Tuesday, June 1, 2010

ဝင်ကစွပ် အပိုင်း ( ၃ )

ဝင်ကစွပ် အပိုင်း ( ၃ )

ရေးသားသူ - ဂျင်ကလိ

အခန်း - ၁ (ဃ)

“ ဟာ...အရေးထဲမှာ”

လွတ်ပြီထင်ပြီး လမ်းကို နောက်တကြိမ် ထပ်အဖြတ်မှာ အရှိန်နှင့် ဝင်လာသည့် နောက် ထပ် ကားတစီးနှင့် ထပ်တိုးသည်။ ဒီတခါတော့ မင်းခန့် နောက်ပြန်မဆုတ် တော့ လွတ် အောင်ရှေ့ကနေဖြတ်ပြေးလိုက်သည်။ ဒါပေမယ့် ထိုကားနှင့် ယှဉ်ပြီး အပြင်းမောင်း လာ သည့် နောက်ထပ်ကားတစီးက ရှိနေပြန်သည်။ နှစ်စီးလုံး လိုင်းကားတွေ ဖြစ်သည်။

ည ကြီးပိုင်းမှာ ပါဆင်ဂျာလုရင်း ဖိုက်လာကြတာ ဖြစ်မည်။ အရေးကြုံတော့ သက်လုံကောင်း သည်ဆိုသော စကားမှန်၏။ လူဆိုသည်မှာ အကျပ်အတည်းထဲ ရောက် လာရင်ဘယ် ကမှန်းမသိသည့် စွမ်းအင်တွေ ထွက်လာတတ်သည်။

ဘယ်လိုကနေဘယ်လို ခုန်ထွက်လိုက်မိသည် မသိ မင်းခန့် တဖက်ပလက်ဖေါင်းပေါ်သို့ ငှက်မွှေးလေး တချောင်းလို ပေါ့ပါးစွာ လွင့်ဝဲရောက်ရှိသွားကြသည်။ နားထဲမှာ ဂျိန်းကနဲအသံလိုလို ကြားလိုက်ရသေးပေမယ့် အချင်းချင်းပြိုင်လုတက်ရင်း တိုက်မိကြတာဖြစ်မည် မှန်းသိလို့ လှည့်တောင်မကြည့် မိတော့ပါ။

“ ကောင်းတယ်၊ မောင်းချင်ကြဦး”

စိတ်ထဲကနေမေတ္တာပို့ လိုက်ပြီးရှေ့ကို ဆက်လျှောက်လာရင်း မင်းခန့်ကို ပါးရိုတ်လိုက် သည့် ဆံပင်ရှည်ရှည် မိန်းမချောနှင့် တွေ့တာလို့ ထင်မိသည်။ ဒါပေမယ့် အိပ်မက်ဆိုတော့မင်းခန့် အိမ်ကို ပြန်ရောက်ပြီး ထိုးအိပ်လိုက် ပြီးတော့မှ တွေ့တာလည်း ဖြစ်နိုင်သည်။ သေ သေချာချာ မမှတ်မိ တော့။ သောက်လာတာကများလို့ ဆိုင်ကထွက်လာကထဲက  အမူးရှိန်က တရိပ် ရိပ် နှင့် တက်လာနေတာကိုတော့ မှတ်မိသည်။ စိတ်ထဲကနေ မျိုးမင်းစိုးကို ကျိန်ဆဲနေမိ ပြန်သည်။ ကားမောင်းပြီးပြန်သွားတာ ဖြူးလို့ ဖြောင့်လို့။ ကြည့်ရတာ သူကျ တော့သိပ်မ သောက်ဘဲ မင်းခန့် ကိုပဲ စွတ်ထည့်ပေးသွားတာ ဖြစ်မည်။

“ သူတောင်းစား၊ နောက်နေ့မှ တွေ့မယ်”

သူ့ ညီမ အလတ်၏ မင်္ဂလာဆောင်ကိစ္စ နှင့် ပြန်လာတာဆိုတော့ အနည်းဆုံး တပတ် တော့ ကြာဦးမည် ထင်သည်။ ပြီးတော့ သူတို့ အဖွားအတွက် ဆိုလား ပြည်ဖက်မှာ အလှူသွားလုပ် ဖို့ ရှိသည်။ မင်းခန့်ကိုတောင် လိုက်မလားခေါ်နေသေးသည်။ ရန်ကုန်မှာပျင်းနေ လို့ မင်းခန့် လိုက်တော့လိုက်ချင်သည်။ ဒါပေမယ့် လိုက်မယ်လို့ တော့ မပြောဖြစ်သေး ဒီနေ့ မင်းခန့်ကို တိုက်လွှတ်လိုက်တာ ကိုပြန်ချေဖို့ ပြည်အထိလိုက်ပြီးမွှေပေးလိုက်ရင် ကောင်း မလားဟု တွေးနေမိသည်။ မျိုးမင်းစိုးနှင့် က အထက်တန်းကျောင်းမှာထဲက ခင်ခဲ့သူတွေ ဆိုတော့ သူ့အိမ်သားတွေကလည်း မင်းခန့်ကို ရင်းနှီးနေကြလို့ ပြဿနာ မရှိပါ။ မနက်ရောက်တော့မှ ဒီကောင့် ကို လဘက်ရည်သောက်ဖို့ သွားခေါ်ရင်း လိုက်မည်လို့ ပြောလိုက်တော့မည်။ မနက်မရောက်ခင် ဒီအိပ်မက်က ဘယ်လောက်ကြာအောင်ကျော် ဖြတ် ရ ဦးမည် ဆိုတာတော့ မသိသေးပါ။

သွားနေရင်း နှင့် မင်းခန့် ပါတ်ဝန်းကျင်က တိမ်တွေပိုထူလာသည်။ ခြေထောက်အောက်က အထိအတွေ့ ကလည်းပိုပြီးမာကျောလာသလိုမျိုးထင်ရသည်။ ခရီးဆုံးရောက်တော့မည်ဟု စိတ်ထဲက အလိုလိုသိလာပြီးနောက် မင်းခန့် ဝမ်းသာရသည်။ ဖြစ်နိုင်ရင် ဒီအိမ်မက်က အမြန်ဆုံးနိုးချင်နေသည်။ မင်းခန့် ရှေ့မှာ၊ နောက်မှာ လူတွေရှိနေသည် ဆိုတာပိုသေချာလာသလိုပင်။ မင်းခန့် နားထဲမှာ အသံလိုလို တွေကြားလာရ၏။

တနေရာ အရောက်မှာတော့ မင်းခန့် ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားသည်။ ရပ်နေရ မည် ဆိုတာကို မင်းခန့် မသိပေမယ့် မင်းခန့်၏ ခြေထောက်တွေက သိနေကြသလိုလိုပင်။ခနနေတော့ မင်းခန့် ကိုနောက်က နေ တစုံတယောက်က တွန်းလိုက်သလို ရှေ့ကို တော် တော်လေး ရွေ့သွား၏။ ရောက်သွားသည့် နေရာက မြူတွေခပ်ပါးပါးသာ ရှိပေမယ့် အလင်း ရောင် မရှိသလောက် နည်းပြီး မှောင်မိုက်ကာ အေးစိမ့် နေသည်။

“ မင်းနာမည် ဘယ်သူလဲ”

ဘယ်ကထွက်လာမှန်း မသိသည့် အသံကြီးတခုကြောင့် မင်းခန့် တကိုယ်လုံးတုန်သွား သည်။ ကြောက်လန့် စိတ်ဖြင့် ဘာမှပြန်ပြောလို့ မရနိုင်အောင် ဖြစ်နေသည်။

“ ပြောလေ၊ မင်းနာမည်ကို မြန်မြန်ပြော”

“ မင်း ...မင်းခန့် ပါ”

“ မင်းမင်းခန့် လား”

“ မ...မ..မဟုတ်ပါဘူး၊ မင်းခန့် ပါ”

ဖြေသံအဆုံးတွင် ဘာသံမှမကြားရတော့ဘဲ တိတ်ဆိတ်သွားသည်။ ခနကြာမှ အသံ ပြန် ထွက်လာ၏။

“ အင်း ..ဟုတ်ပြီ၊ တွေ့ပြီ၊ မင်း ဘာလာလုပ်တာလဲ”

“ မသိပါဘူး ခင်ဗျ”

“ ခက်တော့နေပြီ၊ ဟေ့ သူ့ကို ဘေးခန ဖယ်လိုက်စမ်း”

စကားသံ အဆုံးတွင် မင်းခန့် ဘေးကိုလွင့်ထွက်သွားပြန်သည်။ အခုန ရောက်ခါစ နေရာ မျိုးပင် ဖြစ်ပါသည်။ အလင်းရောင်ပြန်မြင်ရပြီး အေးစိမ့်မှုတွေ လျော့ကျသွားသည့် အတွက် မင်းခန့် စိတ်သက်သာရာရလိုက်သည်။ ထူးထူးဆန်းဆန်း မက်နေရသည့် အိပ်မက်၏ ထူး ခြားမှုကိုလည်း စိတ်ဝင်စားသလိုလို ဖြစ်လာသည်။ အရက်ဝိုင်းမှာ ပြန်ပြောလို့ကောင်းမည့် အတွေ့ အကြုံမျိုးဖြစ်သည်။ ဟိုကောင်တွေကတော့ ဝိုင်းလှောင်ကြမှာသေချာသည်။

မင်းခန့် နောက်ထပ် အချိန်တော်တော်ကြာ စောင့်လိုက်ရသည်ဟုထင်သည်။ မတ်တပ် အ ကြာကြီးရပ်နေရပေမယ့် ခြေညောင်းတာမျိုး မဖြစ်ပေ။ အချိန်သိချင်လို့ လက်ကနာရီကို မြှောက်ကြည့်လိုက်ပေမယ့် ဘာမှ မမြင်ရ။ မျက်နှာနားကို အတင်းတိုးကပ်ကြည့်သည့်တိုင် အောင် အမြင်တွေကဝေဝါးနေသည်။ အိပ်မက် ဆိုတော့လည်း ဒီလောက်တော့ရှိလိမ့်မည် ဟု မင်းခန့် တွေးနေမိ၏။

“ လာတော့”

အသံခပ်စူးစူး တခု ကြားလိုက်ရပြီးနောက် စောစောက အေးစိမ့်သည့် နေရာကိုနောက် တ ကြိမ်ပြန်ရောက်သွားသည်။ ဒီတကြိမ်မှာတော့ မင်းခန့် တယောက်ထဲမဟုတ်တော့ အနား မှာ လူရိပ်သုံးလေးခုလောက် ရှိနေတာမြင်ရသည်။ ထိုအထဲက တခုသည် သူ့ကိုပါး ရိုတ် လိုက်သည့် မိန်းမဟု ထင်မိ၏။

“ သူ့ကို ဘယ်သူခေါ်လာတာလဲ”

စောစောက အသံကြီး ပြန်ထွက်လာသည်။ မင်းခန့် နောက်နားက ခပ်အုပ်အုပ် အသံတခု ပေါ်လာ၏။

“ ကျွန်တော်ပါ”

“ သူက မသေသေးဘူးလေ၊ ဘာလို့ ခေါ်လာတာလဲ”

“ ကျွန်တော်တို့ သေသေချာချာကြည့်ခဲ့ပါတယ်၊ သူကိုယ်က အားလုံးနီးပါးပျက်စီးနေပါပြီ”

“ သူလာရမယ့် အချိန် မဟုတ်သေးဘူး၊ သူ့မှာ ခံစရာဝဋ် တွေအများကြီး ရှိသေးတယ်”

မင်းခန့် ကျောထဲထိစိမ့်အောင်တုန်သွားမိသည်။ ကြားလိုက်ရသည့် စကားတွေက ကြောက် စရာတွေချည်း ဖြစ်နေသည်။ သူတို့ ပြောနေကြသလို သူသေဆုံးခဲ့ ပြီလား။

မဖြစ်နိုင်ပါ။ ဒါ အိပ်မက် တခုသာဖြစ်ပါသည်။  အရက်တော်တော်လေး မူးအောင်သောက်ခဲ့ ခြင်း မှအပ သေလောက်စရာတခုမှ မင်းခန့် မလုပ်ခဲ့ပါ။ အရင်ကလည်း ဒီလောက်မူးအောင် အ ကြိမ်ကြိမ် သောက်ခဲ့ ဖူးသည်ပင်။

“ ဒါအိပ်မက်ပါ”

ကိုယ့်ကိုယ်ကို အားပေးရင်း ကိုယ့်လက်ကိုယ်ပြန်ဆွဲ ဆိတ်ကြည့်လိုက်မိသည်။ အားစိုက် ပြီး တအားလိမ်တာတောင်မှ သိပ်မနာ ထုံထုံကြီး ဖြစ်နေသည်။ မင်းခန့် စတင်ထိတ်လန့် စ ပြုလာသည်။

“ သူက တကယ့် တဏှာရူးပါ၊ သေသင့်ပါတယ်၊ သူ့ အပြစ်တွေ အတွက်လဲ ပြန်ခံသင့်ပါ တယ်၊ ကျွန်မ သူ့ကို ဟိုအရင်ထဲက သတိထားမိပါတယ်”

ဒါကတော့သေချာသည်။ မင်းခန့်ကို ပါးရိုတ်လိုက်သည့် ဆံပင်ရှည်ရှည် နှင့် မိန်းမ၏ အသံ ဖြစ်သည်။

“ မဟုတ်သေးဘူး၊ သူ့ အပြစ်တွေအတွက် ဒီဘဝထဲမှာပဲ သူပြန်ပေးဆပ်ရမှာတွေ အများ ကြီး ရှိသေးတယ်၊ မင်းတို့ က ဆန္ဒစောပြီးခေါ်လာကြတာကိုး”

အသံတွေ တိတ်ဆိတ်သွားသည်။ မင်းခန့် လည်း ထိတ်လန့် တကြားဖြင့် အော်ဟစ်တောင်း ပန်မိသည်။

“ ကျွန်တော် မသေပါရစေနဲ့ဦး၊ ကျွန်တော် ပြန်သွားချင်ပါတယ်၊ ကျွန်တော့်ကို ပြန်ခွင့် ပေး ကြပါခင်ဗျာ”

မင်းခန့် မသေချင်သေးပါ။ အခုမှ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလို့ ကောင်းတုန်း ရှိသေး သည်။ အသက်ကလည်း သုံးဆယ်တောင် မပြည့်သေး။ နောက်ထပ် နှစ် ငါး ဆယ်ကျော် ခြောက်ဆယ်လောက်အထိ နေနိုင်အောင် ကျန်းမာသန်စွမ်းသေးသည်။

“ မင်းတကယ် ပြန်ချင်လား”

“ ပြန်ချင်ပါတယ် ခင်ဗျာ”

ငိုသံပါကြီး နှင့် ပြန်ဖြေလိုက်မိသည်။

“ ကဲဒါ ဆိုရင်လည်းပြန်ပေါ့၊ အချိန်တောင် လင့်နေပြီ။ ကဲ သူ့ကို မှားခေါ်လာတဲ့ သူတွေ မင်းတို့ပဲ တာဝန်ယူပြီး ဖြစ်တဲ့ နည်းနဲ့ ပြန်ပို့ လိုက်တော့”

“ အမိန့် အတိုင်းပါ”

ပြန်ဖြေလိုက်သံ နှင့် အတူ စောစောတုန်းကမျောလွင့် ခဲ့သည့် မြူတွေကြားထဲကို မင်းခန့် ပြန် ရောက်သွားသည်။ ဒီတခါတော့ မင်းခန့် တယောက်ထဲ မဟုတ်တော့ဘဲ ဘေးမှာ လူရိပ် နှစ်ခုပါလာပြီး အခုန အလာတုန်းကထက် ရွေ့လျားနှုံးမြန်သည်။ အလာတုန်းကလို လမ်းလျှောက်သွားနေသလို မျိုးမခံစားရ။ စက်ဘီး တစီးပေါ်မှာ ထိုင်လိုက်သွား နေရတာ မျိုး နှင့်တူသည်။ ဘေးက လူရပ်တွေထဲမှာ ဆံပင်ရှည်နှင့် မိန်းမ တော့ ပါလာတာ မတွေ့ရ ပေ။

“ ဟိုတယောက် မပါဘူးလား”

မသေတော့ဟု သိလိုက်ရပြီးစိတ်လက်ပေါ့ပါးနေသည့် မင်းခန့်ကမေးလိုက်မိသည်။

“ မင်းကတော့ ပြောလဲပြောချင်စရာပဲ၊ သူ့ကြောင့် မင်းဒီကို ရောက်လာတောင်မှ တမ်းတ နေသေးတယ်”

“ သူ့ ကြောင့် ဟုတ်လား”

“ အေး ...တို့ နှစ်ယောက်က မင်းကို ခေါ်သင့် မခေါ်သင့် စဉ်းစားနေတုန်း သူက လူ့လော ကနဲ့ မတန်တဲ့ကောင်ကို  မြန်မြန်ခေါ်သွား ဆိုလို့ ပါလာတာ”

“ သူက တို့ ထက်မြင့်တယ်ကွ၊ တို့လို အကြို အပို့ လုပ်တဲ့ အဆင့်မဟုတ်ဘူး၊ ဒါကြောင့် သူခိုင်း တော့လည်း  လုပ်ရတာပေါ့”

မင်းခန့် သိပ်တော့ နားမလည်ပါ။ ဒါပေမယ့် မကြာခင်အိပ်မက် ဆိုးကလွတ်တော့မည် ဆို သည့် အသိကြောင့် ပျော်နေတာပဲ သိသည်။ ဘာပဲပြောပြော ဆံပင်ရှည်ရှည် မိန်းမချောကြောင့် အတွေ့ အကြုံသစ်တခုတော့ ရလိုက်ပါသည်။ ထို့ ကြောင့် ကျေးဇူးတောင် တင်မိ ပါသေး၏။

“ တို့ နှေးနေသေးတယ်ကွ၊ သူ့ ကြောင့်နှေးနေတာ”

“ သူက တို့လို မှ မသွားနိုင်တာ၊ ဘယ်လို လုပ်မလဲ”

“ ဘာဖြစ်လို့လဲဟင်”

ပြောနေကြတာကို နားမလည်လို့ မင်းခန့် ဝင်မေးလိုက်မိသည်။

“ မြန်မြန် သွားရမယ်၊ ကျန်ခဲ့တဲ့ ကိုယ်ထဲက ဓါတ်တွေ အကုန်ပျက်စီးကုန်ပြီ ဆိုရင် မင်း ပြန်ဝင်လို့ မရတော့ဘူး”

“ ဒါဆို မြန်မြန်သွားကြမယ်လေ၊ လုပ်ကြပါ။ ကူညီကြပါဗျာ၊ ရှိခိုးပါတယ်”

“ သွားနေတာပဲ၊ ဒီလိုလုပ်မယ်၊ ငါအရင်သွားပြီး အခြေအနေကြည့်နှင့်မယ်၊ မင်းတို့ နောက် က လိုက်ခဲ့”

စကားဆုံးသည် နှင့် မင်းခန့် နားက အရိပ်တရိပ် ဟူးကနဲ လွင့်ထွက်ပြီး ချက်ချင်းပျောက် သွားသည်။

