် တူသည်။ အခုလဲ သူ့လိင်တံက ဖျစ်ညှစ်စုပ်ယူနေသည့် အတွင်းသားတွေကို ကျော်ဖြတ်ပြီးမှ အဆုံးထိရောက်သွားသည်။ ကောင်းလိုက်သည့် ဖြစ်ချင်း။

မာယာဒေဝီ သူမ ဒူးနှစ်ဖက်ကို မို့ယာပေါ်ပြန်ချပြီး ကိုယ်ကလေးကို ငိုက်ပေးလိုက်သည်။ မို့မို့ထွားထွား နို့ကြီးနှစ်လုံးက သီဟ ရင်ပတ်ပေါ်ကို အိခနဲ ပိကျလာသည်။ သူမမျက်နှာက သီဟနှင့် နီးကပ်သွားပြီး ထူထူအဲအဲနှုတ်ခမ်းကို ငုံ့ကာနမ်းသည်။ နှုတ်ခမ်းကို မလွတ်တမ်း ဖိကာ နမ်းထားရင်းမှ တင်ပါးကြီးကို နောက်ပြန်ပစ်ပစ်ဆောင့်သည်။ အထာကျွမ်းကာ အဆောင့်မှန်လှသည်မို့ လိင်တံက ကျကျနနပင် အဖုတ်နှုတ်ခမ်းသားတွေကို ပွတ်ပြီး တိုးဝင်ပြန်ထွက်ဖြစ်သည်။ ကြာကြာမဆောင့်လိုက်ရ။ ရမ္မက်ရှိန်တက်လာပြီဖြစ်သည့် သီဟ လက်တွေက သူမ တင်ပါးတွေဆီ ရောက်လာသည်။ မာယာဒေဝီ ဆောင့်ချပေးသည်ကိုပင် မစောင့်နိုင်တော့သလို အားမလိုအားမရနှင့် သူ့ဖာသာသူ ဆွဲကိုင်ကာ ဆောင့်သည်။

“ ဟုတ်ပြီ .. ဒီလိုမှပေါ့ … အင်း .. အင်း .. ”

မာယာဒေဝီ အားရကျေနပ်စွာ အားပေးအားမြှောက်ပြုသည်။ စိတ်ထဲကနေ၍လဲ သီဟတစ်ယောက် မြန်မြန်ပြီးမသွားစေဖို့ ကျိတ်ဆုတောင်းသည်။ အနည်းဆုံး သူမတစ်ချီလောက် ပြီးချင်သည်။ သူမ မပြီးခင် သူပြီးသွားလျှင် ဆတ်တငန့်ငန့်ကျန်ခဲ့မှာ မလိုလား။ သီဟနှင့် နောက်တစ်ကြိမ်ချစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဆိုတာ သူမ သိသည်။ သီဟ သာလျှင် မသိတာ မဟုတ်လား ..။

“ အင်း .. သီဟ ရယ် … အို … အို .. ”

ခံစားနေကြ အရသာက မာယာဒေဝီ၏ အသိအာရုံကို နှိုးဆော်လာသည်။ သူမ ပြီးတော့မည်။ ကာမ ပန်းတိုင်ရောက်ဖို့ နီးကပ်လာပြီ။ ဇွိခနဲ ဇွိခနဲ မြည်သံတွေ စက္ကန့်မလပ်ထွက်ကျလာသည်အထိ မာယာဒေဝီ အပေါ်ကနေ ဆောင့်ဆောင့်ချသည်။ သူမနည်းတူ သီဟကလဲ ပေါင်တံလုံးကြီးတွေ ကြွလာသည်အထိ အောက်ကနေ ပင့်ဆောင့်သည်။

“ အား .. ဆောင့် .. ဆောင့်စမ်း … ကောင်းလိုက်တာ .. အာ .. ယမရာဇာ နင့်ကိုလုပ်ကြံတာ မအောင်မြင်တာ ငါ့အတွက် ကောင်းဖို့ ဖြစ်သွားတယ် .. အီး .. ”

မာယာဒေဝီ၏ ညည်းညူမှုအသွင်က ရုတ်ချည်းပြောင်းသည်။ ရမ္မက်အတွေ့နောက် ကောက်ကောက်ပါအောင်မျောနေသူ သီဟ .. ယမရာဇာဆိုသည့်အသံတွင် အိမ်မက်ဆိုးမှ လန့်နိုးသလို ခံစားရသည်။ ငါးစာတွင် ဟပ်မိပြီဆိုတာ သီဟ ချက်ချင်း နားလည်လိုက်ပြီး အသွင်ပြောင်းစပြုနေသော မိစ္ဆာမကိုတွန်းချသည်။ သို့သော် မာယာဒေဝီက သူ့ထက်လျှင်သည်။ သီဟလည်ပင်းကို သူမလက်တွေနှင့် ဖမ်းညှစ်သည်။ မာယာဒေဝီ လက်တွေက သန်မာလှသည်။

“ သီဟ .. ငြိမ်ငြိမ်နေစမ်း … နင့်ကိုလည်ပင်းညှစ်ပြီး သတ်လို့ရတယ် .. ဒါပေမယ့် ငါမသတ်ဘူး .. ဒီလောကကနေ ပျော်ပျော်ကြီး စွန့်ခွာသွားအောင် လုပ်ပေးမယ် .. ”

အားရပါးရ ဇွိခနဲနေအောင် ဆောင့်ချပြီးသည်နှင့် မာယာဒေဝီ တင်ပါးနှစ်ဖက်ကို ပြန်မကြွတော့။ ခါးအားကိုသုံးပြီး စကောဝိုင်းသလို ဝိုင်းပေးသည်။ အတွင်းသားတွေကိုလဲ လှုပ်ရှားကာ ဖျစ်ညှစ်သည်။ သီဟ ဘယ်လိုမှ တောင်ခံမထားနိုင်။ လှိုင်းလုံးလို တဆင့်ပြီးတဆင့် ရိုက်ခတ်လာသည့် ကာမအရသာတွင် ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်ရှာ။ ရှိရှိသမျှ အားကုန်သုံးပြီး လိင်တံကို သူမကိုယ်ထဲဝင်နိုင်သမျှ ဝင်အောင် ပင့်ထိုးမိသည်။ မာယာဒေဝီ၏ အတွင်းပိုင်းဆုံးကို ထောက်မိနေသာ ထိပ်ဖူးသည် ဖောင်းကားတက်သည်။ ထို့နောက်တွင်မူ ..

“ ဟုတ်ပြီ … ဒါမှ .. ပန်း .. ပန်းထုတ်စမ်း .. သီဟ .. အီး  .. ထွက် .. ထွက်ကုန်ပြီ .. ”

သီဟ တကိုယ်လုံးရှိ သွေးတွေ ပွက်ပွက်ဆူလာသည်။ တကိုယ်လုံးရှိ သွေးကြောတွေသည် တုန်ခါပြီး တစ်နေရာထဲသို့ ဦးတည်ကာ စီးဆင်းနေသည်ဟု ခံစားရသည်။ တခြားမဟုတ်။ အသားကုန် ရှိရှိသမျှ လရည်တွေပန်းထုတ်နေသော လိင်ချောင်းဆီသို့။ အသားတွေ တဆတ်ဆတ်တုန်သည်။ အားအင်ဟူ၍ ကိုယ်ထဲတွင် ဘာမှမရှိတော့။ မျက်လုံးအစုံက ကြောက်စရာကောင်းလောက်အောင် ပြူးကျယ်လာသည်။ ထို့အပြင် ကိုယ်ပေါ်ရှိ ဖုထစ်တောင့်တင်းသော ကြွက်သားတွေသည် တစစ ပိန်လှီလာသည်။ ကြောက်အားလန့်အားနှင့် သီဟ အော်မိတော့သည် …။

“ အားးးးးးးးးး …. ”

မာယာဒေဝီသည် မျက်နှာတပြင်လုံး ချိုင့်ဝင်လာသည့် သီဟကို ပြုံးကာငုံ့ကြည့်သည်။ သနားလိုက်တာ ဆိုသည့်အထာ။ နောက်ထပ် စက္ကန့်အနည်းငယ်ကြာလျှင် သူရဲကောင်းလို့ ပြောနေကြသော သီဟဆိုတာ အရိုးတခြား အသားတခြား ဘဝသို့ ပြောင်းတော့ပေမည်။ မာယာဒေဝီ သဘောကျသလို ပြုံးပြီး တောင်ပံတွေကို ဖြန့်ခတ်ဖို့ပြင်သည်။ ကျေနပ်အားရစွာ ဟားတိုက်ရယ်မလို့ ပြင်လိုက်စဉ်မှာပင် သူမနောက်ကွယ်မှ အရိပ်တစ်ခု ပေါ်လာသည်။ မာယာဒေဝီ အံ့သြတကြီးနှင့် လှည့်ကြည့်လိုက်စဉ်တွင် မျက်လုံးအစုံက ထိတ်လန့်မှုကြောင့် သေးငယ်သွားသည်။