“ သူဘယ်ကို သွားတာလဲဟင်”

“ ရေဝေးကိုပေါ့၊ မင်းကို သေပြီဆိုပြီးတော့ ရေဝေးကိုပို့ မှာပဲ ဆေးရုံမှာ ထားမှာမဟုတ်ဘူး၊”

မင်းခန့် ကျောချမ်းသွားမိသည်။ ခုလောက်ဆိုရင် သူ့ကိုယ်ကြီးက သုဿန် အအေးတိုက် ထဲတွင် တကယ်သေသည့် အလောင်းကောင်တွေကြား မှာလဲလျောင်းနေလောက်ပြီ ဖြစ် သည်။

“ မြန်မြန်သွားလို့ ရတဲ့ နည်းငါသတိရပြီ၊ မင်းမျက်စိကိုမှိတ်လိုက်၊ စကားတွေလျှောက်ပြော မနေဘဲ စိတ်ကို လျှော့ချထားလိုက်စမ်း”

ပြောသည့် အတိုင်းလုပ်ကြည့်လိုက်ရာ မင်းခန့် ကိုယ်ကြီးက စောစောကထက် အဆများ စွာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ မျက်လုံးကို မှိတ်ထားလိုက်တော့ အာရုံထဲ မှာအ မှောင်ထုသာ ရှိတော့သည်။ ထိုအချိန်မှာ လက်တဖက်က တင်းကနဲဖြစ် သွားပြီး နောက် လေ ထုအတွင်းကို အရှိန်ပြင်းစွာတိုးဝင် သွားသလိုခံစားလိုက်ရသည်။

“ ရောက်ပြီ”

ဒီလိုကျတော့လည်း ဘာမှတောင်ကြာသည်မထင်လိုက်ရ ပါ။ မျက်လုံးကို ဖွင့်ကြည့်လိုက် တော့ လူ့လောက၏ နေ့အလင်းရောင်က မျက်စိကိုတောင် ကျိန်းသွားစေသည်။ လွတ်ပြီကျွတ်ပြီဟုလည်း ပျော် ရွှင် တက်ကြွနေမိသည်။ ဘေးကိုကြည့်လိုက်တော့ အဖြူ နှင့် အ နီရောင်ရောနေသည့် လူ ရိပ်လိုလို တခုကို တွေ့ရသည်။ လူတယောက်ဟု သိသာ နိုင်ရုံသာရှိပြီး  အလုံးစုံသဲသဲကွဲကွဲ မမြင်ရပါ။ ဘေးမှာ သွားလာလှုပ်ရှားနေသည့် လူတွေ ကို တော့ ပကတိအတိုင်း ထင်ရှားစွာ မြင်နေရသည်။ သူတို့ ရောက်နေသည့် နေရာက ရေ ဝေးသုဿန်၏ မီးသင်္ဂြ ိုလ် သည့် အ ဆောင်ရှေ့မှာ မှန်းသိလိုက်ရသည်။

ခေါင်းတိုင်က အူထွက်နေသော မီးခိုးတွေကိုကြည့်ရင်း ကံကောင်းမှု အတွက် မင်းခန့် အ လွန် ဝမ်းသာမိသည်။ ဘေးမှာ ကိုယ့်အပူနှင့်ကိုယ် ဥဒဟို သွားလာနေကြသူတွေက တော့မင်းခန့် ကို မြင်ပုံမပေါ်ပါ။ မြင်သာမြင်ရရင် သင်းချိုင်း တွင်းမှာလာပြီး ပြုံးပျော် ရွှင် မြူးနေ သည့် မင်းခန့်ကို အမြင်ကပ်ကုန်ကြမှာမလွဲပေ။

“ ဟိုကောင်လာပြီ”

ဘေးက လူရိပ်နှင့် ပုံစံတူ အရိပ်တရိပ် မင်းခန့် တို့နားရောက်လာသည်။

“ နေ့ခင်း နှစ်နာရီက သင်္ဂြ ိုလ်လိုက်ကြပြီတဲ့”

“ ဘာ… ကျွန် … ကျွန် တော့် ကိုလား”

“ ဟုတ်တယ်”

မင်းခန့် တကိုယ်လုံးချုပ်တည်း မရအောင်တုန်ရီလာသည်။ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာ ကို မတွေးဆနိုင်တော့။ ဆက်လက်ပြီး အသက်ရှင်ချင်တာပဲ သိသည်။

“ တို့ ဘယ်လို လုပ်ကြမလဲ၊ သူ့ကို ပြန်ခေါ်သွားကြမလား”

“ ကျွန်တော်ပြန်မလိုက်ပါရစေနဲ့၊ ကျွန်တော် မသေပါရစေနဲ့၊ တောင်းပန်ပါတယ်ဗျာ၊ ကျွန် တော့် ကို ကယ်ကြပါ၊ ကျွန်တော် ကောင်းကောင်းနေပါတော့မယ်၊”

ငိုသံပါကြီး နှင့်ပြောရင်း မြေပေါ်မှာ ဒူးထောက်ချလိုက်ပြီး လူရိပ်တွေ၏ ခြေသလုံးလို့ ထင် ရသည့် နေရာကို ဖက်ရင်းပြောမိသည်။ ဖက်သာဖက်ရသည် လက်က မထိသလိုထိသလို နှင့် လုံးဝ အားမရပါ။

“ ကျွန်တော့် ကို မီးရှို့ လိုက်ပြီဆိုတာသေချာလို့ လားဗျာ၊ ကျွန်တော့်ကို ခေါ်တုန်းကလို မှား တာ ဖြစ်နေဦးမယ်”

“ ဒီမှာ တို့ လူရှိပါတယ်၊ ဟိုမှာလဲ စာရေးထားတယ်”

“ ဘယ်မှာလဲ”

မင်းခန့်ကို အဆောင်တွင်းဆွဲခေါ်သွားပြီး နံရံက white board ကြီးတခုကို ပြသည်။

“ တွေ့လား”

ကိုမင်းခန့်၊ အသက်(၂၉ )နှစ် ဆိုသည့်စာသား ကိုမြင်လိုက်ရသည်။ ဘေးမှာ ရေးထားသည့် အချိန်ကို ဖတ်ကြည့်လိုက်ရင်း

“ နှစ်နာရီခွဲမှဆို၊ အခု ဘယ်အချိန် ရှိပြီလဲ”

“ လေးနာရီ ထိုးတော့မယ်”

“ ဗျာ”

တမလွန် ဆိုတာနှင့် လူ့လောက အချိန်ဘယ်လောက်ကွာ ခြားသည်ဆိုတာ မင်းခန့် မသိပါ။ မင်းခန့် သိတာက ဒါ ညဖက်မှာပဲ ရှိနေသေးသည့် အိပ်မက်တခုသာဖြစ်သည်။

“ ကျွန်တော် မပြန်ပါရစေနဲ့ ဗျာ၊ ခင်ဗျားတို့ကို ဖြစ်တဲ့ နည်းနဲ့ ပြန်ပို့ရမယ်လို့ ပြောလိုက် တယ် မဟုတ်လား”

“ မင်းတော်တော် လည်တဲ့ ကောင်ပဲ၊ ငါတို့ ကိုပြန်ချုပ်နေတယ်၊ အဲဒါမှ ခက်တာပဲ”

မနေ့က အရက်ဝိုင်းမှာ သေရင်ချက်ချင်း သင်္ဂြ ိုလ်ကြဖို့ပြောခဲ့တာကို ဟိုကောင်တွေ အ ဟုတ်ကြီးထင်ပြီး လုပ်ထည့်လိုက်ကြတာ ဖြစ်မည်။ ပါးစပ်ဆော့မိသည့် ကိုယ့်ဟာကိုယ်သာပြန်ကျိန်ဆဲ မိတော့သည်။

“ လုပ်ကြပါဦးဗျာ၊ ခင်ဗျားတို့ မှာ တန်ခိုးရှိတယ် မဟုတ်လား၊ ကူညီကြပါဗျာ၊ ကျွန်တော် မ သေ ပါရစေနဲ့”

မင်းခန့်၏ တကျီကျီ လုပ်မှုကြောင့် လူရိပ်နှစ်ရိပ်လည်း ခေါင်းချင်းရိုတ်သွားကြသည်။ ဘေး မှာ ရှိနေသည့် လူတွေက မင်းခန့် တို့ လုပ်သမျှ ပြောသမျှကို မမြင်ကြ မကြားကြလို့ သာ တော်တော့သည်။ မင်းခန့် ပုံစံက အရူးကို မီးဝိုင်းသည့် ပမာဖြစ်နေသည်။

“ လာဦး”

မင်းခန့်ကို တယောက်က အပြင်ဖက် ကွက်လပ်ဖက်ကို ခေါ်သွားပြီး နောက်တယောက်က အထဲ ဝင်သွားပြန်သည်။ ခနနေတော့ ပြန်ထွက်လာသည်။ တယောက်ထဲ မဟုတ် နောက်ထပ် အရိပ်တရိပ်ပါ ပါလာသည်။ ဒီမှာ ရှိသည့် သူတို့ လူဆိုတာဖြစ်မည်။ ထိုတယောက်က တော့ ထင်ထင်ရှားရှားနီးပါးကို မြင်ရသည်။ အသက်ခြောက်ဆယ်လောက်ရှိမည့် မျက်နှာနီနီ နှင့် အဖိုး အိုတယောက် အသွင်ရှိသည်။

“ ဟုတ်ပါတယ်၊ ဒီကောင်လေး ဆိုတာသေချာပါတယ်၊ မင်းတို့ တခြားမှာသွားရှာချင်ရှာ ငါ့ ဆီကတော့ တခုမှ မကောင်းတော့ဘူး၊ ခနလေး ပုပ်မှာ၊ ဆေးရုံတွေ သွားကြည့်ပါလား၊ မင်းတို့ ကောင်ကလည်း အရောင်တော်တော်လျော့နေပြီ မြန်မြန်လုပ်”

ဘာမှန်း မသိသော်လည်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်ရာ ကိုယ်လုံးနှင့် ခြေလက်တွေ က သိပ်ပြီးမပြီပြင်တော့။ ဝေတေဝါးတား ဖြစ်နေတာ တွေ့လိုက်ရသည်။

“ ကယ်ကြပါဦးဗျာ၊ ကျွန်တော် တကယ်သေတော့မှာလား၊ မသေပါရစေနဲ့”

“ ဒါဆိုလဲ မြန်မြန်သာသွားကြတော့”

“ ဟေ့ ကောင် မျက်စိမှိတ်”

မင်းခန့် နားထဲမှာ ဟူးကနဲ၊ ဟူးကနဲ အသံတွေပဲကြားရသည်။ ငြိမ်သွားလို့ မျက်စိဖွင့် ကြည့် လိုက်ရင် ဆေးရုံတခုပြီးတခု ရောက်သည်လို့ ထင်သည်။ ထုံးစံ အတိုင်း တယောက်ကရှေ့ ကနေသွား နှင့် ပြီး နောက်တယောက်က မင်းခန့်ကို ခေါ်ပြီးနောက်ကနေလိုက်သည်။ မင်း ခန့် ကတော့ မျက်စိစုံမှိတ်ပြီး ခေါ်သည့်နောက်ကို လိုက်နေရသည်သာ။ ရန်ကုန်မှာရှိသမျှ ဆေးရုံတိုင်းကိုရောက်သည် လို့တော့ထင်သည်။

မင်းခန့် ပုံရိပ်က တဖြည်းဖြည်း ဝေဝါးချင်သလိုလို ဖြစ်လာ သည့်နည်း တူ အသိအာရုံ က လည်း မမြဲချင်တော့ တချက်တချက် လွတ်လွတ်သွားသည်။ သတိဝင်လာသည့် အခိုက် အတန့်လေးတွေမှာ မင်းခန့် သူတို့ နှစ်ယောက်ကို တောင်းပန် စကားသာ တွင်တွင် ဆို နေမိသည်။

“ လုပ်ကြပါဦးဗျာ၊ ကျွန်တော် မသေပါရစေနဲ့ ကယ်ကြပါ”

“ တို့လဲ ကြိုးစားနေပါတယ်၊ မင်းကလည်း တောင့်ထားစမ်းပါဦး”

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကအထွက်မှာတော့ မင်းခန့် သတိလွတ်လုလု တောင် ဖြစ်သွားသည်။

“ လောလောလတ်လတ် ရမှ ကောင်းမှာ”

“ တွေ့တာတွေက တခုမှအဆင်မပြေဘူး”

သူတို့ချင်းပြောနေသည့် စကားသံတွေ နားထောင်ရင်း မင်းခန့် ပိုပြီး စိတ်ပျက်အားလျော့ လာရသည်။ ဘာဖြစ်နေမှန်း မင်းခန့် မသိပါ။ ဘာအကြောင်းတွေ သူတို့ ပြောနေကြမှန်းလည်း မသိပါ။ သူသိတာက ဆက်ပြီး အသက်ရှင်ခွင့်ရဖို့ပဲ ဖြစ်သည်။ တနေရာမှာတော့ အထဲ ဝင်လို့ မရဆိုပြီး ဆက်သွားရတာလည်း ကြားနေရသည်။

“ ဟာ...ဟာ...တွေ့ ပြီ၊ လောလောလတ်လတ်ပဲ”

မင်းခန့် ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ မီးရောင်တွေလင်းလက်နေသော စကြံ  ၤလမ်းတခု ပေါ်ကိုရောက်နေသည်။ လမ်းတလျှောက်မှာ ရွေ့လျားလာနေသည့် ဘီးတပ်လူ နာတင်စင်တခု၊ အပေါ်မှာတော့ အဖြူရောင်အဝတ်စ ဖြင့်ခြေဆုံးခေါင်းဆုံး အုပ်ထား သည့် ခန္ဓာကိုယ်တခုရှိသည်။ လုံခြုံစွာဖုံးအုပ်ထား ပြီးဖြစ်လို့ အသက်မဲ့ ရုပ်အလောင်း တခု မှန်း သိသာသည်။

“ အဲ ..အဲ ..ဒါ ကျွန်...ကျွန်တော် .”

“ မြန်မြန်သွား ...မြန်မြန်သွား...မင်းမှာ အရောင် မရှိတော့ဘူး၊ ကုန်တော့မယ်”

ပြောလည်းပြော နောက်နေလည်း ဆောင့် တွန်းလိုက်ရာ မင်းခန့် လွင့်ထွက်သွားပြီးနောက် အမှောင်ထု တခုထဲကို ရိပ်ကနဲ မြုပ်ကျသွား၏။ မင်းခန့် ကြောက်သော အေးစက်မှု ကြီးက လွှမ်းခြုံ သွားသည်။ အဲဒီနောက်တော့ ဘာဆိုဘာမှ မသိတော့ပါ။

.............................................................................................................................................

အခန်း - ၃ (က)

အသိစိတ် ပြန်ဝင်လာချိန်တွင် အေးစက်မှု ကို မခံစားရတော့ဘဲ ပူလောင်မွန်းကြပ်မှုတခု ကို အပြင်းအထန်ခံစားနေရသည်။ ခေါင်းထဲမှာလည်း နောက်ကျိရီဝေ ရှုပ်ထွေးလို့နေ၏။

မခံနိုင်သည့် အဆုံးတွင် မျက်လုံးကို ဖွင့် ကြည့်လိုက်တော့ ဝိုးတဝါး အလင်းရောင်တခုကို မြင်ရသည်။ ထိုအလင်းရောင်က မင်းခန့် မျက်နှာကို အုပ်မိုးထားသည့် အဖြူရောင် အဝတ် ကို ထိုးဖေါက်ပြီး ဝင်လာနေခြင်း ဖြစ်သည်။ အသက်ရှူလို့လည်း မကောင်းပါ။

မျက်နှာပေါ်က အဝတ်ကို ဖယ်လိုက်မှ ပူလောင်မွန်းကြပ်မှုတွေ ပြေ ပျောက်မှာကို သိပြီး နောက် လက်ကိုမြှောက်ဖို့ ကြိုးစားတာ တော်တော်နှင့် မရ။ လက် က ကပ်ပြီးထုံကျင် နေ သည်။ အသက်ကို ဝအောင်ဖြည်းဖြည်းရှူသွင်းရင်း လှုပ်ရှားနိုင်ဖို့ ကြိုး စားနေခိုက် ကျော ပြင် အောက်က မာကျောသော အထိအတွေ့ နှင့် အတူ ပက်လက်အနေ အထားဖြင့် မိမိ ရွေ့လျားနေကြောင်း မင်းခန့် ခံစား သိလိုက်သည်။   

ထိုကနေတဖန် ရွေ့လျားမှု ရပ်သွားပြီးနောက် အောက်ကို နိမ့်ဆင်းသွားသလို ခံစားလိုက် ရသည်။ ဓါတ်လှေခါး တခုထဲမှာလို့ မှန်းဆမိ၏။ ဘယ်ကိုရောက်ပြီး ဘာတွေဖြစ်နေမှန်းရီ ဝေနောက်ကျိနေသည့် ဦးနှောက်နှင့် စဉ်းစားကြည့်တော့ သိသလိုလို မသိသလိုလို နှင့် ဝေ ဝါးနေ၏။ ရောက်နေတာဆေးရုံ မှန်းတော့ သိနေသည်။ ဘာကြောင့်ရောက်နေရသည် ဆို တာကိုသာ မသေမချာဖြစ်နေ၏။ ဓါတ်လှေခါး ငြိမ့်ကနဲ ရပ်သွားသည့် အခါ မင်းခန့် ကိုယ် ကြီး ဆက်ပြီးရွေ့လျားလာပြန်သည်။ 

ဆီ နည်းနေပုံရသည့် ဘီးသံ တကျွီကျွီ နှင့် အတူ ကြမ်းပြင်ကို တဖျပ်ဖျပ်ရိုတ်နေသည့် ခြေ သံ နှစ်ခု။ တခုအသံက ပျော့ပြီး နောက်တခုက ပလပ်စတစ် ဖိနပ် ဖြစ်မည်။ တဂွပ်ဂွပ်နှင့်ဆူ ညံစွာ မင်းခန့် ခြေရင်း ဖက်က ထွက်ပေါ်နေသည်။ စကားသံ တီးတိုးလည်းကြား ရ သည်။ ယောက်ျားသံတခု နှင့် မိန်းမသံတခု။ ဘာတွေပြောနေကြသည် ဆိုတာကိုတော့သဲကွဲစွာ မကြားရပါ။

“ ငါ့ကို သေပြီ ထင်ပြီး ယူလာတာပဲ ဖြစ်မယ်၊ ရေခဲ တိုက်ထဲ မှာတယောက်ထဲ မကျန်ခဲ့ အောင် ငါမသေ ကြောင်း သူတို့ မြန်မြန်သိအောင်လုပ်မှ ဖြစ်မယ်”

မင်းခန့် ခြေလက်တွေက ညဖက်ဖိအိပ်ထားမိလို့ မနက်ရောက်တော့ ထုံကျဉ် ပြီးလှုပ်ရှား မရ သည့် ပမာဖြစ်နေသည်။ ခြေလက်တွေက အေးနေပေမယ့် ရင်ထဲကျတော့ ဗလောင် ဆူ အောင်ပူနေသည်။ ရေခဲတိုက်ထဲ ထည့်လိုက်မှာ ကြောက်သည့် စိတ်အပြင် ရေလည်း အရမ်းငတ်နေသည်။ ဒါကြောင့် ဒီလောက်ပူလောင် နေတာဖြစ်မည်။ ပုခုံးနှင့် လည်ပင်းတဝိုက်ကလည်း တခုခု ကပ်နေသလိုလို ယားကျိကျိ ဖြစ်နေသည်။

ထိုအခိုက်တွင် ထောင့်ချိုးတခုကိုရောက်သွားသည် ထင်သည်။ ဘီးသံတွေတကျီကျီပို လို့ မြည်သွားပြီး အရှိန် နှင့် ကွေ့လိုက်သောကြောင့် မင်းခန့် တကိုယ်လုံးသွက်သွက် ရမ်းသွား ၏။ ထိုလှုပ်ရမ်းမှု ကြောင့် အပူလှိုင်းတခုကိုယ်ထဲမှာ ဖြတ်စီးသွားသလို ခံစားလိုက်ရသည်။ လက်တွေ လှုပ်လို့ ရသွား၏။ လှုပ်ရှားလို့ ရသွားမှန်း သိလိုက်သည် နှင့် တပြိုင်နက်မင်းခန့် ပက်လက် လဲနေရာမှ ကျုံးထလိုက်မိ၏။ မျက်နှာကို အုပ်ထားသည့် စောင်ကြီး ကွာကျ သွားသည့် အခါ  ထိန်လင်းနေသည့် အလင်းရောင်ကြောင့် မျက်လုံးကို ချက်ချင်း ပြန်မှိတ် လိုက်မိသည်။

“ အောင်မယ်လေး ...မသာက ထထိုင်တယ်တော့ ကယ်ကြပါဦး”

မိန်းမသံ တခုနှင့် အတူ တဂွပ်ဂွပ် နှင့် ထွက်ပြေးသွားသည့် ခြေသံကြားလိုက်ရသည်။ ရွေ့ လျားနေမှုလည်းရပ်သွား၏။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ခြေရင်းဖက်မှာ ပါးစပ်အ ဟောင်းသား နှင့် ကြည့်နေသည့် အသက်ကြီးကြီး လူတယောက်ကို တွေ့ရသည်။ ဆေး ရုံ အလုပ်သမား တယောက်ဖြစ်မည် ထင်သည်။ မင်းခန့် က အားကိုးတကြီး ဖြင့်မသေသေး ကြောင်း ပြောကာ အကူအညီတောင်းဖို့ ကြံနေစဉ်မှာပင် ထိုပုဂ္ဂိုလ်က နောက်ကို တလှမ်း ချင်းသွက်သွက် ဆုတ်သွားပြီး စောစောက ကွေ့ခဲ့သည့် ထောင့်ချိုး အကွယ်ကို ဝင် ရောက် သွားသည်။

အကွယ်ကနေ မသိမသာ ခေါင်းလေးပြူပြီး တခါပြန်ချောင်းတာကို မြင်ရသည့်အခါ မင်းခန့် သဘောကျစွာ ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို မျက်စိ ကစားကြည့်လိုက်သည်။ အခုရောက် နေတာက ဆေး ရုံ ဆေးခန်းတွေမှာ ရတတ်သည့် အနံ့ အသက်မျိုးတွေ မွှန်နေ သည့် လမ်း ကျဉ်းလေး တခု ထဲမှာ ဖြစ်ပါသည်။ အစိုးရ ဆေးရုံတော့ ဟုတ်ပုံမရ၊ ပုဂ္ဂလိက ဆေး ရုံတ ခုခု ဖြစ်လိမ့် မည်။ လူနာတင်စင်ပေါ်က ဆင်းလိုက်ချင်ပေမယ့် အ ကွယ်က နေ ချောင်းနေ ဆဲ စောစောက ပုဂ္ဂိုလ်ကြီးကို မြင်လိုက်ရလို့ မဆင်းဖြစ်တော့။တော်ကြာကြောက်ကြောက် နှင့် တခုခု လုပ်လိုက်လို့ ဒုက္ခ ထပ်တွေ့ နေရဦးမည်။ 

အိပ်မက်ဆိုးက လွတ်ခဲ့ပြီဆိုတာ သိလိုက်လို့ ဝမ်းသာရသော်လည်း ရုတ်တရက် ဘာလုပ် ရမည်ဆိုတာ မဝေခွဲတတ်သေးပါ။ဒါပေမယ့် ချက်ချင်းလိုလို မင်း ခန့်ကို ကယ်တင်မည့် သူ တွေပေါ်လာသည်။ ဆူဆူညံညံအ သံ တွေ ကြားရပြီး ဆရာဝန်ဖြစ်ဟန်တူသူ ဂျူတီကုတ် အ ဖြူ ဝတ်ထားသည့် အသက်သုံးဆယ်ကျော် အရွယ်ခန့် အမျိုးသားတ ယောက် နှင့် အ တူ သူနာပြုဆရာမ သုံးလေး ယောက် လောက် ထောင့်ချိုးမှာ ပေါ်လာ၏။ ဆရာမလေး တွေ ပုံစံက တွန့်ဆုတ်ဆုတ် ဖြစ်နေသော် လည်း ဆရာဝန်ကတော့ သွက်လက်စွာဖြင့် မင်းခန့် နားကို ချဉ်းကပ်လာသည်။ မရဲတရဲ နှင့်  ဆရာဝန် နောက် တည့်တည့် က ကပ်ပါ လာသည့် ချစ်စဖွယ်သူနာပြု ဆရာမ ချော ချောလေးကို မြင်တော့ မနေနိုင်သည့် ဗီဇ အ တိုင်း ပြော လိုက်မိသည်။

“ ကျွန်တော့် ကို သေသွားပြီထင်လို့ လား”

ဆရာမလေး ဘယ်လိုမှဖြစ်မသွားပေမယ့် မင်းခန့် ခေါင်းကိုတော့ မိုးကြိုးပစ်ချလိုက်သလို ပင်။ ကြားလိုက်ရသည့် အသံက သူ့ အသံနှင့် ဆင်သလိုလို ရှိသော်လည်း သူ့အသံ မဟုတ် ဘူး ဆိုတာ အလွန်သေချာ၏။ ဒါကြောင့် ကိုယ့်အသံကိုယ် နောက်တခါပြန်ကြား ရစေရန် အနားရောက်လာသည့် ဆရာဝန်ကို မော့ကြည့်ပြီး မေးလိုက်မိသည်။

“ ဆရာ ကျွန်တော် မသေ..သေ...ပါ...ဘူး...နော်”

မင်းခန့် စကား သံက ဆုံးခါနီးလေပိုပြီးတုန်ရီလာလေ ဖြစ်သည်။ ကြားနေရသည့် အသံက သူ့အသံ မဟုတ်ပါ။ ဒါပေမယ့် သူ့ နှုတ်နှင့် သူလျှာဖျားက ထွက်လာသည့် အသံ ဖြစ်သည်။ စကားလုံးတွေက သူကိုယ်တိုင်ပြောလိုက်သည့် စကားလုံးတွေ အတိုင်း တသွေ မ တိမ်း ဖြစ်သည်။ ဒါပေမယ့် တခြားတယောက်၏ အသံ ဖြစ်နေ၏။ ပြောနေရင်း အသံသာမ က မင်းခန့် တကိုယ်လုံးတုန်ရီ လာသည်။ သူ့ အသံက အဘယ် ကြောင့်  နွဲ့နှောင်းသော မိန်းမပျို တယောက်၏ အသံ ဖြစ်နေရသနည်း။ မင်းခန့် နား မ လည် နိုင်တော့ပါ။စိတ် ညစ်ညစ်နှင့် အသံကုန်အော်ဟစ်ကာထွက်ပြေးလိုက်ချင်ပေမယ့် ဘာမှ မတတ်နိုင်တော့။ ဘေးပတ် လည်မှာ မြင်နေသမျှ မြင်ကွင်းတွေ အားလုံး ချာလည်လည် လို့နေ၏။

“ မသေလို့ ဘဲ ထထိုင်နေပြီလေဗျာ၊ ဘာမှစိတ်မပူနဲ့ တော့”

သဘောကောင်းပုံရသည့် ဆရာဝန်လူရွယ်က အားပေးစကားပြောပြီး နောက်စောင် အောက်က လက်ကိုဆွဲထုတ်လိုက်ကာ လက်ကောက်ဝတ်ကို လက်ချောင်းတွေနှင့် ဖိစမ်း ကြည့်နေ၏။ မီးခိုးရောင်ဖျော့ဖျော့ အနွေးထည်ပါးပါးလေးထဲက ထွက်လာသည် ဖြူသွယ် သော လက်ကို မင်းခန့် ချောက်ခြားစွာကြည့်နေမိသည်။ ရှည်ရှည်ချွန်ချွန် လက်သည်းတွေ ပေါ်မှာ အပြာရင့်ရောင်ဆေးအုပ်ထားပြီး ပန်းပွင့်ကလေးတွေလဲ ဖေါ်ထားသည်။ လက်ကို ငုံ့ ကြည့်နေရင်း နှင့် ပုခုံးပေါ်မှာ တစွန်းတစ တင်နေသည့် အညို ရောင်ဆံပင်တွေကို မြင် လိုက်ရသည်။ ယောင်ပြီး ခေါင်းကို ခါလိုက်တော့ ဆံပင်တွေ ပျောက်သွားသည်။ စောစော တုန်းက လည်ပင်းနှင့် ကုပ်ပိုးက ယားကျိကျိ ဖြစ်တာ ဒီဆံပင်တွေ ကြောင့်ပဲ ဖြစ်မည်။

“ ကျွန်တော် ...ကျွန်တော် ...”

တဝုန်းဝုန်း တဒိန်းဒိန်း မြည်ဟိန်းလာသည့်နှလုံးခုန်သံ နှင့် အတူ မင်းခန့် အမြင်အာရုံ ထဲ မှာ အနားမှာ ရှိသမျှအားလုံး ခုန်ပေါက်လို့ နေကြသည်။ တရိပ်ရိပ်နှင့် မူးလာသည့် အပြင်ကျောထဲကနေစိမ့်ကနဲ စိမ့်ကနဲ ချမ်းတုန်တက်လာပြီး အဖျားတက်သလို တုန်ရီလာ၏။

“ ကဲ ဆရာမ တွေ၊ ဖုတ်ဝင်နေတာမဟုတ်ဘူး၊ လူအစစ်၊ ထိန်းပြီး ပြန်လှဲပေးလိုက်၊ ခင်ဗျား အခုဘယ်လို နေသေးလဲ”

ဆရာမလေးတွေက တွန်းလှည်းပေါ်ကို ပြန်လှဲချပေးလိုက်သည်။ မင်းခန့် မျက်လုံးထဲမှာ တော့ မျက်နှာကျက်နှင့် မီးချောင်းတွေက ချာလည်လှည့်နေ၏။

“ မူးတယ်..ဟိုဒင်းလေ ...ကျွန်တော် ...ကျွန်တော်က ..”

အားယူကာပြောလိုက်ရင်း ဘာဆက်ပြောရမှန်း မသိလို့ ရပ်လိုက်သည်။ ပါးစပ်လှုပ်လိုက် တိုင်း ကြားရသည့် အသံကိုလည်း မကြားဝံ့ တာကြောင့်လည်း ဖြစ်သည်။

“ ကျွန်တော် ကျွန်တော် နဲ့ မန ္တလေးသူထင်တယ်၊ မူးတာက အားနည်းလို့ နေမှာပါ၊ ဆေး ဒါဏ် တွေကလည်းရှိသေးတယ်၊ ခင်ဗျား ကံကြီးလွန်းလို့ ပြန်ထလာနိုင်တာ။ အဆင် ပြေသွားမှာပါ၊ ကဲ မတင်စန်းနဲ့ ကိုလှမောင် လာတွန်းတော့လေ”

“ ဘယ်ကို ပို့ ရမလဲ ဆရာ”

“ ၃၀၂ က ပေးရှင့် မဟုတ်လား၊ အဲဒီကို ပြန်ပို့လိုက်ပေါ့၊ ဆရာမ နှစ်ယောက်လိုက်သွား လေ၊ ကျွန်တော် ဆရာကြီးဆီ ဖုန်းဆက်ပြီးရင်လိုက်ခဲ့မယ်၊ ပရက်ရှာ တိုင်းထားလိုက်”

ဆရာမလေး တယောက် အမေးကို ပြန်ဖြေပြီး ဆရာဝန် ထွက်သွားသည်။ အလုပ်သမား နှစ်ယောက်က လှည်းကို တွန်းထွက်လာတော့ အပေါ်မှာ တရိပ်ရိပ်ရွေ့နေသည့် မျက်နှာ ကျက်အကွက်တွေကို ကြည့်ရင်း ပိုမူးလာလို့ မင်းခန့် မျက်လုံးကို မှိတ်ထားလိုက်ရသည်။ ဖြစ်နိုင်ရင် မင်းခန့် အမြန်ဆုံးအိပ် ပျော်သွားချင်သည်။ သို့မဟုတ်ပြန်ပြီး မေ့မျောသွား ချင် သည်။

ဒါမှလည်း အိပ်ရာကနိုးရင်က မောက်ကမ အဖြစ်တွေကလွတ်သည့် အခြေ အနေ ကို ပြန်ရောက်နိုင်မည်ဖြစ်သည်။

“ ထူးဆန်းတယ် သိလား၊ သူအခုနက ငါ့ရှေ့တင် အသက်ထွက်သွားတာ”

ဓါတ်လှေခါးထဲ ရောက်တော့ ဆရာမလေး တယောက်က တီးတိုးပြောသည်။

“ အင်းလေ...အခုတော့ စကားတောင်ပြောနိုင်နေပြီ”

“ ဆရာမတို့ ကတော်သေးတာပေါ့၊ ကျွန်မ မှာသူဝုန်းကနဲ ထလာတော့ ရှိသမျှ အမွှေး အ ကုန်ထောင်သွားတာပဲ”

“ အကုန်ဆိုတာ ဘာကိုပြောတာလဲ မတင်စန်း”

“ ကိုလှမောင် ရှိလို့ မပြောတော့ပါဘူးဆရာမ တို့ရယ်”

ခပ်သဲ့သဲ့ ရယ်သံတွေက နားထဲမှာ နီးလိုက်ဝေးလိုက်နှင့် ဖြစ်နေသည်။ သူတို့တွေ ပျော် ရွှင်ရယ်မောနေကြသလောက် မင်းခန့်မှာတော့ ဘယ်လို ခံစားရမည် မှန်းမသိဖြစ်နေသည်။

“ တော်သေးတယ် ဘာမှ မသိမ်းရ သေးလို့”

အခန်းတခုထဲကို ရောက်တော့ မင်းခန့်ကို ဆရာမလေး တွေနှင့် အလုပ်သမား အမျိုးသ မီး က ကုတင်ပေါ်ဝိုင်း မပြီးတင်လိုက်ကြသည်။ အနီရောင်ရင့်ရင့်ပေါ်တွင် အဝါရောင်ပန်း အဆုပ် အဆုပ်တွေပါ သည့် ချည်သားဘောင်းဘီရှည်ပွပွ ဝတ်ထားသော ကိုယ်အောက် ပိုင်း ကို မင်းခန့် စိတ်မ သက်သာစွာ ကြည့်နေမိစဉ် ဆရာမက စောင်နှင့် အုပ်လိုက်၏။ မင်းခန့်ကိုယ်တိုင်တော့ ဘာမှ မလုပ်နိုင်။ လက်တောင်မြှောက်လို့ မရအောင်နုံးချိနေသည်။

မျက်စိမှိတ်ပြီး ပြန်မှိန်းနေစဉ် လက်မောင်းတဖက် တင်းကနဲဖြစ်သွားပြီး တရှူးရှူး အသံတွေ ကြားရသည်။ သွေးပေါင်ချိန်နေတာဖြစ်မည်။ဘာတွေဖြစ်နေလဲ၊ ဘာတွေလုပ်နေကြ သလဲဆိုတာမင်းခန့် စိတ်မဝင် စားနိုင်တော့ပါ။ ဘာကိုမှလည်း မတွေးချင်၊ ဘာကိုမှလည်း မသိ ချင်တော့ မျက်စိကို စုံမှိတ် ပြီး ကျောက်ရုပ်တရုပ်လိုပဲ နေလိုက်မိ တော့၏။

“ ဆရာကြီးလဲ ပြန်လှည့်လာနေပြီ၊ ခနနေရင်ရောက်မယ်”

ဒါကတော့ အခုန ဆရာဝန်၏ အသံဖြစ်သည်။ တခုခု လုပ်မယ်ထင်ပေမယ့် ဘာမှ မလုပ်ဘဲ ရပ်စကားပြောနေကြသည်။ အဓိက အကြောင်းအရာကတော့ သေပြီးမှ ပြန်ရှင်လာသည့်အကြောင်း ဖြစ်သည်။ ဆရာမလေး တွေက ဒါဖြစ်နိုင်မဖြစ်နိုင် ဆရာဝန်ကို စူးစမ်း နေကြ သည်။

“ ဖြစ်နိုင်ပါတယ်။ အရင်ကလည်း မကြုံဖူးပေမယ့် ကြားဖူးတာတွေ ရှိနေတာပဲ။ တချို့ဆိုရင် သုံးရက်လောက်နေမှ ပြန်ထတာမျိုးလည်း ပြောသံကြားဖူးတယ်”

ခနနေတော့ ခြေသံတွေ တဖျပ်ဖျပ်ကြား လိုက်ရသည်။ အခန်းထဲက စကားသံတွေလည်း တိတ်သွား၏။

“ ဆရာကြီး လာပြီ”

အခန်းထဲက ဆရာမလေး တွေလည်းလှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မျက်လုံးဖွင့်ကြည့် လိုက်ရာ ကုတင်ဘေးမှာ အသက်ငါးဆယ်ကျော်ခန့် ရှိမည့် ဆံပင်ဖြူ ဖြူ နှင့် လူကြီးတ ယောက် ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် စောစောက ဆရာဝန်ရပ်နေ သည်။ ဆရာ ဝန်ဘေးမှာတော့ ကိုယ်လုံး ခပ်တောင့်တောင့် မိန်းမတယောက်ရှိ၏။ သူမက ဆရာဝန်ဟုတ်ပုံမရပါ။ ရုံးဝန်ထမ်း နှင့် ပိုတူ၏။နက်ပြာရောင်အင်္ကျီနှင့် စကပ်ဝတ်ထားသည်။ လက် ထဲမှာ လမ်း လျှောက်စ ကားပြောစက်လိုမျိုးတလုံးလည်း ကိုင်ထားသည်။ နောက်နားမှာတော့ ဆရာမ တအုပ်ကို ဝိုးတဝါး မြင်ရ၏။

“ သမီး ..ဘယ်လိုနေသလဲ”

ဆရာဝန်ကြီး အမေးကို မင်းခန့် ဘယ်လိုဖြေရမှန်း မသိအောင်ဖြစ်သွားသည်။ သမီး ဆို သည့် အခေါ်အဝေါ်က သူ့ နှုတ်ကို ဆွံ့အသွားစေ၏။