မာယာဒေဝီ အော်ချိန်တောင်မရနိုင်။ သူမ ပါးစပ်ဟဖို့ ပြင်တုန်းရှိသေးသည်။ လင်းသဒ္ဒါလက်မှ ကင်ဒိုဓါးသွားက ဖွေးကနဲလက်သည်။ မာယာဒေဝီခေါင်းက ဘုတ်ခနဲနေအောင် ကျောက်သားကြမ်းပြင်ပေါ်ပြုတ်ကျပြီး သုံးလေးပတ်လောက် လိမ့်ထွက်သည်။ အရှိန်သေကာ ရပ်သွားသည့်အချိန်တွင် ကြောက်ရွံ့ထိတ်လန့်နေသော သူမမျက်နှာက မျက်လုံးအပြူးသားနှင့် လင်းသဒ္ဒါကို စိုက်ကြည့်နေသည်။

“ သီဟ .. သီဟ !!! … ”

မာယာဒေဝီ ခေါင်းပြတ်ကိုယ်ကြီးကို တွန်းထုတ်လိုက်ပြီးနောက် လင်းသဒ္ဒါ သီဟကို ပွေ့ချီသည်။ သီဟ၏ ရုပ်ရည်သည် သူမနှင့်တွေ့ခါစတုန်းကလို မဟုတ်တော့။ ခုနှစ်ရက်တစ်ပတ်အစာမစားရသော သူလို မျက်နှာက ပိန်လှီခွက်ဝင်နေသည်။

“ အ ဟွတ် ..  ”

“ သီဟ .. သတိထား .. ”

စကားပြောဖို့ ကြိုးစားသည့် သီဟ ပါးစပ်ထဲမှ သွေးတစ်ပွက်အံသည်။ လင်းသဒ္ဒါ လက်နှင့် သီဟ၏ ပါးပြင်ကိုအသာပွတ်သည်။ အဖြစ်ဆိုးသည့် ချစ်သူကိုကြည့်ပြီး ထိန်းချုပ်ခြင်းကာ မစွမ်းနိုင်တော့ပဲ သူမမျက်ဝန်းတွင် မျက်ရည်စတွေ ခိုတွဲလာသည်။

“ ကိုယ် .. ကိုယ် .. အ ဟွတ် … သ ဒ္ဒါ ကို .. အ ဟွတ် .. ချစ် .. ခ .. ”

“ သီဟ .. မ သွားနဲ့ .. မသွားရဘူး .. သဒ္ဒါ အနားမှာ အမြဲနေရမယ် … သဒ္ဒါကို ပစ် မ .. မသွားပါနဲ့နော် .. အ ဟင့် .. ”

သီဟ အသံက ဖျော့တော့လွန်းလှသည်။ စကားဆုံးအောင်ပင် ပြောဖို့ ခွန်အားမရှိရှာပေ။ လင်းသဒ္ဒါ၏ သနားစဖွယ် ငိုကြွေးသံကြောင့် သီဟ မျက်လုံးတွေကို ကြိုးစားပြီးဖွင့်ထားရသည်။ သို့သော် ဘယ်လောက်ကြိုးစားစား မျက်ခွံတွေက လေးလံ၍လာသည်။ အရင်ဆုံး သူ့အသိအာရုံသည် ခြေထောက်တွေကထွက်ခွာသည်။ ထို့နောက် သူ့လက်တွေ။ ထိုမှတဆင့် သူ့အမြင်အာရုံသည် တစစ မှုန်ဝါးလာသည်။ သတိရတစ်ချက် မရတစ်ချက်နှင့် သီဟ မျက်လုံးအိမ်က တဖြေးဖြေးဖြူတက်သည်။ နောက်ဆုံးအနေဖြင့် သူသိလိုက်သည်က လင်းသဒ္ဒါ သူ့နာမည်ကို တကျော်ကျော်ခေါ်ကာ ငိုကြွေးနေမှု။ ထို့နောက်တွင်မူ …

“ သီဟ … ထ ..  ထစမ်းပါဦး .. သဒ္ဒါ ရှင့်ကို ချစ်တယ် .. အရမ်းချစ်တယ် … သီဟ .. ကြားလား .. သဒ္ဒါပြောနေတာတွေ ကြားလားးးးး … ”

သူမ ဘယ်သို့ဆိုဆို သီဟ တုတ်တုတ်မလှုပ်တော့။ လင်းသဒ္ဒါ၏ ငိုကြွေးမှုသာလျှင် ကျောက်ဂူထဲတွင် ကြားနေရသော တစ်ခုတည်းသော အသံဖြစ်တော့သည်။

“ သဒ္ဒါ .. သူ .. ဘာဖြစ်သွားတာလဲ .??? ”

“ မ .. မ ကလျာ !!!  ကယ်ပါဦး … သီဟကို ကယ်ပါဦး .. သူ ..သူ .. ”

ကလျာဏီနှင့် စီစီဟန် အလာကောင်းပေမယ့် အခါနှောင်းချေပြီ။ အသက်ရှူမှုကင်းမဲ့နေသော သီဟ၏ ကိုယ်ကိုမြင်သည်နှင့် ဘာဖြစ်ခဲ့သည်ဆိုတာကို ဗဟုသုတများသူ ကလျာဏီတန်းသိသည်။ လင်းသဒ္ဒါကို ဘယ်လိုဖြောင်းဖြရမည်ဆိုတာကို သူမ စဉ်းစားလို့မရ။ မတုန်မလှုပ်နှင့် ကလျာဏီပုံစံကြောင့် လင်းသဒ္ဒါ သူမလက်ကို အားမလိုအားမရ ကိုင်လှုပ်သည်။

“ ကယ် .. ကယ်ပါ မမရယ် .. သူသာ အသက်ရှင်မယ်ဆိုရင် သဒ္ဒါ ဘာလုပ်ပေးရ ပေးရပါ .. ”

“ ဟင်း .. ”

ပါးပြင်တစ်ခုလုံး မျက်ရည်စီးကြောင်းတွေနှင့် လင်းသဒ္ဒါ၏ အသွင်က သနားချင်စရာကောင်းလှသည်။ သို့သော် ကလျာဏီ ဘယ်လိုမှ မတတ်နိုင်။ သူမကိုယ်တိုင် ငိုချင်လာသည့်စိတ်ကို မနည်းထိန်းနေရသည်။

“ သူ့ကိုအသက်ရှင်စေချင်ရင် .. နည်းတစ်ခုတော့ ရှိတယ် .. ”

“ ရှင် !!! .. ရှင်ဘာပြောလိုက်တယ် .. ”

လင်းသဒ္ဒါ ကလျာဏီလက်မောင်းကိုဆွဲကိုင်ထားမှုကို ဖယ်လိုက်ပြီး အနားသို့ တိုးလာသည့် စီစီဟန်ကို မယုံနိုင်သောအကြည့်နှင့်ကြည့်သည်။ သူမတစ်သက်တာတွင် ဒီမိန်းမကို စကားပြောဖို့တောင် စဉ်းစားခဲ့သည်မဟုတ်။ အခုတော့ သီဟကို ချစ်သည့်အချစ်နှင့် သူမ အလောတကြီး မေးမိနေပြီ။

“ စီစီ .. သူ့ကို ကယ်လို့ရတယ် ..  ဒါပေမယ့် ရှင် မြန်မြန်ဆုံးဖြတ်ဖို့လိုတယ် .. ”

“ ကျမက ?? .. ဆုံးဖြတ်ရမယ် .. ဘာဆုံးဖြတ်စရာမှမလိုဘူး  စီစီ .. သီဟကို ကယ်ပါ .. သူ့အတွက်ဆိုရင် ကျမ ဘာလုပ်ပေးရပေးရ .. ကျမ အသက်ကို လိုချင်တောင် ရတယ် .. ”

“ အ ဟင်း .. ဟင်း .. ရှင်က သူ့ကို တကယ်ချစ်တာကိုး .. ကောင်းပါတယ် .. ရှင် ဒီလိုပြောလာတော့လဲ ကျမကယ်ပေးရမှာပေါ့ .. ”

စီစီဟန် လင်းသဒ္ဒါ၏ ဘေးသို့ရောက်လာသည်။ လဲကျနေသူ သီဟ၏ နဖူးကို လက်ဖြင့်လှမ်းထောက်သည်။

“ နေဦး စီစီ .. မင်းက ဘယ်လိုအတတ်နဲ့ ကယ်မှာလဲ ..  မင်း သေသေချာချာ မပြောပဲနဲ့တော့ တို့တွေ လက်မခံနိုင်ဘူး .. သဒ္ဒါ မင်းစိတ်ကိုထိန်းထားစမ်း .. ”

“ မကလျာက စီစီကို မယုံဘူးကိုး … စီစီရဲ့ပညာက ဘာလဲဆိုတာ မကလျာ အသိသားနဲ့ .. ကောင်းပြီလေ .. စီစီ ရှင်းပြပါ့မယ် .. လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူ့ဝိညာဉ်ဟာ ကောင်းကင်ဘုံကိုပဲသွားမလား ၊ ငရဲကိုပဲသွားရမလားဆိုတာ အဆုံးဖြတ်ခံဖို့ စောင့်ရတယ် .. စီစီတို့ပညာသည် necromancer တွေဟာ အဲဒီအချိန်လေးကို အသုံးချပြီး သေဆုံးသူရဲ့ကိုယ်ထဲကို ကိုယ်ပွားဝိညာဉ်တစ်ခု ပြန်ထည့်ပေးလို့ရတယ် .. သီဟတစ်ကနေ သီဟနှစ်ဖြစ်အောင် လုပ်ယူတဲ့သဘောပေါ့ .. အဲဒီလိုနည်းနဲ့ သူ့ကို လောလောဆယ်မသေအောင် လုပ်ထားလို့ရတယ် .. သူ မသေတော့ဘူးဆိုရင် မူလဝိညာဉ်ပြန်ရလာဖို့ နည်းလမ်းရှာလို့ရမှာပါ .. ဒါပေမယ့် လင်းသဒ္ဒါရဲ့သဘောပါ ... ရှင်သဘောတူမှ ကျမ လုပ်မှာပါ … ”

“ သဒ္ဒါမှာ ရွေးချယ်စရာကော ရှိလို့လား … မတတ်နိုင်ဘူး မကလျာ .. သဒ္ဒါ သူ့ကို မသေစေချင်သေဘူး ..”