“ စောစော ကတော့ မူးတယ်လို့ ပြောတယ် ဆရာကြီး”

မင်းခန့် ကိုယ်စား ဆရာဝန်လူရွယ်က ပြန်ဖြေလိုက်ပြီး သူ့လက်ထဲ ကိုင်ထားသည့် ဖိုင် တွဲ တခုကို ဖွင့်ပြီး ဆရာဝန်ကြီး လက်ကိုထိုးပေးလိုက်သည်။

“ စကားမပြောနိုင်ရင်လည်း မပြောနဲ့၊ မူးနေတယ်၊ နေလို့ မကောင်းဘူးပေါ့ ဟုတ်လား”

မတတ်သာဘဲ ခေါင်းညိတ်ပြလိုက်တော့ ဆရာဝန်ကြီးက

“ ဟုတ်ပြီ၊ ဟုတ်ပြီ၊ စိတ်ကိုအေးအေးထား၊ ညည်းတောင် ကိုကျော်သွားပြီ၊ ဘာမှ မဖြစ်နိုင်  တော့ဘူး၊ သမီး လိမ်လိမ်မာမာ နဲ့ ဆရာတို့ ညွှန်ကြားတာလိုက်နာမယ် ဆိုရင် ကောင်းသွား ဖို့ ပဲ ရှိတယ်၊ သမီး အသက်ကို ဆရာတို့ မနည်းကယ်ခဲ့ရတာ၊ နောက်တခါ ထပ်ပြီးမ မိုက် နဲ့တော့ ဟုတ်လား”

ဘာပြောမှန်း မသိပေမယ့် ယောင်ချာချာနှင့် ခေါင်းညိတ်ပြ လိုက်မိတော့ ဆရာဝန်ကြီး ပြုံး ပြီး တဖက်ကိုလှည့်ကာ လူရွယ်ဆရာဝန် ကို အင်္ဂလိပ် ဘာသာဖြင့် ညွှန်ကြားချက်တွေပေးသည်။ ဟိုဆရာဝန်က လိုက်ရေးမှတ်နေ၏။

“ ကဲ ..ဆရာ မနက်ဖြန် တခေါက်လာပြန်ကြည့်မယ်၊ အေးအေး ဆေးဆေး နားနား နေနေ နေ ပေါ့”

“ သူ့ ဘေလ် ပြန်ဖွင့်လိုက်မယ် နော်ဆရာကြီး”

“ အင်းပေါ့၊ နင်တို့ က လည်းမြန်လိုက်တာ စာရင်းတောင် ပိတ်နေပြီလား”

“ ဖိုင်ပြန်တွဲတာပါ၊ အကုန်တော့ မပေါင်းရသေးဘူး”

စကားပြောစက်ကိုင် မိန်းမ နှင့် ဆရာဝန်ကြီး ပြန်ထွက်သွားသည်။

“ ကျွန်တော် ..ကျွန်တော်နဲ့ မန ္တလေးသူ၊ ခင်ဗျား တော်တော်ကံကောင်းတယ်၊ ဒါနဲ့ သူ့နာ မည်က ဘယ်သူတုန်း”

မင်းခန့် ကိုပြောနေရာမှ ဆရာဝန်က အနားကဆရာမ ဖက်ကိုလှည့်မေးလိုက်သည်။

“ ဆရာကလဲ ချတ်မှာကြည့်လိုက်တာ မဟုတ်ဘူး”

“ ဟုတ်သားပဲ ...နေပါဦး ..ပန်း ..အိ ..ဖြူတဲ့၊ နာမည်လေးက လှသားပဲ”

မင်းခန့် ဆိုသည့် ယောက်ျားစင်စစ်ကနေ ပန်းအိဖြူ ဖြစ်ရပြန်လေပြီ။ ဘယ်ကနေ ဘယ်လို ပန်းအိဖြူ ဘဝကို ရောက်သွားမှန်း မသိတော့ပါ။ ဆရာဝန်ကြီးက ပြောသွားသေးသည်။နောက်ထပ် မမိုက်နှင့်တော့တဲ့။ သူဘာတွေ မိုက်ခဲ့သနည်း။ မင်းခန့် စဉ်းစားလို့ မရပါ။ အ ရက်သောက်တာ မိန်းမ ရှုပ်တာလောက်ကိုတော့ မိုက်သည်ဟု မဆိုနိုင်ပါ။ ယောက်ျားတွေ ၏ ပင်ကိုယ်စရိုတ်သာ ဖြစ်ပါ၏။

“ ကဲ ...ဆေးရပြီ၊ ဆေးထိုးမယ်”

မင်းခန့် ကို တခြမ်းစောင်းပေးလိုက် ပြီးနောက် တင်ပါးကနေ စစ်ကနဲ နာကျင်မှုကို ခံစား လိုက်ရသည်။ မင်းခန့် ရင်ထဲမှာလည်း စူးစူးနစ်နစ် နာကျင်သွားရသည်။ ဆေးထိုးလို့ နာ တာမဟုတ်ပါ။ နာကျင်မှုကိုသိနေလို့ ဖြစ်ပါသည်။ အိပ်မက် ဟုတ်မဟုတ် အသားကို ဆိတ် ကြည့်စရာ မလိုတော့လို့ ဖြစ်ပါသည်။ ရင်နာကြေကွဲရင်း မယုံမရဲ စိတ်ဖြင့် ထပ်ပြီးစမ်းသပ် လိုသောကြောင့် နောက်တကြိမ်ဆေးထိုးပါစေဟု ကြိတ်ဆုတောင်းမိသည်။ မင်းခန့် ဆု တောင်းပြည့်ပါ၏။

ဘီးလုံးတွေ လိမ့်လာသံကြားလိုက်ရပြီးနောက် မင်းခန့် လက်တဖက်ကို ဆွဲထုတ်လိုက်ကြ သည်။ ဖြူသွယ်သော လက်ကို မကြည့်ချင်လို့ မျက်နှာလွှဲထားစဉ် လက်ဖျံပေါ်မှာ အေးစက်သည့် အရက်ပျံ အထိအတွေ့ကို ရသည်။ ထို့နောက် စစ်ကနဲ လက်ဖျံမှာ နာသွားသည်။ ထို့ နောက် အပ်ကို လက်ဖျံမှာ ပလာစတာနှင့် ကပ်နေတာကို ခံစားသိနေရသည်။ ဆေးသွင်းတာ ဖြစ်မည်။ အသာစောင်းကြည့်လိုက်တော့ ထင်သည့် အတိုင်း တွဲလောင်းကျနေသည့် ပလပ်စတစ် ပိုက်တချောင်းကို တွေ့လိုက်ရသည်။

“ ဟိုကြည့် ဒီကြည့်လုပ်မနေနဲ့၊ အိပ်နေလိုက်၊ အိပ်ပျော်သွားရင် ခင်ဗျား အားပြည့်လာ လိမ့်မယ်”

ဆရာဝန်၏ စကားသံက မင်းခန့် နားကနေကပ်ပြီး ထွက်လာရာမှ တဖြေးဖြေးဝေးသွား သည်။ ဆရာဝန် အနားကနေထွက်သွားတာ ဖြစ်မယ်ဟု စဉ်းစားရင်း မင်းခန့် တကိုယ် လုံး လေးလံ နေရာမှပေါ့ပါးသွားသည်။ မင်းခန့် လမ်းတွေ ပေါ်ပြန်ရောက်သွား၏။ မြူတွေ မရှိ၊ မီးခိုးတွေ မရှိ အလင်းရောင်က ကြည်လင်ပြတ်သားစွာ ရှိနေသည်။ ဝါလဲ့လဲ့ နေ ရောင်က သစ်ပင်တွေ မြက်ခင်းစိမ်းစိမ်းတွေပေါ်ကို လှပစွာထိုးကျနေ၏။

ကတ္တရာ ခင်းထားသည်လို့ ထင်ရသည့် အနက်ရောင်လမ်းမကြီးက တမျှော်တခေါ် ရှည် လျားစွာ ရှိနေသည်။ ထိုလမ်းကြီး တလျှောက်မှာ လူတွေလည်း အများကြီးရှိသည်။ မင်း ခန့်၏ မျက်နှာချင်းဆိုင်မှ လာနေကြသူတွေ အားလုံး၏ ထူးခြားချက်မှာ မိန်းမ တွေချည်း ဖြစ်နေကြခြင်းပင်။ မင်းခန့် သွားနေသည့်ဖက်ကိုတော့ တယောက်မှ မသွားကြပါ။ သူတို့ တွေ နှင့်မင်းခန့်က ဆန့်ကျင်ဖက်သွားနေကြသည်။

မျက်နှာချင်းဆိုင်တွေ့သည့် မိန်းမတွေထဲမှာ မင်းခန့် သိသည့်သူတွေလည်းပါသည်။ တချို့ တွေကိုတော့ နာမည်လည်းသိသည် လူလည်းသိသည်။ တချို့ကိုကျတော့ လူကိုပဲ သိ သည်။နာမည်ကိုတော့ မမမှတ်မိတော့ပါ။ မင်းခန့် နှင့် ပတ်သက်ခဲ့ ဖူးသည့် မိန်းမတွေ လည်းပါသည်။ အဲဒီထဲက တချို့ဆိုရင် မင်းခန့် နာမည် မဖေါ်တတ်တော့သည့် အထဲမှာ ပါသည်။

ဒေါ်နွယ်နီထွန်းကတော့ အနားကနေ ဝင့်ထည်စွာဖြတ်လျှောက်သွားသည်။ မင်းခန့်ကို ရှိ သည်လို့ ပင်ယောင်ပြီး လှည့်ကြည့်မသွား။ ရွယ်တူ မိန်းကလေး တအုပ်နှင့် တခစ်ခစ် ရယ်ရင်းလျှောက်လာသည့် ယုယုကိုလည်း မြင်ရသည်။ သူမ ကလည်း မင်းခန့်ကို မြင် ပုံမပေါ်ပါ။ ရည်းစား ဟောင်းတွေ သာမက ကျောင်းတက်စဉ်က တွေ့ဖူးခင်ဖူးသည့် သူ ငယ်ချင်း မတွေကို လည်းလမ်းမှာတွေ့၏။ သူတို့လည်း မင်းခန့်ကို ဖာသိဖာသာပင်။

“ ငါ့ကို မမြင်ကြဘူး ထင်ပါရဲ့”

စိတ်ပျက်စွာ ရေရွတ်မိရင်း အမျိုးသမီး တယောက်နှင့် ဝင်တိုက်မိမလို ဖြစ်သွားသည်။

“ ဆောရီး ကွယ်”

အမျိုးသမီးက တောင်းပန်ပြီးဆက်ထွက်သွားတော့ မြင်တဲ့သူရှိသေးသည်ဟု မင်းခန့် ဝမ်း သာရသည်။ ထိုအမျိုးသမီးကို ပြန်လှည့်ကြည့်လိုက်တော့ ဒေါ်ခင်မမ ဖြစ်နေသည်။ နောက်ကနေပြေးလိုက်သွားပြီး လက်ကိုဆွဲထားမိ၏။

“ မမ ..မမ”

“ အော် ..ဘာလဲ ..သမီး”

“ ဘာ ..ဘာမှ မဟုတ်ပါဘူး”

ဒေါ်ခင်မမ ထွက်သွားတော့ မင်းခန့် ညှိုးငယ်စွာ ခြေစုံရပ်ပြီး ကျန်နေခဲ့သည်။ ထိုအချိန် မှာ ရယ်သံတခုကို ကြားလိုက်ရလို့ လှမ်းကြည့်လိုက်ရာ သစ်ပင်တပင်အောက်မှာ ရပ်ပြီး မင်း ခန့်ကိုကြည့်ကာ ခွက်ထိုးခွက်လန် ရယ်နေသည့် ဆံပင်ရှည်ရှည် နှင့် မိန်းမ ကိုတွေ့ လိုက် ရသည်။ မင်းခန့်ကို ပါးရိုတ်လိုက်သည့် မိန်းမသည် ဟိုတနေ့က အဝတ်အစားတွေ ကိုပဲ ဝတ်ထားပြီး အသက်ရှူမှားချင်စရာ လှပနေသည်။ ဒေါသတကြီး ဖြင့် သူမကို လှမ်း ကြည့် သည့် မင်းခန့်ကို သရော်တော်တော် အမူအရာ ဖြင့် လက်ညိုးထိုးပြသည်။

“ကိုယ့် ကိုယ်ကို လည်း ပြန်ကြည့်လိုက်ဦး”

မင်းခန့် မကျေမနပ်ဖြင့် ငုံ့ကြည့်လိုက်ရာ အဝတ်မပါ ဗလာကျင်းနေသည့် မိန်းမတယောက် ၏ ကိုယ်ခန္ဓာကို ပြန်မြင်လိုက်ရသည်။ ရှက်စိတ်က ငယ်ထိပ်အထိတက်ဆောင့် ပြီး မင်းခန့်တကိုယ်လုံးထူပူလာသည်။

“ ဒါ ..ဒါ ..မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”

ဟိုမိန်းမကတော့ ရယ်လို့မဆုံးအောင်ဖြစ်နေသည်။ မင်းခန့် ဒေါသတကြီးဖြင့် ဆံပင်ရှည် မိန်းမချောဆီ အတင်းပြေးဝင်သွားမိ၏။ မင်းခန့် ဘယ်လောက်ပြေးပြေး သူမ ထံပါးကို မ ရောက်ပါ။ အမောတကောပြေးနေသည့် မင်းခန့်ကို ကြည့်ပြီး လှောင်ပြောင်ရယ်မောလို့ နေသည်။ ကြာတော့ ပြေးနေရင်းနှင့် မင်းခန့် မခံနိုင်အောင် မောဟိုက်ပင်ပန်း လာသည်။ အသက်ကိုပင်ဖြောင့်အောင် မရှူနိုင်တော့။ရင်ထဲမှာ တင်းကြပ်ပြီး ဆို့လာ၏။ ထို့နောက် လမ်းပေါ်သို့ ပစ်လဲကျသွားသည်။

ကျသွားတော့လည်း မနာပါ။ ငြိမ့်ကနဲ ခံစားလိုက်ရတာပဲ ရှိသည်။ မျက်စိကို ဖွင့် ကြည့် လိုက်တော့ အဖြူရောင်မျက်နှာ ကျက်နှင့် မီးချောင်း ကို မြင်လိုက်ရသည်။ ဘေးမှာ တွဲ လောင်းကျနေသည့် ပလပ်စတစ်ပိုက် ထဲမှာတော့ အရောင်ကြည်ကြည် တွေပြည့်နေ ၏။ ဆေးရုံခန်းထဲ ပြန်ရောက်နေပြီဟု သိလိုက်သည်။ တနည်းအားဖြင့် အိပ်ပျော်ရာက နိုးခဲ့ ပြီလို့ ဆိုနိုင်သည်။

အခုတွေ့ခဲ့တာတွေလည်း အိပ်မက်တခုသာ ဖြစ်ပါလိမ့်မည်။ ဒါပေမယ့် မင်းခန့် တကယ် ကို မောနေသည်။ ရင်ဝကို တခုခု နှင့်စည်းထားသလိုလည်းတင်းကျပ်နေသည်။ အားနေသည့်လက် တဖက်က မရည်ရွယ်ပါဘဲ နှင့် ရင်ဘတ်ပေါ်ကိုရောက်သွား၏။ ခုနကထက်စာရင် အားအင်ပြန်ပြည့်ပြီး လှုပ်ရှားနိုင်လာပေမယ့်မင်းခန့် မပျော်ပါ။ သူ၏ရင်အုံက ဖေါင်းကြွနေသောကြောင့် တကိုယ်လုံး အေးစက်သွားရသည်။

အသက်ပင်မရှူရဲဘဲ အင်္ကျီလည်ပင်းပေါက်ကနေ လက်ကို ထိုးသွင်းလိုက်တော့ ခပ်ကြမ်း ကြမ်းအထိအတွေ့ တခုကို ရသည်။ ဆက်ပြီးစမ်းကြည့် လိုက်တော့ ချောမွတ်ပြီး တင်းနေသည့် အဝတ်တခု ကို ကိုင်မိ၏။ ထိုအဝတ်က ဘာကြောင်းတင်းနေသလဲ ဆိုတာ မင်းခန့် စိတ်က သိနေ၏။သေချာပါသည်။ ဇာနားတပ်ထားသည့် ဘရာစီယာတထည်ပဲဖြစ်၏။ ဒီလိုဟာမျိုး တွေ အများကြီးတွေ့ဖူးသည်။ စိတ်ကို တင်းလိုက်ပြီးနောက် အသက်ကိုအောင့်ကာ ဘရာစီယာ အဟကြားထဲကို စမ်းလိုက်တော့ နူးညံ့အိစက်သည့် အသားစိုင် နှစ်ခုကို တည့်တည့်တိုးတော့၏။

မင်းခန့် တကိုယ်လုံးတုန်လာသည်။ အသက်ရှူလို့လည်း မရတော့။ ရင်ဘတ်ကြီးက တင်း ကြပ်နေသည်။ ထို့ကြောင့် မောပန်းတကြီး နှင့် ဘရာစီယာကို ကိုယ်ပေါ်က ဆွဲခွာဖို့ အမောတကော လုပ်မိသည်။

“ ဘာ ဖြစ်လို့လဲ မပန်းအိဖြူ”

ပတ်ဝန်းကျင်ကို မေ့လျော့နေမိချိန်မှာ ခြေရင်းဖက်က အသံတခုကြောင့် လန့်သွားသည်။ ကြက်သွေးရောင် ထမိန်နှင့် ဆရာမ လေးတယောက် အနားကိုရောက်လာသည်။ သူမ ၏ထမိန် အရောင်က တခြားဆရာမတွေလို အနီမျိုးမဟုတ်။အိပ်မပျော်ခင်က တွေ့ခဲ့သည့် ဆရာ မတွေ ထဲမှာမပါဘူးဆိုတာလည်း သတိထားလိုက်မိသည်။

“ ဆေးသွင်း ထားတယ်လေ၊ မလှုပ်နဲ့၊ အပ်ပြုတ်သွားလိမ့်မယ်၊ ဘာလုပ်ချင်လို့လဲ ကျွန်မ ကို ပြော”

လက်ထဲက တီဗွီ ရီမုဒ်ကလေး ကို စားပွဲပေါ်တင်ရင်းမေးသည်။ မင်းခန့် ကိုစောင့်ရင်း ဆရာ မလေး တီဗွီ ကြည့်နေပုံရ၏။

“ ဖယ်ပေးပါ”

“ ဘာကိုလဲ မပန်းအိဖြူ”

မင်းခန့် လက်ညိုးပြရာဆီကြည့်လိုက်ပြီး

“ အင်္ကျီဘာဖြစ်လို့လဲ”

“ မ ..မဟုတ်ဘူး၊ အောက် ...အောက်က”

ရုတ်တရက် နားလည်ပုံမရ၍ မင်းခန့် က အင်္ကျီလည်ပင်းကို အောက်ကို ဆွဲချပြလိုက် သည်။

“ အော် ...ဘာဖြစ်လို့လဲ၊ ယားလို့လား၊ ကုပ်ပေးမယ်လေ၊ ဘယ်နားလဲ”

“ ကျပ်တယ် ...အသက်ရှူလို့ မရဘူး”

“ စိတ်ထင်လို့ပါ၊ ကဲကဲ ဟိုဖက်စောင်း လိုက်မယ်နော်”

မင်းခန့် ကိုယ်ကိုစောင်းလိုက်ပြီး အကျ ႌကိုလှန်တင်လိုက်၍ နောက်ကျောက ချိတ်ကို ဖြုတ် ပေးသည်။ အစည်းအ နှောင်ကနေ လွတ်သွားသည်နှင့် မင်းခန့် ရင်ထဲက တင်းကြပ်မှုတွေ အနည်းငယ်တော့ လျော့ကျသွားသည်။

“ အသက်ရှူလို့ ရပြီလား”

“ အင်း”

“ ဒါဆိုလဲ ဒီတိုင်းပဲ အိပ်လိုက်တော့နော်၊ မနက်ကျမှ ကျွန်မ ပြန်ဝတ်ပေးမယ် ဟုတ်လား”

နည်းနည်းနေသာသွားလို့ မင်းခန့် ခေါင်းညိတ်ပြလိုက်တော့ ဆရာမလေး က ရီမုဒ်လေး ပြန် ကောက်ကိုင်ပြီး အပြုံးလေး နဲ့ ထွက်သွားသည်။

“ တခုခု လိုချင်လှမ်းပြောနော်၊ ဒီမှာ ရှိတယ်”

မင်းခန့် ခြေရင်းဖက်တွင် ဆက်တီထိုင်ခုံ နှစ်လုံးချထားတာ နှင့် နံရံမှာ တီဗွီ တလုံးရှိတာ အခု မှ သတိပြုမိသည်။ အဲဒီနားက တံခါးတချပ်ကတော့ ရေချိုးခန်း အိမ်သာဖြစ်မည် ထင် သည်။

“ အမ ကို အိပ်တဲ့ ဆေးပေးထားတာ အိပ်ပါ အမရဲ့”

မင်းခန့် ကိုလှမ်းအကဲ ခပ်နေသည့် ဆရာမလေးက ပြောသည်။ ခေါင်းတွေရီဝေနေပေမယ့် မအိပ်နိုင်သေးပါ။ လုပ်စရာတခုရှိသေးသည်။ ခါးတဝက်လောက် ရောက်နေ သည့် စောင်ကိုရင်ခေါင်းလောက် အထိပြန်ဆွဲတင်လိုက်ပြီး စောင်အောက်ကို လက်ထည့်လိုက်သည်။ ဆရာမလေးကတော့ မင်းခန့် အိပ်တော့မည်ဟု ယူဆ ပြီး တီဗွီ ဖက်သို့ ပြန်လှည့်သွား သည်။

တီဗွီ ကအသံကိုလည်း တိုးလိုက်၏။ ဆရာမ ဒီဖက်ကို အာရုံမရှိတာသေချာတော့မှ ကိုယ်အောက်ပိုင်းကို စောင်နှင့်ကွယ်ပြီး စမ်းကြည့် လိုက်သည်။ ရလဒ်ကို ကြိုသိနေသလိုလို ရှိပေမယ့် စိတ်ရှင်းအောင်လုပ်မိခြင်းဖြစ်ပါသည်။

ပေါင်ကြားထဲကို ထည့်လိုက်သည့် လက်က ဖေါင်းဖေါင်းပွပွ ဘာကိုမှ မစမ်းမိဘဲ လွတ် ထွက်သွားသည်။ ထပ်ပြီးစမ်းသပ်ရန် မလိုတော့ပါ။ ဒီလို နေရာ ပေါင်း များစွာကို သူ အ ကြိမ်ကြိမ်ကိုင်တွယ်ခဲ့ဖူးပါသည်။ အဝတ်ပေါ်ကနေ စမ်းဖူးသလို အဝတ် မပါဘဲ လည်း ထိတွေ့ဖူးသည်။ လက်ချောင်းကို အားစိုက်ပြီး ခပ်ဖိဖိလေး လုပ်လိုက်သည်နှင့် ဘာကို စမ်း မိမည် ဆိုတာမင်းခန့် သိပြီးဖြစ်သည်။

ပါးပါးလျလျ မျှော်လင့်ချက်ကလေး ကုန်ဆုံးသွားသည့် အခါ မင်းခန့် ဘာကိုမျှော်လင့်ရမှန်း မသိတော့။ ဟင်းလင်းပွင့်ထွက်သွားသည့် အနာဂါတ်တခုကို စိတ်ပင်ပန်းဆင်းရဲစွာ အာရုံထဲမှာမြင်နေရသည်။ ဘာကြောင့် ဒီလိုဖြစ်သွားရသနည်း သူမတွေးတတ်တော့ပါ။ အိပ်မက် ထဲမှာ နှစ်ခါတွေ့ဖူးသည့် ဆံပင်ရှည်ကြီးနှင့် မိန်းမ။ သူမ၏ လက်ချက်လေလား။ မင်းခန့် နားမလည်နိုင်အောင် ဖြစ်နေရသည်။ ရင်ထဲမှာ ဗလောင်ဆူကာပူလောင်လာ၏။ သည်း မ ခံနိုင်သည့် အဆုံး ဆရာမလေးကို လှမ်းပြောလိုက်မိသည်။

“ ဆရာမ ...ရေသောက်ချင်တယ်”

“ လာပြီ၊ လာပြီ”

ဆရာမလေး အနားကို ရောက်လာသည်။ ပိုက်ပျော့လေးတပ်ထားသည့် ရေသန့်ပုလင်း ကို ပါးစပ်မှာ လာတပ်ပေး၏။

“ ဖြည်းဖြည်းချင်း စုပ်သောက်နော်၊ မစုပ်နိုင်ရင် ကျွန်မ ဇွန်းနဲ့ တိုက်မယ်”

“ ရပါတယ်”

ဆရာမလေး ကတော်တော်ငယ်သေးသည်။ ယုယုတို့ သာသာလောက်ပဲ ရှိမည်။ အသား ဖြူဖြူ ကိုယ်လုံးသွယ်သွယ်လေး နှင့် တိုင်းရင်းသူလေး တယောက်ဖြစ်ပုံရသည်။ ခုနက စကားပြောတာ နည်းနည်းဝဲတာ သတိထားမိသည်။ ဆံပင်တွေကို နောက်မှာသေသေသပ် သပ် ထုံးထားပြီး မျက်နှာလေးကလည်း ချစ်စရာကောင်းသည်။

“ ဘာလို့ ကြည့်တာလဲ”

မင်းခန့် ပြန်ပေးသည့် ရေပုလင်းကို ပြန်ယူရင်း အပြုံးနှင့် မေးသည်။

“ ဘာမှ မဟုတ်ပါဘူး”

“ တီဗွီ က အသံကျယ်နေလို့ အိပ်မရဘူးလား”

“ ကြားတောင် မကြားဘူး”

“ အရင်ညတွေ တုန်းကတော့ ကျွန်မ ဘယ်လောက်ဖွင့်ဖွင့် အမ မကြားဘူးလေ၊ ဒါကြောင့် အသံပြန်မချမိတာ၊ ဟင်း ..ဟင်း”

“ ဟုတ်လား၊ ဘယ်နှစ်ညရှိပြီလဲ”

“ ဒါပါနဲ့ ဆိုရင်သုံးညပေါ့”

“ အော် ...ဒါနဲ့ ဘယ်နှစ်နာရီ ရှိပြီလဲ”

ဆရာမလေးက လက်က နာရီကို မြှောက်ကြည့်လိုက်ပြီး

“ နှစ်နာရီခွဲ”

“ နေ့ လား ညလား”

“ ညပေါ့ အမရဲ့၊ အမရောက်တဲ့ ညထဲက ညတိုင်း ညီမပဲစောင့်တာလေ၊ မသိဘူးလား၊ ဟင်း ..ဟင်း ဘယ်သိမှာလဲ အမက ရောက်ထဲက သတိမေ့နေတာဥစ္စာ”

“ တို့ က ဘာဖြစ်လို့ ရောက်လာတာလဲ”

“ အမ် ...ဆေးတွေ အများကြီး သောက်လိုက်လို့လေ၊ အမ မမှတ်မိဘူးလား”

“ ဟင့် အင်း”

“ ညီမက ညရောက်တော့မှ အမဆီ ဝင်ရမယ် ဆိုတာသိတာ၊ အမရောက်တုန်းက မမအုန်း ရှိတယ်၊ သူက အမရဲ့ နေ့ခင်းနာ့စ် လေ၊ သူပိုသိမယ်၊ မနက်ဖြန်ကျမှ မေး ကြည့်ပါလား”

“ အင်း ..အင်း”

“ ကဲ ..ကဲ၊ အိပ်လိုက် အမ အိပ်လိုက်လို့ အားရှိလာရင် ပြန်မှတ်မိလာလိမ့်မယ်”

ဆရာမလေး စိတ်ကျေနပ်စေဖို့ မျက်လုံးမှိတ် ထားလိုက်ရသော်လည်း ကိုယ်မှ မသိသည့် ကိစ္စတွေ ဘယ်လိုပြန်မှတ်မိမှာလဲဟု တွေးနေမိ၏။ ဆေးရုံပေါ်မှာ မိန်းမ တယောက်အဖြစ် ရောက်နေပြီး နောက်ပိုင်းမှာ အမှုတခုက ထပ်တိုးလာပြန်သည်။ ဆေးတွေအများကြီး သောက် ခဲ့သည်တဲ့။ အိပ်ဆေးပဲ ဖြစ်လိမ့်မည်။ မင်းခန့်မှာ အိပ်ဆေးတွေ အများကြီး သောက်စရာ အကြောင်းတခုမှ မရှိပါ။ အရက်တွေ အများကြီးသောက်လို့ အမူး လွန်ပြီး ရောက်လာသည် ဆိုတာကမှ ယုတ္တိရှိလိမ့်ဦးမည်။

အိပ်လို့ မပျော်မည့် တူတူ အခြေအနေ အရပ်ရပ်ကို ပြန်စဉ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက် သည်။ အရင်ဆုံးမှတ်မိတာက သူငယ်ချင်းတွေ နှင့် သောက်ခဲ့သည့် အရက်ဝိုင်း။ ပြီးတော့ ပြန်လာသည်။ ဒေါ်နွယ်နီထွန်းဆီ ဖုန်းဆက်သည်။ ပြီးတော့ လမ်းဟိုဖက်က ကိုယ်လုံး တောင့်တောင့် နှင့် မိန်းမ။ လမ်းဖြတ်ကူးစဉ် အပြင်းမောင်းလာသည့် ကားတွေ။ ကား တွေ ကို လွတ်အောင်ထွက်ပြေးပြီး နောက်ပိုင်းမှာ မင်းခန့် တွေးမရတာတွေ ရှိသည်။ နောက် တော့ ဆံပင်ရှည်မိန်းမက ပါးရိုတ်၏။ အဲဒါကိုတော့ သေသေချာချာ မှတ်မိနေသည်။

မြူငွေ့တွေကြားက မဆုံးနိုင်သလို ခရီးကိုလည်း ပြန်သတိရသည်။ အဲဒီနောက် ဖြစ်ရပ်တွေ ကိုတော့ မင်းခန့် ခေါင်းထဲမှာ ရုပ်ရှင်ပြနေတာကို ကြည့်နေရသလို အားလုံး ပြတ်သားစွာတခု ချင်းပေါ်လာ၏။ သေရန် အချိန်မဟုတ်ဟု ဆိုကာပြန်ပို့ ခိုင်းခြင်း။ ရေဝေးသုဿန်၊ ကို မင်းခန့် (၂၉နှစ်) ဆိုသည့်စာတမ်း၊ ဆေးရုံမြင်ကွင်းများ၊ နောက်ဆုံးမှာ တွန်းလှည်းပေါ် ကရုပ်အလောင်းတခု။ အားလုံးဆက်စပ် မိသွားချိန်တွင် မင်းခန့် တကိုယ်လုံး သွက်သွက် ခါ ရမ်း သွားရသည်။ လိုက်ပို့ သူတို့ကမင်းခန့် ကို သေဆုံးပြီးခါစ ပန်းအိဖြူဆိုသည့် မိန်းကလေး၏ ကိုယ်ခန္ဒာအတွင်းသို့ ထည့်ပေးသွားခြင်းသာ ဖြစ်တော့သည်။

“ သွားပါပြီ”

မချိတင်ကဲဖြင့် ကျိတ်ပြီးညည်းညူလိုက်မိသည်။ ကုလားကြီးဖြစ်ဖြစ်၊ တရုပ်ကြီးပဲဖြစ် ဖြစ် အသက်မသေသေးသည့် အတွက် မင်းခန့် အနည်းငယ်တော့ကျေနပ်မိမည်ပင်။ အခုတော့မိန်းကလေး တယောက်၏ ကိုယ်ထဲမှဝင်ခိုင်းခဲ့ကြသည်။ ဘာဆိုဘာမှ မသိခဲ့သည့် အ တွက် မင်းခန့် ငြင်းပယ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့။ ဟိုလူတွေကိုပဲ အပြစ်တင်ရမလား၊ ဘာ မှန်းညာမှန်းမသိဘဲ နေ့ချင်းသဂြိုလ် လိုက်ကြသူတွေကိုပဲ အပြစ်ဖို့ ရမလား မင်းခန့် မဝေ ခွဲ တတ်တော့ပါ။ နောက်ဆုံးတော့ ကံကြမ္မာကိုသာ အပြစ်ပုံဖို့ ရှိတော့၏။

ကျွန်တော်က ပန်းအိဖြူ ဆိုသည့် မိန်းမ မဟုတ်ပါ။ မင်းခန့် ဆိုသည့် ယောက်ျားစစ်စစ်ကြီး ပါဟု အခုနေပြောရင် ဘယ်သူက ယုံမည်နည်း။ ယုံသည်ထားလိုက်ပါဦး မင်းခန့်ကို လူတွေက ဘယ်လိုနေရာမှာစာရင်းသွင်းပြီး ဆက်ဆံကြမည်နည်း။ အပေါင်းအသင်းမိတ်တွေတွေ ကြားမှာ၊ ပတ်သက်ဆက်နွယ်ဖူးသည့် မိန်းမတွေကြားမှာ ဘယ်လိုပုံစံနှင့် လူလုပ်ရမည် နည်း။

မူးမူးနှင့် မက်ချင်ရာမက်နေသည့် အိပ်မက်တခုသာ ဖြစ်ပါစေဟု အသည်းအသန် ဆုတောင်းနေမိသည်။နဂိုကမှ မင်းခန့်ကို ကြည့်မရသူတွေ တပုံတပင်ရှိသည်။ ဒီအကြောင်းသာ ပေါက်ကြားသွား ရင် ဘယ်လောက်တောင်ရှက်စရာ ကောင်းမည်ဆိုတာ မင်းခန့် တွေးတောင်တွေး မကြည့်ရဲပါ။ ဒါလောက်နှာဗူး ထတဲ့ကောင် နည်းတောင်နည်းသေးတယ်ဟု ဝမ်းသာအားရ ပြောကြ မည့် စကားသံတွေကိုကြိုပြီး ကြားယောင်နေမိသည်။

“ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒါကို ဘယ်သူမှ မသိစေရဘူး”

စိတ်ထဲကနေ တတွတ်တွတ် ရေရွတ်ရင်း ချောက်ခြားနေမိသည်။

“ အမ အိပ်မပျော်ဘူးလား၊ ငြိမ်ငြိမ်နေလေ၊ ဆေးသွင်းထားတဲ့ လက်ကို သိပ်မလှုပ်နဲ့”

ကိုယ့်အပူနှင့်ကိုယ် အနားကိုဆရာမလေး ရောက်နေတာကိုတောင် သတိမပြုမိပါ။ မင်း ခန့် ကုတင်ပေါ်မှာ လှုပ်လှုပ်ရွရွ ဖြစ်နေတာကို မြင်လို့ ထလာတာဖြစ်မည်။

“ ရေ ...ရေ ..တိုက်ပါဦး”

ဆရာမလေးက ရေထပ်တိုက်ပေမယ့် မင်းခန့် ရင်ထဲက အပူမငြိမ်းပါ။

“ ရေသောက်ပြီးရင် နည်းနည်းပြန် မှိန်းလိုက်နော်၊ နောက်နေ့ တွေဆို ကောင်းသွား မှာပါ”

မင်းခန့်လည်း အိပ်ချင်ပါသည်။ အိပ်ပျော်သွားရင် အတွေးထဲက စိတ်ရှုပ်စရာတွေ နှင့် ဝေး နေခွင့် ရလိမ့်မည်။ ဒါပေမယ့် အိပ်မပျော်တာ ခက်နေသည်။

“ အိပ်ပျော်အောင် ဆေးထိုးပေးပါလား”

“ ထိုးပေးထားတယ်လေ”

“ ထပ်ထိုးပေးပါ”

“ အဲဒါက ညီမလုပ်လို့ မရဘူး၊ ဆရာဝန်ညွှန်ကြားမှရမှာ”

“ ဒါဆိုလဲ ဆရာဝန်ကို ပြောပေးပါဆရာမရယ်၊ ဘယ်လိုမှ အိပ်မပျော်လို့ပါ”

လက်ကိုဆွဲပြီးတောင်းတောင်းပန်ပန် ပြောလိုက်တော့ ဆရာမလေး သနားသွားပုံရသည်။

“ နေဦး အပြင်က ဆရာမကြီးကို အရင်သွားပြောကြည့်မယ်၊ အမ ငြိမ်ငြိမ်လေး နေခဲ့နော်”

လက်ကလေးက နူးညံ့သလို ဆရာမလေးက စိတ်ထားလည်းနူးညံ့ပုံရသည်။ မင်းခန့်ကို ချော့မော့ပြောပြီး အပြင်ကို သုတ်သုတ်လေးထွက်သွားသည်။ ခနကြာတော့ ပြန်ဝင်လာသည်။ အပြာရောင်ထမိန် နှင့် အသက်ကြီးကြီး ဆရာမတယောက်နှင့် အတူ မင်းခန့်ကို အရင်ဆုံးစစမ်းသည့် ဆရာဝန်လည်း ဝင်လာသည်။ အိပ်မှုန်စုံမွှားပုံ ဖြစ်နေသော်လည်းမင်းခန့် ကိုတော့ပြုံးပြပါသည်။

“ ကျွန်တော် ကျွန်တော် နဲ့ မန ္တလေးသူ ဘာဖြစ်လို့တုန်း”

“ အိပ်မပျော်လို့ ဆေးထိုးပေးပါ”

“ ထိုးပေးထားတယ်လေ”

“ ထပ်ထိုးပေးပါ ဆရာရယ်”

“ ခင်ဗျားကတော့ လုပ်ပြီ။ အိပ်ဆေးတွေစွတ်သောက်ပြီး ဆေးရုံရောက်လာတယ်၊ အခု သ တိရတော့ အိပ်ဆေး ထိုးခိုင်းတယ်၊ ဘယ်လိုကြီး တုန်းဗျာ”