ကလျာဏီ နောက်ထပ် ထပ်မပြောတော့ပါ။ လင်းသဒ္ဒါက သီဟ ဘေးနားမှ ထကာ စီစီအတွက် နေရာဖယ်ပေးလိုက်သည်တွင် သူမလဲ အတူနောက်ဆုတ်ပေးသည်။ စီစီဟန်က သီဟ၏ ခေါင်းရင်းဘက်တွင် တင်ပလေခွေထိုင်ကာ အကျအနနေရာယူသည်။ တစ်စုံတစ်ခုကို အာရုံပြုသည့်နှယ် မျက်လုံးအစုံကို မှိတ်သည်။ သူမ၏ လက်နှစ်ဖက်ကို သီဟ မျက်နှာပေါ်တွင် ခပ်ခွာခွာတင်ထားလိုက်ပြီး ဖြေးဖြေးချင်း ရွေ့လျားသည်။

“ အုံ .. #@$^&!##&* … ”

ဘယ်လိုဘာသာစကားမှန်း နားလည်ရန်ခက်ခဲသော ရွတ်ဆိုမှုတစ်ခုကို စီစီဆီမှ ကြားရသည်။ သီဟမျက်နှာပြင်ပေါ်တွင် လူးလာခေါက်ပြန် ရွေ့လျားနေသော သူမလက်တွေသည် တစ်ခုခုဝင်ပူးသလို တုန်ရင်လာသည်။ လင်းသဒ္ဒါတို့ ကြည့်နေစဉ်မှာပင် စီစီလက်ချောင်းတွေကြား၌ တိမ်ဆိုင်လိုလို အဖြူရောင်အခိုးများ ရစ်သိုင်းလာပြီး ထိုအငွေ့တွေ့သည် သီဟ၏ နှာခေါင်းပေါက်ဆီသို့ ဦးတည်ကာ သွားနေသည်ကိုတွေ့ရသည်။ စက္ကန့်အနည်းငယ် ကြာပြီးသောအခါ စီစီလက်ချောင်းတွေရှိ အခိုးအငွေ့တွေအားလုံး သီဟကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။ တဖြေးဖြေးနှင့် သီဟ ကိုယ်ကမူလအတိုင်း မဟုတ်သည့်တိုင် အသားတွေ ပြန်ပြည့်လာသည်။ ထိုရောအခါ စီစီဟန် ရွတ်ဆိုမှုက ရပ်သွားပြီး အာရုံပြုထားသည့် သူမမျက်လုံးအစုံကို ဖွင့်လိုက်သည်။ အချိန်အားဖြင့် ဘယ်လောက်မှ ကြာသည်မဟုတ်သည့်တိုင် စီစီဟန်၏ မျက်နှာတွင် မောပန်းမှုကို မြင်နေရသည်။ သူမပြုလုပ်သော spell သည် ဘယ်လောက်ခက်ခဲမည်ဆိုတာ မေးစရာကို မလိုအပ်တော့ပါ။

“ ဟော .. လက်ချောင်းလေးတွေ လှုပ်လာတယ် .. မမ .. သူ .. သူအသက်ဝင်လာပြီ .. ”

မျက်တောင်ပင်မခတ်ပဲ သီဟကို စိုက်ကြည့်နေသည့် လင်းသဒ္ဒါက အရင်ဆုံး သတိပြုမိသည်။ ကလျာဏီ၏ လက်ကို အားရပါးရ လှုပ်ခါပြီး သီဟ၏ ညာဘက်ဘေးတွင် ဝင်ထိုင်သည်။ သူမတို့ကြည့်နေစဉ်မှာပင် သီဟ မျက်တောင်တွေက တလှုပ်လှုပ်ဖြစ်လာသည်။ ထိုမှ ဖြေးဖြေးချင်း သီဟ မျက်လုံးတွေ ပွင့်သည်။

“ သီဟ !!!!! … ”

ကိုယ်တစောင်း ထထိုင်လိုက်သည့် သီဟကို လင်းသဒ္ဒါ အားရဝမ်းသာစွာ ပွေ့ဖက်သည်။ သူမမျက်နှာအား ဖုံးလွှမ်သွားသည့် သူ့ဆံပင်တွေကို အားရပါးရ နမ်းရှိုက်သည်။ စက္ကန့်ပိုင်းမျှ ပျော်ရွှင်မှုအပြည့်နှင့် ဖြစ်နေသော လင်းသဒ္ဒါ သီဟဆီမှ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသည်။ သူမကသာ သီဟကို တင်းတင်းပွေ့ဖက်ထားပေမယ့် သီဟ၏ လက်တွေက ပြန်ဖက်ထားခြင်း မရှိပေ။ သီဟကို ရင်ခွင်ထဲမှ ကမန်းကတမ်းထုတ်ရင်း လင်းသဒ္ဒါ သူ့မျက်နှာကို စိုက်ကြည့်သည်။ သီဟ မျက်လုံးတွေက သူမကို သူစိမ်းတစ်ယောက်နှယ် စူးစမ်းသည့်အကြည့်နှင့် ပြန်ကြည့်နေလေသည်။

“ စီစီ … သူ ဘာဖြစ်နေတာလဲ .. ”

“ စီစီလဲ မသိဘူး ..  ”

“ သီဟ … နေလို့ကောင်းလား .. ဘယ်လိုနေသေးလဲ .. ”

“ ကောင်းပါတယ် .. သခင်မ .. ”

ဘုရားရေ !!! … သီဟ နှုတ်မှ စီစီဟန်အားပြန်ဖြေလိုက်သော စကားသံကြောင့် သူမတို့သုံးယောက်စလုံး အံ့အားသင့်သည်။ အရင်ဆုံး သတိဝင်လာသူ ကလျာဏီသည် စီစီဟန်ကို တင်းမာသော အကြည့်နှင့်ကြည့်သည်။

“ စီစီ .. မင်း သူ့ကို ဘယ်လိုလုပ်လိုက်တာလဲ … ”

ကလျာဏီသာမက လင်းသဒ္ဒါကပါ သူမကို ခက်ထန်စွာ ကြည့်နေသည်။ စီစီဟန် စိတ်ပျက်ရသည်။ သူမ ဘာလုပ်လုပ် ဒီအမျိုးသမီးနှစ်ယောက်က အကောင်းထင်သည်မရှိ။ တကယ်ဆို ဒီspell ကို သုံးဖို့ ဘယ်လောက်ခက်ခဲသည်ဆိုတာ စီစီတို့လို ပညာသည်တွေပဲ နားလည်သည်။ Necromancy ပညာတွင် သေသွားသည့်လူတစ်ယောက်ကို အသုံးချဖို့ဆိုတာ မခက်ခဲလှသော်လဲ ဝိညာဉ်တစ်ခုကို ပွားယူပြီး အသက်ပြန်သွင်းဖို့ဆိုတာ ပညာသည်တိုင်းတောင် လုပ်နိုင်သည်မဟုတ်။ ထို့အပြင် အခု သူမအသုံးပြုသော spell သည် တားမြစ်ထားသော ပညာရပ်ထဲတွင် ပါဝင်သည်။ သီဟ အသက်ကို ကယ်ဖို့ အချိန်ကမလုံလောက်သဖြင့်သာ သူမ သိသိကြီးနှင့် စွန့်စားရတာဖြစ်သည်။ အခုတော့ ဒါတွေကို နားမလည်သည့် ဟိုနှစ်ယောက်က သူမကိုပဲ ရန်လိုစွာဖြင့် ကြည့်နေသည်။

“ ရှင်တို့ထင်နေသလို မဟုတ်ဘူး .. ကျမအခုလုပ်လိုက်တဲ့ spell ရဲ့အခြေခံက ရွတ်ဆိုခဲ့တဲ့သူရဲ့စကားကို လိုက်နာရမယ်ဆိုတာ ပါပြီးသား .. မကလျာ  လင်းသဒ္ဒါ သဘောမပေါက်ဘူးဆိုတာတောင် ရှင်ကတော့ နားလည်မယ်ထင်တယ် .. လင်းသဒ္ဒါကို သီဟရဲ့သခင်မအဖြစ် ပြောင်းပေးနိုင်လောက်အောင် ကျမ မစွမ်းဘူး .. ရှင်တို့ မမေ့ပါနဲ့ .. ဒါဟာ နဂိုမူလ သီဟရဲ့ဝိညာဉ်မဟုတ်ဘူးဆိုတာကို .. ”

“ ဒါ .. ဒါဆို .. ”

စီစီ၏ ရှင်းပြမှုကို လင်းသဒ္ဒါ လက်မခံချင်ပဲ လက်ခံလိုက်ရသည်။ အခုလောလောဆယ်တွင် သူမ ဘာပြောပြော လင်းသဒ္ဒါ လိုက်နာရမည်သာ။ သူမတို့ အခြေအတင်ပြောနေမှုကို ဘာမှ နားမလည်သည့်အသွင်နှင့် ငေးကြည့်နေသော သီဟကိုသာ စိတ်မကောင်းစွာနှင့် လင်းသဒ္ဒါ စောင်းငဲ့ကြည့်သည်။ ပြီးမှ ..