“ အိပ်ချင်လို့ပါဆရာ”

ကြေကြေကွဲကွဲ ပြောလိုက်သည့် မင်းခန့် စကားကြောင့် ဆရာဝန် တချက်တွေသွားသည်။ မင်းခန့် ကို စိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်ရင်း

“ ဟုတ်ပြီလေ၊ ကျွန်တော်ကြည့်လိုက်ဦးမယ်”

ခေါင်းရင်းက ဘီရိုလေးပေါ်မှာ ပလပ်စတစ်ဆန်ကာလေး နှင့် ဆေးပစ္စည်းတွေထားသည်။ အဲဒီထဲကပစ္စည်းတွေကို ကိုင်လိုက်ချလိုက်နှင့် ဆရာဝန် တခုခုရှာနေပုံရသည်။

“ ဟောတွေ့ ပြီ၊ မူလေး ရေ စပရစ် သွားယူပေးပါဦး”

ပလပ်စတစ်အိတ်ကိုဖြဲပြီး ဆေးထိုးအပ်ကို ထုတ်ယူရင်းပြောလိုက်သည်။ ဆရာမလေး ပြေး ထွက်သွားပြီး ဂွမ်းထည့်ထားသည့် သတ္ထုဗန်းလေး နှင့် ပြန်ရောက်လာသည်။

“ ဆရာ ဘာ အွန်မလို့လဲ”

“ ရှိတာပဲ အွန်ရမှာပေါ့ဗျာ၊ ကဲ ...ဆေးထိုးဖို့ စောင်းပေးပါဦး”

ဆရာမကြီး အမေးကို ပြန်ဖြေလိုက်ပြီး မင်းခန့်ကို စောင်းခိုင်းလိုက်သည်။ ခနကြာတော့ တင်ပါးမှာ အေးစက်စက် အရက်ပျံ၏ အထိအတွေ့ကို ရလိုက်ပြီးနောက် စူးကနဲ နာသွား သည်။ဆရာဝန် အမြင်ကပ်ကပ်နှင့် ဆေးတွေ အများကြီးထိုးသည်ထင်သည်။ တော်တော် နှင့် အပ်ကိုပြန်မနှုတ်၊ မင်းခန့်လည်း ကြိတ်ခံနေလိုက်၏။

“ ကဲရပြီ၊ သေသေချာချာ ပွတ်ချေပေးလိုက်ပါဦး၊ ပြီးရင်တော့ မန ္တလေးသူ နောက်တနေ့ ည အထိပါ ဆက်အိပ်လိုက်တော့ ဟုတ်လား”

“ ကျေးဇူးတင်ပါတယ် ဆရာ”

“ ကျေးဇူးမတင်နဲ့ ရတယ်၊ ကိုယ့်ဟာကိုယ်သာ ပျော်အောင်အိပ်ဟုတ်လား၊ ဆရာကြီး ရောင်း လှည့်တဲ့ အထိတော့ အိပ်မနေနဲ့ ပေါ့ဗျာ၊ ကျွန်တော့်ကို ဆူနေလိမ့်မယ်”

“ ဟုတ်ကဲ့”

ဆေးစွမ်းက ချက်ချင်းပြပါသည်။ မျက်ခွံတွေလေးလာပြီး မိနစ်ပိုင်း အတွင်းမှာမင်းခန့် နှစ် ချိုက်စွာ အိပ်ပျော်သွားသည်မှာ မနက်မိုးလင်းသည် အထိဖြစ်သည်။ မင်းခန့် နိူးလာချိန် တွင် သနပ်ခါး အဖွေးသားနှင့် ဆရာမလေး မျက်နှာကို မြင်လိုက်ရသည်။ ညတုန်းက သနပ် ခါး မတွေ့။ ကြည့်ရတာ မနက်အစောကြီး ထလိမ်းထားပုံရသည်။ အလှအပနှင့် ပတ်သက် ရင် မိန်းကလေးတွေကဝီရိယ ကောင်းတတ်ကြသည်။ လက်မှာဆေး သွင်းထားသည့် ပိုက် ကို လည်း ဖြုတ်လိုက်ပေပြီ။ ပိုက်ဖြုတ်တာကိုတောင် မင်းခန့် မနိုးပါ။

“ မမအုန်း လာရင် ညီမ ပြန်မယ်”

“ ညနေပြန်လာမှာလား”

“ လာမှာပေါ့ အမရဲ့၊ အမ ထချင်လား ဖြေးဖြေးထ ထူပေးမယ်”

ဆရာမလေး ပုခုံးကိုမှီပြီးထထိုင်လိုက်သည်။ နည်းနည်းမူးသလိုလို ရှိပေမယ့် ဆရာမလေး ကို မှီထားရင်း ခေါင်းကြည်လာသည်။ ဆရာမ လေးဆီက သနပ်ခါးနံ့ သင်း သင်းလေး ကြောင့်လည်း ဖြစ်မည်ထင်သည်။ မင်းခန့် လက်မောင်းနှင့် ထိနေသည့် ဆရာမလေး၏ ရင် သားတဖက်ကလည်း နုအိလို့နေ၏။ သိပ်အထွားကြီးမဟုတ် ၃၀-၃၁ လောက်ပဲအလွန်ဆုံး ရှိ မယ် ဟု မှန်းကြည့်နေမိသည်။

“ အခုမှ သတိရတယ်၊ နာမည်ဘယ်လိုခေါ်လဲ၊ တိုင်းရင်းသူထင်တယ်နော်”

“ ဟုတ်တယ် ..ကရင်လေ”

“ ဒါဆိုနော်ရင်မွှေးပေါ့”

“ နဲနဲတော့ နီးစပ်တယ်၊ ညီမ နာမည်က နော်မြင့်မြင့်မူ ..ဟင်း ..ဟင်း”

“ ကိုယ့် နာမည်က ဘယ်သူ”

“ ပန်းအိဖြူ လေ...အာ ..အမက တော်တော်နောက်တာပဲ၊ နောက်ဆိုလို့ အခုမှ သတိရ တယ် အမ ရှေ့ကိုနဲနဲ စိုက်လိုက်”

ဘာမှန်းမသိဘဲ ကိုယ်ကို ကိုင်းပေးလိုက်တော့ အကျ ႌကိုကျောဖက်ကနေ လှန်လိုက်သည်။

“ ချိတ်ပြန်ချိတ် ပေးခဲ့မယ်၊ အမ အသက်ရှူမကြပ်တော့ဘူး မဟုတ်လား”

မင်းခန့် ကျောပြင်နှင့် ရင်ဘတ်မှာ တင်းကနဲပြန်ဖြစ်သွားသည်။ စောစောက နော်မြင့်မြင့်မူ နှင့် စကားပြောရင်း ပေါ့ပါးနေသည့် စိတ်က လေးလံထိုင်းမှိုင်းသွားသည်။ ဝက်ဖြစ်မှတော့ မစင်ကြောက်စရာမလို ဆိုသည့် စကားပုံက အတွေးထဲကို ရုတ်တရက်ရောက်လာသည်။

“ ရပြီ၊ အမထိုင်ချင်ရင် ညီမကိုမှီထားလေ”

စိတ်ပျက်လက်ပျက်နှင့် ပြန်မှီချလိုက်သည်။ စောစောက သိခဲ့သည့် နော်မြင့်မြင့်မူ၏ ရင် သား အထိအတွေ့က အခုမရတော့သလို ပျောက်ဆုံးသွား၏။

“ ကုတင်က မြှောက်လို့ ရတယ် မဟုတ်လား”

“ ရတယ် အမ၊ ခနလေး လုပ်ပေးမယ်”

ခေါင်းရင်းဖက်ကို အနည်းငယ်မြင့်အောင်လုပ်လိုက်ပြီး ခေါင်းအုံးခု လိုက်သည့် အခါ မင်းခန့် ခပ်မတ်မတ်ကလေး ထိုင်လို့ ရသွားသည်။

“ ကျေးဇူးပဲ”

“ ရပါတယ်၊ ဒါလေးများ၊ အမဒီတိုင်းလေး ပဲ ထိုင်နေလိုက်ဦးနော်”

မင်းခန့်ကို ထားခဲ့ပြီး ပလပ်စတစ် အိတ်ကလေးတလုံးကိုင်ကာ နော်မြင့်မြင့်မူ အိမ်သာထဲ ဝင်သွားသည်။ ခနကြာလို့ ပြန်ထွက်လာတော့ အဝတ်အစားလဲ လာတာတွေ့ရ၏။ အဝါနုရောင်တီရှပ် နှင့် နက်ပြာရောင်ထမိန် ဝတ်ကာ ဆံပင်တွေကိုဖြန့်ချထားသည့် ကောင်မ လေး သည် သူနာပြုဆရာမလေး တယောက်အသွင် မဟုတ်တော့ဘဲ ကျောင်းသူ လေး နှင့်ပိုတူသွား၏။

“ အဝေးသင် တက်နေတာလေ၊ ဒီနေ့ ကျူရှင်ဝင်ရမှာ”

အိတ်ကလေးကို မင်းခန့် ခြေရင်းမှာတင်လိုက်ပြီး ထမိန်ဝတ်လာတာကို စိတ်တိုင်းမကျ လို့ ထင်သည် ပြန်ပြင်ဝတ်၏။ တီရှပ်ကို လှန်တင်လိုက်တော့ ဗိုက်သားဖြူဖြူချပ်ချပ်လေး ပေါ် လာသည်။ ချက်ဘေးမှာတော့ အမှတ်လိုလို အကွက်လေးရှိ၏။ ထမိန်ကို ဖြန့်ပြီးကိုယ်မှာဆွဲ ကပ်လိုက်သည့် အခါ သွယ်သွယ်စင်းစင်း ပေါင်တံတွေ အနေအထားကို မြင်ခွင့်ရ လိုက်သည်။ ဆီးခုံက သိပ်မမို့ပေမယ့် ညီမလေး နေရာမှာတော့ ခပ်ဖောင်းဖောင်း လေး ဖြစ်နေ သည်။

ထမိန်ကို တင်းနေအောင်ဆွဲပတ်လိုက်ပြီး အစတဖက်ကို ခါးနောက်မှာ သေသေချာချာ ထိုး သွင်းကာ တီရှပ်ကို ပြန်ဆွဲချလိုက်သည် အထိ မင်းခန့် မျက်တောင်မခတ်လိုက်ကြည့်နေမိ သည်။ ဝတ်ပြီးလို့ ပြန်မော့ အလာမှာမင်းခန့် ကိုတွေ့တော့ ပြုံးပြသည်။

“ ကားတိုးစီးရမှာ ဆိုတော့ ..ဟဲ..ဟဲ”

သူမ၏ အမြင်မှာ မင်းခန့်ကို မိန်းမချင်လို သဘောထားသည်ဆိုတော့ မင်းခန့် ကြည့်နေတာ ကို သိပေမယ့် ဘာမှ မဖြစ်သလိုပြောလိုက်သည်။ ထိုအချိန်မှာပင် အခန်းတံခါးပွင့်သွားပြီးအဖြူရောင် အင်္ကျီ၊ ကြက်သွေးရောင် ထမိန်နှင့် သူနာပြု တယောက် ခပ်သုတ်သုတ်ဝင် လာသည်။

“ အမ နောက်ကျသွားတယ် မူလေးရေ၊ ကလေးတွေကို ယောက်ခမ အိမ်သွားပို့ နေရလို့”

နေ့ခင်းဖက် တာဝန်ကျသည့် စပယ်ရှယ်နာ့စ်ပဲ ဖြစ်မည်။ မနေ့တုန်းက မင်းခန့် သူမကို လူ တွေထဲမှာ မြင်သလိုလိုတော့ထင်မိသည်။ ကယောင်ချောက်ချားနှင့် သွေးပျက်နေရ ချိန် ဖြစ်လို့ သေတော့ မသေချာပါ။

“ ရပါတယ် မမအုန်း ရဲ့၊ စောပါသေးတယ်၊ ကျူရှင်က ကိုးနာရီမှ”

နော်မြင့်မြင့် မူကို ပြုံးပြပြီး မင်းခန့် ဖက်လှည့်လာသည်။

“ အဆင်ပြေလား မသက်ပြင်း၊ အခုတော့ ရှင်က ထိုင်လို့ပါလား”

“ ပြေပါတယ်”

မမအုန်းက အသက်သုံးဆယ် တဝိုက်လောက်ရှိမည်။ မပိန်မဝ နှင့် အလောတော်ကိုယ်လုံး ရှိသည်။ သူနာပြုဝတ်စုံ အောက်မှာတွဲကျနေသည့် ရင်သားတွေက ကလေးအမေ တ ယောက် ဆိုတာ မပြောဘဲ သိနိုင်စေသည်။ တင်ကလည်း အောက်ကိုတော်တော်လျှော နေသည်။ သူမ ကို မူလေး ဆိုသည့် ကရင်မလေးလောက် မင်းခန့် စိတ်ထဲမတွေ့ပါ။ သဘောတော့ ကောင်းမည့် ပုံပေါ်ပါသည်။

“ ကဲ ဒါဆိုလဲ သွားမယ် မမအုန်း၊ မပန်းအိ ညမှတွေ့မယ်နော်”

နော်မြင့်မြင့်မူ ထွက်သွားတော့ မမအုန်း မင်းခန့် ကုတင်ဘေးက ခုံတန်းလေးမှာ လာထိုင် ပြီး မင်းခန့် ကို စိုက်ကြည့်နေ၏။

“ ဘာဖြစ်လို့တုန်း”

“ အခုကျတော့လဲ တကယ် အသက်ရှိနေတာပဲလို့ ...ဟီး...ဟီး”

“ မနေ့ တုန်းက ဆရာမ မရှိဘူးလား”

“ ရှိပါ့တော်၊ ရှိပါ့၊ ဆရာဝန်တွေ က ရှင်သေသွားပြီဆိုပြီး ယူသွားတော့ ကျုပ်က အောက်က ကောင်တာမှာ ရှင့်စာရင်းတွေ သွားပို့ နေတာ၊ ဒီက ဘောက်ချာတွေနဲ့ သူတို့စာရင်းတွေ ပြန်တိုက်ပေါ့၊ အလုပ်ရှုပ်နေတာနဲ့ ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တာတောင် မသိလိုက်ဘူး၊ ပြီးမှ သိတယ်၊ သိတာနဲ့ ပြန်တက်လာတာပဲ၊ ရှင်မူးနေလို့ ကျုပ်ကို သတိမထားမိတာ ဖြစ်မှာပါ၊ ပြီးတော့လဲ အိပ်သွားတာကိုး”

ဖြစ်နိုင်ပါသည်။ မင်းခန့် လည်း ကိုယ့်အပူနှင့် ကိုယ်ဂယောင်ကတန်း ဖြစ်နေ သည် မဟုတ် ပါ လား။ မမအုန်းက စကားလည်း နည်းနည်းများပုံရသည်။ ဒါကလည်းမင်း ခန့် အတွက်ကောင်းပါသည်။ သူသိချင်တာတွေသိနိုင်၏။

“ ရှင့်ကို ရောက်ကထဲက ဆရာဝန်တွေက ရနိုင်ချေ ငါးဆယ် ငါးဆယ် တောင်မရှိဘူး၊ ဆေး ရုံကြီးပို့ ပါ ပြောတာ၊ ရှင့် အမတွေလားဘာလား မသိဘူး သူတို့က ကုန်ချင်သလောက် ကုန်ပါစေ၊ လို တာပြောပါ ဒီမှာပဲ ကုပါရစေလို့ အတင်းပြောတာနဲ့ လက်ခံထားလိုက်ရတာ၊ အဲဒါ ဘာတော်လဲ၊ အမ တွေလား”

ရုတ်တရက် မင်းခန့် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ ပြီးတော့မှ ရောချဖို့ စိတ်ကူးရ လိုက်သည်နှင့်

“ ဆိုပါတော့”

“ အော် ..အင်း၊ နောက်တယောက်ရှိသေးတယ်၊ ရှင့်ကို ဒီအကျ ႌနဲ့ ဘောင်းဘီ လာပေးသွား တဲ့ တယောက်၊ အဲဒါကရော ဘာတော်လဲ”

ကိုယ်က စကားနှိုက်ကြည့်မည်ကြံခါမှ ပြန်ဗျူးတာခံနေရလို့ မင်းခန့် စိတ်ညစ်သွားရသည်။

“ ဒါကတော့ လူမြင်မှ သိမှာပေါ့၊ ဘယ်အရွယ်လောက်လဲ၊ ယောက်ျားလား၊ မိန်းမလား”

“ မိန်းမလေ၊ အသက်ကသုံးဆယ်လောက်ပဲ ရှိမယ် အသက်က၊ ဟိုနှစ်ယောက်နဲ့ အရွယ် ချင်းသိပ် မ ကွာ ဘူး၊ ဟိုနှစ်ယောက် က မျက်နှာထား တင်းပေမယ့် သူကတော့ ရှင်မေ့ နေတာကြည့် ပြီး မျက်ရည်ကျတယ်၊ အဝတ်လဲ ဖို့ လိုတယ်ဆိုတော့ ချက်ချင်းသွားဝယ်ပြီး ကျုပ် နဲ့ နှစ ် ယောက် လဲကြတာလေ”

“ လူမြင်ရင်တော့ သိမှာပေါ့၊ မြင်မှ မမြင်လိုက်ရတာ”

“ ရှင့်လိုပဲ အသားဖြူဖြူနဲ့ ရုပ်ချင်းတော့ ရှင်နဲ့ မတူဘူး”

မင်းခန့် ခေါင်းကိုသာရမ်းပြမိသည်။ ဘယ်တုန်းကမှ မသိခဲ့သူတွေကို သိသလိုလို လုပ်ဖို့က လွယ်တော့ မလွယ်လှပေ။ ထို့ကြောင့် စကားကိုပြောင်းလိုက်ရသည်။

“ အဝတ်အစားတွေက ဘာလို့ လဲရတာလဲ”

“ အောင်မလေး တော်၊ ရှင့် တကိုယ်လုံးကို ရွှဲလို့၊ ရေတွေ လောင်းထား ကြတယ် ထင် တာ ပဲ။ မမှတ်မိဘူးလား၊ လူကသာ ခေါင်းစိုက်ပြီး သတိမရှိတာ ဝတ်ထားတာက လုံးဝ အလန်း၊မီနီစကပ် လေးကလည်း တိုလို့ တင်းလို့၊ ရှင်က ပေါင်လှတယ် ဆိုပြီးပြထားတာလား။ အော် သတိရလို့ ဒီအောက် မှာ ရှင့် ဖိနပ်”

ကုတင်အောက်ကနေပလပ်စတစ် အိတ်တလုံးထုတ်လာပြီး ဖွင့်ပြသည်။ အနက်ရောင် ခွာ မြင့် ကြိုးသိုင်းဖိနပ်ကိုကြည့်ပြီး မင်းခန့် စိတ်လေသွားသည်။

“ ဒီမှာ ချထားလိုက်မယ်နော်၊ စီးချင်လဲ စီးပေါ့”

ဒီဖိနပ် စီးပြီးလမ်းလျှောက်လို့ ကတော့ မင်းခန့် တဘိုင်းဘိုင်း ပစ်လဲနေမှာသေချာသည်။ ဒါ ပေမယ့် မတတ်သာလို့ ခေါင်းညိတ်ပြလိုက်ရသည်။ မမအုန်းက ဒီလောက်နှင့် မရပ်သေး။

ထိုင်နေရာက ဝုန်းကနဲ ထလိုက်သည်။ ပြီးတော့ ကုတင်ဘေးက ဘီရိုလေးရှေ့ မှာဒူး ထောက် ထိုင်ချလိုက်ပြီး

“ ဒီမှာ ရှင့် အိတ်၊ မေ့နေတာ”

ဘီရို အောက်ဆုံး အကန့်ထဲက မိန်းမကိုင် ကိုင်အိတ် အညိုလေး တလုံးကိုထုတ်ပေး သည်။ကိုင်း မှာ ကျွတ်ကျွတ်အိတ်လေး တလုံးချည်ထား၏။

“ ဒီထဲမှာက ရှင့်နာရီနဲ့ လက်ဝတ်လက်စားတွေ၊ ကြည့်ပါဦး”

လက်ကိုင်အိတ်ကိုတော့ မင်းခန့် စိတ်ဝင်စားသည်။ ပန်းအိဖြူ နှင့် ပတ်သက်သည့် အချက် တွေ ရနိုင်၏။ ဒါပေမယ့် ကျွတ်ကျွတ် အိတ်ကိုဖြေပြီးလာထိုးပေးလို့ ကြည့်လိုက်ရသည်။

နားဆွဲ တစုံနှင့် လက်ကောက်က သိပ်တန်ဖိုးမများသည့် ဖန်စီ ပစ္စည်းတွေသာဖြစ်သည်။ မိန်းမပတ် နာရီလေးကိုတော့ အချိန်သိချင်တာ နှင့် လက်မှာ ကောက်ပတ်ထားလိုက်သည်။

“ ဟိုအိတ်လဲ စစ်ကြည့်ပါဦး”

“ ရပါတယ်၊ မစစ်တော့ပါဘူး”

တခြားတယောက်၏ လျှို့ဝှက်ချက်ကို ရှာမည်ဆိုတော့ ဒီဆရာမ ရှေ့မှာမလုပ်ချင်ပါ။ ဒါ ကြောင့် စိတ်မဝင်စားသလို ပုံဖမ်းပြီး ခေါင်းအုံးဘေးမှာ ချထားလိုက်၏။ နားဆွဲ နှင့် လက်ကောက်ကိုတော့ အိတ် နှင့် ပြန်လုံးပြီး ခေါင်းအုံး အောက်ကိုပဲ ထိုးထည့်လိုက်သည်။

“ အော် ...နေဦး၊ နေ့ ခင်းဆရာဝန်ဆီမှာ ရှင့်ကို ဘာလုပ်ပေးရမလဲသွားမေးဦးမယ်၊ ဒီမနက် ဘယ်သူလာကြည့်သေးလဲ”

“ ဟင့် အင်း”

“ ဒါဆို သွားမေးလိုက်မယ်”

ဝင်လာတုန်းက ပုံစံ အတိုင်းပင် သွက်သွက် သွက်သွက် နှင့် အခန်းပြင်ရောက်သွားသည်။ တံခါးပြန် ပိတ်သွားတော့မှ မင်းခန့်လည်း အိတ်ကို ခပ်မြန်မြန်ဆွဲ ဖွင့်ကြည့်မိသည်။ အထဲမှာ ထူးထူး ခြားခြားဘာမှ မပါပါ။ နီညိုရောင်နှုတ်ခမ်းနီ ဆိုးဆေးတတောင့်၊ ခရင်ပါ့ဖ် တဗူး၊ တစ်သျှူးတထုပ်နှင့် ပိုက်ဆံအိတ်ရှည်လေး တလုံး။ အထဲကပိုက်ဆံ ကိုရေကြည့်တော့အား လုံး တသောင်းသုံးထောင့် နှင့် ခု နစ်ရာ ရှိသည်။ သောင်းနှစ်ထောင်က တထောင် တန်တွေ ဖြစ်ပြီး ကျန်တာက ငါးရာတန် နှစ်ရာတန် တရာတန်တွေ ဖြစ်သည်။ ပန်းအိဖြူ၏အကြောင်းကို သိနိုင်သည့် မှတ်ပုံတင် လိုမျိုး၊ ဝန်ထမ်းကဒ် ကျောင်းသားကဒ် လိုဟာတွေ တခုမှ မတွေ့ရ။အိတ်ကလေးက ခပ်သေးသေး ဆိုတော့သိပ်များများလည်း ဆန့်မည့်ပုံ မရှိပါ။ မကျေမနပ် နှင့် ဇောက်ထိုးလုပ်ပြီး မှောက်ချလိုက်တော့ သော့တွဲလေး တတွဲထပ်ထွက်လာသည်။

သော့ သုံးချောင်းပါပြီး တချောင်းကကြီးသည်။ အိမ်သော့ လိုဟာမျိုးဖြစ်မည်။ ဒါနှင့် လည်း စိတ်မကျေနပ်သေးတာ နှင့် အိတ်ကို ဖြဲပြီးကြည့်တော့ အတွင်းမှာ ဇစ်တခုတွေ့သည်။

အ ပြင်မှာ လည်းဇစ်တခုတွေ့ လို့ ဖွင့်ကြည့်တော့ မှတ်စုစာအုပ်လေးတခု ထွက်လာသည်။ ဒီ ထဲမှာ သဲလွန်စ ရှာဖို့ စိတ်ကူးနှင့် စာအုပ်လေးကို ခေါင်းအုံးအောက် ထိုးလိုက်သည်။

ကျန် သည့် ဟာတွေကို ပြန်ထည့်ပြီးမှ စိတ်ကူးပေါ်လာတာနှင့် အတွင်းက ဇစ်ကိုဖြုတ်ပြီး လက် နှိုက်ကြည့်လိုက်သည်။

ချောကျိကျိ နှင့် အထုပ်လေးတခုကို စမ်းမိလို့ သကြားလုံးလား၊ ပီကေထုပ်လားဟု သိချင် စိတ်ဖြင့်ဆွဲ ထုတ်လိုက်ရာ ထွက်လာတာက ကွန်ဒွန် တခုဖြစ်နေသည်။ ပန်းအိဖြူသည်အိတ်ထဲမှာ ကွန်ဒွန်ဆောင်ထားသည့် မိန်းမ ဖြစ်၏။ ကွန်ဒွန် ကို သူ့နေရာသူပြန်ထားလိုက် ပြီးမင်းခန့် သက်ပြင်းချလိုက်မိသည်။ ရှေ့မှာဖြေရှင်းရ ခက်တာတွေ အများကြီးကြုံ ရတော့မည်ဟု ရင်လေးမိသည်။

စာအုပ်လေးထဲမှာတော့ လူနာမည်တွေ ဖုန်းနံပါတ်တွေမှ အပ ထူးထူး ခြားခြား မတွေ့ရပါ။ တချို့နာမည်တွေဆိုရင် အင်္ဂလိပ်စာလုံး အတိုကောက်ကလေးတွေပဲ ပါသည်။ နာမည် အ ပြည့် အစုံပါသည့် သူတွေထဲမှာလည်း မင်းခန့် သိသည့် နာမည်မျိုးတယောက်မှ မပါ ပါ။

“ ဆရာဝန်ကြီး ကိုစောင့်ရမယ် တဲ့ မသက်ပြင်းရေ၊ ရှင့် ကေ့စ်က အထူးတဆန်း ဆိုတော့ ဒီနေ့ ရှင့်ကို အရင်ဆုံးလာကြည့်ပြီးမှ တခြားကို သွားမယ်တဲ့”

အခန်းထဲကို ဝင်လာသည့် မမအုန်းကြောင့် လက်ထဲက စာအုပ်လေးကို ဘေးမှာပြန်ချ ထားလိုက်မိ၏။

“ ဖုန်းစာအုပ်ပါ”

စူးစမ်းသည့် အကြည့်ကို ရိပ်မိလို့ မင်းခန့် ဖြေလိုက်ရသည်။

“ ဖုန်းဆက်ချင်လို့ လား၊ ဆက်လေ၊ အရင်ဆုံး သုည ကို နှိပ်လိုက် တူကနဲ အသံရှည်ကြိး မြည်လာရင် ဆက်ချင်တဲ့ နံပါတ် နှိပ်လို့ရပြီ”

“ မဆက်သေးပါဘူး၊ မေးကြည့်တာပါ၊ ကုတင်ပြန် နှိမ့်လို့ ရမလား၊ အိပ်ချင်လာလို့”

“ ရတယ်၊ ရတယ်”

တကယ်လည်း မင်းခန့် ခေါင်းမကြည်ပါ။ စကားပြောတာလည်း များသွားတာကြောင့် ဖြစ် မည်။ ရင်ထဲမှာလည်း ပူသလိုလိုနှင့် နေရတာ တမျိုးကြီး ဖြစ်နေသည်။ မမအုန်းနှင့် ပြော ဖြစ်သည့် စကားတွေကလည်း ခေါင်းရှုပ်စရာတွေ များနေသည်။ အိပ်ကြည့်တော့လည်း အိပ်လို့ မပျော်ပါ။ လက်ကို လှုပ်လိုက်တိုင်း ရင်ဘတ်ကို တိုက်မိရင် လူကတုန်တုန်သွား တာကလည်း ရှိသေး၏။

ကိုယ်ပေါ်မှာ ရှိနေကျ မဟုတ်သည့် ရင်သားနှစ်ခု ကြောင့် နေရ ထိုင်ရခက်သည်။ ရှိနေ ကျ ဖြစ်သည့် ပေါင်ကြားထဲက မင်းခန့် တသသ ထားခဲ့ရသည့်၊ မိန်းမ တွေကို မိန်းမူးစေခဲ့သည့်ရဲဘော်ရဲဖက်ကြီးကတော့ ကွယ် ပျောက်သွားခဲ့လေပြီ။ လုံးရာကနေ ပြားသွားမည့် အစား သေသွားတာမှ ကောင်းသေးသည်ဟု မင်းခန့် သည်းမခံနိုင်စွာတွေးနေမိသည်။

မင်းခန့် အိပ်မပျော်တာကို မအုန်းလည်း သိသည်။ သူမဖာသာ ခြေရင်းဖက်က ဆက် တီ ခုံမှာ သိုးမွှေးထိုးနေရာက ထလာပြီး

“ ဘာဖြစ်လို့လဲ၊ ဗိုက်ဆာလို့ လား”

“ မသိဘူး”

“ ရှင့်ကို ဘာကျွေးထားလဲ”

“ ဟိုတယောက်ကတော့ ရေပဲ တိုက်တယ်”

“ ကဲပါ၊ သွားမေးလိုက်ပါဦးမယ်”

သွက်လက်စွာ ဖြင့်ထွက်သွားပြန်သည်။ ခန နေတော့ ပြန်ရောက်လာ၏။

“ အဲဒါလဲ ဆရာကြီး ကိုစောင့်ရမယ်တဲ့”

“ ဘယ်သူက ပြောတာလဲ၊”

“ MO လေ၊ ဆရာဝန်ပေါ့”

“ မနေ့က ဆရာဝန်လား”

“ ဆရာအောင်ဇင်လတ် ဆိုရင်ချက်ချင်းလာကြည့်မှာပေါ့၊ ဆရာက သဘောကောင်း တယ်၊ ခုဟာက ဒေါက်တာသီတာထွေး၊ သူက နည်းနည်း အထာကိုင်တယ်”

မင်းခန့် မကျေနပ်ပေမယ့် အသာငြိမ်နေလိုက်ပါသည်။ ဒါပေမယ့် နဂိုက ဘာမှန်းမသိသည့် ဗိုက်က အခုမှ ဆာသလိုလို ပိုခံစားလာရသည်။ ဆယ့်ငါးမိနစ် လောက်ကြာတော့ဂျူတီ ကုတ် ဝတ်ထားသည့် မျက်မှန်နှင့် အမျိုးသမီး တယောက်ဝင်လာသည်။ အသားညိုညို လူ က ခပ်ဖိုင့်ဖိုင့် နှင့် အသက်ကတော့ သိပ်မကြီးသေးပါ။ မင်းခန့် ခြေရင်းမှာချိတ်ထား သည့် ဖိုင်ကို ဖွင့်ဖတ်သည်။ သွေးပေါင်ချိန်တိုင်းသည်။ ပါးစပ်ကတော့ ဘာမှမပြော။ မပြော ပေ မယ့် သူမ၏ စိတ်ထဲမှာ မိမိ ကိုလိုလားနှစ်သက်ဟန် မရှိလို့ မင်းခန့်ထင်သည်။ ကြည့် သည့် မျက်လုံးတွေထဲမှာ အထင်သေးလိုသော နှိမ့်ချလိုသော သဘောတွေကို အထင်း သား တွေ့နေရသည်။ဆရာဝန်မ ပြန်ထွက်သွားတော့ မင်းခန့် ကို မမအုန်းက ဖျော်ရည်တခွက် ယူလာပြီးတိုက် သည်။

“ ဆရာဝန် တိုက်ခိုင်းတာလား”

“ ဘယ်ကလာ ကျုပ်ဖာသာ ဖျော်လာတာ၊ အမှုန့်နဲ့ ဖျော်တာလေ၊ ရေသောက်လို့ ရရင် ဒါလဲ ရရမှာပေါ့၊ ရှင်ဆာပြီးတော့ ရှုံ့မဲ့ နေတာ မကြည့်ရက်လို့”

ဆာလို့ မဟုတ်၊ ဆရာဝန်မ အပြုအမူတွေကို သဘောမကျလို့ ဆိုတာ ပြောမနေတော့ပါ။ ကီ ဝီသီး နံ့လေးသင်းနေသည့် ဖျော်ရည်ကို ဖြည်းဖြည်း ချင်းကုန်အောင်သောက် လိုက်သည်။ မမအုန်းကလည်း အဆင်မပြေမှာစိုးလို့ လား မသိပါ။ နည်းနည်းသာ ဖျော်လာ ပေး ပါသည်။ ကုန်အောင်သောက်ပြီးတော့ မင်းခန့် ပြန်မှိန်းနေ လိုက်သည်။ မမအုန်းက သိုးမွှေး ဆက်ထိုးနေ၏။ လာမည် ဆိုသည့်ဆရာဝန် ကြီးကလည်း နေ့ခင်း ဆယ့်တစ်နာရီ ကျော် သည် အထိရောက်မလာသေးပါ။

“ ရှင်တယောက်ထဲ ဖြစ်မလား၊ ကျုပ်အောက်မှာ ထမင်းသွားစားချင်လို့၊ ဘာမှ မစားရသေး တဲ့ သူကို ဒီလိုပြောတာ အားနာစရာကောင်းလိုက်တာ”

“ ရတယ်၊ သွားသွား”

“ သိပ်မကြာပါဘူး”

မမအုန်းထွက်သွားပြီးနောက် မင်းခန့် ကိစ္စတခုပေါ်လာသည်။ ဆီးသွားချင်လာခြင်း ဖြစ်ပါ သည်။ အိမ်သာက လည်း အခန်းထဲမှာပဲ ရှိနေလို့ ကိုယ့်ဖာသာပဲ ကုတင်ပေါ်က လှိမ့် ဆင်းလိုက်သည်။ အေးစက်သည့် ကြမ်းခင်းကျောက်ပြားတွေကြောင့် ဖိနပ်မပါသည့်ခြေ ထောက် တွေ ထုံသွား၏။ ခြေထောက်တွေကလည်း အားမရှိလို့ အိမ်သာဝ ရောက် အောင်တော်တော်သွားယူရသည်။

အိမ်သာခန်းက ရှည်မျောမျောလေး ဖြစ်သည်။ ဘိုထိုင်လို့ ခေါ်ကြသည့် အိမ်သာကမုတ်က ဟိုဖက်ထိပ်ဆုံးမှာ ရှိသည်။ အဝနားမှာ ရေချိုးဖို့ နေရာရှိ၏။ အိမ်သာခွက်နားရောက်တော့မင်းခန့် မောနေသည်။ ထို့ ကြောင့် နံရံကို လက်တဖက်ထောက်ကာ အားပြုပြီး နောက်တ ဖက်နှင့် ဘောင်းဘီကို အောက်သို့ လျှောချကာ အားရပါးရပန်းဖို့ ကော့လိုက်ပြီးမှ သတိရကာ လူကိုလှည့်ပြီး ကပျာ ကယာထိုင် ချလိုက်ရသည်။ ဘောင်းဘီကိုလည်း အောက်ကို အမြန်တွန်းချလိုက်ရ၏။

ထိုင်လိုက်တာ အချိန်မှီလေးပဲဖြစ်သည်။ တင်ပါးနှင့် အေးစက်စက် ခွက် ထိရုံလေးပဲ ရှိသေး သည် ရွှီကနဲ မြွေတွန်သလို အသံတခုက အခန်းကျဉ်းလေးထဲမှာ လှိုင်းခတ်ပြီး မင်းခန့်နား စည် ကို လာရိုတ်ခတ်၏။ ကြားနေကျမဟုတ်သည့် အသံကြောင့် စိတ်မသက်သာစွာနှင့် မျက်နှာကိုလက်နှင့် အုပ်ထားရင်း ဒီအသံ အမြန် ဆုံးရပ်ဖို့ မင်းခန့် ဆုတောင်းနေမိသည်။

သူ့ အချိန်တန်တော့လည်း ရပ်သွားပါ၏။ မင်းခန့် သက်ပြင်း ချရင်းထိုင်ရာမှ ထလိုက်သည်။ ဒါပေမယ့် စိုစိစိ အထိအတွေ့တခုကို ခံစားလိုက် ရသည် အခါ နှုတ်ဖျားက မကျေမ နပ်ရေရွတ်လိုက်မိသည်။ အရင်လို ကိစ္စပြီးတာနှင့် တခါထဲမပြီးသည့် ဘဝဖြစ်နေသည်။

“ ဟာ ...ဒီသောက် ...”