“ ဒါဆို ဘာဆက်လုပ်ရမှာလဲ .. ”

“ သူ့ရဲ့နဂိုဝိညာဉ်ကို ပြန်ထည့်ပေးနိုင်တဲ့သူဆီ စီစီတို့ သွားရမယ် ..  မကလျာ .. ရှင် ကျမတို့ကို အဲဒီကို သယ်သွားပေးနိုင်မလား .. ”

ကလျာဏီ ဖြည်းညင်းစွာ ခေါင်းခါသည်။

“ သီဟ တစ်ယောက်တည်းဆိုရင်တော့ ဖြစ်တယ် .. ဒါပေမယ့် ရှင်တို့အားလုံးကို တင်သွားဖို့ကတော့ မဖြစ်နိုင်ဘူး .. ”

“ ဒါဆိုလဲ မတတ်နိုင်ဘူး .. ကျမတို့ ဒီအတိုင်းပဲ သွားကြတာပေါ့ .. လောလောဆယ် မကလျာဖြစ်ဖြစ်၊ လင်းသဒ္ဒါဖြစ်ဖြစ် တစ်ယောက်ယောက်က နွယ်ငြိမ်းဆီပြန်ပြီး ခရီးသွားဖို့ မြင်းတွေယူလာခဲ့ပါ .. အလွယ်ဆုံးကတော့ ကျမရဲ့ဆပ်ကပ်အဖွဲ့ဆီက သွားယူရင်ရတယ် .. စီစီ နာမည်ပြောလိုက်ရင် သူတို့ ပေးမှာပါ … တခါထဲ စီစီ အရေးကြီးကိစ္စတစ်ခုနဲ့ ခရီးသွားစရာရှိတယ်ဆိုတာလဲ စီစီနဲ့တွဲဘက်လူကို ပြောခဲ့ပေးပါ .. ခါတိုင်းလဲ စီစီဒီလိုပဲ သွားနေကြမို့ သူတို့စပ်စုပြီး မေးမှာမဟုတ်ဘူး … ကဲ .. မကလျာတို့နှစ်ယောက်ထဲက ဘယ်သူသွားမလဲ .. ”

လင်းသဒ္ဒါနှင့် ကလျာဏီ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ ကလျာဏီကပင် လင်းသဒ္ဒါ၏ သဘောကို နားလည်ဟန်နှင့် ..

“ မမပဲ သွားလိုက်မယ် .. လင်းသဒ္ဒါ ဒီမှာနေခဲ့လိုက်ပေါ့ … ”

“ ဟုတ် .. ဟုတ်ကဲ့ .. ”

ကလျာဏီ လင်းသဒ္ဒါကို လက်ဖြင့် အသာတို့ကာ အချက်ပြပြီး လှည့်ထွက်သည်။ လင်းသဒ္ဒါ ကလျာဏီ နောက်နားမှ ကပ်၍ လိုက်လာသည်။ သူမတို့နှစ်ဦး၏ အပြုအမူကို အကဲခတ်မိသည့် စီစီဟန်က ကလျာဏီတို့ကို ကျောခိုင်းပြီး မသိမသာပြုံးသည်။ မထေမဲ့မြင်အပြုံး။ ကလျာဏီက ဒါကို သတိပြုမိပေမည့် ဂရုမစိုက်။ ညိုးငယ်သည့်အသွင်နှင့် ရှိနေသော လင်းသဒ္ဒါကိုသာ အားပေးသည့်ဟန်နှင့် ပြုံးပြသည်။

“ သဒ္ဒါ  ညီမ .. အခုအချိန်မှာ သီဟရဲ့နဂို ဝိညာဉ်ပြန်ရဖို့က အရေးကြီးတယ် .. ဘယ်ကိစ္စမဆို စိတ်လိုက်မာန်ပါမလုပ်နဲ့ .. မမပြောတာ နားလည်တယ်မှတ်လား .. ”

“ ဟုတ်ကဲ့ပါ .. မမ .. သဒ္ဒါ စိတ်ထိန်းနိုင်ပါတယ် .. ”

လင်းသဒ္ဒါ၏ ပြန်ဖြေသံက အားလျော့လှသည်။ သူမ ဘယ်လိုခံစားနေရမည်ဆိုတာ ကလျာဏီ ရိပ်မိပါသည်။ လင်းသဒ္ဒါ၏ လက်ကို အားပေးသည့်လက်နှင့် တစ်ချက်ဆုပ်ကိုင်သည်။ လင်းသဒ္ဒါက နားလည်သည့်ဟန်နှင့် ခေါင်းကို ညိတ်ပြသည်တွင် ကလျာဏီ နောက်ထပ်ဘာမှ မပြောတော့ပဲ ထွက်လာခဲ့သည်။ လောလောဆယ် စီစီပြောသလိုပင် နွယ်ငြိမ်းကို မြန်မြန်သွားပြီး မြန်မြန်ပြန်လာဖို့သည်သာလျှင် နံပါတ်တစ် လုပ်ရမည့်အလုပ်ဖြစ် ကလျာဏီ သတ်မှတ်ထားလိုက်တော့သည်။

.....................................

“ အားးးးးးးးးးးး … ”

ကျယ်လောင်စွာ အော်ဟစ်လိုက်သော ယမရာဇာ၏အသံက ပစ္စလက်နန်းဆောင်ထဲတွင် ဟိန်း၍ပျံ့နှံ့သည်။ ယမရာဇာ သူ့ရှေ့ရှိ ပလုံစီထနေသော မှော်ရေကန်ထဲမှ မြင်ကွင်းကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ မာယာ .. မာယာဒေဝီ။ သူ၏ လက်တွဲဖော်။ သူမ၏ ဇာတ်သိမ်းခန်းက ဒီလောက်အကျည်းတန်လိမ့်မည်ဟု မထင်ထားခဲ့။ အခုတော့ ခေါင်းတခြား ကိုယ်တခြားဖြစ်ကာ အသက်မဲ့နေသောကိုယ်ကို မှော်ကန်ရေပြင်မှတဆင့် အတိုင်းသားမြင်နေရသည်။ ရက်စက်မှုအရာတွင် သရဖူဆောင်းပြီး၊ သနားကြင်နာခြင်းအညှင်းမရှိလှသော ယမရာဇာ၏ စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ကြေကွဲတသခြင်းကို ခံစားလိုက်ရသည်။

“ တောက် !!! …. ဒီ ခွေးမ .. နင့်ကိုသတ်မယ် .. နင်တို့တွေ သေစေရမယ် … ဟား ... နင်တို့ အမျိုးတွေ အကုန်သေစေရမယ် .. ”

ရင်ထဲတွင် အလိပ်လိပ်တက်လာသော ဒေါသနှင့်အတူ ယမရာဇာ လင်းသဒ္ဒါအား ကျိတ်မနိုင်ခဲမရ ကျိန်ဆဲမိသည်။ ဒီ ဝံပုလွေမ ဝင်ရှုပ်လို့။ မဟုတ်လျှင် မာယာဒေဝီ သူခိုင်းလိုက်သည့်ကိစ္စကို ဆောင်ရွက်ပြီး အေးအေးဆေးဆေး အိမ်ပြန်ရောက်လာရမှာ။ ဟိုကောင် သီဟ ဘဝပြောင်းဖို့က တဲတဲလေးလိုတော့တာ။ အခုတော့ …။

သီဟကိုဖက်၍ ငိုကြွေးနေသည့် လင်းသဒ္ဒါကိုကြည့်ပြီး ယမရာဇာ ဒေါသစိတ်ဖြစ်နေရသလို၊ စိတ်ထဲမှလဲ ဒီဝံပုလွေမကို ဘယ်လို လက်တုံ့ပြန်ရမည်ဆိုတာကို ကြံစည်နေမိသည်။ လင်းသဒ္ဒါ သူ့လက်ထဲရောက်လာလို့ကတော့ တွေ့ကြပြီပေါ့။ ဒီကမ္ဘာမှာ အမ အဖြစ်လာမွေးရသည်ကို နောင်တအကြီးအကျယ်ရသွားအောင်ကို လုပ်ပစ်ရမည်။ ယမရာဇာကို အံ့တုသည့်သူတွေ ဘယ်လိုဖြစ်ကုန်ကြသည်ဆိုတာကို ဒင်းကောင်ကောင်းသိစေရမည်။ အခုတောင် ဘာပဲဖြစ်ဖြစ် သီဟဆိုတဲ့အကောင် သေပြီမှတ်လား။ ယမရာဇာ၏ အကြည့်က လင်းသဒ္ဒါ လက်ဖြင့်ပွေ့ထားသော သီဟဆီသို့ရောက်သည်။ မကျေမချမ်းဖြစ်နေသည့်တိုင် ခပ်ပြုံးပြုံးဖြစ်နေသော ယမရာဇာမျက်လုံးသည် လင်းသဒ္ဒါ နောက်ကွယ်မှ ပေါ်လာသော လူရိပ်နှစ်ခုကြောင့် ရုတ်ချည်း pause အနှိပ်ခံရသလို မျက်နှာက တည်သွားသည်။ ဒက္ခကိုလွှတ်ကာ သီဟကို သတ်ခိုင်းတုန်းက ဝင်ရှုပ်တဲ့ နဂါးမ။ သို့သော် ဒီနဂါးမလောက်တော့ သူက ဂရုစိုက်တာ မဟုတ်။ ယမရာဇာ မျက်ခုံးလှုပ်သွားရသည်က ကလျာဏီ၏ အနောက်နားက မိန်းမကြောင့်။ သူ .. သူ ..

“ ဟာကွာ … ”

ထိုအမျိုးသမီး ဘယ်သူဆိုတာ သေချာကြည့်မည်ဆိုမှ ကန်ရေပြင်၏ ပလုံထမှုက မတည်ငြိမ်တော့။ ရေပွက်တွေကြား၌ အဖြူရောင် အခိုးအငွေ့တွေ တဖွားဖွားနှင့် ပေါ်လာပြီး ဟိုကောင်တွေ ရှိနေသည့် ဂူထဲကို မမြင်ရတော့ပေ။ ယမရာဇာ ရင်ထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် စိုးရိမ်စိတ်ဝင်လာသည်။ မှော်ရေကန်ကို အသုံးပြုလို့မရတော့ခြင်းနှင့် ဆက်စပ်ပြီး နဂါးမနှင့်ပါလာသူက ဘယ်သူဆိုတာကို ချက်ချင်းရိပ်မိသည်။ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အကြောင်းတရားကိုလဲ ကြိုတွေးမိပြီး ထိတ်လန့်သွားသည်။ မဖြစ်တော့။ ဒီဟာမ သုံးယောက်စုပေါင်းသွားခြင်းသည် သူ့အတွက် ဘယ်လိုမှ ကောင်းကျိုးကို မပေးနိုင်မှန်း အတတ်သိသည်။ တစ်ယောက်ခြင်းဆိုလျှင် ဘယ်လိုမှ စာရင်းထည့်တွက်မိမှာ မဟုတ်သော်လဲ သုံးယောက်ပေါင်းလောင်းကျော်ဆိုသည့် စကားကိုတော့ ယမရာဇာ အလေးအနက်ထားရမည်။ မဖြစ်တော့။ သူ၏ မူလအစီအစဉ်အတိုင်း ငရဲတံခါး ဖွင့်ဖို့ကို ကြိုးပမ်းရတော့မည်။ တစ်စက္ကန့်၊ တစ်မိနစ်နောက်ကျလျှင် သူ့အတွက် အကျိုးယုတ်ဖို့က ပို၍ များများလာမည်။

ယမရာဇာ မှော်ရေကန်နားမှခွာသည်။ အိပ်ဆောင်တွေဘက် လမ်းလျှောက်လာသည့်တိုင် သူ့အတွေးက အိပ်စက်ဖို့ မစဉ်းစားမိ။ မာယာဒေဝီအတွက် ဘယ်လိုလက်တုံ့ပြန်ရမည်ဆိုတာကို တွေးနေမိသည်။ ငရဲတံခါးဖွင့်ဖို့ လုံးပန်းရမည်မို့ သူကိုယ်တိုင်တော့ ဟိုအဖွဲ့နောက်ကို လိုက်နိုင်မည်မဟုတ်။ တစ်ယောက်ယောက်ကို ခိုင်းရပေမည်။ မှင်စာတွေကို ခိုင်းဖို့တော့ မဖြစ်။ မှင်စာတွေအတွက် သူသက်သက်စဉ်းစားထားတာရှိသည်။ ယမရာဇာတွင် ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတော့သည်။ သူနှင့်လျှို့ဝှက်စွာ သဘောတူညီထားသည့် သူကိုသာ ချဉ်းကပ်ရပေတော့မည်။ ယမရာဇာ ခြေလှမ်းတွေကို ပစ္စလက်နန်းဆောင်၏ လျှို့ဝှက်ဦးမှင်ဆီသို့ ဦးတည်လိုက်တော့သည်။

....................................................

“ သီဟ က ဘာမှလဲ မစားဘူး .. ”

စားစရာအပြည့်ကျန်နေသော ပန်းကန်ကို ကိုင်ပြီး ကလျာဏီ မီးပုံဘေးတွင် စိတ်ပျက်လက်ပျက်နှင့် ဝင်ထိုင်သည်။ အတော်ပင် ညည့်နက်နေပြီမို့ မီးပုံမှ မီးစွယ်မကျိုးသွားအောင် သစ်ကိုင်းခြောက်တွေ ထိုးပေးနေသူ စီစီက သီဟရှိရာဘက်သို့ ငေးကြည့်သည်။ သူမတို့နှင့် ခပ်လှမ်းလှမ်းရှိ သစ်ဆုံတစ်ခုပေါ်တွင် ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်ကြည့်ရင်း သီဟ အသင့်အနေအထားနှင့် ထိုင်ကာနေသည်။

စီစီဟန်၏ ဦးဆောင်မှုဖြင့် လင်းသဒ္ဒါတို့ နွယ်ငြိမ်းမှ ထွက်ခွာလာခဲ့သည်မှာ တစ်ရက်တာ ကုန်ဆုံးတော့မည်ဖြစ်သည်။ အခု ခရီးလမ်းတွင် လင်းသဒ္ဒါနှင့် ကလျာဏီက စီစီကို ခေါင်းဆောင်တင်ထားခဲ့သည်။ ထို့အတွက်ကြောင့် သူမ သဘောနှင့်သာဆိုလျှင် အိပ်စက်နားနေဖို့တောင် စဉ်းစားမိမှာ မဟုတ်ပဲ ညဘက်တောင် ခရီးဆက်မိမည် ထင်သည်။ သီဟ၏ အခြေအနေက လင်းသဒ္ဒါတို့ မပြောနှင့် စီစီတောင်မှ မှန်းဆလို့မရ။ သူမတစ်သက်တာတွင် တစ်ခါမှ မသုံးဖူးသော spell ကို သုံးခဲ့ရတာမို့ နောက်ဆက်တွဲ ဘာအကျိုးအဆက်ဖြစ်မည်ဆိုတာကို necromancer ဖြစ်သည့်တိုင် သူမ မသိ။ အခု ကလျာဏီက သီဟ အစာမစားဘူးဆိုပြီး ပြောလှမှ တစ်စုံတစ်ခုကို ပြန်သတိရသည်။

“ အိုး .. ဒုက္ခပဲ.. ”

စီစီဟန် သူမ မျက်နှာကို လက်နှင့်အုပ်သည်။ သဘောကတော့ သူမ အမှားလုပ်မိပြီဆိုသည့် အထာ။ မျက်နှာကို လက်ဖြင့်နှစ်ချက် သုံးချက်လောက် ပွတ်ပြီး လက်ဖယ်လိုက်သည်တွင် လင်းသဒ္ဒါတို့က သူမကို စူးစမ်းဟန်နှင့် ကြည့်နေသည်။

“ သီဟ ဘာဖြစ်လို့ အစာမစားတာလဲဆိုတာ စီစီသိတယ် .. ”

“ ဘာဖြစ်လို့လဲ စီစီ ???.. ”

“ ဘယ်လိုပြောရမလဲ .. လူသေတစ်ယောက်ကို ဝိညာဉ်ပြန်သွင်းဖို့ ကြိုးစားတဲ့အခါမှ စီစီတို့ဟာ ဗလာဟင်းလင်းဖြစ်နေတဲ့ စိတ်နဲ့ ရင်ဆိုင်ရတယ် .. သဘောက သူ့မှတ်ဉာဏ်ထဲမှာ ဘာဆိုဘာမှ မရှိဘူး .. ပြုစားသူ necromancer က ဘာလုပ်ရမယ် .. ဘယ်လိုနေရမယ်ဆိုတာ ဖန်တီးတဲ့အချိန်မှာ ထည့်ပေးရတယ် .. စီစီ သူ့ကို အသက်ရှူဖို့၊ လမ်းလျှောက်ဖို့ ၊ စကားပြောဖို့ အဲဒါတွေ ထည့်ပေးခဲ့တယ် .. ဒါပေမယ့် တချို့သော function တွေကို မေ့သွားခဲ့တယ် .. ”

“ ဘာ !!! … သီဟ အစာစားဖို့ကို နင် မေ့သွားခဲ့တယ်ပေါ့ .. နင် .. ဘယ်လို လုပ် !!! … ”

ငြိမ်ငြိမ်ထိုင်ပြီး နားထောင်နေရာမှ လင်းသဒ္ဒါ ထအော်သည်။ ကလျာဏီသာ စိတ်ထိန်းဆိုသည့် သဘောနှင့် သူမလက်ကို လှမ်းမဆွဲလျှင် လင်းသဒ္ဒါတစ်ခုခု လုပ်ဖြစ်မှာ သေချာသည်။

“ အခုမှတော့ စီစီလဲ ဘာမှ မလုပ်တတ်ဘူး လင်းသဒ္ဒါ .. အဲဒါကြောင့် သူ့ကို ပြန်အသက်သွင်းမယ်လုပ်တုန်းက  ရှင်သဘောတူမှ လုပ်မယ်ဆိုပြီး မေးခဲ့တာ မဟုတ်လား .. ”

“ အို .. ဒါကတော့ … သူ့ကို ဒီလိုဖြစ်လာမယ်လို့ တွက်မှ တွက်မထားတာ .. ရှင့်ပညာကို အထင်ကြီးမိတာ အလကားပဲ .. ”

“ လင်း သဒ္ဒါ … မင်း !!! .. မင်း ပြောတာတွေ လွန်လာပြီနော် ..!!!! .. ”

ရန်စောင်ကာ ထသတ်ကြတော့မလိုဖြစ်နေသည့် မိန်းကလေးနှစ်ယောက်ကြားသို့ ကလျာဏီ ချက်ချင်းဝင်လိုက်ရသည်။ နှုတ်မှလဲ ..

“ ဟေ့ .. နင်တို့တွေ ဘာဖြစ်နေကြတာလဲ .. တစ်နေ့လုံး ခရီးသွားထားလို့ ပင်ပန်းရတဲ့ကြားထဲ .. တော်တော့ .. နောက်ထပ် စကားများတဲ့ အသံ ဘာသံမှ မကြားချင်ဘူး .. နင်တို့နှစ်ယောက် သတ်ချင်ရင် သီဟ ပြန်ကောင်းလာတဲ့ အချိန်ကျမှ သတ် .. အခု ပင်ပန်းနေပြီ .. အိပ်ကြတော့ .. သွားကြ ..  ငါ ကင်းစောင့်ထားပေးမယ် .. ”

အကြည့်ချင်းပြိုင်နေကြသူနှစ်ဦးထံမှ အရင်ဆုံး စီစီဟန်က ဖယ်ခွာပြီး မီးပုံ၏ တခြားဘက်ခြမ်းရှိ သူမအိပ်ယာဆီသို့ ထကာသွားသည်။ ကလျာဏီ စီစီဟန်က သူမတို့ဘက်ခြမ်းကို ကျောပေးကာဝင်လှဲပြီး ပုခုံးအထိရောက်အောင် စောင်ပါးကို ဆွဲခြုံသည်အထိ စောင့်ကြည့်သည်။ ပြီးမှ အခုထက်ထိ ကျောက်ရုပ်တစ်ရုပ်လို မတုန်မလှုပ်ရှိနေသော လင်းသဒ္ဒါကို သာသာလေး ထွေးပွေ့သည်။

“ သဒ္ဒါ .. မင်းလဲ အိပ်တော့ … မမတို့အားလုံးအတွက် မင်းက ပိုပြီး အနားယူဖို့ လိုအပ်တယ် .. ”

ကလျာဏီစကားကို လင်းသဒ္ဒါ နားထောင်ပါသည်။ သီဟ ရှိရာဘက်သို့ ငေးမောနေရာမှ အကြည့်ကိုလွှဲ၍ စီစီနှင့် ဆန့်ကျင်ဘက်တွင် ခင်းထားသော အိပ်ယာဆီသို့ ထသွားသည်။ ကလျာဏီ ပြောသလို သူမ အနားယူဖို့လိုအပ်နေတယ်ဆိုသည်မှာ သေချာလှသည်။ အားလုံးထဲတွင် လင်းသဒ္ဒါသည် ကိုယ်ရော၊ စိတ်ပါ ပင်ပန်းခဲ့ရသူဖြစ်သည်။ အိပ်ယာပေါ်လှဲကာ မျက်လုံးတွေမှိတ်လိုက်သည်နှင့် အိပ်ပျော်ဖို့ လင်းသဒ္ဒါ ကြာကြာမစောင့်လိုက်ရပါ။ အိပ်ပျော်ခြင်းသို့ မရှေးမနှောင်းပင် သူမ ရောက်ရှိသွားပါသည်။

................................................................................................

ပုခုံးကို လှုပ်ခါအနှိုးခံရမှုကြောင့် စီစီဟန် အင်းအင်းအဲအဲနှင့် နိုးလာရသည်။ တစ်ချက်သမ်းဝေလိုက်ပြီး ကောင်းကောင်းမပွင့်ချင်သေးသည့် မျက်လုံးကို လက်ဖြင့်ပွတ်သည်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်စဉ်တွင် သူမအနား၌ ကလျာဏီ ထိုင်ကာရှိနေသည်ကိုတွေ့ရသည်။ ည၏အမှောင်က တော်တော်သိပ်သည်းနေသည်မို့ သန်းခေါင်လောက်တော့ ရှိတော့မည်ဟု စီစီဟန်တွက်သည်။ ကင်းစောင့်ရန် သူမအလှည့်ရောက်ပြီဆိုတာ သိသည်မို့ လေးကန်နေသည့်ကိုယ်ကို ဆွဲယူ၍ထသည်။ မီးပုံ၏ တစ်ဖက်ဘေးတွင် လင်းသဒ္ဒါတစ်ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။ အိပ်ပျော်နေသူမို့ မျက်နှာလေးက အပြစ်ကင်းစွာ လှပနေသည်။ မိန်းမချင်းတောင် ငေးရလောက်သူ ဖြစ်သည်ဟု စိတ်ထဲက ဝန်ခံမိသည်။

“ လင်းသဒ္ဒါ ဘယ်လိုနေသေးလဲ .. ”

“ အခုတော့ အိပ်ပျော်နေတာပဲ .. ဒါပေမယ့် သူ့စိတ်ထဲမှာ အရမ်းနာကျင်နေမှာ သေချာတယ် .. ”

စီစီဟန် လင်းသဒ္ဒါဘက်ကို မကြည့်တော့ပါ။ ခပ်လှမ်းလှမ်းရှိ မှောင်ရိပ်တွင် ကင်းစောင့်သလိုမျိုး သစ်ပင်ကြီးတစ်ခု၏ ပင်စည်ကို မှီကာ ရှိနေသည့် သီဟဘက်သို့ လှည့်ကြည့်သည်။

“ သီဟရော .. ဘယ်လိုနေသေးလဲ .. ”

“ သူလား .. မောတယ်ပန်းတယ်ဆိုတဲ့ ပုံစံတော့ မပြဘူး .. ဒါပေမယ့် အစာမစားတာရယ်၊ တစ်ညလုံး မအိပ်သေးတာရယ်ကို ထည့်တွက်ရင် ကြာကြာခံနိုင်မယ် မထင်ဘူး .. တို့ သူ့ကို စကားပြောဖို့ ကြိုးစားသေးတယ် .. တို့ကို သူစိမ်းတစ်ယောက်လိုပဲ ပြန်ကြည့်နေလို့ လက်လျှော့လိုက်ရတယ် .. ”

“ အင်း .. စီစီ သူ့ကို စကားပြောပြီး စမ်းကြည့်ပါဦးမယ် .. အစာစားအောင်များ အမိန့်ပေးနိုင်မလား မသိဘူး .. ”

ကလျာဏီ ဆက်မပြောတော့။ သူမ အိပ်ယာရှိသည့်ဘက်သို့သာ လျှောက်သွားပြီး ဝင်လှဲလိုက်သည်။ စီစီဟန် အကျောဆန့်သည့်နှယ် လက်ကိုမြှောက်ကာ သူမခါးကလေးကို ဘယ်ညာယိမ်းသည်။ ဝါးခနဲ တစ်ချက်သမ်းပြီး ပတ်ဝန်းကျင်ကို ဝေ့ကာကြည့်လိုက်စဉ်တွင် သူမ မျက်လုံးပြူးသွားရသည်။ သီဟ အစောတုန်းက တွေ့ခဲ့သော သစ်ပင်ကြီးနားတွင် ရှိမနေတော့။ မီးပုံ၏ အလင်းရောင်က ထိုသစ်ပင်ကိုလွန်ပြီး မထိုးဖောက်နိုင်သဖြင့် သီဟ ဘယ်ပျောက်သွားသည်ဆိုတာကို စီစီဟန် မမြင်ရချေ။ မြန်မြန်ဆန်ဆန် ထိုင်နေရာမှ ထပြီး သီဟ ကင်းစောင့်နေခဲ့သည်ဘက် ထွက်လာခဲ့သည်။

......................................................

သီဟ၏ အရိပ်အယောင်ကိုမျှ မတွေ့။ စီစီ စိတ်ပူလာပြီး သီဟ ထွက်သွားမည်ထင်သည့်ဘက်ကို ခပ်မြန်မြန်လိုက်သည်။ သူမ အသုံးပြုလိုက်သည့် spell ၏ ရှုပ်ထွေးမှုကိုလဲ အခုမှ ပြန်နားလည်သည်။ သီဟ ဘာစိတ်ကူးပေါက်လို့ သူတို့စခန်းချရာမှ ထွက်သွားသည်ကို စဉ်းစားလို့မရ။ လောလောဆယ်တွင်လဲ ဒါကို စီစီ မစဉ်းစားနိုင်။ လင်းသဒ္ဒါ ကင်းစောင့်ဖို့ အလှည့်ကျလို့ နိုးမလာခင် သီဟကို ပြန်တွေ့ဖို့ အရေးကြီးသည်။ ရုတ်တရက် သူမနောက်နားဘက်မှ သစ်ကိုင်းခြောက်တစ်ခု ကျိုးသံကို ဂျွတ်ခနဲ ကြားရသည်။ သတိနှင့်မပြတ်သူမို့ စီစီ သူမ ဆောင်ဓါးကို ဆွဲထုတ်ဖို့ ပြင်သည်။

“ အိုး .. သီဟ .. လန့်လိုက်တာ  .. ”

“ ကျနော် တောင်းပန်ပါတယ် .. သခင်မ .. ကင်းစောင့်နေတုန်း မသင်္ကာဖွယ်ရာတစ်ခုခုကို မြင်လိုက်သလိုမို့ ထွက်လာခဲ့တာ .. ”

စီစီဟန် အခုမှ သက်ပြင်းကောင်းကောင်းချနိုင်သည်။ သီဟ လက်ကိုဆွဲကာ စခန်းချရာဘက်သို့ ပြန်လျှောက်လာရင်း နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်အောင် သူမ အမိန့်ပေးရသည်။

“ သီဟ .. နောက်တစ်ခါဆို စီစီကို မပြောပဲ ဒီလိုထွက်မသွားရဘူး .. မှတ်ထား .. ”

သူမပြောသည်ကို နားလည်သည့်အကြောင်း သီဟ ခေါင်းညိတ်ပြသည်။ အတူတကွ ဘေးချင်းယှဉ်ကာလျှောက်လာရင်း စီစီ သီဟကို တစ်ချက်တစ်ချက် စောင်းငဲ့ကြည့်သည်။ သူ့မျက်နှာအနေအထားက နဂိုပုံစံအတိုင်း မဟုတ်သည့်တိုင် သီဟသည် ကြည့်ကောင်းနေဆဲ ဖြစ်သည်။ စီစီ လင်းသဒ္ဒါကို မနာလိုပါ။ တကယ်လက်တွေ့ဘဝတွင် သီဟသည် လင်းသဒ္ဒါ၏ ချစ်သူဆိုတာကို စီစီဟန် ကောင်းကောင်း လက်မခံနိုင်သေးပေ။

အတွေးတွေနှင့် နစ်မြောနေသူ စီစီဟန် .. သီဟ သူမဘေးတွင် ပါမလာမှ သတိရပြီး နောက်ပြန်လှည့်ကြည့်သည်။ ခြေလှမ်းဆယ်လှမ်းကျော်ကျော်လောက်အကွာတွင် လရောင်ဖြာကျနေသော မြေကွက်လပ်လေးရှိသည်။ ထိုနေရာလေးတွင် သီဟက ရပ်ပြီး ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေသည်။ ဘာစိတ်ကူးပေါက်လို့ ရပ်ကျန်ခဲ့မှန်း စီစီမသိ။ သီဟ အနီးသို့ တိုးသွားပြီး သူ့နည်းတူ ကြယ်ကလေးတွေလင်းလက်နေသော ကောင်းကင်ကို လိုက်ကြည့်မိသည်။ တိမ်ကင်းစင်နေသော ကောင်းကင်မို့ မှိတ်တုတ်မှိတ်တုတ်လင်းနေသော ကြယ်ကလေးများသည် အနက်ရောက်ကတ္တီပါကော်ဇောတွင် စိန်ပွင့်ကလေးများ ကြဲထားသည်နှင့် တူလှသည်။

“ လှတယ်နော် .. သီဟ .. ”

“ သခင်မလောက် .. မလှပါဘူး .. ”

ချက်ချင်း တုံ့ပြန်လိုက်သည့် သီဟ စကားကြောင့် စီစီမျက်နှာလေး ပန်းနုရောင်သွေး ပြေးသွားသည်။ သီဟအစစ်က ပြောသည့်စကား မဟုတ်ဘူးဆိုတာ သိနေသည့်တိုင် သူမ ကြည်နူးရသည်။ နဂိုမူလ သီဟသာဆိုလျှင် ဒီလိုစကားမျိုး ပြောထွက်မှာ မဟုတ်။ သူမနှင့် ချစ်ခဲ့မှုသည်ပင် သီဟက အလုပ်သဘောဟု အတိအလင်း ကြေညာခဲ့သည် မဟုတ်လား။

စီစီဟန် ရင်ကလေးမို့လာသည်အထိ လေကိုရှိုက်သွင်းပြီး လှည့်ထွက်ဖို့ပြင်သည်။ သို့သော် ထိုအချိန်လေးအတွင်းမှာ ဘယ်လိုဖြစ်သည်မသိ။ ကျောကုန်းနောက်ဘက်မှ ယားသလိုလို ခံစားရပြီး အမှုမဲ့အမှတ်မဲ့ လက်ကို နောက်ပြန်ကုတ်မိသည်။ ယားသည့်နေရာက ကျောအလယ်လောက်မှာမို့ သူမ သေသေချာချာ မထိ။ ကို့ရိုးကားယား ဖြစ်နေစဉ်တွင် သူမလက်ကို လက်တစ်ဖက်က လာကိုင်သည်ကို ခံလိုက်ရသည်။

“ သခင်မ .. ကျနော် လုပ်ပေးပါရစေ .. ”

“ ရတယ် .. သီဟ .. မလုပ်နဲ့ … ”

စီစီ ကိုယ်ကိုလှည့်ပြီး သီဟလက်ကိုဆုပ်ကိုင်ကာ တားလိုက်သည်။ ပြာပြာသလဲ ငြင်းဆန်သည့်အမူအယာကြောင့် သီဟ စိတ်ရှုပ်ထွေးသွားဟန်ရှိသည်။ မျက်မှောင်ကုတ်ပြီး စစ်သားတစ်ယောက်လေသံနှင့် ..

“ သခင်မကို အကာအကွယ်ပေးဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ လုပ်ပေးရမှာ ကျနော့်တာဝန်မဟုတ်ဘူးလား .. ”

“ အင်း … ဘယ်လိုပြောရမလဲ .. ”

စီစီဟန် မဖြေတတ်တော့။ မူလစိတ်မရှိသော သီဟအပေါ်တွင် အခွင့်အရေးမယူပါဘူးဟု သူမ လင်းသဒ္ဒါတို့ကို ကတိပေးထားခဲ့သည်။ သို့သော် သူမရှေ့တွင် မသိနားမလည်သလိုနှင့် ကြည့်နေသော သီဟ၏ မျက်နှာကိုကြည့်ရင်း ရင်ထဲတွင် တစ်မျိုးဖြစ်လာသည်။ မပြုလုပ်သင့်ပါဘူးဟု သိနေသည့်တိုင် ထိုအမိန့်ကို ခန္ဓာကိုယ်က မလိုက်နာချင်ပေ။ စီစီဟန် အောက်နှုတ်ခမ်းကို လိမ်ကာ ကိုက်မိသည်။

“ ခွင့်ပြုပါ သခင်မ .. ကျနော့်ကို ပြုစုခွင့်ပေးပါ .. ”

“ ကောင်းပြီလေ … ဒါပေမယ့် စီစီက ရပ်ဆိုရင် ရပ်ရမယ်နော် .. ”

“ ဟုတ် .. ဟုတ်ကဲ့ .. ရပ်ပါ့မယ် သခင်မ .. ”

စီစီဟန် ဂရုမစိုက်တော့။ သီဟ ဘက်သို့ ကျောပေးရင်း ခရီးသွားကိုယ်ကျပ်အင်္ကျ ီကို ချွတ်သည်။ တကယ်ဆိုလျှင် သူမ ဒီလောက်တော့ သီဟဆီက ဂရုစိုက်မှုကို ခံစားခွင့်ရှိသည်ဟု ထင်သည်။ သူမသာ အပင်ပန်းခံပြီး မကယ်ခဲ့ဘူးဆိုလျှင် သီဟဆိုတာ အခုလောက်ဆို မီးလောင်တိုက်သွင်းနေရပြီ မဟုတ်လား။ သူမကို နှိပ်နယ်ပေးတာလောက်တော့ ဘာမှ မဖြစ်နိုင်ဟု စီစီဟန် မဲတင်းကာ ဆုံးဖြတ်လိုက်သည်။

တစ်ခုတော့ ဂွကျသည်ဟု ဆိုရမည်။ စီစီဟန် ဝတ်လာသည့် ကိုယ်ကျပ်အင်္က ျီက အပေါ်အောက်တဆက်တည်း အမျိုးအစားဖြစ်သည်။ နောက်ကျောက ဇစ်ကိုဖွင့်ပြီး အင်္ကျ ီကိုဖယ်လိုက်သည်နှင့် အောက်ဘက်ပိုင်းကိုပါ ချွတ်လိုက်ရသည်။ အတွင်းခံကလဲ ဝတ်မထားခဲ့သည်မို့ စီစီဟန် တကိုယ်လုံးတွင် ပြင်ပပစ္စည်းဆို၍ ခေါင်းစည်းကြိုးလေးတစ်ခုနှင့် သားရည်ဖိနပ်ရှည်တစ်ရံကိုသာ လက်ညိုးထိုးပြရပေမည်။ ဝတ်လစ်စလစ် သူမအလှကိုမြင်လျှင် သီဟစိတ်ထဲ ဘယ်လိုနေမည်ဆိုတာကို စီစီဟန် သီဟနေရာက ဝင်စဉ်းစားကြည့်သည်။ ယောကျ်ားလေးတစ်ယောက်၏ ဗီဇကို spell က ထိန်းချုပ်ထားနိုင်မှာလား၊ ဒါမှမဟုတ် နဂိုပင်ရင်းအတိုင်း ရှိနေမှာလားဆိုတာ စီစီဟန် သေချာမသိပါချေ။

“ သခင်မ .. ဒီမြက်ခင်းပေါ်မှာ အသာလေး လှဲနေလိုက် .. ”

သခင်မလို့ အခေါ်ခံနေရသည့်တိုင် စီစီဟန်သည် ဆရာရှေ့ရောက်သည့် တပည့်မလေးလို သီဟ ညွန်ပြသော မြက်ခင်းပေါ်တွင် မှောက်ကာလှဲလိုက်သည်။ သူမအတွက် ကံကောင်းသည်လို့ပဲဆိုရမည်။ သူမ လဲလျောင်းရာ မြက်ခင်းပြင်သည် နူးညံ့လှသည့်အမျိုးအစားဖြစ်သဖြင့် ကော်ဇောတစ်ချပ်ပေါ်တွင် အိပ်ရသလို ဖြစ်နေသည်။ အေးမြလှသည့် မြက်ပင်လေးတွေနှင့် နို့အုံမို့မို့ထွားထွား ထိမိသည်တွင် စီစီဟန် ကြက်သီးမွေးညင်းတောင် ထသည်။ သီဟ မထိတွေ့မကိုင်ရသေးပဲနှင့်ပင် အလိုလိုစိတ်လှုပ်ရှားပြီး နို့သီးခေါင်းလေးတွေက စူတက်သည်။

တကယ့်အနှိပ်သည်တစ်ယောက်လို သီဟ လက်နှစ်ဖက်ကို ပွတ်ကာ အရှိန်ယူလိုက်ပြီး စီစီဘေးတွင် ဝင်ထိုင်သည်။ သူ့လက်တွေက သူမကျောပြင်ကို လာထိချိန်တွင်မူ စီစီဟန် ပင့်သက်ကို မသိမသာရှိုက်မိသည်။ သီဟ လက်တွေက စန္ဒရားခလုတ်ပေါ်တွင် ပြေးလွှားနေသလိုမျိုး သူမပုခုံးပြင်ပေါ်တွင် လျှောက်သွားနေသည်။ ယောကျ်ားလေးလက်မို့ လက်ဆပြင်းသည်။ အစပထမပိုင်းတွင် စီစီဟန် နဲနဲနာသလိုတောင် ဖြစ်သည်။ တော်တော်လေးကြာမှ သွေးပူနွေးလာသည်နှင့်အမျှ သီဟလက်ချောင်းလေးတွေ၏ အားကို ခံနိုင်လာသည်။ နာကျင်မှု မရှိတော့သည်မို့ အနှိပ်ခံရခြင်း၏ အရသာဖြစ်သော အကြောပြေလျှော့မှုကို ရရှိလာသည်။ စီစီဟန် ဇိမ်တွေ့လာချေပြီ။

စီစီဟန် သူမကိုယ်သူမ ထပ်ခါထပ်ခါ သတိပေးနေရသည်။ သီဟလက်တွေကပေးသောအရသာက ကောင်းမွန်လွန်းလှသဖြင့် အတွေ့နောက်ကောက်ကောက်ပါမလိုဖြစ်တာ အခါခါပင်။ ဘယ်လောက်တောင်မှ သူမ ဖီးလ်တက်လာရသလဲဆိုလျှင် နှုတ်မှထုတ်ဖော်ကာ တအင်အင်နှင့် ညည်းညူမိသည့်အထိ ဖြစ်သည်။ အစောတုန်းကတော့ သီဟရှေ့ဆက်တိုးလာခဲ့သော် ရပ်ဖို့ သူမပြောမည်ဟု ကြံစည်ထားခဲ့သော်လဲ အခုအချိန်တွင်မူ သီဟ ထိုသို့ရှေ့ဆက်တိုးမလာမှာကိုပင် ကျိတ်ကာ စိတ်ပူနေသည်။ သီဟ လက်တွေက တဖြေးဖြေးနှင့် သူမကျောပြင်ပေါ်မှ အောက်ပိုင်းသို့လျှောဆင်းသွားသည်။

အပေါ်ပိုင်းတုန်းကတောင် စီစီဟန် တောင့်ခံနိုင်သေးသည်။ သီဟလက်က သူမတင်ပါးတွေပေါ် ရောက်လာသည့်အခါတွင်မူ တင်းခံထားနိုင်သော စွမ်းအားဘာဆိုဘာမှ မရှိတော့။ ပိုဆိုးတာက သီဟလက်တွေက ထိုမှာပဲ ရပ်မနေပဲ ပေါင်နှစ်ခုကြားသို့ တိုးဝင်လာခြင်းဖြစ်သည်။ စီစီဟန် အလိုအလျောက် တုံ့ပြန်သည့်အနေနှင့် ပေါင်တံနှစ်ချောင်းကို တင်းတင်းစေ့မိသည်။ ရလဒ်အနေနှင့် သီဟလက်က သူမဖင်ကြားတွင်ညှပ်သွားသည်။ စီစီဟန်ထင်သည်က သီဟ သူ့လက်ကိုဆွဲထုတ်မည်လို့။ သို့သော် သီဟက ဒီလိုမလုပ်ပဲ ရုတ်ချည်း သူမ၏ ကျောပြင်ကို ငုံ့ကာဖွဖွလေးနမ်းသည်။

“ အို .. သီဟရယ် .. ”

စည်းပေါက်သွားချေပြီ။ စီစီဟန်ဘက်က မထိန်းနိုင်တော့သလို၊ သီဟဘက်ကလဲ ရိုးရိုးတန်းတန်း နှိပ်ပေးသည်မဟုတ်တော့။ သူတို့နှစ်ဦးစလုံးက ဆန်းဆန်းပြားပြားဆီသို့ ကူးပြောင်းဖို့ တာစူနေကြသည်။ စီစီဟန် သူမကိုယ်ကလေးကို လှည့်ကာ သီဟကိုကြည့်သည်။ သီဟကမူ အမှားတစ်ခုခု သူလုပ်မိလို့လားဟု ယူဆပြီး စီစီဟန်ကို ပြန်ကြည့်နေသည်။

“ သခင်မ .. အဆင်ပြေရဲ့လား .. ”

အခုအချိန်မှာ နောက်ဆုတ်လိုက်လျှင် ရနိုင်သေးသည်မှန်း စီစီဟန်သိသည်။ သို့သော် ရင်ထဲတွင် တရိပ်ရိပ်တက်လာသာ ရမ္မက်စိတ်က သူမကို ဖမ်းစားထားနှင့်ပြီဖြစ်သည်။ သီဟနှင့် သူမ မြင်းရိုင်းကပွဲကွင်း၏ တဲထဲမှာ ကြုံခဲ့ရမှုကို ပြန်သတိရသည်။ စီစီဟန်လဲ အသွေးနှင့်အသားနှင့် ဖွဲ့စည်းထားသော ကိုယ်ပဲ။ သူမမှာလဲ လိုအပ်ချက်၊ တောင့်တချက်တွေရှိသည်မဟုတ်လား။ သီဟကို လင်းသဒ္ဒါ လက်ထဲသို့ မအပ်ခင် နောက်ဆုံးတစ်ညလောက်တော့ အတူချစ်ချင်သေးသည်။ မူလဝိညာဉ်သာ ပြန်ရသွားရင် စီစီဆိုတာကို သူမေ့သွားမှာ သေချာလှသည်။ သူမစိတ်ထဲ ဒါတွေကပဲ ကြီးစိုးနေလို့လား မသိ။ ရှေ့ဆက်မတိုးရန် သီဟကို ပြောမည်ဆိုပြီး ပါးစပ်ဟလိုက်ပေမယ့် တကယ်တမ်းထွက်လာတော့ ဒီလိုမဟုတ်ချေ။

“ အဝတ်တွေချွတ်လိုက်… ”

စီစီစကားကို အတိအကျလိုက်နာပြီး သီဟ အင်္ကျ ီနှင့်ဘောင်းဘီကို ချွတ်နေချိန်တွင် သူမက မြက်ခင်းပြင်ကို တတောင်နှင့်ထောက်ကြွထားပြီး သီဟ လုပ်နေသမျှ ကြည့်နေမိသည်။ သီဟကိုယ်က မူလအနေအထားအတိုင်း မရှိသည့်တိုင် သူမ spell အစွမ်းနှင့် တောင့်တောင့်တင်းတင်းတော့ ဖြစ်နေသေးသည်။ အထူးသဖြင့် ဘောင်းဘီကျွတ်သွားသည့် အချိန်တွင် လှံတစ်ချောင်းလို ဖြောင်းခနဲ ထွက်လာသော လိင်တံကတော့ နဂိုအရွယ်အတိုင်း ရှိသည်။ ပထမအကြိမ်တုန်းက သီဟကို သူမပေါင်ကားပြီး အဆင်သင့်နေပေးခဲ့သလို အခုအချိန်တွင်လဲ ပေါင်တံနှစ်ချောင်းကို ခွာပေးလိုက်သည်။ မသဲမကွဲလရောင်အောက်တွင် သူမအဝလေးက အရည်တွေစိုကာ ချွဲကျွိကျွိဖြစ်နေသည်ကို စီစီကိုယ်တိုင်ပင် မြင်နေရသည်။ ဟင်း .. သူမ စိတ်ထနေသည်လေ ..။


အပိုင်း ( ၄ ) ဆက်ရန် >>>>>



Print Friendly and PDF

No comments:

Post a Comment