ပါးစပ်က ထွက်လာသည့် အသံရပ်သွားသလို မင်းခန့်လည်း ကုန်းကွကွကြီး ရပ်သွားသည်။ နံရံ က ရေပန်းကလေးကို ဖြုတ်ယူလိုက်ပြီးနောက် ထိုနေရာကို မှန်းချိန်လိုက်ပြီး မျက်စိမှိတ်ကာ မောင်းတံလေးကို ဖိချလိုက်သည်။ ရေပန်းက အရှိန်သိပ်မပြင်းပါ။ ဒါပေမယ့် မင်း ခန့် ရင်ထဲမှာ တော့ အေးလိုက်နွေးလိုက် ဖြစ်သွားသည်။ ရေသုတ်တော့လည်း အသက် ပင်မရှူဝံ့သလို ဖြစ် နေရသည်။ ရေတွေပြောင်သွားပြီဟု ထင်သည်နှင့် ဘောင်းဘီကို ပြန်ဆွဲတင်ပြီး အထဲကနေ ကသုတ်က ရက် ပြန်ထွက်လာခဲ့မိ၏။

အေးစက်သည့် ကျောက်ပြားပေါ်မှာ ဒီအတိုင်းနေလာသည့် ခြေထောက်တွေက ထုံသလို လို ဖြစ်လာတာကြောင့် ကုတင်ပေါ်ပြန်တက်ပြီး စောင်နှင့် အုပ်ထားလိုက်သည်။ အင်္ကျီလက်နားစတွေရေစိုနည်းနည်း စိုနေလို့ အပေါ်ကို ဆွဲတင်လိုက်ရာ လက်ကောက်ဝတ်နှင့် လက်ဖျံ သွေးကြောတဝိုက်မှာ အပ်ပေါက်ရာတွေ အများကြီးတွေ့ ရသည်။ ပန်းအိဖြူ သ တိမေ့ နေတုန်းက ဆေးသွင်းထားတာတွေဖြစ်မည်။

ပြန်လည်း မ အိပ် ချင်တာကြောင့် ခြေဆင်းပြီး ဆက်ထိုင်နေစဉ် အခန်းတံခါး ပွင့်သွား သည်။ မမအုန်း ပြန်လာ သည်ဟု ထင်မိသော်လည်း ဝင်လာတာက မမအုန်း မဟုတ်ဘဲ တခြားမိန်းမ နှစ် ယောက် ဖြစ် နေသည်။

ဝတ်ထားသည့် အဝတ်အစားတွေ အရ ဆေးရုံက ဝန်ထမ်းတွေလည်း မဟုတ်ပါ။ နှစ် ယောက် လုံး အသားခပ်လတ်လတ် ဖြစ်ပြီး တယောက်ကပိန်ကာ တယောက်က ဝသည်။ မျက်နှာ ပေါက်ချင်းက ခပ်ဆင်ဆင်ဆိုတော့ ညီအမတွေ ဖြစ်နိုင်သည်။ အသက်ကတော့ မမအုန်း တို့ လောက်ပဲ ဖြစ်မည်။ ခပ်ဝ၀ တယောက်ကတော့ နည်းနည်း ငယ်နိုင်၏။

လက် ဝတ်လက်စား တွေ နှင့် အဝတ်အစားအရ ချမ်းသာသည့် သူတွေဖြစ်နိုင်ပြီး ရုပ်ကတော့ နှစ်ယောက်လုံး မ ချောပေ။ သူတို့ မျက်လုံးတွေကို ကြည့်လိုက်တော့မှ မင်းခန့် လန့်သွားသည်။ ဒေါသရောင်တောက် သည့် မျက်လုံးတွေထဲမှာ ရွံရှာ စက်ဆုပ်မှုတွေကိုလည်း မြင်ရသည်။

“ နင် ..မသေဘူးဆိုတာ တကယ်ကိုး”

ခပ်ဝ၀ မိန်းမက ကိုယ်လုံးနှင့် မလိုက်အောင်သေးငယ်သည့် အသံ နှင့်ပြောလိုက်သည်။

“ ငါတို့ အဖေကတော့ ခုထိသေလုမျောပါးခံစားနေရတုန်းမှာ နင်က ထတောင်ထိုင်နေပြီ”

တွေ့တွေ့ချင်း ဆောက်နှင့်ထွင်း ဆိုတာလို တယောက်တပေါက်ပြောချလိုက်သည့် မိန်းမ နှစ် ယောက်ကို မင်းခန့် နားမလည်နိုင်ပါ။ သူတို့ မှာလည်း သူတို့ အကြောင်းနှင့် သူတို့ ရှိနေနိုင် သည်ဟု တွေးမိတာကြောင့် ဒီအတိုင်းပဲ ငေးကြည့်နေမိသည်။

“ ငါတို့လူယုတ်မာတွေ မဟုတ်ပါဘူး၊ အသက်တချောင်း တန်ဖိုးကိုသိပါတယ်။ နင် သေ လို့ ဝမ်းမသာပေမယ့် နင်မသေဘူး ဆိုတော့လည်း ဝမ်းမနည်းပါဘူး၊ ငါတို့ ပြောစရာ ရှိတာ ပြောဖို့ အခုလာခဲ့တာ”

ပြောတော့လည်း နားထောင်ပေးလိုက်ရုံသာရှိသည်။ ပန်းအိဖြူ နှင့် သူတို့တွေ၏ ပတ်သက် မှု အတိုင်းအတာကို မင်းခန့် မသိ၊ အခုအချိန် မှာမင်းခန့် လုပ်နိုင်တာက ဒီအတိုင်းထိုင်နေဖို့ပဲ ရှိ သည်။ မမအုန်းပြောသည့် မျက်နှာ ခပ်တင်းတင်းနှင့် နှစ်ယောက်ဆိုတာ သူတို့ပဲ ဖြစ် မည်လို့ တော့ စဉ်းစားမိသည်။ ကြည့်နေရင်း နှင့် ခပ်ပိန်ပိန် မိန်းမကို တနေရာရာမှာ မြင် ဖူးသလိုလို ထင်မိသည်။ မင်းခန့် နှင့် ညိဖူးသည့် မိန်းမတွေထဲကတော့ မဟုတ်ပါ။ မချောတဲ့ မိန်းမ ဆိုရင် မင်းခန့်က လုံးဝမပတ်သက်။

“ နင့် ဆေးကုတဲ့ ကုန်ကျစားရိတ် အားလုံး နင်နေပြန်မကောင်း မချင်းငါတို့ တာဝန်ယူပါ တယ်၊ ဒါပေမယ့် နောက်တခါထပ်ပြီး ရူးကြောင်ကြောင် လုပ်ရပ်တွေနဲ့ ငါတို့ အဖေကိုဒုက္ခ မပေးပါ နဲ့ တော့၊ နောက်တခါ ဆိုရင်တော့ ငါတို့ ကိုယ့် အဖေကိုပဲကယ်တော့မယ်၊ နင့်နဲ့ ပါတ်သက်ပြီး ဘာမှ လုပ်မပေးနိုင်တော့ဘူး၊ နင့်ကံ နဲ့ နင်ပဲ”

ခပ်ပိန်ပိန် မိန်းမ က ရှေ့ကို တလှမ်းတက်လာပြီးပြောသည်။ ရုပ်ရှင်တွေထဲကလို အဖေတူ အမေ ကွဲ အမတွေလား၊ ဒါမှ မဟုတ် လင်ပါသမီးနှင့် မယားပါသမီး တွေလားဟု မင်းခန့်စဉ်း စားရင်း ခေါင်းတွေမူးလာသည်။ နဂိုကမှ အားအင်ကုန်ခမ်းနေချိန် တွင် ဘာမှမသိ သည့်ရန် တွေ့ စကားတွေကြောင့် စိတ်ရှုပ်လာရသည်။ တခုခု ပြန်ပြောလိုက်ချင်ပေမယ့်ဘာပြန်ပြော ရမှန်းလည်း မသိ။

“ နင် နောက်ကို တို့ အဖေနဲ့ မပတ်သက်တော့ပါဘူး လို့ ကတိပေးနိုင်မလား”

ခပ်ဝ၀ မိန်းမ၏ အသံသေးသေးလေးက ထပ်ထွက်လာသည်။ မင်းခန့် စိတ်ရှုပ်လာသည်။ သူတို့ တွေ ဘယ်သူမှန်းလည်း မသိ။ ဒါပေမယ့် ပန်းအိဖြူ၏ ဆေးကုသစရိတ်ကိုတော့ပေး မည်တဲ့။ သူတို့ ချင်းပတ်သက်နေတာ တခုခုတော့ ရှိလိမ့်မည်။ ဒါဆိုရင် ပန်းအိဖြူ အိပ် ဆေး တွေ အလွန် အကျွံသောက်ခဲ့ သည်ဆိုသော ကိစ္စသည် သူတို့ နှင့် သက်ဆိုင်နေနိုင်၏။ 

“ ဘယ်လိုလဲ ကတိပေး နိုင်မလား”

သူတို့ ဖာသာသူတို့ ဘာဖြစ်ဖြစ် မင်းခန့် မစဉ်းစားချင်တော့ပြီ။ ကိုယ့်ဖာသာကိုယ် ဒီမှာဘာ လုပ်ရမှန်း မသိလို့ ခက်နေရသည့်ကြားထဲတွင် ထပ်ပေါ်လာသည့် ကိစ္စကို ခေါင်းထဲ မထားချင်တော့။

“ ပြောပါ ပန်းအိဖြူ၊ ငါတို့လည်း အချိန်မရှိဘူး၊ နင်သဘောတူတယ် မဟုတ်လား”

ပြီးပြီးရော ဆိုသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်တော့ ပိန်ပိန် မိန်းမ၏ မျက်နှာမှာ စိတ် သက်သာသွား သလို အမူအရာ ပေါ်လာသည်။ ၀၀ မိန်းမကတော့ သိပ်ပြီး စိတ်ကျေနပ်သည့် ပုံမတွေ့ရပါ။

“ စိတ်တိုရတဲ့ ထဲမှာ အဲဒါတွေလဲပါတယ်၊ စကားတောင် အဖက်လုပ်မပြောဘူး၊ တွေ့လား မမ၊ မတူ သလိုမတန်သလိုနဲ့”

“ တော်ပြီ ချစ်စု၊ သူ့ ဖက်က ကတိတည်မယ်ဆိုရင် ပြီးတာပဲ၊ မတည်တော့လည်း မတည် သလို ပြတ်ပြတ်သားသား ထပ်ရှင်းရတာပေါ့၊ လောလောဆယ် သူအခြေအနေ ကောင်း တာ ဖေဖေ့ ကိုပြနိုင်ရင် ပြီးတာပဲ”

ဘာမပြောညာမပြောနှင့် အိတ်ထဲက ဖုန်းထုတ်ပြီး မင်းခန့်ကို ဓါတ်ပုံရိုတ်လိုက်သည်။

“ နင်က ခုလိုထိုင်နေပြလိုက်တော့လည်း ပို အဆင်ပြေသွားတာပေါ့”

ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ပြီးနောက် တထောင်တန် ပိုက်ဆံ တအုပ်ဆွဲထုတ် လိုက် သည်။ ပြီး တော့ မင်းခန့် ပေါင်ပေါ်ပစ်ချပေးပြီး 

“ ဒါက နင် ဟိုဟာဒီဟာ လိုရင်သုံးဖို့၊ ဆေးရုံ စရိတ်တွေအကုန်လုံးက ငါတို့ ပေးထားပြီး သား”

ပြောပြီးသည် နှင့် ညီမ နှစ်ယောက်ချာကနဲ လှည့်ထွက်သွားသည်။ မတူမတန်သလို ပစ် ပေး သွားသည့် အမူအရာကို မခံချင်သောကြောင့် မင်းခန့် နောက်ကနေ လှမ်းပြောမိသည်။

“ ပိုက်ဆံ ပြန်ယူသွားပါ”

ပိန်ပိန် မိန်းမက မကြားယောင်ပြုသွားသော်လည်း ၀၀ မိန်းမက တံခါးဝ အရောက်တွင် နောက် ပြန်လှည့် ကြည့်လိုက်ပြီး

“ ဘာလဲ နည်းလို့လား၊ မမ မို့လို့ တသိန်းပေးတာ၊ ငါဆို တသောင်းတောင် မပေးဘူး၊ အပို တွေ လုပ်မနေပါနဲ့ ဟာ၊ နင့်အကြောင်းကို တို့ တွေ မသိတာလဲ မဟုတ်ပါဘူး...ဟင်း ..ဟင်း”

စကားဆုံးသည် နှင့် ထွက်သွားသည်။ မင်းခန့် ပါးစပ် ဟောင်းသားဖြင့် ကျန်ခဲ့သည်။ ဘာ လုပ် ရင်ကောင်းမလဲ စဉ်းစားနေဆဲ တံခါးပွင့်သွားပြီး မမအုန်း ဝင်လာတာမြင်လို့ ပိုက်ဆံ အုပ်ကို စောင်အောက်ထဲ ထိုးထည့်လိုက်ရသည်။

“ ရှင့် အမျိုး တွေလာသွားတယ် လား၊ ဓါတ်လှေခါးဝမှာ တွေ့တယ်”

မင်းခန့် ခေါင်းပဲ ညိတ်ပြလိုက်မိသည်။ မမအုန်းက သူ့လက်ထဲက ခြင်းတောင်း လေးကို ဆက်တီ ခုံပေါ်တင်လိုက်ပြီး

“ ဆရာကြီး လာတော့မယ်တဲ့၊ မနက်က ဝန်ကြီးလမ်းကြောင်းရှိလို့ မလာဖြစ်တာတဲ့”

ဘယ်သူတွေလဲ၊ ဘာတွေပြောသွားသလဲဟု မစပ်စုလာတာကိုပဲ မမအုန်းကို ကျိတ်ပြီး ကျေးဇူး တင်နေမိပါသည်။ တကယ်လို့ မေးလာခဲ့ လျှင် ပန်းအိဖြူ နှင့် ထိုနှစ်ဦး ကို ဆက်စပ်ပြနိုင်သည့် ခိုင်လုံသော အကြောင်းအရာ မရှိပါ။ အကုန်အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန် မည်။ နောက်တခုကံ ကောင်းတာက သူတို့ တွေရောက်လာသည့် အချိန်မှာ မမအုန်းကထမင်းသွားစားနေခြင်းပင်။ မမအုန်း သာဟိုက ပြောတာတွေကြားသွားရင် ဘာမှန်းညာ မှန်း မသိသည့်တိုင် မင်းခန့် ကို အထင်သေးသွားနိုင်သည်။

“ ကဲ ..ရှင့် ကို နည်းနည်းရွှိုင်းပေးရဦးမယ်၊ တော်ကြာ ဆရာကြီးက လူနာကို ပစ်ထား တယ် ဆိုပြီးတော့ ကျုပ်တို့ကို ပွမ်နေဦးမယ်”

လက်ထဲမှာ ဘီးလေး တချောင်းကိုင်ပြီး မမအုန်း မင်းခန့် နားကိုရောက်လာသည်။

“ ရှင့် ကိုကြည့်ရတာ ခေါင်းစုတ်ဖွားနဲ့ စိတ်မချမ်းသာလို့”

ဆံပင်ဖြီး ပေးတာကို ငြိမ်ခံရင်း အခုနပိန်ပိန်မိန်းမကို ဘယ်မှာတွေ့ဖူးသလဲ ဆိုတာပြန်စဉ်း စားကြည့်နေမိသည်။ နာမည်သိရင်တော့ မှတ်မိချင်မှတ်မိနိုင်သည်။ နာမည်က လည်းမသိလိုက်။ ခပ်ဝဝမိန်းမကိုတော့ အမ လုပ်သူက ချစ်စု ဟုခေါ်သံကြားလိုက်ရသည်။ မင်း ခန့် ခေါင်းထဲမှာ လင်းကနဲဖြစ်သွားသည်။ ပိန်ပိန် မိန်းမ ကိုသူမှတ်မိလိုက်ပါပြီ။ နာမည်အပြည့် အစုံ မသိသော်လည်း မမြတ်စု ဟုခေါ်ကြသည်။ ခရီးသွားလုပ်ငန်းတခု၏ ပိုင်ရှင်ဖြစ်သည်။ မင်းခန့်၏ အသိတယောက်၏ မိတ်ဆွေနိုင်ငံခြားသားမိသားစု အလည်လာစဉ်ကအကူ အ ညီတောင်းလို့ မမြတ်စု၏ ကုမ္ပဏီ နှင့် ချိတ်ဆက်ပေးဖူး၏။

အဲဒီတုန်းက ခရီးစဉ် အတွက်ညှိနှိုင်းဖို့ မမြတ်စု နှင့် သုံးလေးကြိမ် တွေ့ခဲ့ဖူးသည်။ ရုပ်မ ချောပေမယ့် ဖေါ်ရွေသော မိန်းမ တယောက်အဖြစ်သိခဲ့ ရသည်။ သွားလေရာ နှာခေါင်း နှင့်မလွတ်ဟု သူငယ်ချင်းတွေ သြဘာပေးခံရသူပီပီ အဲဒီက ကောင်မလေး တယောက်နှင့် တောင် မင်းခန့် ငြိတိတိ ဖြစ်ခဲ့သေး၏။ ကောင်မလေးက နိုင်ငံခြားကို ကျောင်းတက်ဖို့ ထွက်သွားတာကြောင့် ရှေ့ကို ဆက်မတိုးလိုက်ရ။

မသွားခင်က ကောင်မလေးဆီ ဖုန်း ဆက်ရင်း မမြတ်စု နှင့် သုံးလေးခါတိုးဖူးသည်။ အလုပ် ကိစ္စ မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ မှန်းသိပေမယ့် မမြတ်စု က ကောင်းကောင်းမွန်မွန် ပြန် ပြောတာ မှတ်မိနေသည်။ အလုပ် ရှင် အများစုက ရုံးဖုန်းကို ဝန်ထမ်းတွေ ကိုယ်ရေး ကိုယ်တာ ပြောတာ သိပ်မကြိုက်ကြ။ မ မြတ်စုကတော့ သူ့ဆီက ကောင်မလေးဆီကိုမင်းခန့်က အီစီ ကလီလုပ်ဖို့ ဆက်တာမှန်း သိရက် နှင့် စကားကောင်းကောင်း ပြန်ပြော သည်။ သူမ အတွက် လုပ်ငန်းရှာပေးခဲ့ သူ ဖြစ် နေလို့ ဒီလိုပြောတာ မဟုတ်။ ဘယ်သူ ဘယ်ဝါမှန်း မသိဘဲနှင့် ပြောတာ ဖြစ်သည်။ မင်းခန့်တောင်မှ အခုနာမည်မေ့နေပြီ ဖြစ် သည့် ကောင်မလေးကို အလုပ်ရှင်သဘောကောင်းကြောင်း ချီးမွမ်းခဲ့ဖူး၏။

ဒီနေ့တွေ့ ရသည့် မမြတ်စုကတော့ အရင်က သိခဲ့တဲ့ ပုံစံနှင့် ခြားနားနေသည်။ ဒါကတော့ ပန်းအိဖြူ အပေါ်မှာ သူမ၏ သဘောထားနှင့် ဆိုင်မည်ထင်၏။ သူတို့ နှင့် ပန်းအိဖြူ ဘယ်လိုနည်းနှင့် ပတ်သက်နေသည်ဆိုတာကတော့ မင်းခန့် မသိနိုင်သည့် ကိစ္စဖြစ်နေသည်။

“ အောင်မယ်လေး ငြိမ်နေလိုက်တာ၊ ဇိမ်ယူနေတယ် ဟုတ်လား၊ ဒီရှေ့မှာ ကလစ်ကလေး ထိုးလိုက်မယ်နော်”

“ ထိုးလိုက်ထိုးလိုက်”

မျက်နှာပေါ်ဆံပင်တွေကျကျ လာတာမင်းခန့် သဘောမကျပါ။ အရင်ကလည်း ဆံပင်ခပ် တိုတိုပဲ ထားသည်။

“ ပြီးရင် ရှင့်ကို မျက်နှာသစ်ပေးရဦးမယ်”


အပိုင်း (၄) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment